Switch Mode

Chapter – 26

တိုက်ပွဲတစ်ပွဲတည်းဖြင့် နာမည် ကျော်ကြားခြင်း။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၆။ တိုက်ပွဲတစ်ပွဲတည်းဖြင့် နာမည် ကျော်ကြားခြင်း။

Zero to Hero in the Martial Arts Library
Author: Flammable Wood
ဖျောင်ကျန့်ရှန်က ခုနှစ်စင်ကြယ် လေ့ကျင့်ရေး ကိုယ်နေဟန်ထားထဲ ၀င်ရောက်ပြီး ဓားကို လက်တစ်ဖက်ဖြင့် ကိုင်ရာမှ လက်နှစ်ဖက်ဖြင့် ပြောင်းကိုင်၏။ သူ၏ ခန္ဓာကိုယ်ကလည်း ရှေ့သို့ မြောက်တက်လာ၏။
အေးစိမ့်ပြီး ကျောချမ်းဖွယ် ဓားဆန္ဒက ပေါ်ထွက်လာတော့သည်။
တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်။
သူ လှုပ်ရှားလေပြီ။ သူက အလွန်မြန်ဆန်ပြီး ချက်ချင်းဆိုသလို ပျောက်ကွယ်သွား၏။ သူ၏ အရှိန်ကို မည်သူမှ လိုက်မမှီကြပေ။ သူ လှုပ်ရှားနေသည့် အရပ်မျက်နှာကိုသာ အခြေခံပြီး သူ လှုပ်ရှားနေသည့်နေရာကိုသာ မှန်းဆနိုင်ကြ၏။
ဖျောင်ကျန့်ရှန် လှုပ်ရှားသည်နှင့် ချင်ယွိယန်ကလည်း လှုပ်ရှားတော့သည်။ သူမက လက်ကောက်၀တ်ကို ကွေးညွတ်လျက် ခွန်အားတို့ကို စုစည်းလိုက်ပြီး ရှေ့သို့ တိုး၀င်သွား၏။
ယဲ့ရှောင်ဆီမှ သူမ နားလည်သဘောပေါက်ခဲ့သော ဓားမော့ဆန္ဒက ယခုအချိန်တွင် သူမ စိတ်ထဲ၌ တောက်ပလွန်းနေ၏။ သေရေးရှင်ရေး အခိုက်အတန့်တွင်မူ သူမက ပိုကောင်းသည့် သိမြင်နားလည်မှုဖြင့် နားလည်သဘောပေါက်မှုတို့ ရလာလိမ့်မည်။
ဓားမော့က လက်နက်အားလုံး၏ အရှင်သခင်ဖြစ်၏။ သူမ ရှေ့တွင် မည်သည့်ရန်သူ ရှိနေစေကာမူ မတားမြစ်နိုင်သော စွမ်းအင်ဖြင့် ရှေ့ဆက်တိုးသွားကာ အရာအားလုံးကို အနိုင်ယူမှာပဲ ဖြစ်သည်။
သူမသည် ဖျောင်ကျန့်ရှန်နောက် ခြေတစ်လှမ်းကွာနေသည့်တိုင် ဓားမော့၏ အဟုန်က အလွယ်တကူ ဖာထေးပေးနိုင်သည်။ လူတိုင်းက ပုံရိပ်နှစ်ခု တိုက်မိသွားတာကို ခံစားမိလိုက်၏။ နောက်တစ်စက္ကန့်တွင် ပြိုင်ကွင်းကြီးတစ်ခုလုံး ရုတ်တရက် ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ်လာတော့သည်။
” ဖုန်း”
ပေါက်ကွဲမှုကြီးက မရေမတွက်နိုင်သော လှိုင်းများကို ဖန်တီးလိုက်ကာ ကျောက်သားများကို ထိသွားပြီး သူတို့ကို ဟန်ချက်ပျက်သွားစေ၏။
တုချန်းဖုန်းနှင့် ချီရှန်းလုံတို့ကမူ သူတို့၏ အလွန်သန်မာသည့် ကျင့်ကြံဆင့်​ကြောင့် လှိုင်း မသက်ရောက်ခံရသော်ငြား သူတို့က ထိတ်လန့်သေးစဲ ဖြစ်၏။
ပါရမီရှင်က ပါရမီရှင်သာ ဖြစ်၏။ သူတို့နှစ်ဦးက ဟို့ထျန်း နယ်ပယ် ပဥ္စမအဆင့်ထိရောက်အောင် သူတို့၏ ကျင့်ကြံဆင့်ကို ဖိနှိပ်ထားခဲ့သည်။ ထိုသို့တိုင် ဤကဲ့သို့ တိုက်ပွဲ၀င် ခွန်အားမျိုး ပေါက်ကွဲနိုင်သေး၏။ ယင်းက သာမန်လူဦး၏ အကန့်အသတ် မဟုတ်ပေ။ သူတို့က ထိုကဲ့သို့ ခွန်အားဖြင့်တောင် တိုက်ခိုက်နိုင်လောက်မှာ မဟုတ်ချေ။
ကြိမ်နှုန်းများ လွှင့်ပြယ်သွားသည့်အချိန်တွင် အားလုံးက သူတို့၏ ခန္ဓာကိုယ်ကို ထိန်းလိုက်နိုင်၏။ ဖျောင်ကျန့်ရှန်က ချင်ယွိယန် ရပ်နေသည့် နေရာသို့ ရောက်နေပြီဖြစ်ကာ ချင်ယွိယန်ကလည်း သူ ရပ်ခါစ နေရာသို့ ရောက်သွားပြီ ဖြစ်၏။ သူတို့နှစ်ဦးလုံးက တစ်ယောက်နှင့်တစ်ယောက် ကျောချင်းကပ်မိသွားသည်။ ခန်းမတစ်ခုလုံးက တိတ်ဆိတ်မှုအတိ ဖြစ်သွားတော့၏။ လူတိုင်း၏ မျက်၀န်းက အပြူးသားဖြစ်နေသည်။ သူတို့က အသက် ကျယ်ကျယ် မရှူရဲတော့ချေ။ သူတို့စိတ်ထဲတွင် နှလုံးခုန်သံသာ ကျန်ရစ်တော့၏။
တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်၊ လေးစက္ကန့်၊ ငါးစက္ကန့်။
” ဖူး”
နောက်ဆုံးတွင် ချင်ယွိယန်က သွေးတစ်ပွက်အန်ပြီး မြေကြီးပေါ် လဲကျသွားတော့၏။
” အဟွတ်။ အဟွတ်”
ဖျောင်ကျန့်ရှန်၏ နှုတ်ခမ်းထောင့်မှ သွေးစီးကျလာသော်ငြား သူက မြဲမြံစွာ ရပ်နေနိုင်သေး၏။ သူ အနိုင်ရသွားသည်ဟု ဆိုလိုတာပဲ ဖြစ်သည်။
ချင်ယွိယန်က ရှုံးနိမ့်သွားသည်။ သို့သော် သူမက ဓားသိုင်းအား အနှစ်နှစ်ဆယ်ကျော် လေ့ကျင့်ခဲ့သည့် ဖျောင်ကျန့်ရှန်အား နှစ်လသာ ကြာမြင့်သေးသည့် ဓားမော့သိုင်းဖြင့် ယှဥ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ သူမ မနိုင်ဟု မည်သူက ပြောနိုင်မည်နည်း။
ချီရှန်းလုံနှင့် တုချန်ဖုန်းတို့က ချင်ယွိယန်၏ ဘေးသို့ အမြန်သွားလိုက်တော့၏။ တုချန်ဖုန်းက သူမကို ကုသရန် ၀ိညာဥ်စွမ်းအင်များ သွင်းပေးလိုက်၏။ ဒဏ်ရာများကိုလည်း စစ်ဆေးကြည့်လိုက်သည်။
” ကောင်မလေး။ ဘယ်လိုနေလဲ”
ချန်ရှန်းလုံက စိုးရိမ်ပူပန်နေသည့် မျက်နှာထားဖြင့် မေးလိုက်လေ၏။ ချင်ယွိယန်က တောင်းပန်သည့် အပြုံးဖြင့် ပြောလိုက်လေသည်။
” သမီး တောင်းပန်ပါတယ်။ ဘိုးဘိုး။ သမီး အရှက်ကွဲစေမိပြီ”
ချီရှန်းလုံက ချင်ယွိယန်၏ လက်လေးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး ခေါင်းခါလိုက်တော့၏။ သူက စိတ်ခံစားချက်များ မြင့်တက်နေခြင်းကြောင့် မျက်၀န်းများကလည်း အနည်းငယ် နီနေခဲ့ပြီ ဖြစ်သည်။
” တော်လိုက်တဲ့ မိန်းကလေး။ ကောင်းကောင်း လုပ်ခဲ့တာပဲ။ သမီးက အဘိုးတို့ ချင်မိသားစုရဲ့ ဂုဏ်တက်စရာပဲ”
တုချန်ဖုန်းက ခပ်ဖျော့ဖျော့ ပြုံးပြီး ပြောလိုက်လေ၏။
” ဘာမှ မဟုတ်ဘူး။ မင်းရဲ့ ၀ိညာဥ်စွမ်းအားက နည်းနည်းရှုပ်ထွေးသွားရုံပဲ။ ဒါပေမဲ့ ချီ သွေးကြောတွေက ဒဏ်ရာမရဘူး။ ခဏလောက် အနားယူပြီးရင် ပြန်ကောင်းသွားလိမ့်မယ်”
ထိုစကားကို ကြားသည့်အခါ ချီရှန်းလုံက နောက်ဆုံးတွင် သက်ပြင်းချလိုက်လေ၏။
နှုတ်ခမ်းထောင့်မှ စီးကျနေသော သွေးကို သုတ်ပြီးနောက် ဖျောင်ကျန့်ရှန်က ချင်ယွိယန် ဘေးသို့ ဖြေး​ဖြေးချင်း လျှောက်သွားလေ၏။ သူက ချင်ယွိယန်ကို ခေါင်းညိတ်ပြပြီး ပြောလိုက်တော့သည်။
” ကျေးဇူးပါပဲ။ ဒါက စီရင်စု ကိုးခုထဲမှာ ငါ တွေ့ကြုံဖူးတဲ့ အဓိပ္ပါယ်အရှိဆုံး တိုက်ပွဲပဲ။ မင်းသာ ဓားမော့ကျင့်စဥ်ကို အချိန်ကြာကြာ လေ့ကျင့်ထားနိုင်ခဲ့မယ်ဆိုရင် မင်းနဲ့ ငါ နောက်ထပ် တိုက်ပွဲတစ်ပွဲ ရှိလာနိုင်တယ်”
ချင်ယွိယန်က ခေါင်းညိတ်လိုက်သည်။
” ရှင် ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဓားသိုင်းမှာ ရှင့်ရဲ့ခွန်အားက ဂုဏ်သတင်းနဲ့ တကယ် လိုက်ဖက်ညီပါပေတယ်”
သူတို့နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးလိုက်လေ၏။ ခန်းမတစ်ခုလုံးကလည်း လက်ခုပ်သံတို့ဖြင့် ပေါက်ကွဲလာတော့သည်။
ဖျောင်ကျန့်ရှန်၏ ခွန်အားဖြစ်စေ၊ ချင်ယွိယန်၏ ကြိုးစားအားထုတ်မှုဖြစ်စေ နှစ်မျိုးလုံးက လက်ခုပ်တီး အားပေးရန် ထိုက်တန်ပေ၏။
ဖျောင်ကျန့်ရှန်က အားလုံးကို နှုတ်ဆက်ပြီးနောက် အဖွဲ့ခွဲမှူး ကျင်းနှင့်အတူ ထွက်သွားတော့၏။ ဓားသိုင်းပညာရှင်များကို စိန်ခေါ်ရမည့် သူ၏ ပန်းတိုင်အတွက် ရှေ့ဆက်ရဦးမည် ဖြစ်သည်။ သူ့ကို အနိုင်ယူမည့်သူကို မတွေ့မချင်း ဖြစ်သည်။ သူတို့နှစ်ဦး လက်ရည်ယှဥ်သည့် VDO က ဖိုရမ်ပေါ်တွင် တင်ပြီးဖြစ်ရာ မြန်မြန်ဆန်ဆန်ပင် တက်သွားတော့သည်။
ချင်ယွိယန်က ဒါရိုက်တာ၏ အခန်းသို့ သူမ အဘိုး ခေါ်သွားတာ ခံလိုက်ရ၏။
” ယွိယန်။ အဘိုးကို ရိုးရိုးသားသား ပြော။ သမီးကို ဓားမော့ကျင့်စဥ် ဘယ်သူ သင်ပေးတာလဲ။ ကျန်းဟိုင်မြို့မှာပေါ်လာတဲ့ သိုင်းသမားလား”
ချင်ယွိယန်က ခေါင်းညိတ်လိုက်၏။ သူမသည် တစ်ဖက်လူ၏ ဓားမော့ဆန္ဒကို နားလည်သဘောပေါက်ရုံသာဖြစ်ပြီး သူ၏ ဓားမော့ကျင့်စဥ်ကို သင်ယူသည်ဟုလည်း ပြော၍ ရသည်။
” သူ ဖြစ်မယ်ဆိုတာကို သိနေတယ်”
ချီရှန်းလုံက သူ၏ လက်ဖဝါးကို လက်သီးဖြင့် အကြိမ်ကြိမ် ထုလျက် မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ တလက်လက်တောက်လာ၏။
” ဒါဆိုရင် သမီးရဲ့ ဆရာက ဘယ်မှာလဲ။ သူ့ကို မြန်မြန် ခေါ်လာခဲ့”
ချင်ယွိယန်၏ မျက်နှာက အခက်ကြုံသွားသည့်ပုံ ပေါ်သွား၏။
” သူ။ သူ။ ဘယ်သူလဲဆိုတာ သမီး မသိဘူး။ သူ ဘယ်မှာလဲဆိုတာလည်း သမီး မသိဘူး”
” ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သမီးက သူတပည့်ဖြစ်နေပြီးပြီ။ သူ ဘယ်သူလဲဆိုတာတောင် မသိဘူးတဲ့လား”
ချင်ယွိယန်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်း ခေါင်းခါလိုက်တော့၏။
” အဲ့ဒီနေ့တုန်းက သမီး မြစ်ဘေးမှာ လေ့ကျင့်နေတဲ့အချိန် သူ့ကို တွေ့လိုက်ရတာပဲ။ သမီးကို သူ့တပည့်အဖြစ် လက်ခံပေးဖို့ တောင်းပန်ခဲ့ပေမဲ့ သူ ငြင်းခဲ့တယ်။ သူ ချန်ထားရစ်ခဲ့တဲ့ ဓားရာကနေ ဓားမော့ဆန္ဒကို ဆင်ခြင်နိုင်ခဲ့တာပဲ။ ဓားမော့ဆန္ဒကို ဖြည်းဖြည်းချင်း နားလည်သဘောပေါက်အောင် လုပ်ခဲ့ပေမဲ့ သမီးရဲ့ ဦးနှောက်က တုံးအလွန်းတာ ဖြစ်နိုင်တယ်။ အခုအချိန်ထိ အဲဒါရဲ့ နှစ် ရာခိုင်နှုန်းလောက်ပဲ နားလည်သေးတယ်”
အဘိုးအိုနှစ်ဦးလုံးက အံ့သြဆွံ့အသွားကြတော့သည်။ သူတို့က ထိတ်လန့်လွန်းသောကြောင့် စကားမပြောနိုင်ကြတော့ချေ။ ဓားမော့ဆန္ဒကို နှစ်ရာခိုင်နှုန်းအထိ နားလည်သဘောပေါက်ခြင်းက ချင်ယွိယန်၏ ဓားသိုင်းကို ဤမျှအထိ အဆင့်မြင့်မားသွားစေသည်လော။
” ဒါက ကောင်းကင်ကို ဖီဆန်တဲ့ လူတစ်ယောက် မဟုတ်ဘူးလား”
ချင်ယွိယန်က ဓားမော့ဆန္ဒ အနည်းငယ်ဖြင့် ဖျောင်ကျန့်ရှန်၏ နှုတ်ခမ်းထောင့်မှ သွေးစီးကျလာအောင် လုပ်နိုင်သူဖြစ်ကြောင်း သိထားရပေမည်။ ရာခိုင်နှုန်း အနည်းငယ်သာ ပို၍ သင်ယူနိုင်လျှင် သူမသည် ဖျောင်ကျန့်ရှန်နှင့် လက်ရည်တူ ယှဥ်နိုင်မှာပဲ ဖြစ်သည်။ အနည်းငယ် ပိုလာလျှင် သူမက ဖျောင်ကျန့်ရှန်ကို သတ်လာနိုင်မည်လော။
” တကယ် ပါရမီရှင်ပဲ”
တုချန်းဖုန်းက သက်ပြင်းချလိုက်မိ၏။ အရင်တုန်းက သူ့ကို နတ်၀ိဇ္ဇာတစ်ပါးဖြစ်ရမည်ဟု ထင်ထားခဲ့သည်။ ယခုတွင်မူ သူ၏ ကျင့်ကြံဆင့်က နတ်၀ိဇ္ဇာ ဂိုဏ်းအထက်တွင် ရှိနေပုံ ပေါ်၏။
” ဘာ”
ချီရှန်းလုံက တအံ့တသြ အော်လိုက်၏။ သူ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာ နီလာတော့သည်။
ယင်းက မမှန်းဆှန်းဆနိုင်ရုံသာ ဖြစ်၏။ နတ်၀ိဇ္ဇာ ဂိုဏ်းအထက်။ ယင်းက။
သူတို့သည် ချင်ယွိယန်ကို သူတို့၏ တပည့်အဖြစ် မှတ်ယူမည် မဟုတ်သော်ငြား ဓားဆန္ဒပေးခဲ့ရာ ဆက်နွယ်မှုတစ်ခု ရှိနေပြီဖြစ်သည်။ ယင်းက မည်ကဲ့သို့သော ကံကောင်းမှုမျိုးနည်း။
ထိုစဥ် တုချန်းဖုန်း၏ ဖုန်းက ရုတ်တရက် မြည်လာတော့သည်။ သူက ဖုန်းကို ထုတ်လိုက်ပြီး ချီရှန်းလုံနှင့် သူ၏ မြေးမလေးကို လက်ကာပြပြီး ဖုန်းဖြေရန် တဖက်သို့ သွားလိုက်၏။
ချင်ယွိယန်က သူမ၏ အဘိုးကို ဂရုတစိုက် မော့ကြည့်လိုက်တော့သည်။
” အဘိုး။ နောက်ကျရင် သမီး ဓားမော့ကို လေ့ကျင့်လို့ ရပြီလား”
” ဒါပေါ့။ အဘိုးတို့ ချင် မိသားစုက သမီးရဲ့ မျိုးဆက်ကနေ ဓားသိုင်း လေ့ကျင့်တာကို ရပ်မယ်။ ဓားမော့သိုင်း ပြောင်းကျင့်ကြတာပေါ့။ နောက်ကျရင် သမီး စိတ်ရောကိုယ်ပါ ဓားမော့သိုင်းကို လေ့ကျင့်လို့ ရပြီ။ အကုန်ထောက်ပံ့ပေးမယ်”
ချင်ယွိယန်က သက်ပြင်းချလိုက်တော့၏။
” ကျေးဇူးပါ ဘိုးဘိုး”
ခဏအကြာတွင် တုချန်ဖုန်းက ပျော်ရွှင်နေသည့် မျက်နှာထားဖြင့် ပြန်လျှောက်လာလေ၏။
” ဘယ်သူခေါ်လဲ။ ခန့်မှန်းကြည့်”
” ဘယ်သူလဲ”
ချီရှန်းလုံက မမေးဘဲ မနေနိုင်တော့ချေ။ တုချန်းဖုန်းက ဆန်းကြယ်စွာ ပြန်ပြောလာ၏။
“ငါ့ရဲ့ ကျောင်းအုပ်လေ။ သူက ယွိယန်ကို ကျင်းသို့ သိုင်းကျောင်းတော်မှာ သင်ကြားဖို့ အထူးဖိတ်ကြားချင်နေတာ”
” တကယ်လား”
ချီရှန်းလုံက စိတ်လှုပ်ရှားလာသောကြောင့် စတင် တုန်ယင်လာ၏။ ယင်းက စီရင်စု ကိုးခုရှိ ကျောင်းသားအားလုံးသွားရောက်ရန် အိမ်မက်မက်နေသည့် ကျင်းသို့ ဖြစ်သည်။
” ငါ ထင်တာ မမှားရင် နိုင်ငံထဲက တခြား ထိပ်တန်းကျောင်းတော်တွေကလည်း သူ့ကို ရှာနေလောက်တယ်။ အခု ယွိယန်က နာမည်ကြီးနေပြီ”
” ကောင်းတယ်။ ကောင်းတယ်။ ကောင်းတယ်”
ချီရှန်းလုံက စိတ်လှုပ်ရှားစွာ ပြောလိုက်လေ၏။
” ငါတို့ ချင် မိသားစုက ဒီတစ်ခေါက် ပါရမီရှင်တစ်ယောက်ကို တကယ် မွေးထုတ်နိုင်ခဲ့ပြီပဲ”
အပိုင်း ၂၆ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset