Switch Mode

Chapter – 29

ဒီမင်္ဂလာပွဲက သူ့အတွက်လို့ ငါ ဘာကြောင့် ခံစားမိနေတာလဲ

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၉။ ဒီမင်္ဂလာပွဲက သူ့အတွက်လို့ ငါ ဘာကြောင့် ခံစားမိနေတာလဲ

Zero to Hero in the Martial Arts Library
Author: Flammable Wood
ကျန်းဟိုင် သိုင်းကျောင်းတော်သို့ ဖျောင်ကျန့်ရှန်သည် ကူးပြောင်း ကျောင်းသားတစ်ယောက်အဖြစ် ၀င်ခဲ့သည်။ ထိုကိစ္စက ကျန်းဟိုင်မြို့ထဲတွင် အတော်မွှေနှောက်နိုင်သည်။ ဆိုရလျှင် သူက ကျင်း စီရင်စု အတွင်းရှိ ဓားသိုင်းပါရမီရှင် အသိုင်းအ၀ိုင်းကို သိမ်းကျုံးနိုင်ခဲ့ပြီးဖြစ်သောကြောင့် သူ၏ ကိုယ်ရေးအကျဥ်းက အလွန်ထူးချွန်ပေသည်။
ယခု သူက ကျောင်းတော်သို့ ၀င်ရောက်ခဲ့ရာ ကျန်းဟိုင်သိုင်းကျောင်းတော်သည် အလွန်ထူးချွန်ထက်မြက်သည်ဟူသော အမြင်မျိုး ပေးစွမ်းနိုင်၏။
ထို့ကြောင့် ကျန်းဟိုင်မြို့ရှိ လူများ၊ အနီးအနားမြို့များမှ မိဘများက ဆောင်းရာသီတွင် သူတို့၏ ကလေးများကို ကျောင်းအပ်ရန် ကျန်းဟိုင် သိုင်းကျောင်းတော်ကို စိတ်ထဲတွင် ထည့်ထားကြပြီ ဖြစ်သည်။
ရွှေရောင်နွားသိုး ရုပ်တုပေါ်ရှိ ဓားရာအတွက်မူ ချီရှန်းလုံက သူ့ဆန္ဒကို ချိုးနှိပ်ရန်အတွက် အထူးနည်းလမ်းအချို့ကို အသုံးပြုခဲ့သည်။ ရုပ်တုကိုလည်း ကျောင်းတော်ထဲတွင် ထားရှိ၏။ ဓားသိုင်းပါရမီကောင်းသော ဓားသိုင်းတော်သည့် ကျောင်းသားများသာ ယင်းကို ကြည့်နိုင်၏။
ကျောင်းသားများအတွက် အကာအကွယ် ပုံစံတစ်မျိုးလည်း ဖြစ်ပေ၏။ ဓားသိုင်းပါရမီသာ လုံလောက်အောင် အားကောင်းနေလျှင် သူတို့ အလွယ်တကူ ယူသွားနိုင်ပေသည်။ သူ အချိန်ရလျှင် ဖျောင်ကျန့်ရှန်ကို ဓားသိုင်းလေ့ကျင့်နိုင်ရန် သွားရောက် ကူညီပေးသည်။ လက်တွေ့တွင်မူ သူက ဓား ပညာရှိ လျိ့ချန်စွင်းထံမှ ဖျောင်ကျန့်ရှန် သင်ယူခဲ့သမျှအားလုံးကို ဖော်ထုတ်ချင်တာပဲ ဖြစ်သည်။
ရက်အနည်းငယ်အတွင်းပင် ကျန်းဟိုင်မြို့က ငြိမ်းချမ်းသွားတော့၏။ သို့သော် ကျန်းဟိုင်မြို့ရှိ လူများ၏ ရင်ထဲတွင် ကိစ္စနှစ်ရပ်က မြုပ်နှံခံထားရပြီ ဖြစ်၏။
ပထမအချက်က ကျန်းဟိုင်မြို့ထဲရှိ အင်မတန်အစွမ်းထက်သော ကျင့်ကြံဆင့် ရှိသည့် ဆန်းကြယ်သော ချီရှန်း သိုင်းပညာရှင်ဖြစ်သည်။
ဒုတိယအချက်က ဓားသိုင်းအလွန်တော်သော ဓားသခင်တစ်ဦးဖြစ်၏။ ထိုလူနှစ်ဦးက မည်သူမှန်း သူတို့ မသိသော်ငြား လူအများက ထိုပုဂ္ဂိုလ်နှစ်ဦးကို သူတို့၏ စံပြအဖြစ် သတ်မှတ်ပြီးသား ဖြစ်သည်။
ကျန်းဟိုင်မြို့၏ အစိုးရကိုလည်း နာမည်ကျော်ကြားမှု၏ တမင်တကာ အမြတ်ထုတ်မှုကို ခံစားခွင့်ပေးသော ပမာဏဖြစ်သည်။ သူတို့က ကျန်းဟိုင်မြို့ထဲရှိ အများပြည်သူပိုင်နေရာများတွင် ချီရှန်းအဆင့် ဆန်းကြယ်ပညာရှင်နှင့် ဓားသခင်တို့၏ ပုံတူအား ထွင်းထုထားခဲ့သည်။
ယင်းက ကျန်းဟိုင်မြို့ထဲတွင် ထိပ်သီးသိုင်းပညာရှင်နှစ်ယောက် ရှိနေကြောင်းကို ပိုပြီး အတည်ပြုရာ ရောက်ပေသည်။
ဓားမော့တစ်လက်နှင့် ဓားတစ်လက်။
သူတို့၏ ကျင့်ကြံမှုက အံ့ဖွယ်ဂိုဏ်း၏ အထက်တွင် ရှိလောက်သည်။ ယဲ့ရှောင်က စိတ်၀င်စားခြင်း မရှိပေ။
ဆန်းကြယ် ချီရှန်းဖြစ်စေ၊ ထူးကဲ ဓားသခင်ဖြစ်စေ ယင်းက နတ္ထိဘွဲ့အမည်တစ်ခုသာ ဖြစ်၏။ သူ့လို အမည်မသိအရာတစ်ခုကို သိလာကြလျှင် သူတို့က သူ့ကို ပို၍ အားကိုးလာကြပေလိမ့်မည်။ သို့သော် သူ့အဖို့ ရှေ့ထွက်ရပ်ပြီး သူ့ကိုယ်သူ ထုတ်ဖော်ပြဖို့ မဖြစ်နိုင်ပေ။ သူ၏ လက်ရှိအဆင့်က အံ့ဖွယ် ချီရှန်းအဆင့်သို့ မရောက်သေးသောကြောင့် ဖြစ်သည်။ သူသာ ၀န်ခံလိုက်လျှင် စိန်ခေါ်သူ မြောက်ပြားစွာကို ဆွဲဆောင်မိသွားပြီး သူ သေသွားနိုင်၏။ တစ်လအတွင်း၌ ယဲ့ရှောင်၏ အိမ်ဖြစ်သော စာကြည့်တိုက်က မပြောင်းလဲခဲ့ပေ။ သူ့ဘ၀က ဖြည်းဖြည်းချင်း သက်သောက်သက်သာ ရှေ့ဆက်နေလေ၏။
ချင်ယွိယန်သည် စာအုပ်များ ငှားရမ်းပြီး ပြန်အပ်ခြင်းမှအပ သူနှင့် အဆက်အဆံ သိပ်မရှိပေ။
ကုဟိုင်သည် ချစ်သူ ရသွားချိန်မှ စပြီး မြို့စောင့်တပ်ဖွဲ့ စာမေးပွဲဖြေဆိုရန် အချိန်ယူရသည့်အချက်ပါ ထပ်ပေါင်းလိုက်ရာ တတိယအလွှာသို့ တက်လာနိုင်ရန် အချိန်ပိုနည်းသွားတော့၏။ ယင်းက ယဲ့ရှောင်ကို စာအုပ်များ ဖတ်ရှုရန် ပိုအချိန်ပေးလိုက်တော့၏။
သူသည် စိတ်၀ိညာဥ် ကျင့်စဥ် ခြောက်မျိုးကို စုဆောင်းခဲ့ပြီး ဖြစ်သည်။ သို့သော် စိတ်၀ိညာဥ်ကျင့်စဥ်များက အလွန်ရှားပါးလွန်းသောကြောင့် နောက်ထပ် ကျင့်စဥ်တစ်ခု ရှာတွေ့ရန်က ခက်ခဲနေပေ၏။
ယဲ့ရှောင်က စိတ်မရှည်သည့် လူတစ်ဦး မဟုတ်တာ ကံကောင်းနေပေ၏။ သို့မဟုတ်လျှင် သူက စိုးရိမ်ပူပန်မှုကြောင့် အသေစောလောက်ပေသည်။ ယင်းကို ကြည့်လျှင် သူ့အတွက် အံ့ဖွယ် ၀ိညာဥ် ရွှေရောင်စာအုပ်က အတော် သင့်တော်နေ၏။
သူက ကျင့်ကြံရန် မလိုအပ်ချေ။ သူက စာအုပ်များဖတ်နေရန်သာ လိုအပ်သည်။ ကျန်သည်က အလိုအလျောက် ဆောင်ရွက်သွားမှာပဲ ဖြစ်သည်။ ယင်းက အတော်ပြီးပြည့်စုံပေသည်။
….
တစ်လကြာပြီးနောက် ကုဟိုင်၏ မင်္ဂလာပွဲ ကျင်းပတော့၏။ ယဲ့ရှောင်က သတို့သား အရန်အဖြစ် တက်ရောက်လေ၏။ သူက စိတ်မပါ လက်မပါပဲ လက်ဖွဲ့ပေးရရုံသာမက ပွဲလည်း တက်ရသေးသည်။
သူ ရောက်လာပြီးနောက် မင်္ဂလာဆောင်အဖွဲ့၏ စတိုင်လစ် အခန်းထဲတွင် ကျန်သည့် သတို့သား အရန်များရှိသည့်နေရာသို့ ၀င်သွားလိုက်လေ၏။ စတိုင်လစ်က သူတို့ကို မိတ်ကပ်များ ပြင်ပေးနေပြီးနောက် သူတို့ကလည်း ၀တ်စုံများ လဲလိုက်ရသည်။
မကြာမီ၌ ကောင်းစွာ ၀တ်စားထားသော သတို့သားအရန်အချို့က အခန်းထဲမှ ထွက်လာပြီး ကျိန်ဆဲနေကြတော့သည်။
ကုဟိုင်က အံ့သြဆွံ့အနေတော့၏။
” ဟေ့ကောင်တွေ ဘာဖြစ်နေတာလဲ”
” ကုဟိုင် မင်း ငါ့တို့ကို စိတ်ရင်းအမှန်နဲ့ ကူညီချင်တာလို့ ပြောခဲ့တာ ဟုတ်တယ်နော်”
” ဟုတ်တယ်လေ”
” မင်း ငါတို့ကို ကူညီမယ်ဆိုရင် ဘာကြောင့် ယဲ့ရှောင်ကို ဖိတ်ရတာလဲ”
ကုဟိုင်က ဇဝေဇဝါ ဖြစ်သွားတော့၏။
” လောင်ယဲ့က မင်းတို့ကို အနိုင်ကျင့်လို့လား။ အဲလိုတော့ မဖြစ်နိုင်ဘူး။ လောင်ယဲ့က အေးအေးဆေးဆေးနဲ့ ရိုးရိုးသားသား နေတတ်တာ။ သူ တခြားသူတွေကို ဘယ်တော့မှ အနိုင်မကျင့်ဘူး”
” သူ အနိုင်မကျင့်ဘူးလေ။ ငါတို့ကို သူက တခြားအကြောင်းအရင်းတွေကြောင့် အနိုင်ကျင့်ဖို့တောင် လိုသေးလို့လား။ သူ အဲဒီမှာ ရပ်နေရုံနဲ့ ငါတို့က အတုအယောင်တွေ ဖြစ်ကုန်ပြီ”
ကုဟိုင်သည် ရယ်ရမည်လား ငိုရမည်လား မသိတော့ပေ။ ယဲ့ရှောင် ရုပ်ရည် ကြည့်ကောင်းမှန်း သူ သိပြီးသား ဖြစ်သည်။ သို့သော် ထိုမျှ မချဲ့ကားသင့်ပေ။ ထိုစဥ် ယဲ့ရှောင်က အခန်းထဲမှ ထွက်လာလေ၏။
ကုဟိုင်၏ မျက်နှာပေါ်က အမူအရာကလည်း ချက်ချင်းတောင့်တင်းသွားတော့သည်။
” ငါ့လခွမ်း”
ပုံမှန်ဆို စာကြည့်တိုက်က ၀တ်စုံပြည့် ၀တ်ရန် မလိုအပ်ချေ။ ထို့ကြောင့် ယဲ့ရှောင်က ကြည့်ကောင်းသော်ငြား သူ၏ သွင်ပြင်ကို အပြည့်အ၀ မမြှင့်တင်ထားပေးနိုင်ချေ။ ယနေ့တွင်မူ မင်္ဂလာပွဲ စီစဥ်သည့်အဖွဲ့က သူ၏ ဆံပင်နှင့် မျက်ခုံးတို့ကို ပြင်ပေးခဲ့ရုံသာမက သေသေသပ်သပ်ဖြင့် ကွက်တိကျသော ၀တ်စုံကိုလည်း ပြောင်းလဲပေးခဲ့၏။ ယင်းက ယဲ့ရှောင်၏ ချောမောခံ့ညားသောဘက်ခြမ်းကို အပြည့်အ၀ ထုတ်ဖော်ပြသပေးခဲ့သည်။
ကန်းသွားလောက်သည်အထိ ချောမောခံ့ညားတာ မဟုတ်သော်လည်း ရုပ်မြင်သံကြားပေါ်ရှိ နာမည်ကျော်များနှင့် ယှဥ်နိုင်ပေ၏။
ယဲ့ရှောင်က လူတိုင်း၏ အကြည့်စူးစူးကြောင့် အနည်းငယ် အနေခက်သွားပြီး ချောင်းဟန့်လိုက်တော့၏။
” ငါ ထွက်သွားသင့်လား”
” မသွားနဲ့။ မင်း ကြည့်ကောင်းနေတာ မင်းရဲ့ အမှား မဟုတ်ဘူး။ မင်း မိဘတွေရဲ့ အမှားပဲ။ သွားကြရအောင်။ မင်္ဂလာပွဲ စတော့မှာ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။ သတို့သမီးက ဟိုတယ်မှ ဧည့်သည်များကို ကြိုဆိုပြီး ဖြစ်သည်။ နှစ်ဖက်ဧည့်သည်များက ဟိုတယ်ထဲတွင်နေရန် နေရာချထားခံရပြီ ဖြစ်၏။
မင်္ဂလာပွဲ ကျင်းပရာ နေရာသို့ ရောက်သည့်အချိန်တွင် ကုဟိုင်နှင့် သတို့သား အရန်များက ပင်မဧရိယာသို့ မလျှောက်ရသေးချိန် စင်္ကြန်၌ ကုဟိုင်ကို ယခင်က မတွေ့ဖူးသည့် ဧည့်သည်အချို့က ယဲ့ရှောင်ဆီ အကြည့်ရောက်လာတော့၏။
” သူက သတို့သား။ ဟုတ်တယ်မလား။ မချောလွန်းနေဘူးလား”
” သူက သိပ်ကြည့်ကောင်းတာပဲ။ တီဗီပေါ်က နာမည်ကြီးတစ်ယောက်လိုမျိုးလေ။ အဲဒီ လုကောင်မလေးတော့ အတော်ကံကောင်းတာပဲ”
” ဒီနေ့ လု မှာ သူ့ရဲ့ အရမ်းလှတဲ့ အတန်းဖော် တစ်ယောက်လည်း ရှိနေသေးတယ်”
” သူတို့ စုံတွဲတွေ ဖြစ်လောက်တယ်လို့ ထင်တယ်။ လုက အဲဒီ လူငယ်လေးရဲ့ ကြည့်ကောင်းတဲ့ ရုပ်ရည်နဲ့ မတန်ဘူး”
ကုဟိုင်၏ မျက်နှာက သုန်မှုန်သွားတော့သည်။ ကျန်သည့် သတို့သား အရန်များကလည်း တီးတိုးပြောနေကြတော့၏။
” သူ ထွက်သွားရမလားလို့ ပြောတဲ့အချိန်တုန်းက ငါတို့ သူ့ကို သွားခွင့်ပေးလိုက်သင့်တာ”
ကုဟိုင်က ချောင်းအနည်းငယ် ဟန့်လိုက်လေ၏။ သူက အနေရခက်တာကို ဂရုမစိုက်တော့ဘဲ အားလုံးကို မင်္ဂလာပွဲထဲ ဦးဆောင်ခေါ်သွားတော့၏။
သူ လျှောက်သွားစဥ် မင်္ဂလာပွဲ ကျင်းပရန် တာ၀န်ယူထားသူ MC က ယဲ့ရှောင်ကို ခေါ်လိုက်လေ၏။
” မင်း ဒီကို ဘာ့ကြောင့် အခုမှ ရောက်တာလဲ။ ငါတို့ မင်းကို စောင့်နေတာ ကြာလှပြီ။ မြန်မြန် စာစောင်တွေ ဖတ်။ ပြီးရင် အဲဒါတွေကို လိုလာမှာ”
ကုဟိုင်၏ မျက်နှာက ပိုတောင် သုန်မှုန်သွားလေ၏။
ယဲ့ရှောင်က သူ့ရင်ဘတ်ပေါ်ရှိ ပန်းကို အနေရခက်စွာ လက်ညှိုးထိုးပြလိုက်၏။
” ကျွန်တော်က သတို့သား အရန်ပါ။ သူက သတို့သားပဲ”
MC က ချက်ချင်း ရယ်မောလိုက်တော့သည်။
” ဟား။ ဟား။ ကျွန်တော် လူမှားသွားတယ်။ တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်”
ကံကောင်းသည်မှာ ယနေ့က သူ၏ ရက်ကောင်းရက်မြတ်ဖြစ်နေသောကြောင့် ဒေါသထွက်ပိုင်ခွင့် မရှိပေ။ ထို့ကြောင့် ကုဟိုင်သည် မည်သူ့ကိုမှ ပြဿနာ မရှာခဲ့ချေ။ စကားအချို့ ပြောပြီးနောက် လူတိုင်းက မင်္ဂလာပွဲကို မနှောင့်နှေးစေချင်သောကြောင့် သွက်သွက်လေး ၀င်သွားလိုက်လေသည်။
အထဲသို့ ၀င်သွားပြီးနောက် ကုဟိုင်က သူ၏ ဇနီးသည်ကို ရှာတွေ့ပြီး လက်ကိုင်ထားလိုက်ကာ သူ၏ ခံစားချက်များကို ကြေညာနေလေ၏။
အားလုံး၏ အကြည့်က သူ့ဆီ ရောက်လာတာကို ခံစားမိပြီး သူ၏ စိတ်အခြေအနေက ပိုကောင်းလာတော့သည်။ မစ္စတာလုက သူ၏ အကြည့်ကို မြင်သည့်အခါ မျက်နှာ အမူအရာက သုန်မှုန်သွား၏။ သူနှစ်ပေါင်းများစွာ ပျိုးထောင်ထားသည့်ပန်းကို ၀က်တစ်ကောင်စားသွားသည့်ပမာ ခံစားလိုက်ရတော့သည်။ ကူကယ်ရာမဲ့မှုထဲတွင် အထင်သေးမှု တစ်စွန်းတစ်စလည်း ရှိနေပေ၏။
သို့သော် မစ္စတာလုက သတို့သား အရန်များကြားထဲတွင် ချောမောခန့်ညားသော ယဲ့ရှောင်ကို မြင်သည့်အချိန်၌ ငိုချင်လာသော်ငြား မျက်ရည်မကျခဲ့ပေ။
” သေစမ်း။ အဲဒီတုန်းက ငါ့သမီးကို ယဲ့ရှောင်နဲ့ ဘာလို့ တွေ့ခွင့်မပေးမိတာလဲ”
သူ၏ သမီးသာ ယဲ့ရှောင်နှင့် စောစောတွေ့ခဲ့လျှင် ယဲ့ရှောင် ခေါ်သွားတာ ခံရပြီး ကုဟိုင် လက်ထဲ ပါသွားမှာ မဟုတ်ချေ။ ယဲ့ရှောင်က ကြည့်ကောင်းသည့်အချက် မပါလျှင်တောင် သူက ထူးဆန်းသော နေရာများ သွားမှာ မဟုတ်ပေ။
ကုဟိုင်ကို ထပ်ကြည့်မိပြီးနောက် သူ့ရင်က ပိုနာလာပြန်၏။ ယခုအခေါက်တွင် ဆုံးရှုံးမှုကြီးကို ခံစားခဲ့ရသည်။ အလွန်ကြီးမားလွန်းသည့် ဆုံးရှုံးမှုကို ခံစားရတာ ဖြစ်၏။
ယဲ့ရှောင်က သူ့ကို နှုတ်ဆက်ပြီးနောက် ရေပန်းစားမှုကို ခိုးယူမိခြင်းမှ ကာကွယ်ရန်အတွက် ထောင့်ဘက်တွင် ပုန်းနေလေတော့သည်။ သူက လေကို ရှူထုတ်လိုက်ပြီးနောက် နောက်ဆုံး၌ စိတ်သက်သာရာ ရသွားလေ၏။
ရုတ်တရက် ရင်းနှီးနေသည့်အသံတစ်သံက သူ့နားဘေးမှ ပေါ်ထွက်လာတော့သည်။
” ရှင် ရောက်လာတာပဲ”
အပိုင်း ၂၉ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset