Switch Mode

Chapter – 44

လမ်းလွှဲခြင်း၊ အခိုးခံလိုက်ရသောအိမ်။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၄၄။ လမ်းလွှဲခြင်း၊ အခိုးခံလိုက်ရသောအိမ်။

ဓားအလင်းက တောင်ကြီးများစွာကို ဖြတ်ကျော်လျက် လင်းသွားတော့သည်။ ကောင်းကင်ထဲရှိ ကြယ်တာရာများကို မွှေနှောက်သွား၏။ သက်ရှိသတ္တဝါများအားလုံးကို စိတ်ပျက်အားငယ်မှုအတွင်း ကျရောက်သွားစေသည်။

ဓားအလင်း ပေါ်လာပြီးနောက် ယင်းက မရပ်တန့်သွားပေ။ ဓားက ပေတစ်ထောင်ခန့် မြင့်မားသော တောင်ကို ခွဲလိုက်တော့၏။
တောင်ထိပ်မှ တောင်ခြေအထိ တောင်တန်းတစ်ခုလုံးက နှစ်ခြမ်းကွဲသွားပြီး အနီးအနားရှိမြေကိုလည်း တုန်လှုပ်သွားစေကာ မြို့ကိုတောင်အနည်းငယ် တုန်ယင်သွားစေ၏။
မြေကမ္ဘာပေါက်ကွဲသည့်အသံကို ကြားလိုက်ရပြီး မိုင်တစ်ရာကျော်အကွာထိ အသံက ပြန့်သွားတော့သည်။
တောင်တန်းအတွင်း လေထဲ ဖုန်မှုန့်များ တထောင်းထောင်း ထကုန်၏။ ယဲ့ရှောင်၏ စွမ်းအား
နှင့် မယုံနိုင်စရာကောင်းသည့် ဓားချက်အောက်တွင် အစွမ်းထက်သည့် လူအချို့က ချက်ချင်းပင် ကောင်းကင်ပေါ်သို့ အပို့ခံလိုက်ရရှာသည်။
ဖုတ်။
မကြာမီ၌ ကိုယ်တစ်ပိုင်း ချိနဲ့နေသော ခန္ဓာကိုယ်က ယဲ့ရှောင်ရှေ့သို့ ပြုတ်ကျလာသည်။
ဖွီး။
သူက ပါးစပ်အပြည့် သွေးတစ်ပွက် အန်ပြီးနောက် မျက်နှာတစ်ခုလုံး ကြောက်လန့်မှုများဖြင့် ပြည့်နေလေတော့၏။ သူတို့၏ ခန္ဓာကိုယ် တစ်ဝက်သာ ကျန်နေသည့်တိုင် တစ်ဖက်လူ၏ ခွန်အားက ချီရှန်းအဆင့်ဖြစ်မှန်း ပြောနိုင်ပေသည်။
ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဓားအောက်၌ အသက်ရှင်နိုင်တာ အံ့သြစရာ မရှိပေ။ သူက နှစ်ပိုင်းပြတ်သွားသော်ငြား ကျန်သည့်သူများကဲ့သို့ မသေသွားပေ။
” ကျန်းဟိုင်မြို့မှာ မင်းလိုမျိုး အစွမ်းထက်တဲ့သူ ရှိနေလိမ့်မယ်လို့ မထင်ထားဘူး။ ငါတို့ ဂရုမစိုက်ခဲ့မိတာပဲ ”
သို့သော် မကြာမီ၌ သူက ရက်စက်ယုတ်မာစွာ ရယ်မောလိုက်တော့သည်။
” ဒါပေမဲ့ မင်း ငါတို့ကို သတ်ဖို့က လွယ်ပါတယ်။ ဒါပေမဲ့ ကူးစက်ခံရတဲ့ ကြယ်တာရာသားရဲတွေနဲ့ တောင်တန်းတွေက ကျားနတ်ဆိုးတွေ အားလုံးကိုရော။ သူတို့ထဲကတချို့ လွတ်မြောက်သွားတာနဲ့ အနီးနား မြို့တွေက ခံစားရဦးမှာပဲ ။ ဟား ဟား ဟား ဟား။ အဟွန့် အဟွန့် အဟွန့် “
တောအုပ်အတွင်းထဲမှ ပြေးလွှားနေသည့် အသံများကို ကြားနေရသည်။ ကြယ်တာရာသားရဲများနှင့် ကျားနတ်ဆိုးများ ထွက်ပြေးနေတာဖြစ်၏။ သူတို့က နေရာအနှံ့ ဦးတည်ရာမဲ့စွာ ပြေးနေကြ၏။
ယဲ့ရှောင်၏ အမူအရာက အေးစက်နေပြီး သူက စကားမပြောခဲ့ပေ။ သို့သော် ထိုစဥ် သူ့ဘေး၌ ရွှေရောင်ဖျော့ဖျော့ဓားမော့ ပေါ်လာပြီး နှစ်စက္ကန့် သုံးစက္ကန့် ၊ဒုတိယ ၊တတိယ ၊စတုတ္ထ လမ်းတစ်လျှောက် တောင်တန်းတစ်ခုလုံး၌ ယဲ့ရှောင်၏ ဓားသွားများ ရောင်ပြန်ဟပ်သွားပြီး ဧရိယာတစ်ခုလုံး ရွှေရောင်အလင်း တောက်ပသွား၏။
ပြီးနောက် ဓားမော့ကို လွှဲရိုက်လိုက်ရာ ဓားမော့နှစ်လက် ၊သုံးလက် ဓားရောင်ခြည်တစ်သိန်းထိရောက်အောင် ပျံ့လွင့်ထွက်သွားတော့သည်။
” အား ”
ဝေါင်း။
နှလုံးနာကျင်ဖွယ် အော်သံများက တောအုပ်ထဲကနေ ချက်ချင်း ပေါ်ထွက်လာတော့သည်။ သတ္တဝါများအားလုံးက ရုတ်တရက် သေဆုံးပြီး ပြင်းပြသော သေခြင်းတရားကို ခံစားလိုက်ရသည့်အချိန်၌ အော်မိသည့်အသံဖြစ်သည်။ ခဏအကြာတွင် တောအုပ်တစ်ခုလုံး တိတ်ဆိတ်သွားတော့၏။
သစ်ရွက်ကြွေသည့် အသံတစ်သံကိုတောင် ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။ ဒုက္ခိတ ချီရှန်းသိုင်းပညာရှင်က အံ့သြဆွံ့အနေလေသည်။ သူက ယဲ့ရှောင်ကို မယုံနိုင်စွာ ကြည့်နေပြီး မျက်လုံးထဲ၌ ထိတ်လန့်မှုများ ပြည့်နေ၏။
သူတို့အားလုံး ဖျက်ဆီးခံလိုက်ရသည်။ သူတို့အရေအတွက်က ကောင်းကင်နှင့် မြေကြီးကို လွှမ်းမိုးနိုင်ရန် လုံလောက်နေပြီဖြစ်သည်။
ကျားနတ်ဆိုး တစ်သောင်းကျော်နှင့် ကြယ်တာရာသားရဲတို့ ဤကဲ့သို့ ဖျက်ဆီးခံလိုက်ရသည်လော။ တစ်မိနစ်တောင် မကုန်သေးပဲ ဖြစ်သည်။
သူသည် ရှန်းထျန်းအဆင့် ချီရှန်းသိုင်းပညာရှင်တစ်ဦး ဖြစ်နေခဲ့လျှင်တောင် ထိုတောင်ကို ဖျက်ဆီးရန် အကွက်ရေ အနည်းငယ် သုံးရဦးမည် ဖြစ်သော်ငြား နောက်၌ ခြေရာလက်ရာ ကျန်နေဦးမှာပဲ ဖြစ်သည်။ ထို့အပြင် သူ့အဖို့ အကောင်တိုင်းကို သုတ်သင်ရှင်းလင်းဖို့က မဖြစ်နိုင်ပေ။ သူတို့က တကွဲတပြားဆီ ပြေးနေသောကြောင့်ဖြစ်သည်။
ရှန်းထျန်းသိုင်းပညာရှင် တစ်ဦးကလည်း အရပ်မျက်နှာအနှံ့ အရေအတွက် မည်မျှများများ ထွက်ပြေးသွားသည်ဆိုတာကို အပြည့်အဝ အာရုံခံနိုင်ရန် ခွန်အားမရှိပေ။
သို့သော် သူ့ရှေ့ရှိ လူကမူ အမှန်တကယ် ဆောင်ရွက်နိုင်ခဲ့၏။
သူ့တွင် ဝိညာဥ်စွမ်းအား မည်မျှများစွာ ရှိနေသနည်း။ သူ၏ တိုက်ပွဲဝင် ခွန်အားက မည်မျှအစွမ်းထက်သနည်း။
သူ၏ ကျင်ကြံဆင့်က ဤ လောကထဲတွင် မြင်တွေ့ခဲသည်။ အနည်းဆုံးတော့ ကိုယ်တစ်ပိုင်း ပြတ်သွားသည့် ချီရှန်းသိုင်းပညာရှင် သူ့ဘဝ၌ တစ်ခါမှ မမြင်ခဲ့ဖူးသည့် တည်ရှိမှုမျိုး ဖြစ်သည်။
မဟုတ်ဘူး။ မဟုတ်ဘူး။ ပြဿနာတစ်ရပ် ရှိရမယ်။
တစ်ဖက်လူက သိပ်ကိုငယ်ရွယ်လွန်းနေသည်။ မျက်နှာက နုနယ်လွန်းသောကြောင့် ရုပ်မြင်သံကြား၌ နာမည်ကြီးနေသော လူငယ်လေးများနှင့် ဆင်တူလောက်သည်ထိ ငယ်ရွယ်သည်။ သူက အလွန်ဆုံးမှ အသက်( ၂၀ ) သာ ရှိပုံပေါ်၏။
ထိုသို့တိုင် ဤကဲ့သို့ အစွမ်းထက်သော ခွန်အားကို ပိုင်ဆိုင်ထားသည်။
ကိုယ်တစ်ပိုင်း ပြတ်နေသော ချီရှန်းသိုင်းပညာရှင်က ယဲ့ရှောင် အသက် (၂၀ )တွင်သာ ရှိသေးသည်ဟု မယုံနိုင်ပေ။ ထိုသို့ဆိုလျှင် ဖြေရှင်းနည်းက တစ်ခုသာ ရှိသည်။
ဒဏ္ဍာရီအရ လူတစ်ယောက်၏ ကျင့်စဥ်သည် အံ့ဖွယ်ဂိုဏ်းသို့ ရောက်သွားသည်နှင့် သူတို့က မူလအခြေအနေသို့ ပြန်ရောက်လာပြီး သူတို့၏ နုပျိုမှုကို တစ်သက်လုံး ထိန်းသိမ်းထားနိုင်သည်ဟု ဆိုသည်။
သူ့ရှေ့ရှိလူက ထိုမျှငယ်ရွယ်ပြီး ထိုမျှသန်မာနေရာ သူက အံ့ဖွယ်ချီရှန်းတစ်ဦး ဖြစ်နေတော့သည်။
အံ့ဖွယ်ဂိုဏ်းထဲတွင်ဖြစ်သည်။
ကျန်းဟိုင်မြို့ထဲ၌ အံ့ဖွယ်ချီရှန်း သိုင်းပညာရှင်တစ်ဦး အမှန်တကယ် ရှိနေသည်။ သူတို့က အံ့ဖွယ်ချီရှန်း သိုင်းပညာရှင်တစ်ဦးကို အမှန်တကယ် ရန်စမိ၏။
သူ့၏စိတ်ထဲ အတွေးများဖြင့် ရောက်ယက်ခတ်နေစဥ် မလှမ်းမကမ်းရှိ သစ်ပင်ကြီးတစ်ပင်က ပြိုလဲသွားပြီး မြေပြင်ပေါ် ဘန်းခနဲ ပြုတ်ကျလာကာ သူ့ကို သတိဝင်လာစေ၏။
ခွက်။ ဘန်း ဘန်း ဘန်း ဘန်း ဘန်း။
သစ်ပင်ကြီးက မြေပြင်ပေါ်သို့ ကျယ်လောင်သည့် အသံနှင့် ပြုတ်ကျလာတော့သည်။ သူ၏ နောက်ဆုံးသော ကောက်ရိုးမျှင်ကလည်း ယောက်ယက်ခတ်နေသော အတွေးများကို အပြည့်အဝ ချုပ်ငြိမ်းသွားသည်။
” မဟုတ်ဘူး ”
သူက လတ်လတ်ဆတ်ဆတ်သွေးများ အန်လိုက်ပြီး မျက်လုံးက ပြူးကျယ်နေတော့၏။ သူ၏ ခန္ဓာကိုယ်၊ နှလုံး ၊ ဦးနှောက်နှင့် သွေးကြောများအားလုံး ဗရမ်းဗတာ ဖြစ်ကုန်၏။ သူသည်
ယဲ့ရှောင်ကြောင့် သေလုနီးပါး ကြောက်လန့်သွားတာပဲ ဖြစ်သည်။
ယဲ့ရှောင်က မျက်ခုံးအနည်းငယ် ပင့်လိုက်လေ၏။ သူက ထိုနေရာ၌ ခုနှစ်စင်ကြယ်၏ ခမ်းနားသော ကျင့်စဥ်ကို အသက်သွင်းပြီး သူ၏ဝိညာဥ်ကို တစ်နေရာ၌ ထားလိုက်သည်။
တစ်ဖက်လူ၏ မျက်ဝန်းထဲ၌ တွေဝေသောအကြည့် ပေါ်လာလျက် ထိတ်လန့်ပြီး စိတ်ပျက်အားငယ်မှုအဖြစ် ပြောင်းလဲသွားတော့သည်။
” မင်း။ မင်း ငါ့ဝိညာဥ်ကိုတောင် ပိတ်ထားနိုင်တယ်လား ”
သူက မတုံ့ပြန်ခံရသေးခင် ယဲ့ရှောင်၏ ဝိညာဥ်စွမ်းအားက သူ၏ ဝိညာဥ်ထဲသို့ ကျူးကျော်ပြီးဖြစ်ကာ မှတ်ဉာဏ်များအတွင်း စတင်ရှာဖွေတော့သည်။
ခဏအကြာ၌ ယဲ့ရှောင်က မျက်မှောင်ကျုံ့ကာ အမူအရာက အတော်လေးနက်သွားတော့၏။
” အဲဒါ သူပဲ ”
ထိုစဥ် တောက်ပသည့်အလင်းနှင့် အသံများက မလှမ်းမကမ်းရှိ တောင်ထိပ်ပေါ်မှ ကြာနေရပြီး ဖြစ်သည်။
” ဒီကို မြန်မြန်။ မြန်မြန်လာခဲ့ ”
ဤနေရာက ကျန်းဟိုင်မြို့ မြို့စောင့်တပ်ဖွဲ့၏ စစ်ကူအဖွဲ့များ အသံမှန်း သိနေသည်။
သူက ကုဟိုင်နှင့် မြေပြင်ပေါ်တွင် နက်နက်နဲနဲ အိပ်မောကျနေသည့် သူများကို ကြည့်လိုက်ပြီး အကြည့်တို့က အနည်းငယ် နူးညံ့သွားသည်။ သူက ခြေအသာ ဖော့နင်းလျက် တစ်ကိုယ်လုံးက နေရာမှ တိတ်တဆိတ် ပျောက်ကွယ်သွားတော့သည်။
မြို့ကို ပြန်ရောက်သောအခါ ယဲ့ရှောင်၏ ဖုန်းက လင်းလာ၏။
ဖုန်းခေါ်ဆိုမှု အချို့ရှိနေပြီး စာပို့ထားသည်လည်း ရှိနေ၏။ ယင်းက ချင်ယွိယန်နှင့် နဥ်ယွိဟန်ဆီမှ ဖြစ်သည်။
ယဲ့ရှောင်က နဥ်ယွိဟန်ကို ဦးစွာခေါ်လိုက်သည်။
” ခုနတုန်းက ငါ့ကို ဖုန်းခေါ်ထားလား ”
နဥ်ယွိဟန်၏ ချိုသာသောအသံကို ဖုန်းထဲကနေ ကြားလိုက်ရသည်။
” မန်နေဂျာယဲ့ ။ စာကြည့်တိုက် လုယက်ခံရပါတယ်။ တစ်ဝက်ကျော်လောက် ပျက်စီးသွားပြီး ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက် တစ်ဝက်ကျော်လောက် သေသွားတယ် ”
အပိုင်း ၄၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset