Switch Mode

Chapter – 95.1

ထိပ်တန်း ရူးသွပ်သားရဲကောင် ဆယ်ကောင်

အပိုင်း ၉၅•၁

” ထိပ်တန်းရူးသွပ်သားရဲကောင် ဆယ်ကောင် ”
°°°
ရှောင်ဟုန်ချန်က သူ့ညီမငယ် မုန့်ဟုန်ချန်ကိုကြည့်ရင်း ခါးသီးသီးနဲ့ရယ်မောနေခဲ့မိပါတယ်။

” အမျက်ဒေါသကျောင်းတော်တဲ့ တကယ်ကျောင်းတောကြီးပါလား မင်းကြားလိုက်လား ဒီကလေးတွေက အသက်ဆယ်နှစ်နှစ်ပဲ ရှိသေးတယ်..ငါတို့ထက် နှစ်နှစ်တောင်ငယ်တယ်..ဒါ့အပြင် ငါးနှစ်အတွင်းမှာ ငါတိုရဲ့ပြိုင်ဘက်ဖြစ်လာမှာ ”

မုန့်ဟုန်ချန်က မကျေမနပ်နဲ့ပြန်ပြောလိုက်ပါတယ်။

” အဲ့ဒီတော့ကော ဘာဖြစ်လဲငါတို့ရဲ့အရည်အချင်းတွေကို သူတို့ယှဥ်နိုင်မှာမှမဟုတ်တာ ”

ရှောင်ဟုန်ချန်ကတော့ အားတင်းရင်ရယ်မောလိုက်ပါတယ်။

” ဒါပေမယ့် ငါကြောက်မိတယ်..ငါတို့ရဲ့စွမ်းအားကြောင့်မဟုတ်ဘူး သူတို့ရဲ့အမွှာသိုင်းပညာ၀ိညာဥ်ကြောင့်လဲမဟုတ်ဘူး..သူတို့ရဲ့မယိုင်လဲတဲ့စိတ်ဓာတ်ကြောင့်ပဲ ဒါကအမျက်ဒေါသကျောင်းတော်ရဲ့ပြိုင်ဘက်ကင်းတဲ့ပိုင်ဆိုင်မှုဖြစ်ပြီ ငါတို့မှာတော့ မရှိဘူး ”

မုန့်ဟုန်ချန်ကတော့ တခဏတာတိတ်ဆိတ်လို့သွားပြီတဲ့နောက် ခပ်တိုးတိုးပြောလိုက်ပါတယ်။

” အစ်ကိုကြီး သူတို့ ဘာလို့ဒီလောက်ခေါင်းမာနေလဲဆိုတာ နားလည်နိုင်ရဲ့လား ဒီကိစ္စကတန်ရောတန်ရဲ့လား ပြိုင်ပွဲတစ်ခုပဲလေ အကယ်၍ သူတို့သာ ဒီအတိုင်းအသက်ကို စတေးပြီတိုက်ခိုက်နေမယ်ဆိုရင် အနာဂတ်မှာ တစ်သက်လုံးပြန်မကောင်းနိုင်တဲ့ဒဏ်ရာတွေရသွားမှာကို မစိုးရိမ်ကြဘူးလား ဒါမှမဟုတ် ဒုက္ခိတတောင်ဖြစ်သွားနိုင်တယ်လေ ”

မာယုလုံက သူတို့ဘေးမှာ ရုတ်တရက်ပေါ်လာခဲ့ပြီ အလေးအနက်ပြောပါတော့တယ်။

” ငါတို့က အမျက်ဒေါသကျောင်းတော်ရဲ့အဖွဲ့၀င်တွေမဟုတ်လို့ ဒီကိစ္စကိုဘယ်သိမလဲ မနေ့တုန်းက အမျက်ဒေါသကျောင်းတော်အနေနဲ့ ငါတို့ကိုဖိတ်ခေါ်စာပို့တဲ့အကြောင်း ကျောင်းတော်ကနေ သတင်းရလာတယ်..သူတို့က ကျောင်းသားတွေကို အရွေ့အပြောင်းသင်ကြားမှုလုပ်စေချင်တယ်တဲ့ ဒါ့အပြင် ကျောင်းတော်အနေနဲ့လဲ မင်းတို့နှစ်ယောက်ကိုဦးဆောင်ပြီ တစ်ဖက်ကျောင်းတော်ဆီပို့ဖို့ ရွေးချယ်လိုက်ပြီ ဒါကြောင့် မင်းတို့အနေနဲ့ အမျက်ဒေါသကျောင်းတော်မှာ မင်းတို့လိုချင်တဲ့ အသိပညာနဲ့ နားလည်မှုတွေကို ရရှိနိုင်မယ်လို့မျှော်လင့်ပါတယ် ”

ရှောင်ဟုန်ချန်ရဲ့ မျက်လုံးတွေကတော့ ထိတ်လန့်မှုကို သစ္စာဖောက်လို့နေခဲ့ပါပြီ။ မုန့်ဟုန်ချန်ကတော့ ကြောင်ကြောင်အအပုံစံနဲ့ ခေါင်းညိတ်ရင်ပြောလိုက်ပါတယ်။

” ကောင်းပြီလေ ”

ဟို့ယွိဟောင် သတိပြန်လည်လာချိန်မှာတော့ သူတစ်ကိုယ်လုံးကိုင်ရိုက်ထားသလို နာကျင်လို့နေခဲ့ပါတယ်။ ဒီနာကျင်မှုက သူ့ရိုးတွင်းခြင်းဆီကနေလာတာပါ။ တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် အရိုးတွေကလီစာတွေနဲ့ ဦးနှောက်ထဲအထိပါ နာကျင်နေတာပါပဲ။

ချက်ချင်းဆိုသလို နာကျင်မှုကြောင့် သူအော်ဟစ်လိုက်မိပါတော့တယ်။ ကံကောင်းစွာနဲ့ပဲ စိတ်ကတော့ကြည်လင်လို့နေခဲ့သေးတယ်။ သူ့ရဲ့ခိုင်မာတဲ့စိတ်ကို အသုံးချရင်း ပြင်းထန်တဲ့နာကျင်မှုကို ခပ်မြန်မြန်ပဲဖိနှိမ့်ပြီ ကျင့်သားရအောင်လုပ်ပါတော့တယ်။

အပြင်ဘက်ကိုမကြည့်ပဲ မျက်လုံးကိုမှိတ်ထားရင်း စွမ်းအားတွေကို လှည့်ပတ်နေခဲ့တာပါ။ နူးညံ့ပြီသက်သောက်သက်သာရှိတဲ့အိပ်ရာကြောင့် တည်ခိုဆောင်ကို ပြန်ရောက်နေပြီမှန်း သူသိနေခဲ့ပါတယ်။ ဒါကြောင့် ပထမဆုံးအနေနဲ့ သူ့ခန္ဓာကိုယ်ကို စတင်စစ်ဆေးတော့တယ်။ ဒီလိုစစ်ဆေးလိုက်မှုကြောင့် သူ့ခန္ဓာကိုယ်က ပြင်းထန်တဲ့စိတ်၀ိညာဥ်စွမ်းအားနဲ့သာ ထိခိုက်ခံလိုက်ရပြီ တခြားကြီးကြီးမားမားမဖြစ်တာကို သိလိုက်ရပါတော့တယ်။

အနီးကပ်စစ်ဆေးပြီတဲ့အချိန်မှာကတော့ ဘာမှမမှားနေတာကို သတိထားမိလိုက်တဲ့အတွက် သူ့ရဲ့စွမ်းအားကလဲ နှစ်ဆယ်ရာခိုင်နှုန်းအထိကျန်တာကိုနားလည်သွားပါတယ်။ ဘာကြောင့် ဒီလောက်အထိ သူခန္ဓာကိုယ်နာကျင်ကိုက်ခဲနေလဲဆိုတာကို မတွေးနိုင်ခဲ့ပါဘူး။ အထူးသဖြင့် သူ့ရဲ့စွမ်းအားအရင်းအမြစ်ဖြတ်သန်းတဲ့နေရာတွေက နာကျင်မှုရဲ့အဓိက အချက်အခြာဖြစ်နေခဲ့တာပါ။ ရေခဲဧကရီရဲ့ သွေးတွေ အရိုးတွေနဲ့ ပေါင်းစပ်တုန်းကတောင် ဒီလောက်မနာခဲ့သလိုပါပဲ။ လက်ရှိအချိန်မှာတော့ ပြင်းထန်တဲ့ယားယံမှုကို မခံမရပ်နိုင်အောင်ခံစားနေခဲ့ရပါတယ်။

ရေခဲဧကရီရဲ့အရိုးကြောင့်လား ဟို့ယွိဟောင် ရုတ်တရက်ဆိုသလိုနားလည်သွားပါတယ်။ သေချာပေါက် ရေခဲဧကရီက သူ့ရဲ့အရိုးထဲကစွမ်းအားကို စတင်အသုံးပြုလိုက်တာကြောင့် အဲ့ဒီလိုဖြစ်သွားတာဖြစ်မှာပါ။ သူ့ခန္ဓာကိုယ်က အများကြီးဆန့်ကျင်ပုန်းကန်နေတာ အံ့ဩစရာမရှိတော့ပါဘူး။ ပျက်စီးလို့မသွားတာတင် ကံကောင်းနေခဲ့ပါပြီ။

ဒါကိုတွေးပြီတဲ့နောက် ဟို့ယွိဟောင်လဲ သူ့ရဲ့၀ိညာဥ်စွမ်းအားတွေကို လှည့်ပတ်စေဖို့အတွက် အဓိကအာရုံစိုက်ပါတော့တယ်။ ဒါ့အပြင် ဒီနည်းလမ်းက အရည်အသွေးကောင်းမွန်ရုံတင်မက သူ့အတွက်လဲ အကောင်းဆုံးရွေးချယ်မှုပါပဲ။

၀ိညာဥ်စွမ်းအားတွေကို လှည့်ပတ်ပြီတဲ့နောက် အေးစက်တဲ့ခံစားချက်နဲ့အတူ နာကျင်မှုတွေကလဲ အတော်ကို သိသိသာသာလျော့ကျလို့သွားပါတော့တယ်။ အဲ့ဒီနောက် သူ့ရဲ့စိတ်ကပိုမိုကြည်လင်လို့လာခဲ့ပြီ ပထမဆုံးမေးမိတဲ့မေးခွန်းကတော့ ငါတို့နိုင်သွားသလားဆိုတဲ့ မေးခွန်းပါပဲ။

သူ့ရဲ့ကိုယ်ပိုင်မေးခွန်းကို အဖြေရဖို့နည်းလမ်းမရှိခဲ့ပါဘူး။ မှတ်မိတဲ့တစ်ခုတည်သောအရာကတော့ ရေခဲဧကရီကို အကူအညီတောင်းလိုက်တာပါပဲ။ ရေခဲဧကရီ အကူအညီပေးလိုက်တဲ့အချိန်မှာတော့ သူသတိလစ်သွားခဲ့ပါပြီ။ အဲ့ဒီနောက် ဘာဖြစ်လဲမသိတော့ပါဘူး။

ဒီလိုအနိုင်ရဖို့အတွက် သူတို့တွေအများကြီးစတေးခဲ့ရပါတယ်။ ဒါကြောင့် ဘယ်လိုလုပ်ရလဒ်ကိုအာရုံမစိုက်ပဲနေမှာလဲ။ ဒါကြောင့် မျက်လုံးဖွင့်ရင်း အသက်မရှုနိုင်အောင်ပဲဖြစ်နေချိန်မှာတောင် သူမေးလိုက်မိပါတယ်။ သူမျက်လုံးဖွင့်ဖွင့်ချင်းမှာ ထွက်လာတဲ့စကားကတော့ ငါတို့နိုင်ရဲ့လားဆိုတဲ့စကားပါပဲ။

” မစိုးရိမ်နဲ့ ငါတို့နိုင်သွားပြီ ကျောင်းတော်အတွက် ငါတို့ဂုဏ်သိက္ခာမကျအောင် လုပ်ပေးနိုင်ခဲ့တယ်တဲ့ ”

သူ့နားထဲကိုအသံတစ်သံက ၀င်လာပါတော့တယ်။ ဒီအသံကို ကြားပြီအချိန်မှာပဲ သူတစ်ကိုယ်လုံးကို စိတ်သက်သာမှုလှိုင်းတွေက လွှမ်းခြုံလို့သွားခဲ့ပါတယ်။ ကြည်လင်တောက်ပမှုထဲ နစ်မြုပ်နှံခံလိုက်ရသလိုမျိုး အေးဆေးလို့သွားခဲ့ပါပြီ။ ငါတို့နိုင်ပြီ တကယ်နိုင်သွားပြီ ငါတို့ကျောင်းတော်အတွက် ကာကွယ်ပေးနိုင်ခဲ့တယ်။

ဒီလိုတခဏတာဖြေသံက ပေါ်ထွက်လို့လာပြီတဲ့နောက် မျက်လုံးတွေဖွင့်ဖို့ ကြိုးစားလိုက်ပါတော့တယ်။ ဒါပေမယ့် နောက်ဆုံးမှာကတော့ သူ့ခန္ဓာကိုယ်ရဲ့နာကျင်မှုက ကြီးမားလွန်တဲ့အတွက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လို့သွားခဲ့ပါပြီ။

” မင်းတို့တွေ တကယ်ကို အားကောင်းကြတာပဲ ”

ဟို့ယွိဟောင်ရဲ့ ဘေးမှာထိုင်ပြီ အားလုံးကိုကြည့်ရှုစောင့်ရှောက်ပေးနေသူကတော့ အဓိအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်သူ မာရှောင်ထောင့်ပါပဲ။

ပြိုင်ပွဲကပြီးသွားခဲ့ပါပြီ။ ဟို့ယွိဟောင်နဲ့ တခြားသူတွေအားလုံးကဒဏ်ရာပြင်းပြင်းထန်ထန်ရရင်း သတိလစ်နေကြပါတယ်။ ၀မ်သုန့် အကျဥ်းအိမ်ကတော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် အဆုံးသတ်မှာလဲ သူသတိလစ်လို့သွားခဲ့ပါတယ်။ ကျန်းနန်နန်ကသာ သတိမလစ်ပဲရှိနေခဲ့သူပါ။

ဒီလိုအခြေအနေမျိုးမှာ ၀မ်ယန်အနေနဲ့ ဘယ်လိုလုပ်သူတစ်ယောက်ထဲ အားလုံးကိုပြုစုစောင့်ရှောက်နိုင်မှာလဲ။ လက်ရှိအချိန်မှာ ဒဏ်ရာအတော်လေးသက်သာနေပြီဖြစ်တဲ့ မာရှောင်ထောင့် ထိုက်ယွဲ့ဟန်နဲ့ လင်းလော့ချန်တို့သုံးယောက်စလုံးကို သူခေါ်ပြီတော့ အကူအညီတောင်းရပါတော့တယ်။ ပြိုင်ပွဲရဲ့အခြေအနေကိုတော့ ဖုံးကွယ်ထားန်ိုင်တဲ့ အမှန်တရားကိုပဲ သူပြောခဲ့လိုက်တယ်။

၀မ်ယန်ရဲ့ ဖြစ်ခဲ့တဲ့ကိစ္စတွေအားလုံးကို ပြောပြီပြီ နားထောင်ပြီတဲ့နောက် မာရှောင်ထောင့်နဲ့ ကျန်တဲ့နှစ်ယောက်စလုံးလဲ တိတ်ဆိတ်လို့သွားခဲ့ပါပြီ။ ၀မ်ယန်နဲ့အတူတူ သူတို့လဲ ဟို့ယွိဟောင်တို့ကို စောင့်ရှောက်ဖို့အတွက် တာ၀န်၀တ္တရားကို ထမ်းဆောင်ရပါတော့တယ်။

၀မ်ယန်က ကြယ်တာရာလော့နိုင်ငံတော်ရဲ့ ကုသရေးပညာရှင်တွေနဲ့အတူ ဒဏ်ရာအပြင်းထန်ဆုံးဖြစ်တဲ့ ရှောင်းရှောင်းနဲ့ ပေ့ပေ့ကို အဓိကဂရုစိုက်နေခဲ့ပါတယ်။ ထိုက်ယွဲ့ဟန်ကတော့ ဟယ့်ချိုက်ထို့ကို ဂရုစိုက်နေခဲ့ပြီ လင်းလော့ချန်ကတော့ ၀မ်သုန့်ကိုစောင့်ရှောက်နေတာပါ။ မာရှောင်ထောင့်ကတော့ ထုံစံအတိုင်းဟို့ယွိဟောင်ကို ဂရုစိုက်ရပါတယ်။

ကျန်းနန်နန်ကတော့ ရှုစန်းရှီကို ဂရုစိုက်ရတဲ့သူပါ။ သူမဘယ်လောက်ပဲမကျေနပ်ပါစေ သူ့ကိုတော့ သေတဲ့အထိ ပြစ်မထားနိုင်ပါဘူး။ ဘယ်သူမှမရှိဘူးဆိုမှတော့ သေချာပေါက် သူပဲဂရုစိုက်ရမှာပါ။ ဒါ့အပြင် သူ့ရဲ့အသက်စွမ်းအားက အများကြီးထိခိုက်လို့သွားခဲ့တဲ့အတွက် သူမလဲ တာ၀န်ယူရပါတော့တယ်။

ပြိုင်ပွဲပြီတဲ့ညမှာ ဟို့ယွိဟောင်က ရီရီဝေဝေပုံစံနဲ့ နိုးလာခဲ့ပါတယ်။ ၀မ်သုန့်ကတော့ အရမ်းကိုမောပန်းပြီ စွမ်းအားကုန်ဆုံးသွားတာဖြစ်တဲ့အတွက် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေဆဲပါပဲ။ ဟယ့်ချိုက်ထို့ကတော့ အတော်ကိုသန်မာတဲ့ဖြစ်တာကြောင့် ဆက်တိုက်ကုသပြီတဲ့အချိန်မှာ အခြေအနေအတော်လေး ကောင်းနေခဲ့တယ်။ ဒဏ်ရာအပြင်းထန်ဆုံးဖြစ်တဲ့ ပေ့ပေ့လဲနိုးနေခဲ့ပါပြီ။ ရှောင်းရှောင်းတစ်ယောက်ကသာ သတိလစ်နေဆဲဖြစ်ပါတယ်။ သူမရဲ့ ဒဏ်ရာတွေကတည်ငြိမ်ပြီဖြစ်ပေမဲ့ အပြည့်အ၀ပြန်ကောင်းဖို့ဘယ်လောက်ကြာမလဲဆိုတာ မလွယ်ပါဘူး။ ကြယ်တာရာလော့ဧကရာဇ်က အကောင်းဆုံးဆေး၀ါးအထောက်အပံ့တွေကိုပေးရင်း သူတို့ကို ကူညီကုသပေးခဲ့ပါတယ်။

မာရှောင်ထောင့်က ဟို့ယွိဟောင်ကို စောင်ခြုံပေးရင်း သူ့ရဲ့ဆံပင်တွေကို သတ်ပေးနေခဲ့တယ်။ သူမရဲ့မျက်နှာက အတော်လေးကို ကြည်လင်နေခဲ့ပြီ ခပ်တိုးတိုးပြောလာခဲ့ပါတယ်။

” ယွိဟောင် နင်သိရဲ့လား ငါတကယ်ပဲ စိတ်ဆိုးမိတယ်..ငါကိုယ်ငါတောင် အရမ်းစိတ်ဆိုးတယ်..ငါက အဖွဲ့ရဲ့ခေါင်းဆောင်ဒီကိစ္စတွေအားလုံးက တကယ်ဆိုငါတာ၀န်တွေဖြစ်သင့်တယ်..ဒါပေမယ့် နင်တို့လေးတွေကိုလဲ အကုန်လုံးတာ၀န်ခံခိုင်းမိတယ်..စိတ်ချပါငါတို့ကျောင်းတော်ရဲ့ဂုဏ်သိက္ခာကို သေချာပေါက် ပြန်ကာကွယ်ပေးမယ်..အားလုံးကို အမျက်ဒေါသကျောင်းတော်ဆိုတာက အနိုင်ကျင့်လို့လဲမရသလို ဘယ်တော့မှဂုဏ်သိက္ခာပျက်သွားမဲ့ကျောင်းတော်မဟုတ်ဘူးဆိုတာ သိစေရမယ် ”

သူမရဲ့အသံက အတော်ကိုနူးညံ့နေခဲ့ပေမဲ့ တကယ်တမ်းမှာဘယ်လောက်အေးစက်တဲ့စိတ်နဲ့ပြောနေလဲဆိုတာကိုတော့ ဘယ်သူမှမသိနိုင်ခဲ့ပါဘူး။

မိစ္ဆာ၀ိညာဥ်ပညာရှင်ကို ရှုံးနှိမ့်ခဲ့မှုက သူမကိုအများကြီးထိရောက်လို့သွားစေခဲ့တယ်။ ဒီပြိုင်ပွဲမှာ ဟို့ယွိဟောင်နဲ့ အဖွဲ့သားတွေရဲ့ လုပ်ဆောင်ချက်က သူမကိုအများကြီးစိတ်ထိခိုက်စေပါတယ်။ သူ့အနေနဲ့ ဒီလောက်အထိ ခံရခက်တာမျိုးကို မကြုံဖူးသေးပါဘူး။

ဟို့ယွိဟောင် သတိပြန်ရလာတာကတော့ နောက်တစ်နေ့မနက်မှာဖြစ်နေခဲ့ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်က ရေခဲဧကရီရဲ့အရိုးနဲ့ပေါင်းစည်းပြီအချိန်မှာ အများကြီးပြောင်းလဲလို့သွားခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာ သူ့ရဲ့မောပန်းမှုက ၀ိညာဥ်စွမ်းအားတွေကို ကုန်ဆုံးစေရုံတင်မကပဲ နာကျင်မှုတွေကိုပါ ခုခံနိုင်ဖို့အတွက် သတိလက်လွှတ်အဆုံးစွန်းအထိ ဖြစ်လုနီးပါးဖြစ်သွားခဲ့ပါတယ်။

တစ်ရက်နဲ့တစ်ညတိတိ ခန္ဓာကိုယ်ပြန်လည်ကုသမှုပြီတဲ့နောက် အရိုးနဲ့ခန္ဓာကိုယ်တွေက အရင်ထက်ပိုပြီးကောင်းမွန်လာခဲ့ပါတယ်။ မာရှောင်ထောင့်က မျက်စိဖွင့်ဖွင့်ချင် ပထမမြင်လိုက်ရတဲ့သူပါ။ ပုံမှန်လိုအနီရောင်တောက်တောက်ကို မ၀တ်ထားခဲ့ပဲ အဖြူရောင်၀တ်ရုံကို ၀တ်ဆင်လို့ထားခဲ့ပြီ ငြိမ်ငြိမ်လေးထိုင်နေခဲ့ပါတယ်။ သူ့မရဲ့နောက်ကျောမှာကတော့ ပန်းရောင်ဆံပင်တွေက လျော့ရဲရဲနဲ့ကျနေခဲ့တယ်။ တကယ်ကို ပန်းချီကားတစ်ချပ်လိုလှပသူတစ်ယောက်ပါပဲ။

” အစ်မကြီးရှောင်ထောင့် ”

ဟို့ယွိဟောင်က တအံ့တဩထအော်မိပါတော့တယ်။

” ဘာလဲနေမကောင်းလို့လား ”

ဟို့ယွိဟောင်က လက်ရှိအချိန် သူ့ခန္ဓာကိုယ်အခြေအနေကို သတိပြန်၀င်လာခဲ့ပါပြီ။ ၀ိညာဥ်စွမ်းအားတွေက သူ့ခန္ဓာကိုယ်အပြည့်အ၀ဖြည့်တင်းနေပြီဖြစ်ပါတယ်။ တစ်ရှောက်ယားယံနေတာရှိနေပေမဲ့ ရေခဲဧကရီပြောတဲ့စကားတွေက သူစိတ်ထဲမှာရှိနေဆဲပါပဲ။

ထိန်းချုပ်ရမယ် ခန္ဓာကိုယ်ရဲ့ စွမ်းအားတစ်စမကျန်အောင် ထိန်းချုပ်ရမယ်။ ဒါမှသာ သန်မာတဲ့ပြိုင်ဘက်ကိုအနိုင်ယူနိုင်မှာပါ။

ရေခဲဧကရီရဲ့ တကယ်စစ်မှန်တဲ့စွမ်းအားက သူ့ခန္ဓာကိုယ်တောင့်ခံနိုင်တဲ့အရာမဟုတ်ဘူး။ ဒါပေမယ့် သူမရဲ့စွမ်းအားကို ပထမဆုံးအာရုံခံပြီတဲ့အချိန်မှာပဲ ဒီလိုပြီးပြည့်စုံတဲ့ထိန်းချုပ်မှုကြောင့် သူ့ခန္ဓာကိုယ်နာကျင်နေပေမဲ့ မပျက်စီးသွားတာကို နားလည်မိပါတယ်။ ဒါ့အပြင် ဒီလိုအဆုံးစွန်းရောက်နေတဲ့ ထိန်းချုပ်နိုင်စွမ်းက သူ့အတွက်တော့ အရမ်းကိုထူးခြားလွန်ပြီ အသက်ရှုမှားနိုင်လောက်စရာအရာတစ်ခုပါပဲ။

” ကျွန်တော်အတော်လေးကောင်းလာပါပြီ ”

ဟို့ယွိဟောင်က ကြိုးစားရင်းထထိုင်ဖို့လုပ်ပါတော့တယ်။ ဒါကြောင့် သူ့ရဲ့စောင်က ပုခုံးကနေလျော့ကျလို့သွားခဲ့ပါပြီ။ ရုတ်တရက်သူ့ခန္ဓာကိုယ်ပေါ်မှာ အ၀တ်အစားတစ်ခုလေးတောင် မရှိနေတာကို သတိထားမိလိုက်တဲ့အတွက် သူခပ်မြန်မြန်ပဲ သူ့ခန္ဓာကိုယ်ကိုပြန်ပြီ ကာကွယ်လိုက်မိပါတော့တယ်။

မာရှောင်ထောင့်ကတော့ ရယ်မောရင်းနဲ့ ပြောလာခဲ့တယ်။

” တကယ်ကြီးလား ငါက မင်းခန္ဓာကိုယ်ကို မမြင်ဖူးတာကြလို့ ”

ဟို့ယွိဟောင်ကတော့ မျက်နှာတစ်ခုလုံး နီရဲလို့နေခဲ့ပါပြီ။ သူ့ရဲ့ ပါးတွေကလဲ နီရဲပြီ ဖောင်းနေခဲ့သလို သူမကျေမနပ်ပြောပါတော့တယ်။

” မဟုတ်ရပါဘူး ”

မာရှောင်ထောင့်အနေနဲ့လဲ စိတ်လွှတ်လက်လွှတ်နဲ့ ရယ်မောမိပါတော့တယ်။ သူမရဲ့အပြုအမူက ဒီလိုရယ်မောနေတာတောင်မှ ကျက်သရေရှိနေဆဲပါ။

” ယောကျ်ားတွေကဘယ်လိုအသက်အရွယ်ပဲကြီးလာပါစေ ဒီကိစ္စတစ်ခုနဲ့ ပတ်သက်ပြီရင်း ဆတ်ဆတ်ထိမခံအောင် ဖြစ်နေတုန်းပဲဆိုတာ ငါသိပါတယ်..ကောင်းပြီလေ ငါနင့်ကို ထပ်မစတော့ဘူး..ဒီနေရာမှာ ဘာမှလုပ်စရာမရှိဘူးဆိုရင် ထပြီတော့ရေမိုးချိုးလိုက်ဦး ပြီမှပြန်နား ”

အဲ့ဒီနောက် သူမ ပျင်းပျင်းရိရိနဲ့ ထပြီအကြောဆန့်ပါတော့တယ်။

သူကဟို့ယွိဟောင်ကို တစ်ညလုံးလုံးထိုင်စောင့်နေခဲ့ရတာပါ။ သူဘယ်လောက်ပဲအားကောင်းတဲ့သူဖြစ်ပါစေ သူ့ရဲ့ဒဏ်ရာတွေက အပြည့်အ၀မကောင်းသေးပါဘူး။ ဒါကြောင့် ပင်ပန်းနေခဲ့မိတာတော့အမှန်ပါပဲ။ ဒီလိုမျိုးအကြောဆန့်လိုက်မှုက သူ့ရဲ့ပြီးပြည့်စုံတဲ့ခန္ဓာကိုယ်ကောက်ကြောင်းတွေကို ပိုပြိီးထင်ထင်ရှားရှားဖြစ်လာစေခဲ့ပါတယ်။ အခုအချိန်မှာ ကောင်လေးကတော့ ပိုပြီးမျက်နှာတွေနီရဲနေခဲ့ပါပြီ။

ဒီတစ်ကြိမ်မှာပဲ တံခါးကပွင့်လာပြီ တစ်စုံတစ်ယောက်က ၀င်လာပါတော့တယ်။ အဲ့ဒီလူရဲ့အမြင်ကတော့ မာရှောင်ထောင့်က အကြောဆန့်နေပြီ ကိုယ်တစ်ပိုင်းအ၀တ်မပါတဲ့ ဟို့ယွိဟောင်ကတော့ မျက်နှာတွေနီရဲတွေနေခဲ့တာပဲ ရှိတာပါ။

အပိုင်း ၉၅•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset