Switch Mode

Chapter – 47

ဒီမျဥ်းကို ကျော်လာတဲ့သူ ဘယ်သူမဆို သက်ညှာမှုမရှိ အသတ်ခံရမယ်။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၄၇။ ဒီမျဥ်းကို ကျော်လာတဲ့သူ ဘယ်သူမဆို သက်ညှာမှုမရှိ အသတ်ခံရမယ်။

” ခင်ဗျားက တကယ်စိတ်လှည့်စားခံနေရပြီပဲ။ တခြားသူတွေက အနာဂတ်ကို ကြည့်နေတဲ့အချိန် ခင်ဗျားက အတိတ်မှာ ပိတ်မိနေတယ် ”
” အနာဂတ်ကို ကြည့်ဖို့လား ”
ယန်ကျန့်ယီက ရေရွတ်ပြောလိုက်သည်။ သူက ရေမျက်နှာပြင်ပေါ်၌ ဖွဲ့တည်နေပြီဖြစ်သော ရေဝဲတစ်ခုကို မြင်တွေ့သည့်အချိန်၌ ခေါင်းခါလိုက်တော့သည်။
” ပြန်လမ်းမရှိဘူး။ ငါ ဘုရင်အေးအ်ကို မသတ်ရင် သေဆုံးသွားတဲ့ သူတွေအတွက် လက်စားမချေရင် အနှေးနဲ့အမြန် ငါ ရူးသွားမှာပဲ ”
” မင်း သွားသင့်တယ်။ ဒါက တိုက်ခိုက်ဖို့ မင်းရဲ့ တိုက်ပွဲ မဟုတ်ဘူး။ မင်း ဒီမှာ နေမယ်ဆိုရင် သေရလိမ့်မယ် ”
ယဲ့ရှောင်က စကားထပ်မပြောတော့ပေ။
ကျန်သည့်သူများ ခံစားနေရတာကို နားမလည်ဘဲ တစ်ပါးသူကို ကြင်နာရန် အကြံဉာဏ် မပေးသင့်ပေ။ ယင်းက သူအစောတည်းက သင်ယူခဲ့ဖူးသည့် စည်းမျဥ်းတစ်ခု ဖြစ်သည်။ သူ ယခင်ဘဝကဲ့သို့ပင် သူ့ကို အမြဲတမ်း မေးနေကျ လူများစွာ ရှိသည်။
” မင်းရဲ့ ဘဝက အပြီးသတ်ခါနီးပြီပဲ။ မင်း လက်ကျန်ဘဝမှာ နေ့ရက်တိုင်းကို ဘာကြောင့်များ ရဲရဲဝံ့ဝံ့ ပျော်ပျော်ရွှင်ရွှင် မနေရတာလဲ ”
သူတို့သာ မူးဝေသည့် ဝေဒနာကို သည်းခံနေရလျှင် ဓာတုကုထုံးကြောင့် မူးဝေခြင်း ၊ အော့အန်ခြင်း၊ ဆံပင်ဆုံးရှုံးခြင်းတို့ကို နေ့စဥ်နေ့တိုင်း သည်းခံရမည်ဆိုလျှင် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကို သည်းခံရမည်။ သွေးကြောများ နာကျင်မှုက သယ်ဆောင်ယူလာသည့် ချဥ်းကပ်လာသော သေခြင်းတရားကို ခံစားရမည်ဆိုလျှင် သေဆုံးသည့်အချိန်အထိ နေ့ရက်များကို ရေတွက်နေရဦးမှာပဲ ဖြစ်သည်။ ထိုအချိန်ရောက်လျှင် လူမည်မျှများများက နေ့စဥ်နေ့တိုင်း တခြားသူများကို သူတို့ အကြံပေးသကဲ့သို့ ရဲရဲဝံ့ဝံ့ ပျော်ပျော်ရွှင်ရွှင် နေနိုင်မည်နည်း။
မည်သို့ပင်ဆိုစေကာမူ သူက ယန်ကျန့်ယီ ပြောတာကို ဘယ်တာ့မှ လက်ခံမှာ မဟုတ်ပေ။
အကြောင်းမှာ သူသည် အပြစ်ကင်းသည့် သူများစွာကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း သူတို့၏ ဝိညာဥ်များကို ယူကာ အချင်းချင်း တန်ပြန်တိုက်ခိုက်အောင် ပြုလုပ်ခဲ့ပြီး သေစေခဲ့သည်။
သူတို့က စွမ်းအားကင်းမဲ့ပြီး ယန်ကျန့်ယီက ပြောခဲ့သည့် သူ မခုခံနိုင်သော သူများကဲ့သို့ပင် စွမ်းအားကင်းမဲ့နေတာပဲ ဖြစ်သည်။ သို့သော် ယန်ကျန့်ယီ၏ ရင်ထဲတွင် စိတ်ဆန္ဒကောင်း ရှိနေ၏။ သူက ဘုရင်အေးအ်ကို သတ်ဖြတ်သည့်အထဲတွင် ပါဝင်ခဲ့ပြီး လူပေါင်းများစွာကို ကယ်တင်ခဲ့သည်။
အကျိုးဆောင်မှုကို မည်သူက ပြန်ပေးဆပ်မည်နည်း။ သူ၏ အနစ်နာခံမှုနှင့် တိုက်ပွဲအတွင်း မကျေမချမ်းဖြစ်မှုကို မည်သူက နားလည်မည်နည်း။ မရေမတွက်နိုင်သည့် လူပေါင်းများစွာကို ကယ်တင်ခဲ့သော မဟာသူရဲကောင်းတစ်ဦးသည် လူသတ်သမားအဖြစ် ပြောင်းလဲသွားသည့်အချိန် ယင်းက မည်သူ့ အမှားနည်း။ လူတိုင်း၏ အမှားပေလော။
ယန်ကျန့်ယီက ဘုရင်အေးအ်ကို လက်စားချေရန် ရှာပိုင်ခွင့် မရှိဟု မည်သူက ပြောရဲမည်နည်း။
ယဲ့ရှောင်က ဥပဒေဘက်တော်သား မဟုတ်ပေ။ သူက ယန်ကျန့်ယီကို တရားစီရင်ရန် အရည်အချင်း မရှိပေ။
” ငါ မထွက်သွားခင် နောက်ဆုံးမေးခွန်းတစ်ခု မေးချင်တယ်။ ကျုပ်ကို အဝေးကို ခေါ်သွားဖို့ ကုဟိုင်ကို ဘာကြောင့် သုံးတာလဲ။ ခင်ဗျားရဲ့ ကျင်ကြံဆင့်နဲ့ဆို ကျုပ်လို လူတစ်ယောက်ကို ဂရုမစိုက်သင့်ဘူးမလား”
“ငါ့ကို စိတ်အစွဲလန်းကြီးတယ်လို့ ခေါ်လိုက်။ သူတော်ကောင်း ယောင်ဆောင်တယ်လို့လည်း ပြောလိုက် ”
” မင်းကို ကြည့်လိုက်တဲ့ အချိန်တိုင်း အတိတ်တုန်းက ငါ့ကိုငါ ပြန်မြင်ရတယ်။ မင်းက ငါ ငယ်ရွယ်စဥ်တုန်းကနဲ့ သိပ်ဆင်တူတာ။ မင်းက အမည်မသိ နေထိုင်ပြီး တစ်ယောက်ထဲ ကျင့်ကြံရတာကို နှစ်သက်တယ်။ ဒါပေမဲ့ မင်းငါ့ထက် သန်မာတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ချီရှန်းအဆင့်ကို ရောက်နေပြီး နောင်ကြ လူသားမျိုးနွယ်စုရဲ့ အကြီးမြတ်ဆုံး သိုင်းပညာရှင်တောင် ဖြစ်လာနိုင်တယ်။ မင်းကို တစ်ဝက်တောင် တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။ ငါမုန်းတဲ့သူတွေက အထက်ကလူတွေပဲ။ ပြီးတော့ ဘုရင်အေးအ်။ ငါ မင်းကို မမုန်းသလို လူသားမျိုးနွယ်စုကို မမုန်းဘူး ”
” ငါ လက်စားချေဖို့အတွက် လူသားမျိုးနွယ်စုရဲ့ ထွန်းတောက်နေတဲ့ ကြယ်ပွင့်တစ်ပွင့်ကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး ”
“ဒီတိုင်း ငါ့ရဲ့လမ်းစဥ်ဟောင်းကို မင်း မလိုက်ဖို့ပဲ မျှော်လင့်တာပဲ။ လူသားတွေက တစ်ကိုယ်ကောင်းဆန်သင့်တယ်။ တခြားတွေအတွက် သူ့တို့ကိုယ်သူတို့ စတေးတာက နောက်ဆုံးမှာ သူတို့ကို ရူးသပ်သွားစေတော့တာပဲ ”
ယဲ့ရှောင်က လေများ ရှူထုတ်လိုက်လေ၏။ အဖြေရပြီးနောက် သူက လှည့်ထွက်သွားသည်။ အသက်ရှိုက်စာ အနည်းငယ်တွင်း မြစ်ဘေးမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
သို့သော် မြစ်ဘေးမှာ ပျောက်ကွယ်သွားသည်နှင့် ပေတစ်ထောင်ခန့် ရှည်လျားသည့် အလင်းတန်းက ဆင်းသက်လာပြီး မြစ်ဘေးသို့ ကျရောက်လာတော့သည်။
ဖုန်း။
ပေါက်ကွဲသံနှင့်အတူ ပေတစ်ထောင်ခန့် ရှည်လျားသော အရာက မြေပြင်ကို အက်ကွဲသွားစေတော့သည်။
ယဲ့ရှောင်၏ အသံက နောက်မှ ချက်ချင်းပေါ်ထွက်လာတော့သည်။
” ကျန်းဟိုင်မြို့က ကျုပ်နေတဲ့ နေရာပဲ။ ကျုပ်ရဲ့ သူငယ်ချင်းကောင်းတွေက ဒီမှာ ရှိနေတယ်။ ကျန်းဟိုင်မြို့ရဲ့ ငြိမ်းချမ်းရေးကို တခြားသူတွေ ဖျက်ဆီးတာ သိပ်မမြင်ချင်တော့ဘူး ”
” ခင်ဗျားပဲ ဖြစ်ဖြစ်၊ ဘုရင်းအေးအ်ပဲ ဖြစ်ဖြစ် ဒီမျဥ်းကို ကျော်လာတဲ့သူ ဘယ်သူမဆို သက်ညှာမှုမရှိ အသတ်ခံရမယ်”
ယန်ကျန့်ယီက အံ့သြမှင်တက်နေပြီး ရယ်ရမည်လား၊ ငိုရမည်လား မသိတော့ပေ။
” ဒီကောင်စုတ်လေးက အတော် စိတ်ကြီးတာပဲ။ ချီရှန်းအဆင့်နေသူတစ်ယောက်က ငါ့ကို ဒါမျိုး ပြောရဲတယ်။ မင်းကိုမင်း အံ့ဖွယ်ဂိုဏ်းထဲ ဝင်နေပြီးများ ထင်နေလား ”
သို့သော် ကျိန်ဆဲပြီးနောက် အမူအရာက တဖြည်းဖြည်း လေးနက်သွားတော့သည်။ မြစ်ရေမျက်နှာပြင်ပေါ်ရှိ ရေဝဲက ပိုမိုကြီးမားလာပြီး အချင်းက ပေတစ်ရာကျော် ပြန့်ကားသွားပြီး ကမ်းစပ် ရောက်ခါနီးပြီ ဖြစ်သည်။
ဘန်း။
ကောင်းကင်ထက်မှ လျှပ်စီးလုံးက ရုတ်တရက် ကျလာပြီး မရေမတွက်နိုင်သည့် မိုးတိမ်တိုက်တို့က လျှန်မြန်စွာ စုဝေးလာလျက် ကောင်းကင်ကို လွှမ်းခြုံသွားတော့၏။ ကြည်လင်နေသော ကောင်းကင်သည် တမဟုတ်ချင်း နက်မှောင်သွားတော့သည်။
သိုင်းကျောင်းတော်ထဲတွင် ​ဖျောင်ကျန့်ရှန်နှင့် တိုက်ကွက်ချင်း ဖလှယ်နေသော ချီရှန်းလုံက သူလုပ်နေတာကို ရပ်တန့်ပြီး ကောင်းကင်ထဲရှိ မူမမှန်သော ဖြစ်စဥ်ကို လေးနက်တည်ကြည်သော အမူအရာဖြင့် မော့ကြည့်လိုက်လေ၏။
” ဘာတွေဖြစ်နေတာလဲ ။ ကောင်းကင်က ဘယ်လိုလုပ် ဒါမျိုး ဖြစ်လာတာလဲ။ ပြီးတော့ ခုနတုန်းက ဓားမော့အသံ။ ဘာတွေဖြစ်နေတာလဲ ”
​ဖျောင်ကျန့်ရှန်ကလည်း တည်ကြည်သည့် အမူအရာဖြင့် ကောင်းကင်ကို ကြည့်လိုက်သည်။
“ဒါ သဘာဝဖြစ်စဥ် မဟုတ်ဘူး။ တစ်ခုခု ဆိုးရွားတာ ဖြစ်လာမှာကို စိုးရိမ်တယ် ”
စာကြည့်တိုက်ထဲမှ အိုးရန်ယွင်ကျုံးက ခေါင်းမိုးပေါ်သို့ လျင်မြန်စွာ ပျံတက်ပြီး မြစ်ဘေးကို ကြည့်လိုက်သည်။ မကြာမီ၌ ကျန်းဟိုင်မြို့စောင့်တပ်ဖွဲ့ခေါင်းဆောင် နန်ကုန်းလင်ကလည်း သူမဘေးသို့ ရောက်လာသည်။
” ဒီအရှိန်အဝါအရ တစ်ဖက်လူရဲ့ ကျင့်စဥ်က ချီရှန်းအဆင့်ကို ရောက်နေပြီဖြစ်မှာကို စိုးရိမ်မိတယ်။ ဘယ်သူများလဲ ”
အိုးရန်ယွင်ကျုံး၏ အမူအရာက တည်ကြည်သွားကာ ထိုမေးခွန်းကို မေးလိုက်လေ၏။ သူမက
” စာကြည့်တိုက် ဓားပြတိုက်ခံရပြီး အင်မတန်အရေးကြီးတဲ့ အချက်လက်တစ်ခု ဆုံးရှုံးသွားမှန်း သိလိုက်ရတယ်။ အဲ့ဒါက ဘုရင်အေးအ်ရဲ့ မြေပုံပဲ”
ထိုစကားများကို ကြားသောအခါ နန်ကုန်းလင်၏ မျက်နှာထားက ပြောင်းလဲသွားတော့သည်။
” ဘုရင်အေးအ်လား။ မဟာသားရဲကပ်ဘေးတုန်းက ကျန်းဟိုင်မြို့ကို ကျူးကျော်လာတဲ့ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲ ဘုရင်အေးအ်လား ”
” သူပဲပေါ့။ တိုက်ပွဲကာလမှာ ကျန်းဟိုင်မြို့ရဲ့ သိုင်းပညာရှင်တွေက သူ့ကို ဖိနှိပ်နိုင်ခဲ့ပေမဲ့ သူ့ကို မသတ်ခဲ့ကြဘူးလေ။ အဲ့ဒီအစား အပိုင်းပိုင်းဖြတ်ပြီး အိမ်နီးချင်းမြို့တွေမှာ ဝှက်ထားတာ။ သူ့ ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်းက ငါတို့ ကျန်းဟိုင်မြို့မှာ မြို့ရဲ့ဝိညာဥ်စွမ်းအင် တိုးတက်ဖို့အတွက် အသုံးပြုနေတာလေ ”
” ဒါပေမဲ့ တစ်စိတ်တစ်ပိုင်းပဲဆိုရင်တောင် ခွန်အားက နည်းမှာ မဟုတ်ဘူး။ အနည်းဆုံးတော့ မဟာချီရှန်းတစ်ယောက်ထက် အားမနည်းဘူး”
ဂလု။
နန်ကုန်းလင်က တံတွေးမျိုချလိုက်သည်။
” ဒါဆို မြို့သူ၊ မြို့သားတွေအတွက် ရွှေ့ပြောင်းဖို့ မြန်မြန် မစီစဥ်ပေးသေးတာလဲ ”
အိုးရန်ယွင်ကျုံးက သူ့ကို ကြည့်လိုက်လေ၏။

“ဘယ်လိုလဲ။ သူ ထွက်လာပြီဆိုတာနဲ့ ၂နာရီလောက် ပြေးခိုင်းရင်တောင် သူတို့ လွတ်မြောက်နိုင်မှာတဲ့လား ”
” ဒီမှာ ထိုင်နေပြီ သေမှာကို စောင့်နေရမှာလား ”
” ငါတော့ ဒီလိုမထင်ဘူး။ အစွမ်းထက်တဲ့ သိုင်းပညာရှင်တစ်ယောက်ရဲ့ အရှိန်အဝါကို ငါ အာရုံခံမိတယ်။ ငါတို့ ကျန်းဟိုင်မြို့က ဆန်းကြယ်တဲ့ဓားမော့သုံးတဲ့သူ ဖြစ်လောက်တယ်။ ဒါမှမဟုတ် အဲဒီအထင်ကြီးစရာကောင်းတဲ့ ဓားသမားပဲ ”
” ကောင်းချီးပေးဖို့ ကောင်းကင်ဘုံကို ဆုတောင်းရုံပဲ တတ်နိုင်တယ် ”
တစ်မြို့လုံးက ဥသြဆွဲသံများ ပြည့်သွားလေ၏။
“ကျန်းဟိုင်မြို့သားများအားလုံး ကျေးဇူးပြုပြီး အာရုံစိုက်ကြပါ။ ပြင်းထန်တဲ့ ရာသီဥတု ပြောင်းလဲမှုတွေကို တွေ့ရှိရပါတယ်။ မြို့သားများအားလုံး အမြန်ဆုံး အိမ်ပြန်ကြပါ။ အပြင်မှာ မနေပါနဲ့”
ထန်းခနဲ ကျယ်လောင်သည့် အသံကြီးနဲ့အတူ လျှပ်စီးလုံးက ကြီးမားသော ရေဝဲနှင့် မြစ်ဘေးသို့ ဝင်ရောက်လာလေသည်။ နောက်တစ်စက္ကန့်၌ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက လျင်မြန်စွာ ပေါ်ထွက်လာတော့သည်။
” ဟား ဟား ဟား။ နှစ်တစ်ရာကျော်သွားပြီ။ ဒီဘုရင်က နောက်ဆုံးတော့ ထွက်လာနိုင်ခဲ့ပြီ ”
စိတ်လှုပ်ရှားစွာ အော်နေသံများကြားထဲ၌ ခုနှစ်ပေခန့် မြင့်မားပြီး ခေါင်းပေါ်၌ ချိုနှစ်ချောင်းပါသည့် လူသန်ကြီးတစ်ဦးက မြစ်ကြမ်းပြင်မှ ထွက်လာပြီး ကောင်းကင်ထဲ၌ ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေလိုက်သည်။
ကောင်းကင်ထဲ၌ လျှပ်စီးများစီးလျက် သူ၏ ခန္ဓာကိုယ်ပေါ် ကျရောက်လာကာ လျှပ်ပွင့်များ ဖန်တီးလိုက်သည်။ သို့သော် သူ့ကို အနည်းငယ်မျှတောင် မထိခိုက်စေပေ။
ရန်သူသည် ရင်ဘတ်ပေါ်ရှိ ကျန်ရှိသော လျှပ်စီးများကို ပုတ်ချလိုက်ပြီး သူ၏ အကြည့်က မြစ်ဘေးရှိ ယန်ကျန့်ယီဆီ ရောက်သွားသည်။ မျက်ခုံးက အနည်းငယ် ပင့်မိသွား၏။

” အယ်။ ငါ မင်းကို မှတ်မိတယ်။ အရင်တုန်းက လူငယ်သိုင်းပညာရှင်လေးပဲ။ လွတ်မြောက်လာပြီးတဲ့နောက် မိတ်ဆွေဟောင်းကြီးကို တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး။ စိတ်ဝင်စားစရာပဲ ”
ယန်ကျန့်ယီက ဝိုင်ကို တစ်ငုံထဲဖြင့် အပြီးဖြတ်လိုက်သည်။ ပြီးနောက် ပုလင်းကို စွန့်ပစ်ကာ သူ့ နောက်ကျောမှ ဓားရှည်ကို ဆွဲထုတ်ပြီး လေထဲသို့ ဖြည်းဖြည်းချင်း တက်လိုက်လေ၏။
သူ၏ မျက်လုံးက အေးတိအေးစက် အလင်းတန်း ပေါ်လာတော့သည်။
” နှစ်တစ်ရာကျော်သွားပြီ။ မင်း အသက်ရှင်ရတာ လုံလောက်နေပြီ။ မင်းကို ငရဲပို့ပစ်မယ်”
အပိုင် ၄၇ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset