Switch Mode

Chapter – 45

ကိုယ်ထင်ပြခြင်း မဟာဂိုဏ်း။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၄၅။ ကိုယ်ထင်ပြခြင်း မဟာဂိုဏ်း။

ဟွမ်လျိုလီသည် အိပ်မောကျနေရာမှ နှိုးလာလေ၏။ သူမ မျက်နှာလုံးရှေ့၌ ပင်လယ်လှိုင်းများနှင့် ချစ်ချစ်တောက်ပူနေသော နေရောင်ခြည်တို့ ရှိနေလေသည်။ ပင်လယ်လေတို့က လူတစ်ယောက်၏ အသားကို လောင်ကျွမ်းလောက်သည်အထိ တိုက်ခတ်နေလေသည်။ သူမကမူ ပလတ်စတစ် ဘုတ်ပြားပေါ်၌ လှဲနေလေ၏။
ဟွမ်လျိုလီက အံ့သြမှင်တက် သွားတော့သည်။
” ငါ အိမ်မက် မက်နေတာလား။ ငါ ယဲ့ရှောင်ကို ရိုက်လိုက်ရုံပဲ မဟုတ်ဘူးလား။ သမုဒ္ဒရာထဲ ဘယ်လိုလုပ်ရောက်သွားတာလဲ။ ဒီရက်တွေမှာ ယဲ့ရှောင်က ဆိုးရွားတဲ့ အတွေ့အကြုံတွေရှိပြီး ရှင်းလင်းပြီးတဲ့နောက် ဆိုးရွားတဲ့ အတွေ့အကြုံတွေကို တွေ့နေရတော့ ငါ ထင်ယောင်ထင်မှားတွေ ဖြစ်နေပုံပဲ။ ငါ ကြမ်းပြင်ကို တံခါးစောင့်တစ်ယောက်လို သန့်ရှင်းပေးနေရတယ်။ ငါက လေ့ကျင့်ပေးလို့ရတဲ့ လိမ္မာတဲ့ ခွေးတစ်ကောင်လိုတောင် မဟုတ်ပဲနဲ့လေ။ ဘယ်လိုကြောင်မျိုးကများ အိမ်ကို ကြည့်ပေးနိုင်မှာလဲ ”
” အား။ ကိစ္စမရှိပါဘူး။ ငါ နည်းနည်းလောက် ထပ်အိပ်လိုက်မယ် ”
မျက်လုံးမှိတ်ပြီး ဟွမ်လျိုလီက ဆက်အိပ်လိုက်တော့သည်။ ရုတ်တရက် လှိုင်းတစ်ချက် ပုတ်လာရာ သူမ ချက်ချင်း စိုရွှဲသွားတော့၏။
ဟွမ်လျိုလီသည် အိပ်နေရာမှာ ချင်ချင်း နှိုးလာပြီး သူမအမွေးများ ထောင်ကုန်တော့သည်။
” မြောင်။ ငါ ဘယ်လိုလုပ် ပင်လယ်ထဲရောက်လာတာလဲ။ ယဲ့ရှောင်က ဘယ်မှာလဲ။ ဆိုဖာ ဘယ်မှာလဲ။ မြောင် မြောင် မြောင်။ ကယ်ကြပါဦး။ ငါ ရေမကူးနိုင်ဘူး ”

ယဲ့ရှောင်ဘက်တွင်မူ တစ်ညတာအနားယူပြီးနောက် ကုဟိုင်ထံမှစာကို လက်ခံရရှိလိုက်၏။
” လောင်ယဲ့။ ငါ ပြန်ရောက်နေပြီ။ ဒုတိယဆေးရုံမှာ စစ်ဆေးဖို့ သွားနေတယ်။ စိတ်မပူနဲ့ ”
ယဲ့ရှောင်က သိပ်မအံ့သြသွားပေ။ ကုဟိုင် အဆင်ပြေနေကြောင်း သူသိသည်။
စာကြည့်တိုက်ဝန်ထမ်းက စာကြည့်တိုက် ထိခိုက်မှု ပြန်ပြင်ရန်အတွက် သုံးရက်တာပိတ်ထားမည်ဟူ၍ စာပို့ခဲ့သည်။ အပြင်ဘက်၌ မိုးဖွဲဖွဲရွာသွန်းနေ၏။ ယဲ့ရှောင်က မနက်စာအတွက် သစ်သီးတချို့နှင့် နွားနို့ပြန်ဝယ်လာပြီးနောက် ဒုတိယဆေးရုံဆီသို့ သွားလိုက်တော့သည်။
ပြန်ရောက်လာသည့် မြို့စောင့်တပ်ဖွဲ့များ၏အဆောင်ကို သီးခြားထားထားသည်။ ကျန်သည့်သူများက သူတို့ကြားထဲ မူမမှန်ဖြစ်မှုကို ကာကွယ်နိုင်ရန်အတွက် အပြင်ဘက်၌ ၂၄နာရီလုံး စောင့်ဆိုင်းပေးနေသည်။ ခြိမ်းခြောက်နိုင်မှု မရှိကြောင်း စစ်ဆေးအတည်ပြုပြီးမှသာ သူတို့ ထွက်ခွင့်ရသည်။
ယဲ့ရှောင်က ကုဟိုင်တို့ လူနာစောင့်ကို ရောက်သည့်အချိန်တွင် ချင်ယွိယန်နှင့် လုဝမ်ဝမ်ကလည်း ရောက်နေသည်။ ကုဟိုင်က လူနာဝတ်စုံကို ဝတ်ထားလျက် သူက မျက်လုံးများ ရဲနေအောင် ငိုထားသော လုဝမ်ဝမ်ကို နှစ်သိမ့်နေရတော့သည်။
” ဟန်နီ ။ ငါ တကယ်အဆင်ပြေတယ်။ ငါ့ရဲ့ ခန္ဓာကိုယ်ကို ကြည့်ကြည့် အားလုံးအကောင်းတိုင်းပဲ။ ဆံပင်တစ်မျှင်တောင် မလျော့ဘူး။ မငိုနဲ့ ။ ဟုတ်ပြီနော် ”
ယဲ့ရှောင် လျှောက်လာချိန်တွင် လုဝမ်ဝမ်က အနည်းငယ်အနေခက်သွား၏။ ချက်ချင်းပင် အကြည့်လွှဲကာ မျက်လုံးထောင့်ကို သုတ်ရန်အတွက် အင်္ကျီလက်ကို သုံးလိုက်တော့သည်။
ချင်ယွိယန်က ဆံပင်ကို နှာရွက်နောက်သပ်လျက် သိမ်မွေ့သော အပြုံးဖြင့် သူ့ကို နှုတ်ဆက်လိုက်တော့သည်။
” ရှင်လည်း ဒီရောက်လာတာကိုး ” ယဲ့ရှောင်က ခေါင်းညိတ်လိုက်သည်။ သူက နွားနို့နှင့် သစ်သီးကို ဘေးတွင် ချပေးလိုက်၏။
” မင်း ဘယ်လိုလဲ။ ထိခိုက်သွားသေးလား ”
” ငါ မထိခိုက်ဘူး။ အဆင်ပြေတယ်။ စားစရာတွေက အရသာရှိတာ။ ငါ အဆင်ပြေတယ်လို့ ဆရာဝန်က ပြောတာပဲ။ ဒါပေမဲ့ အဲ့ဒါကို ဝမ်ဝမ်က မယုံဘူးလေ။ ဆက်တိုက်ငိုနေတော့တာ ”
” သူက မင်းကို စိတ်ပူလွန်းလို့လေ။ မင်းက တာဝန်ထမ်းဆောင်နေပြီး အသံတစ်ချက်မှ ထွက်မလာဘူး။ အိမ်ကိုတောင် ဖုန်းမခေါ်ခဲ့ဘူးလေ ”
” မင်းကိုလည်း ငါခေါ်ချင်ပါတယ်။ ဒါပေမဲ့ တိုက်ပွဲဝင်နေတုန်း ဖုန်းပျောက်သွားတာလေ။ ဘယ်ရောက်သွားမှန်း မသိလိုက်ဘူး။ ပြီးတော့ လျှပ်စစ်ကိရိယာတွေအားလုံး အချက်ပြမှု ပိတ်ဆို့ခံလိုက်ရတယ်။ ဒီတော့ ဘယ်သူ့ကိုမှ ဆက်သွယ်စရာ နည်းလမ်းမရှိတော့ဘူးလေ ”
ယဲ့ရှောင်၏ အမူအရာက ပြောင်းလဲမသွားပေ။ စာပို့သည့်အကြောင်းကိုလည်း သူက ထည့်မပြောခဲ့။ သူက သမန်ကာလျှံကာ ပြောလိုက်တော့၏။
” မသွားခင် အဆင်အခြင်မမဲ့ဖို့ ငါမင်းကို ပြောသားပဲ။ အခြေအနေမဟန်ရင် ပြေးသာပြေး။ အဆုံးကျ မင်းက ဖုန်းတောင် ပျောက်သွားသေးတယ် ”
” ဒီလောက် အန္တရာယ်များမယ်လို့ ငါ ဘယ်လိုလုပ် သိမှာလဲ။ ဒါပေမဲ့ ဒီတစ်ခေါက် ကျန်းဟိုင်မြို့ရဲ့ ဆန်းကြယ်တဲ့ သိုင်းပညာရှင်ကို ကျေးဇူးတင်ရမှာပဲ။ သူ့ကြောင်သာ မဟုတ်ရင် ငါ ပြန်လာနိုင်မှာ မဟုတ်ဘူး ”
” မင်း ကံကောင်းတာပဲ ” ထိုစဉ် လုဝမ်ဝမ်က အနည်းငယ်ပျို့အန်ချင်လာ၏။ ချင်ယွိယန်က စိုးရိမ်ပူပန်စွာ ပြောလိုက်လေသည်။
” ဝမ်ဝမ် လေကောင်းလေသန့်ရအောင် ခေါ်သွားပေးမယ် ။ ရှင်တို့နှစ်ယောက် ဒီမှာ စကားပြောနေကြ ”
” ကောင်းပြီ ”
အမျိုးသမီးနှစ်ဦးထွက်သွားပြီနောက် ကုဟိုင်က ဆန်းကြယ်စွာ မေးလိုက်သည်။
” လောင်ယဲ့။ ခုနတုန်းက သူတို့နှစ်ယောက် ဒီမှာရှိနေတာကြောင့် ငါ ဘာမှမပြောမိဘူး။ ခန့်မှန်းကြည့်လေ ငါ သေခါနီးမှာ ငါ ဘာကြားရလိုက်တယ်လို့ ထင်လဲ ”
ယဲ့ရှောင်က ခေါင်းခါလိုက်လေ၏။
” ငါ မသိဘူး ”
” မင်းကို ပြောလိုက်ရင် မင်းလန့်သွားမှာ။ ဒါပေမဲ့ မင်းရဲ့အသံပဲ ”
” မင်း စိတ်လွတ်သွားပြီလား ”
ယဲ့ရှောင်က အံ့သြဆွံ့အနေပြီး ကုဟိုင်က ရယ်မောနေတော့သည်။
” ရူးကြောင်ကြောင်မနိုင်ဘူးလား။ အဲဒီချိန်တုန်းက ငါ့ရဲ့ ဝိညာဥ်က ကူးစက်ခံထားရပြီး အသိစိတ်တွေလည် ဝေဝါးနေတာ။ ဒါပေမဲ့ တခြားသူရဲ့အသံကို မကြားရဘူး။ ဝမ်ဝမ်၊ ငါ့မိဘတွေ ဒါမှမဟုတ် ဟုမ်ဆဲ့လမ်မန့်က အားလီရဲ့အသံတောင် မကြားဘူးပေါ့။ သူတို့ အသံတွေ မကြားပဲ မင်းရဲ့အသံပဲ ကြားခဲ့တာလေ ”
” ဒါ ဘာအဓိပ္ပာယ်လဲ။ ငါ မင်းအပေါ်မှာ ပင်လယ်ကြီးလို နက်ရှိုင်းတဲ့ ညီအစ်ကိုလို ချစ်ခြင်းတရားတွေ ရှိနေတယ်လို့ ဆိုလိုတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငါ့အတွက် အစ်ကိုအရင်းထက်တောင် ရင်းနှီးတာပဲလေ ”
” မင်းဒီလိုမျိုး နူးညံ့တာတွေ မပြောလို့ မရဘူးလား။ ငါ အန်ချင်လာပြီ ”
” ဘာတွေကြောက်နေတာလဲ။ ငါက ပေတံတစ်စင်းလိုပဲ ဖြောင့်ပြီးသား။ မင်းကို ဖက်အိပ်ရင်တောင် မင်းကို တိုက်ခိုက်မှာ မဟုတ်ဘူး ”
” သွားတော့ ”
” ဟား ဟား ဟား”
အတန်ကြာ ရယ်မောပြီးနောက် ကုဟိုင်၏ လေသံက အနည်းငယ် စိတ်ဓာတ်ကျမှု ပေါ်လာပြီး သူ၏ မျက်လုံးများက အနည်းငယ် နီလာလေ၏။
” လောင်ယဲ့။ ဒါကို အလေးမထားနဲ့။ ငါ ဒါကို စိတ်ထဲ တင်းထားတာ အတော်ကြာနေပြီ။ ရယ်စရာတစ်ခု မပြောရင် ငါ မထိန်းထားနိုင်တော့မှာစိုးလို့ ”
ယဲ့ရှောင်က ဘာမှမပြောခဲ့ပေ။ ကုဟိုင်၏ရင်ထဲ ဖိအားမည်မျှ ခံစားနေရကြောင်း သူသိသည်။ အပေါ်ယံတွင် ကာထားခြင်းသာ ဖြစ်သည်။
ဆိုရလျှင် သူသည် ငရဲတံခါးဝသို့ လျှောက်ခဲ့ရရုံသာမက အသင်းဝင်အချို့လည်း ဆုံးရှုံးခဲ့လေ၏။
” မင်းမှာ ဆေးလိပ်ရှိလား ”
” ခုနတုန်းက မင်းအတွက် ဝယ်လာတဲ့ သစ်သီးအိတ်ထဲမှာ ကျုံးဟွားနှစ်ဘူး ဝှက်ထားတယ် ”
” မင်း ငါ့အကြောင်း ငါထက်ပိုသိတာပဲ။ ဆေးရုံက ဆေးလိပ်သောက်ခွင့် မပေးဘူးဆိုတာ သိတယ်။ ဒီတော့ နှစ်ဘူးကို ခိုးထည့် ပေးတာပဲ ”
ကုဟိုင်က ဆေးလိပ်ဘူးကို ထုတ်လိုက်၏။ သို့သော် အတန်ကြာတွေးပြီးနောက် ဆေးလိပ်ကို ပြန်ထည့်လိုက်တော့သည်။
” လောင်လီက ဆေးလိပ်သောက်ရတာ ကြိုက်တယ်။ ငါ့ကို ကာကွယ်ပေးဖို့အတွက် သူက ကျားနတ်ဆိုးနှင့် ကြယ်တာရာသားရဲတွေရဲ့ ကိုက်ဖြဲခြင်းကို ခံလိုက်ရတာ။ ဆေးလိပ် ဖြတ်လိုက်တော့မယ် ”
သူ့ မျက်လုံးထောင့်ကို သုတ်ပြီး ဆက်ပြောလိုက်၏။
” မင်း ရယ်မှာ မကြောက်ဘူး။ ဒါပေမဲ့ အဲ့ဒီတုန်းက ငါ့ဘောင်းဘီတွေ စိုနေတာ။ ငါတာဝန်မထမ်းဆောင်ခင်တုန်းက တီဗွီမှာပြထားတာတွေနဲ့ သိပ်ခြားမှာ မဟုတ်ဘူးလို့ ထင်ခဲ့တာပဲ။ သူတို့ကို ကြုံတွေ့ပြီးတော့မှ အန္တရာယ်ဆိုတာ ဘာမှန်း ငါ တကယ်သဘောပေါက်သွားတာ ”
” အဲ့ဒီအချိန်မှာ ငါသာ ငါ့ရဲ့အချိန်တွေကို မဖြုန်းတီးပဲ ကောင်းကောင်းမွန်မွန် ကျင့်ကြံခဲ့မယ်ဆိုရင် ငါ့ရဲ့ ကျင့်ကြံဆင့်က နှစ်ဆင့်၊ သုံးဆင့်လောက် တက်နေပြီးပြီလို့ တွေးမိခဲ့တာ။ တိုက်ပွဲကာလမှာ ငါ့ရဲ့ အသင်းဖော် တစ်ယောက် ၊ နှစ်ယောက်လောက်ကိုတော့ အနည်းဆုံး ကာကွယ်နိုင်မှာပဲ။ ငါက လမ်းခုကျောက်တုံး။ တခြားသူတွေအတွက် အဟန့်အတား ဖြစ်စေတော့မှာ မဟုတ်ဘူး ”
” ဒါပေမဲ့ လက်တွေ့ကတော့ ငါက အသုံးမကျလွန်းတာပဲလေ။ ငါက အားမထည့်ခဲ့ရုံမကဘူး။ လောင်လီကိုတောင် သေစေခဲ့တယ် ”
” သေသင့်တဲ့ကောင်က ငါပါကွာ ”
” မင်းအသက်ရှင်နေတာ ကောင်းတယ် ” ယဲ့ရှောင်က သူ့ကို နှစ်သိမ့်လိုက်လေ၏။ သို့သော် ကုဟိုင်က ခေါင်းခါပြီး နှာခေါင်းရှုပ်လိုက်သည်။ သူ့၏ မျက်ဝန်းထဲ၌ ယဲ့ရှောင် ယခင်က တစ်ခါမှ မမြင်ဖူးသည့် ရင့်ကျက်တဲ့ အရိပ်ယောင်ပေါ်လာတော့သည်။
” အရင်တုန်းက နိုင်ငံတကာ မြို့စောင့်တပ်ဖွဲ့ထဲမှာ လူတွေ သေရတဲ့ အကြောင်းရင်းကို ငါ နားမလည်နိုင်ခဲ့ဘူး။ ဒါပေမဲ့ လူတိုင်းက မြို့စောင့်တပ် တစ်ဖွဲ့ပြီး တစ်ဖွဲ့ကို ဝင်နေသေးတုန်းပဲ။ ဘာကြောင့်လဲ။ ဘာအတွက်လဲ။ ဒါပေမဲ့ အခုတော့ ငါနားလည်သွားပြီ။ မြို့စောင့်တပ်ဖွဲ့၊ မြို့စောင့်တပ်ဖွဲ့ဆိုတာ ကာကွယ်ဖို့ ဖန်တီးထားတာပဲ ”
” မြို့စောင့်တပ်ဖွဲ့က သာမန်လူတွေအတွက် ငြိမ်းချမ်းအောင် လုပ်ပေးဖို့ မိသားစုတွေ၊ မိတ်ဆွေတွေ ၊ မျိုးဆက်သစ်တွေ ကာကွယ်ခံရပြီး ငြိမ်းငြိမ်းချမ်းချမ်း ရှင်သန်နေထိုင်ဖို့ပဲ ”
” ငါ အသက် ၂၀ ရောက်နေပြီ။ ငါ အချိန်မဖြုန်းနိုင်တော့ဘူး ”
” လောင်ယဲ့။ ငါ အထူးလေ့ကျင့်ရေး စခန်းဝင်ဖို့ ပြင်ဆင်နေပြီ။ ငါ ကောင်းကောင်းမွန်မွန် ကျင့်ကြံချင်တယ်။ ငါ့ရဲ့ မိသားစုနဲ့ တိုင်းပြည်ကို ကာကွယ်ပေးနိုင်တဲ့ စစ်မှန်တဲ့ ယောင်္ကျားကောင်းတစ်ယောက် ဖြစ်လာချင်တယ် ”
” အထူးလေ့ကျင့်ရေး စခန်းက သိပ်ကြမ်းတာနော် ”
” ဒါကြောင့်ပဲ ငါဝင်ချင်တာပေါ့။ ငါ့မှာ မိန်းမနဲ့ ကလေး ရှိတယ်။ ဒီလောကကြီးအတွက် အကျိုးပြုရမယ်။ ငါတို့ ယောင်္ကျားတွေ အကောင်းဆုံး ကြိုးစားနေရင် မိန်းမနဲ့ ကလေးတွေက တည်ငြိမ်တဲ့ ဘဝမှာ နေနိုင်မှာ ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” မင်း ဒီလိုဆုံးဖြတ်တယ်ဆိုမှတော့ အောင်မြင်ပါစေလို့ ဆုတောင်းပေးတယ် ”
” ကျေးဇူးပဲ။ ဒါပေမဲ့ ဒီအကြောင်း ဝမ်ဝမ်ကို မပြောနဲ့ဦး။ သူ သဘောမတူမှာစိုးလို့ ”
” စိတ်မပူနဲ့ ”
နှစ်ယောက်သားက ပျော်ရွှင်ဖွယ် အကြောင်းရာအချို့ကို ပြောလိုက်သည်။ ချင်ယွိယန်နှင့် လုဝမ်ဝမ်တို့ ပြန်ရောက်လာသည့်အချိန်တွင် ယဲ့ရှောင်က သူတို့ကို နှုတ်ဆက်ပြီး ထွက်လာတော့၏။
ဆေးရုံအပြင်ဘက်သို့ ရောက်သည့်အချိန်တွင် မိုးဖွဲဖွဲလေး ရွာသွန်းနေဆဲ ဖြစ်သည်။ ယဲ့ရှောင်က သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ရန်ဝိညာဥ်စွမ်းအား မသုံးခဲ့ပေ။ ထိုအစား ဖြည်းဖြည်းချင်း အရှေ့ကို တစ်လှမ်းလှမ်းလျက် သူ့အဝတ်အစားကို မိုးရေများ စိုစေတော့သည်။
ကုဟိုင်၏ စကားက သူ မလှုပ်မယှက်နိုင် မဖြိုခွင်းနိုင်သည့် ဆို့နစ်မှုကို ပြေလျော့သွားစေသည်။
သိုင်းပညာ၏ အဓိပ္ပာယ်ဟူသည် အဘယ်နည်း။ပိုသန်မာလာရခြင်း၏ ရည်ရွယ်ချက်က အဘယ်နည်း။
ပျော်ရွှင်ဖို့အတွက်ပေလော။ ဂုဏ်သတင်းအတွက်ပေလော။ သူ၏ ခွန်အားကို ကြွားလုံးထုတ်ပြီး အားလုံးက သူထံ အညံ့ခံရအောင်လေလော။
မဟုတ်ပေ။ မည်သည့်အရာ တစ်ခုမှ မမှန်ချေ။ ယဲ့ရှောင်၏ ခန္ဓာကိုယ်ထဲ၌ အမည်မဲ့ ကြိမ်နှုန်းတစ်ခုက စတင် ပျံ့နှံ့လာတော့၏။
အပိုင်း ၄၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset