Switch Mode

Chapter – 28

ဘာပဲဖြစ်ဖြစ် ပြောထုတ်လိုက်။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၈။ ဘာပဲဖြစ်ဖြစ် ပြောထုတ်လိုက်။

Zero to Hero in the Martial Arts Library
Author: Flammable Wood
အဖွဲ့ခွဲ မှူး ကျင်း၏ အတွေးက ရိုးရှင်းသည်။ ဖျောင်ကျန့်ရှန်ကတောင် ရွှေရောင် နွားသိုးပေါ်ရှိ ဓားရာကို တန်ဖိုးထားနေလျှင် ယင်းက မည်မျှ အစွမ်းထက်ကြောင်း သက်သေပြရန် လုံလောက်နေပြီ ဖြစ်သည်။ သူက ထိုအရာကို ၀ယ်သွားပြီး လူများကို ပိုမြင်ခွင့်ပေးလျှင် မည်သို့ဖြစ်မည်နည်း။ ဆိုလိုသည်ကား ဟန်နိုင်ငံသို့ ဓားသိုင်းပညာရှင်များစွာကို ဆွဲခေါ်နိုင်မှာပဲ ဖြစ်သည်။
ချီရှန်းလုံက နှာခေါင်းရှုံ့လိုက်၏။ လိမ္မာပါးနပ်သော အဘိုးအိုတစ်ဦးအနေနှင့် အဖွဲ့ခွဲမှူး ကျင်း၏ အတွေးများကို သူ မည်ကဲ့သို့ မမြင်ပဲ နေမည်နည်း။
“စိတ်မကောင်းပါဘူး။ ကျုပ်တို့ ဒီရုပ်တုကို ရောင်းမှာ မဟုတ်ဘူး။ ဒါကို ကျန်းဟိုင် သိုင်းကျောင်းတော်ဆီ ရွေ့ပြောင်းပြီး ထားထားမှာ”
ဟန်နိုင်ငံရှိ လူများ မည်မျှ အရှက်မဲ့ကြောင်း လောကကြီးထဲရှိ လူများအားလုံး သိကြသည်။ ထို ရွှေရောင် နွားသိုး ရုပ်တုကြီးအား သူတို့အား ပေးပြီး သူတို့က ဓားသိုင်းပညာရှင်များစွာကို ခေါ်နိုင်ခဲ့လျင် စီရင်စု ကိုးခုကိုတောင် ပြန်ပြီး အကွက်ချနိုင်လောက်ပေ၏။ ချီရှန်းလုံက တုံးအသူ မဟုတ်ပေ။
” တန်ကြေးက ညှိနှိုင်းဖို့ လွယ်ပါတယ်။ ကျွန်တော်တို့ အခုစပြီး ညှိနှိုင်းလို့ ရပြီ။ သန်း တစ်ရာ။ သန်း နှစ်ရာ။ သန်း သုံးရာ။ တစ် ဘီလီယံ။ ပိုက်ဆံက ပြဿနာ မဟုတ်ဘူး”
အဖွဲ့ခွဲမှူး ကျင်းက အမြတ်ထုတ်ချင်နေသည်ကို မြင်သောအခါ တုချန်းဖုန်းက ပြုံးလိုက်၏။
” ဒီဓားရာကို ထိပ်တန်းအဆင့် သိုင်းပညာရှင်တစ်ယောက် လုပ်သွားတာ။ သူ့ရဲ့ ကျင့်ကြံဆင့်က ခင်ဗျားတို့ရဲ့ ဓားပညာရှိ လျိုချန်စွင်းအောက် မနိမ့်လောက်ဘူး။ ခွင့်ပြုချက်မရှိဘဲ သူ့ ဓားရာကို ယူသွားပြီး ဒေါသထွက်စေခဲ့မယ်ဆိုရင် ခင်ဗျားတို့ နိုင်ငံထဲမှာ ခင်ဗျားကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူးလို့ ထင်တယ်”
ထိုသို့ ပြောပြီးသည်နှင့် အဖွဲ့ခွဲမှူး ကျင်းက ချွေးစေးများ ပြန်လာတော့သည်။ သူက ယင်းကို ၀ယ်ရုံသာ ၀ယ်ခဲ့ချင်သော်ငြား နောက်ဆက်တွဲကို မတွေးခဲ့မိချေ။
အမှန်တကယ်ပင် ထိုဓားရာကို ပြုလုပ်ခဲ့သူက သာမန်လူတစ်ယောက် မဟုတ်နိုင်ချေ။ သူသာ ထိုအရာကို ယူသွားပြီး ထိုလူအား စိတ်မချမ်းမြေ့အောင် ပြုလုပ်မိခဲ့လျှင် ပြဿနာကြီးတစ်ရပ် အမှန်ဖြစ်လာနိုင်သည်။
ခဏတာ ရပ်တန့်လိုက်ပြီးနောက် သူက ပြုံးလိုက်ကာ အကောင်းဆုံး ရွေးချယ်မှုကို ပြင်ဆင်လိုက်၏။
” ဒါရိုက်တာချင် ပြောတာ မှန်ပါတယ်။ ကျွန်တော် ရိုင်းပျမိခဲ့ပါတယ်။ ဒါပေမဲ့ ဒီဓားရာကို ကျုပ်တို့ ကျန့်ရှန်က အရင်ဆုံး ရှာတွေ့ခဲ့တာ။ ဒါကို လေ့လာဖို့ သူ ကျန်းဟိုင်မြို့မှာ ရက်နည်းနည်းလောက် နေတာက ပြဿနာတော့ မဟုတ်ဘူးမလား”
အမှန်တကယ်တွင်က သူက ဖျောင်ကျန့်ရှန်ကို လေ့လာခွင့် မပေးချင်ပေ။ ဆိုရလျှင် ဖျောင်ကျန့်ရှန်က ဟန်နိုင်ငံမှ ဖြစ်သည်။ သူက ထိုအရာကို လေ့လာခဲ့လျှင် စီရင်စု ကိုးခုအတွက် ဆုံးရှုံးမှုဖြစ်ပေလိမ့်မည်။ သိုင်းပညာရှင်များကြား၌ နယ်မြေ အကန့်အသတ် မရှိသော်ငြား သိုင်းပညာရှင်များကတော့ လူမျိုးရှိပေ၏။ ထိုစဥ် တုချန်းဖုန်းက ချီရှန်းလုံ၏ စိတ်ထဲ အသံကူးပြောင်းလိုက်တော့သည်။
” ခွင့်ပြုပေးလိုက်။ ဖျောင်ကျန့်ရှန်က ဒီဓားရာကို မြင်ပြီးနေပြီ။ သူ့စိတ်ထဲမှာ မှတ်ထားပြီးသား။ မင်း သူ့ကို ဆက်ကြည့်ခွင့် မပေးခဲ့ရင်တောင် သူက ဒါကို တော်တော်များများ မှတ်သားပြီးနေပြီပဲ။ တားစရာ နည်းလမ်း မရှိဘူး။ အဲဒါထက် ကျန်းဟိုင် သိုင်းကျောင်းတော်အတွက် လက်တွေ့ကျတဲ့ တစ်ခုခုလုပ်ဖို့ သူ့ရဲ့ ဂုဏ်သတင်းကို သုံးတာက ပိုကောင်းလိမ့်မယ်”
” သူက ကျောင်းတော်ကို ၀င်မယ်ဆိုရင် သူ့ရဲ့ ဂုဏ်သတင်းကြောင့် ကျောင်းသားတွေ အများကြီး ရောက်လာမှာ သေချာပြီး သိုင်းကျောင်းတော်ကိုလည်း ၀င်လာကြမှာပဲ။ ဒါ့အပြင် သူ့ရဲ့ ဆရာက ဟန်နိုင်ငံရဲ့ ဓား ပညာရှိ လျိုချန်စွင်းပဲ။ ဓားသိုင်းပညာမှာ သူ့ရဲ့ အောင်မြင်မှုက အသေးအမွား မဟုတ်ဘူး။ ဒီဓားရာကို မင်း သူ့ကို မျှဝေပေးမယ်ဆိုရင် ဓားသိုင်းကို မင်းရဲ့ နားလည်မှုက သေချာပေါက် တိုးလာမှာပဲ။ ဒါက နှစ်ဖက်လုံး အနိုင်ရတဲ့ အခြေအနေပေါ့”
ချီရှန်းလုံ၏ မျက်လုံးက လက်သွားတော့သည်။
အမှန်ပဲ။
ဖျောင်ကျန့်ရှန်က ယင်းကို မြင်ပြီးသား ဖြစ်၏။ သူ ပြန်ပြောင်းနိုင်ရန် နည်းလမ်းမရှိချေ။ သူ့ကို ကျောင်းတော်သို့ ၀င်ရန် ဖြောင်းဖျပြီး အမြတ်ထုတ်တာက ပိုကောင်းပေမည်။
* မင်း လုပ်နေကျ နည်းအတိုင်းပဲ ပြောလိုက်။ တကယ်တော့ ​မင်း နှစ်ခါလောက် ပြောအောင် ငါ လုပ်မှာ။ စီရင်စု ကိုးခုကို အမြတ်ထုတ်ဖို့က ထင်သလောက် မလွယ်ဘူးဆိုတာ မင်းကို သိစေရမယ်။ *
” ကောင်းပြီ။ ကျုပ် သဘောတူတယ်။ ဒါပေမဲ့ ဒီဓားရာက အင်မတန် တန်ဖိုးရှိတာ။ ဒီတော့ ဒီဟာကို ကျုပ်တို့ ဒီမှာ မထားခဲ့နိုင်ဘူး။ ကျောင်းတော်ကို ယူသွားပြီး မူလအခြေအနေကို ထိန်းသိမ်းထားရမယ်”
“ဖျောင်ကျန့်ရှန်က ဒါကို ဆက်လေ့လာချင်တယ်ဆိုရင် သိုင်းကျောင်းတော်ရဲ့ ကူးပြောင်းကျောင်းသားတစ်ယောက် ဖြစ်လာဖို့ ကြိုဆိုတယ်”
” ခင်ဗျား ဘာပြောလိုက်တာလဲ”
အဖွဲ့ခွဲမှူး ကျင်း၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားတော့သည်။ ဖျောင်ကျန့်ရှန်က ဟန်နိုင်ငံ၏ လူငယ်မျိုးဆက်ထဲတွင် လူငယ်ကြယ်ပွင့်တစ်ပွင့် ဖြစ်ပြီး ဓားပညာရှိ လျိုချန်စွင်း၏ တပည့်ရင်း ဖြစ်သည်။ သူက စီရင်စု ကိုးခုတွင် အဆင့်နိမ့်ကျောင်းတော်ဖြစ်သည့် ကျန်းဟိုင် သိုင်းကျောင်းတော်၏ ကူးပြောင်း ကျောင်းသားတစ်ယောက် ဖြစ်လာခဲ့လျှင် ကျန်သည့်သူများ၏ အချည်းနှီး အမြတ်ထုတ်တာကို ခံရပေမည်။
သူ၏ ပုံရိပ်ကို မည်မျှ ထိခိုက်သွားစေမည်နည်း။ ထိုဓားရာက သန်မာသော်ငြား ချီရှန်းလုံက လူတစ်ယောက်ထက် ပိုပြရန် စွန့်စားနိုင်မှာ မဟုတ်ပေ။ သူက လူတစ်သောင်းအား ပြမည်ဆိုလျှင် ဖျောင်ကျန့်ရှန်အတွက် အဓိပ္ပါယ် ရှိတော့မှာ မဟုတ်ချေ။
ယင်းက ပြင်းထန်သော လှုပ်ရှားမှု ဖြစ်၏။ ယင်းကို လူတစ်ယောက သိနေလျှင် အမြင့်ဆုံး တိုက်ကွက်ဟု ခေါ်နိုင်ပြီး လူတစ်သောင်း သိသွားခဲ့လျှင် အသုံးမကျသည့် အကွက်သာ ဖြစ်သွားပေလိမ့်မည်။
” မရဘူး”
အဖွဲ့ခွဲမှူး ကျင်းက ချက်ချင်း ငြင်းပယ်လိုက်၏။
ရယ်စရာပဲ။ ပြောရရင် ဟန်နိုင်ငံသားတွေပဲ တခြားသူတွေကို အမြတ်ထုတ်နိုင်တာ။ တခြားသူတွေက သူတို့ကို ဘယ်လိုလုပ် အမြတ်ထုတ်ခွင့်ပေးနိုင်မှာလဲ။
” ဒါဆိုရင် တခြားနည်း မရှိတော့ဘူးပဲ။ အဲဒါဆိုရင် အခုပဲ ရွှေရောင် နွားသိုးရုပ်တုကို ယူသွားတော့မယ်”
” ခဏလေး”
ဖျောင်ကျန့်ရှန်က ချက်ချင်း ထရပ်လိုက်သည်။
” ကျုပ် ကျန်းဟိုင် သိုင်းကျောင်းတော်ကို ကူးပြောင်း ကျောင်းသားတစ်ယောက်အနေနဲ့ ၀င်ဖို့ ဆန္ဒရှိတယ်။ ဒါပေမဲ့ တစ်နှစ်ပဲ”
” မင်း ရူးနေပြီ”
အဖွဲ့ခွဲမှူး ကျင်းက ဟိန်းဟောက်လိုက်လေ၏။ ဖျောင်ကျန့်ရှန်က ထပ်ပြောလာသည်။
” ကျုပ် မရူးဘူး။ ဒါကို ပြန်သွားပြီး ကျုပ် ဆရာကို ပြောလိုက်။ ကျန်တာကို သူ ဖြေရှင်းလိမ့်မယ်”
” မင်း။ ဟူး။ မင်း ရူးနေတာပဲ။ ဒီတစ်ခေါက် မင်းကြောင့် ငါ အသတ်ခံရမှာ”
ချီရှန်းလုံနှင့် တုချန်းဖုန်းတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး မြေခွေးအိုကြီးများပမာ ပြုံးလိုက်တော့၏။ သူတို့ကို အရှက်မဲ့သည်ဟု မဆိုနိုင်ချေ။ ယင်းက နိုင်ငံများကြားရှိ ယှဥ်ပြိုင်မှု တစ်ရပ် ဖြစ်သည်။
ဖျောင်ကျန့်ရှန်က ဓားဆန္ဒကို မြင်တွေ့ခဲ့ပြီးဖြစ်ရာ ပြန်လမ်းမရှိတော့ပေ။ ထို့ကြောင့် သူက တခြားနည်းလမ်း အသုံးပြုရုံသာ ရှိသည်။ ယင်းက မသင့်တော်သော်ငြား စီရင်စု ကိုးခုအတွက် ကောင်းမွန်ပေ၏။
ယဲ့ရှောင်ဘက်တွင်မူ သူက ချင်ယွိယန်နှင့် ဖျောင်ကျန့်ရှန်၏ တိုက်ပွဲ VDO ကို စာကြည့်တိုက်ထဲ၌ ကြည့်နေလေသည်။ သူ များများစားစား မကြည့်ချင်ပေ။ သူက ချင်ယွိယန်နှင့် ဖျောင်ကျန့်ရှန်ကြားရှိ ယှဥ်ပြိုင်ပွဲကို စိတ်၀င်စားခြင်း မရှိ။ ချင်ယွိယန်က ဤအခြေအနေသို့ ရောက်နေပြီးသား ဖြစ်သည်။ သူမနှင့်တိုက်ခိုက်နေသော ဖျောင်ကျန့်ရှန် မည်မျှ သန်မာသနည်း။
ကုဟိုင်က ဘာမှ လုပ်စရာမရှိဘဲ သူ့ကို လာပြနေတာပဲ ဖြစ်သည်။ ပြီးနောက် ယဲ့ရှောင်က သက်ပြင်းချလိုက်မိ၏။
အမှိုက်ပဲ။ သူ တကယ် အချိန်ဖြုန်းတီးရာ ရောက်တာပဲ။
ယဲ့ရှောင်၏ အမြင်တွင် သူတို့နှစ်ယောက်ကြားရှိ ပြိုင်ပွဲမှာ ကလေးကစားနေသည်နှင့်သာ တူနေတော့၏။ အင်မတန် ပျင်းရိငြီးငွေ့ဖွယ်ကောင်းနေသည်။
သူ၏ ကျင့်စဥ်ကို ဟို့ထျန်း ပဥ္စမအဆင့်အထိ ဖိနှိပ်ထားခဲ့လျှင်တောင် သူတို့ကဲ့သို့ လူဆယ်ယောက်ခန့်ကို လက်တစ်ဖက်တည်းဖြင့် ဖြေရှင်းနိုင်သည်ဟု ခံစားမိသည်။ ဖျောင်ကျန့်ရှန်က အနည်းငယ် ပိုတော်သော်ငြား သူ၏ မျက်လုံးထဲတွင် အမှိုက်ဖြစ်နေသေးစဲ ဖြစ်၏။
” ဘယ်လိုလဲ။ လောင်ယဲ့။ အံ့သြဖို့ကောင်းလား”
ယဲ့ရှောင်က တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
” တော်တော် အံ့သြဖို့ကောင်းတယ်။ သိပ်အံ့သြဖို့ကောင်းတာ”
” ပိုတောင် အံ့သြဖို့ကောင်းတာ ရှိသေးတယ်။ ဖိုရမ် ပေါ်နဲ့ ၀ီချက်မှာဆို ပေါက်ကွဲကုန်ပြီ”
” အော်။ ဟုတ်လား။ ဘာတွေ ဖြစ်နေတာလဲ”
” ဖျောင်ကျန့်ရှန် အကြောင်းလေကွာ။ သူက ငါတို့ မြို့က အ၀ိုင်းပတ်နားလျှောက်သွားမိပြီး အင်မတန် သန်မာတဲ့ ဓားဆန္ဒကို ရှာတွေ့သွားပုံပဲ။ သူက ကြောက်လွန်းလို့ အါ့နေရာမှာတင် သွေးအန်တာလေ။ နောက်ကျတော့ အရှက်မရှိ ထွက်သွားဖို့ ဆန္ဒမရှိပဲ အ၀ိုင်းပတ်မှာတင် ထိုင်ချနေတော့တာတဲ့”
” ငါတို့ ကျန်းဟိုင်မြို့က ထူးချွန်တဲ့ လူတွေရဲ့ နယ်မြေပဲ”
” အရင်ဆုံး ဆန်းကြယ် ချီရှန်း သိုင်းပညာရှင်။ အခု ဓားသခင်တစ်ယောက်”
” ငါ့ကို တပည့်အဖြစ် လက်ခံချင်တဲ့ လူတစ်ယောက်ကို ဘာလို့မတွေ့ရသေးတာလို့ ထင်လဲ”
” အ၀ိုင်းပတ်လား။ ဓားရာတဲ့လား”
ယဲ့ရှောင်က မျက်ခုံး ပင့်မိသွားသည်။
ကြားရတာ ရင်းနှီးနေသလိုပဲနော်။ သူ မှတ်မိတာ မှန်မည်ဆိုလျှင် လွန်ခဲ့သည့် နှစ်ရက်က အ၀ိုင်းပတ်၌ နံနက်စာ သွား၀ယ်ချိန်တွင် မိစ္ဆာ၀ိညာဥ်ကို သူ သတ်ဖြတ်ခဲ့၏။ ထိုစဥ်က ယင်းကို သတ်ဖြတ်ရန် ၀ိညာဥ်စွမ်းအားကို အသုံးပြုခဲ့၏။ သူ၏ ခွန်အားကို ဖိနှိပ်ထားပြီး ထိန်းချုပ်ထားသော်ငြား အ၀ိုင်းပတ်နားရှိ ရွှေရောင်နွားသိုး ရုပ်တုပေါ်တွင် ဓားရာ ချန်ထားမိခဲ့ပုံ ပေါ်၏။
“ဗီဒီယို ရှိလား”
” ရှိတယ်”
ယဲ့ရှောင်အတွက် ကုဟိုင်က ချက်ချင်း ရှာပေးလိုက်၏။ ယဲ့ရှောင်က ဗီဒီယိုကို မြင်သောအခါ သူ၏ မျက်နှာက ရှုံ့မဲ့သွား၏။
ထင်တဲ့အတိုင်း အဲဒီနေရာပဲ။
သို့သော် ဖျောင်ကျန့်ရှန်၏ အကြည့်ကမူ အတော်စူးရှပေသည်။ ယင်းကို သူ မည်ကဲ့သို့ ရှာတွေ့သနည်း။ သူသည် ခွန်အားအပြည့်အ၀ မသုံးခဲ့ချေ။ ဓားရာက နှစ် စင်တီမီတာတောင် မရှည်ပေ။
” သေစမ်း။ နောက်ကျရင် ငါ ဒီထက် ပိုဂရုစိုက်ရတော့မဲ့ပုံပဲ။ ခြေရာလက်ရာ မချန်ဖို့လည်း အကောင်းဆုံး ကြိုးစားရမယ်။ မဟုတ်ရင် ပြဿနာတွေ အမြဲ ရှိနေတော့မှာ”
အပိုင်း ၂၈ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset