Switch Mode

Chapter – 3.4

" နှစ်တစ်သန်း ဝိညာဉ် စက်ကွင်း "

Chapter – 3.4 ” နှစ်တစ်သန်း ဝိညာဉ် စက်ကွင်း ”
°°°
ပေ့ပေ့ကတော့ တစ်စုံတစ်ရာကို ရှင်းရှင်းလင်းလင်းနားလည်သွားခဲ့ပါတယ်။ အဲ့ဒီနောက် သူခေါင်းညိတ်ရင်းနဲ့ ပြောလာခဲ့တယ်။

” ငါဒီအကြောင်းကိုမသိဘူး ငါတို့ရောက်လာတာ နောက်ကျသွားလို့ နှမြောစရာပဲ အကယ်၍ ငါတို့သာ နောက်မကျခဲ့ဘူးဆိုရင် ညီငယ်လေးနဲ့ ပေါင်းစည်းဖို့ ပိုကောင်းတဲ့ သားရဲကောင်ဝိညာဉ်ကို ရှာဖွေနိုင်ရမှာပဲ ”

ဟို့ယွိဟောင်ရဲ့ စိတ်ကတော့ အစောပိုင်းအံ့ဩမှုကနေ ကြည်ကြည်လင်လင် ဖြစ်သွားခဲ့ပါပြီး သူက ငယ်ရွယ်သေးပေမဲ့ ဒီလိုအသက်အရွယ်မှာတင် ထူးခြားတဲ့ ရင့်ကျက်မှုရှိနေခဲ့တယ်။ ပေ့ပေ့နဲ့ ထန်ယာ့ နှစ်ယောက်က သူ့ကိုအစောပိုင်းတုန်းက သတ်ဖြတ်ခဲ့တဲ့ သားရဲကောင်ရဲ့ဝိညာဉ်ကို စုပ်ယူလိုက်တယ်လို့ ထင်သွားခဲ့တာပါ။ ဘာကြောင့် တစ်သန်းဝိညာဉ်စက်ကွင်းက အဖြူရောင်ဖြစ်နေမှန်း သူနားမလည်သေးပေမဲ့ လက်ရှိအချိန်မှာ ဖုံးကွယ်ထားဖို့ အကောင်းဆုံးနည်းလမ်းတော့ သိနေခဲ့ပါတယ်။ ဒါကြောင့် သွားပြီတော့လဲ ရှင်းမပြတော့ပါဘူး။

” အစ်ကိုကြီးပေ့နဲ့ အစ်မကြီးရှောင်ယာ ကျွန်တော်နောက်ကို လိုက်လာကြတာလား ပြဿနာတစ်ခုခုရှိလို့လား ”

ဟို့ယွိဟောင်က မေးလာခဲ့ပါတယ်။

” နင်ဒီသစ်တောထဲမှာ ၀င်မယ်လို့ ငါတို့ခန့်မှန်းမိပေမဲ့ တကယ်လုပ်မယ်လို့ မတွေးထားခဲ့မိဘူးလေ တကယ်သတ္တိကောင်းတာပဲ သစ်တောကို လူသားတွေရဲ့ ကန့်သတ်နယ်မြေလို့ခေါ်တာ နင်မသိဘူးလား မြင့်မားလွန်တဲ့ဝိညာဉ်ပညာရှင်တွေဖြစ်တာ တောင် သစ်တောအတွင်းပိုင်းထဲကို ဘယ်သူမှမ၀င်ရဲကြဘူး….နင့်လိုကလေးလေးဆိုရင် သေချာပေါက် စောင့်ကြပ်ဖို့ဆရာတစ်ယောက် ပါကိုပါလာရမှာ ငါတို့ နင်နောက်ကို လိုက်တာလာ ကာကွယ်ပေးဖို့ပဲ ငါနဲ့ ပေ့ပေ့နှစ်ယောက်စလုံးက ဝိညာဉ်ပညာရှင်တွေလေ ဒါပေမယ့် ကံအတော်လေး ကံကောင်းတယ်လို့ ပြောရမယ်…ပထမဆုံးရလိုက်တဲ့ ဝိညာဉ်စက်ကွင်းက အရမ်းမသန်မာပေမဲ့ ဒဏ်ရာတော့မရလိုက်ဘူးမလား ”

သူ့စကားကိုကြားချိန်မှာ ချက်ချင်းဆိုသလို နွေးထွေးတဲ့ခံစားချက်က ဟို့ယွိဟောင်ရဲ့ နှလုံးသားထဲ စီးဆင်းလို့သွားပါတော့တယ်။ သူက ငယ်ရွယ်သေးပေမဲ့ အတွေ့အကြုံကတော့ အတော်များနေခဲ့ပါပြီး ဒါကြောင့် လောကကြီးရဲ့ လူတွေကောက်ကျစ်မှုတွေကိုလဲ သိနေခဲ့တယ်။ ထန်ယာ့ ပြောချိန်မှာတော့ သူ့မျက်လုံးကို ကြည့်လိုက်ရုံနဲ့တင် အတုအယောင်သဘောသဘာ၀ မရှိမှန်း သိနေခဲ့တယ်။

” အစ်ရှောင်ယာ ကျွန်တော် “‘

ဟို့ယွိဟောင်က ကောင်းကင်အိပ်မက်ရေခဲပိုးကောင်အကြောင်း ပြောပြတော့မလိုဖြစ်ပြီးတဲ့နောက် သူ့ရဲ့စိတ်ထဲမှာ ချောင်းဟန့်သံတစ်ချက်ထွက်ပေါ်လို့လာခဲ့ပါတယ်။ ဒါ့အပြင် ကြည်လင်ရှင်းသန့်တဲ့ အရှိန်အဝါရဲ့ တိုက်ခိုက်မှုအောက်မှာ သူချက်ချင်းဆိုသလို ပြောရမဲ့စကားတွေကို ပြန်သိမ်းဆည်းလိုက်ပါပြီ။

ထန်ယာ့ကတော့ ပွစိပွစိနဲ့ ဆက်ပြီးပြောလာခဲ့ပါတယ်။

” ကြည့်ပါဦး ကိုယ့်ပုံကိုယ် ကောင်းပြီလေ နောက်ထပ် ထပ်ပြီးမပြောတော့ဘူး မောင်လေးဟွိဟောင် အခုဝိညာဉ်စက်ကွင်းတစ်ခုကို ရပြီးပြီဆိုတော့ နောက်ဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲ ”

သူ့ရဲ့ စကားကြောင့် ဟို့ယွိဟောင် မျက်လုံး ပြူးသွားပါတော့တယ်။ သူ့မှာ ဘယ်လိုအစီအစဉ်များ ရှိလဲ မဟာကြယ်တာရာသစ်တောကို မလာခင်တုန်းက သူ့ရဲ့ရည်မှန်းချက်ဆိုတာ ဝိညာဉ်ပညာရှင်တစ်ယောက် ဖြစ်လာပြီ သင့်တော်တဲ့ ဝိညာဉ်စက်ကွင်းတစ်ခုရရှိဖို့ပါပဲ။ ဝိညာဉ်ပညာရှင်နဲ့ ဝိညာဉ်ကျောင်းတော်သားရဲ့ ကွာခြားချက်က မိုးကောင်းကင်နဲ့ မြေပြင်လိုကွာခြားပါတယ်။ ဝိညာဉ်ပညာရှင်တစ်ယောက်သာ ဖြစ်လာခဲ့မယ်ဆိုရင် သူအတွက် တံခါးတစ်ချပ်က ပွင့်လာခဲ့ပါပြီး ဒါ့အပြင် အဲ့ဒီအချိန်ကနေစပြီ ပင်လယ်နဲ့ ကောင်းကင်တွေကို ခရီးထွက်သွားနိုင်ပါတော့မယ်။ ဒါပေမယ့် အနာဂတ်မှာ ဘာဆက်လုပ်ရမလဲဆိုတာကိုတော့ သူတကယ်ကို တွေးမထားမိခဲ့သေးပါဘူး။ လက်ရှိအချိန်မှာ သူအသက်က ဆယ့်တစ်နှစ်သာ ရှိသေးတာကြောင့် အိမ်ကနေ ပထမဆုံးထွက်လာတာ လဲ ဖြစ်နေခဲ့တယ်။

ထန်ယာ့ကတော့ ဟို့ယွိဟောင် စဉ်းစားရကြပ်နေတာကိုကြည့်ရင်း စိတ်ထဲမှာတော့ ပျော်နေခဲ့ပါတယ်။ အဲ့ဒီနောက် သူပေ့ပေ့ကို မျက်စပြစ်လိုက်တယ်။

” ညီငယ်လေးယွိဟောင် မင်းတို့ရဲ့ အိမ်မှာ ဘယ်လိုလူတွေရှိလဲ ”

ပေ့ပေ့က ခေါင်းညိတ်ရင်းနဲ့ ချက်ချင်းဆိုသလို မေးလာခဲ့ပါတယ်။

ဟို့ယွိဟောင်ရဲ့ မျက်လုံးအကြည့်က ချက်ချင်းဆိုသလို အေးခဲသွားပြီတော့ ခေါင်းသာခါလိုက်တော့တယ်။

“‘အိမ်မှာကျွန်တော်တစ်ယောက်ပဲ ကျန်တော့တာ တခြားဘယ်သူမှမရှိတောဘူး ”

ချက်ချင်းဆိုသလို ထန်ယာ့ကစိတ်လှုပ်ရှားမှုအပြည့်နဲ့ ပြောမိပါတော့တယ်။

” ဒါဆိုရင် ကောင်းတာထက်ကို ပိုနေတာပဲ ”

ဟို့ယွိဟောင်က မျက်လုံးပြူးသွားခဲ့ပါတယ်။ ပေ့ပေ့ကတော့ မျက်နှာသေနဲ့သာ ရှိနေဆဲပါ သူမရဲ့ခေါင်းကို သူခေါက်ချလိုက်ရင်းနဲ့ ပြောတော့တယ်။

” ဘာတွေပြောနေတာလဲ ”

ထန်ယာ့ကလဲ သူ့စကားမှားသွားတယ်ဆိုတာကို နားလည်သွားလို့ ပေ့ပေ့ကို ပြန်ပြောပါတော့တယ်။

” ငါတမင်တကာပြောတာ မဟုတ်ပါဘူး မောင်လေးယွိဟောင် အခုဘယ်မှာသွားစရာမရှိဘူးဆိုတော့ ငါတို့မျိုးနွယ်ထဲ၀င်ပါလား ”

ဟို့ယွိဟောင်က သူ့ရဲ့မြို့စားမင်းအိမ်တော်မှာ နေစဉ်အချိန်ကာလတစ်လျှောက် မျိုးနွယ်စုတွေအကြောင်းကို ကြားခဲ့ဖူးပါတယ်။ သော်လော့တိုက်မှာ မျိုးနွယ်စုတွေရဲ့အင်အားက အရမ်းကို ကြီးမားလွန်လှတယ်။ အထူးသဖြင့် ဝိညာဉ်ပညာရှင်တွေက ရှည်လျားတဲ့ သမိုင်းကြောင်းမျိုးနွယ်စုတွေကို ပိုင်ဆိုင်ထားကြပါတယ်။ ဒါကြောင့် မျိုးနွယ်စုဆိုတဲ့ စကားက မြို့စားအိမ်တော်ကိုယ်တိုင်းကတောင် ကြီးမားတဲ့မျိုးနွယ်စုတစ်ခုအဖြစ် သတ်မှတ်လို့ရနိုင်ခဲ့တယ်။

ထန်ယာ့က ခေါင်းညိတ်ရင်း အလေးအနက်ပြောလာခဲ့ပါတယ်။

” အရင်တုန်းက တိုက်ကြီးမှာ နံပါတ်တစ်ဖြစ်ခဲ့တဲ့ မျိုးနွယ်စုပဲ အကယ်၍ နင်သာ ၀င်ရောက်မယ်ဆိုရင် သေချာပေါက် အကျိုးမမဲ့စေရဘူး ဒါကြောင့် ငါတိုမျိုးနွယ်စုရဲ့ လျှို့ဝှက်နည်းလမ်းတွေက နင်အတွက် ကျင့်ကြံဖို့အရမ်းအသုံး၀င်တယ်…ပြောရမယ်ဆိုရင် အသက်လဲအရမ်းငယ်သေးတဲ့အပြင် တစ်ယောက်ထဲလဲ ဖြစ်နေခဲ့သေးတယ်မဟုတ်လား ငါတို့မျိုးနွယ်စုကိုသာ ၀င်လိုက်ရင်း အားလုံးက တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ပေးကြမှာပါ တစ်ယောက်ထဲ ခြေဦးတည့်ရာလျှောက်သွားနေတာထက်ဆိုင်ရင် ဒီလိုပေါင်းစည်းနေတာက ပိုကောင်းတာပေါ့ ဒါ့အပြင် အမြဲတမ်းလဲ ကံမကောင်းနေနိုင်ဘူးမဟုတ်လား အကယ်၍ တစ်ယောက်ထဲဒီလိုသွားနေရင်း တစ်ခုခုဖြစ်လာလို့ဘယ်လိုလုပ်မလဲ “‘

” အစ်မကြီးရှောင်ယာ ဒါဆိုရင် မျိုးနွယ်စုနာမည်က ဘယ်လိုခေါ်လဲ ”

” ထန်မျိုးနွယ် တိုက်ကြီးရဲ့နံပါတ်တစ်မျိုးနွယ် ”

ဒီမျိုးနွယ်စုရဲ့နာမည်ကို ကြားချိန်မှာ ဟို့ယွိဟောင် ခန္ဓာကိုယ်က တစ်ချက်တုန်ရီလို့သွားခဲ့ပါတော့တယ်။ မျိုးနွယ်စုက လက်ရှိအချိန်မှာ ကျဆင်းနေပြီးမှန်း သူကြားဖူးခဲ့ပေမဲ့ သော်လော့တိုက်ရဲ့ သမိုင်းကြောင်းတစ်လျှောက်မှာ အရေးကြီးလွန်လှတယ်။ မျိုးနွယ်စုအဖြစ် တည်ရှိနေဆဲပါပဲ။ ဒါ့အပြင် သူ့ကိုယှဉ်နိုင်လောက်တဲ့ မျိုးနွယ်စုဆိုတာ ဘယ်တော့ကမှ မတည်ရှိခဲ့ဖူးလို့တောင် ဆိုးရိုးစကားရှိကြတယ်။

သူအရမ်းကိုငယ်ရွယ်သေးတဲ့ အသက်အရွယ်မှာ သူ့အမေက ထန်မျိုးနွယ်ရဲ့ ဒဏ္ဍာရီတွေအကြောင်း အများကြီးပြောပြခဲ့ပါတယ်။ မျိုးနွယ်က လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းကာလမှာ စတင် တည်ထောင်ခဲ့တာဖြစ်ပြီ သမိုင်းကြောင်းတစ်လျှောက် သက်တမ်းအရှည်ဆုံးမျိုးနွယ်စုကြီးပါပဲ။ သူ့မျိုးနွယ်ရဲ့ ပထမဆုံးမျိုးနွယ်ဆရာသခင် ထန်စန်းက တိုက်ကြီးရဲ့တည်ဆောက်ပုံအားလုံးကို ပြောင်းလဲပြစ်ခဲ့တယ်။ ဒါ့အပြင် ဝိညာဉ်ပညာရှင်တွေအတွက် နောက်ထပ် တိုးတက်စေမှုတွေကိုပါ လုပ်ဆောင်ပေးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ထန်မျိုးနွယ်က မိုးအောက်မြေပြင် မသိသူမရှိ ကျော်ကြားလွန်လှတဲ့ နံပါတ်တစ်မျိုးနွယ်ပါပဲ ဒါ့အပြင် ဒဏ္ဍာရီတွေအရ ထန်စန်းက ဝိညာဉ်ပညာရှင်တွေရဲ့ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ သော်လော့ဘွဲ့အထိ ရောက်ရှိရုံတင်မက အဲ့ဒါကို ကျော်လွန်ပြီ နောက်ထပ် တည်ရှိမှုတစ်ခုအဖြစ်ကိုပြောင်းလဲလို့သွားခဲ့တယ်။ သူက မသေမျိုးတစ်ယောက် ဖြစ်ရုံတင်မကပဲ ဘယ်လိုလုပ်ခဲ့လဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။

နှစ်ပေါင်းတစ်သောင်းကြာပြီတဲ့နောက် မျိုးနွယ်စုက တည်ရှိနေဆဲဖြစ်ပေမဲ့ သမိုင်းကြောင်းထဲမှာသာ အောင်မြင်ကျော်ကြားမှု ကျန်ရှိခဲ့တော့တာပါ။ ထန်မျိုးနွယ်ရဲ့ နောက်ပိုင်းတပည့်သားတွေကတော့ မျိုးနွယ်စုရဲ့ ဒဏ္ဍာရီတွေကိုတောင် အသေးစိတ်မသိကြတော့ပါဘူး။ ဒါပေမယ့် တစ်စုံတစ်ယောက် ပြောဖူးခဲ့တာတော့ ရှိပါတယ်။ ထန်စန်းသာ သော်လော့တိုက်ရဲ့ အနာဂတ်ကို မဖန်တီးခဲ့ဘူးဆိုရင် သော်လော့တိုက်က နေလတိုက်ရဲ့ ပညာရှင်တွေကို သေချာပေါက် အနိုင်ရနိုင်မှာမဟုတ်ပါဘူး။ တိုက်ကြီးနှစ်တိုက်ကလဲ အစောကြီးကထဲက တိုက်ခိုက်မိပြီး ဝါးမြိုခံလိုက်ရပါပြီ။

” ညီငယ်လေး ထန်မျိုးနွယ်ကို ကြားဖူးတယ်မဟုတ်လား ”

ပေ့ပေ့က မေးလိုက်ပါတယ်။

ဟို့ယွိဟောင်လဲ ခေါင်းညိတ်ရင်း ပြောလာခဲ့တယ်။

” ထန်မျိုးနွယ်နဲ့ ပတ်သက်တဲ့ဒဏ္ဍာရီအကြောင်းကို ကျွန်တော်ကြားဖူးတယ်…ထန်မျိုးနွယ် ဘယ်နေရာမှန်းသာ ကျွန်တော်မသိတာ ”

ထန်ယာ့ရဲ့ မျက်လုံးတွေက ချက်ချင်းဆိုသလို နီရဲလို့သွားပါတော့တယ်။

” ထန်မျိုးနွယ်က အိမ်တော်မရှိတော့ဘူး ငါတို့ရဲ့အခြေစိုက်တဲ့နေရာတွေကို လုယူခံလိုက်ရပြီ လက်ရှိအချိန်မှာ ထန်မျိုးနွယ်အတွက် ကျန်ရစ်တဲ့သူတွေက ငါရယ်ပေ့ပေ့ရယ် နှစ်ယောက်ရယ်ပဲရှိတယ်….လက်ရှိအချိန် ငါက မျိုးနွယ်စုရဲ့ ခေါင်းဆောင်ပဲ ပေ့ပေ့က ငါ့ရဲ့ အဓိက တပည့်သား ”

ဟို့ယွိဟောင်ကတော့ တအံ့တဩနဲ့သာ ကြည့်နေခဲ့ပါတယ်။ သူတို့ရဲ့ အသက်အရွယ်ကိုကြည့်မယ်ဆိုရင် ထန်ယာ့က ပေ့ပေ့ထက် အများကြီးအသက်မကြီးသေးပါဘူး။ ဒါပေမယ့် သူတို့ရဲ့စကားပြောဆိုပုံအရ ဆရာတပည့်ဆိုတာ ဘယ်သူမှမခန့်မှန်းနိုင်ပဲ ရှိနေခဲ့တယ်။

” အခြေအနေကို မြင်ပြီမလား ညီငယ်လေးဟွိဟောင် ထန်မျိုးနွယ်မှာ ငါတို့နှစ်ယောက်ပဲ ရှိတော့တယ်…ဒါပေမယ့် ငါတို့က မျိုးနွယ်စုကို နောက်တစ်ကြိမ် ပြန်လည်တိုးတက်လာစေဖို့ သေချာပေါက် အလုပ်ကြိုးစားမှာပါ အကယ်၍ မင်းသာ စိတ်ဆန္ဒရှိမယ်ဆိုရင် ငါတို့နဲ့အတူတူ ၀င်ရောက်ပြီး မျိုးနွယ်စုကို တည်ထောင်လို့ရတယ်…လက်ရှိအချိန်မှာ ကိစ္စတစ်ခုတော့ ရှိနေသေးတယ်…ငါတို့ထန်မျိုးနွယ်ရဲ့ လျှို့ဝှက်နည်းလမ်းက မင်းကျင့်ကြံဖို့အရမ်းကိုသင့်တော်တယ်ဆိုတာပဲ သေချာပေါက် အနာဂတ်မှာ မင်းအတွက် အများကြီးအကျိုးရှိနိုင်တယ် ”

တွေဝေပြီတဲ့နောက် ဟို့ယွိဟောင်က မေးလာခဲ့ပါတယ်။

” ဒါဆိုရင် ကျွန်တော် မျိုးနွယ်စုကို ၀င်ရောက်ပြီရင်း ဘာလုပ်ရမှာလဲ ”

” သေချာပေါက် ကျင့်ကြံဆင့်ကို မြင့်တင်အောင် ကြိုးစားရင်း ပိုသန်မာလာအောင် လုပ်ရမှာပေါ့ မျိုးနွယ်စုလိုအပ်တဲ့အချိန်မှာ မျိုးနွယ်စုအတွက် ကြိုးစားအားစိုက်ထုတ်ပေးရမယ်…ငါနင့်ကို အများကြီး ချဲ့ကားပြီလဲမပြောသလို လိမ်ညာလဲမပြောဘူး ငါတို့မျိုးနွယ်စုက လက်ရှိအချိန်မှာအများကြီးကျဆင်းနေပြီ ဒါပေမယ့် မျိုးနွယ်စုရဲ့ နည်းလမ်းတွေကတော့ ရှိနေတုန်းပဲ ဒါ့အပြင် ငါတို့ထန်မျိုးနွယ်က တိုက်ကြီးရဲ့ နံပါတ်တစ်မျိုးနွယ်စု ဖြစ်ခဲ့ဖူးတာကြောင့် ငါတို့မျိုးနွယ်မှာ မှီခိုအားထားစရာတွေတော့ ရှိနေသေးတယ်။ တိုက်ကြီးရဲ့ နံပါတ်တစ်ကျောင်းတော်ဖြစ်တဲ့ အမျက်ဒေါသကျောင်းတော်ကို သိတယ်မလား အမျက်ဒေါသကျောင်းတော်က ကျောင်းတော်သားတွေကို ရွေးချယ်ချိန်မှာ အရမ်းကို တင်းကြပ်တယ်….ဒါပေမယ့် ငါတို့ထန်မျိုးနွယ်ကို နှစ်စဉ်နှစ်တိုင်း ၀င်ရောက်ခွင့်ပြုတယ်…ပေ့ပေ့နဲ့ ငါက ကျောင်းတော်သူကျောင်းတော်သားတွေ ဖြစ်ပြီသား ဒါ့အပြင် ဒီနှစ်အတွက်လဲ နေရာတစ်ခုရတယ်…အကယ်၍ ငါတို့မျိုးနွယ်စုကိုသာ ၀င်ဖို့စိတ်ကူးရှိမယ်ဆိုရင် အဲ့ဒီနေရာက နင့်အတွက်ပဲ ကျောင်းတော်မှာ နင်ဆက်ပြီး နေနိုင်သည်ဖြစ်စေ မနေနိုင်သည်ဖြစ်စေ ဒီကိစ္စက မင်းရဲ့ကြိုးစားအားထုတ်မှုပေါ်မှာ မူတည်လိမ့်မယ်…ငါနင့်ကိုဒီလောက်အထိ ကူညီပေးနိုင်တယ်…ဒါပေမယ့် မောင်လေးယွိဟောင် ငါမှာတော့ တောင်းဆိုစရာတစ်ခုတော့ရှိတယ်…ထန်မျိုးနွယ်ကို ၀င်ရောက်ပြီးပြီဆိုရင် ငါတို့မျိုးနွယ်စုအဖြစ် တစ်ဘ၀တာလုံးနေထိုင်ပါ အကယ်၍ တစ်နေ့မှာ မျိုးနွယ်စုက ထွက်သွားဖို့ဆုံးဖြတ်ခဲ့တယ်ဆိုရင်တော့ မျိုးနွယ်စုရဲ့ လျှို့ဝှက်နည်းလမ်းတွေကို အကုန်ပြန်ပေးခဲ့ရမယ် ”

ထန်မျိုးနွယ် ထန်မျိုးနွယ် ဟို့ယွိဟောင်ရဲ့ မျက်လုံးတွေက ပိုမို တောက်ပလာပါတော့တယ်။ အဲ့ဒီနောက် ထန်ယာ့ကို သူအလေးအနက်ကြည့်ရင်း ပြောလာခဲ့တယ်။

” အစ်မကြီးရှောင်ယာ ကျွန်တော်သဘောတူပါတယ်…ကျွန်တော် ထန်မျိုးနွယ်ကို ၀င်ရောက်ဖို့သဘောတူတယ် ”

အပိုင်း ၃•၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset