Chapter – 4.1 ” မိုးကြိုး သွား ပေ့ပေ့ ”
°°°
ပေ့ပေ့က အထိတ်တလန့်နဲ့ ပြောလာခဲ့ပါတယ်။
” ညီငယ်လေးဟို့ အခုဒီကိစ္စကို သေချာစဉ်းစားဖို့လိုတယ်နော် မျိုးနွယ်စုတစ်ခုကို ၀င်ရောက်တာက သေးငယ်တဲ့ကိစ္စမဟုတ်ဘူး….ငါတို့ ထန်မျိုးနွယ်က အတော်လေးကျဆင်းနေပြီးဖြစ်ပေမဲ့ ပြောပြီတဲ့စကားကို ပြန်မရုတ်သိမ်းတတ်ဘူး ဒါ့အပြင် ငါတို့က မိုးအောက်မြေပြင်မှာ နံပါတ်တစ်မျိုးနွယ်ဖြစ်ခဲ့ဖူးတဲ့ သမိုင်းလဲရှိနေသေးတယ်…အကယ်၍ အနာဂတ်မှာ ဆုံးဖြတ်ချက်ကို နောင်တရခဲ့ပြီး မျိုးနွယ်စုကို သစ္စာဖောက်ချင်တယ်ဆိုရင် ထန်ယာ့ပဲဖြစ်စေ ငါပဲဖြစ်စေ ဘယ်သူကမှ မင်းကို ခွင့်လွှတ်မှာမဟုတ်ဘူး ”
ဟို့ယွိဟောင်က ခေါင်းညိတ်ပြီး ပြောလာခဲ့ပါတယ်။
” အစ်ကိုကြီးပေ့ ကျွန်တော်ဒီကိစ္စကို သေချာ စဉ်းစားပြီးပြီ ကျွန်တော်မှာ ဆွေမျိုးတွေလဲ မရှိတော့ဘူး…အသက်ကလဲ ငယ်ရွယ်လွန်သေးတယ်.. အပြင်လောကက ဘယ်လောက်အန္တရာယ်များလဲဆိုတာ ဒီတစ်ခေါက်သစ်တောဆီကိုထွက်လာပြီတော့မှသာ ကျွန်တော်သိတာ ကျွန်တော်ဝိညာဉ်ပညာရှင်တွေထဲမှာ အင်အားကြီးပြီး ထူးချွန်တဲ့သူဖြစ်ချင်တယ်…ထန်မျိုးနွယ်ကို ၀င်ရောက်တာက ကျွန်တော်အတွက် အောင်မြင်ဖို့အကောင်းဆုံးနည်းလမ်းပဲ ထန်မျိုးနွယ်က ကျွန်တော်ကို အမျက်ဒေါသ ကျောင်းတော်ဆီ ၀င်ရောက်ခွင့် ပေးနိုင်ရုံတင်မကဘူး အစ်ကိုတို့နှစ်ယောက်ဆီကလဲ နောက်ထပ် လမ်းညွှန်ချက်တွေ ရနိုင်သေးတယ်…ဒါ့အပြင် အစ်ကိုတို့နှစ်ယောက်စလုံးကို ကျွန်တော်ယုံတယ်…ကျွန်တော်ကို ထန်မျိုးနွယ်ရဲ့ လက်ရှိကြုံတွေ့နေရတဲ့ ကိစ္စတွေကို ပြောဝံ့ပြီဆိုမှတော့ ရိုးရိုးသားသား ဖြောင့်ဖြောင့်မတ်မတ်နဲ့ လုပ်ဆောင်ကြမယ်ဆိုတာကို ကျွန်တော်ခံစားမိပါတယ်…ထန်မျိုးနွယ်ကို ကျွန်တော်၀င်ရောက်ပြီ အစ်ကိုတို့နှစ်ယောက်နဲ့အတူတူ ပြန်လည်တောက်ပလာအောင် လုပ်ချင်တယ် ”
” ကောင်းလိုက်တာ ငါတောင်မှ နင်လောက်မပြောတတ်ဘူး ”
ထန်ယာ့က ဟို့ယွိဟောင်ကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ ထွေးပွေ့လို့ထားခဲ့ပါတယ်။ ပေ့ပေ့ကလဲ ခေါင်းညိတ်ရင်း ဟို့ယွိဟောင်ကိုကြည့်နေခဲ့တယ်။ သူ့ရဲ့ စိတ်ထဲမှာလဲ အတူတူပါပဲ။ ဟို့ယွိဟောင်က သူ့နဲ့သက်တူရွယ်တူ ကလေးတွေထက်အများကြီး ပိုပြီး ရင့်ကျက်နေတာကို သူသတိထားခဲ့မိတယ်။ အသက်ဆယ့်နှစ်ကျော်ပြီမှသာ ပထမဆုံးဝိညာဉ်စက်ကွင်းကို ရရှိပြီ ပါရမီက အရေးကြီးပေမဲ့ ကြိုးစားတဲ့ကိစ္စကတော့ မဖြစ်မနေလိုအပ်တဲ့အရာပါပဲ။ ဒါ့အပြင် ထူးခြားတဲ့ ဝိညာဉ်အမျိုးအစားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရုံတင်မက ထန်မျိုးနွယ်စုအတွက် သူ့ကို စျေပေါပေါနဲ့ ရလိုက်တယ်လို့တောင် ပြောလို့ရနေခဲ့တယ်။
ထန်ယာ့ရဲ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေတဲ့ မွှေးပျံ့တဲ့ရနံ့ကြောင့် ဟို့ယွိဟောင်ရဲ့မျက်နှာက ချက်ချင်းဆိုသလို နီရဲသွားပါတော့တယ်။ သူလုံး၀ကို မလှုပ်ရှားဝံ့ပဲ ဒီအတိုင်းကြောင်တောင်တောင်လေးနဲ့သာ ရပ်နေခဲ့တယ်။
ဒီအခြေအနေကနေ သူ့ကိုဆွဲထုတ်လာသူကတော့ ပေ့ပေ့ပါပဲ။
” ဆရာမရှောင်ယာ ”
ဒီတစ်ကြိမ်မှသာ ထန်ယာ့က ဟို့ယွိဟောင်ကို လက်ထဲကနေ လွှတ်လိုက်ပါတယ်။ သူမက သူ့ကိုပြုံးပြီတော့ ကြည့်နေခဲ့တယ်။ အတော်လေးကို သဘောကျနှစ်ခြိုက်နေပုံပါပဲ လက်ရှိအချိန်မှာ သူ၀န်မခံချင်ပေမဲ့ ထန်မျိုးနွယ်ကို ဟို့ယွိဟောင်၀င်လာစေဖို့အတွက် အဓိကသိမ်းသွင်းစေချင်ခဲ့တဲ့ အရာပါ။ သူ့ရဲ့ ငါးကင်တာ ကောင်းလွန်လို့ပါပဲ။
“မောင်ငယ်လေးယွိဟောင် အခုအချိန်ကနေစပြီ ငါတို့တွေ နည်းလမ်းကျကျ သွားကြတာပေါ့ ငါတို့ထန်မျိုးနွယ်က လက်ရှိအချိန်မှာ လူသုံးယောက်ပဲ ရှိပေမဲ့ ငါတို့မှာအဲ့လောက် စည်းမျဉ်းတွေအများကြီးမရှိဘူး…ငါတို့မျိုးနွယ်စုက လူဖြစ်လာပြီဆိုရင် ငါ့ကို ဆရာမလို့ခေါ်ရမယ်..အနာဂတ်မှာလဲ ငါတို့ထန်မျိုးနွယ်ရဲ့ လူတစ်ယောက် ဖြစ်လာတော့မယ်မဟုတ်လား ”
ထန်ယာ့က ခိုင်ခိုင်မာမာ ပြောလာခဲ့တယ်။
ဟို့ယွိဟောင်ကလဲ ခေါင်းညိတ်ရင်း ထန်ယာ့ရဲ့ ရှေ့မှာဒူးထောက်ပြီး အရိုအသေပြုပါတော့တယ်။
” တပည့်သားဟို့ယွိဟောင်ဆရာကို ဂါရဝြပုပါတယ် ”
ထန်ယာ့ကတော့ အဲ့ဒီနေရာမှာ မလှုပ်မယှက်သာ ရပ်နေခဲ့တယ်။ သုံးကြိမ်သုံးခါတိတိ အရိုအသေပေးမှုကို လက်ခံပြီးမှသာ သူ့ကို တွဲထူးပေးပါတယ်။
” ကောင်းပြီ ယွိဟောင် အနာဂတ်ကနေစပြီ မင်းက ဆရာရဲ့ဒုတိယတပည့်သားပဲ ဆရာတို့အစ်ကိုကြီးကို အသိအမှတ်ပြုပါ ”
သူက ပေ့ပေ့ကို လက်ညိုးထိုးပြလိုက်တယ်။
” ဆရာတူအစ်ကိုကြီးကို အရိုအသေပြုပါတယ် ”
ဟို့ယွိဟောင်က ဒီတစ်ကြိမ်မှာ ပေ့ပေ့ကို ဦးညွတ်လိုက်တယ်။
” အဲ့ဒီလောက်ကြီး အရိုအသေပြုဖို့ မလိုပါဘူး ဆရာတူညီလေး ငါတို့တွေ အနာဂတ်မှာ မိသားစုဖြစ်လာမှာပဲလေ ”
ထန်ယာ့ကတော့ စိတ်အေးလက်အေးဖြစ်သွားပုံပါပဲ။
” ယွိဟောင် နင်လဲ အနာဂတ်မှာ ပေ့ပေ့လိုမျိုး ငါ့ကို ဆရာရှောင်ယာလို့ခေါ်သင့်တယ်…ဒါပေမယ့် သူ့လိုမျိုး သိပ်ပြီးတွယ်ကပ်မနေနဲ့ နားလည်တယ်မလား ”
” နားထောင်ပါ့မယ်ဆရာ “‘
အရိုအသေပြုပြီတဲ့နောက် ဟို့ယွိဟောင်က အတော်လေးကို စိတ်အေးသက်သာရာ ရသွားခဲ့ပါတော့တယ်။ လက်ရှိအချိန်သူ့နှလုံးသားထဲမှာရှိတဲ့ ဗဟာဟင်လင်ကြီးကလဲ အတော်လေးကို တည်ငြိမ်နေခဲ့ပါပြီး ထန်မျိုးနွယ်ကို ၀င်ရောက်တာက သူ့နှလုံးသားထဲမှာ စိတ်ချလုံခြုံမှုကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ ဒီခံစားချက်က မတွေ့ကြုံရတာ အတော်ကို ကြာမြင့်နေခဲ့ပြီ။
ရှောင်ယာက လက်ကိုခါရင်း စာအုပ်တစ်အုပ်ကို ဆွဲထုတ်လာခဲ့ပါတယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ဆီကို ပေးလိုက်တယ်။
“‘ယွိဟောင်က ဒါက ငါတို့ထန်မျိုးနွယ်ရဲ့ ထူးဆန်းကောင်းကင်ရတနာမှတ်တမ်းပဲ ဒါ့အပြင် လျှို့ဝှက်နည်းလမ်းတွေကိုလဲ အထဲမှာ မှတ်တမ်းထင်ထားတယ်…ဒီအထဲမှာ ထူးဆန်းကောင်းကင်နည်းလမ်းက အရာအားလုံးရဲ့ အခြေခံပဲ အကယ်၍ ဒါကိုအသုံးပြုပြီး တရားထိုင်မယ်ဆိုရင် သေချာပေါက် ကျင့်ကြံတဲ့အရှိန်နှုန်းက တိုးမြင့်လာလိမ့်မယ်..လက်ရှိအချိန် နင်ရဲ့ကျင့်ကြံတဲ့နှုန်းက အတော်လေးကို နှိမ့်ပါးလွန်နေတာကြောင့် ကျင့်ကြံတဲ့နည်းလမ်းကို ပြောင်းရမယ်…ဘယ်လိုမကောင်းတဲ့အကျိုးဆက်မှရှိလာမှာမဟုတ်ဘူး ”
” အဲ့ဒီနောက် ပေ့ပေ့နဲ့ ငါက နောက်ထပ် လမ်းညွှန်ပေးမယ် ထူးဆန်းကောင်းကင်နည်းလမ်းအပြင် ထူးဆန်းကောင်းကင်ရတနာမှတ်တမ်းထဲမှာ နောက်ထပ် လျှို့ဝှက်နည်းလမ်းငါးခုထပ်ရှိနေသေးတယ်…အဲ့ဒါတွေက ထူးဆန်းကျောက်စိမ်းလက် အဲ့ဒါကလူတစ်ယောက်ရဲ့ လက်ကို အဓိကလေ့ကျင့်တဲ့အရာ နောက်ထပ်တစ်ခုက ခရမ်းရောင်နတ်ဆိုးမျက်လုံး အဲ့ဒါက မျက်လုံးကို လေ့ကျင့်ပေးတာပဲ နောက်တစ်ခုကတော့ ကြိုးကြာထိန်းချုပ်နဂါးဖမ်းဆီးဆိုတဲ့နည်းလမ်း ဒါက သားရဲကောင်တွေကို ဖမ်းဆီးတာ နောက်တစ်ခုကတော့ သရဲအရိပ်လှည့်စားမှုလမ်းကြောင်းပဲ ဒါက အရှိန်နှုန်းနည်းလမ်းလဲ ဟုတ်သေးတယ်….ဒါ့အပြင် လျှို့ဝှက်လက်နက်တွေကို အသုံးပြုတဲ့ လျှို့ဝှက်လက်နက်ရာချီခွဲခြားမှုလဲ ထပ်ရှိတယ်…အဲ့ဒီထဲမှာ အကျော်ကြားဆုံးနည်းလမ်းကတော့ ငါတို့ရဲ့ လျှို့ဝှက်လက်နက်တွေကို အသုံးချတဲ့နည်းလမ်းပဲ ဒါကို အသုံးမပြုခင်မှာ အခြေခံကောင်းကောင်းရှိမှရမယ်…ဒါကြောင့် ပထမနည်းလမ်းငါးခုကို အရင်ဆုံးစပြီတော့ လေ့ကျင့်ရမယ်…အနာဂတ်မှာ လက်နက်ပုန်းတွေကို ဘယ်လိုသုံးရမလဲဆိုတာ ဆရာမင်းကိုသင်ပေးမယ် ”
” အစောပိုင်းမှာ ငါတို့ရဲ့ ထန်မျိုးနွယ်က မင်းနဲ့သင့်တော်တဲ့ လျှို့ဝှက်နည်းလမ်းတစ်ခု ရှိတယ်တိုတာကို ပြောခဲ့တယ်မဟုတ်လား အဲ့ဒါကို ခရမ်းရောင်နတ်ဆိုးမျက်လုံးကို ပြောတာပဲ ဒါက မျက်လုံးကို အဓိကလေ့ကျင့်တဲ့ နည်းလမ်းဖြစ်တာကြောင့် အားကောင်းတဲ့စိတ်ဝိညာဉ်စွမ်းအားတိုက်ခိုက်မှုကို ထုတ်လွှတ်ဖို့အတွက် အဆင်သင့်ဖြစ်လာလိမ့်မယ်…ဒါ့အပြင် မင်းရဲ့ စိတ်ဝိညာဉ်မျက်လုံးကလဲ ဒီနည်းလမ်းထက် ပိုပြီး သင့်တော်မဲ့အရာမရှိတော့ဘူး ..ဒါကို တတ်နိုင်သလောက် များများကျင့်ကြံပေး ”
ထူးဆန်းကောင်းကင်ရတနာမှတ်တမ်းကို ရရှိပြီတဲ့နောက် ဟို့ယွိဟောင်က သူ့အင်္ကျီထဲကို ဂရုတစိုက် ထည့်လိုက်ပါတော့တယ်။
” ကျေးဇူးအများကြီးတင်ပါတယ် ဆရာ ကျွန်တော်သေချာပေါက် နည်းလမ်းတွေကို ကြိုးစားအားထုတ်ပြီ ကျင့်ကြံပါ့မယ် ”
ပေ့ပေ့ကလဲ သူ့ရဲ့ခါးပတ်ကို ထိတွေ့လိုက်တယ်။ သူ့ရဲ့ခါးပတ်က အနက်ရောင်ဖြစ်ပြီး ပတ်ပတ်လည်မှာ ကျောက်စိမ်းတွေကို နစ်မြုပ်ထားတဲ့ ခါးပတ်ပါ။
” ညီလေး ငါမင်းကို ဘိုးဘေးကြီးထန်စန်း တစ်ကြိမ်တစ်ခါတုန်းက အသုံးပြုခဲ့တဲ့ လရောင်ဖြာတံတား နှစ်ဆယ့်လေးစင်းနည်းလမ်းကို ပေးမယ်…ဒါကို ဆရာတူအစ်ကိုကြီးဆီက တွေ့ဆုံတဲ့ လက်ဆောင်လို့ပဲ သဘောထားလိုက် ဒါကိုသယ်သွားမယ်ဆိုရင် မင်းအတွက် တန်ဖိုးရှိနေတာထက်ကို ပိုနေလိမ့်မယ် ”
ပြောပြီးချိန်မှာပဲ ပေ့ပေ့က ခါးပတ်ကို ဟို့ယွိဟောင်ရဲ့ ခါးမှာပတ်ပေးလိုက်ပါတယ်။ အဲ့ဒီနောက် အသုံးပြုရမဲ့ နည်းလမ်းတွေကိုလဲ ပြောပြပေးတယ်။ ကျောက်စိမ်းနှစ်ဆယ့်နဲ့လေးခု နစ်မြုပ်ထားတဲ့ဒီခါးပတ်က တစ်ခုချင်းဆီတိုင်းမှာ မီတာ၀က်ကျော်ကျယ်တဲ့လေဟာနယ်တွေ ရှိနေပြီး ပစ္စည်းတွေအများကြီးကို ထည့်သွင်းနိုင်ပါတယ်။ ဟို့ယွိဟောင်က သူ့ရဲ့ ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး ခါးပတ်ကို အသုံးချရုံပါပဲ တကယ်ကို သင့်တော်တဲ့ဝိညာဉ်ပစ္စည်းတစ်ခု ဖြစ်နေခဲ့တယ်။
ဟို့ယွိဟောင်ရဲ့ နုံနည်းတဲ့ပါရမီက သူ့ခန္ဓာကိုယ်အခြေအနေကို ထင်ဟပ်နေစေခဲ့ပါတယ်။ ဒါပေမယ့် သူက အရမ်းကိုထက်မြက်တဲ့လူတစ်ယောက်ဖြစ်တာကြောင့် အချိန်အနည်းငယ်ကြိုးစားပြီချိန်မှာ ခါးပတ်ကို ကောင်းကောင်းအသုံးချနိုင်သွားခဲ့တယ်။ ဒါပေမယ့် ထိန်းချုပ်ဖို့ ကြိုးစားသင်ယူနေရင်း ဝိညာဉ်စွမ်းအားတွေက အများကြီး ကုန်ဆုံးလို့ သွားခဲ့ပါပြီ။
ထန်ယာ့က ပြောလာခဲ့တယ်။
” ယွိဟောင် ဒီနေရာမှာ မင်းရဲ့ဆရာတူအစ်ကိုကြီးနောက် ငါလိုက်လာခဲ့တာ မင်းနဲ့ရည်ရွယ်ချက်အတူတူပဲ ဝိညာဉ်သားရဲကောင်တစ်ကောင်ကို သတ်ပြီး ဝိညာဉ်စက်ကွင်းကို လိုချင်လို့ ဒါကြောင့် ငါတို့နောက်ကိုလိုက်ခဲ့ ဒီရကိစ္စတွေပြီရင်း အမျက်ဒေါသကျောင်းတော်ဆီ ပြန်ခေါ်သွားမယ် ”
” ကောင်းပါပြီ ဆရာ ”
ဟို့ယွိဟောင်က ချက်ချင်းဆိုသလို တလေးတစား ပြန်ဖြေလိုက်ပါတယ်။
” ငါ့ကိုမင်းဆရာအဖြစ် သတ်မှတ်လိုက်ပြီဆိုပေမဲ့ အများကြီးထိန်းသိမ်းနေဖို့ မလိုဘူး ထန်မျိုးနွယ်က ငါတို့သုံးယောက်ပဲ ရှိတာကြောင့် အရင်ခေတ်ဟောင်းပုံစံ ဘာတွေများလုပ်ဖို့လိုဦးမှာလဲ ”
ပေ့ပေ့ကတော့ မကျေမနပ်နဲ့ ပြောလာခဲ့ပါတယ်။
” မင်းလိုဆရာမျိုးနဲ့သာဆိုရင် ဘယ်တပည့်သားက မင်းကို ဒီလောက်လေးစားပါဦးမလဲ အခုမှောင်နေပြီ မြန်မြန်လေးသွားကြရအောင် ငါတို့ကံကောင်းမယ်ဆိုရင် သတ်ဖြတ်ဖို့အတွက် သင့်တော်တဲ့သားရဲကောင်တစ်ကောင်လောက် တွေ့မှာပေါ့ ”
” သွားကြမယ်လေ ”
ထန်ယာ့က ခေါင်းညိတ်လိုက်ပါတယ်။ အဲ့ဒီနောက် ထန်ယာ့က ဦးဆောင်ရင်း ပေ့ပေ့ကတော့ နောက်ကနေ လိုက်လာခဲ့တယ်။ ဟို့ယွိဟောင်ကိုလဲ လက်ကနေဆွဲပြီး ခေါ်လာခဲ့ပါတယ်။ သူတို့သုံးယောက်အရှိန်မြင့်ပြီး တောထဲကို ၀င်ရောက်လို့သွားခဲ့တယ်။
ပထမဝိညာဉ်စက်ကွင်းကို ရရှိပြီးတဲ့နောက် ဟို့ယွိဟောင်က သူ့ရဲ့ကျင့်ကြံဆင့်အများကြီးမြင့်တက်လာတာကို ခံစားမိနေခဲ့ပါပြီး အထူးသဖြင့် သူ့ခန္ဓာကိုယ်က ခရီးစဉ်တစ်လျှောက်မှာ ပိုလို့သက်သောက်သက်သာ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ထန်ယာ့တို့နဲ့ ယှဉ်လိုက်မယ်ဆိုရင် သူအရှိန်နှုန်းကတော့ အတော်လေးကို နှေးကွေးလို့နေခဲ့တယ်။ ပေ့ပေ့ရဲ့လက်ထဲကနေ စီးဆင်းလာတဲ့ ဝိညာဉ်စွမ်းအားတစ်ချို့ကြောင့်သာ လမ်းခရီးမှာ ပိုပြီး အဆင်ပြေနေတာပါ။ ပြောရမယ်ဆိုရင် ပေ့ပေ့က သူ့ကို လမ်းတစ်လျှောက်လုံးချီခေါ်သွားသလိုပါပဲ။ တစ်ဖက်မှာ ဟို့ယွိဟောင်ကိုယ်တိုင်းက အများကြီး အားထုတ်စရာမလိုပဲ ရှိနေခဲ့တယ်။
သူတို့ပြေးနေချိန်မှာ ပေ့ပေ့က ဟို့ယွိဟောင်ကို ပြောလာခဲ့ပါတယ်။
” ဆရာတူညီလေး ငါတို့ထန်မျိုးနွယ်ရဲ့ ထူးဆန်းကောင်းကင်နည်းလမ်းက လက်ရှိအချိန် တိုက်ကြီးမှာ အကောင်းဆုံးကျင့်ကြံတဲ့နည်းလမ်းအဖြစ် တည်ရှိနေတယ်…ဒါကိုသေသေချာချာ ကျင့်ကြံမယ်ဆိုရင် သေချာပေါက် အကျိုးအမြတ်ရမှာပဲ ထူးဆန်းကောင်းကင်နည်းလမ်းကို လေ့ကျင့်တဲ့အချိန်မှာ အသုံး၀င်မဲ့ လှည့်ကွက်လေးတွေကို ငါမင်းကို ပြောပြပေးမယ်…ဒါတွေကို သေချာမှတ်ထား ”
” ကောင်းပါပြီ ”
ဟို့ယွိယောင်က ခေါင်းညိတ်ရင်း ပေ့ပေ့ရဲ့ရှင်းပြချက်တွေကို အလေးအနက် လာနားထောင်ပါတော့တယ်။
ပေ့ပေ့က အပြင်ပိုင်းရုပ်သွင်မှာ ထက်မြက်ထူးချွန်တဲ့ပုံစံ ပေါက်နေရုံတင်မကဘူး အတော်ကို နူးညံ့ညင်းသာပြီ စိတ်ရှည်တဲ့သူတစ်ယောက်လဲ ဖြစ်နေခဲ့တယ်။ ထူးဆန်းကောင်းကင်နည်းလမ်းကို ကျင့်ကြံဖို့ အသေးစိတ်ရှင်းပြချိန်မှာ အတော်ကို စိတ်ရှည်ပြီး ရှင်းရှင်းလင်းလင်းလဲ ပြောပြခဲ့ပါသေးတယ်။ ဟို့ယွိယောင် နားမလည်သမျှကို ရိုးရိုးရှင်းရှင်းနဲ့ နားလည်အောင် ကူညီပေးတာကြောင့် ဟို့ယွိဟောင်လဲ ဒီနည်းလမ်းထဲမှာပိုပြီး နစ်မြုပ်လို့သွားတယ်။
အရှေ့မှာလျှောက်နေတဲ့ ထန်ယာ့ကတော့ ဒီအရာတွေကို ပေ့ပေ့လောက် ရှင်းမပြတဲ့အတွက်ပါးစပ်သာပိတ်နေခဲ့တယ်။ တကယ်တမ်း ဖြစ်ရမှာက သူသင်ကြားပေးရမှာပါ။ ထန်မျိုးနွယ်ရဲ့ မျိုးနွယ်စုခေါင်းဆောင်အနေနဲ့ သူမကိုယ်တိုင်းကိုယ်က ဆရာတစ်ယောက်ဖြစ်ဖို့ အရည်အချင်းမရှိဘူး ဖြစ်နေခဲ့တယ်။
အပိုင်း ၄•၁ ပြီး၏။