စာကြည့်တိုက် တာအိုသခင်
အပိုင်း ၅၀။ လိပ်ပြာသက်ရောက်မှု။
ကျန်းဟိုင်မြို့နှင့် မိုင်၄၀၀ အကွာ၌ ချောက်ကမ်းပါးထဲမှ ဒေါသတကြီး ဟိန်းသံက ရုတ်တရက် ထွက်ပေါ်လာတော့သည်။
“သေစမ်း။ နည်းနည်းလေးပဲ။ နည်းနည်းလေးပဲ လိုတော့တာ။ ဒီဘုရင် ထွက်နိုင်တော့မှာ။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
သိပ်မကြာမီ၌ တစ်ဖက်သူ၏ အသံက ပိုနက်မှောင်ပြီး လေးနက်လာတော့သည်။
မင်းတို့ လူသားတွေ ဒီတစ်ခေါက် ကံကောင်းသွားတယ်။ ဒါပေမဲ့ ကြာကြာ စိတ်ကျေနပ်ရလိမ့်မယ်လို့ မထင်နဲ့။ ခုနှစ်စင်ကြယ်တန်းတော့မှာ။ အဲ့ဒီနေ့က နီးနေပြီ။ အဲ့ဒီအချိန်ကျရင် ကြယ်တာရာသားရဲတွေရဲ့ ခွန်အားက အမြင့်ဆုံးကို ရောက်လိမ့်မယ်။ ဒီဘုရင်က ဒီအသူရာချောက်ကနေ နောက်ဆုံးတော့ လွတ်မြောက်နိုင်တော့မှာ။ သိပ်မလိုတော့ဘူး။
ကျန်းဟိုင်မြို့ထဲရှိ ဘဝက ငြိမ်းချမ်းသည့် ကာလသို့ ထပ်မံရောက်ရှိလာသည်။ သို့သော်ငြား သာမန်ပြည်သူများ၏ ရင်ထဲတွင်မူ အလွယ်တကူ မငြိမ်းချမ်းနိုင်ပေ။ ကိစ္စရပ်ကြီးတစ်ခု ဖြစ်ပွားလာတိုင်းတွင် ကျန်းဟိုင်မြို့ထဲ၌ ဒဏ္ဍာရီနှစ်ခုက ဆွေးနွေးရန် အလွယ်ကူဆုံးကိစ္စ ဖြစ်လာတော့သည်။
ဓားမော့တစ်လက်၊ ဓားတစ်လက်။
သန်မာမှုသည် နဂါးများကဲ့သို့ ဆန်းကြယ်ပြီး မမြင်ရပေ။ အင်္ဂါနေ့ နံနက်ခင်း၌ ယဲ့ရှောင်သည် မနက်စာ ဝယ်ပြီးနောက် စားသောက်ကာ အလုပ်လုပ်ရန် စာကြည့်တိုက်သို့ လျှောက်သွားလိုက်၏။
ဝမ်တိုက်ရေပြင်နား ဖြတ်ကျော်သွားသည့်အချိန်တွင် စျေးဝယ်စင်တာ၏ ဝင်ပေါက်ရှိ လျှပ်စစ်ဖန်သားပြင်ကြီးပေါ်၌ ကျန်းဟိုင် ရုပ်မြင်သံကြား အစီအစဥ်၏ ပရိုဂရမ်အသစ်ကို ထုတ်လွင့်နေသည်။
ယဲ့ရှောင်က ပဲနို့သောက်ပြီး သတင်းကို နားထောင်နေလိုက်၏။
” အားလုံးပဲ မင်္ဂလာပါ။ ယနေ့ကတော့ ကျန်းဟိုင်မြို့ ရုပ်မြင်သံကြားဌာနရဲ့ နံနက်ခင်း မေးမြန်းတဲ့ အစီအစဥ်ပါပဲ။ လတ်တလောမှာ ကျန်းဟိုင်မြို့က ထူးဆန်းတဲ့ ဖြစ်စဥ်တွေ တော်တော်များများ ကြုံတွေ့နေရပါတယ်။ အင်တာနက် အသုံးပြုသူတွေကတော့ ကျန်းဟိုင်မြို့ရဲ့ ဆန်းကြယ်တဲ့ သိုင်းပညာရှင်ကြီး လှုပ်ရှားလား၊ မလှုပ်ရှားလား ဆွေးနွေးနေကြပါတယ်။ ဒီအပိုင်းအတွက် ကျွန်မတို့က ကျန်းဟိုင်သိုင်းကျောင်းတော်ရဲ့ အထူးပါမောက္ခ ဟို့ထျန်းအဋ္ဌမအဆင့် သိုင်းပညာရှင် ပါမောက္ခ ကျန်းတာ့ချန်းကို ဖိတ်ခေါ်ထားပါတယ် ”
” ဖန်းလုပ်ငန်းစုရဲ့ ဥက္ကဌ ဟို့ထျန်းနဝမအဆင့် သိုင်းပညာရှင် မစ္စတာ ဖန်းရင်လျန် ”
” အငြိမ်းစား ကျန်းလျန်ရဲ့ အစပ်ဟင်းချို တည်ထောင်သူ ဟို့ထျန်း သတ္တမအဆင့် သိုင်းပညာရှင် ကျန်းလျန်”
” အခုပဲ ဒီသိုင်းပညာရှင်တချို့ကို သူတို့ရဲ့ ကိုယ်ပိုင် အမြင်ရှုထောင့်ကနေ ကျန်းဟိုင်မြို့ထဲက ဆန်းကြယ်တဲ့ ဖြစ်ရပ်တွေအကြောင်း ပြောဖို့ ဖိတ်ကြားလိုက်ရအောင် ”
” ပြီးတော့ ဒီဆန်းကြယ်တဲ့ ဖြစ်ရပ် နောက်ကွယ်မှာ သက်ရောက်မှုတွေ ရှိပါသေးတယ်”
ပြောလိုက်သည့်သူက အငြိမ်းစား ကျန်းလျန်ပင် ဖြစ်သည်။ သူ၏ အမူအရာက တည်ကြည်နေပြီး စားပွဲခုံကို ခေါက်ကာ အလေးအနက် ပြောလိုက်လေ၏။
” ကျုပ်ရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံအရ ကျုပ်တို့ ကျန်းဟိုင်မြို့မှ အရေးကြီးတဲ့ ရတနာတစ်ခု ရှိနေမှာကို စိုးရိမ်မိတယ် ”
သူပြောလိုက်သည်နှင့် ဖြတ်သန်းသွားလာသူများက ရပ်ကြည့်မိကြတော့သည်။
အငြိမ်းစား ကျန်းလျန်က ဆက်ပြောသည်။
” ရှေးယခင်တည်းက သိုင်းပညာရှင်တွေကို နေရာလေးတစ်ခုစီပဲ ဆွဲဆောင်ဖို့ ဖြစ်နိုင်တယ်။ အဲဒီနေရာက လူတစ်ယောက်ရဲ့ အိုင်ဒီကို ဖုံးကွယ်ထားပြီး အခြေချလို့ရမဲ့ နေရာမျိုးပဲ ”
” ကျုပ်တို့ ကျန်းဟိုင်မြို့မှာ သိုင်းပါရမီရှင်ကြီးတစ်ယောက် ရှိနေခဲ့မယ်ဆိုရင် သူတို့က ဘဝကို ငြီးငွေ့နေပြီး အနားယူချင်တာပဲ ဖြစ်ရမယ်။ ဒါပေမဲ့ အခု ကျုပ်တို့ ကျန်းဟိုင်မြို့တော်မှာ သိုင်းပညာရှင်ကြီးနှစ်ယောက် ရှိနေပြီ ”
” အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် မဟုတ်သရွေ့ တောင်တစ်တောင်ထဲမှာ ကျားနှစ်ကောင်အတွက် နေရာမရှိဘူးဆိုတာ လူတိုင်းသိထားရမှာပါ။ ပြိုင်ဘက်ကင်း သိုင်းပညာနှစ်ယောက် အတူတကွ ပေါ်ထွက်လာခဲ့မယ်ဆိုရင် အနားယူဖို့အတွက် သေချာပေါက် မဟုတ်ပါဘူး။ သူတို့ကို ဆွဲဆောင်နိုင်တဲ့ အရာတစ်ခုခု ဒီမှာ ရှိနေတာပဲ ဖြစ်ရမယ်။ ဒါကြောင့် နောင်ကျ ကျန်းဟိုင်မြို့ထဲမှာ သိုင်းပညာရှင်တွေ ပိုပေါ်ပေါက်လာလိမ့်မယ်ဆိုတာ သေချာနေပါတယ် ”
ပါမောက္ခ ကျန်းတာ့ချန်းသည် ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်လေ၏။
” မစ္စတာကျန်း။ ပြောတာကို ထောက်ခံတယ်။ ရှေးမှတ်တမ်းတွေ တော်တော်များများကို ကြည့်လိုက်တော့ ကျန်းဟိုင်မြို့ရဲ့ ဒဏ္ဍာရီတွေက ကျုပ်တို့မြို့က ထူးကဲတယ်ဆိုတာကို ညွှန်ပြနေတာ တွေ့လိုက်ရတယ် ”
” သိုင်းပညာရှင်တွေက ကျန်းဟိုင်မြို့ကို ရွေးချယ်ခဲ့တာ မဟုတ်ပဲ ကျန်းဟိုင်မြို့က သိုင်းပညာရှင်တွေကို ဆွဲဆောင်နိုင်ခဲ့တာပဲ”
” တစ်ချိန်တည်းမှာပဲ အံ့မခန်းသိုင်းပညာရှင်တွေ အများကြီး ရောက်လာရင် ကျန်းဟိုင်မြို့က သာမန်သိုင်းပညာရှင် တော်တော်များများကိုလည်း စုစည်းမိစေမှာပဲ ”
” လူဦးရေတိုးလာတာက အိမ်စျေးနှုန်းတွေကို သေချာပေါက် တိုးစေလိမ့်မယ်။ လက်ထဲမှာ ငွေရှိရင် ရင်းနှီးမြုပ်နှံချင်တယ်ပြီး ဒါပေမဲ့ ဘယ်မှာ ရင်းနှီးမြုပ်နှံရမှန်း မသိဘူးဆိုရင် အိမ်တစ်လုံးဝယ်ဖို့ အကြံပေးချင်တယ်။ အထူးသဖြင့် ပိုင်ကွေ့ခြံဝန်းထဲက အိမ်တွေပေါ့။ ဝယ်ပြီးသွားတာနဲ့ စျေးတက်မှာ သေချာတယ် ”
ဖန်းရင်လျန်က နောက်ဆုံး ပြောလိုက်တာ ဖြစ်သည်။
” ဒီကျန်းဟိုင်မြို့ ပိုမိုဖွံ့ဖြိုးတိုးတက်လာတာကို ကျုပ်တို့အားလုံး မျှော်လင့်မိတယ်။ ဒါက ကျုပ်တို့ ကျန်းဟိုင်မြို့အတွက် အချိုးအကွေ့တစ်ခု ဖြစ်လောက်တယ်”
” ကျုပ်တို့ သိထားပုံအရ မြို့တစ်မြို့က အရွယ်အစား ပိုကြီးမားလေ မြို့တစ်မြို့လုံးရဲ့ လုံခြုံရေးအပေါ် ကြီးကြီးမားမား သက်ရောက်နိုင်လေပဲ။ ဒါက သေချာပေါက်”
” သန်မာတဲ့ ဆိုင်ဖွန်အာနိသင်တစ်ခု ရှိမယ်ဆိုတာ သေချာတယ် ”
” နောက်ထပ် ဆယ်စုနစ် အနည်းငယ်အတွင်းမှာ ကျန်းဟိုင်မြို့ရဲ့ ပြောင်းလဲမှုတွေက မြေကမ္ဘာတုန်လှုပ်လောက်တဲ့အထိ ဖြစ်နေမယ်ဆိုတာ ကြိုမြင်ရပါတယ် ”
” တစ်ချိန်တည်းမှာပဲ ကျန်းဟိုင်မြို့ရဲ့ စီးပွားရေးစွန့်စားသူတွေက သိုင်းပါရမီရှင်တွေအတွက် သူတို့ရဲ့ ဖျောက်ဖျက်လို့မရနိုင်တဲ့ အရေးကြီးတဲ့အကျိုးဆောင်မှုတွေ ကျွန်တော်တို့ ကျန်းဟိုင်မြို့ကို လုပ်ဆောင်ပေးခဲ့တဲ့အတွက် သူတို့ကို ကျေးဇူးတင်ဖို့ ပိုကောင်းတဲ့ ဘဝနေထိုင်မှုပုံစံတွေ ထောက်ပံ့ပေးသင့်ပါတယ် ”
ယဲ့ရှောင်က အပြီးသည့် နားမထောင်ခဲ့ပေ။ သူက သူ့လက်ထဲရှိ အမှိုက်ကို ပစ်ထုတ်လိုက်ပြီး လျှောက်ထွက်သွားတော့၏။
အရှက်မဲ့လိုက်တာ။ သိုင်းပညာရှင် ကျွမ်းကျင်သူများဟု ခေါ်ကြခြင်းသည် အတုအယောင် လန်ကြုတ်များသာ ဖြစ်ပေ၏။
ပိုတောင် အရှက်မဲ့သည်က သူတို့သည် ဒေသခံဧရိယာများကို အရောင်းမြင့်တင်ရန် အခွင့်အရေးယူနေသည်။ သူ၏ မြေကိုသာ အသုံးချပြီး တန်ကြေးကို မြင့်ရန် ဆင်ခြင်ဆင်လက် ပေးနေ၏။
သူသည် အစတည်းက အိမ်တစ်လုံး မဝယ်နိုင်သော်ငြား ထိုလူများအတွက်မူ သူ အလွန့်အလွန် မပျော်ရွှင်ဖြစ်နေသည်။ မကောင်းတဲ့ကောင်တွေ။
သူသည် ဘယ်တော့မှ မချစ်ကြိုက်၊ အိမ်ထောင်ဘယ်တော့မှမပြု၊ ကလးမယူ၊ အိမ်တစ်လုံးဘယ်တော့မှ မဝယ်ဟု ဆုံးဖြတ်ခဲ့သည်။ သူသည် ဤကဲ့သို့သော ဘဝမျိုးကို နေထိုင်ရန် မလွယ်ကူသော်ငြား ဘယ်တော့မှ ငွေချေးပြီး ကျေးကျွန်တစ်ဦး အဖြစ်မခံ။ ပြီးတော့ ထပ်လာပြီး ပိုသန်မာလာခဲ့ရင် ကျန်းဟိုင်မြို့ထဲမှာ ငါ့ရဲ့ လွှမ်းမိုးမှုက ပိုပိုသန်မာလာတဲ့ပုံပဲ။ ဒါက လိပ်ပြာတောင်ပံ သက်ရောက်မှုများလား။
ကမ္ဘာကြီးဆီ ဆောင်ယူလာတဲ့ လိပ်ပြာသက်ရောက်မှုမျိုးလား။ ဒီလောကကြီးဆီကို ငါ ကပ်ဘေး မယူဆောင်လာမိဖို့ မျော်လင့်မိတယ်။ မရှောင်နိုင်ခဲ့ဘူးဆိုရင် ကပ်ဘေးက တခြားပြည်နယ်တွေဆီ ယူသွားဖို့ပဲ မျော်လင့်မိတာပဲ။ စီရင်စု ကိုးခုစီကို ကပ်ဘေးရောက်မလာသရွေ့ အရေးကြီးတော့မှာ မဟုတ်ဘူး။
စာကြည့်တိုက်သို့ ရောက်ရှိပြီးနောက် စာကြည့်တိုက် ပြင်ဆင်ပြီးမှန်းဟု တွေ့လိုက်ရသည်။ အသစ်ဆက်ဆက် စာကြည့်တိုက်သည် မူလ အဆောက်အဦးနှင့် အနည်းငယ်ကွဲပြားသည့် အဆောက်အဦး တစ်ခုလုံးသည် ယခင်ကထက် ပိုကြီးသွားပြီး အနည်းဆုံးတော့ အရွယ်အစားက နှစ်ဆခန့်ရှိသည်။
သိုင်းပညာလောကတွင် နည်းပညာဖွံ့ဖြိုးတိုးတက်မှုကလည်း ကောင်းပေ၏။
ဗိသုကာကို ဥပမာ ယူနိုင်ပေ၏။ မြင့်မားသော နည်းပညာဖြင့် ကုန်ကြမ်းများက အဆောက်အဦးများ ဆောက်လုပ်ရာတွင် မြန်ဆန်ပြီး စျေးချိုသည်။ စျေးပေါသော ကုန်ကြမ်းများက တန်ကြေးနိမ့်သည်ဟု ဆိုလိုတာ မဟုတ်ပေ။ တန်ကြေးက အလွန်စျေးကြီးနေသေး၏။ ထို့အပြင် အစောပိုင်းက ပညာရှင်တစ်စုသည် တန်ကြေးကိုမြင့်ရန် အခွင့်အရေး ယူချင်နေကြသည်။ ထို့ကြောင့် ကျန်းဟိုင်မြို့က နောင်၌ စျေးတက်သွားမည့်ပုံပေါ်သည်။
သို့သော် ယဲ့ရှောင် သိချင်စိတ် အဖြစ်ဆုံးက တံခါးဝ၌ ရပ်ထားသည့် ကုန်တင်ကားကြီးများစွာပဲ ဖြစ်သည်။ သူတို့ ဘာအတွက် ရောက်နေမှန်း သူ မသိပေ။
သူသည် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို သုံးလျက် သူတို့ဆီကို ဖြတ်ကျော်သွားရာ စာအုပ်များ ပြည့်နေတာကို တွေ့လိုက်ရသည်။ ထိုအရာက မျက်လုံးများကို လင်းသွားစေတော့သည်။
ထိုစာအုပ်အများစုက အသစ်များ ဖြစ်သည်။ စာကြည့်တိုက်သည် စာအုပ်အသစ်များစွာကို ဝယ်နေခြင်း ဖြစ်နိုင်သည်လော။
ပိုတောင်မထင်ထားသည့် အံ့အားသင့်စရာများ ရှိနေလိမ့်မည်ဟု သူ မထင်ထားပေ။ ယင်းက မနက်စောစော၌ စိတ်အခြေအနေ မကောင်းသည်ကို ချက်ချင်းပင် နေထိုင်ရာ ပိုကောင်းသွားစေ၏။ ထိုမျှများပြားသော စာအုပ်အသစ်များဖြင့် သူ၏ အခြေခံကျင့်စဥ်များကို ရှာတွေ့နိုင်မည်ဟု တွက်ချက်မိသည်။
” မန်နေဂျာ ယဲ့။ ရောက်လာပြီပဲ ”
စာကြည့်တိုက်ထဲသို့ သူ လျှောက်သည့်အချိန်၌ နဥ်ယွိဟန်သည် ယဲ့ရှောင်ကို မြင်လိုက်ရပြီး ချက်ချင်းပင် သူ့ကို လာနှုတ်ဆက်လေ၏။ ယဲ့ရှောင်က တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
နှစ်ယောက်သားက လုပ်ငန်းခွင် ဝင်ပြီးနောက် ခန်းမထဲသို့ရောက်ကာ ထိုင်ချလိုက်တော့သည်။ စာကြည့်တိုက်က အသစ်စတင်ခါစ ဖြစ်သည်။ ထို့ကြောင့် ပုံမှန်အစည်းအဝေးတစ်ခု ရှိနေမှာ သေချာနေ၏။ မကြာမီ၌ အိုးယန်ယွင်ကျုံးသည် တည်ကြည်သော အမူအရာဖြင့် ခန်းမထဲ ရောက်လာတော့သည်။
“ဒီမနက် ပုံမှန်အစည်းအဝေး မစခင်မှာ အဖြစ်အပျက်မှာ သေသွားတဲ့ ငါတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် တစ်မိနစ်လောက် ငြိမ်သက်ပေးလိုက်ရအောင်။ မတ်တတ်ရပ်ကြ”
အားလုံးက မတ်တတ်ရပ်လျက် သူတို့၏ ဆုံးပါးသွားသော လုပ်ဖော်ကိုင်ဖက်များအတွက် တစ်မိနစ်ခန့် တိတ်ဆိတ်ငြိမ်သက်ကာ ခေါင်းငုံ့ထားကြသည်။ ယဲ့ရှောင်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်၏။ လုပ်ဖော်ကိုင်ဖက် အများစု ရှိနေသေးသောငြား သူတို့ထဲမှ အချို့ကတော့ မရှိတော့ပေ။
ယန်ကျန့်ယီက လူများများစားစား မသတ်ခဲ့ပုံပေါ်သည်။ သို့သော် ဂရုတစိုက် စဥ်းစားပြီးနောက် အဓိပ္ပာယ်ရှိမှန်း သိလိုက်ရသည်။ ယန်ကျန့်ယီက အစွမ်းထက်သော ချီရှန်းတစ်ဦးဖြစ်သည်။ သူ တစ်စုံတစ်ခုကို ခိုးချင်လျှင် လူအနည်းစုကသာ ရှာတွေ့မှာဖြစ်သောကြောင့် အငြင်းပွားစရာ မလိုပေ။
တစ်မိနစ်ခန့် တိတ်ဆိတ်နေပြီးနောက် အိုးရန်ယွင်ကျုံး လက်ဝှေ့ရမ်းလျက် အားလုံးကို ထိုင်ရန် အချက်ပြလိုက်တော့သည်။
” ဒီနေ့ ပုံမှန်အစည်းအဝေး စလိုက်ရအောင်။ ကိစ္စ နှစ်ရပ်ရှိပါတယ် ”
အပိုင်း ( ၅၀ ) ပြီး၏။