Switch Mode

Chapter – 33

ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှု ပေါင်းစည်းခြင်း။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၃၃။ ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှု ပေါင်းစည်းခြင်း။

” မင်းရဲ့ အဘိုး ဘာကြောင့် ရုတ်တရက်ကြီး ပြန်လာတာလဲ အရေးကြီးတဲ့ ကိစ္စ တခုခု ရှိလို့လား ”
” ဘာမှမဟုတ်ပါဘူး ဟန်နိုင်ငံက ဖျောင်ကျန့်ရှန်လေ သူ့ရဲ့ ဆရာ ဟန်နိုင်ငံရဲ့ ဓားပညာရှင်လျိုချန်စွင်းက မကြာခင်မှာ ဒီကို ရောက်လာလောက်တယ်။ သူက ကျွန်မတို့ ကျန်းဟိုင်မြို့က ထူးချွန်တဲ့ ဓားသခင်ကို ရှာပြီး ကြွားလုံးထုတ်ချင်နေတဲ့ ပုံပဲ ”
” ဘာ ”
တခုခုများ မှားသွားတာလား။ ဒါက သူနဲ့ ဘာဆိုင်လို့လဲ။ သူက နိုင်ငံသားတွေကို ဒုက္ခ ပေးတဲ့ မိစ္ဆာဝိညာဉ်ကို သတ်ပြီး မတော်တဆ ဓားရေးရာ ချန်ထားခဲ့မိရုံပဲလေ။ အလွန်ဆုံးမှ အဲ့ဒါကို ထူးချွန်တယ် သတ်မှတ်လို့ရတာပဲ။ ယခုချိန်တွင် သူက ဟန်နိုင်ငံဓားပညာရှိ လျိုချန်စွင်း၏ အာရုံစိုက်မှုကို စွမ်းဆောင်မိပြီ ဖြစ်သည်။ လျိုချန်စွင်း၏ အမည်ကို ယခင်က ကြားခဲ့ဖူး၏။
ဖျောင်ကျန့်ရှန်က ဤနေရာသ်ို့ ရောက်လာချိန် ဖိုရမ်ပေါ်၌ လျိုချန်စွင်း၏ လုပ်ဆောင်ချက်များ အကြောင်း တစ်စုံတစ်ယောက်က ရေးသားခဲ့သည်။ သူ မှတ်မိတာ မှန်မည်ဆိုလျှင် ထို လျိုချန်စွင်းက ချီရှန်းအဆင့် သိုင်းပညာရှင်တစ်ဉီး ဖြစ်ပေ၏။ ကောင်းကျိုးဆောင်ရွက်လျှင် ဆုချီးမြှင့်ခံရသည်ဟု ဆိုနိုင်သော်ငြား ကောင်းကင်ဘုံက လွန်ကြူးသွားပုံ ရသည်။
” အာ ဟုတ်သား ကျွန်မ အဘိုးလည်း ထွက်သွားပြီ စာဆက်ဖတ်ချင်သေးလား ”
ချင်ယွိယန်က ပြောလိုက်သော်ငြား ယဲ့ရှောင်က ခေါင်းခါလိုက်လေ၏။ သူ စာဖတ်သည့်နှုန်းက အလွန်မြန်ဆန်သည်။ ချီရှန်းလုံ၏ စာအုပ်များအားလုံးကို ဖတ်ခဲ့ပြီး ဖြစ်သည်။ ချီရှန်းလုံ၏ စုဆောင်းမှုထဲတွင် စာအုပ်များများစားစား မရှိသောကြောင့် ဖြစ်၏။ ထိုသို့တိုင် သူက အမှန်တိုင်းမပြောနိုင်ပေ။
” ကျုပ် ထပ်မဖတ်တော့ဘူး မင်းရဲ့ အဘိုး ပြန်ရောက်လာရင် ရှင်းပြဖို့ ခက်နေမှာ စိုးရိမ်မိတယ် ”
ချင်ယွိယန်၏ မျက်နှာက အနည်းငယ်နီသွားတော့သည်။
” အဆင်ပြေပါတယ် ကျွန်မ အရင်တုန်းက အိမ်ကို ကောင်လေးတစ်ယောက် တစ်ခါမှ ခေါ်မလာခဲ့ဖူးဘူး။ ဒါ့ကြောင့် ဒီလို အခြေအနေကို ဘယ်လို ဖြေရှင်းရမလဲဆိုတာ မတွေးထားမိတာ။ ဒီနေ့ ကျွန်မတို့ ကံကောင်းသွားတယ် ”
” ဒါဆို ကျွန်တော် အရင်သွားနှင့်မယ် နှုတ်ဆက်ပါတယ် ”
” ကောင်းပါပြီ ”
နှစ်ယောက်သားက နှုတ်ဆက်စကား ပြောလိုက်ကြ၏။ ယဲ့ရှောင်က ဟွမ်လျိုလီကို ပွေ့လျက် ချင် အိမ်တော်ထဲမှ ဖြည်းဖြည်းချင်း ထွက်သွားလိုက်တော့၏။ ချင်ယွိယန်၏ မျက်ကွင်းထဲမှ ပျောက်ကွယ်သွားသည့် အချိန်၌ သူက ဟွမ်လျိုလီကို မြေပြင်ပေါ်သို့ ချက်ချင်း ပစ်ချလိုက်၏။
ဖုတ်။
ဟွမ်လျိုလီက မြေကြီးပေါ် ပြုတ်ကျသွားတော့သည်။
” ညောင်။ သခင်က လွန်လွန်းတာပဲ ကျွန်မ အိပ်ပျော်တော့မလို့ကို ”
” ပေါက်တက်ကရ မင်းဘာသာမင်းသွား ”
ယဲ့ရှောင်သည် ထိုကြောင်အိုကြီးနှင့် အသားမကျပေ။ ဟွမ်လျိုလီက သူ့နောက်မှာသာ လိုက်နိုင်၏။ သူမသည် ချင်ယွိယန်ကို ထားသွားပြီးသည့် အချိန်၌ နူးညံ့သော ဆိုဖာကို သူမ လွမ်းနေမိသည်။ ယဲ့ရှောင်က သူ့အိမ်သို့ ပြန်ရောက်သည်နှင့် ညအချိန်ရောက်သည်အထိ စောင့်နေလိုက်တော့သည်။ အခြေခံ စိတ်ဝိညာဉ်ကျင့်စဉ်က နောက်ဆုံး၌ ပြီးပြည့်စုံသည်အထိ ကျင့်ကြံပြီးသွားပြီ ဖြစ်သည်။
အခြေခံစိတ်ဝိညာဉ်ကျင့်စဉ် ( ၇) မျက်နှာက ရွှေရောင်အလင်းဖြင့် တဖျတ်ဖျတ် လက်နေတော့၏။ ဆိုလိုသည်က သူတို့ကို ပေါင်းစည်းနိုင်ပြီ ဖြစ်သည်။
ယဲ့ရှောင်က တံခါးများ ပြတင်းပေါက်များအားလုံးကို ချက်ချင်းပိတ်ပြီး ဟွမ်လျိုလီကို ခြံဝ၌ စောင့်ကြပ်ခိုင်းထားကာ သူ့ကို နှောင့်ယှက်ခြင်း မရှိရလေအောင် ကျန်သည့်သူများ သတိမပြုမိလေအောင် ကာကွယ်ခိုင်းထား၏။
အံ့ဖွယ်ဝိညာဉ်၏ ရွှေရောင်စာအုပ်က အခြေခံ စိတ်ဝိညာဉ်ကျင့်စဉ်များ ကို စတင် ပေါင်းစည်းနေပြီ ဖြစ်သည်။
အခြေခံစိတ်ဝိညာဉ်ကျင့်စဉ်များက ကြီးမားသည့် ရွှေရောင် စကားလုံး ( ၇ ) လုံးအသွင် ပြောင်းလဲသွားတော့၏။
လွတ်မြောက်ခြင်း။
သူရဲဘောကြောင်ခြင်း။
မလှုပ်ခြင်း။
ပြင်းထန်စွာတိုက်ခြင်း။
ချခြင်း။
ခွင်း…
” နောက်ဆုံး စကားလုံးက ဘာကိုဆိုလိုတာလဲ ”
ယဲ့ရှောင်က မျက်မှောင်ကျုံ့မိသွား၏။ အကြောင်းမှာ စာရွက်ပေါ်၌ သူ မသိသော စကားလုံး တစ်လုံး ရှိနေသောကြောင့် ဖြစ်သည်။
ထားလိုက်တော့။ ဘယ်လိုပဲဖြစ်ဖြစ် ရွှေရောင်စာအုပ်ရဲ့ အလုပ်က ပေါင်းစည်းဖို့ပဲလေ။ သူ့ ဘာသာသူ အဆင်ပြေသွားလိမ့်မယ်။ မကြာမီ၌ ဖြစ်စဉ်က ပြီးမြောက်သွားသည်။ ယင်းက ( ၁၀ )မိနစ် မပြည့်လိုက်ပေ။
အလွန်ထူးခြားသော ဝိညာဉ်ကျင့်စဉ် တစ်မျိုးက ပေါ်ပေါက်လာ၏။ အမည်က အတော် စိတ်ဝင်စားဖွယ် ကောင်းသည်။
ခုနှစ်စင်ကြယ် ခမ်းနားသော ဆန်းကြယ်မှု။
ယဲ့ရှောင်နှင့် သင့်တော်သော ကျင့်စဉ်ဖြစ်ပြီး အလွန် ဟန်များသော အရှိန်အဝါဖြင့် ပြည့်နေလေ၏။ သူက စနောက် ကျီစယ် နေသည့်တိုင် ယဲ့ရှောင်က ယင်းကို အသိမှတ်ပြုသေးသည်။
ယင်းက လူတစ်ယောက်၏ စိတ်စွမ်းအားကို မြှင့်တင် ပေါင်းစည်း တိုက်ခိုက် ခုခံ တိုက်ခိုက်ပြီး ညို့ငင်က ပြောင်းလဲနိုင်စွမ်း ရှိပေ၏။ လူတစ်ဉီး၏ စိတ်ဝိညာဉ်ကို အသုံးပြုရန်အတွက် ထူးကဲသော နည်းလမ်းတစ်စုလည်း ရှိနေသေးသည်။ သူ၏ စွမ်းရည်က ယဲ့ရှောင်၏ လက်ရှိ ကျင့်စဉ်များအောက် မလျော့ပေ။
လွန်ကဲခြင်း စွမ်းအင် ဓားမော့နှင့် ကောင်းကင်ပိုင်းဖြတ်ခြင်းဓားတို့က လွှမ်းမိုးနိုင်စွမ်း ရှိသော တိုက်ခိုက်ရေး သိုင်းများသာ ဖြစ်သည်။ တစ်ချိန်တည်းတွင် သူတို့က လူတစ်ယောက်၏ ကျင့်ကြံမှုကိုလည်း မြှင့်တင်ပေးနိုင်သော်ငြား စိတ်ဝိညာဉ် စွမ်းအားကို မစုပ်ယူနိုင်ပေ။
ခရမ်းရောင် ကြယ်ပင်လယ်က ဝိညာဉ်စွမ်းအားများကို စုပ်ယူနိုင်စွမ်းရှိသော ကြယ်စင်တစ်မျိုး ဖြစ်၏။ ယင်းက လူတစ်ယောက်၏ ကျင့်ကြံမှုကိုလည်း မြှင့်တင်ပေးနိုင်သည်။ သို့သော် မတိုက်ခိုက်နိုင်ပေ။
သူတို့အားလုံး၌ အသုံးဝင်မှု အသီးသီး ရှိကြသည်။ ခုနှစ်စင်ကြယ် ခမ်းနားသော ဆန်းကြယ်မှု အတွက်ကောင်းမှု။ သူက တိုက်ခိုက်နိုင်ရုံသာမက ခုခံနိုင်စွမ်းလည်းရှိကာ လူတစ်ဉီး၏ ဝိညာဉ်ကျင့်ကြံ မှုကိုလည်း မြှင့်တင်ပေးနိုင်ကား ဆုံးရှုံးမှုအတွက် ဖြည့်ဆည်းပေးရန် ဝိညာဉ်စွမ်းအားများကို စုပ်ယူပေးသည်။
ယင်းက အရည်အချင်းအားလုံးကို စုစည်းထားသည်နှင့် ဆင်တူပေ၏။
ဤလောကထဲတွင် ထိုကဲ့သို့ ဆင်ခြင်နိုင်စွမ်း ရှိသော စိတ်ဝိညာဉ်ကျင့်စဉ် များများစားစား ရှိလောက်မှာ မဟုတ်ဘူး။
ယဲ့ရှောင် ပြောရဲသည်။
” အခု ငါက အစွမ်းထက်တဲ့ ရုပ်ခန္ဓာတိုက်ခိုက်မှု တိုက်ကွက် ( ၂ ) မျိုး ၊ ဓားမော့နဲ့ ဓားတစ်လက် ကို ကျင့်ကြံပြီးပြီ။ ဝိညာဉ်စွမ်းအားကျင့်စဉ်နှင့် စိတ်ကျင့်စဉ်ကိုလည်း ကျင့်ကြံနေပြီ ”
” အဆင့်တူမှာဆိုရင် ငါ့ရဲ့ အရည်အချင်းက အဆင့်တူ သာမန်ကျင့်ကြံသူတွေထက် သာလောက်တယ် ဒါပေမဲ့ ခုချိန်မှာ အားနည်းချက် ရှိနေသေးတုန်းပဲ ”
” တစ်ခုက ငါ့ရဲ့ ခုခံခြင်းစွမ်းရည်ပဲ ခုခံခြင်းက သင့်တော်အောင် မမြှင့်တင်ထားသရွေ့တော့ အသင့်တော်ဆုံး အခြေအနေမဟုတ်သေးဘူး ငါ တိုက်ခိုက်မယ်ဆိုရင် ဘယ်လောက်ပဲ သန်မာသန်မာ တုတ်တစ်ချောင်းနဲ့ ငါ့ကို ရိုက်လိုက်တယ် ဆိုရင်တောင် ငါ ခံနိုင်ရည် ရှိမှာမဟုတ်ဘူး ပြီးတော့ တိုက်ခိုက်မှုက ဘယ်လောက် သန်မာသန်မာ ဖြုန်းတီးရာ မရောက်သွားဘူးလား ”
အကြောင်းမှာ ဤလောကထဲတွင် သူက တစ်ဉီးတည်းသော သိုင်းပညာရှင် မဟုတ်သောကြောင့် ဖြစ်သည်။ ယဲ့ရှောင်ကဲ့သို့ အစွမ်းထက်သော ချီရှန်းအဆင့် သိုင်းပညာရှင် တစ်ဉီး နှစ်ဉီးသာ ရှိမည်ဟု မဆိုလိုပေ။ သူတို့အမှန်တကယ် တိုက်ခိုက်ကြလျှင် တစ်ဖက်လူက သူ့ကို ထပ်ဆင့် တိုက်ခိုက်မည်ဟု မည်သူက သိမည်နည်း။
သူက သင့်တော်သည့် အပြုအမူဖြင့် ကျင့်ကြံကာ မည်သူနှင့်မှ ရန်သူမဖွဲ့လျှင်တောင် သူ့ကို မည်သူမှ အလွတ်ပေးမှာ မဟုတ်မှန်း ယဲ့ရှောင် သိနေ၏။
ဖျောင်ကျန့်ရှန်၏ ဆရာ ဓားပညာရှိ လျိုချန်စွင်းက သက်ရှိထင်ရှား ဥပမာ တစ်ရပ် ဖြစ်သည်။
သူက မိစ္ဆာဝိညာဉ်တစ်ကောင်ကို သတ်ဖြတ်ခဲ့ပြီး မတော်တဆ ဓားရာချန်ထားမိခဲ့သည်က သူ၏ အာရုံစိုက်မှာကို ရသွားသည်။ နောင်တွင် မည်သို့ဖြစ်လာမည်မှန်း မည်သူက သိမည်နည်း။ ကြိုတင်သတိထားတာက ကောင်းပေ၏။
ဒါပေမဲ့ အချိန်တိုတွင်း ငါက အခြေခံ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်တွေကို ရှာမတွေ့ရင် ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဉ်တွေကို မပေါင်းစည်းနိုင်ခဲ့ဘူးဆိုရင် ငါ့အတွက် လက်နက်တွေသန့်စင်ဖို့နဲ့ သံချပ်ကာ သွန်းလုပ်ဖို့အတွက် တွေးထားသင့်တယ်။ ခုခံမှာအနေနဲ့ သုံးရင်လည်း မဆိုးဘူးလေ ။ အာ ဟုတ်သား ငါ့ရဲ့ တိုက်ပွဲဝင် ခွန်အားတိုးတက်ဖို့ လက်နက်တွေလည်း သွန်းလုပ်နိုင်တာပဲ။
သိုင်းပညာရှင်များ ကြားရှိ တိုက်ပွဲက ယခင် ဘဝတုန်းက သခင်မလေးများ တိုက်ခိုက်သည်နှင့်မတူပေ။ သူ ဂရုမစိုက်လျှင် အမှန်တကယ် သေသွားနိုင်၏။ ထို့ကြောင့် ကြိုတင်ပြင်ဆင်မှု ပြုလုပ်ထားမှ ရပေမည်။
” ဒါ့အပြင် ငါ ရွေ့လျားခြင်းသိုင်းတစ်မျိုးလောက် ကျင့်သင့်တယ် ”
ချီရှန်းသိုင်းပညာရှင်များက အလွန်မြန်ဆန်၏။ မဟာချီရှန်းနှင့် အံ့ဖွယ် ချီရှန်းက ပိုတောင် မြန်ဆန်ပေသည်။ သို့သော် သူတို့ ပြေးသည့်နှုန်းက အကန့်အသတ်ရှိသည်။ ယင်းက ကားတစ်စီး၏ အရှိန်အကျယ်အဝန်းကဲ့သို့ပင်။ အမြင့်ဆုံး အရှိန်ကို မကျော်လွန်နိုင်ပဲ စွမ်းအင်များစွာ ကုန်ဆုံးစေ၏။
ပုံမှန် အခြေအနေ အောက်တွင် တိုက်ပွဲတစ်ပွဲ၌ လွတ်မြောက်ရန် ထိုနည်းလမ်းကို အသုံးပြုခဲ့လျှင် ဝိညာဉ်စွမ်းအင်၏ ကုန်ဆုံးမှုကို တိုးစေရုံသာမက ပိုတောင် အစွမ်းထက်သည့် သူများဆို ပြေးတောင်ပြေးနိုင်မှာ မဟုတ်ပေ။
ဥပမာအနေဖြင့် ယဲ့ရှောင်သည် တစ်နာရီလျှင် မိုင် ၂၀၀ အောက် ပြေးနိုင်သည်။ သို့သော် မယုံနိုင်စရာကောင်းသော ခရမ်းရောင် ကြယ်ပင်လယ်ကဲ့သို့ စိတ်စွမ်းအားကျင့်စဥ်မျိုး၏ ထောက်ပံ့မှုဖြစ်တောင် သူက အတော်ကြာ တောင့်ခံနိုင်မှာ မဟုတ်ပေ။ ထို့အပြင် သူ၌ ထိပ်တန်းအဆင့် နည်းပညာနှင့် အသုံးအဆောင်လည်း ရှိမနေချေ။ ကိုယ်ဖော့သိုင်းက ဝိညာဥ်စွမ်းအင် ကုန်ဆုံးမှုကို လျှော့ချပေးနိုင်၏။ တစ်ချိန်တည်းတွင် သူ့ကိုလည်း အရှိန်တင်ပေးနိုင်သည်။
တိုက်ခိုက်မှု ၊ ထွက်ပြေးခြင်း ၊ လူများကို ကယ်တင်ခြင်း ၊ ရုပ်ချည်းတိုက်ခိုက်ခြင်း စသည်တို့ကဲ့သို့ ကဏ္ဍများအားလုံး၌ မထင်ထားသော အားသာချက်ကို ဖြစ်ပေါ်စေမည်။ ထို့ကြောင့် သူက ကိုယ်ဖော့သိုင်း တစ်မျိုးကို ကျင့်ကြံရပေမည်။ ရုတ်တရက် ယဲ့ရှောင်၏ တံခါးဝမှ တံခါးခေါက်သံ ကြားလိုက်ရ၏။
ဘန် ဘန် ဘန်။
ခဏအကြာတွင် ယဲ့ရှောင်သည် တံခါးအပြင်ဘက်မှ အသံတစ်သံ ကြားလိုက်ရ၏။
” တံခါးဖွင့်ပါဦး။ ကျွန်မက မြေရှင်ပါ ”
ယဲ့ရှောင်က မျက်မှောင်ကျုံ့မိသွား၏။
” မြေရှင်က ဒီအချိန်ကြီး ဘာကြောင့် လာတာလဲ”
သို့သော် သူက မတွေးနိုင်လေရာ ခေါင်းခါပြီးနောက် တံခါးဖွင့်ပေးတော့သည်။
အပိုင်း ၃၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset