Switch Mode

Chapter – 48

ငါက နတ်ဘုရားတစ်ပါး။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၄၈။ ငါက နတ်ဘုရားတစ်ပါး။

” ငါ့ကို သတ်ဖို့လား။ မင်းမှာ ဘာအရည်ချင်းရှိလို့လဲ။ လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက ငါ့ရဲ့ လက်သီးချက်က မင်းရဲ့ ​ချီသွေးကြောတွေကို ပျက်စီးစေခဲ့တာမလား။ မင်းရဲ့ သွေးကြောတွေကို ပြန်ကောင်းအောင်လို့ ဘာနည်းတွေ သုံးလိုက်လဲဆိုတာ ငါ မသိပေမဲ့ မင်းက ငါ့ကိုတိုက်ခိုက်ဖို့အတွက် နိမ့်ကျနေတုန်းပဲ ”
” မင်း ကြိုးစားကြည့်လို့ရတယ် ”
နှစ်ယောက်သားက ရန်ဆောင်နေပြီး တစ်ယောက်နှင့်တစ်ယောက် လျှပ်စီးများမှ မီးခိုးတန်းများက လေထဲ လျင်မြန်စွာ ပျံ့လာတော့သည်။
လျှပ်စီးဆင်းသက်လာသည်က ပိုမိုမြန်ဆန်လာတော့သည်။ အနက်ရောင် တိမ်တိုက်သို့ စုဝေးလာသည်နှင့် ရာသီဥတုကို ပြောင်းလဲသွားစေတော့၏။ အစောပိုင်းက ရပ်တန့်သွားသော မိုးပြေးလေးသည် ပိုတောင် သည်းလာတော့သည်။
ဖုန်း။
လျှပ်စီးက နှစ်ယောက်ကို ထိမှန်သွားသည့်အချိန်တွင် ပြိုင်ပွဲကို ဒိုင်လူကြီးက ဝီစကီမှုတ်ကာ စတင်လိုက်သည့်ပမာ ဖြစ်နေလေ၏။
ယန်ကျန့်ယီက စိတ်ထဲ တွေးလိုက်ရာ သူ့နောက်ကျောရှိ ဓားက အလိုအလျောက် ပေါ်ထွက်လာတော့သည်။ အေးစက်စက်အလင်းက အရပ်မျက်နှာအနှံ့ပေါ်ထွက်လာပြီးနောက် လေထဲ၌ ပဲ့တင်သံ ထွက်လာတော့သည်။
ဘီး။
ယင်းက စူးရှပြီး နားကို ထိစေ၏။ ၃ပေခန့်ရှည်သော ဓားက လျှပ်စီးလုံးအဖြစ် အသွင်ပြောင်းလဲသွားပြီးနောက် ဘုရင်အေးအ်၏ မျက်နှာဆီသို့ တန်းမတ်စွာ ဝင်ရောက်သွားတော့သည်။
ဘုရင်အေးအ်က မျက်ဝန်းများ အနည်းငယ် ကျုံ့သွားလေ၏။ သူ၏ စကားများက အလေးမထားဟန် ရသော်ငြား တိုက်ခိုက်သည့်အချိန်တွင် ရန်သူကို အနည်းငယ်မျှ အထင်သေးခြင်း မရှိပေ။
လက်နှစ်ဖက်ကို ဖြန့်ကားလျက် ကောင်းကင်ထဲရှိ မိုးကြိုးတိမ်တိုက်မှ လျှပ်စီးပွင့် နှစ်ပွင့်က ဆင်းသက်လာပြီး သူ့လက်ဖဝါးထဲ၌ လျှပ်စီးလုံးနှစ်ခုအဖြစ် ဖွဲ့တည်လိုက်တော့သည်။
လျှပ်စီးလုံးနှင် ၃ပေခန့်ရှည်သော လျှပ်စီးဓားတို့ တိုက်မိသွားသည်နှင့် ကောင်းကင်တစ်ခုလုံးကို သိမ်းကျုံးဖြတ်တိုက်သွားသော ကျယ်ဝန်းသည့် လျှပ်စီးလှိုင်းတစ်ခုကို ချက်ချင်း ထုတ်ဖော်လိုက်တော့သည်။
ပြင်းထန်သော မိုးသက်မုန်တိုင်းက ချက်ချင်းပင် ပိုင်းဖြတ်ခံလိုက်ရပြီး အောက်ရှိ မြို့ဆီသို့ ရွာသွန်းကျလာတော့သည်။
လျှပ်စီးဓားက လည်ပတ်ပြီး နောက်သို့ ပြန်ရောက်သွားကာ ယန်ကျန့်ယီ၏ လက်ထဲ၌ ရပ်တန့်သွားတော့သည်။ သူက ခြေထောက်ကို ဆောင့်နင်းလိုက်ပြီး မမြင်ရသော စွမ်းအင်စက်ဝိုင်းက ပြန့်ကားလာပြီး သူ၏ ခန္ဓာကိုယ်သည် ရပ်နေသည့် နေရာမှ ချက်ချင်း ​ပျောက်ကွယ်သွားတော့သည်။
” မင်းရဲ့ ကိုယ်ဖော့သိုင်းကို ငါ မမြင်ဖူးဘူးများ ထင်နေလား ”
ဘုရင်အေးအ်က နှာခေါင်းရှုံ့လိုက်လေ၏။ လေထဲ၌ သူ၏ လက်နှစ်ဖက်ကို လျင်မြန်စွာ ဖိကပ်လျက် ကောင်းကင်ထဲရှိ လျှပ််စီးတို့ကို ပိုမြန်ဆန်စွာ စုဝေးနေလေသည်။ သူ့ကို အတွင်း၌ မြဲမြံစွာ ချုပ်နှောင်ထားနိုင်သော လျှပ်စီးလှောင်အိမ်ကို ဖန်တီးကာ သူ့နားတစ်ဝိုက် တိုက်ကွက်များကို ခုခံနေတော့သည်။
ခဏအကြာတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုက ဘုရင်အေးအ်၏ နောက်ကျောမှ ပေါ်ထွက်လာတော့သည်။ လျှပ်စီးလှောင်အိမ်က ဖျက်ဆီးခံလိုက်ရပြီးနောက် ဘုရင်အေးအ်သည်လည်း တစ်ဖက်သို့ လှည့်ကာ ထိုးချလိုက်တော့သည်။ လျှပ်စီးလှောင်အိမ်က သူ၏ လက်သီးထဲ ဆုပ်ယူခံလိုက်ရလေ၏။
သူ ထိုးလိုက်သည်နှင့် ချက်ချင်း လျှပ်စီးဓားက ဘုရင်အေးအ်၏ လက်သီးဆီ ထိုးစိုက်သွားသည်။ လျှပ်စီးနှင့် ဓားဆန္ဒ၏ စွမ်းအားက ထပ်မံ တိုက်မိကြပြန်၏။ ယင်းက ယခင်ကထက်တောင်ပိုအစွမ်းထက်သည်။
လှိုင်းက သူတို့နှစ်ယောက်ကို လွင့်ထွက်သွားစေ၏။ ဘုရင်အေးအ်၏ ခန္ဓာကိုယ်က သွင်းရာအနည်းငယ်ဖြင့် ထိုးဖောက်ခံလိုက်ရပြီး ယန်ကျန့်ယီ၏ အင်္ကျီကလည်း ဖျက်ဆီးခံလိုက်ရကာ ကိုယ်အထက်ပိုင်းက လျှပ်စီးကြောင့် တူးခြစ်သွားတော့သည်။
သို့သော် အံ့သြဖွယ်ကောင်းသည်က သူ၏ ခန္ဓာကိုယ်ကလည်း ဘုရင်အေးအ်၏ ခန္ဓာကိုယ်နည်းတူ တူညီသော အရှိန်ဖြင့် ပြန်ကောင်းလာနေတာပဲ ဖြစ်သည်။
သူ့ ခန္ဓာပေါ်ရှိ ဒဏ်ရာများ ပြန်လည်ကုစားနေသည့်အချိန်တွင် သူ၏ နံရံတစ်စက ဖြူစွတ်နေပြီး ဆံပင်များ ဖြူဖွေးနေကာ ဘုရင်အေးအ်၏ ခန္ဓာကိုယ်ပေါ်ရှိ အရေပြားနှင့် တစ်ထပ်တည်း တူနေတော့သည်။
ဘုရင်အေးအ်က မှင်တက်သွားပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်တော့၏။
” ဟား ဟား ဟား ဟား။ ဒီဘုရင် အစတုန်းက စိတ်ရှုပ်ပြီး ဇဝေဇဝါဖြစ်နေတာ အဲ့ဒီတုန်းက မင်း ဒီဘုရင်ရဲ့ မိုးကြိုးလက်သီးနဲ့ အထိုးခံလိုက်ရတော့ ဒီလောက် အသက်ရှင်မှာ မဟုတ်လောက်ဘူး။ ဒါတောင် မင်းက နှစ်တစ်ရာကျော် နေနိုင်သေးတယ်။ အခုတော့ အဓိပ္ပာယ်ရှိသွားပြီ။ မင်းက ဒီဘုရင်ရဲ့ ဆဲလ်တွေကို တကယ်ကူးပြောင်းခဲ့တာကိုး။ မင်းရဲ့ ခန္ဓာကိုယ်ပေါ်က အရှိန်အဝါက မဟုတ်မမှန်ဘူးဆိုတာ ငါ ခံစားမိတာ အံ့သြစရာ မရှိဘူးပဲ။ မင်းမှာ ကြယ်တာရာသားရဲတစ်ကောင်ရဲ့ အရှိန်အဝါရှိနေတာပဲ ”
ယန်ကျန့်ယီ၏ အမူအရာက ထူးမခြားနား ဖြစ်နေကာ ပြောလိုက်လေ၏။
” မင်းကို ငါ သတ်နိုင်သရွေ့ ဘာပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး ”
” ရယ်စရာ ကောင်းလိုက်တာကွာ။ မင်းရဲ့ အသက်ကို ဆွဲဆန့်ဖို့ ဒီဘုရင်ဆဲလ်ကို သုံးနေတာ။ ဒီဘုရင်ရဲ့ ရှေ့မှာ မင်း ဘယ်လိုလုပ် မောက်မာထောင်လွှားရဲသေးတာတုန်း ”
ယန်ကျန့်ယီက ဓားကိုင်လျက် ရှေ့တိုးလာတော့သည်။
” မင်းရဲ့ အထွတ်အထိပ် ကာလမှာဆိုရင်တော့ မင်းကို အနိုင်မယူနိုင်လောက်ဘူး။ ဒါပေမဲ့ ခုတော့ မင်း မူလကိုယ်ရဲ့ တစ်ပုံပဲရှိနေပြီး ရှန်းထျန်းစတုတ္ထအဆင့်မှာ ရှိပြီး ချီရှန်းတစ်ယောက်ရဲ့ ခွန်အားမျိုးပဲ ရှိနေတာ။ ခင်ဗျားကို သတ်တာက ပြဿနာတစ်ရပ်မဟုတ်ဘူး ”
ဘုရင်အေးအ်က နှာခေါင်းရှုပ်လိုက်ပြီးနောက် ရှေ့သို့ တစ်ဟုန်ထိုး ပြေးလာပြန်၏။ သူတို့ နှစ်ယောက်သားက လေထဲ၌ တိုက်ကွက်တစ်ရာကျော် ဖလှယ်လိုက်တော့သည်။
ပြင်းထန်သော စွမ်းအင်တုန်နှုန်းက မြစ်ဆိပ်နှစ်ဖက်လုံးဆီ ကျရောက်လာပြီး တွင်းနက်ကြီးများကို တစ်ခုပြီးတစ်ခု ဖန်တီးလိုက်တော့၏။
ကျန်းဟိုင်မြို့တွင်းရှိ ချီရှန်းလုံနှင့် ကျန်သည့် ချီရှန်းနှစ်ဦးကလည်း ထိုဧရိယာမှ ပေါ်ထွက်လာသော အရှိန်အဝါကို ခံစားမိသည်။ သူတို့က မိုင်တစ်ရာအကွာတွင် ရှိနေသည့်တိုင် စိတ်နှလုံးနဲ့ တုန်လှုပ်ခြောက်ခြားလာတော့၏။
” ကြောက်ဖို့ကောင်းလိုက်တာ။ ဒါက အဓိက ဂိုဏ်းတွေကြားက တိုက်ပွဲတစ်ပွဲလား ”
လေနှင့် တိမ်တိုက်တို့က သူတို့နှစ်ယောက် အပေါ်၌ ရှုပ်ထွေးနေလေသည်။
အိမ်တွင် ပုန်းနေသော လူငယ်များထဲမှ အချို့က ကောင်းကင်ထဲရှိ ထူးဆန်းသော မြင်ကွင်းကို ဗီဒီယိုတိုများ ရိုက်ပြီး အင်တာနက်ပေါ်တွင် တင်ကြသည်။ အင်တာနက်ပေါ်တွင် ဆွေးနွေးမှုကြီးက ချက်ချင်း ပေါ်ထွက်လာတော့၏။
” ဘုရားရေ။ အဲ့ဒီတစ်ယောက်သူက ဘယ်ကနေ ရောက်လာတာလဲ။ သူက ရာသီဥတုဖြစ်စဥ်ကိုတောင် ပြောင်းလဲနိုင်တယ်လား ”
” မုန်တိုင်းတိုက်နေပြီ။ သူက ချီရှန်းတစ်ယောက် ဖြစ်ရမယ်။ ဟုတ်တယ်မလား။ ချီရှန်းအပြင် ဘယ်သူကများ ဒီလို အတက်အကျကို ထုတ်လုပ်နိုင်မှာလဲ ”
” ကျန့်ဟိုင်မြို့က ဒီလောက် အံ့သြဖို့ ကောင်းတယ်လား။ ချီရှန်းအဆင့်တွေ အများကြီးရှိတယ် ”
တိုက်ပွဲကွင်းပြင်၌ တိုက်ကွက်တစ်ရာကျော် ကြာပြီးနောက် ယန်ကျန့်ယီသည် အခွင့်အရေးကို ဖမ်းဆုပ်မိသွားသည်။ သူ၏ ဓားက အဆိပ်ရှိသည့် နဂါးတစ်ကောင်ပမာ ဘုရင်အေးအ်၏ ရင်ဘတ်ကို အင်မတန် လှည့်စားနိုင်သော ထောင့်ကနေ ချက်ချင်း ထိုးဖောက်သွား၏။ ဝိညာဥ်စွမ်းအင်တို့ကို အတွင်းသို့ ထည့်လျက် ဘုရင်အေးအ်၏ အတွင်းအင်္ဂါများကို ချက်ချင်းပင် အပိုင်းပိုင်း စုတ်သွားစေတော့သည်။
ဖွီး။
ဘုရင်အေးအ်က လတ်လတ်ဆတ်ဆတ်သွေးများ တစ်ပွက် အန်လိုက်ပြီး ယန်ကျန့်ယီ၏ မျက်နှာကို စင်သွားသည်မှာ သူ့ကို ရက်စက်သော သရဲ တစ္ဆေတစ်ကောင်ပမာ ကြောက်လန့်ဖွယ် ကောင်းသွားစေတော့သည်။
” မင်း။ မင်းရဲ့ ဓားသိုင်း။ ဒီလို အစွမ်းထက်တဲ့ အဆင့်ထိရောက်အောင် တကယ် လုပ်နိုင်ခဲ့တယ်ပေါ့ ”
ယန်ကျန့်ယီ၏ အမူအရာက အေးစက်နေလေသည်။
” ကျုပ်က နှစ်တစ်ရာလုံးလုံး အလေလိုက်နေတယ်လို့ ခင်ဗျားထင်နေလား။ ကျုပ် ဆရာရဲ့ ဓားသိုင်းကို ပြီးပြည့်စုံတဲ့ အခြေနေထိရောက်အောင် လေ့ကျင့်ပြီးပြီ။ ဒီနေ့ မင်းကို သတ်ဖို့ပဲ ”
ဘုရင်အေးအ်က လက်တစ်ဖက်ဖြင့် ဓားကို ကိုင်ထားလိုက်၏။ သူ၏ မျက်နှာတွင် စိတ်ပျက်အားငယ်မှုများ ပြည့်နေတော့သည်။
“သေစမ်း။ မင်းလို ပုရွက်ဆိတ်လေးရဲ့ လက်ထဲမှာ တကယ် ကျသွားတယ်ပေါ့။ ငါ မကျေနပ်ဘူး ”
” စိတ်မပူနဲ့။ ခင်ဗျားရဲ့ တခြားကိုယ်ခွဲတွေလည်း မကြာခင် လိုက်လာလိမ့်မယ် ”
ထိုသို့ပြောပြီးနောက် ယန်ကျန့်ယီက ဓားကို ဆွဲထုတ်ရန်ပြင်ကာ ဘုရင်အေးအ်၏ ခန္ဓာကိုယ်ကို အပြည့်အဝဖျက်ဆီးကာ အသက်ဓာတ်အားလုံးကို ဖယ်ရှားရန် လှုပ်ရှားလိုက်တော့၏။ သို့သော် ထိုစဥ် သူက ယခုအချိန်၌ ဓားကို မဆွဲထုတ်နိုင်မှန်း ရုတ်တရက် သဘောပေါက်သွားသည်။
သူ၏ ရင်ထဲ၌ မကောင်းသော ခံစားချက်က ရုတ်တရက် ပေါ်လာလေ၏။
ခေါင်းမော့လိုက်သည့် အချိန်တွင် ဘုရင်အေးအ်၏ လှောင်ပြောင်နေသော အမူအရာက သူ့ရှေ့တွင် ပေါ်လာတော့သည်။
“မင်းကို စောင့်နေတုန်းပဲ။ မင်းရဲ့ ခွန်အားလေးနဲ့များ ဒီဘုရင်ကို သတ်နိုင်လိမ့်မယ်လို့ တကယ်ထင်နေတာလား ”
” ငါ ဘုရင်က အားနည်းနေတယ်ဆိုရင်တောင် မင်း ပိုသန်မာတယ်လို့ မဆိုလိုဘူးလေ ”
” မင်း လူလိမ် ”
သူပြောမ​​ပြီးသေးခင် ဘုရင်အေးအ်က ရုတ်တရက် တိုက်ခိုက်တော့၏။ သူ့လက်ဖဝါးထဲရှိ လျှပ်စီးက ယန်ကျန့်ယီ၏ ရင်ဘတ်ကို ထိမှန်သွားတော့သည်။
ဘန်း။
ပေါက်ကွဲသံကြီး တစ်ခုက ယန်ကျန့်ယီ၏ ရင်ဘတ်ကို ချက်ချင်း လောင်သွားစေတော့သည်။ ကြီးမားသည့် ဖိအားက ယန်ကျန့်ယီကို အမြောက်စံတစ်ခုပမာ လွင့်ထွက်သွားစေပြီး မြေကြီးပေါ် ပြုတ်ကျစေကာ မြစ်ရေထဲ၌ ကြီးမားသည့် တွင်းပေါက်ကြီးတစ်ခု ဖန်တီးလိုက်တော့သည်။
သူ့ကို မြစ်ရေများ ဝါးမျိုတာကို မစောင့်ပဲ ဘုရင်အေးအ်က လျှပ်စီးကြာပွတ်ကို ထုတ်ဖော်လျက် သူ့ကို လေထဲသို့ ထပ်မံဆွဲထုတ်လိုက်သည်။
” အဟွန့် အဟွန့် ”
ယန်ကျန့်ယီက သွေးအန်ပြီးနောက် ချောင်းဆိုးတော့သည်။
” ဒါ။ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းက ကိုယ်ခွဲတစ်ယောက်ပဲကိုး။ ဒါ ဘယ်လုပ်ဖြစ်နိုင်မှာလဲ ”
ဘုရင်အေးအ်က သူ့ကို အထင်တသေး ကြည့်လိုက်၏။
” လွန်ခဲ့တဲ့ အနှစ်တစ်ရာလုံးလုံး ကျင်ကြံခဲ့တာ မင်းတစ်ယောက်ပဲလို့ ထင်နေတာလား။ ငါက ကိုယ်ခွဲဆိုရင်တောင် ကြိုးကြိုးစားစား ကျင့်ကြံပြီး တစ်နေ့ ပြန်လည်မွေးဖွားလာပြီး တခြားကိုယ်ခွဲတွေနဲ့ ပေါင်းစည်းရမဲ့ နေ့ကို စောင့်နေတာ။ ဒါကြောင့် လက်ရှိကိုယ်ခွဲကတောင် လွန်ခဲ့တဲ့နှစ်တစ်ရာတုန်းက ချိတ်ပိတ်ခံထားရတဲ့ ကိုယ်ခွဲထက် ပိုသန်မာတယ် ”
” အရူးနဲ့ မောက်မာထောင်လွှားတဲ့ လူသားတွေက မရောက်ရှိသေးတဲ့ နယ်မြေအကြောင်းကို ထင်ကြေးပေးနေတဲ့ ပုရွက်ဆိတ်တစ်ကောင့်ရဲ့ အကြည့်လို ဖြစ်နေတာပဲ။ ဒါပေမဲ့ မင်း တစ်သက်လုံး ဘယ်တော့မှ မော့ကြည့်နေဖို့ လိုအပ်တဲ့ နတ်ဘုရားတစ်ပါးကို မင်း ရန်စမိခဲ့တယ် ဆိုတာကို မသိဘူး။ မင်း ငါ့ကို မလွတ်ခဲ့ရင် လူသားတွေက အနည်းဆုံး ဆယ်နှစ်လောက် ငြိမ်းငြိမ်းချမ်းချမ်း နေရဦးမှာ။ ဒါပေမဲ့ ဆိုးတာက မင်းရဲ့ လုပ်ရပ်တွေက ငါ့ကို ပြန်မွေးဖွားစေခဲ့တယ်။ အခုဆို တခြားကိုယ်ခွဲတွေကိုလည်း ထုတ်နိုင်ပြီ။ ငါ့ရဲ့ အဓိက ခန္ဓာနဲ့ ပေါင်းစည်းနိုင်တဲ့အချိန် လူသားတွေအတွက် ကပ်ဘေးကို ဆောင်ယူလာတော့မှာပဲ”
အပိုင်း ၄၈ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset