Switch Mode

Chapter – 34

အဖေ အဲဒီ ခြေဆေးရေက အေးလား။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၃၄။ အဖေ အဲဒီ ခြေဆေးရေက အေးလား။

ယဲ့ရှောင်က တံခါးဖွင့်လိုက်သည့်အချိန်တွင် ခပ်ဖိုင့်ဖိုင့် အမျိုးသမီးတစ်ဦးက မြင်ကွင်းထဲ ဝင်လာလေ၏။
” မင်္ဂလာပါ ”
ယဲ့ရှောင်က သူမကို ရိုးရိုးရှင်းရှင်း နှုတ်ဆက်လိုက်လေ၏။ သူမ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့်အချိန်တွင် သူ၏ မျက်လုံးက အနည်းငယ်ရှုပ်သွားသည်။
ပေါ့ပျက်ပျက်နိုင်သော နောက်ထပ် အမျိုးသမီးတစ်ဦး ဖြစ်သည်။
” ရှင်က ကျွန်မ အိမ်ကို ငှားလိုက်တဲ့ သူလား ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။ တစ်ဖက်သူက သူ့ကို ခေါင်းအစခြေအဆုံး ကြည့်လာပြီး သူမ၏ အကြည့်တို့က ပိုသိမ်မွေ့လာည်။
” လူငယ်လေး။ ရှင်က အတော်ချောတာပဲ ”
” ခင်ဗျား ကြင်နာလွန်းနေပါပြီ ဒီလောက်နောက်ကျနေမှ ဘာကိစ္စများရှိလို့ ရောက်လာတာလဲ ”
“ဘာမှ မဟုတ်ပါဘူး။ ငှားရမ်းခကို အင်ဂျစ်​က အမှားလုပ်မိကြောင်း လာပြောချင်ရုံပဲ။ ငှားခတိုး ဖို့လိုတယ် ”
ယဲ့ရှောင်က ထူးမခြားနား အမူအရာဖြင့် ပြောလိုက်လေ၏။
“ငှားခကို ပေးပြီး စာချုပ်လက်မှတ် ထိုးပြီးပြီ။ ငှားခကို တိုးချင်တယ်ဆိုရင် အေဂျင်စီကို အကြောင်းကြားပြီးမှ ကျုပ်ဆီလာပြောပါ ”
မြေရှင် အမျိုးသမီးက ခါးတစ်ဖက်ထောက်လျက် မောက်မာထောင်လွှားစွာ ပြောလိုက်တော့သည်။
” ငါ နင့်ကိုပဲ ပြောမှာ နင်က ငါ့အိမ်ကို ငှားထားတာ။ ဒီတော့ ကြားခံကို ဘာကြောင့် သွားပြောရမှာလဲ။ အခုကစပြီး ငှားခတိုးမယ်။ မဟုတ်ရင် အထုပ်ပြင်ပြီး ထွက်သွားလိုက်တော့ ”
“မထွက်သွားလည်း ရတယ်။ မထွက်သွားရင် နေ့တိုင်း နင့်ဆီ လိုက်လာနေမှာ။ ဘယ်သွားသွား လိုက်နေမှာပဲ။ အလုပ်တောင် မသွားနိုင်အောင် လုပ်ပေးလို့ ရတယ် ”
ယဲ့ရှောင်၏ မျက်လုံးထဲ၌ အေးစက်စက် အလင်းတန်း ဖျတ်ခနဲ ပေါ်လာလေသည်။ ထိုအမျိုးသမီးက အကြောင်းပြချက်မရှိ ပြဿနာ လာရှာနေတာ သိသာပေ၏။
ယခင်က ဤအိမ် သရဲခြောက်နေသောကြောင့် သူမက မငှားနိုင်ခဲ့ချေ။ ယခု သူ ကောင်းကောင်းမွန်မွန် နေနေတာမြင်ပြီး သရဲတစ္ဆေ မရှိတော့တာ သို့မဟုတ် သရဲထွက်သွားပြီဟု ဆိုလိုတာပဲ ဖြစ်သည်။ ထို့ကြောင့် သူမက တန်ကြေးကို ညစ်ရန် ရောက်လာတာပဲ ဖြစ်သည်။
တစ်လကို ယွမ် ၁၀၀ ငှားရမ်းခကမူ သူမနှင့် ဖြေရှင်းရမည့် သူကို လျော်ကြေးပေးရန် သက်သက်သာ ​ဖြစ်နိုင်ပေ၏။
သူမက ကျန်သည့် သူများ၏ ဘဝကို တန်ဖိုးမထားတာ သိသာသည်။ သူ စကားမပြောတာကို မြင်သောအခါ မြေရှင်က သူ့ နားကပ်လာပြီး သူမ၏ ပျော့​​ပျောင်းသော လက်ကို ဆန့်ထုတ်လျက် ယဲ့ရှောင်၏ ရင်ဘတ်ကို ပုတ်ချင်သည်။
ပြင်းထန်သည့် ရှန်နန်ရနံ့က ပေါ်ထွက်လာလေရာ ရှန်နန်ရနံ့က ယဲ့ရှောင်ကို မျက်ခုံး အနည်းငယ် ပင့်သွားစေ၏။ သူက ချက်ချင်း နောက်သို့ တစ်လှမ်းဆုတ်လိုက်၏။ ထို ခပ်ဖိုင်းဖိုင်းအမျိုးသမီးက လွဲချော်သွားပြီး မကျေမနပ် အမူအရာ ပေါ်လာသော်ငြား မြန်မြန်ဆန်ဆန်ပင် မကောင်းသည့်အပြုံး ထပ်ပြုံးလိုက်တော့သည်။
” ရှင် ကျွန်မကို အိမ်လခ တိုးမပေးချင်ရင် တခြားဖြေရှင်းနည်း မရှိတာတော့ မဟုတ်ဘူး။ ကျွန်မမှာ ပိုက်ဆံရှိတယ်။ အပိုတွေ ပြောင်းလဲနေဖို့မလိုဘူး။လက်ဖက်ရည်တစ်ခွက် သောက်ဖို့ ဖိတ်ခေါ်လိုက်။ ပြီးရင် စကားကောင်းကောင်း ပြောကြမယ် ”
ယဲ့ရှောင်၏ အမူအရာက မပြောင်းမလဲပဲ မျက်တောင်တောင်မခတ်ပဲ ပြောလိုက်လေ၏။
” ဒါဆို ဝင်လာခဲ့လေ ”
ထိုသို့ ပြောပြီးနောက် သူက အိမ်ထဲသို့ လှည့်ဝင်သွားတော့၏။
” ကောင်းပြီ ဒါဆို ဝင်လာပြီ ”
အိမ်ရှင် အမျိုးသမီးက ပြုံးလျက် ခြံဝန်းထဲသို့ ဝင်လာလေ၏။ ပြီးနောက် တံခါးပိတ်ကာ အတွင်းကနေ သော့ပိတ် လိုက်တော့သည်။
” ကျွန်မ လာနေပြီ ”
သူမက လက်ကောက်ဝတ်ကို လိန်လျက် လက်များကို ပွတ်သပ်ကာ အခန်းထဲသို့ ခိုးဝင်လာတော့သည်။
ဘန်း ။
ချက်ချင်းပင် သူမက ပြင်းပြင်းထန်ထန် ထိုးနှက်ခံလိုက်ရသည့်အလား ခံစားလိုက်ရသည်။ သူမ စိတ်ထဲ ပြင်းထန်သည့် ထိုးနှက်ချက်တစ်ခုကို ခံစားလိုက်ရသည့်ပမာ ဖြစ်နေသည်။ သူမ အတိတ်မှ မှတ်ဉာဏ်များစွာက လျှပ်ပြက်တကဲ့သို့ ပေါ်လာနေပြီး သူမ စိတ်ထဲ ရူးသွပ်စွာ ဝင်လာတော့လေ၏။
ယဲ့ရှောင်၏ နောက်ကျောကို ကြည့်ပြီး သူမက ဒူးထောက်ချလိုက်တော့၏။
” အိုး ဘုရားရေ။ ရှင့်ကို ကျွန်မ သိပ်လွမ်းနေခဲ့တာ ”
ယဲ့ရှောင်၏ အမူအရာက မသိသာသော်ငြား သူ့ရင်ထဲ သက်ပြင်းချလိုက်မိ၏။
ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို သူက အင်မတန် လွယ်လွယ်ကူကူ ပေါင်းစည်းနိုင်ခါစ ဖြစ်သည်။
မြေရှင် အမျိုးသမီးကဲ့သို့ အမှိုက်သာသာ အံ့ဖွယ်ဝိညာဉ်နှိုးထလာသော သိုင်းပညာရှင် တစ်ဦးအတွက် ဟို့ထျန်း တတိယအဆင့်သာ ကျင့်ကြံဆင့်ရှိသူအဖို့ သူက သူမ၏ မှတ်ဉာဏ်များကို အလွယ်တကူ မွှေနှောက်နိုင်ကာ သူမ အတိတ်အကြောင်း စကားများ ထုတ်ပြောလာအောင် ပြုလုပ်နိုင်သည်။
အကြောင်းမှာ သူ၏ လက်ရှိ ကျင့်ကြံဆင့်က ရှန်းထျန်း ဒုတိယအဆင့်တွင်သာ ရှိသောကြောင့် ဖြစ်သည်။ သူ၏ ကျင့်စဥ်က အံ့ဖွယ်ဂိုဏ်းသို့ တက်သွားခဲ့လျှင် သို့မဟုတ် အံ့ဖွယ်ဂိုဏ်းအထက်တောင် ရောက်သွားခဲ့လျှင် သူ မည်မျှ သန်မာမည်နည်း။
သူသည် တစ်ပါးသူ၏ အတွေးကို ချက်ချင်း ပြောင်းလဲနိုင်မည်လော။ သူသည် မဟုတ်။ ချီရှန်းသိုင်းပညာရှင်တစ်စုကိုတောင် ပြောင်းလဲနိုင်မည်လော။ ယင်းက ခြေရာလက်ရာ မကျန်ပဲ လူသတ်ခြင်းသာ ဖြစ်သည်။
” ဒီနေ့ ငါ့ကို ပြဿနာ ရှာဖို့ ဘာကြောင့် ရောက်လာတာလဲ ”
မြေရှင် အမျိုးသမီးက လက်ဖဝါးကိုပွတ်လျက် ရယ်မောလိုက်တော့သည်။
” ဒီနေရာကို တစ်လကို ယွမ် ၁၀၀ နဲ့ ငှားတာက လူတွေ ဒီလာပြီး စမ်းသပ်အောင်လို့ မြှားခေါ်ထားရုံပဲ။ ဘာပြဿနာမှ မရှိဘဲ ဒီနေရာ ရက်ပေါင်းများစွာ နေနိုင်တယ်ဆိုတော့ အိမ်ငှားခကို မြှင့်ဖို့ ဆင်ခြင်တစ်ခု ရှာဖို့တွေးလိုက်တာပဲ ”
ယဲ့ရှောင်က အေးတိအေးစက် ပြုံးလိုက်လေ၏။ ထင်သည့်အတိုင်း သူ့ ခန့်မှန်းတာ အတိအကျ ဖြစ်သည်။
” သူတို့ ငြင်းရင်ရော ဘာဖြစ်မလဲ ”
” အစကတော့ သူတို့ မပူးပေါင်းဘူးဆိုရင် သူတို့ကို မောင်းထုတ်ဖို့ စီစဥ်ထားတာပဲ။ နောက်ကြ ရုပ်ရည်အသွင်ပြင် မြင်လိုက်တဲ့အချိန် အသွင်ပြင်က အမ်း။ အသွင်ပြင်က သိပ်ကြည့်ကောင်းပြီး ​TV ပေါ်မှာ မြင်ရတဲ့ လတ်လတ်ဆတ်ဆတ် အသားလိုမျိုး သဘောကျစိတ် ဖြစ်စေတယ်။ သူ့ကို ထိန်းထားသင့်တယ်လို့ တွေးလိုက်တာ။ ညဘက် ဒီမှာ ဘယ်သူ့မှမရှိဘူးဆိုတော့ အခြေအနေကို အခွင့်ကောင်းယူဖို့ တွေးလိုက်တာပဲ ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ ကျင့်ကြံဆင့်နဲ့ ငါ့ကို ခုခံနိုင်မှာမဟုတ်ဘူး ”
” အား။ သိပ်ကိုနှမြောစရာပဲ ”
အိမ်ရှင် အမျိုးသမီး၏ နုနယ်သော လက်နှစ်ဖက်က မျက်နှာကို အုပ်ထားလျက် ခေါင်းကိုခါလိုက်တော့သည်။
ယဲ့ရှောင်၏ မျက်နှာက ရှုံ့မဲ့သွားလေ၏။ ခြံဝန်းထဲတွင်ရှိသော ဟွမ်လျိုလီက ရယ်မောပြီး လှိမ့်နေတော့သည်။
” ဖွီး။ ဟား ဟား ဟား ဟား”
ယဲ့ရှောင်၏ မျက်နှာက ရှုံ့မဲ့နေကာ သူက အေးတိအေးစက်ပြောလိုက်၏။
” သွား။ ခြေဆေးဖို့ ရေဇလုံတစ်လုံး သွားယူ ”
” ကောင်းပါပြီ ”
အိမ်ရှင်အမျိုးသမီးက ယဲ့ရှောင်အတွက် ခြေဆေးရေ တစ်ဇလုံကို လိမ္မာစွာ သယ်လာလေ၏။
” အဖေ။ ဒီခြေဆေးရေက အေးလား ”
” အဆင်ပြေတယ် ”
“အဖေ့အတွက် ခြေထောက်ဆေးပေးမယ် ။ ကျွန်မတို့ မွေးရပ်မြေမှာတည်းက အဲ့ဒီလို လုပ်ခဲ့တာပဲ”
” ကောင်းပြီလေ”
အိမ်ရှင်အမျိုးသမီးက ချက်ချင်းပင် ယဲ့ရှောင်၏ ခြေထောက်ကို ဆေးကြောပေးရန်အတွက် ဆောင့်ကြောင့်ထိုင်ချလိုက်၏။ ယဲ့ရှောင်က တည်ကြည်သော အမူအရာဖြင့် ပြောလိုက်တော့သည်။
” နားထောင် သမီး။ လူကောင်းတစ်ယောက် ဖြစ်အောင်နေ ရိုးရိုးသားသားနေရမယ်။ သင့်တော်စွာ ပြုမူနေထိုင်။ ဟုတ်ပြီလား”
” ကျွန်မရဲ့ အဖေက ဒီနှစ်တွေတောက်လျှောက် သူ့ရဲ့ ဉာဏ်ပညာကို လက်ဆင့်ကမ်း ပေးနေသေးတုန်းပဲ”
” မင်းဘာသာမင်း အိမ်ငှားခကို သတ်မှတ်ထားတာ ဒီတော့ လိုက်နာရမယ်လေ ”
” အဖေ။ ပြောတာမှန်ပါတယ် ”
” ပြီးတော့ ယောင်္ကျားတစ်ယောက် မြင်တိုင်း သားရေကျ မနေနဲ့။ မင်းကို ကြည့်လေ။ အမျိုးသမီးတစ်ယောက်အနေနဲ့ မင်းကိုယ်မင်း လေးစားမှု ဘယ်မှာရှိလို့လဲ”
” အဖေ။ ပြောတာမှန်ပါတယ် ”
“ကောင်းပြီ။ ဒီနေ့ မင်းကို သင်ခန်းစာတစ်ခု ပေးလိုက်မယ်။ နောက်ကျ လူကောင်းတစ်ယောက် ဖြစ်အောင်နေ ”
” ကျေးဇူးပါ အဖေ ”
” ဒီခြေဆေးရေကို သယ်သွားလိုက်တော့ ”
“ကောင်းပါပြီ ”
အိမ်ရှင်အမျိုးသမီးက ခြေဆေးရေကို ချက်ချင်းသယ်သွား၏။ ခြံဝန်းထဲတွင် ဟွမ်လျိုလီက ရယ်မောပြီး လှိမ့်နေသေးဆဲ ဖြစ်သည်။ အိမ်ရှင်အမျိုးသမီးသည် ရေကို သူမ ကိုယ်ပေါ် တိုက်ရိုက်လောင်းချလိုက်သည်ကား သူမကို စိုရွှဲနေသော ကြောင်တစ်ကောင်အဖြစ် ပြောင်းလဲသွားစေ၏။
တစ်ညတာက လျင်မြန်စွာ ကုန်းဆုံးသွားသည်။ ယဲ့ရှောင်က အိမ်ရှင်အမျိုးသမီး၏ မှတ်ဉာဏ်များကို တူးဆွခဲ့ပြီး မှတ်ဉာဏ်များကို ရှုပ်ထွေးအောင် ပြုလုပ်ခဲ့ပြီး နောက်နေ့အတွက် ဒီအိမ်အကြောင်း မတွေးရန် ပြောခဲ့သည်။
တစ်နှစ်ကြာပြီးလျှင် သူ၏ ကျင့်ကြံဆင့်က အလွန်သန်မာသည့် အဆင့်သို့ တက်နေလောက်ပြီ ဖြစ်သည်။ အိမ်တစ်လုံး ငှားရမ်းရန် လိုတော့မှာမဟုတ်ပေ။
မနက်ခင်း၌ ဒါရိုက်တာ အိုးရန်ကျုံးယွင်က ပုံမှန်အတိုင်း အလုပ်သွားသည်။ သူမက နောက်ထပ် ပုံမှန်အစည်းအဝေး ကျင်းပသော်ငြား ကုဟိုင်က မလာခဲ့ပေ။ သူ ပြောပုံအရ လက်ဆောင်များ ယူလာပြီးနောက် နှုတ်ထွက်ကာ သူသည် နံနက်ခင်း၌ နှုတ်ထွက်သည့် လုပ်ငန်းစဥ်များ ပြီးစီးအောင် လာလောက်သည်။
” ဒီနေ့ ပုံမှန် အစည်းအဝေးကတော့ လတ်တလော စာကြည့်တိုက်တွင်းက ရွှေ့ပြောင်းမှု အကြောင်းတွေ ပြောဖို့ပဲ”
” သိပ်မကြာခင်တုန်းက သားရဲကပ်ဘေးကြောင့် ငါတို့ လုပ်ဖော်ကိုင်ဖက်တွေ အများစု ရွှေ့ပြောင်းခံလိုက်ရတယ် ”
” ဒီကာလပြီးတဲ့နောက် စာကြည့်တိုက်ရဲ့ ဝန်ထမ်းအသစ်တွေက သူတို့နေရာတွေကို တဖြည်းဖြည်းယူနိုင်လာပြီ။ ဒါကြောင့် အတွေ့အကြုံရှိပြီး ထူးချွန်တဲ့ ဝန်ထမ်းဟောင်းတွေကို ရာထူးတိုးပေးဖို့အတွက် စီစဥ်ထားတယ် ”
” ရာထူးတိုးပေးမယ့် လူ စာရင်းကိုတော့ ဖန်သားပြင်ပေါ်မှာ တင်ထားတယ်။ လူတိုင်း ကိုယ့်ဘာသာကြည့်။ ပြီးရင် အချက်အလက်တွေကို ပြောင်းလဲပြီး အလုပ်ကတ် အသစ်ယူဖို့အတွက် ကိုယ်ရေးဌာနကိုသွားလိုက်”
ယဲ့ရှောင်က ဖန်သားပြင်ပေါ်ကို တစ်ချက်ကြည့်လိုက်လေ၏။ တတိယအလွှာတွင် မန်နေဂျာအဖြစ် ရာထူးတိုးခံရသည့် သူက သုံးယောက်ရှိသည်။
သတ်ဖြတ်သူ မစ္စဝမ်၊ သံမဏိ ကြက်ဖ၊ လျိုကျီးလျို။
နောက်ဆုံးတွင် တတိယအလွှာ၏ မင်းသားလေး ကျော့ရှင်းပြီး ချောမောခန့်ညားသော သူပင် ဖြစ်သည်။
သူ ရာထူး တိုးခံရလိမ့်မည်ဟု မထင်ထားပေ။ သို့သော် ဂရုတစိုက် တွေးမိသောအခါ သူက စာကြည့်တိုက် တတိယအလွှာတွင် လုပ်သက်ရင့်တစ်ဦးအနေဖြင့် သတ်မှတ်နိုင်ပြီ ဖြစ်သည်။
ဤလောကသို့ ရွှေ့ပြောင်းလာချိန်က ကိုးလကျော် တိုင်ခဲ့ပြီဖြစ်သည်။ အချိန်က လျင်မြန်စွာ ကုန်ဆုံးသွား၏။
အပိုင်း ၃၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset