Switch Mode

Chapter – 43

ဓားပေါ်လာသည့်အချိန်တွင် ထာဝရရှင်သန်သူများအားလုံး ဦးညွှတ်ရ။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၄၃။ ဓားပေါ်လာသည့်အချိန်တွင် ထာဝရရှင်သန်သူများအားလုံး ဦးညွှတ်ရ။

ခလောစ် … ခလောစ် …
မလှမ်းမကမ်းမှ ကျီးအော်သံများကြားနေရသည်က ရှီဖုန်း၏ မျက်ခုံးကို အလိုလို တွန့်ရှုံ့သွားစေသည်။
စာ၏ အဆုံးသတ်ကိုကြည့်ပြီး ယဲ့ရှောင်၏ အမူအရာက သုန်မှုန်သွားသည်။ စိတ်ပူပန်မှုကို ဖြစ်စေသော သင်္ကေတများကြောင့် ယဲ့ရှောင်၏ အမူအရာသည် ညအမှောင်ယံပမာ သုန်မှုန်နေတော့သည်။ သူ၏ ဖုန်းကို အိတ်ကပ်ထဲသို့ထည့်ပြီး မျက်လုံးမိတ်လိုက်တော့သည်။ ခုနှစ်စင်ကြယ်၏ ခမ်းနားသောကျင့်စဥ်ကို ထုတ်ဖော်ပြီးနောက် သူ၏ ဝိညာဥ်စွမ်းအင်တို့က လျင်မြန်စွာစီးဆင်းလာလျက် လျှပ်စီးပြက်သည့်အရှိန်ဖြင့် အရပ်မျက်နှာအနှံ ပြန့်ကားသွားတော့သည်။
ခုနှစ်စင်ကြယ်၏ ခမ်းနားသောကျင့်စဥ် ပြန့်ကားသွားသည်နှင့် ယဲ့ရှောင်၏ စိတ်စွမ်းအားက ကျန်းဟိုင်တစ်မြို့လုံးကို လွှမ်းခြုံသွားတော့သည်။
ခုနှစ်စင်ကြယ်၏ ခမ်းနားသောကျင့်စဥ် ပြန့်ကားလာပြီးနောက် ယဲ့ရှောင်၏ ဝိညာဥ်စွမ်းအင်က တိုးတက်လာတော့သည်။ မဟာချီရှန်းတစ်ဦးကတောင် ယဲ့ရှောင်ရှေ့တွင် ဘာမှမဟုတ်ဟု ဆိုနိုင်ပြီ ဖြစ်သည်။ ဆယ့်ငါးစက္ကန့်ခန့်ကြာပြီးနောက် ဝိညာဥ်စွမ်းအင်များ ပြန်ရောက်လာသည်။ ယဲ့ရှောင်က မျက်လုံးပိတ်ပြီး စူးရှသည့်ရောင်ခြည်တန်းနှစ်ခု ပြုလုပ်လိုက်ရာ ဓားအလင်းနှယ် တောက်ပနေတော့သည်။
သူက ခြေထောက်ကို ခပ်သာသာနင်းလျက် ခန္ဓာကိုယ်က အလင်းတန်းအဖြစ်ပြောင်းလဲသွားကာ သူ၏ ဝိညာဥ် ရှာဖွေတွေ့ရှိသည့်နေရာသို့ တစ်ဟုန်ထိုးသွားလိုက်တော့သည်။
ဟွမ်လျိုလီသည် ဆိုဖာပေါ်မှ ခုန်တက်လိုက်ပြီး သူမ၏ ပန်းရောင်နူးညံ့သော ခြေချောင်းလေးများကို ပွတ်သက်လျက် တွေဝေစွာပြောလိုက်တော့သည်။
” ခုနတုန်းက ကြွက်ဖြူကြီးတစ်ကောင် ခုန်လာတာလား … ”
ကျန်းဟိုင်မြို့နှင့် မိုင်တစ်ရာ့နှစ်ဆယ်ဝေးကွာသော တောင်တန်းများနှင့် နက်ရှိုင်းသည့် တောအုပ်ထဲတွင် စစ်မီးတောက် ဖြစ်ပေါ်နေလေ၏။ အော်ဟစ်သံ မျိုးစုံကိုလည်း ကြားနေရ၏။
မြို့စောင့်တပ်ဖွဲ့ဝင် တစ်ဒါဇင်ကျော်က နောက်ကျောပေးလျက် စုဝေးနေ၏။ သူတို့ လက်ထဲ၌ သံမဏိဓားမော့များ ကိုင်ထားလျက် သူတို့ဆီ တိုးဝင်လာသော သန္ဓေပြောင်းကျားများကို ရူးသွပ်စွာတိုက်ခိုက်ရန် ဓားသိုင်းများ ဆက်တိုက်ထုတ်ဖော်နေ၏။
ထိုကျားနတ်ဆိုးများ ကြားထဲတွင် လူသာမက ကြယ်တာရာသားရဲများလည်း ရှိသည်။ သူတို့က မြို့စောင့်တပ်ဖွဲ့၏ ယူနီဖောင်းများကို ဝတ်ဆင်ထားကြ၏။
သူတို့ အကိုင်ခံရလျှင် သို့မဟုတ် အကုတ်ခံရသည်နှင့် သူ၏ ဝိညာဥ်က ကူးစက်ခံလိုက်ရသည်။ နာရီအနည်းငယ်အတွင်း သူတို့က သန္ဓေပြောင်းကျားနတ်ဆိုးများဖြစ်လာပြီး အကူးစက်မခံရသည့်သူများကို ကြမ်းကြုတ်စွာတိုက်ခိုက်နေ၏။
ကုဟိုင်က ကျန်သည့်မြို့စောင့်တပ်ဖွဲ့ဝင်များနှင့် တူပေသည်။ သူ၏ မျက်လုံးကလည်း သွေးနီရောင်ရဲနေ၏။
မြို့စောင့်တပ်ဖွဲ့၏ ကပ္ပတိန်က သန္ဓေပြောင်းကြယ်တာရာသားရဲနှစ်ကောင်ကို ဓားတစ်လက်ဖြင့် ခုတ်ပိုင်းလိုက်ပြီး လူအုပ်ကြီးထဲ နောက်ဆုတ်သွားသည်။ သူက အံကြိတ်လျက် ပြောလိုက်တော့၏။
” မင်း ဌာနချုပ်ကို ဆက်သွယ်ပြီးပြီလား … ”
” သူတို့ဆီ ဆက်သွယ်လို့ မရဘူး … လိုင်းဖြတ်ခံလိုက်ရတယ် … တောင်တန်းထဲက လိုင်းအခြေအနေက ဆိုးဝါးတာ … သူတို့ ကျွန်တော်တို့ကို ရှာတွေ့ပြီးရင် သူတို့က အသံလွင့်စက်ကို သုံးမှာပဲ … ”
” မင်းရဲ့ဖုန်းကော သူတို့ဆီ ခေါ်လို့ရလား … ”
” အလုပ်မဖြစ်ဘူး … လိုင်းပျက်နေတယ် … ”
” သေစမ်း … ”
သွေးတစ်ပွတ်ကို ထွေးလိုက်လေသည်။ သူသည် နောက်ထပ် ကျားနတ်ဆိုးနှစ်ကောင်ကို သတ်ပြီးနောက် အေးတိအေးစက် ပြောလိုက်လေ၏။
” ဒီမှာ ပုန်းနေတဲ့ သန္ဓေပြောင်းကျားနတ်ဆိုးတွေ များလွန်းတယ် … သူတို့က ကျန်းဟိုင်မြို့ကို အကောက်ကြံဖို့ အကွက်ချနေတာပဲ ဖြစ်ရမယ် … ဒီကအခြေအနေကို သတင်းပို့မှ ရမယ် … အရင်ဆုံး နောက်ဆုတ်ပြီး တိုက်ခိုက်ကြရအောင် … ငါတို့ထဲက တစ်ယောက်က ထွက်ပြေးနိုင်ပြီး သတင်းဖြန့်နိုင်မယ်ဆိုရင် ငါတို့ အောင်ပွဲပဲပေါ့ … တိုက်ကြ … ”
ထိုအမိန့်ဖြင့် သူက ဦးဆောင်တိုက်ခိုက်တော့သည်။ သူက ဟူးထျန်း ဆဠမအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ထူးကဲတိုက်ပွဲဝင်ခွန်အား ရှိသည်။ ကျားနတ်ဆိုးများက သိပ်မသန်မာပေ။ ချက်ချင်းပင် သူက သွေးလမ်းကြောင်းတစ်ခုကို ဖွင့်လိုက်တော့၏။ ကျန်သည့်သူများကလည်း လျင်မြန်စွာ လိုက်ပါလာသည်။
ထိုစဥ် ကုဟိုင်၏ တစ်ထောင့်ကွေးက ရုတ်တရက်နာကျင်လာပြီး ခေါင်းမွှေးများအဆုံးထိ ထောင်ထကုန်၏။ ငုတ်ကြည့်လိုက်ရာ ခေါင်းဖြတ်ခံလိုက်ရသည့် သန္ဓေပြောင်းကြယ်တာရာဝံပုလွေက နောက်ဆုံးတစ်ချက်ကိုက်သွား၏။
” သေစမ်း … ”
ကုဟိုင်က ဝံပုလွေ၏ ခေါင်းကို တစ်ချက်ထဲ ပိုင်းဖြတ်ရန် ပြင်လိုက်သည်။ သို့သော် ယင်းက သူ့ကို တစ်လှမ်းနောက်ကျသွားစေ၏။ ချက်ချင်းပင် သန္ဓောပြောင်းကျားနတ်ဆိုးတစ်ကောင်နှင့် ကြယ်တာရာသားရဲတို့က သူ့ဆီ တစ်ဟုန်ထိုး ဝင်လာသည်။
” ပြီးသွားပြီ … ”
ကုဟိုင်က ကြောက်လန့်လွန်းသောကြောင့် ခြေထောက်များပျော့ခွေပြီး စိတ်က ဗလာဖြစ်သွားတော့သည်။ သေရေးရှင်ရေအခြေအနေ၌ အရိပ်တစ်ရိပ်က သူ့ရှေ့၌ ရုတ်တရက်ပေါ်လာကာ ကျားနတ်ဆိုးနှင့် ကြယ်တာရာသားရဲကို ချက်ချင်းသတ်လိုက်တော့သည်။
နောက်ထပ်ပုံရိပ်တစ်ခုက သူ့ပခုံးကို ဆုပ်ကိုင်လျက် မြန်မြန်ဆန်ဆန်ဆွဲသွားတော့သည်။ ခဏအကြာတွင် သူ့ကို ကာပေးသည့်သူက သန္ဓေပြောင်းကျားနတ်ဆိုးနှင့် ကြယ်တာရာသားရဲ တိုက်ခိုက်တာ ခံရတော့၏။
” လောင်လီ … ”
ကုဟိုင်က စူးရှစွာ အော်လိုက်၏။ ကျန်သည့်သူများက သူပြောတာ မကြားရတော့ပေ။
” ကုဟိုင် သွားကြမယ် … မဟုတ်ရင် မင်းသေလိမ့်မယ် … ”
တောင်ထွတ်ပေါ်၌ လူရိပ်များစွာက ပွဲတစ်ပွဲကို ကြည့်နေသည့်ပမာ ခေါင်းငုတ်ကြည့်နေကြသည်။ သူတို့က သက်ညှာမှု မပြရုံသာမက လောင်းကြေးတောင် ထပ်နေပေ၏။
” သူတို့ ဘယ်လောက်ခံမလဲဆိုတာ ခန့်မှန်းကြည့် … ”
” သုံးမိနစ် … ”
” များလွန်းတယ် … အလွန်ဆုံး တစ်မိနစ်လောက်ပဲ ထင်တယ် … ”
” သူတို့အားလုံးက အကိုက်ခံထားရပြီးပြီ … သူတို့ ဒဏ်ရာပိုရလေ ကူးစက်တာ ပိုမြန်လေပဲ … သူတို့ရဲ့ ဝိညာဥ်တွေလည်း ကူးစက်ခံရပြီးပြီလို့ ထင်တယ် … သူတို့အလွန်ဆုံး စက္ကန့်သုံးဆယ်လောက်ပဲ ခံမှာ … ဒါ သူတို့ အကန့်အသတ်ပဲ … ”
တောင်ခြေ၌ မြို့စောင့်တပ်ဖွဲ့ဝင် တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်၏။ သူတို့က ကြယ်တာရာသားရဲများနှင့် သန္ဓေပြောင်းကျားနတ်ဆိုးများ ဝါးမျိုတာ ခံလိုက်ရသည်။ တစ်ယောက်ပြီးတစ်ယောက် အကိုက်ခံရကာ သေလုနီးပါး အော်နေကြ၏။
ကုဟိုင်က သူ၏ သတိစိတ်တို့ တဖြည်းဖြည်းမိန်ဖျော့လာတာကို ခံစားမိလိုက်သည်။ မသိရသော အင်အားစုက သူ၏ စိတ်ထဲ ကျူးကျော်ဝင်ရောက်လာလေပြီ။
သူ၏ မျက်လုံးက ရှေ့ကို ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။ မျက်လုံး၏ မျက်ဆံအဖြူရောင်က သွေးနီရောင်ပြောင်းလဲနေပြီ ဖြစ်သည်။ နည်းပညာမြင့် တိုက်ပွဲဝင်မျက်မှန်ကသာလျှင် အပူလှိုင်းကို ဖြတ်လျက် အကွာအဝေးကို မြင်နိုင်မှာပဲ ဖြစ်သည်။
အပူဓာတ်အမြင်အာရုံအောက်၌ သန္ဓေပြောင်းသတ္တဝါများအားလုံးက အစိမ်းရောင်ဖြစ်နေပြီး သက်ရှိအသွင်ကမူ အနီရောင်ဖြစ်သည်။
အနီရောင်အလင်းများ ပြိုလဲသွားသည့်အချိန်တိုင်းတွင် အဖွဲ့ဝင်တစ်ယောက် သေဆုံးသည်ဟု ဆိုလိုတာပဲ ဖြစ်သည်။
” ငါ မကြာခင်သေတော့မှာလား … ဒီတော့ သေတယ်ဆိုတဲ့ ခံစားချက်က ဒါမျိုးလား … ပန်းတစ်ပွင့် ညှိုးရော်သွားပြီး တဖြည်းဖြည်းချင်း အသက်မရှုနိုင်တော့ဘူး … ငါ ဝိညာဥ်စွမ်းအင်တွေ မရှိတော့ဘူး … ”
” အ​ဖေ၊ အမေဝမ်ဝမ်၊ လောင်ယဲ့ ပြီးတော့ ကလေးလေး နှုတ်ဆက်ပါတယ် … ”
ကုဟိုင်သည် သူ့လက်ထဲရှိ သံမဏိဓားမော့ကို လွှဲယမ်းနိုင်ခြင်း မရှိတော့ချေ။ သူ၏ နောက်ဆုံး အသိစိတ်ထဲ၌ သူမျက်မှန်၏ အပူဓာတ်ပုံရိပ်က သူ့ကို ထိခိုက်အောင်လုပ်နေသော မရေမတွက်နိုင်သည့် အစိမ်းရောင်ပုံရိပ်များကို ပြသနေသည်။
သူ၏ ဝိညာဥ်စွမ်းအင်က ကျူးကျော်ခံနေရပြီး သူက မလှုပ်နိုင်တော့ပေ။ သူ၏ ဝိညာဥ်က တဖြည်းဖြည်းချင်းလင်းလာပြီး ခန္ဓာကိုယ်ထဲ၌ နာကျင်မှုကို မခံစားရတော့ပေ။
သို့သော် ကုဟိုင်က အပြည့်အဝ လက်လျှော့လိုက်တော့မည့်အချိန် ရွှေရောင်အလင်းတန်းက နတ်ဘုရားတစ်ပါး သက်ဆင်းလာသည့်အလာ သူ့ဘေးသို့ ကျလာတော့၏။
ဖုန် …
မြေကမ္ဘာတုန်လှုပ်ဖွယ် ပေါက်ကွဲမှုတစ်ခုဖြင့် လေလှိုင်းက လူတိုင်းကို လွင့်ထွက်သွားစေသည်။ ယင်းက သန္ဓေပြောင်းကျားနတ်ဆိုးများအားလုံးနှင့် ကိုက်သုံးရာအတွင်းရှိ ကြယ်တာရာသားရဲများအားလုံးကို လွင့်ထွက်သွားစေ၏။
” ကံကောင်းလို့ ငါ သိပ်နောက်မကျတာ … ”
ယဲ့ရှောင်က သက်ပြင်းချပြီး သူ၏ မျက်လုံးထဲ၌ ​ကျေနပ်သည့်အမူအရာ ပေါ်လာတော့သည်။
” အား … ”
သူ အတွေးကောင်းနေစဥ် ကုဟိုင်၏ အော်သံက သူ့နောက်၌ ပေါ်လာ၏။ ယဲ့ရှောင်က လှည့်ကြည့်လိုက်ရာ ကုဟိုင်၏ သွေးနီရောင်မျက်လုံးများကို မြင်လိုက်ရ၏။ သူက ပါးစပ်ကို ကျယ်လောင်စွာဟလျက် ကျယ်လောင်နေသော ဝံပုလွေတစ်ကောင်ပမာ သူ့ဆီသို့ ခုန်အုပ်လာတော့၏။
ယဲ့ရှောင်၏ အမူအရာက တောင့်ခဲသွား၏။ သူက လက်ဆန့်ထုတ်ကာ ကုဟိုင်၏ မျက်ခုံးနှစ်ဖက်ကြားရှိနေရာကို လက်နှစ်ချောင်းဖြင့် ထိလိုက်တော့သည်။ နေရာတွင်ပင် ဝိညာဥ်စွမ်းအင်က သူ့ကို ချက်ချင်းခဲသွားစေပြီး သူ မလှုပ်ရှားနိုင်အောင် ဟန့်တားလိုက်တော့သည်။
ခုနှစ်စင်ကြယ်၏ ခမ်းနားသောဆန်းကျယ်မှုကိုလည်း တစ်ချိန်ထဲ၌ ထုတ်ဖော်လိုက်ပြီး ကုသခြင်းကျင့်စဥ်ဖြင့် သူ၏ ခန္ဓာကိုယ်ကို ကုသနေတော့သည်။
ယင်းက ကုဟိုင်၏ အသိစိတ်ကို ကျူးကျော်ပြီး သူ၏ စိတ်ဝိညာဥ်ဆီ စီးဝင်နေသော မိစ္ဆာစွမ်းအင်အားလုံးကို တစ်ချက်ထဲဖြင့် ဖျက်ဆီးပစ်တော့သည်။
ဖောက် …
သူ၏ ဒဏ်ရာများကို ယဲ့ရှောင် အပြည့်အဝ ကုသပေးပြီးနောက် ကုဟိုင်သည် ဝက်သေတစ်ကောင်ပမာ မြေကြီးပေါ်ပြုတ်ကျသွားတော့၏။
” ခဏလောက် အိပ်လိုက်အုံး … နိုးလာတာနဲ့ မင်း အဆင်ပြေသွားလိမ့်မယ် … ”
ယဲ့ရှောင်က သူ့နောက်ကျောကို ပုတ်လျက် ကုသခြင်းကျင့်စဥ်ကိုသုံးကာ ခုနှစ်စင်ကြယ်၏ ခမ်းနားသောကျင့်စဥ်ကို ထပ်မံထုတ်ဖော်လျက် ကူးစက်ခံနေရသော မြို့စောင့်တပ်ဖွဲ့ဝင် တစ်ယောက်ပြီးတစ်ယောက်ကို ကုသပေးနေ၏။ သူတို့ ဝိညာဥ်ထဲရှိ မိစ္ဆာစွမ်းအင်များအားလုံးကို ဖယ်ထုတ်ပြီး သူတို့ကို နစ်နစ်ခြိုက်ခြိုက် အိပ်မောကျသွားစေ၏။ ထိုအရာကို မြင်သောအခါ တောင်ပေါ်ရှိ လူတစ်စု၏ အကြည့်က အေးစက်သွားပြီး သတ်ဖြတ်လိုစိတ်များ ပြည့်သွားတော့သည်။
” ဘယ်သူ ကြားဝင်နေတာလဲ … မင်း ငါတို့ အစီအစဥ်တွေကို ဘာကြောင့်ဖျက်ဆီးတာလဲ … ”
ယဲ့ရှောင်က ခေါင်းမော့လိုက်ပြီး သူ၏ မျက်လုံးထဲ၌ အေးစက်စက်အလင်းတန်း ပေါ်ထွက်လာ၏။ အပိုစကား ပြောမနေပဲ ကောင်းကင်ပိုင်းဖြတ်ခြင်းဓားက သူ၏ ခန္ဓာကိုယ်အတွင်း လှည့်ပတ်လာပြီး ရွှေရောင်အလင်းက သူ၏ ခေါင်းထက်မှ ပြန့်ကားလာလျက် ညအမှောင်ယံကို ချက်ချင်းခွင်းကာ သူတို့ဆီသို့ တစ်ဟုန်ထိုး ဦးတည်လိုက်တော့သည်။
အပိုင်း ၄၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset