အပိုင်း ၉၃•၃
” ထောင်ကိုထိုးဖောက်ခြင်း ထာ၀ရရေခဲထောင် ”
°°°
အမှန်ပါပဲ ဒီ၀ိညာဥ်စွမ်းရည်က သူရဲ့ဘယ်ဘက်လက်ကိုသာ ပြောင်းလဲပေးနိုင်တာပါ။ အကယ်၍ သူ့ရဲ့ရွှေသစ်ရွက်လက်ကသာ နောက်ထပ်ရွှေသစ်ရွက်ကို ထုတ်လွှတ်လိုက်မယ်ဆိုရင်တော့ဒီစွမ်းအားက နှစ်ဆဖြစ်သွားပါလိမ့်မယ်။ ရွှေသစ်ရွက်လက်တစ်ခုထဲနဲ့တင် စွမ်းအားက အဆမတန်ကြီးမားနေခဲ့ပါပြီ။ တကယ်ကိုအားကောင်းတဲ့ ခုခံရေးစွမ်းအားပါပဲ။
ပေ့ပေ့က ရှိသမျှစွမ်းအားတွေအားလုံးကို အသုံးပြုရင်း သူ့ရဲ့မိုးကြိုးတွေကို ထုတ်လွှတ်လိုက်ပါတယ်။ ဒါပေမယ့် သူ့ပြိုင်ဘက်ကိုတော့အနိုင်မယူနိုင်သေးပါဘူး။ သူ့ရဲ့ပြိုင်ဘက်က အဆင့်ငါးဆယ်ရှစ်၀ိညာဥ်စွမ်းအားနဲ့ သူ့ကိုအပြည့်အ၀လွှမ်းမိုးထားခဲ့ပါတယ်။
” ခွေးမသား ”
ပေ့ပေ့က ဟိန်းဟောက်လိုက်ရင်းသူ့ရဲ့တတိယ၀ိညာဥ်စွမ်းအားကို စတင်အသုံးပြုပါတော့တယ်။ အပြာရောင်လျှပ်စီးဧကရာဇ်နဂါး၀ိညာဥ်ပညာရှင်က သူတို့ရဲ့မိုးကြိုးဒေါသကို အသုံးပြုတဲ့အချိန်မှာ ပိုပြီးရူသွပ်တဲ့အနေအထားကို ရောက်ရှိပါတယ်။ အသုံးပြုသူရဲ့မိုးကြိုးတွေကလဲ နှစ်ဆဖြစ်သွားခဲ့သလို၀ိညာဥ်စွမ်းအားကလဲတိုးတက်သွားမှာပါ။
ပေ့ပေ့အနေနဲ့ ဒေါသကိုအသုံးပြုလိုက်မှသာ အသန်မာဆုံးအခြေအနေကို ရောက်ရှိနိုင်ပြီလို့ ပြောလို့ရနိုင်ပါတယ်။ သူ့စွမ်းအားက အစောပိုင်းမှာ လျှပ်စီးတန်းတစ်ခုလိုမျိုး တည်ငြိမ်လို့နေခဲ့ပြီ အခုအချိန်မှာတော့ ရုတ်တရက်ထိုးဖောက်လို့ထွက်ခဲ့ပါပြီ။ ဒါပေမယ့် ပေ့ပေ့အနေနဲ့ ယဲ့၀ူချင်းရဲ့မျက်လုံးထဲမှာ အေးစက်တဲ့အငွေ့အသက်ကိုမြင်လိုက်တာကြောင့် စိတ်ထဲမှာစတင်ကျိန်ဆဲမိပါတော့တယ်။
တစ်ချက်လေးတောင်မတွေဝေပဲ ပေ့ပေ့က ဒုတိယ၀ိညာဥ်စွမ်းရည်ကို စတင်ထုတ်လွှတ်ပါတော့တယ်။ သူ့တစ်ကိုယ်လုံးကို လျှပ်စီးတန်းတွေက ဖုံးလွှမ်းလို့သွားခဲ့ပါပြီ။
ယဲ့၀ူချင်းက လျှပ်စီးတန်းတွေ မထိခိုက်အောင်သူ့ကိုယ်သူ ၀်ိညာဥ်စွမ်းအားနဲ့ ကာကွယ်လို့ထားခဲ့ပါတယ်။ ၀ိညာဥ်စွမ်းအားက အမြန်ကုန်ဆုံးလို့နေခဲ့ပေမဲ့ လျှပ်စီးတန်းတွေရဲ့ တိုက်ခိုက်မှုကို သူတိုက်ရိုက်မခံစားရပါဘူး။
၀ိညာဥ်စွမ်းအားတွေရဲ့ ကွာခြားချက်က ကြီးမားနေခဲ့လို့သာ သူဒီလိုလုပ်လို့ရတာပါ။ နှစ်ဖက်စလုံးကသာ တူညီတဲ့ကျင့်ကြံမှုမှာ ရှိနေခဲ့မယ်ဆိုရင် ဒီလိုလဲမဖြစ်နိုင်ပါဘူး။
ယဲ့၀ူချင်းက လက်ရှိအချိန်မှာ ဘာမှမလုပ်ပဲရှိနေခဲ့ပါတယ်။ သူဘာကိုများစောင့်ဆိုင်းနေတာလဲ သူ့ရဲ့ရွှေရောင်သစ်ရွက်ကို စောင့်ဆိုင်းနေတာပါ။
ပထမ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ သစ်ရွက်ဓားသွားတွေက တတိယ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ သစ်ရွက်ဗျူဟာနဲ့အတူတူ စည်းချက်ကျကျလှည့်ပတ်လို့နေပါတယ်။ ပေ့ပေ့က ဘယ်ဘက်လက်နဲ့ထိတွေ့နေတဲ့အချိန်မှာ ပေ့ပေ့က သရဲအရိပ်ခြေရာကိုအသုံးပြုပြီး ရှောင်လွဲနိုင်တော့မှာလဲ။
လျှပ်စီးတန်းတွေက သစ်ရွက်တွေကိုတခဏတာသာ ခုခံလိုက်ပါတယ်။ အဲ့ဒီနောက် ၀ိညာဥ်ဘ်ိုးဘေးတစ်ယောက်နဲ့ ၀ိညာဥ်ဘုရင်တစ်ယောက်ကြားမှာရှိတဲ့ကွာခြားချက်က ထွက်ပေါ်လို့လာခဲ့ပါပြီ။
ဒါပေမယ့် ပေ့ပေ့က သာတူညီမျှထူးချွန်တဲ့သူပါပဲ။ သူ့ပြိုင်ဘက်ကို ဒီလိုမျိုးအရေးနှိမ့်နေတဲ့အခြေအနေမျိုးမှာ ဒီလိုတုန့်ပြန်နိုင်ခဲ့ပါတယ်။ မိုးကြိုးလက်သည်းက နောက်တစ်ကြိမ်ထွက်ပေါ်လို့လာခဲ့ပြီ သူ့မိုးကြိုးဒေါသကို ပိုအားကောင်းစေခဲ့ရင်း ယဲ့၀ူချင်းကို တုန်ခါလို့သွားစေခဲ့ပါတယ်။ အဲ့ဒီနောက် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်ပြီ သစ်ရွက်ဗျူဟာကိုစတင်ရင်ဆိုင်တော့တယ်။ ကြည့်ရှု့နေသူတွေအနေနဲ့လဲ သူရဲ့ရင်ဘတ်ထဲကနေ ရွှေရောင်သစ်ရွက်တွေအများကြီးပေါ်ထွက်လာတာကို မြင်လိုက်ရပါတယ်။ ဒီရွှေရောင်သစ်ရွက်တွေက ရွှမ်သစ်ဗျုဟာတွေအများကြီးကို ဖုံးလွှမ်းလို့သွားခဲ့ပါပြီ။
ဆက်တိုက်တုန်ခါမှုတွေနဲ့အတူ ယဲ့၀ူချင်းရဲ့ရွှေရောင်သစ်ရွက်တွေက သူ့ရှေ့မှာပဲ အစိတ်စိတ်အမွှာမွှာဖြစ်သွားပါတော့တယ်။ တကယ်ကို မယုံကြည်နိုင်စရာမြင်ကွင်းတစ်ခုပါပဲ။ ဒါတင်မကသေးပဲ ပေ့ပေ့က ရုတ်တရက်တစ်စုံတစ်ရာအဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပြီ လက်ထောင်ချီရှိတဲ့ နတ်ဘုရားလိုမျိုး ရွှေရောင်သစ်ရွက်တွေကို စတင်ပြီ တားဆီးပါတော့တယ်။ များပြားတဲ့လျှို့၀ှက်လက်နက်တွေက ဓားပျံတွေ ဓားမြောင်တွေ အပ်ကြိုးတွေ အပ်ချည်လိုပုံစံနဲ့ အပြင်ကိုပျံထွက်လို့လာပါတော့တယ်။ တစ်ချက်လေးတောင်မကြည့်ပဲ သူဒီလိုလုပ်နေခဲ့တာပါ။ ဒါကလဲကြောက်စရာကောင်းလောက်အောင်လဲတိကျပါတယ်။ ယဲ့၀ူချင်းနဲ့ ရင်ဆိုင်တိုက်ခိုက်နေတာမကပဲ ဒိီတိုက်ခိုက်မှုက ဘေးမှာရပ်နေခဲ့တဲ့ စက်ကွမ်းကန်ဆီကိုတောင် ရောက်ရှိလို့နေခဲ့ပါပြီ။ အဲ့ဒီမှာရပ်နေခဲ့တဲ့ စက်ကွမ်းကန်ကတော့ ဒီတ်ိုက်ခိုက်မှုကြောင့် ကြောက်လွန်လို့သူ့ရဲ့ခေါင်းလောင်းသံတွေကိုတောင် မတီးနိုင်တော့ပါဘူး။
အမှန်တကယ်ကို ထန်မျိုးနွယ်ရဲ့ လက်နက်ပုန်းတွေကအစွမ်းပြနေခဲ့ပါပြီ။ ထန်မျိုးနွယ်က ကျဆင်းလို့သွားခဲ့ရင်တောင် သူ့မျိုးနွယ်ရဲ့လက်နက်ပုန်းတွေက အသုံးမ၀င်ဘူးလို့ ဘယ်လိုများပြောနိုင်မှာလဲ။ သေချာပေါက် တိုက်ကြီးတစ်ခုလုံးမှာ အသုံးများခဲ့ဖူးတဲ့ လက်နက်တွေက သူအစွမ်းအစနဲ့သူရှိနေခဲ့ပါတယ်။
ယဲ့၀ူချင်းက သူ့လက်ကိုဝှေ့ရမ်းလိုက်ချိန်မှာတော့ ဒုတိယ၀ိညာဥ်စက်ကွင်းက တောက်ပလို့လာပါတော့တယ်။ ရွှေရောင်သစ်ရွက်တွေက မြေပြင်ပေါ်မှာစတင်ပြီ ပေါက်ကွဲရင်းကြီးမားတဲ့ မုန်တိုင်းကြီးတစ်ခုအဖြစ်ကို ဖြစ်ပေါ်လာစေခဲ့ပါပြီ။ အဲ့ဒီနောက် လက်နက်ပုန်းတွေအားလုံးကို တခဏတာရပ်တန့်လို့သွားစေခဲ့ပြီ ပေ့ပေ့ရဲ့ တိုက်ခိုက်မှုကိုလဲ လွဲချော်လို့သွားစေခဲ့ပါတယ်။
ပေ့ပေ့ကတော့ အေးအေးဆေးဆေးမနေနိုင်သေးပါဘူး။ အဆုံးသတ်မှာ ရွှေရောင်သစ်ရွက်တွေကို မဖျက်ဆီးနိုင်ပဲရှိနေခဲ့တယ်။ တစ်ခုကသူ့ခန္ဓာကိုယ်ကို ဖြတ်ကျော်လို့သွားခဲ့တယ်။ တစ်ခုကပြိုင်ဘက်လက်မောင်းကို ဖြတ်ထွက်လို့သွားပြီ မီးပွားတွေလွှင့်စင်လို့သွားခဲ့ပါပြီ။ နဂါးအကြေးခွံတွေက မိုးကြိုးဒေါသကိုသုံးထားချိန်မှာ အများကြီးပိုပြီးထူးထပ်လာတာကြောင့် ဒီတိုက်ခိုက်မှုက သူတို့ကိုဖောက်မထွက်နိုင်ပါဘူး။
ဒါပေမယ့် နောက်ထပ်ရွှေရောင်သစ်ရွက်တစ်ခုက သူ့ရဲ့ရင်ဘတ်ကိုဖြတ်တိုက်လို့သွားခဲ့ရင်း မီတာ၀က်ကျော်ရှည်လျားတဲ့ ဒဏ်ရာတစ်ခုကို ဖြစ်ပေါ်သွားစေခဲ့ပါတယ်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ ပေ့ပေ့ရဲ့ရင်ဘတ်တစ်ခုလုံးက သွေးတွေရဲနေခဲ့ပါပြီ။ ရွှေရောင်သစ်ရွက်က သူ့ရဲ့ကြွက်သားတွေကို ဖောက်ထွက်လို့သွားပြီ အသားတွေကိုတောင်လှန်မတတ်ဖြစ်သွားစေခဲ့တယ်။ ကြည့်ရတာကတော့ တကယ်ကို ကြောက်စရာပါပဲ။
ယဲ့၀ူချင်းလဲ နောက်ဆုံးမှာလုံး၀ကို အင်အားချွင်းချန်မထားတော့ပဲ စတင်ပြီတိုက်ခိုက်ပါတော့တယ်။ သူ့ရဲ့ပြိုင်ဘက်က ၀ိညာဥ်ဘိုးဘေးတစ်ယောက်သာ ရှိနေခဲ့ပေမဲ့ သူထင်ထားထက်ကိုအများကြီးပိုပြီး ပြဿနာများပါတယ်။
ယဲ့၀ူချင်းရဲ့ ပဥ္စမမြောက်၀ိညာဥ်စက်ကွင်းတောက်ပလို့လာချိန်မှာ တော့ သူ့ရဲ့အရှိန်အ၀ါက လုံး၀ပြောင်းလဲလို့သွားခဲ့ပါပြီ။ လက်ထဲမှာရှိတဲ့ရွှေရောင်သစ်ရွက်ကို ဖြည်းဖြည်းချင်းမြောက်လိုက်ရင်း ကောင်းကင်ပေါ်ဝှေ့ရမ်းလိုက်ပါတော့တယ်။ မိုးကောင်းကင်ကြီးတစ်ခုလုံးကို ဆွဲဖြဲချင်နေတဲ့ပုံစံနဲ့ ရွှေရောင်အလင်းတန်းတွေက သူ့၀ိညာဥ်စက်ကွင်းပေါ်မှာတောက်ပလို့လာခဲ့ပါပြီ။ သေးငယ်တဲ့ရွှေရောင်အစက်အပြောက်ကလေးတွေက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းလို့သွားပါတော့တယ်။
သစ်ရွက်ဗျူဟာမှာ သစ်ရွက်ဆယ်ရွက်သာကျန်ရှိပေမဲ့ လက်ရှိအချိန်မှာကတော့ ရာထောင်ချီတဲ့ရွှေရောင်သစ်ရွက်တွေက ပေါ်ထွက်လို့လာခဲ့ပါပြီ။ ဒီသစ်ရွက်တွေက သူ့ခန္ဓာကိုယ်ကို ဗဟိုပြုရင်း လှည့်ပတ်လို့နေပြီ စင်မြင့်တစ်ခုလုံးကို ရွှေရောင်လွှမ်းသွားစေခဲ့ပါတယ်။
ဒါကတော့ နှစ်တစ်သောင်းစွမ်းရည်နဲ့ နှစ်တစ်ထောင်စွမ်းရည်ကြားက ကွားခြားချက်ပါပဲ။ ယဲ့၀ူချင်းက နောက်တစ်ကြိမ်တတိယ၀ိညာဥ်စွမ်းရည်ကို ထုတ်ဖော်ပြသလိုက်ပါပြီ။ ပြိုင်ပွဲထဲမှာ ဒီလိုပေါ်လာတာ ဒုတိယအကြိမ်မြောက်ပါ။
ပေ့ပေ့က ခက်ခက်ခဲခဲနဲ့ နောက်ကိုလှည့်သွားခဲ့ရပါတယ်။ သူအခုမှဒဏ်ရာရခဲ့တာဖြစ်ပေမဲ့ သွေးတွေကတော့ အများကြီးဆုံးရှုံးလို့သွားခဲ့ပါပြီ။ လက်ရှိအချိန်မှာ ယဲ့၀ူချင်းရဲ့ ရွှေရောင်သစ်ရွက်မုန်တိုင်းကြီးကို ရင်ဆိုင်ရပါတော့တယ်။
” ဒါကငါရဲ့ပဥ္စမမြောက်၀ိညာဥ်စွမ်းရည် ရွှေသစ်ရွက်အကာပဲ အကယ်၍ မင်းတို့များများစားစားမဖြစ်ချင်ဘူးဆိုရင် ရှုံးတာကို၀န်ခံလိုက်ကြ ”
စက်ကွမ်းကန်ကတော့ ယဲ့၀ူချင်းရဲ့အနောက်ဖက်မနီးမဝေးမှာရပ်နေခဲ့တာပါ။ လက်ရှိအချိန်မှာကတော့ နိုင်တော့မှာဖြစ်တာကြောင့် သူ့ခေါင်းလောင်းကိုတောင်မသုံးတော့ပါဘူး။
မိုးထိလွှာကျောင်းတော်က အမျက်ဒေါသကျောင်းတော်ကို အနိုင်ယူနိုင်ပါတော့မယ်။ ဒီမြင်ကွင်းကို အနီးကပ်မြင်ရတဲ့သူက ပထမဆုံးစင်ပေါ်မှာကျန်ခဲ့တဲ့သူဖြစ်နေမှာပါ။ သူဘယ်လိုတောင်စိတ်မလှုပ်ရှားပဲ နေနိုင်မှာလဲ။
ပေ့ပေ့က နှုတ်ခမ်းကိုတင်းတင်းစေ့ရင်း ညာဘက်လက်ကိုမြောက်ပြီ ယဲ့၀ူချင်းကို သူ့နှာခေါင်းနဲ့တန်ရင်း ချိန်ရွယ်ထားခဲ့ပါတယ်။ သူ့ရဲ့ပုံမှန်ရက်စက်ချင်တဲ့အပြုံးက မျက်နှာပေါ်မှာပေါ်ထွက်လို့လာခဲ့ပါပြီ။
” မင်းနိုင်ပြီလို့ထင်မနေနဲ့ ”
ယဲ့၀ူချင်းက ဒီကောင်ရဲ့အရှေ့မှာဆိုရင် သူ့ကိုယ်သူလုံး၀မထိန်းချုပ်နိုင်ပါဘူး။ တစ်ဖက်လူကို နူးညံ့ညင်းသာဖို့ သန့်စင်နေတဲ့ပုံစံနဲ့ သူ့ကိုဒေါသထွက်လာတဲ့အထိ မကောင်းတဲ့စကားတွေ ပြောနိုင်မလဲဆိုတာကို တကယ်မုန်းတီးပါတယ်။
ကြောက်စရာကောင်းလွန်လှတဲ့ ရွှေရောင်သစ်ရွက်အကာက ပေ့ပေ့ကိုစတင်ပြီ ၀န်းရံလိုက်ပါပြီ။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က ၀ိညာဥ်စွမ်းအားတွေအများကြီးကို ကုန်ဆုံးထားပြီတာကို သူသိနေခဲ့တယ်။ ပေ့ပေ့ကိုသာရှင်းထုတ်နိုင်မယ်ဆိုရင် ဒီကလေးနှစ်ယောက်ကို ရှင်းဖို့ကအလွယ်လေးပါပဲ။
စက်ကွမ်းကန်ကလဲ အခွင့်အရေးကို အရယူရင်းသေးငယ်တဲ့ နို့ပုလင်းတစ်ခုကို ထုတ်ယူလာခဲ့ပြီ သူ့၀ိညာဥ်စွမ်းအားကို ပြန်ဖြည့်တင်းလို့နေပါတော့တယ်။ သူ့ရဲ့နို့ပုလင်းက လက်ကောက်တစ်ခုလိုအသွင်ရှိပြီ ဟို့ယွိဟောင်တို့ အသုံးပြုနေတဲ့ပစ္စည်းတစ်ခုလိုမျိူး တန်ဖိုးသိပ်ကြီးတဲ့ပုံလဲမပေါ်ပါဘူး။ ဒါပေမယ့် ပြန်ကောင်းတဲ့စွမ်းရည်အရှိန်နှုန်းကတော့ အတော်လေးမြန်ဆန်လို့နေခဲ့တယ်။ နိုင်ရတော့မယ်ဆိုရင်တောင် သတိလက်လွှတ်မနေနိုင်ဘူးဆိုတာက သူတို့ရဲ့အတွေးဖြစ်မှန်းသိသာလို့နေခဲ့ပါပြီ။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ မျက်နှာပေါ်မှာ စိတ်ပျက်မှုကတော့ အထင်သားပေါ်လာခဲ့ပါတယ်။ သူတို့တွေအခုအချိန်မှာ ရွှေရောင်လမ်းကိုအသုံးပြုမယ်ဆိုရင်တောင် သူ့မျက်စိရှေ့မှာဖြစ်နေတဲ့အရာအားလုံးကို တားဆီးဖို့က မဖြစ်နိုင်ပါဘူး။ ပြိုင်ဘက်ကခုန်မရှောင်ဘူးဆိုတာက ပိုလို့မဖြစ်နိုင်ပဲရှိပါသေးတယ်။ဒါ့အပြင် ရွှေသစ်ရွက်အကာကို သူတို့တကယ်ပဲ ဖျက်ဆီးပြစ်နိုင်မှာလား။
” ညီငယ်လေးတို့ ငါ့အနောက်မှာ အားဖြည့်ပေးဖို့အဆင့်သင့်ပြင်ထားကြ ”
ပေ့ပေ့က ရွှေသစ်ရွက်အကာကို မျက်စိမလွဲပဲအော်လိုက်ပါတယ်။ သူ့ရဲ့မျက်နှာပေါ်မှာရှိနေခဲ့တဲ့အပြုံးနဲ့ နူးညံ့ညင်းသာမှုက ခြိမ်းခြောက်မှုအပြည့်ပုံစံကို ပြောင်းလဲလို့သွားခဲ့ပါပြီ။
ပေ့ပေ့က သူ့ရဲ့တကယ်စစ်မှန်တဲ့အစွမ်းအစတွေအားလုံးကို ဖုံးကွယ်လို့ထားခဲ့ပါတယ်။ နောက်ဆုံးတော့လဲ အပြင်နယ်မြေရဲ့ ပါရမီရှင်လို့ခေါ်တဲ့သူက ရှုစန်းရှီနဲ့အတူတူ အစကထဲကနေ အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်မျိူးဆက်အဖြစ် ကြိုတင်ရွေးချယ်ခံထားရတယ်ဆိုတာ အလာဟသမဟုတ်ခဲ့ပါဘူး။
ပေ့ပေ့ရဲ့ပါးစပ်ကနေ ကြောက်စရာအော်သံကြီးတစ်သံက ထွက်ပေါ်လို့လာပါတော့တယ်။ မကြာခင်မှာပဲ လျှပ်စီးတန်းတွေက သူ့ခန္ဓာကိုယ်ဘေးပတ်လည်မှာရွှေရောင်အဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပြီ သူ့ခေါင်းပေါ်မှာလဲ မျက်စိကျိန်လောက်စရာရွှေရောင်ဘောလုံးကြီးတစ်လုံးက ပေါ်ထွက်လာပါတော့တယ်။
မကြာခင်မှာပဲ ပေ့ပေ့ရဲ့ ညာလက်မှာရှိနေတဲ့နဂါးအကြေးခွံတွေက စတင်ပြီ ဆန့်ထွက်လို့လာခဲ့ပါပြီ။ သူ့တစ်ကိုယ်လုံးကို မျက်တောင်တစ်ခတ်အတွင်းမှာပဲ အကြေးခွံတွေက ဖုံးလွှမ်းလို့သွားပါတော့တယ်။ သူ့ရဲ့ အရှိန်အ၀ါကလဲ လုံး၀ပြောင်းလဲလို့သွားခဲ့ပါပြီ။ လက်ရှိအချိန်မှာ ပေ့ပေ့ရဲ့ပုံစံက ကြောက်စရာကောင်းပြီ ခြိမ်းခြောက်မှုအပြည့်နဲ့ မဖော်ပြနိုင်လောက်အောင် အားကောင်းတဲ့အသွင်မျိုးရှိနေခဲ့ပါတယ်။
ပေ့ပေ့ရဲ့အပြာရောင်လျှပ်စီးဧကရာဇ်နဂါးက ခန္ဓာကိုယ်က အားကောင်းလွန်တဲ့သိုင်းပညာ၀ိညာဥ်ပါပဲ။ ဒီအချိန်မှာပဲ ပေ့ပေ့ရဲ့ သူဒီလိုမျိုးပုံစံဖြစ်ဖို့အတွက် အများကြီးတွန်းအားပေးဖို့လိုနေခဲ့ပါတယ်။ ဟို့ယွိဟောင်အနေနဲ့ ဒီလောက်ကြောက်စရာကောင်းတဲ့ အစွမ်းအစကို သူကိုယ်တိုင်တောင် ဖိနှိမ့်နိုင်မယ်လို့မထင်ထားပါဘူး။
ရေခဲဧကရီနဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နှစ်ခုကတော့ တစ်ချိန်ထဲမှာပဲ ဟို့ယွိဟောင်ရဲ့ စိတ်ထဲကနေစပြီ တစ်ခွန်းထဲပြောပါတယ်။
” ရွှေရောင်မြင့်မြတ်နဂါးပဲ ”
ပေ့ပေ့ရဲ့ အရှိန်အ၀ါတွေက အဆုံးစွန်းအထိကို ရောက်ရှိလို့ပါတော့တယ်။ ဘယ်ဘက်ခြေထောက်ကို ရှေ့ထုတ်ပြီတဲ့နောက် သူအော်လိုက်ပါတယ်။
” ဧကရာဇ်မင်း မိုးကြိုးနယ်မြေ ”
အောက်ဖက်မှာရှိနေခဲ့တဲ့ ၀မ်ယန်က သူ့ရဲ့မျက်နှာကို လက်နှစ်ဖက်နဲ့အုပ်ထားခဲ့မိပါတယ်။ သူတွေးလေတွေးလေစိတ်ဖိစီးလေပါပဲ။ ဒီကလေးတွေငါ့ကိုဘယ်လောက်များ ဖုံးကွယ်ထားကြတာလဲ။
ရွှေရောင်အလင်းတန်းက ဒေါသမုန်တိုင်းကြီးလိုပုံစံနဲ့ အရှေ့ကိုပြေးထွက်လို့သွားပါတယ်။ လျှပ်စီးတန်းတွေက ရွှေရောင်အလင်းတန်းတွေအဖြစ်နဲ့အတူ သူဘေးပတ်လည်နှစ်ဆယ်မီတာအထိကို ဖုံးလွှမ်းလို့သွားခဲ့ပါပြီ။
ပိုပြီးကြောက်စရာကောင်းတဲ့အရာကတော့ ဒီရွှေရောင်ဒေါသလှိုင်းတွေက ပေ့ပေ့ရဲ့ထိန်းချုပ်မှုအောက်မှာ ဆွဲငင်အားတစ်ခုရှိနေခဲ့ပြီ ရွှေသစ်ရွက်အကာကို စုတ်ဖြဲပြစ်နေတာပါပဲ။
နှစ်ဖက်စလုံးရဲ့ အသုံးပြုနေတဲ့စွမ်းရည်က ရွှေရောင်ဖြစ်နေခဲ့ပါတယ်။ ရွှေသစ်ရွက်တွေက ပေါက်ကွဲမှုကြားထဲမှာ ဖုံးမှုန့်တွေဖြစ်သွားခဲ့ပါပြီ။ မီးခိုငွေ့တွေလိုမျ်ိုုး မကြာခင်မှာပျောက်ကွယ်လို့သွားပါတော့တယ်။ ပေ့ပေ့ကတော့ ဟို့ယွိဟောင်အရမ်းရင်းနှီးနေတဲ့ ကြိုးကြာထိန်းချုပ်နဂါးဖမ်းဆီးလက်ဟန်ကို အသုံးပြုရင်း လှုပ်ရှားလို့နေခဲ့ပါတယ်။ သူ့ရဲ့လက်ကိုရှေ့တိုးနောက်ဆုတ်လုပ်ရင်း ယဲ့၀ူချင်းကို ထိန်းချုပ်လို့ထားခဲ့တယ်။
ယဲ့၀ူချင်းကလဲ အော်ဟစ်ရင်းသူ့ရှေ့မှာရှိတဲ့ ရွှေရောင်အလင်းတန်းတွေကိုပိုပြီးပေါက်ကွဲအောင်လုပ်နေခဲ့ပါတယ်။ ပြင်းထန်တဲ့တိုက်ခိုက်မှုက ပေ့ပေ့ရဲ့မိုးကြိုးနယ်မြေကြောင့် အများကြီးထိခိုက်လို့နေပါပြီ။
ဒါပေမယ့် ပေ့ပေ့ရဲ့ စွမ်းရည်ကသူ့ထင်ထားပြီ အကဲဖြတ်ထားတာထက်တောင် ပိုပြီးသာလွန်လို့နေခဲ့ပါသေးတယ်။ မိုးကြိုးနယ်မြေက ယဲ့၀ူချင်းရဲ့အရှေ့တည့်တည့်ကို ရောက်လာခဲ့ပါပြီ။
” ညီငယ်လေး အခုပဲလုပ်တော့ ”
ပေ့ပေ့က သူ့ရဲ့ညာဘက်ခြေထောက်ကို အရှေ့ထုတ်လိုက်ရင်း အော်လိုက်ပါတော့တယ်။ မိုးကြိုးနယ်မြေကလဲ အရှေ့ကိုတိုးသွားခဲ့ပေမဲ့ အနည်းငယ်အားနည်းလို့သွားခဲ့ပြီ အချိန်မရွေးပျောက်ကွယ်လို့သွားနိုင်တဲ့ပုံစံမျိုးပေါ်နေခဲ့တယ်။ ယဲ့၀ူချင်းရဲ့တစ်ကိုယ်လုံးကတော့ မုန်တိုင်းထဲမှာရှိနေခဲ့ပါပြီ။ သူက ထွက်မရအောင်ဖြစ်နေခဲ့တယ်။
သူ့အစ်ကိုကြီး ဘာပြောချင်လဲဆိုတာကိုသိပါတယ်။ သူချက်ချင်းနားလည်လို့သွားပါတော့တယ်။ ဟို့ယွိဟောင်ကို ဖက်တော့မဲ့အတိုင်းမှာပဲ ဆူညံတဲ့ခေါင်းလောင်းသံက ထွက်ပေါ်လို့လာပါတော့တယ်။
သူလုပ်နေသမျှအရာအားလုံးကို ရပ်နိုင်လိုက်ပါပြီ။ ဒီမြင်ကွင်းက သူ့ကိုအံ့ဩသွားစေခဲ့ပါတယ်။
အစောပိုင်းတုန်းက ၀ိညာဥ်စွမ်းအားတွေဖြည့်တင်းပြီ ရပ်နေခဲ့တဲ့ စက်ကွမ်းကန်က နောက်တစ်ကြိမ် ပေါ်လာခဲ့ရင်း သူ့ရဲ့ခေါင်းကိုလှုပ်ခတ်လို့နေခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာကတော့ သူ့ရဲ့အမူအရာက အတော်ကို အလေးအနက်ဖြစ်ပြီ ဂုဏ်ကျက်သရေအပြည့်လဲ ရှိနေခဲ့တယ်။ ပုံမှန်လောကမှာရှိနေတဲ့လူမျိုး ထားရှိနိုင်တဲ့ အရှိန်အ၀ါတွေမဟုတ်တဲ့ပုံစံမျိုးကို သူထုတ်လွှတ်လို့နေခဲ့ပါတယ်။
အပိုင်း ၉၃•၃ ပြီး၏။