Switch Mode

Chapter – 51

ခေါင်းဆောင်တစ်ယောက် တကယ်မဖြစ်ချင်ဘူး။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၅၁။ ခေါင်းဆောင်တစ်ယောက် တကယ်မဖြစ်ချင်ဘူး။

” ပထမ ကိစ္စကတော့ စာကြည့်တိုက် ချဲ့ထွင်မှု အကြောင်းပဲ။ ဒါက ငါတို့ကို အထက်အရာရှိတွေက ခွဲဝေသတ်မှတ်ပေးထားတဲ့ ပံ့ပိုးမှုလည်း ဟုတ်တယ်။ တစ်ဖက်မှာ စာကြည့်တိုက်ရဲ့ ဆုံးရှုံးမှုတွေကို ပြန်ပြီး ဖြည့်ပေးဖို့။ နောက်တစ်ဖက်မှာတော့ ကျန်းဟိုင်မြို့ စာကြည့်တိုက်ရဲ့ လွှမ်းမိုးမှုကို တိုးအောင်လည်း လုပ်တာပဲ ”

လူအုပ်ကြီးထဲရှိ ယဲ့ရှောင်က အတွေးနက်သွားတော့သည်။

စာကြည့်တိုက်က မြို့တစ်မြို့၏ အခြေခံအုတ်မြစ်ပင် ဖြစ်သည်။ မြို့တစ်မြို့တွင် သိုင်းကျောင်းတော် မရှိနိုင်သော်ငြား စာကြည့်တိုက်တစ်ခု သေချာပေါက် ရှိကိုရှိရပေမည်။

အကြောင်းမှာ သိုင်းကျောင်းတော်သည် ကျောင်းသားများကို ပိုသန်မာအောင်သာ သင်ကြားပေးသောကြောင့် ဖြစ်သည်။ အထူးလေ့ကျင့်သင်ကြားပေးခြင်း ခံရသော သိုင်းပညာရှင်များ ရှိပြီး ထိုသူများကို ရှေ့တန်းသို့ ပို့ကြ၏။

စာကြည့်တိုက်ကမူ သိုင်းကျောင်းတော်၏ ကျောင်းသားများကို သင်ယူခွင့်ပေးပြီး သာမန်လူများကိုလည်း သင်ယူခွင့်ပေး၏။ ယင်းက အကြီးမားဆုံး ဖြန့်ဝေမှုဖြစ်ပြီး သိုင်းပညာကို ကျင့်ကြံကြသည့် သူအားလုံး၏ အခြေခံအုတ်မြစ်ဟု ဆိုနိုင်ပေသည်။

ယေဘုယျအားဖြင့် ဆိုရလျှင် သိုင်းစာကြည့်တိုက်တစ်ခု၏ အရွယ်အစားက မြို့တစ်မြို့၏ အရွယ်အစားအလိုက် ဆုံးဖြတ်ပေသည်။

သိုင်းစာကြည့်တိုက်တစ်ခုကို ချဲ့ထွင်လျှင် မြို့ကိုလည်း ချဲ့ထွင်ရန် လိုအပ်သည်ဟု ဆိုလိုသည်လော။ ယဲ့ရှောင်သည် သိုင်းစာအုပ်များနှင့် ပထဝီစာအုပ်များကို မကြာခဏ ဖတ်ရှုတတ်သည်။ လက်ရှိ၌ စီရင်စု ၉ ခုအတွင်းရှိ မြို့၏ အခွဲတိုင်းက အလွန်ကျိုးကြောင်းသင့်သည်။ မြို့တစ်မြို့ကို ပြောင်းလဲမှုများ အလျင်စလို မလိုအပ်ချေ။

ဒါက သူတို့က ပိုကြီးတဲ့ မြို့တွေကို ထည့်ပေါင်းထည့်ရမယ်ဆိုတဲ့ အချက်ရဲ့အောက်က ဖိအားပေး ခံနေရတာပဲ။

သူက အဲဒီအစား အနီးနားမြို့လေးတွေရဲ့ လူဦးရေတွေကို စုစည်းချင်တယ်လို့ ပြောသင့်သလား။ မြို့ကြီးတစ်မြို့ ဖွဲ့ဖို့လေ။ ဒီအကြောင်း သေချာဂရုစိုက် စဥ်းစားမိတော့ နောက်ဆုံးတစ်ခေါက် သားရဲကပ်ဘေး ဖြစ်သွားတာ နှစ် ၅၀ ကျော်သွားပြီ မလား။

ယဲ့ရှောင်က မျက်မှောင်အနည်းငယ် ကျုံ့မိသွားသည်။ သူ၏ ယူဆချက်သာ မှန်မည်ဆိုလျှင် ပြဿနာက အလွန်ကြီးပေလိမ့်မည်။

ကြယ်တာရာသားရဲကပ်ဘေးထဲ၌ အင်မတန် အစွမ်းထက်သော ကြယ်တာရာသားရဲတစ်ကောင် ပေါ်လာပြီး ၄င်း၏ ခွန်အားက အံ့ဖွယ်ချီရှန်းအဆင့်တောင် ရောက်နေလောက်သည်။ သူသည် တစ်ဆင့်ပိုမြင့်သော ရန်သူများကို သတ်ဖြတ်နိုင်သော်ငြား သူ၏ အကန့်အသတ်ကို သေသေချာချာ မသိသေးပေ။

သူက အံ့ဖွယ်ဂိုဏ်းက လူတွေကို အနိုင်မယူနိုင်ရင် ရော။ သူသည် အံ့ဖွယ်ဂိုဏ်းမှ လူများကို အနိုင်မယူနိုင်လျှင် မည်သို့ ဖြစ်မည်နည်း။ ထိုသို့ဆိုလျှင် သူသေပေလိမ့်မည်။ ထိုသို့ ဖြစ်လာပါက တစ်ရက်လျှင် တစ်နာရီ စာဖတ်ချိန်က လုံလောက်မှာ မဟုတ်ပေ။ သူ နောက်ထပ် နာရီဝက် ပိုလိုအပ်ပုံရ၏။

” မန်နေဂျာ ယဲ့။ မန်နေဂျာ ယဲ့။ ”

ယဲ့ရှောင်က အတွေးနက်နေစဥ် နဥ်ယွိယန်က သူ့လက်မောင်းကို ဆွဲပြီး တံတောင်ဖြင့်တွတ်ကာ အတွေးများထဲမှ ဆွဲထုတ်လိုက်၏။

ခေါင်းမော့ကြည့်လိုက်ရာ လူတိုင်း သူ့ကို ကြည့်နေကြသည်။ သူတို့အားလုံးက သူ့ကို စိုက်ကြည့်နေသောကြောင့် သူ မင်သက်သွားမိသည်။ ချက်ချင်းပင် အားလုံး၏ မှတ်ဉာဏ်ကို ယူရန်အတွက် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို အသုံးပြုလိုက်သည်။ ဒီတော့မှ ဖြစ်နေတာကို သဘောပေါက်သွားလေ၏။

နေ့တိုင်း ဖြန့်ကြဲမှုတွင် ယန်ကျန့်ယီက စာကြည့်တိုက်တွင်းရှိ လူတချို့ကို သတ်ခဲ့ပြီး သူက ဘုရင်အေးအ်၏ မြေပုံကိုလည်း ခိုးခဲ့သည်။ ယခုဆို စာကြည့်တိုက်က ရာထူးများ စီမံခန့်ခွဲပေးရန် အရေးတကြီး လိုအပ်နေ၏။ ယဲ့ရှောင်ကဲ့သို့ သူများကလည်း ကိုယ်စားလှယ်လောင်းများထဲမှ တစ်ဦးဖြစ်လာတာ သဘာဝကျသည်။ ကျန်သည့် မန်နေဂျာများကလည်း အရည်အချင်း ပြည့်မှီ၏။ ယခုမူ သူက ရှေ့တက်သွားပြီး မိန့်ခွန်းပြောရတော့မည့် အချိန်ရောက်သည်။ ယဲ့ရှောင်က ချောင်းအသာဟန့်လျက် အားလုံး၏ အကြည့်အောက်၌ စင်ပေါ်ရှေ့သို့ လျှောက်သွားလိုက်သည်။ သူက ရိုးရိုးရှင်းရှင်း ပြောလိုက်တော့၏။

” အားလုံးရဲ့ ယုံကြည်မှုနဲ့ ဒါရိုက်တာရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ငယ်ရွယ်သေးတယ်လို့ ခံစားမိပါတယ်။ တခြားစီနီယာတွေက အလုပ်အတွေ့အကြုံရှိမှုနှင့် စီမံခန့်ခွဲတဲ့ နေရာမှာ ကျွန်တော့်ထက် ပိုတော်မှာပါ။ ဒါကြောင့် ကျွန်တော့် အရှက်မခွဲချင်ပါဘူး ”

နှုတ်ဆက်သည့်အနေဖြင့် ခေါင်းအနည်းငယ် ညိတ်ပြီးနောက် ယဲ့ရှောင်သည် အားလုံး၏ ဇဝေဇဝါဖြစ်နေသော အကြည့်အောက်တွင် စင်ပေါ်မှ ဆင်းလာလေ၏။

အိုးရန်ယွင်ကျုံးသည် ယဲ့ရှောင် ထိုကဲ့သို့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ရှိနေလိမ့်မည်ဟု မထင်ထားသည့်ပမာ ယဲ့ရှောင်၏ နောက်ကျောကို တအံ့တသြ ကြည့်နေမိ၏။

ဒီကလေးရဲ့ စိတ်နေစိတ်ထားက အံ့သြစရာပဲ။ သူ့ဝိညာဥ်မနှိုးထသေးတာ နှမြောစရာ ကောင်းတယ်။ မဟုတ်ရင် သိုင်းပညာလမ်းကြောင်းမှာ အဆင်ပြေမှာ သေချာတယ်။ ဒါပေမဲ့ ဆက်ပြီးတော့ ရွေးကောက်ရဦးမှာပဲလေ။

” အဟန့်။ ကျေးဇူးတင်ပါတယ် ယဲ့ရှောင်။ နောက်တစ်ယောက်က ဝမ်နာ။ ”

အမျိုးသား သတ်ဖြတ်သူ မစ္စဝမ်သည် ယဲ့ရှောင်ကဲ့သို့ ဟန်ထွားတဲ့သူ မဟုတ်ပေ။ သူမက ဒါရိုက်တာနှင့် ကျန်သည့်သူများကို ကျေးဇူးတင်စကား တန်းပြောလိုက်၏။ သူမ ကျေးဇူးတင်ပြီး ဦးညွှတ်လိုက်တိုင်းတွင် သူမ၏ ကော်လံကအလိုလို ကျသွားတော့သည်။ သူတို့က မကြည့်ပဲ မနေနိုင်ကြသော်ငြား အနေလည်းခက်နေကြ၏။ ကုဟိုင်သာရှိလျှင် လေတောင်ချွန်လောက်သည်။

နဥ်ယွိဟန်က အသံတိုးတိုးဖြင့် ပြောလိုက်မိတော့၏။

” မန်နေဂျာယဲ့ ရွေးကောက်ခံဖို့ ဘာကြောင့် မသွားလဲ။ ရွေးခံရမယ်ဆိုရင် ရာထူးတက်တော့ မကောင်းဘူးလား။ နောက်ထပ် ရာထူးတက်သွားရင် ကြီးကြပ်ရေးမှူး ဖြစ်လာမှာမလား ”

ယဲ့ရှောင်က ခေါင်းခါပြီး ပြောလိုက်သည်။

” ငါ စိတ်မဝင်စားဘူး ”

ကြီးကြပ်သူရာထူး သုံးနေရာသာ ရှိသော်ငြား ရုံးခန်းကို လူရှစ်ယောက်၊ ကိုးယောက်က ဦးစီးရပေမည်။ ဝမ်နာ စကားပြောရန်မလို စာကြည့်တိုက်တစ်ခုလုံးတွင် သူမလက်ထဲသို့ မကျရောက်သည်မှာ သူနှင့် နဥ်ယွိဟန်မှလွဲ၍ ကျန်သည့်သူများက အနည်းနှင့်အများ သူမနှင့် ဆက်ဆံရေး ရှိကြသည်။ သူမက မရေမတွက်နိုင်သည့် တောင်ပေါင်းများစွာပေါ်၌ ရပ်နေသော အမျိုးသမီးတစ်ဦး ဖြစ်သည်။

သူမ လှဲနေလျှင်တောင် ကျန်သည့်သူများထက် နာမည် ပိုကျော်ကြားမှာပဲ ဖြစ်သည်။

သူမနှင့်တူညီသည့် သူများစွာ ရှိသည်။ သူမ မတက်သွားလျှင် အမှန်တရားက ခွင့်ပြုမှာ မဟုတ်ပေ။

ကျန်ရှိသည့် ရွေးချယ်ခံများ ကြားထဲ၌ သူတို့ထဲမှ တစ်ယောက်က ဒါရိုက်တာ၏ လက်အောက်ငယ်သား ဖြစ်လေရာ ရာထူးတက်ရန် အာမခံရပြီးသား ဖြစ်၏။ သာမန်အတိုင်းသာ မိန့်ခွန်းတက်ပြောလိုက်တော့သည်။ တစ်နည်းဆိုရလျှင် တစ်နေရာသာ ကျန်တော့သည်။

ယဲ့ရှောင်က သူတို့ထံမှ ရာထူးတစ်နေရာကို လုယူရန် စိတ်မရှိပေ။ ထို့အပြင် သူသည် ထိုအရာကိုယူပြီး စီမံခန့်ခွဲလျှင်ရော မည်သို့ ဖြစ်မည်နည်း။

သူ လစာအနည်းငယ် တိုးမည်ဖြစ်သော်ငြား စီမံခန့်ခွဲရသည့်အလုပ် ပိုများလာပေမည်။ နေ့စဥ်နေ့တိုင်း သူက အထက်အရာရှိများ၏ အစည်းအဝေး၌ စိုးရိမ်ပူပန်မှုများအကြောင်း နားထောင်ပြီး အစည်းအဝေး ကျင်းပရမည့် ပြဿနာ ရှိလာလျှင် သူက ဦးစွာတာဝန်ယူရဦးမည်။

ယွမ် တစ်ထောင်၊ နှစ်ထောင် ပိုရရန်အတွက် သူက ကျန်သည့်သူများအတွက် သူ၏ ငယ်ရွယ်နုပျိုမှုကို နစ်မြုပ်ထားရမှာ ဖြစ်သည်။ အရူးသာလျှင် ထိုသို့ လုပ်မှာပဲ ဖြစ်၏။

နဥ်ယွိဟန်၏ မျက်နှာထက်တွင် ကြည်ညိုလေးစားသည့် အရိပ်တို့ ပေါ်လာတော့သည်။ အလေးစားခံရဆုံး မန်နေဂျာယဲ့က ထင်ထားတဲ့အတိုင်းပဲ သူက ရာထူးတွေ၊ လစာတိုးတာတွေကြောင့် စိတ်မယိမ်းယိုင်သွားဘူး။ ဂုဏ်သတင်းကျော်ကြားမှု ငွေကြေးဥစ္စာကို သမန်ကာလျှံကာ သဘောထားတဲ့လူက နည်းလွန်းတယ်။ ဂုဏ်သတင်းကျော်ကြားမှုနှင့် ငွေကြေးကို ဂရုမစိုက်တဲ့ သူလိုလူတစ်ယောက် ၊ လောဘမကြီးတဲ့ လူတစ်ယောက်က ခေါင်းဆောင်တစ်ယောက်ဖြစ်မှာ သေချာတယ်။ သူ ဆုံးဖြတ်ပြီးသည်နှင့် သူ့အတွက် မဲပေးလိုက်တော့သည်။

ယဲ့ရှောင် ပြောပြီးသည်နှင့် သူက ဆက်လက်တွေဝေသွားကာ အစည်းအဝေး ပြီးဆုံးမှာကို စောင့်နေလေ၏။ သို့မှသာ သူပြန်သွားပြီး စာဖတ်နိုင်မှာပဲ ဖြစ်သည်။ သို့သော် ရလဒ်က သူ့ကို အံ့အားသင့်သွားစေ၏။

ပထမဆုံး ခန့်မှန်းချက်နှစ်ခုက မှန်ကန်ပေသည်။ တစ်ယောက်က ဝမ်နာဖြစ်ပြီး နောက်တစ်ယောက်က ဒါရိုက်တာ၏ မိသားစုဝင်တစ်ဦး ဖြစ်သည်။ သို့သော် တတိယတစ်ယောက်က သူဖြစ်နေ၏။ ရလဒ်ထွက်ပေါ်လာချိန်တွင် ယဲ့ရှောင်က အံ့သြသွားတော့သည်။ သူ၏ မျက်နှာထက်တွင် ဇဝေဇဝါ ဖြစ်မှုများ၊ သံသယဖြစ်မှုများ ပြည့်နေလေ၏။

ဒီလူတွေရဲ့ ဦးနှောက်က ပြဿနာများ ရှိနေတာလား။ သူ ရိုးရိုးရှင်းရှင်းလေးပဲ ပြောလိုက်တာလေ။ ကြီးကြပ်ရေးမှူး မဖြစ်ချင်ဘူးလို့။ မန်နေဂျာတစ်ယောက်ပဲ ဖြစ်ချင်တာလေ။ နေ့တိုင်း စာအုပ်ဖတ်နိုင်ပြီး သူ့ကိုသူ တိုးတက်အောင် လုပ်နိုင်တယ်။ ငြင်းလိုက်တာက ပိုကောင်းမှာပဲ။ ပြောရရင် အရာရှိတစ်ယောက် ဖြစ်ရတာက တာဝန်ကြီးပြီး ပြဿနာများတယ်။

ယဲ့ရှောင်သည် ပြဿနာ ဒုက္ခများကို မနှစ်သက်သည့်သူ ဖြစ်သည်။ အိုးရန်ယွင်ကျုံးက ယဲ့ရှောင်ကိုကြည့်ပြီး ပြုံးလိုက်တော့၏။

” ကြည့်ရတာ ရှောင်ယဲ့က အားလုံးရဲ့ ရင်ထဲမှာ အတော်နာမည်ကြီးတဲ့ပုံပဲ။ ဒီလိုဆိုမှတော့ တတိယမြောက် ကြီးကြပ်ရေးမှူးက မင်းပဲလို့ထင်တယ် ”

” ဒါ့အပြင် ဒီတစ်ခေါက် စာကြည့်တိုက် ပြန်ဖွဲ့စည်းပြီးရင် ကြီးကြပ်ရေးမှူးရဲ့ လစာက တိုးလာမှာပဲ။ တစ်လကို ယွမ် ၁၀၀၀၀ တိုးလာလိမ့်မယ် ”

” ဒီလကနေ စမယ် “။

ယဲ့ရှောင်က တိတ်ဆိတ်သွားလေ၏။

ဘာကြောင့်။ အူး။ ရက်အနည်းငယ်လောက် စမ်းကြည့်လိုက်တာပေါ့လေ။ တကယ်မဖြစ်နိုင်တော့မှ ငြင်းလိုက်ကြည့်တာပေါ့။ ပြောရရင် ယွမ် ၅၀၀၀က ယွမ် ၁၀၀၀၊ ၂၀၀၀ မှ မဟုတ်တာ။ မျက်နှာသာတော့ ပေးသင့်ပါတယ်လေ။

” ဒီနေ့ အစည်းအဝေးကတော့ ပြီးပါပြီ။ နားမလည်တဲ့သူရှိရင် လာမေးလို့ ရတယ် ”

” မရှိပါဘူး ”

ယဲ့ရှောင်က အားလုံးနှင့်အတူ လိုက်ပါ အော်လိုက်သည်။ အိုးရန်ယွင်ကျုံးက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

” ကောင်းပြီ။ ဒီလိုဆိုမှတော့ ငါတို့ တာဝန်ယူထားတဲ့ နေရာအသီးသီးကို သွားလိုက်ကြရအောင်။ ခဏနေရင် အလုပ်သမားတွေက စာအုပ်တွေကို ရွှေ့ပေးလိမ့်မယ်။ အားလုံးက စာအုပ်တွေ ထားရမဲ့ နေရာ၊ သိုလှောင်ရမဲ့နေရာတွေကို သူတို့ကို အသေးစိတ် ညွှန်ကြားပေးလိုက်။ အမှားမလုပ်ကြနဲ့ ”

” ဟုတ်ကဲ့ ”

အပိုင်း ၅၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset