Switch Mode

Chapter – 37

ထိုးဖောက်ဝင်ရောက်သူ တစ်ယောက်လား။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၃၇။ ထိုးဖောက်ဝင်ရောက်သူ တစ်ယောက်လား။

စာအုပ်က အလွန်ထူ၏။ ကျင့်စဥ်တစ်မျိုး ဖြစ်ပုံမပေါ်ဘဲ အတွင်း၌ လျှို့ဝှက်မှတ်တမ်းများစွာ ပါရှိသည်။
ယဲ့ရှောင်က ညနေခင်း အလုပ်ဆင်းရတော့မည့်အချိန် ရောက်နေပြီဖြစ်တာကို မြင်သည့်အခါ စာအုပ်ပိတ်လိုက်တော့သည်။ ထိုစာအုပ်က ကြယ်တာရာသားရဲများ ကျူးကျော်သည့် နှစ်ကာလ အပိုင်းအခြားကို ရေးထားပြီး လူသားများက ကြယ်တာရာသားရဲကပ်ဘေးကို ခုခံကြပုံများ ပါဝင်သည်။
ယဲ့ရှောင် ယခင်စာအုပ်များမှ ဖတ်ရှုထားပုံအရ ရှေ့တန်းသည် ကြယ်တာရာသားရဲများ၏ သက်ရောက်မှုကို ဖိနှိပ်နိုင်စွမ်းမရှိပဲ ရှေ့တန်း၌ နေရာလွတ်များ ဖြစ်စေခဲ့ပြီး ကြယ်တာရာသားရဲတစ်စုကို ဝင်ခွင့်ပေးမိခဲ့၏။ ရှေ့ဦးစွာ ယင်းက ထိုးစစ်ကို တားဆီးနိုင်သည့် ဒုတိယအချက်အနေဖြင့် နောက်တန်းဆီသို့ လူသားမျိုးနွယ်စု၏ အရည်အချင်းကို မြှားနိုင်သည်။
ထိုစာအုပ်ထဲတွင် မှတ်တမ်းတင်ထားသည်က အနှစ်တစ်ရာကျော်ခန့်က ဖြစ်ပွားခဲ့သော ကြယ်တာရာသားရဲကပ်ဘေးအကြောင်း မှတ်တမ်းတင်ထားပြီး လူသားမျိုးနွယ်စု ထိခိုက်မှု ဖြစ်ပွားခဲ့သည့် အချိန်လည်းဖြစ်သည်။
မှတ်တမ်းအရ ကြယ်တာရာသားရဲကပ်ဘေးသည် လူသားသမိုင်းကြောင်းထဲ၌ အကြီးမားဆုံးကပ်ဘေးတစ်ခု မဟုတ်သော်ငြား စီရင်စု (၉ )ခုလုံးကို သုတ်သင်ရှင်းလင်းနိုင်လုနီးပါး ဖြစ်ခဲ့သည်။
ယင်းက စီရင်စု( ၉ )ခု၏ သမိုင်းကြောင်းထဲတွင် အကြီးမားဆုံး ကျူးကျော်မှု ကပ်ဘေးဟု ဆိုနိုင်ပေ၏။
ဤလောကထဲတွင် နိုင်ငံကြီးများစွာက သားရဲကပ်ဘေးကို စီရင်စု ၉ စုဆီသို့ မောင်းထုတ်ရန် အတူတကွ ပူးပေါင်းခဲ့ကြပြီး စီရင်စု ၉ ခုက အခံရဆုံး ဖြစ်ခဲ့သည်။
စီရင်စု ၉ ခုထဲသို့ ကြယ်တာရာသားရဲများစွာ ဝင်ရောက်လာခဲ့ပြီး ထိုကာလအတွင်း သိုင်းပညာများ စွာလည်း မွေးဖွားလာခဲ့၏။
ကျန်းဟိုင်မြို့နှင့် ကျန်သည့်မြို့များသို့ ရောက်လာသော ကြယ်တာရာသားရဲက ဘုရင်အေးအ်ဟု ခေါ်သည်။ ယင်းက နဂါးအမျိုးစား၊ သွေးအမျိုးစားရှိသော အစွမ်းထက် ကြယ်တာရာသားရဲတစ်ကောင် ဖြစ်သည်။
ဒဏ္ဍာရီအဆိုအရ ယင်းသည် သေသူကို ပြန်အသက်သွင်းပေးနိုင်သော အရည်အချင်း ရှိပေ၏။ လက်တစ်ဖက် သို့မဟုတ် အသားတစ်စ ကျန်နေသရွေ့နောက်ဆုံးတွင် အသက်ပြန်ရှင်နိုင်သည်။ အသက်ပြန်ရှင်လာချိန်တိုင်းတွင် သူ၏ ခွန်အားက အထွတ်အထိပ် အခြေအနေသို့ ပြန်ရောက်ရှိမှာပဲ ဖြစ်၏။
ထိုတိုက်ပွဲက အင်မတန် ဆိုးရွားခဲ့သည်။ ကျုံးစီရင်စုအတွင်းရှိ ကျန်းဟိုင်မြို့က အံ့ဖွယ်ချီရှန်းတစ်ဦးနှင့် မဟာဂိုဏ်း (၈)ဦး စတေးခဲ့ရသည်။ ဒီတော့မှ သူတို့က ၄င်း၏ ရုပ်ခန္ဓာကို အပိုင်းများခွဲပြီး ချိတ်ပိတ်ထားနိုင်ခဲ့တာ ဖြစ်သည်။
” ဒီဇာတ်ကွက်က ”
ယဲ့ရှောင်က နက်နဲစွာ တွေးလိုက်မိ၏။ ဒီအရာက ရင်းနှီးနေသလိုပဲနော်။ ဝတ္ထုတစ်အုပ်ထဲက အင်မတန် ဆင်တူတဲ့ ဇာတ်ကွက်တစ်ခုပဲလေ။ ဘုရင်အေးအ်ရဲ့ မြေပုံက ဘုရင်အေးအ်ရဲ့ ရုပ်ခန္ဓာတည်ရှိတဲ့နေရာကို ပြဖို့ သုံးနိုင်တာများလား။ မြေပုံကို ရပြီးသွားရင် ဘုရင်အေးအ်ရဲ့အလောင်း အပိုင်း (၇ )ပိုင်းကို စုဆောင်းပြီး ဘုရင်အေးအ်ကို အသက်ဝင်အောင် ပြန်ဆင့်ခေါ်မှာလား ”
ဒါပေမဲ့ မြို့စောင့်တပ်ဖွဲ့ရဲ့ ကျားနတ်ဆိုးနဲ့ မိစ္ဆာဝိညာဥ်ကြားမှာ သက်ဆိုင်မှုတစ်ခုခု ရှိနေတာများလား။ ဆက်နွယ်မှု ရှိနေခဲ့မယ်ဆိုရင် ကျန်းဟိုင်မြို့ထဲမှာ မိစ္ဆာဝိညာဥ်တစ်ကောင်ထက် ပိုရှိနေတယ်လို့ ဆိုလိုတာပဲ။
နောင်ကျ ပြဿနာများစွာ ဖြစ်ပွားတော့မည့် ပုံရသည်။
ယဲ့ရှောင်က သက်ပြင်းအနည်းငယ်ချပြီး ကြယ်စုံသော ကောင်းကင်အောက်ရှိ ဒဏ္ဍာရီကို စာအုပ်စင်ပေါ်သို့ ပြန်တင်လိုက်သည့်အချိန်တွင် ရင်းနှီးနေသော အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။
” မင်းရော အဲ့ဒီစာအုပ်တွေ ဖတ်ရတာ သဘောကျတာလား ”
ယဲ့ရှောင်က တစ်ချက် လှည့်ကြည့်လိုက်သည်။
” မစ္စတာ ယန် ”
ပေါ်ပေါက်လာသူက ရာထူးခန့်အပ်ရေးဌာန၏ခေါင်းဆောင် ယန်ကျန့်ယီ ဖြစ်သည်။ အချိန်အတိုင်းတာတစ်ခုအထိ သူက ယဲ့ရှောင်၏ အထက်လူကြီးအဖြစ် သတ်မှတ်နိုင်သည်။
” ငါ မင်းကို မနှောင့်ယှက်မိပါဘူးနော်”
ယန်ကျန့်ယီက ပြုံးလိုက်လေ၏။
ယဲ့ရှောင်က ခေါင်းညိတ်လိုက်သည်။
” မနှောင့်ယှက်ပါဘူး ”
” ဒီစာအုပ်ကို ဘာကြောင့် စိတ်ဝင်တစား ဖတ်နေတာလဲ ”
” ကျွန်တော် ဘာမှလုပ်စရာ မရှိဘူးလေ။ ဒီစာအုပ်ကို စိတ်ဝင်စားတယ်လို့ တွေးမိတာကြောင့် ကြည့်မိရုံပါပဲ။ မစ္စတာ ယန် ဒီစာအုပ်ကို အရင်က ဖတ်ဖူးလား ”
“နည်းနည်းပါပဲ။ သက်ကြီးမျိုးဆက်က ရေးခဲ့တာလေ။ ငါ့ရဲ့ ခယ်မတော့ အတော်ရောင်းကောင်းခဲ့တာပဲ။ မင်းရဲ့ အတွေးကရော ဘယ်လိုလဲ ”
” ဒီအကြောင်း များများစားစား ပြောစရာ မရှိပါဘူး။ လူသားမျိုးနွယ်စုအတွက် ရပ်တည်ပေးခဲ့ကြတဲ့ အံ့ဖွယ်နဲ့ မဟာဂိုဏ်းတွေက အတော်လေး သနားဖို့ ကောင်းသလို သူရဲကောင်းဆန်တယ်လို့လည်း ခံစားမိရုံပါပဲ။ လေးစားဖို့ ကောင်းတယ် ”
” ဒီလိုမျိုးတွေးတာ မင်းအတွက် ရှားတယ်နော်။ အခုချိန်မှာ သမိုင်းကို မှတ်မိတဲ့သူက များများစားစား မရှိတော့ဘူး ”
ဒင်။
နာရီသံ ပေါ်ထွက်လာပြီး ယဲ့ရှောင်က စာအုပ်စင်ပေါ်သို့ စာအုပ်ပြန်တင်လိုက်၏။
” အလုပ်ဆင်းဖို့အချိန် ရောက်ပြီ ဆရာ။ ဘာမှမရှိတော့ရင် ကျွန်တော် သွားနှင့်မယ် ”
ယန်ကျန့်ယီက ခေါင်းညိတ်လိုက်ပြီး ကြင်နာစွာ ပြုံးလိုက်လေ၏။
” သွား သွား ။ လမ်းမှာ ဂရုစိုက် ”
ယဲ့ရှောင် ထွက်သွားသည်နှင့် ယန်ကျန့်ယီက သူ့နောက်ကျောကို စိုက်ကြည့်လိုက်သည်။ သူ့ မျက်နှာပေါ်ရှိ အပြုံးက တဖြည်းဖြည်းချင်း သံသယဝင်ပုံ ​ဖြစ်သွားတော့သည်။ သူက အတော်ကြာ တိတ်ဆိတ်နေပြီးနောက် စင်ပေါ်ရှိ စာအုပ်ကို တစ်ချက်ကြည့်လိုက်၏။
ငါ အတွေးလွန်နေတာ ဖြစ်နိုင်ပါတယ်။
ယဲ့ရှောင်က ဟွမ်လျိုလီကို ချီရန် တတိယအလွှာသို့ ပြန်သွားလိုက်သည်။ သူတို့ နှစ်ယောက်က အလွန်ဝေးကွာနေသောကြောင့် သူ၏ ဝိညာဥ်စွမ်းအင်ဖြင့် သူမကို ဆင့်ခေါ်နိုင်ခြင်း မရှိပေ။ သူ ထိုသို့ ပြုလုပ်နေသည်ကို တစ်စုံတစ်ယောက်တွေ့ခဲလျှင် သူတို့ အတွေးလွန်မည်မှာ မလွှဲမသွေပင် ဖြစ်သည်။ ထိုကဲ့သို့သော သူအပေါ်ထပ် တက်သွားသည့်အချိန်တွင် အနည်းငယ်ဇဝေဇဝါ ဖြစ်သွားလေ၏။
” မစ္စတာယန်က နည်းနည်းထူးဆန်းတယ်။ ဒါပေမဲ့ သူ့မှာ ကြယ်တာသားရဲ အငွေ့အသက် မရှိဘူး။ ဒီတော့ သူတို့ရဲ့ အဖော်အပေါင်း မဟုတ်လောက်ဘူး ”
” ဒါပေမဲ့ သူရဲ့ ကျင့်ကြံဆင့်က သေချာပေါက် မနိမ့်ဘူးလေ ”
ယဲ့ရှောင်က တစ်ဖက်လူ သာမန်မဟုတ်မှန်း ဝေဝါးဝါးအာရုံခံမိသည်။ သို့သော် ချီရှန်းအဆင့်အထက် သိုင်းပညာရှင်များက သူတို့၏ ကိုယ်ပိုင်အရှိန်အဝါကို ပိတ်ဆို့ထားနိုင်၏။ ထို့ကြောင့် တစ်ဖက်သူ၏ ခွန်အားကို ရှာတွေ့ရန် အလွန်ခက်ခဲသည်။
သူသည် ခုနှစ်စင်ကြယ် ခမ်းနားသော ဆန်းကြယ်မှုကို အသုံးပြုခဲ့လျှင် ရှာဖွေဖော်ထုတ်နိုင်လောက်သည်။ သို့သော်ငြား အစောပိုင်းက သူတို့နှစ်ဦး နီးကပ်လွန်းနေ၏။ ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို အသုံးပြုခဲ့လျှင် သူ ထုတ်ဖော်ခံရနိုင်ခြေများသည်။ ယင်းက မတန်ပေ။
ထို့အပြင် သူ ယခင်ဘဝ၏ စာအုပ်များထဲတွင် စိမ့်ဝင်သူ အချို့လည်း ရှိပေ၏။ မစ္စတာယန်က သူတို့ဆီ ကျူးကျော်လာသူ ဖြစ်နိုင်သည်။
ထားလိုက်ပါတော့။ ကျင့်စဥ်လေးတွေရဲ့ တာဝန်တွေကို လုပ်ပေးရတာ ပုံမှန်ပါပဲ။ ဒီလို ဖြစ်နိုင်ချေက ရုပ်ရှင်ထဲမှာပဲ ရှိတာ။ တခြားသူရဲ့ အရေးကိစ္စကို ဝင်မစွက်ဖက်တာက ပိုကောင်းလိမ့်မယ်။ ရန်မစသင့်တဲ့သူကို ရန်လည်း မစတော့ဘူး။
သူ အပေါ်ထပ်သို့ တက်လာချိန်တွင် နဥ်ယွိဟန်က ကြမ်းတိုက်နေ၏။
အူး။ ဒီလူငယ်က တကယ်လုံ့လဝီရိယရှိတာပဲ။ သူက ယဲ့ရှောင်ရဲ့ ဧရိယာကိုတောင် ကြမ်းတိုက်ပေးနေတယ်။
ထိုလူသည် ဟို့ထျန်းပဥွမအဆင့် ဖြစ်သောကြောင့် ချွေးသိပ်မထွက်ပေ။ သူက နည်းနည်းမြန်မြန် တိုက်နေတာ ဖြစ်ကောင်းဖြစ်နိုင်၏။ သူ၏ မျက်နှာက အနည်းငယ်နီနေလေသည်။
” မစ္စတာယဲ့ ရောက်လာပြီပဲ ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” နေ့တိုင်း ကြမ်းတိုက်ဖို့ မလိုဘူး။ တတိယအလွှာမှာ လူကနည်းတယ်လေ။ တစ်ပတ်ကို နှစ်ကြိမ်၊ သုံးကြိမ်လောက် ကြမ်းတိုက်ရုံပဲ ”
နဥ်ယွိဟန်က ပြုံးပြီး ပြောလိုက်တော့သည်။
” ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် လုပ်စရာမှမရှိတာ။ လေ့ကျင့်ခန်းအနေနဲ့ သဘောထားလိုက်တာပဲ ”
” မင်းဒါကို သဘောကျတာ ကောင်းတယ်။ အလုပ်ဆင်းဖို့ အချိန်ရောက်ပြီ။ ညစာတူတူ စားကြရအောင် ”
” ဟုတ်ကဲ့ ” သူတို့နှစ်ယောက်နှင့် ကြောင်တစ်ကောင်က ညစာစားရန်အတွက် စားသောက်ဆိုင်သို့ သွားလိုက်သည်။ ဘေပေးဆောင်ရမည့် အချိန်ရောက်သည့်အခါ ယဲ့ရှောင်က ကတ်ဖြတ်ပြီး သူတို့နှစ်ဦးလုံးအတွက် ပေးလိုက်လေ၏။
နဥ်ယွိဟန်က အမြန်ပြောလိုက်တော့သည်။
” မစ္စတာယဲ့ ကျွန်တော့်ကို ကျွေးခွင့်ပေးပါ။ ဒီနေ့က ကျွန်တော်အလုပ် ပထမဆုံးရက်လေ။ ဘယ်လိုလုပ် ခင်ဗျားကို ဒကာခံခိုင်းတဲ့အထိ လူပါးဝမှာလဲ”
” အဆင်ပြေပါတယ်။ ကြမ်းပြင်ကို ကြမ်းတိုက်ပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ မှတ်လိုက် ”
ယဲ့ရှောင်က ပြောပြီးနောက် သူ၏ ပန်းကန်ကို သယ်သွားကာ ထိုင်ခုံတစ်လုံး ရှာလိုက်၏။ နဥ်ယွိဟန်ကလည်း မြန်မြန်လိုက်ပါလာတော့သည်။
” ကျေးဇူးပါ ဆရာ ”
ယုတ္တိရှိရှိဆိုရလျှင် ယဲ့ရှောင်က နဥ်ယွိဟန်၏ အထက်လူကြီး ဖြစ်သည်။ နဥ်ယွိဟန်အတွက် ကြမ်းတိုက်ဖို့ ကူညီပေးတာက ရေးကြီးခွင်ကျယ် မဟုတ်ပေ။ သို့သော် ယဲ့ရှောင်ကမူ သူ့အတွက် ဘေပေးချေပြီး ထမင်းတစ်နပ် ဒကာခံသေး၏။ သူက ကိန်းကြီးခန်းကြီး မနိုင်၊ အနိုင်ကျင့်တာမျိုး မရှိပေ။
ယဲ့ရှောင်သည် ဟွမ်လျိုလီအတွက် ဘဲအသဲတစ်စ ပေးလိုက်လေသည်။ သူက အရသာရှိသည့် စားစရာကို ခံစားနေစဥ် သမန်ကာလျှံကာ ပြောလိုက်တော့၏။
” ငါ့ကို ကျေးဇူးတင်ဖို့ မလိုဘူး။ သူများတွေဆီမှာအာဏာသုံးရတာ မကြိုက်ရုံပဲ။ ငါ သူများကို အကြွေးတင်တာလည်း မကြိုက်ဘူးလေ ”
” အခုခေတ်မှာ မစ္စတာယဲ့လိုလူက တော်တော်နည်းသွားပြီ ”
” ဟုတ်ပါပြီ။ လူအများစုက ကောင်းတာပဲ။ မင်း မတွေ့ဖူးသေးတာ ဖြစ်မှာ ”
နဥ်ယွိဟန်က ခေါင်းညိတ်လိုက်၏။ ယဲ့ရှောင်၏ အမူအရာ ပြောင်းလဲခြင်း မရှိ။ ပျော်ရွှင်မှု သိပ်မပြတာကို မြင်သောအခါ သူက စကားဆက်မပြောတော့ပေ။ ခေါင်းငုံ့ပြီး ညစာကို အရသာ ခံလိုက်၏။
ယဲ့ရှောင်က သူ့ကို အလိုလို ကြည့်လိုက်မိတော့သည်။
ဟင် ။ ဒီကလေးက ဖြည်းဖြည်းချင်း စားနေတယ်။ သူက သူကြွယ်မိသားစုက မိန်းမပျိုလေးတစ်ယောက်ရဲ့ အငွေ့အသက်မျိုး ရနေတာ။ သူ့ကို ဆွံ့အစေတာပဲ။
အမျိုးသားတစ်ယောက်သည် အသားများများဖြင့် အလုတ်ကြီးကြီး စားသင့်၏။ သို့မဟုတ် လူကြီးလူကောင်းတစ်ယောက်၏ ပျော်ရွှင်မှုဖြင့် အသားကို အေးအေးဆေးဆေး စားသင့်ပေသည်။ သို့သော် နဥ်ယွိဟန်ကဲ့သို့ တစ်စုံတစ်ယောက်ကို နားလည်ဖို့ကမူ အလွန်ခက်ခဲသည်။
သူစားတာ မပြီးသေးခင် ယဲ့ရှောင်၏ အိတ်ထဲရှိ ဖုန်းက မြည်လာတော့၏။ ဖုန်းခေါ်သူက ကုဟိုင်ဖြစ်နေတော့သည်။
” ဟယ်လို ။ ဘာကိစ္စလဲ ”
” လောင်ယဲ့ ။ ငါ့ကို တစ်ခုလောက်ကူဦး ။
မိစ္ဆာဝိညာဥ်တွေအကြောင်းပါတဲ့ စာအုပ်တချို့ ငါ့ဆီ ပို့ပေး ”
“အလုပ်ဆင်းရမဲ့ အချိန်ရောက်ပြီ။ ငါ မသွားဘူး ”
အပိုင်း ၃၇ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset