Switch Mode

Chapter – 52

ပစ်မှတ်ထား ခံရခြင်း။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၅၂။ ပစ်မှတ်ထား ခံရခြင်း။

ကျန်းဟိုင်မြို့လယ်ခေါင်ရှိ မြို့တော်ဝန် အိမ်တော်တွင် ဖြစ်သည်။

ထိုစဥ် မရင်းနှီးသည့် ဧည့်သည်တစ်စုက ရောက်လာလေ၏။

” မစ္စတာ ကျောင်း ကြိုဆိုပါတယ်။ ကြိုဆိုပါတယ်”

ကျန်းဟိုင်မြို့၏ လက်ရှိမြို့တော်ဝန် တုထျန်းယွီကသူ၏ အတွင်းရေးမှူးနှင့်အတူ ဤနေရာတွင် စောစောစီးစီး စောင့်ဆိုင်းနေလေ၏။

တုထျန်းယွီသည် ကျန်းဟိုင်မြို့ထဲရှိ ထင်ရှားကျော်ကြားသော မိသားစုမှ မျိုးဆက်ဖြစ်ပြီး တုချန်းဖုန်းက သူ၏ ဦးလေးအရင်း ဖြစ်သည်။

သူ၏ ကျင့်ကြံဆင့်က မမြင့်မားသော်ငြား သူ၏ ဦးနှောက် ကြိုတင်တွေးခေါ်နိုင်မှု၊ ဆုံးဖြတ်ချက် ပြတ်သားမှုတို့က ကျန်းဟိုင်မြို့ စီမံခန့်ခွဲမှုကို ဆောင်ရွက်ရာ၌ အဆင်ပြေစေသည်။

အရေးကြီးဆုံးအရာက စီရင်စု ၉ ခု၌ နယ်မြေက များပြားလွန်းပြီး ဧရိယာက ကျယ်ဝန်းလွန်းသည်။ မြို့ပေါင်းများစွာလည်း ရှိနေလေ၏။

စီရင်စု ၉ ခု အတွင်းရှိ မြို့တိုင်းအတွက် ကျင့်ကြံဆင့် မြင့်မားသော မြို့တော်ဝန်တစ်ဦး ရှိရန်က မဖြစ်နိုင်ပေ။

အစွမ်းထက်သော သိုင်းပညာရှင် အများစုကို ရှေ့တန်းသို့ ပို့ထားကြသည်။

ကျန်းဟိုင် သိုင်းကျောင်းတော်၏ ဒါရိုက်တာ၊ ကျန်းဟိုင် စာကြည့်တိုက်၏ ဒါရိုက်တနှင့် ကျန်းဟိုင်မြို့စောင့်တပ်ဖွဲ့၏ ခေါင်းဆောင်တို့၏ အထူးနေရာ ရာထူး ( ၃ )ခုတွင် ချီရှန်းအဆင့်နှင့် အထက် သိုင်းပညာရှင်များဖြင့် ပြည့်နေပြီးသား ဖြစ်၏။

တင်းတင်းကြပ်ကြပ်ဆိုရလျှင် ကမ္ဘာတစ်ဝန်းရှိ ကျန်သည့်ဒေသများ၏ အခြေအနေက ဤကဲ့သို့သာ ဖြစ်သည်။

ဆိုရလျှင် သိုင်းပညာရှင်များက လူတစ်သောင်းလျှင် တစ်ယောက်သာ ပေါ်ထွက်လာတာပဲ ဖြစ်သည်။ သူတို့၏ လူမှုဆက်ဆံရေး အဆင့်တန်းအားနည်းမှု ခွန်အားကို ဆုံးဖြတ်ရန် သိုင်းပညာ ခွန်အားကိုသာ အားကိုးမည်ဆိုလျှင် လူသားဆန်မှုကို ဆုံးရှုံးသွားပြီး အားကြီးသူက အားနည်းသူကို ပစ်မှတ်ထားသည့် မညီမျှသော အသိုင်းအဝိုင်းတစ်ခုကို ဖွဲ့တည်မိပြီး ဖြစ်သွားလိမ့်မည်။ ထိုအချိန်ရောက်လျှင် လူသားများကြား၌ တစ်ဖက်နှင့်တစ်ဖက် ကွဲနေကာ ပျက်စီးဆုံးရှုံးမှု ဖြစ်စေနိုင်၏။

” မြို့တော်ဝန်။ ဒီတစ်ခေါက် စီရင်စု ၉ ခု မဟာမိတ်ရဲ့ ဌာနချုပ်က မျော်လင့်ထားတဲ့အတိုင်းပဲ ဖြစ်လာပြီ။ ဘာပဲဖြစ်ဖြစ် ကျန်းဟိုင်မြို့ကို အဆင့်မြင့် မြို့တစ်မြို့အဖြစ် ပြောင်းလဲရမယ် ”

မြို့တော်ဝန်၏ မျက်နှာထက်ရှိ အပြုံးများက ဖုံးကွယ်၍ မရနိုင် ဖြစ်လာတော့သည်။

” ကျုပ်တို့ ကျန်းဟိုင်မြို့က ဒီနေ့ ရောက်လာဖို့ကို စောင့်နေတာ အတော်ကြာပြီ ”

” အသေးစိတ် အစီအစဥ်အတွက်တော့ အထဲဝင်ပြီး ပြောကြရအောင် ”

” ကောင်းပြီလေ။ ကျေးဇူးပြုပြီး ဝင်ပါ။ ဝင်ပါ ”

လူတိုင်းက မြို့တော်ဝန်၏ အိမ်ထဲသို့ ဝင်လိုက်ပြီး နှစ်နာရီကြာ ဆွေးနွေးပြီးနောက် အစည်းအဝေးတစ်ခုလုံး ပြီးဆုံးသွားကာ ကျန်းဟိုင်မြို့ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည့် အစီအစဥ်က အတည်ပြုပြီးသွားပြီ ဖြစ်သည်။

အစည်းအဝေးပြီးနောက် လူတိုင်းက လူစုခွဲသွားကြပြီး ကျန်းဟိုင်မြို့အတွက် စီမံစရာများကို စတင် ဆောင်ရွက်တော့သည်။

မစ္စတာ ကျောင်းနှင့် မြို့တော်ဝန်သာလျှင် အစည်းအဝေးခန်းထဲ၌ ကျန်ရစ်တော့သည်။

မစ္စတာ ကျောင်းက ရွှေရောင်မျက်မှန်ကိုင်းကို ချွတ်လိုက်ပြီးနောက် သမန်ကာလျှံကာ သုတ်လျက် မြို့တော်ဝန်ကို ကြည့်ကာ ပြုံးပြီး ပြောလိုက်တော့သည်။

” တကယ်တော့ ကျုပ်မလာခင် ဌာနချုပ်က ကျုပ်အတွက် သီးသန့်တာဝန်တစ်ခု ပေးလိုက်သေးတယ်။ သူတို့က မြို့တော်ဝန်ဆီ သတင်းတစ်ခု ပါးခိုင်းလိုက်တာပဲ ”

မြို့တော်ဝန်က မင်သက်သွားပြီး ချက်ချင်းပင် တည်ကြည်လေးနက်သော အမူအယာဖြင့် ပြောလိုက်လေ၏။

” မစ္စတာ ကျောင်း၊ ကျေးဇူးပြုပြီး ပြောပါ ”

” လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ကျန်းဟိုင်မြို့ထဲမှာ ချီရှန်းအဆင့် သိုင်းပညာရှင်နှစ်ယောက် ပေါ်ထွက်လာတယ်လို့ ကောလဟာလ ရှိတယ်။ ခင်ဗျား အဲ့ဒီအကြောင်း သိလား ”

မြို့တော်ဝန်က ခေါင်းညိတ်လိုက်သည်။

” ကျန်းဟိုင်မြို့ထဲက လူတိုင်းက အဲ့ဒီအကြောင်း သိကြပါတယ်။ ဒီတော့ ကျွန်တော်လည်း သိပါတယ် ”

” ဌာနချုပ်ရဲ့ တာဝန်ကတော့ အဲ့ဒီ ပုဂ္ဂိုလ်နှစ်ယောက်ရဲ့ အိုင်ဒီကို ရှာခိုင်းတာပဲ ”

” စီရင်စု၉ ခုရဲ့ နယ်မြေမှာ မဟာမိတ်ရဲ့ ထိန်းချုပ်မှုအောက်မှာ မဟုတ်တဲ့ ဘယ်အင်အားစုကိုမှ ပေါ်ပေါက်လာခွင့်မပြုထားဘူးဆိုတာ ခင်ဗျား သိပါတယ် ”

” သူ့ကို စီရင်စု ၉ ခုအတွက် အလုပ်လုပ်ပေးဖို့ မဟာမိတ်ထဲ ခေါ်နိုင်ရင်တော့ အကောင်းဆုံးပဲပေါ့”

မြို့တော်ဝန်က အနည်းငယ် အခက်တွေ့သွားလေ၏။ သိုင်းပညာရှင်များသည် စနစ်ဖြင့် ထိန်းချုပ်ခံရတာမျိုး လိုချင်မှာ မဟုတ်ပေ။ သူတို့သာ မဟာမိတ်ထဲ ဝင်ချင်လျှင် အစောတည်းက ဝင်ပြီးသား ဖြစ်သည်။ ထိုသို့ မလုပ်ခဲ့လေရာ သူတို့က အာဏာကို တပ်မတ်ခြင်း မရှိဟု ဆိုလိုတာပဲ ဖြစ်သည်။

သူက သူတို့ကို သွားရှာပြီး သူတို့က သဘောမတူခဲ့လျှင် သူတို့အတွက် ပြဿနာကို ဖြစ်စေလိမ့်မည်။

သူတို့သည် ကျန်းဟိုင်မြို့ကို အကြိမ်ရေ အနည်းငယ်တောင် ကယ်တင်ခဲ့ဖူးသည်။ သူသာ အခက်တွေ့စေခဲ့လျှင် သူတို့ကို ချောင်ပိတ်မိအောင် တွန်းအားပေးရာ ရောက်သွားပေမည်။

” မစ္စတာ ကျောင်း။ ဒီအရေးကိစ္စက ဖြေရှင်းဖို့ နည်းနည်းခက်ခဲမှာ စိုးရိမ်မိတယ်။ အရင်ဆုံး တစ်ဖက်လူတွေက အစွမ်းထက်လွန်းတယ်။ သူတို့ ရှိတဲ့နေရာကို မသိရသေးဘူး။ သူတို့ကို ရှာဖို့က ကျုပ်လူတွေအတွက် လွယ်ကူမှာ မဟုတ်ဘူးလေ ”

” ဒုတိယအချက်ကတော့ ဒီလိုခက်ခဲတဲ့ အခြေအနေမှာ သူတို့ကြောင့်သာ မဟုတ်ရင် ကျန်းဟိုင်မြို့က ဆုံးရှုံးမှုကို ခံစားရမှာပဲ။ သူတို့က ကျန်းဟိုင်မြို့ရဲ့ ကျေးဇူးရှင်တွေလို့တောင် ပြောနိုင်တယ် ”

” တုထျန်းယွီ။ ”

မြို့တော်ဝန် ပြောမပြီးသေးခင် သူက ကြားဖြတ်ပြောလိုက်၏။

” မမေ့လိုက်နဲ့။ မင်းက မဟာမိတ်ရဲ့ မြို့တော်ဝန်ပဲ။ အများပြည်သူအရေး ကိစ္စအကြောင်း ပြောပိုင်ခွင့် မရှိဘူး။ မင်း တွေးရမှာက မဟာမိတ်ရဲ့ အကျိုးအမြတ်အကြောင်းကိုပဲ အရင်ဆုံး တွေးထားသင့်တယ် ”

တုထျန်းယွီက နှလုံးတုန်သွားလေ၏ ။ အဆုံးတွင်မူ သူက ကူကယ်ရာမဲ့စွာ ခေါင်းငုံ့ရုံသာ တတ်နိုင်သည်။

” ကောင်းပါပြီ ”

တုထျန်းယွီ၏ အားနည်းသွားသော ခန္ဓာကိုယ်ကို မြင်သောအခါ မစ္စတာကျောင်း၏ လေသံက နူးညံ့သွားတော့သည်။

” မြို့တော်ဝန်။ သူတို့ကိုလည်း ကျွန်တော် စိတ်ထဲမှာ တွေးပြီးသားပါ။ သူတို့မှာ ဒီလို ခွန်အားရှိနေတယ်ဆိုရင် စီရင်စု ၉ ခု အတွက် အကျိုးပြုသင့်တယ်လေ။ ဒီနှစ်တွေမှာ ရှေ့တန်းက အခြေအနေက တင်းမာနေတာ။ နောက်ထပ် အဓိက ဂိုဏ်းနှစ်ခု ပေါ်လာခဲ့မယ်ဆိုရင် အကူအညီကြီး ဖြစ်စေမှာပဲ ”

” သူတို့သာ အကျိုးပြုဖို့ ဆန္ဒရှိတယ်ဆိုရင် စီရင်စု ၉ ခု မဟာမိတ်က သူတို့ကို မမျှမတ ဆက်ဆံမှာမဟုတ်တာ သေချာတယ် ”

” ဥစ္စာ၊ အာဏာ၊ မိန်းမ၊ ကြွယ်ဝချမ်းသာမှုနှင့် လောကကြီးရဲ့ ဂုဏ်သရေအားလုံး သူတို့လိုချင်သမျှ ရနိုင်မယ်။ ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ အခြေအနေပဲလေ ”

” ကျွန်တော် နားလည်ပါပြီ ”

” နားလည်ရင် အကောင်းဆုံးပဲ။ ဒါ့အပြင် စာကြည့်တိုက် စီးနင်းတိုက်ခိုက်ခံရတဲ့ ကိစ္စကလည်း အရေးကြီးတယ်။ ဘုရင်အေးအ်ရဲ့ မြေပုံကလည်း အရေးကြီးနေတာ။ ဒီကိစ္စကို သေသေချာချာစစ်ဆေးရမယ်။ အောက်ခြေထဲထိ စစ်ရမယ် ”

” ယန်ကျန့်ယီ။ ပျောက်နေတာက သံသယဖြစ်စရာ ပဲ။ သူ့ကို သဲလွန်စအဖြစ် မှတ်ယူပြီး စာကြည့်တိုက်တစ်ခုလုံးကို စစ်ဆေး၊ ဘုရင်အေးအ်ရဲ့ မြေပုံကို ပြန်ယူရမယ် ”

” ဟုတ်ကဲ့။ ”

ယဲ့ရှောင်ဘက်တွင်မူ သူက အလုပ်သမားများကို စာအုပ်များ သယ်လာရန် ညွှန်ကြားလိုက်လေ၏။ နေ့ဝက်ခန့် အလုပ်လုပ်ပြီးနောက် စာအုပ်အသစ်များအားလုံး စီမံပြီးသွားပြီ ဖြစ်သည်။

ထိုစာအုပ်များအားလုံးက အသစ်တော့ မဟုတ်ပေ။ အချို့က စာကြည့်တိုက်က အသစ်ဝယ်ထားတာ ဖြစ်ပြီ အချို့က ကျန်သည့်စီရင်စုများရှိ စာကြည့်တိုက်များမှ လှူဒါန်းပေးထားတာ ဖြစ်သည်။ ဤနည်းဖြင့် ယဲ့ရှောင်သည် စာအုပ်အသစ်များစွာ ဖတ်ရှုနိုင်တော့၏။

သူက ယခုဆို ကြီးကြပ်သူတစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။ သူက တတိယအလွှာတွင် ရှိနေသေးသော်ငြား စာကြည့်တိုက် ချဲ့ထွင်မှုကြောင့် သူ စီမံခန့်ခွဲရသည့် ဧရိယာက တတိယအလွှာတစ်ခုလုံးနီးပါး ကြီးနေပြီ ဖြစ်သည်။

နဥ်ယွိဟန်က သူ့နောက်သို့လိုက်ပြီး သူ၏ လက်ထောက် ဖြစ်လာတော့သည်။ ထိုကလေးသည် ယောင်္ကျား၊ မိန်းမ ခွဲခြားရ ခက်နေသော်ငြား လူကောင်းတစ်ယောက် ဖြစ်ပြီး လုံ့လဝီရိယတရား ရှိ၏။

ယဲ့ရှောင်က သူ့လက်အောက်ရှိ မန်နေဂျာများကို တာဝန်များ ခွဲဝေပေးပြီး သူကိုယ်တိုင်ကမူ အလုပ် လုပ်စရာ မလိုသော ကြီးကြပ်သူတစ်ယောက် ဖြစ်လာသည်။ သူသည် စာအုပ်များကို ငြိမ်းငြိမ်းချမ်းချမ်း ဖတ်ပြီး သက်သောက်သက်သာ နေနိုင်လာတော့သည်။

အင်အားက ဆောင်ယူလာသည့် အကျိုးအမြတ်များကိုလည်း သူ စတင် ခံစားမိနေပြီ ဖြစ်သည်။

ယင်းက မရေမတွက်နိုင်သည့် မမြင်ရသော လက်များ၊ ခြေထောက်များကဲ့သို့ပင် ဖြစ်သည်။ ပါးစပ်လှုပ်ရုံဖြင့် လိုက်ပါဆောင်ရွက်ပေးမည့်သူများ များလာ၏။ ယင်းက ဝိညာဥ်ကျင့်စဥ်နှင့် အတော်လေး ဆင်တူသည်။ ကွဲပြားခြားနားချက်က ဝိညာဥ်စွမ်းအင်သည် လူတစ်ယောက်၏ ဝိညာဥ်စွမ်းအား သုံးစွဲရန် လိုအပ်သေးသည်။ အာဏာကမူ ကျန်သည့်သူများထက် သာလွန်စေပြီး ထိန်းချုပ်ခြင်းဟူသော ခံစားချက်မျိုး ပေးစွမ်း၏။

ယဲ့ရှောင်က တစ်ပါးသူများကို အနိုင်မကျင့်လျှင်တောင် ကျန်သည့်သူများက သု့ကို မျက်နှာချိုသွေးချင်သောကြောင့် သူအတွက် အလုပ်လုပ်ပေးကြမည်။ ယင်းက အာဏာ၏ ဆွဲဆောင်နိုင်မှုပင် ဖြစ်သည်။

နှစ်ရက်တာ ဖတ်ရှုပြီးနောက် ယဲ့ရှောင်သည် အခြေခံကုသခြင်းကျင့်စဥ်နှစ်မျိုးကို စုဆောင်းမိပြီ ဖြစ်သည်။

ဤနည်းဖြင့် သူက အခြေခံကုသခြင်းကျင့်စဥ် ( ၉ )မျိုးအထိ စုဆောင်းပြီးဖြစ်ကာ အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်ထဲတွင် ကုသခြင်းကျင့်စဥ် မှတ်တမ်းတင်ထားသော စာရွက် ၉ရွက်က ရွှေရောင်ဖျော့ဖျော့အလင်းတန်း ဖြာထွက်နေပြီ ဖြစ်သည်။

ဆိုလိုသည်က နောက်ထပ်အခြေခံကျင့်စဥ်တစ်ခု ရလာလျှင် သူက ထိပ်တန်း ကုသခြင်းကျင့်စဥ်အဖြစ် ပေါင်းစည်းနိုင်တော့မှာပဲ ဖြစ်သည်။

ထိုအချိန်ရောက်လာလျှင် သူ၏ ခြေလှမ်းများ ကျိုးပဲ့ပြီး ရင်ဘက်၌ အပေါက်တစ်ပေါက် ဖြစ်နေလျှင်တောင် သူအသက်ရှူနေသေးသရွေ့ သူ၏ ဒဏ်ရာများကို မြန်မြန်ဆန်ဆန် ကုသနိုင်မည်ဟု ယူဆမိသည်။

သူသည် မသေမျိုး ခန္ဓာကိုယ်ကို အသက်သွင်းထားသည့်ပမာ ဖြစ်နေတော့၏။ ယင်းက အခမဲ့ဖြစ်ပြီး အကန့်အသတ်မရှိ သုံးနိုင်သည်။ ထိုအကြောင်းကို တွေးမိလိုက်ရာ သူ့ကို စိတ်ပျော်ရွှင်သွားစေတော့၏။ သို့သော် သူ စာအုပ်ဖတ်နေချိန်၌ လက်ကြီးတစ်ဖက်က သူ၏ ပုခုံးကို ပုတ်လာတော့သည်။

” လောင်ယဲ့။ မင်း ရာထူးတက်သွားပြီကို ဘာကြောင့် စာဖတ်နေသေးတာလဲ ”

အပိုင်း ၅၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset