Switch Mode

Chapter – 94.1

ရေခဲ ဧကရီ နိုးထခြင်း

အပိုင်း ၉၄•၁

” ရေခဲဧကရီနိုးထခြင်း ”
°°`
သူ့ရဲ့ ၀ိညာဥ်စုပ်ယူခေါင်းလောင်းကနေ မိစ္ဆာဆန်ဆန်အနီရောင်အလင်းတန်းက ထွက်ပေါ်လို့လာခဲ့ပါပြီ။ ဒီအလင်းတန်းက ဆက်တိုက်ဆိုသလို ရောင်စဥ်တန်းတွေကို ထုတ်လွှတ်ပါတော့တယ်။ ပေ့ပေ့ကို ရုတ်တရက်ကြီးဒီအလင်းတန်းတွေက ၀င်ရောက်တိုက်ခိုက်လိုက်တယ်။

ပေ့ပေ့တစ်ကိုယ်လုံးကတော့ ဒီအလင်းတန်းတွေနဲ့ ထိတွေ့ချိန်မှာ ချက်ချင်းဆိုသလို ပြင်းပြင်းထန်ထန် တုန်ခါလို့သွားခဲ့ပြီ မျက်လုံးကလဲ မှောင်မိုက်လို့သွားခဲ့ပါတယ်။ စက်ကွမ်းကန်က ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ဘက်ကို လက်ညိုးထိုးလိုက်ချိန်မှာတော့ ပေ့ပေ့က ချက်ချင်းဆိုသလို သူတို့ဆီကို ပြေး၀င်တော့တယ်။

စိတ်၀ိညာဥ်ထိန်းချုပ်မှုစွမ်းရည်လား စက်ကွမ်းကန်မှာ ဒါမျိုးစွမ်းအားရှိနေတယ်ပေါ့။

ပေ့ပေ့ရဲ့သိုင်းပညာ၀ိညာဥ်က အရမ်းအားကောင်းနေသလို စိတ်၀ိညာဥ်စွမ်းအားကလဲ အားမနည်းလှပါဘူး။ ဒါပေမယ့် စက်ကွမ်းကန်ကတော့ သူ့စိတ်ကိုယာယီထိန်းချုပ်လိုက်ပါပြီ။ ဒါက ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်စလုံးကို မျက်လုံးပြူးသွားစေခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ သတိလက်လွှတ်ဖြစ်နေခဲ့တဲ့ ပေ့ပေ့က သူ့ရဲ့အသိစိတ်အတိုင်းသာလုပ်နိုင်တာပါ။ ခေါင်းကြည်ကြည်လင်းလင်းနဲ့တိုက်ခိုက်သလောက် စွမ်းအားမျိုးကိုမပိုင်ဆိုင်ပါဘူး။ ဒါ့အပြင် လက်ရှိအချိန်မှာ သူ့ရဲ့မိုးကြိုးနယ်မြေကို အားပြန်ကောင်းအောင်လုပ်ဖို့စောင့်နေတဲ့အခြေအနေမှာလဲ ရှိနေခဲ့ပါတယ်။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ကတော့ လေထဲမှာရောက်နေပြီ နောက်ဖက်ကိုလွှင့်ထွက်သွားခဲ့ပါတယ်။ ပေ့ပေ့ကတော့ သူတို့ဆီကို လိုက်လာခဲ့တယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကတော့ တစ်ယောက်နဲ့တစ်ယောက် ပြင်းပြင်းထန်ထန်ဖက်ထားခဲ့ပါပြီ။ တစ်ဖက်မှာဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်မျက်လုံးတွေက ရွှေရောင်အလင်းတန်းတွေ တောက်ပလို့လာခဲ့သလို ၀မ်သုန့်ရဲ့တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ကလဲ အတောင်ပံတွေကို ဆန့်ထုတ်လို့ထားခဲ့ပါတယ်။ သူတို့တွေတစ်ယောက်နဲ့တစ်ယောက် ဒီလိုဖက်နေချိန်မှာပဲ သိုင်းပညာ၀ိညာဥ်တွေက ဆယ်မီတာကျော်အထိကို မြင့်တက်လို့သွားခဲ့ပြီ တောက်ပတဲ့အလင်းတန်းက ထွက်ပေါ်လို့လာခဲ့ပါတော့တယ်။ အပြာရောင် ခရမ်းရောင်နဲ့ ရွှေရောင်အလင်းတန်းတွေက သူတို့ပတ်၀န်းကျင်ကို လွှမ်းခြုံလို့သွားခဲ့ပါပြီ။ ၀မ်သုန့်ရဲ့ ပြီးပြည့်စုံတဲ့တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ကလဲ အရှေ့ကိုတိုးရင်းနဲ့ ထွေးဖက်လိုက်ပါတော့တယ်။ ကြီးမားတဲ့ဒေါင်လိုက်မျက်လုံးကြီးက အဆုံးမဲ့တဲ့ခရမ်းရောင်အလင်းတန်းတွေနဲ့ တောက်ပလို့နေခဲ့ရင်း ရုတ်တရက်ဆိုသလို အလင်းတန်းနှစ်ခုကနေ ရွှေရောင်လမ်းကိုထုတ်လွှတ်လိုက်ပါတယ်။

ပေါင်းစည်းထားတဲ့အလင်းတန်းတွေက စင်ပေါ်မှာချက်ချင်းဆိုသလို လမ်းတစ်ခုဖြစ်ပေါ်လို့သွားစေခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာကတော့ သူတို့ရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရသူက ပေ့ပေ့ပါပဲ။ ဒါ့အပြင် ဒီအလင်းတန်းက အဲ့ဒီမှာတင် ရပ်မသွားခဲ့ပဲ တောင့်တင်းနေတဲ့ ယဲ့၀ူချင်းဆီကိုပါ ရောက်ရှိလို့သွားခဲ့တယ်။ ဒါပေမယ့် စက်ကွမ်းကန်ကတော့ အခွင့်အရေးရတာနဲ့ ချက်ချင်းဆိုသလို တိုက်ခိုက်မှုအဝေးကို ရှောင်ထွက်လို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်လဲ ရွေးချယ်စရာမရှိပဲ ဒါမျိုးကိုလုပ်လိုက်ရတာပါ။ ပေ့ပေ့က သူ့ရဲ့ မိုးကြိုးနဂါးလက်သည်းကို အသုံးပြုပြီး သူတို့ကိုတိုက်ခိုက်မိလုနီးပါးဖြစ်နေခဲ့ပါပြီ။ အကယ်၍ သူတို့သာ ပေ့ပေ့ကြောင့် နှောင့်နှေးသွားခဲ့မယ်ဆိုရင် ယဲ့၀ူချင်းကလဲ သတိပြန်၀င်လာပါလိမ့်မယ်။ သူတို့လဲနိုင်နိုင်ချေမရှိတော့ပါဘူး။ ၀မ်သုန့်နောက်ဖက်ကို ဆုတ်ခွာလိုက်ရတဲ့အဓိကရည်ရွယ်ချက်ကတော့ ပေ့ပေ့ရဲ့ယဲ့၀ူချင်းတို့နှစ်ယောက်မျဥ်းဖြောင့်အတိုင်းရှိနေတယ်ဆိုတာကို သေချာအောင်လုပ်ဖို့ပါပဲ။ ပေ့ပေ့ကတော့ ရွှေရောင်ရုပ်ထုကြီးပုံစံပြောင်းလဲလို့သွားခဲ့ရင်း နာနာကျင်ကျင်အော်ဟစ်လို့နေခဲ့ပါတယ်။ သူ့ရဲ့လျှပ်စီးပြာနဂါးကလဲ ရုတ်တရက်ပျောက်ဆုံးလို့သွားခဲ့ပါပြီ။ အဝေးမှာရှိနေတဲ့ ယဲ့၀ူချင်းလဲအတူတူပါပဲ။ ဒါပေမယ့် သူကတော့ အချိန်ကိုကြာကြာမလုပ်နိုင်ပဲဖြစ်နေခဲ့တယ်။

ပေါင်းစည်းစွမ်းရည်ကိုထုတ်လွှတ်ပြီတဲ့နောက် ဟို့ယွိဟောင်လဲ နောက်ထပ်အချိန်မဖြုန်း၀ံ့ပါဘူး။ ရုတ်တရက်ဆိုသလို ခြေလှမ်းကျယ်ကြီးတွေနဲ့ အရှေ့ကိုတက်သွားခဲ့ပြီ ညာဘက်လက်ကိုအသုံးပြုရင်း ပေ့ပေ့ကိုတစ်ချက်ထဲနဲ့ ယဲ့၀ူချင်းဆီကို ပြေးထွက်လို့သွားပါတော့တယ်။ ဒီတစ်ကြိမ်မှာတော့ ၀မ်သုန့်ကလိုက်မလာခဲ့ပါဘူး။ လက်ရှိအချိန်မှာ ကျန်ရစ်တဲ့၀ိညာဥ်စွမ်းအားက ၀မ်သုန့်ရဲ့ခန္ဓာကိုယ်ထဲရောက်နေခဲ့တာပါ။ ဟို့ယွိဟောင်က သူ့ရဲ့ရင်ဘတ်မှာရှိနေတဲ့ နို့ပုလင်းကိုဖြုတ်လိုက်ပြီ လက်ထဲမှာခါလိုက်ပါတယ်။ အရှိန့်မြင့်တဲ့၀ိညာဥ်လက်နက်ကို အသုံးပြုပြီတဲ့နောက် ဟို့ယွိဟောင်က သူ့ပြိုင်ဘက်ဆီကို လျှပ်စီးတန်းတစ်ခုလို ပြေးထွက်လို့သွားခဲ့ပါပြီ။ သူ့ရဲ့မျက်လုံးထဲမှာ ယဲ့၀ူချင်းတစ်ယောက်သာ ရှိပါတော့တယ်။

သိုင်းပညာ၀ိညာဥ်ကို ပျောက်ဆုံးသွားပြီဖြစ်တဲ့ ၀ိညာဥ်ပညာရှင်တစ်ယောက်က ၀ိညာဥ်စွမ်းအားနည်းနည်းလေးရှိတဲ့ ၀ိညာဥ်ပညာရှင်တွေမခြားပါဘူး။ ဒါကြောင့် ဟို့ယွိဟောင်ရဲ့အဆုံးစွန်းရေခဲစွမ်းအားကို သူဘယ်လိုများတောင့်ခံနိုင်မှာလဲ။ ဒါ့အပြင် ဒီပြိုင်ပွဲကိုအနိုင်ရဖို့တစ်ခုတည်သောနည်းလမ်းက ယဲ့၀ူချင်းကိုအရင်ဆုံးဖယ်ရှားခဲ့ဖို့ပါ။

ဟို့ယွိဟောင် ထိတွေ့တာကို ခံလိုက်ရပြီတဲ့နောက် ပေ့ပေ့ရဲ့ခန္ဓာကိုယ်မှာရှိနေတဲ့အလင်းတန်းတွေက ပျောက်ကွယ်လို့သွားပါတော့တယ်။ ဒါပေမယ့် ချက်ချင်းဆိုသလို မြေပြင်ပေါ်ကိုလှဲကျလို့သွားခဲ့ပါပြီ။ ရွှေရောင်လမ်းက လူတစ်ယောက်ရဲ့သိုင်းပညာ၀ိညာဥ်ကို ပျက်စီးစေပါတယ်။ ဒါ့အပြင် အားကောင်းတဲ့တိုက်စားနိုင်စွမ်းလဲ ပါ၀င်လို့နေခဲ့တယ်။ ယဲ့၀ူချင်းရဲ့အကောင်းဆုံးတိုက်ခိုက်မှုကို သူဖယ်ရှားပြီတဲ့နောက် ၀ိညာဥ်စွမ်းအားတွေအများကြီးက ကုန်ဆုံးလို့သွားခဲ့ပါပြီ။ ပေ့ပေ့က လက်ရှိအချိန်မှာ လောင်စာကုန်ခမ်းဖြစ်နေတဲ့ မီးအိမ်တစ်ခုလိုပါပဲ။ ဒီလိုကြောင့်သာ မဟုတ်ရင် ဘာလို့စက်ကွမ်းကန်အလွယ်တကူထိန်းချုပ်တာကို ခံလိုက်ရမှာလဲ။

အဲ့ဒီနောက် ရွှေရောင်လမ်းရဲ့တိုက်စားမှုကို သူခံရချိန်မှာတော့ ထိခိုက်မှုက ပြင်းထန်ပါတော့တယ်။ ဟို့ယွိဟောင်က သူတို့ပေါင်းစည်းစွမ်းရည်ရဲ့ သက်ရောက်မှုကို ခပ်မြန်မြန်ပဲ ဖယ်ရှားလိုက်ပေမဲ့ ပေ့ပေ့ကတော့ စွမ်းအားအလွန်အကျွန်အသုံးချမှုကြောင့် တိုက်ရိုက်မေ့မြောလို့သွားခဲ့ပါပြီ။ ၀မ်သုန့်ကတော့ နို့ပုလင်းကိုသူ့လက်ထဲမှာ ကိုင်ထားရင်း အရှေ့ကိုပြေးထွက်သွားနေတဲ့ ဟို့ယွိဟောင်ကို ရှုပ်ထွေးတဲ့အကြည့်နဲ့သာ ကြည့်နေခဲ့တယ်။ ဒီအချိန်မှာတော့ သူ့စိတ်ထဲမှာတစ်စုံတစ်ရာကို ​အော်ဟစ်နေခဲ့မိပါပြီ။ မင်းအဲ့ဒီ၀ိညာဥ်လက်နက်ကို လုံး၀သုံးလို့မဖြစ်ဘူး။

လက်ရှိအချိန်မှာကတော့ ယဲ့၀ူချင်းက ရွှေရောင်ရုပ်ထုဖြစ်နေခဲ့တာပါ။ သူ့ရဲ့၀ိညာဥ်ကျင့်ကြံဆင့်က အဆင့်ငါးဆယ်ရှစ်ရှိပေမဲ့ ပေ့ပေ့နဲ့ တိုက်ပွဲမှာအများကြီးစွမ်းအားဆုံးရှုံးသွားပြီဖြစ်ပါတယ်။ သိုင်းပညာ၀ိညာဥ်ကို ပေါင်းစည်းပြီတဲ့နောက် သူမကြောက်ပဲဘယ်လိုလုပ်ရှိမှာလဲ။ ဒါ့အပြင် ရွှေရောင်လမ်းရဲ့ သက်ရောက်မှုတွေကို ဖယ်ရှားဖို့အချိန်အတိုင်းသာတစ်ခုလိုအပ်မှာပါ။ ဒီတစ်ကြိမ်မှာ ဟို့ယွိဟောင်က သူ့ရှေ့မှာရောက်နေခဲ့ပါပြီ။

” ငါ့မှာသိုင်းပညာ၀ိညာဥ်မရှ်ိတော့ရင်တောင် မင်းလို၀ိညာဥ်မဟာပညာရှင်တစ်ယောက်က ငါ့ကိုခြိမ်းခြောက်နိုင်မယ်များထင်နေတာလား ”

ယဲ့၀ူချင်းက မောက်မာမှုအပြည့်နဲ့ ပြောလိုက်ပါတယ်။ အဲ့ဒီနောက် ညာဘက်လက်သီးကို အသုံးချရင်း ဟို့ယွိဟောင်ဆီကို ပြေး၀င်တိုက်ခိုက်တော့တယ်။ ၀ိညာဥ်စွမ်းအားတွေက အဖြူရောင်အလင်းတန်းအဖြစ်စုစည်းပြီ သူ့လက်သီးပေါ်မှာ ပေါ်ထွက်လာပါတယ်။

ဟို့ယွိဟောင်က ရေခဲဧကရီရဲ့ ဆူးချွန်ကိုအသုံးပြုရင်း ယဲ့၀ူချင်းရဲ့လက်သီးကို လက်၀ါးနဲ့ပြန်လည်ခုခံလိုက်ပါတယ်။

ပေ့ပေ့ကိုထိန်းချုပ်ပြီတဲ့နောက် စက်ကွမ်းကန်က တခဏတာတိတ်ဆိတ်လို့သွားခဲ့ပါတယ်။ ဒါပေမယ့် တကယ်တော့နို့ပုလင်းထဲမှာရှိတဲ့ ၀ိညာဥ်စွမ်းအားကိုသူစုပ်ယူဖို့ အာရုံစိုက်နေခဲ့တာပါ။ လက်ရှိတိုက်ပွဲအခြေအနေကို သူအာရုံမစိုက်နိုင်အားပါဘူး။

ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်က တခဏတာတွန့်လိမ့်လို့သွားခဲ့ပါတယ်။ သူ့ရဲ့ရေခဲဧကရီဆူးချွန်က သူ့ပြိုင်ဘက်ရဲ့၀ိညာဥ်စွမ်းအားထဲကို ထိုးဖောက်လို့သွားခဲ့ပါပြီ။ အားပြင်းတဲ့တန်ပြန်ရိုက်ခတ်မှုက သူ့ကိုရုတ်တရက်ရပ်တန့်လို့သွားစေခဲ့ပါတယ်။ လက်ရှိအချိန်မှာ သူအသုံးပြုထားတဲ့ ၀ိညာဥ်လက်နက်တွေအားလုံးက အရှိန်မြင့်ဖို့သာသုံးထားခဲ့တာပါ။ အဆင့်နှစ်တိုက်ခိုက်ရေး၀ိညာဥ်လက်နက်တစ်ခုက ၀ိညာဥ်ဘုရင်တစ်ယောက်ကို မခြိမ်းခြောက်နိုင်ပါဘူး။

၀ိညာဥ်အကြောသေအလင်းတန်းကိုတော့ ဟောင်သုန့်စွမ်းအားမရှိတာကြောင့် သူမသုံးနိုင်ပဲရှိနေခဲ့ပါတယ်။ ရလဒ်အနေနဲ့ ဘယ်လို၀ိညာဥ်လက်နက်မျိုးကိုမှ အလွယ်တကူမသုံး၀ံ့ပါဘူး။

အံကြိတ်ရင်း ဟို့ယွိဟောင်က သရဲအရိပ်ခြေရာကို အသုံးပြုရင်းယဲ့၀ူချင်းရဲ့အရှေ့မှာဝေဝေ၀ါး၀ါးပုံစံတည်ရှိနေပါတော့တယ်။ သူ့ရဲ့လျှို့၀ှက်လက်နက်တွေက ရုတ်တရက်ထွက်ပေါ်လို့လာခဲ့ပါပြီ။

ဟို့ယွိဟောင်က သူ့ရဲ့တိုက်ခိုက်မှုကြောင့် တခဏတာရပ်တန့်သွားတာကို မြင်လိုက်ရတဲ့အတွက် ယဲ့၀ူချင်းလဲ အပျော်လွန်လို့သွားခဲ့ပါတယ်။ ခန္ဓာကိုယ်ထဲမှာရှိရှိသမျှ ၀ိညာဥ်စွမ်းအားတွေအားလုံးကို ထုတ်သုံးရင်းသူ့ခန္ဓာကိုယ်တစ်လျှောက်ကို အဖြူရောင်မြူခိုတွေနဲ့ ဖုံးလွှမ်းလိုက်ပါပြီ။ နောက်ဆုံးတော့လဲ ဟို့ယွိဟောင်က သူ့ကိုခြိမ်းခြောက်နိုင်လောက်တဲ့ ကျင့်ကြံဆင့်မြင့်မြင့်ကို မပိုင်ဆိုင်ထားပါဘူး။

အဆင့်နှစ်ဆယ်ခုနှစ်နဲ့ ငါးဆယ်ကြားမှာကွာခြားချက်က ကြီးမားလှပါတယ်။ ယဲ့၀ူချင်းက လက်ရှိအချိန် သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကို ယာယီမသုံးနိုင်ရင်တောင် ကျင့်ကြံဆင့်က ဟို့ယွိဟောင်အလွယ်တကူအနိုင်ယူနိုင်မဲ့သူမျိုးမဟုတ်ပါဘူး။

သူ့ရဲ့နိုင်နိုင်တော့မဲ့အခြေအနေ ပျောက်ကွယ်သွားမှာကို မြင်မြင်ပြီတဲ့အချိန်မှာပဲ ဟို့ယွိဟောင်က ထိတ်လန့်လာပါတော့တယ်။ ဒီလိုစိတ်ဓာတ်နာကျင်မှုကို မတောင့်ခံနိုင်တာကြောင့် သူအော်ဟစ်လိုက်မိတယ်။

” ရေခဲဧကရီ ကူညီပါဦး ”

ပုံမှန်အခြေအနေမျိုးမှာဖြစ်မယ်ဆိုရင် ရေခဲဧကရီက ဟို့ယွိဟောင်တောင်းဆိုတာကို သေချာပေါက် လျစ်လျူရှုမှာအမှန်ပါ။ သူနဲ့ရေခဲဧကရီနှစ်ယောက်စလုံးက နတ်ဘုရားတစ်ပါးဖြစ်ဖို့ သူ့က်ိုလိုအပ်ရုံသက်သက်ပါပဲ။

ဒါမှသာ ဒီလောကကြီးရဲ့ သက်တမ်းကန့်သတ်မှုကို သူတို့ဖြတ်ကျော်နိုင်မှာပါ။ အကယ်၍ ဒီကလေးကိုရှိရှိသမျှ အားလုံးကူညီပေးနေမယ်ဆိုရင် သူဘယ်လိုများ တကယ်ကြီးထွားလာနိုင်မှာလဲ။

လက်ရှိအချိန်မှာကတော့ မတူညီပါဘူး။ ရေခဲဧကရီနဲ့ ကောင်းကင်အိပ်မက်နှစ်ယောက်စလုံးက အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ရဲ့ စိတ်ဓာတ်နဲ့လုပ်ရပ်တွေကြောင့် အတော်လေးကို စိတ်လှုပ်ရှားနေခဲ့ကြပါပြီ။

မကြာခင်မှာပဲ ဟို့ယွိဟောင်ရဲ့အရှိန်အ၀ါက ရုတ်တရက်ပြောင်းလဲလို့သွားပါတော့တယ်။ ကြီးမားတဲ့ရုပ်ပိုင်ဆိုင်ရာပြောင်းလဲမှုကို ရှုစန်းရှီနဲ့ ပေ့ပေ့တို့ ကျော်ဖြတ်ခဲ့ရသလိုမျိုး ပြောင်းလဲသွားတာမဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိအချိန်မှာ ယဲ့၀ူချင်းရဲ့မျက်လုံးထဲမှာကတော့ ပိုကြောက်စရာ ကောင်းနေခဲ့ပါတယ်။

ရေခဲဧကရီအသုံးပြုတာကို ခံရပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့မျက်လုံးတွေက ကျောက်စိမ်းရောင်အလင်းတန်းတွေက တောက်ပလို့နေခဲ့ပါတယ်။ ဒါ့အပြင် ထူးခြားတဲ့သိုင်းပညာ၀ိညာဥ်ပေါ်ထွက်လာတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ သာမန်ဖြစ်ရပ်တစ်ခုလိုပါပဲ။ လက်ရှိအချိန်မှာ သူ့ရဲ့မျက်နှာကတော့ ထွင်းဖောက်မြင်ရတဲ့အစိမ်းရောင်အဖြစ်ကို ပြောင်းလဲလို့နေခဲ့ပြီ ကျောက်မျက်ရတနာတစ်ခုလိုမျိုးလဲ အလင်းတန်းက ဖြာထွက်လို့နေခဲ့ပါတယ်။

ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ကို ရေခဲဧကရီက ထိန်းချုပ်လိုက်ပြီတဲ့နောက် သူမရဲ့အသံက ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်ထဲမှာထွက်ပေါ်လို့လာပါတော့တယ်။

” သေချာကြည့်နေ မင်းမှာရှိသမျှစွမ်းအားကို တစ်စမကျန်အောင် အသုံးဖို့နဲ့ ဒီစွမ်းအားတွေအားလုံးကို အပြည့်အ၀ထိန်းချုပ်နိုင်ဖို့အတွက် ၀ီရိယရှိရှိကျင့်ကြံရမယ်။ အကယ်၍ အားနည်းနေတဲ့အချိန်မှာတောင် သန်မာတဲ့သူကို အနိုင်ယူချင်တယ်ဆိုရင် မင်းသုံးလို့ရမဲ့တစ်ခုတည်သောနည်းလမ်းက အပြည့်အ၀ထိန်းချုပ်ဖို့ပဲ”

ရေခဲဧကရီက သရဲအရိပ်ခြေရာကို အသုံးမပြုသလို အရှေ့ကိုတိုက်ရိုက်လဲ ပြေးထွက်လို့မသွားခဲ့ပါဘူး။ ဟို့ယွိဟောင်ရဲ့ နောက်ကျောဖက်မှာရေခဲဧကရီရဲ့ ရုပ်ပုံလွှာက ကြည်လင်ပြီတောက်ပလို့နေခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ခန္ဓာကိုယ်က အေးစက်မှုတွေအပြည့် ထွက်ပေါ်လို့နေခဲ့ပါပြီ။

ယဲ့၀ူချင်းလဲ ဟို့ယွိဟောင်ရဲ့အရှိန်အ၀ါ ရုတ်တရက်ပြောင်းလဲသွားမှုကို ခံစားလိုက်ရတဲ့အတွက် နှလုံးခုန်တောင်မြန်လာပါတော့တယ်။ တစ်ချိန်ထဲမှာပဲ ရွှေရောင်လမ်းရဲ့ စွမ်းအားကလဲ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။

ပျော်သွားခဲ့တဲ့ ယဲ့၀ူချင်းက ပထမဆုံးတွေးမိတဲ့ကိစ္စတစ်ခုသာ ရှိပါတယ်။ ဟို့ယွိဟောင်ကို သူ့သိုင်းပညာ၀ိညာဥ်သုံးပြီ တားဆီးဖို့ပါပဲ။ သိုင်းပညာ၀ိညာဥ်ကို ထုတ်လွှတ်ပြီတဲ့အချိန်မှာတောင် အရှေ့ကို လက်သီးနဲ့ထိုးချပြစ်ဖို့ မမေ့ခဲ့ပါဘူး။ ၀ိညာဥ်စွမ်းအားတွေအားလုံးကို စုစည်းထားခဲ့တဲ့ ဘောလုံးလေးတစ်လုံးက ဟို့ယွိဟောင်ဆီကို ရောက်ရှိလို့လာပါတယ်။

ဟို့ယွိဟောင်က ညာဘက်လက်ကိုမြောက်လိုက်ပါပြီ။ အတိအကျပြောရမယ်ဆိုရင် ရေခဲဧကရီက ဟို့ယွိဟောင်ရဲ့ ညာဘက်လက်ကိုမြောက်လိုက်တာပါ။ အဲ့ဒီနောက် လက်ညိုးလေးတစ်ချောင်းကိုသာ အသုံးပြုရင်း ရောက်ရှိလာနေတဲ့၀ိညာဥ်စွမ်းအားဘောလုံးကို ဖွဖွလေးထိလိုက်ပါတယ်။

အဖြူရောင်၀ိညာဥ်စွမ်းအားဘောလုံးက သိသိသာသာရပ်တန့်လို့သွားခဲ့ပြီ အရှိန်လျော့ကျလို့သွားပါတယ်။ ရေခဲဧကရီက ဟို့ယွိဟောင်ရဲ့ လက်ဖမိုးကို အသုံးပြုရင်း အဲ့ဒီဘောလုံးလေးကို ဘေးတွန်းချလိုက်ပါပြီ။ ၀ိညာဥ်စွမ်းအားဘောလုံးလေးကလဲ မမျှော်လင့်ထားနိုင်လောက်အောင်ပဲ အဝေးကိုပျံထွက်လို့သွားခဲ့ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့အရှေ့ကို တက်လာနေတဲ့အရှိန်နှုန်းက မလျော့ကြလို့မသွားခဲ့ပါဘူး။

အဆုံးစွန်းရေခဲက လူသားတွေကိုတင်အေးခဲစေနိုင်တာမဟုတ်ပါဘူး။ ၀ိညာဥ်စွမ်းအားတွေကိုပါ အေးခဲစေနိုင်ခဲ့ပါတယ်။ ဒါကရေခဲဧကရီပြောခဲ့တဲ့ အရာအားလုံးကို ထိန်းချုပ်မှုနဲ့ အောင်နိုင်နိုင်တယ်ဆိုတဲ့ စကားပါ။

ယဲ့၀ူချင်းရဲ့ အရှိန်နှုန်းကလဲ မနှေးကွေးခဲ့ပါဘူး။ သူတို့ရဲ့၀ိညာဥ်စက်ကွင်းတွေက ခြေထောက်အောက်မှာ ထွက်ပေါ်လို့လာခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာ ဟို့ယွိဟောင်ကတော့ သူ့တစ်ကိုယ်လုံးမှောင်မိုက်လို့သွားတာကို ခံစားလိုက်မိပါတော့တယ်။ အဲ့ဒီနောက် ဘာမှမမြင်ရတော့ပဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လို့သွားခဲ့ပါပြီ။

ကြည့်ရှု့နေသူတွေနဲ့ စောင့်ဆိုင်းရေးနယ်မြေတွေရဲ့အမြင်မှာကတော့ ထူးခြားတဲ့ပုံစံပြောင်းမှုတစ်ခုက ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ရုတ်တရက်ဖြစ်ပေါ်လို့သွားခဲ့တာပါ။ ​ကျောက်စိမ်းရောင်အလင်းတန်းက သူ့လက်မောင်းအရွယ်နဲ့ သူ့ရင်ဘတ်ကနေ ပြေးထွက်လို့လာပါတယ်။ ဒီအလင်းတန်းပြေးထွက်လို့သွားပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့ ရှိရှိသမျှကြွက်သားတွေ အရိုးတွေအားလုံးကလဲ ကျောက်စိမ်းရောင်တောက်ပလာတာကို သူတို့မြင်လိုက်ရပါပြီ။ သူ့ခန္ဓာကိုယ်ကို တောက်ပစေရုံတင်မကပဲ အ၀တ်အစားတွေကပါကျောက်စိမ်းရောင်ပြောင်းသွားခဲ့တာပါ။

မကြာခင်မှာပဲ ဒီအလင်းတန်းတွေက ယဲ့၀ူချင်းခန္ဓာကိုယ်ပေါ်ကို ကျရောက်လို့လာခဲ့ပါတော့တယ်။ တခဏတာသာ ပေါ်ထွက်လို့လာခဲ့ပြီ ဒီအလင်းတန်းက ပျောက်ကွယ်လို့သွားပါတော့တယ်။ အဆင့်ငါးဆယ်ရှစ်၀ိညာဥ်ဘုရင်ဖြစ်တဲ့ ယဲ့၀ူချင်းက ဒီတစ်ကြိမ်မှာ ထိတ်လန့်ရုံကလွဲပြီ မတတ်နိုင်တော့ပါဘူး။ အဲ့ဒီနောက် ဟို့ယွိဟောင်ရဲ့ ပြေး၀င်လာတဲ့ခန္ဓာကိုယ်က သူ့ကိုတိုက်မိပါတော့တယ်။

ယဲ့၀ူချင်းလဲ တစ်ချက်လေးတောင် မခုခံနိုင်တော့ပဲ သူ့ရဲ့ခန္ဓာကိုယ်က နောက်ကိုလွှင့်ထွက်လို့သွားခဲ့ရပါပြီ။ ယန်အယ်လိုလဲ လွှင့်ထွက်ပြီမြေပြင်ကို ပြုတ်ကျလို့သွားပါတော့တယ်။ ဒါပေမယ့် ဟို့ယွိဟောင်ကလဲ အတူတူပြုတ်ကျလို့သွားတာပါ။ ယဲ့၀ူချင်းနဲ့ မတူညီတဲ့အချက်ကတော့ သူ့ကျတဲ့နေရာက စင်ရဲ့အစိတ်အပိုင်းတစ်ခုဆီပါပဲ။ ဒါကရေခဲဧကရီရဲ့နှစ်ပေါင်းလေးသိန်း၀ိညာဥ်စွမ်းရည်တစ်ခုဖြစ်တဲ့ ရေခဲဧကရီရဲ့ အမျက်ဒေါသပါ။

အပိုင်း ၉၄•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset