အပိုင်း ၉၄•၃
” ရေခဲဧကရီ နိုးထခြင်း ”
°°°
အချိန်နဲ့အမျှပြန်ကောင်းလာနေတဲ့ ဟယ့်ချိုက်ထို့ကတော့ စင်ပေါ်ကို အပြေးတက်ရင်း ၀မ်ယန်ကိုကူညီကာ သူ့အဖွဲ့သားတွေကို ပြန်ချီချလာပါတယ်။ ဟယ့်ချ်ိုက်ထို့က အပြင်ပိုင်မှာအတော်လေးကို ရိုးရှင်းပြီတဲ့တိုးပြောတတ်တဲ့သူဖြစ်ပေမဲ့ သူ့ရဲ့နှလုံးသားထဲမှာကတော့ နက်ရှိုင်းတဲ့အမုန်းတရားရှိပါတယ်။ လက်ရှိအချိန်မှာကတော့ အမျက်ဒေါသကျောင်းတော်ရဲ့ ၀ိညာဥ်လက်နက်ဌာနမှာ အထူးချွန်ဆုံးကျောင်းသားဖြစ်ပြီ စိတ်ဓာတ်ပိုင်းခိုင်မာသူလို့ ပြောလို့ရပေမဲ့ သူလဲမျက်ရည်တွေကို ထိန်းမထားနိုင်တော့ပါဘူး။
၀မ်ယန်ကတော့ သူ့လက်ထဲမှာရှိတဲ့ ကလေးတွေကို ဟယ့်ချိုက်ထို့ဆီအပ်ရင်း စင်အလယ်ကိုလျှောက်သွားခဲ့ပါတယ်။ စိတ်ထဲမှာရှိနေတဲ့ ခံစားချက်တွေကို သူဆက်ပြီမထိန်းထားနိုင်တော့ပါဘူး။ ဒီလိုသူသင်ကြားပေးနေခဲ့ရတဲ့ ချစ်စရာကလေးတွေအကြောင်းကို သေချာပြောပြဖို့အတွက် သူဆုံးဖြတ်လိုက်ပါပြီ။ ဒီကလေးတွေအတွက် သူရပ်တည်ပေးချင်ပါတယ်။ ဒါကြောင့် သူဒိုင်ကိုစကားတချို့ပြောလိုက်ပါတယ်။ ဒိုင်ကခေါင်းညိတ်ပြပြီတဲ့နောက် အသံချဲ့တဲ့၀ိညာဥ်လက်နက်ကို သူ့ဆီကမ်းပေးလိုက်ပါတယ်။
၀မ်ယန်လဲအသက်ပြင်းပြင်းရှုသွင်းရင်း အသံချဲ့၀ိညာဥ်လက်နက်ကို ကြားခံအဖြစ်သုံးပြီ စတင်ပြောပါတော့တယ်။
” အားလုံးပဲ ကျေးဇူးပြုပြီး ခဏလောက်ငြိမ်သက်ပေးပါ ကျွန်တော်ကတော့ အမျက်ဒေါသကျောင်းတော်ရဲ့ အဖွဲ့ကိုတာ၀န်ယူထားရတဲ့ ဆရာ၀မ်ယန်ပါ ဒီနေ့ပြောစရာစကားတချို့ရှိပါတယ် ”
အစောပိုင်းတုန်းက ရူးချင်စရာကောင်းလောက်အောင် ဆူပူနေခဲ့တဲ့ ကြယ်တာရာလော့ရင်ပြင်ကျယ်ကြီးတစ်ခုလုံးက ၀မ်ယန်ရဲ့စကားကိုကြားချိန်မှာ ရုတ်တရက်ငြိမ်သက်လို့သွားပါတော့တယ်။
အတော်လေးငိုထားတဲ့ ၀မ်ယန်ကိုကြည့်ရင်း ကြည့်ရှု့နေသူတွေက တိတ်ဆိတ်လို့သွားခဲ့ပါပြီ။
” လေးစားရပါတဲ့ မိတ်ဆွေတို့ ဆရာတို့နဲ့ ပါ၀င်ယှဥ်ပြိုင်နေကြတဲ့ကျောင်းတော်ကကျောင်းသားတွေအားလုံး ဖြစ်သွားခဲ့တာကိုမြင်မှာပါ ကျွန်တော်တို့ကျောင်းတော်ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် ဒီကလေးတွေက သွေးနဲ့ရင်ပြီး တိုက်ခိုက်ခဲ့သလို နောက်ဆုံးအနိုင်ရခဲ့ပါပြီ ”
” ကျွန်တော်သိပါတယ်..အားလုံးမေးနေကြမဲ့မေးခွန်းတစ်ခုရှိကြတာကို ဘာကြောင့် အမျက်ဒေါသကျောင်းတော်က ဒီလောက်အားနည်းသွားရတာလဲ ကျောင်းတော်အနေနဲ့ ဘာကြောင့် အနိုင်ရဖို့ဒီလောက်အထိ ခက်ခဲနေရတာလဲ ဒီကလေးတွေက အံ့ဖွယ်ရာတစ်ခုကို ဖန်တီးနိုင်ဖို့လုပ်နိုင်သလောက်အရာအားလုံးကို လုပ်ခဲ့ပါတယ်..ဒီပြိုင်ပွဲတွေက တကယ်တမ်းမနိုင်နိုင်လောက်ပြိုင်ပွဲတွေကြီးပါပဲ သူတို့တွေက သူတို့ရဲ့ကိုယ်ပိုင်စိတ်ခွန်အားနဲ့ လုံလ၀ီရိယကိုအသုံးချပြီ ဒီအခြေအနေမှာ တောင့်ခံခဲ့ပါတယ်..ဒါပေမယ့် ဘာကြောင့်များ ဒါတွေဖြစ်လာရတာလဲ ”
” ဖြစ်ခဲ့တဲ့ကိစ္စတွေကို ကျောင်းတော်ထဲမှာရှိတဲ့လူတချို့သာ သိပါသေးတယ်..ဒါကြောင့် ကျွန်တော်လဲ ဘာမှမပြောသင့်ပါဘူး..ဒါပေမယ့် လုံး၀ကို တောင့်မခံထားနိုင်ခဲ့တာကြောင့် ဒီနေရာမှာကျွန်တော်အတွက် တန်ဖိုးထားမြတ်နိုးရတဲ့ ကလေးတွေကို အထင်မလွဲကျစေဖို့အတွက် ပြောပြမှဖြစ်ပါလိမ့်မယ် ”
” ကျွန်တော်တို့အမျက်ဒေါသကျောင်းတော်က တိုက်ကြီးတစ်ခုလုံးရဲ့ နံပါတ်တစ်ကျောင်းတော်အဖြစ် ကျော်ကြားပါတယ်..ဒါ့အပြင် နှစ်စဥ်နှစ်တိုင်းပြိုင်ပွဲအတွက် အများကြီးပြင်ဆင်မှုတွေ လုပ်ထားပြီသားပါ ဒါပေမယ့် အခုအရှေ့မှာ ပြိုင်ပွဲ၀င်နေခဲ့တဲ့ ကျောင်းသားကမှအဓိကအဖွဲ့ရဲ့ သူတွေမဟုတ်ခဲ့ကြပါဘူ..အတွေ့အကြုံယူဖို့လာကြည့်ကြတဲ့ အကြိုအဖွဲ့ကကလေးတွေသက်သက်ပါပဲ ဒီကလေးတွေအားလုံးကို လက်ရှိအချိန်မှာ ဒီလိုမျိုး ပြိုင်ပွဲ၀င်ခိုင်းလိုက်ရတာက ရွေးချယ်စရာမရှိပဲ ဖြစ်သွားရလို့ပါ ”
အစောပိုင်းတုန်းက ထွက်ခွာတော့မလိုဖြစ်နေခဲ့တဲ့ အဖွဲ့တော်တော်များများကလဲ ချက်ချင်းပြန်ရပ်တန့်လိုက်ကြရင်း လှည့်ကြည့်ပါတော့တယ်။
” ကျွန်တော်တို့တွေ ကြယ်တာရာလော့မြို့တော်ကိုလာပြီ ပြိုင်ပွဲမယှဥ်ပြိုင်ခင်အချိန်မှာ ကျောင်းတော်ကအဓိအဖွဲ့နဲ့ အကြိုအဖွဲ့နှစ်ခုစလုံးက လုပ်ငန်းတာ၀န်တွေကို လက်ခံရရှိပါတယ်…ဒါကတော့ မင်သုန့်တောင်ကြောမှာ လူတွေကိုသတ်ဖြတ်နေတဲ့ မိစ္ဆာ၀ိညာပညာရှင်တစ်ယောက်ကို နှိမ်းနင်းဖို့ပါပဲ ဒီဓားပြအုပ်စုက အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီဓားပြတိုက်တဲ့အပြင် တွေးတောင်မတွေးနိုင်တဲ့ မိစ္ဆာဆန်းဆန်းလုပ်ရပ်တွေကို ကျူးလွန်နေခဲ့တာပါ ဒါကြောင့် မင်သုန့်တောင်ကြောမှာနေထိုင်နေတဲ့ ကုန်သည်တွေနဲ့ သာမန်ပြည်သူတွေရဲ့ဘ၀ကို လုံခြုံစေဖို့အတွက် ကျွန်တော်တို့ကျောင်းတော်အနေနဲ့ ဒီကိစ္စကို ဖြေရှင်းဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်…နောက်ဆုံးတော့ အဲ့ဒီဓားပြတွေနဲ့ ခေါင်းဆောင်ပုန်းအောင်နေတဲ့ဂူကို ရှာတွေ့ခဲ့ပြီ သူ့ကိုအင်အားနဲ့ အပြတ်ရှင်းနိုင်ခဲ့တယ်..ဒါပေမယ့် အဲ့ဒီမိစ္ဆာ၀ိညာဥ်ပညာရှင်က သေဆုံးသွားတဲ့သူ့ရဲ့အပေါင်းအဖော် ဓားပြတွေအလောင်းကို ဖျက်ဆီးပြီမိစ္ဆာစွမ်းရည်တစ်ခုကို အသုံးချခဲ့ပါတယ်..သေဆုံးသွားတဲ့ဓားပြတွေက များပြားလွန်ပြီ သူတို့ရဲ့ဖျက်ဆီးမှုကလဲ ကြီးမားလွန်တာကြောင့် ကျွန်တော်တို့ရဲ့အဓိကအဖွဲ့မှာ ကြီးမားတဲ့ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်..ကျောင်းသားတစ်ယောက်ကတော့ သေဆုံးလို့သွားခဲ့ပါပြီ..တခြားကျောင်းသားခြောက်ယောက်ကတော့ ပြင်းထန်တဲ့ဒဏ်ရာတွေအများကြီးကို ရရှိခဲ့ပါတယ်..ဒါကြောင့် တချို့ကိုတော့ ကျောင်းတော်ဆီပြန်ပို့ပြီ ကုသခိုင်းလိုက်ရပါတယ်…ကျောင်းတော်အနေနဲ့လဲ နောက်ထပ်လူတွေပို့လွှတ်ဖို့အတွက် အချိန်အလုံအလောက်မရှိတော့ပါဘူး..ဒါကြောင့်သာ မပြင်ဆင်ထားရသေးတဲ့အဖွဲ့နဲ့ ၀င်ရောက်လာခဲ့ရတာပါ ကျွန်တော်တို့ရဲ့ အဓိကအဖွဲ့သားတွေထဲမှာ တချို့တလေကတော့ ဒဏ်ရာအနည်းငယ်လျော့ပါးတာကြောင့် တည်ခိုဆောင်မှာအနားယူပြီ ဒဏ်ရာကုသနေဆဲပါပဲ လက်ရှိအချိန်မှာ တိုက်ခိုက်နေကြတဲ့သူတွေအားလုံးက အကြိုအဖွဲ့က အဖွဲ့သားတွေသာ ဖြစ်ပါတယ် ”
” အမှန်တကယ်တော့ ဒီပြိုင်ပွဲမှာ ပထမဆုံးပွဲစဥ်ကထဲက ကျွန်တော်တို့အတွက် ခက်ခဲခဲ့ပါတယ်..အဖွဲ့အနေနဲ့ ဒီလောက်အနေအထားအထိ ရောက်လာနိုင်ခဲ့တာ သူတို့အတူတူ အများကြီးကြိုးစားခဲ့လို့ပါပဲ အမျက်ဒေါသကျောင်းတော်ရဲ့ ဂုဏ်သိက္ခာအတွက် သူတို့တွေတတ်စွမ်းနိုင်သလောက် အလုပ်ကိုလုပ်ခဲ့ပါတယ်..ကျောင်းတော်ရဲ့ဆရာတစ်ယောက်အနေနဲ့ ကျွန်တော်သူ့အတွက် တကယ်ဂုဏ်ယူမိတယ်..ဒါ့အပြင် ဒီကလေးတွေက ကျောင်းတော်ရဲ့အတောက်ပဆုံးကလေးတွေ အမြဲတမ်းဖြစ်နေမှာပါ ”
” ဒီနေ့ကျွန်တော်ဒီနေရာမှာရပ်ပြီ အားလုံးကိုသွားပြီ ပြောပြနေရတဲ့အကြောင်းအရင်းကတော့ ဒီကလေးတွေကို ကျောင်းတော်ရဲ့ဂုဏ်သတင်းအတွက်နဲ့ အများကြီးအဆိုးမမြင်ကြဖို့နဲ့ ကြမ်းကြမ်းတမ်းတမ်းမပြောဆိုကြဖို့မျှော်လင့်လို့ပါပဲ ဒီကျောင်းသားခုနှစ်ယောက်ထဲမှာ သုံးယောက်က အသက်ဆယ်နှစ်နှစ်သာရှိပါသေးတယ်..ကျန်တဲ့လေးယောက်ကတော့ အသင်ဆယ့်ငါးနှစ်တောင်မပြည့်ကြသေးပါဘူး..ကျွန်တော်တို့ တကယ်ပဲဘာများသူတို့ဆီကနေ ထပ်ပြီတောင်းဆိုနိုင်ဦးမှာလဲ ဒီပြိုင်ပွဲကို ကျွန်တော်တို့ရှုံးနှိမ့််ခဲ့မယ်ဆိုရင်တောင် ကျွန်တော်နှလုံးသားထဲမှာ သူတို့က အနိုင်ရသူတွေဖြစ်နေမှာပါ ဒါကတော့အကုန်ပါပဲ အားလုံးကိုကျေးဇူးတင်ပါတယ် ”
ပြောပြီတဲ့နောက် ၀မ်ယန်က ဒိုင်ကိုအသံလွှင့်လက်နက်ပြန်ပေးအပ်လိုက်ပြီ အလေးအနက်ဦးညွတ်လိုက်ပါတယ်။ အဲ့ဒီနောက်မှသာ ဟယ့်ချ်ိုက်ထို့ဘေးကိုပြန်သွားရင်း သတိလစ်နေတဲ့ကလေးတွေကိုချီပြီ အောက်ပြန်ဆင်းသွားပါတော့တယ်။ လူတွေကတော့ တခဏတာတိတ်ဆိတ်နေဆဲပါပဲ။ ဘယ်သူကမှ ဘာမှမပြောကြသလို ပြင်းထန်တဲ့လက်ခုပ်တီးသံတွေကသာ ဆက်တိုက်ပေါ်ထွက်လာခဲ့ပါတယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ ပြိုင်ဘက်တွေတင်မကပဲ ဧကရာဇ်နဲ့ ၀န်ကြီးတွေတောင်မှ အမျက်ဒေါသကျောင်းတော်အတွက် လက်ခုပ်တီးနေခဲ့တာပါ။
အမျက်ဒေါသကျောင်းတော်အဖွဲ့ရဲ့ ပဟေဠိကြီးက နောက်ဆုံးမှာတော့ ဖြေရှင်းပြီသွားခဲ့ပါပြီ။ ဒါကရှိသမျှလူတိုင်းကို အံ့အားသင့်သွားစေခဲ့ပါတယ်။ အထူးသဖြင့် ၀မ်ယန်ရဲ့နောက်ဆုံးစကားတွေက သူတို့ကို ထိခိုက်စေတာပါ။ ဒီထဲမှာ ကလေးသုံးယောက်က အသက်ဆယ်နှစ်နှစ်သာရှိပါသေးတယ်။ ပြိုင်ဘက်တွေဖြစ်တဲ့ မိုးထိလွှာကျောင်းတော်ကတော့ ခေါင်းတောင်မမော့နိုင်တော့ပါဘူး။ သူတို့တွေတကယ်ကို ရှုံးနှိမ့်လို့သွားခဲ့ပါပြီ ဒါတွေမကပဲ အမျက်ဒေါသကျောင်းတော်ရဲ့ အကြိုအဖွဲ့ကိုရှုံးနှိမ့်လို့သွားသလို ဒီလောက်ငယ်ရွယ်တဲ့ကလေးတွေကို ရှုံးနှိမ့်တာပါပဲ။
တကယ်တော့ ချွင်းချက်ရှိပါတယ်။ ယဲ့၀ူချင်းနဲ့ ယန်အယ်ကတော့ ဟို့ယွိဟောင်ရဲ့ ရေခဲချိတ်ပိတ်စည်းနဲ့ ထိမိတာကြောင့် ၀ိညာဥ်ပညာရှင်တွေက ဘယ်လိုပဲကြိုးစားပါစေ ဒီရေခဲတွေကို အရည်မဖျော်နိုင်ပါဘူး။
လက်ရှိအချိန်မှာကတော့ ဆေး၀ါးအဖွဲ့အစည်းကြီးက ထပ်မံကုသပေးနေရသလို အမျက်ဒေါသကျောင်းတော်ကလဲ ဒီနေရာကနေ ထွက်ခွာလို့သွားခဲ့ပါပြီ။ သူတို့ရဲ့ ထွက်ခွာမှုက လူတွေအားလုံးကို ငြိမ်သက်လို့သွားစေခဲ့ပါတယ်။ လက်ရှိအချိန်မှာကတော့ ကြည့်ရှု့နေသူတွေအနေနဲ့လဲ ဒီကလေးတွေ ပြိုင်ပွဲပြိုင်နိုင်ဦးမလားဆိုတာ မသေချာပါဘူး။
အမျက်ဒေါသကျောင်းတော်အနေနဲ့ ဒီပြိုင်ပွဲကြီးကို မရှုံးနှိမ့်ပါစေနဲ့လို့ မျှော်လင့်နေခဲ့မိပါတယ်။ သူတို့တွေက တိုက်ကြီးတစ်ခုလုံးရဲ့ နံပါတ်တစ်ကျောင်းတော်ဖြစ်ရုံတင်မကပဲ တကယ်ကိုရူးသွပ်တဲ့ကျောင်းသားတွေ မွေးထုတ်ပေးနေနိုင်တာပါ။ ဒီကျောင်းတော်သာမရှိဘူးဆိုရင် ဒီပြိုင်ပွဲကလဲ သေချာပေါက် အရင်လောက်မတောက်ပနိုင်ပဲ ရှိပါလိမ့်မယ်။
အပိုင်း ၉၄•၃ ပြီး၏။