အပိုင်း ၉၅•၂
” ထိပ်တန်းရူးသွပ်သားရဲကောင် ဆယ်ကောင် ”
°°°
” မင်းမင်းတို့တွေ ”
၀မ်သုန့်က တံခါး၀မှာရပ်နေရင်းနဲ့ မျက်နှာတစ်ခုလုံး နီရဲလို့နေခဲ့ပါပြီ။
မာရှောင်ထောင့်က နောက်တစ်ကြိမ်အကြောဆန့်လိုက်ရင်း တံခါးဘက်ကို ပြန်လျှောက်သွားပါတော့တယ်။ အဲ့ဒီနောက် ၀မ်သုန့်ရှေ့ရောက်ချိန်မှာ သူ့ခေါင်းကိုလက်ဆစ်နဲ့ ခေါက်ချလိုက်တယ်။
” ဒီလောက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ မဟုတ်တရမ်းတာတွေ ပေါက်ကရတွေတွေးမနေနဲ့ သူနေကောင်းပြီလို့ထင်တာပဲ မင်းလဲအတော်လေးသက်သာလာပုံရတယ်..သွားပြီ နည်းနည်းပါးပါးစားတာသောက်တာ လုပ်ကြဦး ”
အဲ့ဒီနောက် သူမပြောရင်းနဲ့ တံခါးကိုတွန်းကာအပြင်ကိုထွက်သွားပါတော့တယ်။
၀မ်သုန့်လဲ ခေါင်းခေါက်ခံလိုက်ရတဲ့အတွက် သတိပြန်၀င်လာခဲ့ပါပြီ။ အဲ့ဒီနောက် သူ့ခေါင်းသူ ကုတ်နေရင်း ရယ်သာရယ်နေခဲ့ရပါတော့တယ်။ ဟုတ်တယ် သူတို့တွေက အသက်ဆယ့်နှစ်နှစ်အရွယ်သာ ရှိသေးတာပါ။
” ယွိဟောင် မင်းအခြေအနေဘယ်လိုလဲ မင်းကြည့်ရတာ အခုပဲမတရားပြုခံထားရတဲ့ပုံစံနဲ့ ”
၀မ်သုန့်က ၀င်၀င်ချင် စနောက်ပါတော့တယ်။
ဟို့ယွိဟောင်ကတော့ စောင်ခြုံထဲပြန်၀င်နေခဲ့ပြီ ပြောလာခဲ့တယ်။
” အစ်မကြီးရှောင်ထောင့် ပြောတာမှန်တယ်..မင်းခေါင်းက တကယ်မဟုတ်တရမ်းတာတွေနဲ့ ပြည့်နေတာပဲ သူပြောတာငါတို့နိုင်တယ်တဲ့ ဒီတော့ဘယ်လိုနိုင်လဲပြောပြပါဦး ”
၀မ်သုန့်က မာရှောင်ထောင့်ထသွားခဲ့တဲ့ ထိုင်ခုံပေါ်ကိုပြန်ထိုင်လိုက်ရင်း ရှင်းပြပါတယ်။
” ဒါပေါ့ ငါရဲ့တူတစ်ချက်ထဲနဲ့ အားလုံးကို ပါးစပ်ပိတ်သွားအောင် လုပ်ပြစ်လိုက်တာ ”
ဟို့ယွိဟောင်က စိတ်ရှုပ်ထွေးနေတာကြောင့် မေးလာခဲ့ပါတယ်။
” ငါကြောင့် နိုင်သွားတာမဟုတ်ဘူးလား ”
ဘာတွေဖြစ်သွားခဲ့မှန်းမသိပေမဲ့ ရေခဲဧကရီရဲ့စွမ်းအားကိုတော့ သူ့အပြည့်အ၀ယုံကြည်ချက်ရှိပါတယ်။
၀မ်သုန့်က ပြိုင်ပွဲနောက်ဆုံးအချိန်မှာဖြစ်ခဲ့တဲ့ကိစ္စတွေအားလုံးကို အသေးစိတ်ပြန်ပြောပြပါတော့တယ်။ သူတူကိုဘယ်လိုပြစ်လိုက်လဲဆိုတာနဲ့ ရွှေရောင်အလင်းတန်းပေါ်လာတဲ့အကြောင်းကိုပါ သေသေချာချာပြောပြနေခဲ့တယ်။
” တူတစ်ချောင်းလား တကယ်ကို ပညာသာပါတဲ့ရိုက်ချက်ပဲ ဒါသေချာပေါက် မင်းရဲ့ဒုတိယသိုင်းပညာ၀ိညာဥ်ပဲဖြစ်ရမယ်..အဲ့ဒါဘယ်လိုခေါ်လဲ ”
ဟို့ယွိဟောင်က မေးလာပါတော့တယ်။
၀မ်သုန့်ကတော့ ဟို့ယွိဟောင်ရဲ့ လုံး၀အေးဆေးတည်ငြိမ်နေပြီ သိလိုစိတ်အပြည့်နဲ့ ဖြစ်နေတဲ့မျက်နှာကိုကြည့်ရင်း စိတ်မရှည်လက်မရှည်မေးလာပါတော့တယ်။
” ငါ့မှာသိုင်းပညာ၀ိညာဥ်နှစ်ခုရှိတာကို မင်းမအံ့ဩဘူလား ”
ဟို့ယွိဟောင်က ရယ်မောရင်းနဲ့သာ ပြန်ဖြေလိုက်တယ်။
” ဘာများအံ့ဩစရာရှိလို့လဲ ငါသိတာကြာလှပြီ ”
၀မ်သုန့်က မျက်လုံးအပြူးသားနဲ့ စိုက်ကြည့်နေခဲ့ပါတယ်။
” မဖြစ်နိုင်ဘူး ငါဘယ်တုန်းကမှ ထုတ်မပြဖူးဘူးလေ ”
ဟို့ယွိဟောင်ကတော့ ရယ်မောရင်းနဲ့သာ ပြန်ပြောလာခဲ့ပါတယ်။
” ဒါပေမယ့် ငါတို့ရဲ့သိုင်းပညာ၀ိညာဥ်တွေက ပေါင်းစည်းဖူးတယ်လေ သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်တစ်ခုကို ထုတ်လွှတ်ဖို့အတွက် ဘာတွေလိုအပ်လဲမင်းသိလား ဆရာ၀မ်ပြောခဲ့ဖူးတယ်..သိုင်းပညာ၀ိညာဥ်ရဲ့ပေါင်းစည်းစွမ်းရည်ကို ထုတ်လွှတ်ဖို့အတွက် နှစ်ဖက်စလုံးမှာတူညီတဲ့သ်ိုင်းပညာ၀ိညာဥ်ရှိစရာမလိုအပ်ဘူး..တစ်ယောက်နဲ့တစ်ယောက် လိုက်ဖက်ညီဖို့လိုအပ်ရုံပဲ သိုင်းပညာ၀ိညာဥ်ပေါင်းစည်းမှုရဲ့အင်အားကလဲ လိုက်ဖက်ညီမှုနဲ့အတူ တိုးတက်လာလိမ့်မယ်..ဒါ့အပြင် ငါတို့ရဲ့လိုက်ဖက်ညီတဲ့နှုန်းက အများကြီးမြင့်တယ်လေ အရမ်းကိုရှားပါးတယ်လို့တောင် ဆရာ၀မ်ပြောတာပဲ ငါ့မှာသိုင်းပညာ၀ိညာဥ်နှစ်ခုရှိပြီ မင်းမှာတစ်ခုထဲရှိလို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ငါဘယ်တုန်းကမှ ဒီလိုမျိုးမတွေးဖူးဘူး ဒီတော့ အစကထဲက မင်းမှာသိုင်းပညာ၀ိညာဥ်နှစ်ခုရှိမယ်လို့ သိထားပြီသားလေ ”
” ဒါဆိုဘာကြောင့် မမေးတာလဲ ”
၀မ်သုန့်က ခေါင်းငုံ့ရင်းနဲ့ ပြောလာခဲ့ပါတယ်။
” ဘာကြောင့် မေးရမှာလဲ လူတိုင်းမှာကိုယ်ပိုင်လျှို့၀ှက်ချက်တွေ ရှ်ိတာပဲလေ ငါတို့တွေက အကောင်းဆုံးသူငယ်ချင်းတွေ ဖြစ်ပေမဲ့ တခြားသူရဲ့လျှို့၀ှက်ချက်ကို အတင်းအကြပ်အတည်ပြုတာက ကောင်းတဲ့အရာမှမဟုတ်တာပဲ လူတိုင်းမှာလဲ ကိုယ်ပိုင်လွှတ်လပ်ခွင့်ဆ်ိုတာရှိသင့်တယ်မဟုတ်လား ”
၀မ်သုန့်က ခေါင်းမော့ရင်း ဟို့ယွိဟောင်ကို အထိတ်တလန့်နဲ့ ကြည့်လာခဲ့ပါတယ်။
” ဒီတော့ မင်းမှာလဲ ငါမသိတဲ့လျှို့၀ှက်ချက်တွေရှိတယ်ပေါ့ ဟုတ်လား မြန်မြန်ပြောပြစမ်း ”
” ငါသေမှပဲရမယ် ”
ဟို့ယွိဟောင်က တစ်ခွန်းထဲသာပြန်အော်ပါတယ်။
၀မ်သုန့်ရဲ့မျက်နှာပေါ်မှာကတော့ ကောက်ကျစ်တဲ့အကြည့်တွေက ပေါ်လာခဲ့ပါပြီ။
” ဒီတော့မင်းကိုသေအောင် မရိုက်မချင်ငါ့ကိုမပြောဘူးပေါ့ ဟုတ်တယ်ဟုတ် ”
အဲ့ဒီနောက် သူပြောရင်းနဲ့ ဟို့ယွိဟောင်ကို ခုန်အုပ်ပါတော့တယ်။
” ကယ်ကြပါဦး ”
ဟို့ယွိဟောင်အော်လိုက်မိပြီချိန်မှာပဲ သူတို့နှစ်ယောက်စလုံးက လုံးထွေးသတ်ပုတ်ကြရင်း စောင်ကလဲကွာသွားပါတော့တယ်။ ၀မ်သုန့်က စောင်ထဲမှာလုံးနေခဲ့ပြီ အောက်ဖက်မှာရှိနေခဲ့တဲ့ဟို့ယွိဟောင်ကတော့ အပြင်ဘက်ကိုရောက်သွားပါတော့တယ်။
ချက်ချင်းဆိုသလို ဟို့ယွိဟောာင်ရဲ့ ဗလာဟင်းလင်းဖြစ်နေတဲ့ ခန္ဓာကိုယ်ကို မြင်မြင်ချင်းမှာပဲ ၀မ်သုန့်က ထအော်ပါတော့တယ်။
ဟို့ယွိဟောင်ကတော့ စောင်ကိုပြန်ဆွဲယူလိုက်ရင်း ၀မ်သုန့်ကို ဒေါသတကြီးနဲ့ ကြည့်နေခဲ့တယ်။
” မင်းကတော့လေ တကယ်လူဆိုးကောင်ပဲ ဒီလိုမျိုးလိင်တူအချင်းချင်းကိုတောင် မင်းကကြည့်ချင်သေးတယ်လား ”
၀မ်သုန့်ကတော့ သတိ၀င်လာတာနဲ့ ချက်ချင်းပြန်အော်ပါတော့တယ်။
” ဒါဆိုရင် မင်းပြောချင်တာ လိင်ကွဲတွေကိုမှ ကြည့်ရတယ်တဲ့လား ”
” မဟုတ်ရပါဘူး ”
ဟို့ယွိဟောင်က ပြန်ငြင်းပါတော့တယ်။ ဒါပေမယ့် ပင်လယ်နတ်ဘုရားရေကန်အတွင်းဆောင်ထဲမှာ မာရှောင်ထောင့်နဲ့အတူ လေ့ကျင့်ခဲ့တုန်းက အကြောင်းအရာတွေခေါင်းထဲကို ဆက်တိုက်ပြန်၀င်လာခဲ့ပါပြီ။ လူငယ်လူရွယ်တွေအတွက်တော့ အံ့ဖွယ်ရာတွေဆိုတာက ထိန်းချုပ်မှုမလွှတ်မသွားချင် ကောင်းမွန်တဲ့အရာဖြစ်သလို ပုံမှန်အခြေအနေမျိုးမှာရှိသင့်တဲ့ ကိစ္စတွေပါပဲ။
၀မ်သုန့်က အိပ်ရာကနေ ခုန်ထလိုက်ပြီတဲ့နောက် ပါးကိုဖောင်းရင်းပြောလာခဲ့လိုက်တယ်။
” ကောင်းပြီလေ သွားဆေးကြောသုတ်သင်ပြီ အ၀တ်အစား၀တ်လာခဲ့ ဒါမှငါတို့အစားလေးဘာလေးစားလို့ရမှာ ငါနိုးလာတာနဲ့ မင်းကိုလာတွေ့လို့ဘာမှမပြင်ဆင်ရသေးဘူး မနေ့ပြိုင်ပွဲပြီးကထဲကစပြီ ဘာမှလဲမစားရသေးဘူး ”
သူပြောပြီတာနဲ့ ချက်ချင်းလှည့်ထွက်လို့သွားပါတော့တယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ကို မကြည့်တော့ပဲ ဘေးနားကခုံပေါ်ကို သွားလိမ့်ရင်းမျက်လုံးပိတ်ထားပါပြီ။
ဟို့ယွိဟောင်လဲ အိပ်ရာပေါ်ကထရင်းတစ်ကိုယ်လုံးကို အကြောဆန့်လိုက်ချိန်မှာတော့ နာကျင်ကိုက်ခဲမှုကို စတင်ခံစားမိပါတော့တယ်။ ဒါပေမယ့် တစ်ညတာအနားယူပြီတဲ့နောက် ထူးဆန်းကောင်းကင်နည်းလမ်းရဲ့ သဘာ၀ကုသရေးအစွမ်းအစက သူ့ခန္ဓာကိုယ်ကို အများကြီးသက်သာသွားစေခဲ့ပါပြီ။
” မင်းပြောတာမှန်တယ်..အခုကအစားအသောက်တွေ သွားစားဖို့အချိန်ကြပြီ ငါတို့တွေစားပြီတာနဲ့ ပြန်လေ့ကျင့်ပြီ ကုသသင့်တယ်..ပြိုင်ပွဲမှာစွမ်းအားအလွန်အကျွံသုံးထားလို့ ငါရဲ့စွမ်းအားဖြတ်သန်းသွားလာတဲ့နေရာတွေက မသက်မသာဖြစ်လောက်အောင် ရောင်းရမ်းနေပြီ မနက်ဖြန်မှာလဲ နောက်ထပ်ပြိုင်ပွဲထပ်ရှိသေးတယ်..အကောင်းဆုံးကြိုးစားပြီ လုပ်ကြတာပေါ့ ငါတို့တွေအခုတော့အတားအဆီးတစ်ခုကို ဖြတ်ကျော်နိုင်ပြီမဟုတ်လား အပြင်မှာဘယ်သူလဲ ”
သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် စကားပြောနေကြချိန်မှာပဲ ခေါင်းထဲမှာရှိတဲ့တစ်စုံတစ်ရာက အချက်ပေးလာတာကြောင့် သူအပြင်ဘက်ပြတင်းပေါက်ကို လှမ်းကြည့်လိုက်မိပါတယ်။
စိတ်၀ိညာဥ်ပင်လယ်ကို လေ့ကျင့်မှုကြောင့် အစွမ်းအစတွေက ဆက်တိုက်ဆိုသလို မြင့်တက်နေခဲ့ပြီ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်အချက်ပေးမှုကလဲ လိုတာထက်ပိုပြီး စူးရှထက်မြက်လို့နေခဲ့တယ်။ ဒါ့အပြင် တစ်ဖက်ရောက်လာသူကလဲ သူ့ကိုယ်သူဖုံးကွယ်ထားဖို့ဆန္ဒမရှိပါဘူး။ ဒါကြောင့် ကျူးကျော်လာသူကို ချက်ချင်းဆိုသလို ဟို့ယွိဟောင်လဲ ခံစားမိပါတော့တယ်။
မျက်တောင်တစ်ခတ်အတွင်းမှာပဲ လူတစ်ယောက်က သူ့ရှေ့ကိုရောက်လာခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာတော့ သူအ၀တ်အစား၀တ်ပြီးပြီဖြစ်တာကြောင့် အရှေ့နှစ်ခေါက်ကလိုမျိုး ကိုယ်လုံးတီးဖြစ်မနေတော့ပါဘူး။
အခုအခန်းထဲကို ၀င်ရောက်လာသူကတော့ ပုံမှန်အရပ်ရှိပြီ ၀၀ဖိုက်ဖိုက်အကြီးအကဲတစ်ယောက်ပါပဲ။ ဒါပေမယ့် သူတစ်ကိုယ်လုံးက စွမ်းအားအပြည့်နဲ့တက်ကြွတောက်ပနေတဲ့ပုံပေါ်ပါတယ်။ အပေါ်ယံမှာကတော့ အသက်ခြောက်ဆယ်၀န်းကျင်ရှိပါပြီ။ သူ့ရဲ့ဆံပင်တိုတိုတွေက အညိုရင့်ရောင်ဖြစ်ပြီ ဟို့ယွိဟောင်ကိုကြည့်နေတဲ့ သူ့ရဲ့အကြည့်က စိတ်အားထက်သန်မှုတွေအပြည့်နဲ့ တောက်လောင်နေခဲ့ပါတယ်။ မမြင်ရတဲ့ဖိအားတွေဖြစ်ပေါ်လာတာကြောင့် ဟို့ယွိဟောင်လဲ ချက်ချင်းဆိုသလို တောင့်တင်းသွားခဲ့ပါပြီ။
မျက်လုံးတွေပိတ်ထားခဲ့တဲ့ ၀မ်သုန့်ကတော့ ဟို့ယွိဟောင်ရဲ့အသံကို ကြားချိန်မှာချက်ချင်းဆိုသလို ပြန်ခုန်ထရင်း သူ့ဘေးကိုလာရပ်ပါတော့တယ်။ ဒီလိုပြတင်းပေါက်ကနေ ကျူးကျော်၀င်ရောက်လာခဲ့တဲ့ လူကြီးက အကြံအစည်ကောင်းရှိတဲ့ပုံတော့ မပေါ်ပါဘူး။
အဘိုးကြီးက ပြန်မဖြေပဲ ညာဘက်လက်ကိုမြောက်လိုက်ပါတော့တယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့နှစ်ယောက်လဲ ရှိရှိသမျှအလင်းတန်းတွေအားလုံးကို မှောင်ကျပြီမေ့မြောသွားမလိုဖြစ်တာကို ခံစားလိုက်ရပါတယ်။ ကြောက်စရာကောင်းတဲ့၀ိညာဥ်စွမ်းအားတွေက အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာတော့ သူတို့တွေထောင်တစ်ခုထဲပိတ်မိသွားသလိုမျိုး ခုခံလို့လဲမရသလို တုန့်ပြန်လို့လဲမရတော့တဲ့အခြေအနေကို ကြုံတွေ့ခဲ့ရပါတယ်။
အရှေ့မှာရှိတဲ့လူကြီးကိုကြည့်ရင်း ဟို့ယွိဟောင်လဲ တအံ့တဩဖြစ်နေခဲ့တယ်။ ဒီလူကြီးကို ဘယ်တုန်းကမှလဲ မမြင်ဖူးခဲ့သလို သူဘာကြောင့်များ ဒီနေရာရောက်နေလဲဆိုတာမသိပါဘူး။
” အကြီးအကဲက ဘယ်သူများလဲ ကျွန်တော်ကိုရှာဖို့ရောက်နေတာလား ”
ဟို့ယွ်ိဟောင်က မေးခွန်းကိုနောက်တစ်ကြိမ်မေးလိုက်ပါတယ်။ တစ်ချိန်ထဲမှာပဲ လက်ကိုမြောက်ရင်း သူ့နောက်မှာရှိတဲ့၀မ်သုန့်ကိုကာကွယ်ဖို့လုပ်ပါတော့တယ်။ သူနဲ့ ၀မ်သုန့်နှစ်ယောက်စလုံးက သိုင်းပညာ၀ိညာဥ်တွေကို မထုတ်လွှတ်နိုင်ပါဘူး။ သူ့တို့နဲ့ အရှေ့မှာရှိတဲ့လူကြီးရဲ့ကြားက ကွာခြားချက်ကို ကောင်းကောင်းကြီးသိနေလို့ပါ။ သူတို့နှစ်ယောက် ပေါင်းစည်းတိုက်ခိုက်မယ်ဆိုရင် အလွယ်တကူခုခံနိုင်တဲ့သူမျိုး မဟုတ်ပါဘူး။ ဒီလိုဖြစ်ပြီဆိုမှတော့ သိုင်းပညာ၀ိညာဥ်တွေကို ထုတ်လွှတ်ရင်းမလိုလားအပ်တဲ့ရန်ပြုမှုကို မလုပ်ချင်တော့တာအမှန်ပါ။ အနည်းဆုံးတော့ အခြေအနေကို ရှင်းရှင်းလင်းလင်းသိဖို့လိုပါတယ်။
အကြီးအကဲကတော့ သူ့ရဲ့ထွင်းဖောက်မြင်နိုင်တဲ့ အကြည့်တွေနဲ့ ဟို့ယွိဟောင်ရဲ့မျက်နှာကို စိုက်ကြည့်ရင်းပြောလာခဲ့ပါတယ်။
” ပြောစမ်း မင်းကဘယ်ထိပ်တန်းရူးသွပ်သားရဲကောင်ဆယ်ကောင်ရဲ့ လူသားပုံစံလဲ မင်းကိုယ့်ကိုကိုယ် ကောင်းကောင်းဖုံးကွယ်ထားပေမဲ့ ငါ့ကိုတော့အရူးလုပ်လို့တော့မရဘူး..တခြားသူတွေကိုတော့ မင်းလှည့်စားလို့ရကောင်းရမယ် ”
” အကြီးအကဲဘာတွေပြောနေတာလဲ ထိပ်တန်းရူးသွပ်သားရဲကောင်ဆယ်ကောင်တဲ့လား အကြီးအကဲပြောနေတာ ဘာမှနားမလည်ဘူး ”
” ငါဘာပြောနေလဲမင်းမသိဘူးလား ဟန်ဆောင်နေတာရပ်လိုက် အသုံးမ၀င်ဘူး ထွက်ပြေးဖို့ကြိုးတောင်မကြိုးစားနဲ့ မင်းအစွမ်းအစနဲ့ဆိုရင် ဆံချည်မျှင်တစ်မျှင်လေးတောင် အခွင့်အရေးရှိမနေဘူး..ဒိီနေရာကိုငါ့ရဲ့၀ိညာဥ်စွမ်းအားနဲ့ ချိတ်ပိတ်ပြီးပြီ မင်းတို့ရဲ့အသံတွေရော မင်းတို့ရဲ့ခန္ဓာကိုယ်တွေရော လုံး၀ကို ထွက်မပြေးနိုင်ဘူး ”
ဟို့ယွိဟောင်က မျက်မှောင်ကြုတ်သွားခဲ့ပါတယ်။
” အကြီးအကဲ ကျွန်တော်တကယ်ကြီးကို အကြီးအကဲဘာတွေပြောနေလဲမသိပါဘူး..ဘာကြောင့် ဒီကိုရောက်နေလဲဆိုတာကိုလဲကျွန်တော်နားမလည်ပါဘူး ”
တစ်ဖက်လူကတော့ သူ့ကိုယ်သူ အင်မတန်ဂုဏ်ယူ၀ံ့ကြွားနေတဲ့ပုံစံနဲ့ ပြောပါတယ်။
” ကောင်းပြီလေ မင်းကဘာကိုမှ၀န်မခံဘူးဆိုမှတော့ ငါပဲပြောပြရတော့မှာပေါ့ မင်းတို့တွေကိုငါသေခွင့်ပြုမှာပါ ”
ပြောပြီတာနဲ့ အကြီးအကဲရဲ့စွမ်းအားတွေက ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်စလုံးကို နောက်လွှင့်သွားစေပါတယ်။ အဲ့ဒီနောက်နှစ်ယောက်စလုံးလဲ ထိုင်ခုံပေါ်ကို ပြုတ်ကျလို့သွားခဲ့ပါပြီ။
” ငါက ချန်ကန် ကြယ်တာရာလော့နိုင်ငံတော်ရဲ့ အကာအကွယ်သော့်လော့ပဲ ဒီနေ့မှာအမျက်ဒေါသကျောင်းတော်နဲ့ မိုးထိလွှာကျောင်းတော်ကြားက ပြိုင်ပွဲတစ်လျှောက် မင်းပြိုင်ဘက်ကိုဘယ်လိုအနိုင်ယူနိုင်ခဲ့တာလဲ ”
ဒါကိုကြားပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့ နှလုံးသားက တခဏတာ အခုန်ရပ်လို့သွားခဲ့ပါတယ်။ တစ်ဖက်လူဘာတွေပြောနေလဲဆိုတာကို သူသိသွားပါပြီ။ ဟို့ယွိဟောင်က အရမ်းကြီးထူးချွန်ထက်မြက်နေတဲ့သူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ ပေါင်းစည်းပြီချိန်မှာတော့ အများကြီးအသိဉာဏ်ကြွယ်၀လာခဲ့ပါတယ်။
သက်တူရွယ်တူတွေထက် ပိုရင့်ကျက်ရုံတင်မကပဲ အများကြီးလဲပိုစဥ်းစားဆင်ခြင်နိုင်စွမ်းလဲ ရှိပါတယ်။ တစ်ဖက်လူက ရေခဲဧကရီရဲ့အရှိန်အ၀ါကို ခံစားမိတာကြောင့် ဒီလိုမျ်ိုးရောက်လာတာပါ။ ဒါ့အပြင် အဲ့ဒီအကြီးအကဲကလဲ သူ့ကိုနှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ရဲ့ လူပုံသဏ္ဍာန်လို့ယူဆနေခဲ့ပါသေးတယ်။
ချန်ကန်က မျက်လုံးအပြူးသားဖြစ်နေတဲ့ ဟို့ယွိဟောင်ကိုကြည့်ရင်း ဟို့ယွိဟောင်က အပြစ်မကင်းစေကြောင်း ဘာမှမပြောနိုင်ဘူးလို့ ထင်နေခဲ့ပါတယ်။ ဒါကြောင့် သူဆက်ပြောတော့တယ်။
” ပြိုင်ပွဲတစ်လျှောက်မှာ မင်းက မင်းရဲ့ မူလစွမ်းအားတွေကိုအသုံးပြုဖို့အတွက် တွန်းအားပေးခံရတယ်မဟုတ်လား အဲ့ဒီအချိန်မှာ မင်းက မင်းရဲ့မူလပိုင်ဆိုင်ထားတဲ့စွမ်းအားတွေကို ထုတ်ပြခဲ့တယ်..ငါပြောတာဟုတ်တယ်ဟုတ် ဒါ့အပြင် တခြားသူတွေအတွက်တော့ သတိထားမိနိုင်လောက်မဲ့အရာတော့မဟုတ်ပေမဲ့ ငါရဲ့အကြည့်ကိုတော့ မင်းမလွှတ်မြောက်နိုင်ဘူး ငါရဲ့သိုင်းပညာ၀ိညာဥ်က အရမ်းကိုအားကောင်းတဲ့စိတ်၀ိညာဥ်စွမ်းအားပါ၀င်နေတယ်..ပထမဆုံးအကြိမ်ကထဲက ငါမင်းရဲ့အရှိန်အ၀ါကို ခံစားမိပြီးပြီ ”
” တွေးကြည့်ရအောင် ထိပ်တန်းရူးသွပ်သားရဲကောင်ဆယ်ကောင်ထဲမှာ ရေခဲစွမ်းအားကိုပိုင်ဆိုင်ထားတဲ့သူက နှစ်ယောက်ပဲရှိတယ်..တစ်ယောက်ကတော့ နှင်းဧကရီပဲ သူကအဆင့်သုံးမှာရောက်နေတာ နောက်တစ်ယောက်ကတော့ အဆင့်ရှစ်မှာရှိတဲ့ ရေခဲကျောက်စိမ်းကင်းမြီးကောက်ဧကရီပဲ မဟုတ်လား မင်းကဘယ်တစ်ယောက်လဲ ”
ဟို့ယွိဟောင်ကတော့ တစ်ဖက်အကြီးအကဲရဲ့ အကဲဖြတ်နိုင်စွမ်းကြောင့် တကယ်ကိုမျက်လုံးပြူးနေခဲ့ပါတယ်။ ဒါ့အပြင် သူက ၀ိညာဥ်သားရဲကောင်ကနေ ဖြစ်ပေါ်လာတဲ့လူသားလဲမဟုတ်ပါဘူး။ အဲ့ဒီတစ်ချက်ကလွဲပြီရင်း ဒီအကြီးအကဲရဲ့အကဲဖြတ်မှုတွေက လုံး၀ကို မှန်ကန်နေခဲ့တယ်။
အကြီးအကဲက မတူညီတဲ့နာမည်တွေကို သုံးနေခဲ့ပေမဲ့ နှင်းဧကရီနဲ့ ရေခဲဧကရီတို့အကြောင်း ကောင်းကောင်းပြောနေမှန်း သူသိပါတယ်။ ရေခဲဧကရီဆိုတဲ့ပုံစံမျိုးက သာမန်သူတွေခေါ်တဲ့အရာမျိုးမဟုတ်ပါဘူး။
ထိပ်တန်းရူးသွပ်သားရဲကောင်ဆယ်ကောင်ထဲမှာ ဧရာမနှင်းနတ်ဆိုးဘုရင်က မြောက်၀င်ရိုးစွန်းရဲ့ ဘုရင်သုံးပါးထဲမှာနောက်ဆုံးဖြစ်ပါတယ်။ သူ့ကိုတော့ ထည့်မပြောထားပါဘူး။ ရေခဲဧကရီကတော့ ထိပ်တန်းရူးသွပ်သားရဲကောင်ဆယ်ကောင်ထဲမှာအဆင့်ရှစ်ရှိပါတယ်။ ဒီအဆင့်တွေကတကယ်ကြောက်စရာကောင်းတာအမှန်ပါပဲ။
” ကောင်းပြီလေ မင်းနောက်ထပ် ရူးချင်ယောင်ဆောင်မနေနဲ့တော့ ငါဒီလောက် ကံကောင်းမယ်လို့မထင်ထားခဲ့မိဘူး တကယ်တော့သားရဲကောင်ဆယ်ကောင်ထဲက တစ်ကောင်ကိုဖမ်းလို့ရတော့မယ်..မင်းကဘယ်သူပဲဖြစ်ပါစေ ငါ့ရဲ့ဆုလာဘ်က သေချာပေါက်၀ိညာဥ်အရိုးတွေဖြစ်လာမှာပဲ ဟားးဟားးးဟားး ”
အပိုင်း ၉၅•၂ ပြီး၏။