Switch Mode

Chapter – 32

သံသယဖြစ်ခြင်း။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၃၂။ သံသယဖြစ်ခြင်း။

” ငါ မစားပါဘူး ငါစားတာ နင့်ရဲ့ ဘယ်မျက်လုံးက မြင်လို့လဲ နင်က ငါ့သခင် ဖြစ်နေရင်တောင် စကားပြောတာ စည်းရှိရမှာပဲ ”
ယဲ့ရှောင်က ဒေါသမထွက်ပေ။ ထိုအစား သူက သာမန်ကာလျှံကာ ပြောလိုက်လေ၏။
” ခရမ်းကြေးခွံငါးက အာဟာရရှိတယ်ဆိုပေမဲ့ အဆိပ်ပါနေတယ်ဆိုတာ သတိပေးထားရဦးမယ်။ သင့်တော်တဲ့ ကုသမှု မရှိဘဲ စားလိုက်မယ်ဆိုရင် ချီရှန်းအဆင့်ကြယ်တာရာသားရဲတစ်ကောင် ဖြစ်နေရင်တောင် ဗိုက်အောင့်တာကို ကြုံရတော့မှာ”
ဟွမ်လျိုလီ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားလေ၏။ သူမ ခေါင်းလေးကို ခါလိုက်မိသော်ငြား တည်ငြိမ်ချင်ယောင်ဆောင်နေလိုက်၏။
” ငါ အဆင်ပြေတယ် ကြည့်။ ငါ ဗိုက်မအောင့်ဘူး”
” အဲဒါက မင်းကို မျက်ဆန်လည်စေပြီး သတိတရားတွေ ဝေဝါးစေလိမ့်မယ်”
ဟွမ်လျိုလီ၏ မျက်လုံးက အဖြူရောင်​ ပြောင်းလဲသွားပြီဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်က လူပုံစံကြောင်နားရွက်အသွင် ပြောင်းလဲသွားပြီးနောက် ကြောင်တစ်ကောင်အသွင်အဖြစ် ပြောင်းလဲသွားစေတော့၏။
” ငါ ကောင်းတယ် ငါ့ရဲ့ သတိတရားက ထိန်းချုပ်မှုအောက်မှာ ရှိနေတုန်းပဲ ”
” မင်း ပါးစပ်ကနေ အမြှုပ်တွေတောင် ထွက်လာနိုင်တယ် ပြင်းထန်ရင် သေသွားနိုင်တာ”
ဟွမ်လျိုလီက မြေကြီးပေါ် လဲကျသွား၏။ သူမက အဖြူရောင် အမြှုပ်များ ထွေးထုတ်မိသွားသည်။ သူမ၏ သားရဲအသွင်ကူးပြောင်းခြင်းကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ သူမ၏ လက်သည်းလေးများက ထိန်းချုပ်မရဘဲ တွန့်လိန်နေသော်ငြား သူမက ခေါင်းမာနေသေးဆဲ ဖြစ်၏။
” ငါ့ရဲ့ ပါးစပ်က အမြှုပ်မထွက်ဘူး ဘယ်သူ့ ပါးစပ်က အမြှုပ်ထွက်နေတာလဲ ”
ခဏကြာပြီးနောက် သူက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။ အဆုံးတွင် သူက ဆောင့်ကြောင့်ထိုင်ချကာ ဟွမ်လျိုလီကို ကုသပေးရန်အတွက် ဝိညာဥ်စွမ်းအားတချို့ သွင်းပေးလိုက်သည်။
ဟွမ်လျိုလီ၏ သွေးမျိုးဆက်ဖြင့် သူမက သေသည်အထိ အဆိပ်မိခံရမှာ မဟုတ်ပေ။
သို့သော် ချင်ယွိယန်က ထိုအခြေအနေဖြင့် ဟွမ်လျိုလီကို မြင်တွေ့သွားခဲ့လျှင် သူမ ဒေါသထွက်ပါက ပြဿနာ ကြီးကြီးမားမား မဟုတ်ပေ။ သို့သော်ငြား ဟွမ်လျိုလီက ချီရှန်းအဆင့် ကြယ်တာရာသားရဲတစ်ကောင် ဖြစ်ကြောင်း သိသွားခဲ့လျှင် အတော်ပြဿနာ များပေမည်။
ထိုသို့ဆိုလျှင် သူ၏ အထောက်အထားက သေချာပေါက် ပေါ်သွားပြီး ငြိမ်းချမ်းသည့် ဘဝ၌ ဘယ်တော့မှ နေခွင့်ရတော့မှာ မဟုတ်ပေ။
အပြင်ဘက်တွင် ချင်ယွိယန်က အဝတ်စားသစ်တစ်စုံ လဲပြီးဖြစ်သည်။ သူမ၏ ချောမွတ်သော ခြေဖဝါးလေးက ချစ်စဖွယ်ကောင်းသည့် ကာတွန်း ခြေညှပ်ဖိနပ်ကို စီးထားလျက် အောက်ထပ်သို့ ဆင်းသွားလိုက်၏။
” ဘိုးဘိုး ဘာကြောင့် ရုတ်တရက်ကြီး ပြန်လာတာလဲ အလုပ်သွားမှာမဟုတ်ဘူးလား”
” အဲဒါက ဖျောင်ကျန့်ရှန်ရဲ့ တုံးအတဲ့ရူးကြောင်ကြောင် ကိစ္စကြောင့်လေ”
” ဖျောင်ကျန့်ရှန်က ဘာဖြစ်လို့လဲ”
” ဟန်နိုင်ငံက လူတွေ ဒေါသတော်တော် ထွက်နေတယ်လို့ ကြားတယ်၊ ဖျောင်ကျန့်ရှန်ရဲ့ဆရာ ဟန်နိုင်ငံရဲ့ဓားပညာရှိ လျိုချန်စွင်းက ငါတို့ ကျန်းဟိုင်မြို့က ဓားသခင်ကို ကိုယ်တိုင် စိန်ခေါ်ချင်နေတာ ပြီးရင် သူက ဖျောင်ကျန့်ရှန်ကို ပြန်ခေါ်သွားမယ်”
” အထက်က လူတွေက သမီးရဲ့ ဦးလေး မြို့စောင့်တပ်ဖွဲ့ရဲ့ နန်ကုန်းလင်နှင့် ပေါင်းပြီး ဓားသခင် ဘယ်သူလဲဆိုတာ တတ်နိုင်သမျှ မြန်မြန်ရှာဖွေဖော်ထုတ်ရမယ်”
” သူ စိန်ခေါ်ချင်တဲ့ လူကိုတောင် ငါတို့မရှာနိုင်ရင်တောင် ငါတို့ကို လူတွေ လှောင်ရယ်ကြရင် ဘယ်လိုလုပ်မလဲ”
ချင်ယွိယန်က အနည်းငယ် အံ့သြသွားမိ၏။
” လျိုချန်စွင်းက ဒီလောက် အစွမ်းထက်တယ်လား သမီးတို့ စီရင်စု ၉ခုထဲမှာ သိုင်းပညာရှင်တွေ အဲ့လောက်များတာ သူတစ်ကိုယ်တည်း လာရဲလား ”
” သူ့ တပည့်အတွက် ရောက်လာတာပဲလေ ယဥ်ကျေးမှု ဖလှယ်တာက ဥပဒေကို မဆန့်ကျင်ဘူး သူ့ကို လာခွင့် မပေးရင် စီရင်စု ၉ခုက သူရဲဘောကြောင်သူအဖြစ် သတ်မှတ်ခံရပြီး တစ်လောကလုံး လှောင်ပြောင်တာ ခံရမှာလား ”
” ယဥ်ကျေးမှု ဖလှယ်ပွဲဆိုတဲ့ အမည်နာမ အောက်ကလာတာ ဆိုပေမဲ့ သူက ချွင်းချက်မရှိ သိုင်းပညာရှင်တစ်ယောက် ဖြစ်နေသေးတယ်”
” စီရင်စု ၉ခုထဲမှာ သူ့ကို ဖိနှိပ်နိုင်တဲ့ သိုင်းပညာရှင် အများကြီး ရှိနေရင်တောင် သူတို့အားလုံးစုပြီး ဒီလူကို တစ်စုတည်း တိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ”
” အဲဒီကာလအတွင်း စီရင်စု၉ခုရဲ့ သာမန်လူတွေကို သူ ဘယ်လောက်များများ ခြိမ်းခြောက်မလဲ”
” တိုက်ပွဲတစ်ပွဲရဲ့ ကြုံရာလှုပ်ခတ်မှုတစ်ခု ဖြစ်နေရင်တောင် ငါတို့လို လူတွေ အလွယ်တကူ ရပ်နိုင်မှာ မဟုတ်ဘူးဆိုတာ သိထားရမယ်။ သိုင်းပညာရှင်တွေ အားလုံးက သူ့ကို တစ်ကွက်တည်းနဲ့ မသတ်နိုင်ရင်ပေါ့ ”
ချင်ယွိယန်၏ အမူအရာက အတော်လေးနက်သွား၏။
” ဓားသခင်က သူ့ကို အနိုင်ယူနိုင်မလားဆိုတာ သိချင်မိတယ်။ သူ့ကို ရှာတွေ့ရင် စိုးရိမ်စရာ မလိုတော့ဘူး”
” ဘယ်သူက ဒီလို ပြောတာလဲ” ချီရှန်းလုံက သက်ပြင်းချလိုက်ပြီး သူ၏ နားထင်ကို ပွတ်လိုက်လေ၏။
” ဒါကို ပြောတော့မှ အစောတုန်းက ခြံဝန်းနားက ဖြတ်သွားတဲ့အချိန် အဘိုးရဲ့ ခရမ်းကြေးခွံငါးတချို့ ပျောက်နေတာ တွေ့လိုက်ရတယ်။ သူတို့ကို စားလိုက်တာ မဟုတ်ဘူးမလား ”
” အဲဒါတွေက အာဟာရဖြည့်ပေးနိုင်တယ် ဆိုပေမဲ့ အဆိပ်ဓာတ်ပါတယ် ဒီတိုင်း မစားသင့်ဘူး သင့်တော်သလို မကိုင်တွယ်ရင် ချီရှန်း သိုင်းပညာရှင် တစ်ယောက်တောင် ချက်ချင်း အဆိပ်မိပြီး ပြင်းပြင်းထန်ထန် ဝေဒနာ ခံစားရလိမ့်မယ် ”
ချင်ယွိယန်က ခေါင်းခါလိုက်လေ၏။
” သမီး မစားလိုက်ပါဘူး ဒါပေမဲ့ ဘယ်လိုလုပ် လျော့သွားရတာလဲ အဘိုး ဒီတလောမှာ ဖိအားတွေ များလွန်းတာကြောင့် အမြင်မှားတာများလား ”
ချင်ယွိယန်က ဟွမ်လျိုလီကို ထည့်မတွေးခဲ့ပေ။
အကြောင်းမှာ အရွယ်ရောက်ပြီးသည့် ခရမ်းကြေးခွံငါးများသည် ချီရှန်းအဆင့်အောက်သို့ ရောက်နိုင်ပြီ ဖြစ်ရာ လူသားသိုင်းပညာရှင် အဆင့်(၄) သို့မဟုတ် အဆင့် (၅) သိုင်းပညာရှင် တစ်ဦးနှင့် ယှဥ်နိုင်စွမ်း ရှိသောကြောင့် ဖြစ်သည်။ သူတို့က အုပ်စုဖွဲ့ တိုက်ခိုက်ရာ၌ တော်ပေ၏။ အုပ်စုဖွဲ့ တိုက်ခိုက်သည့်အချိန်တွင် သူတို့၏ ခွန်အားက အဆပေါင်းများစွာ တိုးသွားတော့၏။
ပုံရိပ်ယောင်ကြောင်တစ်ကောင်ကြောင့် ခရမ်းကြေးခွံငါးတစ်ဖွဲ့ကို တိုက်ခိုက်ချင်လျှင် သူတို့ ကျင်ကြံဆင့်သည် အနည်းဆုံး ချီရှန်းအလယ်အဆင့်တွင် ရှိရပေမည်။ ယင်းက အဆင့် (၇) သို့မဟုတ် အဆင့် (၈) သိုင်းပညာရှင်၏ ကျင့်ကြံဆင့်နား ကပ်ပေ၏။ ယင်းက မဖြစ်နိုင်ပေ။
ယဲ့ရှောင်က အံ့ဖွယ်ဝိညာဥ်တောင် မနှိုးထသေးပေ။ သူ၏ ကိုယ်ပိုင် ကျင့်စဥ်က ဟို့ထျန်း တတိယအဆင့်တောင် မရောက်သေးရာ ဟွမ်လျိုလီက ချီရှန်းအဆင့်ကြယ်တာရာသားရဲ ဖြစ်နေခဲ့လျှင် မည်ကဲ့သို့ ဖြစ်လာနိုင်မည်နည်း။
ထိုသို့ဆိုလျှင် ယဲ့ရှောင် စားသွားတာဖြစ်လောက်သည်။ ထိုသို့ဆိုလျှင် ယင်းက ယဲ့ရှောင်ကို စားသွားပေမည်။ ၄င်းက ယဲ့ရှောင်၏ ကြယ်တာရာ အိမ်မွေးတိရစ္ဆာန် မည်ကဲ့သို့ ဖြစ်လာမည်နည်း။
ထို့ကြောင့် လုံးဝ မဖြစ်နိုင်ပေ။
” ဒါဆိုရင် အဘိုး မှားမြင်တာပဲ ဖြစ်ရမယ် လတ်တလော အဘိုး စိတ်ထဲမှာ ကိစ္စတွေက များလွန်းနေတာ အဘိုး တကယ် အသက်ကြီးနေပါပြီလေ ”
ချီရှန်းလုံက သက်ပြင်းချပြီးနောက် ချက်ချင်းပင် အတွေး စုစည်းလိုက်တော့၏။
” သမီး အိမ်မှာ နေလိုက်ဦး အရင်ဆုံး မြို့စောင့်တပ်ဖွဲ့ ဆီသွားပြီး သမီးရဲ့ ဦးလေး နန်ကုန်းနဲ့ ဆွေးနွေးလိုက်ဦးမယ် ”
” ကောင်းပါပြီ ဂရုစိုက်အုံး ဘိုးဘိုး”
ချင်ယွိယန်က ချီရှန်းလုံ ထွက်သွားတာ ကြည့်ပြီး သက်ပြင်းချလိုက်တော့၏။
ကံကောင်းလို့ အဘိုးက သူ့ရဲ့ ချီရှန်း သိမြင်နားလည်ခြင်းစွမ်းရည်ကို မထုတ်ဖော်ခဲ့တာ မဟုတ်ရင် ယဲ့ရှောင်ကို အာရုံခံမိသွားရင် ပြဿနာကြီး တက်တော့မှာပဲ။
အမှန်တကယ်တွင် ချီရှန်းလုံသည် ခရမ်းကြေးခွံငါးများ လျော့ပါးသွားတာကို ခံစားမိသည့် အချိန်၌ သူ၏ သိမြင်နားလည်ခြင်းစွမ်းရည်ကို ထုတ်ဖော်ခဲ့ကြောင်း သူမ မသိခဲ့ပေ။ သို့သော် ယဲ့ရှောင် ဖြစ်စေ ဟွမ်လျိုလီ ဖြစ်စေ နှစ်ယောက်လုံးက ချီရှန်းအဆင့်အထက်တွင် ရှိကြ၏။ သူတို့ နှစ်ယောက်က အရှိန်အဝါကို ထိန်းရန် အကောင်းဆုံး ကြိုးစားထားသည့် အချိန်တွင် အဘိုးအို၏ သိမြင်နားလည်ခြင်း စွမ်းရည်က ပျောက်ကွယ်သွားပြီး သူတို့ တည်ရှိမှုကို အာရုံမခံနိုင်တော့ပေ။
ပြီးနောက် ချင်ယွိယန်က အမြန်ပြန်လျှောက်လာ၏။ ရေအိုင်ဘေးသို့ ဖြတ်သွားသည့် အချိန်၌ ရေအိုင်အပြင်ဘက်ရှိ ခရမ်းငါးကြေးခွံအချို့ကို သတိပြုမိလိုက်၏။ သူတို့က အပြည့်အဝ မခြောက်သေးပုံပေါ်သည်။ ယင်းက သူမ သူငယ်အိမ်များကို အလိုလို ကျုံ့သွားစေပြီး နှလုံးခုန်နှုန်း ရပ်တန့်သွားစေ၏။
ဖြစ်နိုင်မလား တစ်ခုခုက ခရမ်းကြေးခွံငါးကို တကယ်ကြီး စားသွားတာလား။ ယဲ့ရှောင်ရဲ့ ကြယ်တာရာသားရဲ ဖြစ်နိုင်မလား။
သူမ နှလုံးခုန်နှုန်းက မြန်လာလေ၏။ အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက် အပေါ်ထပ်သို့ ချက်ချင်းတက်သွားတော့၏။
သို့သော် အခန်းနား ရောက်သည့်အချိန်၌ ယဲ့ရှောင်က ဟွမ်လျိုလီကို ဖက်ထားလျက် သူမ၏ အိပ်ရာဘေးတွင် ထိုင်နေကာ ကြောင်မွေးများကို ညင်သာစွာ ပွတ်သပ်ပေးနေတာကို သတိပြုမိလိုက်၏။ ဟွမ်လျိုလီကလည်း သူ၏ ပွေ့ဖက်မှုအတွင်း လဲနေလေသည်။
” ဘာဖြစ်လို့လဲ ”
ယဲ့ရှောင်က သာမန်ကာလျှံကာ မေးလိုက်လေရာ ချင်ယွိယန်၏ နှလုံးခုန်နှုန်းက နောက်ဆုံး၌ တည်ငြိမ်သွားလေတော့၏။
” ဘာ ဘာမှမဟုတ်ပါဘူး ” ဟွမ်လျိုလီက ခရမ်းကြေခွံငါးများကို စားခဲ့လျှင် အခု အချိန်လောက်ဆို သူမ အဆိပ်မိနေလောက်ပြီ ဖြစ်သည်။ ခရမ်းကြေးခွံငါး၏ အဆိပ်က ချီရှန်းအဆင့်တောင် အလွယ်တကူ ခုခံနိုင်သည့် အရာမဟုတ်ပေ။
အသွင်အပြင်အရ ဟွမ်လျိုလီက အဆင်ပြေနေသည်။ သူမ အဆိပ်မမိဘူးဟု ဆိုလိုတာပဲ ဖြစ်သည်။ ထို့ကြောင့် သူမသည် ခရမ်းကြေးခွံငါးများကို မစားထားတာ သေချာ၏။
ငါ တကယ်ရယ်စရာ ကောင်းတာပဲ ဒီလို အတွေးမျိုး ဘာကြောင့် တွေးမိတာပါလိမ့်။
ဟွမ်လျိုလီသည် ခရမ်းကြေးခွံငါးကို အမှန်တကယ် စားခဲ့လျှင် ယဲ့ရှောင်က မည်မျှ သန်မာမည်နည်း။ ချီရှန်းအဆင့် (၇) အားရှိသော ကြယ်တာရာ အိမ်မွေး တိရစ္ဆာန် တစ်ကောင်ဖြင့် ယဲ့ရှောင်သည် မဟာဂိုဏ်းအထက်သိုင်းပညာရှင် (သို့မဟုတ်) ချီရှန်းအဆင့်အထက် သားရဲသခင် တစ်ဦးဖြစ်ရပေမည်။ ထိုသို့ဆိုလျှင် သူက စာကြည့်တိုက်ထဲတွင် စာကြည့်တိုက်မှူးအဖြစ် အလုပ်လုပ်နေမှာ မဟုတ်ပေ။ ထို့အပြင် သူ့ အသက်မည်မျှ ရှိသနည်း။ သူက သူမထက် ငယ်ရွယ်ပေ၏။ သူ့ မိခင် ဝမ်းဗိုက်ထဲက စတင် ကျင့်ကြံလာခဲ့လျှင်တောင် ထိုမျှ မြန်မြန်ဆန်ဆန် သန်မာနိုင်စရာ အကြောင်း မရှိပေ။ သို့သော် အခန်းထဲသို့ ဝင်လျှင်ဝင်ချင်း သူမ ဖိနပ်အောက်ရှိ အဖြူရောင် အမြှုပ်များကို သတိပြုမိလိုက်လေ၏။
အပိုင်း ၃၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset