Switch Mode

Chapter – 49

ခင်ဗျားတို့ကို သတိပေးနေတယ်။ စည်းကို ကျော်လာတဲ့သူက သေရမယ်။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၄၉။ ခင်ဗျားတို့ကို သတိပေးနေတယ်။ စည်းကို ကျော်လာတဲ့သူက သေရမယ်။

” စဥ်းတောင် မစဥ်းစားနဲ့ ”
ယန်ကျန့်ယီက အော်ဟစ်လိုက်ပြီး သူ၏ ခွန်အားတို့ကို စုစည်းလိုက်လေ၏။ သူက ၃ပေခန့်ရှည်သော လျှပ်စီးဓားကို ဆုပ်ကိုင်လျက် ဘုရင်အေးအ်၏ ရင်ဘတ်ဆီသို့ တန်းမတ်စွာ ထိုးစိုက်လိုက်တော့သည်။
ဘုရင်အေးအ်၏ မျက်နှာက အေးစက်သွားပြီး ဓားကို လက်သီးဖြင့် ထိုးချလိုက်ရာ ချက်ချင်းပင် ပြိုကွဲသွားစေ၏။
ဘန်း။
ဓားက ပေါက်ကွဲသွားပြီး အပိုင်းဆစများက လေဆာတန်းများသဖွယ် နောက်သို့ လွင့်ထွက်သွားကြသည်။ ချက်ချင်းပင် ၄င်းတို့က ယန်ကျန့်ယီ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားလျက် သူ့ကို နောက်ထပ် သွေးတစ်ပွက် အန်စေတော့သည်။
ချီရှန်းတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက ၄င်းကို ခံနိုင်ရည်ရှိရန် လုံလောက်အောင် သန်မာနေပြီးသောကြောင့်သာ မဟုတ်လျှင် ထိုအကွက်က သူ့ကို ချက်ချင်း သေစေနိုင်လောက်သည်။
ထို့သို့တိုင် သူ၏ ​ချီသွေးကြောများအားလုံး ပျက်စီးကုန်ပြီး ဝိညာဥ်စွမ်းအင်အားလုံး ဆုံးရှုံးသွားပြီ ဖြစ်သည်။ သို့သော် သူက ထိန်းထားပြီး မသေခဲ့ပေ။
“မင်း တွေ့လား။ ဒါတွေက နတ်ဘုရားတစ်ပါးနဲ့ လူသားတစ်ယောက်ကြားက ကွာဟချက်ပဲ ”
ဘုရင်အေးအ်၏ မျက်လုံးထဲတွင် ပြက်ရယ်ပြုမှု တစ်စွန်းတစ်စပေါ်နေပြီး ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသည့်ပမာ ထင်ရသည်။
ယန်ကျန့်ယီက မလှုပ်ရှားနိုင်တော့ပေ။ သူက လျှပ်စီးချိန်းကြိုးတို့ဖြင့် ချုပ်နှောင်ခံထားရလေရာ မျက်နှာထက်တွင် အားစိုက်ထုတ်မှုတို့ ပြည့်နေလေ၏။
သူက ယန်ကျန့်ယီ၏ မျက်နှာကို ပုတ်လျက် ကောက်ကျစ်စွာ ပြုံးလိုက်တော့သည်။
” စိတ်မပူနဲ့။ မင်းကို ဒီလောက် မြန်မြန်ဆန်ဆန် မသတ်ဘူး။ ဒါက ပျင်းဖို့ကောင်းလွန်းတယ် ”
သူ့ အနောက်ရှိ ကျန်းဟိုင်မြို့ကို တစ်ချက်ကြည့်ပြီး မျက်လုံးထဲ၌ သွေးဆာလောင်မှု အလင်းများ ပြည့်နေလေရာ လူတစ်ယောက်၏ စိတ်နှလုံးကို တုန်လှုပ်ခြောက်ခြားသွားစေနိုင်သည်။ ယန်ကျန့်ယီက တစ်စုံတစ်ခုကို တွေးမိသွား၏။
” မင်း ဘာတွေ စီစဥ်နေတာလဲ ”
ဘုရင်အေးအ်က နှုတ်ခမ်းသပ်လျက် သူ၏ မျက်လုံးထဲတွင် အေးတိအေးစက်မှုတို့ ပေါ်လာသည်။
” ဟီး ဟီး ဟီး။ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်တုန်းက ဒီမြို့ကြောင့် ငါ ဖိနှိပ်ခံခဲ့ရတာလေ။ ဒီနေ့ မင်းရဲ့ ရှေ့မှာပဲ ငါ့ရဲ့ လက်နဲ့ ဒီမြို့ကို ဖျက်ဆီးမယ် ”
” ဒါကို ပြောတော့မှ ငါ လူသား လတ်လတ်ဆတ်ဆတ်ကို မစားရတာ နှစ်တစ်ရာကျော်တောင် ကြာသွားပြီပဲ ”
ယန်ကျန့်ယီက တုန်လှုပ်ခြောက်ခြားသွားသည်။ သူ တိုက်ပွဲကို ရှုံးနိမ့်ခဲ့စဥ်က သူ၏ မျက်နှာထက်တွင် လက်ခံနိုင်သည့် အမူအရာ ရှိနေ၏။ ယခုမူ စိတ်ပျက်အားငယ်မှု တစ်စွန်းတစ်စ ပေါ်လာသည်။
” မရဘူး။ မင်း ဒါမျိုး လုပ်လို့မရဘူး။ လုပ်ပိုင်ခွင့် မရှိဘူး ”
” ကံဆိုးတာက မင်းမှာ ပြောပိုင်ခွင့် မရှိတာပဲ ”
ဘုရင်အေးအ်၏ စကားများက ယန်ကျန့်ယီ၏ နှလုံးသားကို အေးစက်သွားစေသည်။ သူက စိတ်ပျက်အားငယ်မှုတို့ဖြင့် ပြည့်သွား၏။ သူ ရှုံးသွားခဲ့ချင်သည်။ အရှုံးက သူ ထင်ထားသည်ထက် ပိုကုန်ကျသည်။
ဘုရင်အေးအ်၏ ကိုယ်ခွဲများထဲမှ တစ်ကိုယ်ကို မဖျက်ဆီးနိုင်ခဲ့ရုံသာမက ကျန်းဟိုင်မြို့ရှိ လူသန်းချီကိုလည်း စတေးခဲ့မိသည်။ လူပေါင်းများစွာကို သေကျေစေခဲ့သော်ငြား ယင်းက ဘုရင်အေးအ်၏ ကိုယ်ခွဲကို ဖြိုခွင်းပြီး သူ့ကို ဖျက်ဆီးရန်အတွက်သာ ဖြစ်သည်။ သူ့ ရင်ထဲရှိ စွဲလန်းမှုကြောင့် ဖြစ်၏။ ကျန်းဟိုင်မြို့ထဲရှိ လူသန်းပေါင်းများစွာကို သူ အမှန်တကယ် သေစေခဲ့လျှင် သူ၏ အသိစိတ်ဓာတ်က ယင်းကို ခံနိုင်ရည် ရှိတော့မှာ မဟုတ်ချေ။
ယခုအချိန်၌ သူက ရုတ်တရက် နောင်တရလာသည်။ သူ၏ တုံးအမှုအတွက် နောင်တရလာပြီး သူ၏ ခေါင်းမာမှုကို မုန်းတီးနေမိတော့သည်။ လက်စားချေရန်အတွက် အဘယ်ကြောင့် သူ ထိုမျှ ဆုံးဖြတ်ချက် ပြတ်သားခဲ့ရသနည်း။ အဆုံးတွင် သူသည် တစ်ပါးသူနှင့် သူ့ကိုသူ ထိခိုက်အောင် လုပ်ခဲ့မိသည်။ အချိန်များကို နောက်ပြန်ဆုတ်နိုင်မည်ဆိုလျှင် မတူညီသည့် လမ်းကြောင်းကို သေချာပေါက် ရွေးချယ်မိမှာပဲ ဖြစ်သည်။ ကံဆိုးသည်မှာ ထိုစကားများက အချည်းနှီး ဖြစ်သွားလေသည်။
မိုးများ ရွာသွန်းကျလာပြီး ယန်ကျန့်ယီ၏ မျက်နှာကို ထိလာ၏။ မိုးရေလေလော။ နောင်တမျက်ရည်လေလော။ ပြောရန် ခက်ခဲလှသည်။
ဘုရင်အေးအ်က သူ စိတ်ပျက်အားငယ်နေသော အမူအရာကို ကြည့်ပြီး သူ၏ မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားမှုတို့ ပြည့်နေသည်။ သူက တစ်ဖက်လှည့်လိုက်ပြီ ကျန်းဟိုင်မြို့ကို မျက်နှာမူလိုက်သည်။ မြစ်ဆိပ်အောက်ခြေ၌ ပေ တစ်ထောင်ခန့် ရှည်လျားသော ဓားရာ ရှိနေတာကို သတိပြုမိလိုက်သည်။ ယင်းက အသက်အားလုံးကို ဝါးမျိုနိုင်သော ပါးစပ်ကြီးတစ်ခုသဖွယ် နက်မှောင်လာသည်။
ထိုအရာက သူ့ကို မျက်ခုံးအနည်းငယ် ပင့်သွားစေ၏။ သို့သော် သူက မြန်မြန်ဆန်ဆန်ပဲ လျစ်လျူရှုလိုက်သည်။ ယင်းသည် ပေ တစ်ထောင်ခန့်ရှည်သော ဓားရာတစ်ရာမျှသာ ဖြစ်သည်။ ချီရှန်းတစ်ဦးက ခွန်အားအပြည့်ဖြင့် တိုက်ခိုက်လျှင် ထိုအရာကို ပြုလုပ်နိုင်ပြီး သူ၏ ပင်မခန္ဓာသည် အတွေးတစ်ချက်ဖြင့် ၄င်းကို ဖန်တီးနိုင်သည်။ ဘာမှကြောက်နေစရာ မရှိပေ။ ထိုအတွေးဖြင့် ဘုရင်အေးအ်က အမှတ်အသားကို ဖြတ်နင်းသွားသည်။
သို့သော် သူ ဖြတ်သွားစဥ်၌ ဘုရင်အေးအ်က ထိတ်လန့်ဖွယ်ကောင်းသော အန္တရာယ်ကို ရုတ်တရက် အာရုံခံမိလိုက်သည်။ သူ့ တစ်ကိုယ်လုံးရှိ အမွေးများ ထောင်ကုန်တော့၏။
ဓားမော့ရာ၏ ဘေးတစ်ဖက်တစ်ချက်ဆီက မတူညီသည့် ကမ္ဘာနှယ်ဖြစ်နေ၏။
” မဟုတ် ”
မကောင်းတော့ ဟူသော စကားကို မပြောရသေးခင် သူ၏ အသိစိတ်က အမှောင်ထုထဲ ကျရောက်သွားလေ၏။
ချက်ချင်းပင် တလက်လက် တောက်ပနေသော အလင်းတန်းက သူ့ကို ခွဲသွားတော့၏။ အစွမ်းထက်သော အင်အားသည် သူ၏ ကြံ့ခိုင်သော ရုပ်ခန္ဓာကို အပြည့်အဝ ဖျက်ဆီးသွားပြီး ဆဲလ်တစ်မှုန်တောင် မချန်ခဲ့ပေ။
ထိုမြင်ကွင်းကို ယန်ကျန့်ယီ မြင်သည့်အချိန်၌ မျက်လုံးအပြူးသားဖြစ်လျက် မယုံနိုင်မှုများ
ပြည့်လေတော့သည်။ ယခုအချိန်တွင် အစောတုန်းက ယဲ့ရှောင် ပြောခဲ့သည့် စကားကို သူ နောက်ဆုံးတော့ သဘောပေါက်သွားပြီ ဖြစ်သည်။
စည်းကျော်တဲ့သူတွေက သက်ညှာမှုမရှိ အသတ်ခံရမယ်။ သူ နောက်နေတာ မဟုတ်ဘူး။ သူ့မှာ ဒီလို ခွန်းအား တကယ်ကြီးရှိနေတာပဲ။ ယဲ့ရှောင်ကို ချီရှန်းတစ်ယောက်ပဲလို့ ထင်နေခဲ့တာ ။ ဒါမေဲ့ ယဲ့ရှောင်က မဟာချီရှန်းတစ်ယောက်တဲ့လား။ မဟုတ်ဘူး။ ဘုရင်အေးအ်ရဲ့ ကိုယ်ခွဲလိုမျိုး အစွမ်းထက်တဲ့ သူကို တစ်ကွက်တည်းနဲ့ သတ်နိုင်ဖို့ဆိုတာ မဟာချီရှန်းတစ်ယောက် လုပ်နိုင်တဲ့အရာ မဟုတ်ဘူး။ ဒီကောင်လေးက အံ့ဖွယ်ချီရှန်းလား။
သူ အသက်ဘယ်လောက် ရှိပြီလဲ။ သူက အသက်၂၀ပဲ ရှိသေးတာလေ။ သူ့ အိုင်ဒီအကြောင်း အချက်အလက်တွေ အကုန်လုံးက အတုဆိုပေမဲ့ ယဲ့ရှောင်ရဲ့ ရုပ်ခန္ဓာ အချက်အလက်ကတော့ အစစ်ပဲ။ သူ အလုပ်သွင်းတဲ့ အချိန်တုန်းက သူ့ အသက်ကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရတာ။ သူ အသက် ၂၀ပဲ ရှိသေးတာလေ။ အသက် ၂၀ အရွယ် အံ့ဖွယ်ချီရှန်းတစ်ယောက်တဲ့လား။ သူက လောကကို ဖီဆန်နိုင်တဲ့ သူများလား။ ကောင်းကင်ကို ဖီဆန်နိုင်တဲ့ သူများလား။
ထိတ်လန့်နေပြီးနောက် ယန်ကျန့်ယီက သူ့ ရင်ထဲ၌ နောင်တတစ်စွန်းတစ်စ ရလာတော့သည်။
သူ့ ဘဝ၏ နောက်ဆုံးအခိုက်အတန့်၌သာ ထိုအကြောင်းကို ရှာတွေ့ခဲ့သည်။ ယင်းက အမှန်တကယ် နောင်တရစရာ ကောင်းလာသည်။ သူ့သာ စောစောသိခဲ့လျှင် ထိုကဲ့သို့ တုံးအသော ကိစ္စများကို လုပ်ခဲ့မှာ မဟုတ်ပေ။
ဒီကောင်လေးက တကယ် ကောင်းကောင်းမွန်မွန် ဖုံးကွယ်ထားနိုင်တာပဲ။ နက်နဲလိုက်လေခြင်း။
ယန်ကျန့်ယီက ခါးသက်သော အပြုံးဖြင့် သူသည် ဓားသွားအလင်း၏ လှိုင်းဖြင့် ရိုက်သွင်းခံရပြီး ပျက်စီးသွားတော့သည်။ သို့သော် ထိုက်တန်ပေသည်။ သူ့ ဘဝ၏ နောက်ဆုံးသော အခိုက်အတန့်၌ ဘုရင်အေးအ်၏ ကိုယ်ခွဲ ချက်ချင်း အသတ်ခံရတာကို မြင်လိုက်ရသည်က သူ၏ ဆန္ဒ ပြည့်၀သွားပြီဟု သတ်မှတ်၍ ရသည်။ ထို့အပြင် ယဲ့ရှောင်ကဲ့သို့ အစွမ်းထက်သည့် သူတစ်ဦးက ဘုရင်အေးအ်၏ ပင်မခန္ဓာသည် ချိတ်ပိတ်ဖို့ကို ဖြတ်ကျော်ခဲ့လျှင်တောင် အနည်းမျှသာ စိုးရိမ်ပူပန်စရာ လိုတော့မှာ မဟုတ်ပေ။
” မင်း မှန်တယ်။ ငါက အတိတ်မှာ ပိတ်မိနေပြီး ရှေ့ကို မကြည့်မိခဲ့ဘူး ”
သူ၏ မှင်တက်နေသောအကြည့်တွင် ယန်ကျန့်ယီက အလင်းထဲ၌ သူ၏ ဆရာ တပည့်ညီနောင်များ ရပ်ပြီး သူ့ကို ပြုံးပြကြိုဆိုနေတာကို မြင်နေရသည်။
အရာအားလုံးက မျက်တောင်တစ်ခတ်အတွင်း ဖြစ်သွား၏။ ဓားမော့ရောင်ခြည်သည် ဘုရင်အေးအ်၏ ကိုယ်ခွဲနှင့် ယန်ကျန့်ယီကို ချက်ချင်း ဖျက်ဆီးလိုက်ပြီး လူနှင့် သားရဲတို့ကို ပြာဖြစ်သောစေသောကြောင့်ဖြစ်သည်။ ပြီးနောက် ဓားမော့ရောင်ခြည်၏ အဟုန်က မရပ်တန့်သွားပဲ ကောင်းကင်ထဲရှိ မိုးတိမ်တိုက်တို့ကို ခွဲထွက်သွားပြီး မူလက မိုးရွာသွန်းနေသော ရာသီဥတုက ချက်ချင်းပင် ကြည်လင်သော ကောင်းကင်အဖြစ် ပြောင်းလဲသွားတော့သည်။
ကျန်းဟိုင်မြို့ထဲရှိ သတိပေးချက်ကလည်း နောက်ဆုံး၌ မရှိတော့ပေ။ မြို့သားအချို့က လေကောင်းလေသန့်ရှူရန်အတွက် အဆောက်အဦးအပြင်ဘက်သို့ ထွက်လာပြီ ဖြစ်သည်။ မြို့ထဲတွင် ယဲ့ရှောင်က လက်နောက်ပစ်ထားလျက် တည်ငြိမ်စွာ လျှောက်နေလေ၏။ ဤလောကထဲတွင် ကူကယ်ရာမဲ့သော သတ္တဝါများစွာ ရှိသည်။ သို့သော် ဂရုတစိုက် စဥ်းစားကြည့်ပြီးနောက် ယင်းသည် ပါဝင်သည့်သူများကြောင့်သာ ဖြစ်သည်။
ယန်ကျန့်ယီက အံ့ဖွယ်ချီရှန်းတစ်ဦး ဖြစ်နေခဲ့လျှင် သူ့နောက်ရှိ ဂိုဏ်း၏ ဆိုးယုတ်မှုများကို အလွယ်တကူ ထိုးနိုင်တဲ့သူ ရှိတော့မည်လော။
သူသည် ဘုရင်အေးအ်ကို အလွယ်တကူ ဖြေရှင်းကောင်းဖြေရှင်းနိုင်သည်။ ထိုသို့ဆိုလျှင် အပြစ်ကင်းသည့် သူများစွာကို အဘယ်ကြောင့် ထိခိုက်အောင်လုပ်ရန် လိုအပ်သနည်း။ ယခုအချိန်တွင် အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ် အကူအညီဖြင့် သူသည် တစ်ဆင့်ပိုမြင့်သည့် ရန်သူများကို သတ်ဖြတ်နိုင်စွမ်းရှိသော ဆန်းကြယ်ပြီး အစွမ်းထက်သည့် ကျင့်စဥ်တစ်မျိုးကို ပေါင်းစည်းနိုင်ခဲ့သည်။ သို့သော် သူမည်မျှ မြန်မြန်သွားနိုင်မည်နည်း။ သူသည် အံ့ဖွယ်ချီရှန်းတစ်ဦးကို ဖြေရှင်းနိုင်မည်လော။ ထိုအထက်သို့ တက်နိုင်မည်လော။ သူက စာကြည့်တိုက်ထဲတွင် သိုသိုသိပ်သိပ်နေလျှင်တောင် မည်သည့် ပြဿနာမှ မရှိဘဲ ငြိမ်းငြိမ်းချမ်းချမ်း နေလျှင်တောင် တစ်စုံတစ်ယောက်က သူ၏ မိသားစုနဲ့ မိတ်ဆွေကို ထိခိုက်အောင် လုပ်ချင်ရင် မည်ကဲ့သို့ ဖြစ်မည်နည်း။
သူသည် ထိုင်ကြည့်နေနိုင်မှာ မဟုတ်သည်လော။
ကြယ်တာရာသားရဲများက လူသားနယ်မြေကို ကျူးကျော်ခဲ့သည်။ လူသားမျိုးနွယ်စု သတ်ဖြတ်ခံရပြီး ကြယ်တာရာသားရဲများ ဝါးမျိုခြင်း ခံရသည်ကို ကြည့်နေနိုင်မှာ မဟုတ်ပေ။ လူသားများက ပိုမိုသန်မာလာရဦးမည်။ သန်မာသည့်သူ ဖြစ်ခြင်းက အရာအားလုံးကို အကြောက်တရား ကင်းမဲ့စေ၏။ နေ့စဥ်နေ့တိုင်း စာအုပ်များ တစ်နာရီကျော် ဖတ်ရှုရန် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
အပိုင်း ၄၉ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset