Switch Mode

Chapter – 93.2

ထောင်ထဲကို ထိုးဖောက်ခြင်း။ ထာ၀ရ ရေခဲ ထောင်

အပိုင်း ၉၃•၂

” ထောင်ထဲကထိုးဖောက်ခြင်း ထာ၀ရရေခဲထောင် ”
°°°
အရမ်းကိုသေးငယ်တဲ့လက်တစ်ဆုပ်စာပမာဏလူတွေသာ အစောပိုင်းတုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာကို ရှင်းရှင်းလင်းလင်းမြင်နိုင်ခဲ့ကြပါတယ်။

အဲ့ဒီအချိန်ကာလမှာ ၀မ်သုန့်တစ်ကိုယ်လုံးလဲ ရေခဲလှိုင်းနဲ့အရိုက်ခံလိုက်ရသလိုမျိုး ခံစားလိုက်ရပါတယ်။ သူနဲ့ဟို့ယွိဟောင်နှစ်ယောက်က ဟောင်သုန့်စွမ်းအားကိုအသုံးပြုထားတာကြောင့် ခန္ဓာကိုယ်တစ်ခုထဲသုံးနေသလိုပါပဲ။ ဒါကြောင့် ပြင်းထန်တဲ့အအေးဓာတ်က သူ့ခန္ဓာကိုယ်ထဲကို ထိုးဖောက်မ၀င်ရောက်ခဲ့ပါဘူး။ အဲ့ဒီအစား တခဏတာသာ ဖြတ်သန်းစီးဆင်းလို့သွားခဲ့ပါတယ်။ ၀မ်သုန့်အနေနဲ့ ရှင်းရှင်းလင်းလင်းမြင်လိုက်တဲ့ တစ်ခုတည်သောအရာကတော့ ဟို့ယွိဟောင်ရဲ့ကျောပေါ်မှာပေါ်ထွက်လို့လာခဲ့တဲ့ အစိမ်းရင့်ရောင် ကင်းမြီးကောက်တစ်ကောင်ပုံစံပါ။ ဟို့ယွိဟောင်ရဲ့ အရိုးတွေကကျောက်စိမ်းရောင်အလင်းတန်းနဲ့ တောက်ပလို့နေခဲ့ပါတယ်။

အေးစက်တဲ့အလင်းတန်းက တခဏတာသာ ကြာမြင့်ခဲ့ပါတယ်။ ဒါပေမယ့် ဟောင်သုန့်စွမ်းအားက လုံး၀ကိုအပြည့်အ၀ကုန်ဆုံးလို့သွားတာကြောင့် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်စလုံးကလဲ မထနိုင်ပဲဖြစ်နေခဲ့ပါတယ်။ သူတို့ရဲ့ ပေါင်းစည်းတဲ့၀ိညာဥ်စွမ်းအားက ၀ိညာဥ်ဘိုးဘေးတစ်ယောက်နဲ့ယှဥ်နိုင်တဲ့အနေအထားရှိပါတယ်။ ဒါကြောင့် ဒီ၀ိညာဥ်စွမ်းအားကိုထုတ်သုံးပြီချိန်မှာတော့ စွမ်းအားတွေအကုန်လုံးကုန်လို့သွားခဲ့ပါပြီ။

ဟို့ယွိဟောင်လဲ တခြားရွေးချယ်စရာမရှိခဲ့ပါဘူး။ ပြိုင်ဘက်ရဲ့ထောင်ချောက်ထဲကို ကျရောက်လို့သွားတာကြောင့် ဒီအားကောင်းတဲ့၀ိညာဥ်စွမ်းရည်ကို အသုံးမချဘူးဆိုရင် သူနဲ့ ၀မ်သုန့်နှစ်ယောက်စလုံးက တိုက်ပွဲထဲကနေ ထွက်ခွာလို့သွားရတော့မှာပါ။ အကယ်၍ ၀ိညာဥ်စွမ်းအားကုန်ဆုံးသွားပြီရင်တောင် တိုက်ခိုက်နိုင်ဖို့အတွက် အခွင့်အရေးရှိပါသေးတယ်။ အကယ်၍ စင်အောက်ကိုကျသွားရင်းတော့ ကျောင်းတော်ရဲ့ဂုဏ်သိက္ခာကို နောက်ထပ်ထိန်းထားနိုင်တော့မှာမဟုတ်ပါဘူး။

ရေခဲဧကရီပေးထားတဲ့ အရိုးရဲ့၀ိညာဥ်စွမ်းရည်နှစ်ခုထဲက တစ်ခုဖြစ်တဲ့ ထာ၀ရရေခဲအကျဥ်းထောင်ပါ။

တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်ပြိုင်ပွဲမှာ ပါ၀င်ယှဥ်ပြိုင်နေကြတဲ့ ဘယ်အဖွဲ့သားကမှ ဟို့ယွိဟောင်ရဲ့ဒီစွမ်းရည်ကို ယှဥ်ပြိုင်နိုင်တာမရှိပါဘူး။

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ပေးထားတဲ့ ၀ိညာဥ်စွမ်းရည်လေးခုက ဆက်တိုက်ဆိုသလို အဆင့်တက်နိုင်ပါတယ်။ ဒါပေမယ့် ဒီရေခဲဧကရီပေးခဲ့တဲ့ စွမ်းရည်ကတော့ နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းနဲ့ ၀ိညာဥ်အရိုးကနေလာတာကြောင့် အနာဂတ်မှာအဆင့်ကိုးဆယ့်ငါးသော့်လော့ဖြစ်လာခဲ့မယ်ဆိုရင်တောင် သေချာပေါက် အသုံး၀င်နိုင်မှာပါပဲ။ ထူးကဲသာလွန် သော့်လော့ဖြစ်ခဲ့တယ်ဆိုရင်တောင် ဒီစွမ်းအားက ပြောင်းလဲနိုင်စရာမရှိပါဘူး။ သေချာပေါက် အဆုံးစွန်းအထိ အစွမ်းထက်နေဦးမှာပါပဲ။

တူညီတဲ့ပြဿနာတစ်ခုကလဲ ဒီအားကောင်းတဲ့ ၀ိညာဥ်စွမ်းရည်တွေကို အသုံးပြုနေချိန်မှာတည်ရှိနေပါတယ်။ ရေခဲဧကရီရဲ့ ဆူးချွန်တွေနဲ့ ရေခဲဧကရီသံချပ်ကာနှစ်ခုကတော့ စွမ်းအားကုန်ဆုံးမှု အတော်လေးကို နည်းပါးခဲ့ပေမဲ့ နယ်မြေအသုံးပြုရတဲ့စွမ်းရည်ကတော့ ကုန်ဆုံးမှုအရမ်းကိုကြီးမားပါတယ်။ နယ်မြေကိုထိန်းချုပ်ရတဲ့ ၀ိညာဥ်စွမ်းရည်အမျိုးအစားဖြစ်တာကြောင့် နဂါးနတ်ဘုရားသော့်လော့ဖြစ်တဲ့အကြီးအကဲမု ထျောင်ထျဲ့သော့်လော့ဖြစ်တဲ့အကြီးအကဲရွှမ်တို့တောင် မနာလိုရမဲ့အရာပါ။ ဒါ့အပြင် အဆုံးစွန်းရေခဲရဲ့ ရေခဲနယ်မြေဖြစ်တာကြောင့် ဟို့ယွိဟောင်အနေနဲ့ အကြီးအကဲမု အကြီးအကဲရွှမ်တို့လိုအဆင့်မျ်ိုးရောက်သွားခဲ့မယ်ဆိုရင် မိုင်ပေါင်းတစ်ထောင်ကိုတောင် ဒီ၀ိညာဥ်စွမ်းရည်တစ်ခုထဲနဲ့ အေးခဲပြစ်ဖို့ဆိုတာ မရိုးရှင်းတဲ့ကိစ္စဖြစ်သွားမှာပါပဲ။

လက်ရှိအချိန်မှာတော့ ဟို့ယွိဟောင်အနေနဲ့ ဒီ၀ိညာဥ်စွမ်းရည်ကိုအသုံးပြုဖို့အနှိမ့်ဆုံးလိုအပ်ချက်ကိုတောင် မပြည့်မီနိုင်သေးပဲရှိနေခဲ့ပါတယ်။ ၀မ်သုန့်နဲ့ စွမ်းအားပေါင်းပြီတော့မှသာ ဒီအင်အားကိုထုတ်လွှတ်နိုင်တာပါ။

ဒါ့အပြင် ထာ၀ရရေခဲထောင်ကို မီးလျှံထောင်ကလဲ လုံး၀မခုခံနိုင်ပါဘူး။ ဓာတ်သဘောသဘာ၀ချင်းအပြည့်အ၀ဖိနှိမ့်နိုင်တဲ့အတွက် ချက်ချင်းဆိုသလို ပျောက်ကွယ်လို့သွားခဲ့ရပါတယ်။ ကြည့်ရှု့နေသူတွေအနေနဲ့လဲ ဟို့ယွိဟောင် ဒီစွမ်းရည်ကိုထုတ်သုံးတဲ့အချိန်မှာ နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းခြောက်ကွင်းရှိခဲ့ဖူးတဲ့ ၀ိညာဥ်ဧကရာဇ်ပုံသဏ္ဍာန်ကောင်လေးရဲ့ အနေအထားကိုပြန်လည်သတိရမိပါတော့တယ်။

၀မ်သုန့်က ဟို့ယွိဟောင်ရဲ့ပုခုံးတွေကိုဆွဲထားရင်း ဆက်တိုက်ဆိုသလို ထောက်ကူလို့နေခဲ့တယ်။ သူတို့ခြေထောက်တွေ မြေပြင်ကိုထိတွေ့ချိန်မှာတော့ စင်ပေါ်ကိုရောက်ရှိနေဆဲဖြစ်တာကြောင့် ပြိုင်ပွဲကိုဆက်လက်ယှဥ်ပြိုင်နိုင်နေဆဲပါ။

ဒါပေမယ့် ဟို့ယွိဟောင်က မျက်မှောင်ကြုတ်ထားခဲ့ရင်း တစ်လက်မတောင် မလုပ်နိုင်ပါဘူး။ အကယ်၍ ဒါသာကြည့်လိုက်မယ်ဆိုရင် သူ့ရဲ့ခန္ဓာကိုယ်မှာ အလင်းတန်းတွေက တဖျတ်ဖျတ်ခါနေတာကို မြင်ရမှာပါ။ ကျန်ရစ်တဲ့၀ိညာဥ်စွမ်းအားကို အသုံးချပြီ ပုံစံတူတုပမှုကို ဖန်တီးထားတယ်ဆိုတာ အသိသာကြီးပါပဲ။ ဒါပေမယ့် အပေါ်ယံမှာကတော့ အပြောင်းအလဲကို ရှင်းရှင်းလင်းလင်းမမြင်ရပါဘူး။ သူဘာကိုများပုန်းအောင်ဖို့ ကြိုးစားနေတာလဲ။

တကယ်တော့ သူဖုံးကွယ်ဖို့ကြိုးစားနေတဲ့အရာကတော့ သူ့ရင်ဘတ်မှာချိတ်ဆွဲလို့ထားတဲ့ အဆင့်လေးနို့ပုလင်း၀ိညာဥ်လက်နက်ပါပဲ။ ၀ိညာဥ်စွမ်းအားတစ်ခုလေးတောင် မရှိတော့ပဲ သူဘယ်လိုလုပ်ဆက်ပြီ တိုက်ခိုက်နိုင်မှာလဲ။

ဒီငွေရောင်အလင်းတန်းကို ပုံစံတူတုပမှုနဲ့ ဖုံးကွယ်ရင်းလူတွေမမြင်အောင်လုပ်လို့ထားခဲ့ပါတယ်။ ပြိုင်ပွဲတစ်ခုမှာဒါကိုအသုံးပြုတာ ပထမဆုံးအကြိမ်မဟုတ်ပေမဲ့ သေချာပေါက် အကောင်းဆုံးဖြစ်အောင် ဖုံးကွယ်လို့ထားခဲ့ပါတယ်။ သူ့ရဲ့၀ိညာဥ်စွမ်းအားကို ပြန်လည်ကောင်းမွန်လာမှုက ၀မ်သုန့်ရဲ့၀ိညာဥ်စွမ်းအားကိုပါ အတူတူပြန်ကောင်းမွန်စေခဲ့တယ်။ ၀ိညာဥ်စွမ်းအားတွေက သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ ဆက်တိုက်ဆိုသလို လှည့်ပတ်နေခဲ့ရင်း နှစ်ယောက်စလုံးပိုင်ဆိုင်တဲ့ ဟောင်သုန့်စွမ်းအားအဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။

ဒါကြောင့်သာ နို့ပုလင်း၀ိညာဥ်စွမ်းအားက ကြီးမားလို့နေခဲ့တာပါ။ ၀ိညာဥ်စွမ်းအားကို ဖိနှိမ့်ပြီထိန်းသိမ်းထားနိုင်ရုံတင်မကပဲ နောက်ထပ်ကြီးမားတဲ့အရာကတော့ သန့်စင်လွန်တဲ့၀ိညာဥ်စွမ်းအားဖြစ်နေခဲ့ပါတယ်။ စွမ်းအားကိုပုလင်းထဲထည့်သွင်းပြီတဲ့နောက် ဘယ်သူမဆိုအသုံးပြုလို့ရနိုင်ခဲ့တယ်။ ဒါကြောင့်သာ ၀ိညာဥ်စွမ်းအားတွေက နို့ပုလင်းထဲကို၀င်ရောက်ပြီတဲ့နောက် နို့ပုလင်းရဲ့အလယ်ဗဟိုချက်မှာ သန့်စင်ခံရပြီဂုဏ်သတ္တိရော ဘယ်သူပိုင်ဆိုင်လဲဆိုတာကိုပါ စစ်ထုတ်ခံလိုက်ရသလို့ သန့်စင်လို့သွားခဲ့ပါတယ်။ နောက်ဆုံးရလာတဲ့ ပစ္စည်းကတော့ အသန့်စင်ဆုံး၀ိညာဥ်စွမ်းအားဖြစ်ပြီ ဘယ်သူမဆိုအမြန်ဆုံးဖြည့်တင်းနိုင်မဲ့အရာလဲ ဖြစ်နေခဲ့တယ်။

ဟို့ယွိဟောင် လေလံပွဲမှာရလာခဲ့တဲ့ပစ္စည်းက တကယ်ကို အဆင့်လေးရှားပါးလက်နက်ပါပဲ။ သူ့အနေနဲ့ အဆုံးမဲ့တဲ့၀ိညာဥ်စွမ်းအားတွေ ခန္ဓာက်ိုယ်ထဲ၀င်ရောက်နေတာကို ခံစားရပြီ ခြောက်သွေ့နေတဲ့စွမ်းအားအရင်အမြစ်တွေတောင် ပြန်လည်ဖြည့်တင်းလို့လာပါတော့တယ်။

ဒီအရာရဲ့ တစ်ခုတည်သောအားနည်းချက်ကတော့ စွမ်းအားဖြည့်တင်းနေတဲ့အချိန်မှာ တားလို့မရသလို တိုက်ခိုက်လို့လဲမရခဲ့ပါဘူး။ ရောက်နေတဲ့နေရာမှာသာ အေးအေးဆေးဆေးရပ်နေရင်း စွမ်းအားတွေကို စုပ်ယူနေရပါလိမ့်မယ်။ ဟို့ယွိဟောင်အနေနဲ့ ဒီလိုမျိုးစွမ်းအားစုပ်ယူနေချိန်မှာ ပုံစံတူတုပမှုကို အသုံးပြုထားတယ်ဆိုတာက တကယ်ကို ခက်ခဲတဲ့ကိစ္စပါပဲ။ စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်ပညာရှင်ဖြစ်နေခဲ့တဲ့ ဒီလိုအရာအားလုံးက်ို လုပ်နိုင်နေတာတော့ ကျေးဇူးတင်ရမှာပါ။

ဟို့ယွိဟောင်လဲနောက်ဆုံးမှာတော့ သူ့ရဲ့သန်မာတဲ့ပြိုင်ဘက်တွေကြည့်နေတဲ့အချိန်မှာ ဘယ်စွမ်းအားကို ဖြည့်တင်းနိုင်ပါပြီ။ ဒါ့အပြင် တစ်ဖက်ပြိုင်ဘက်တွေထဲကလဲ တစ်ယောက်ကို ရှင်းထုတ်နိုင်ပြီသားဖြစ်သွားခဲ့ပါတယ်။ သူဒီလိုလုပ်နိုင်တဲ့အတွက် တိုက်ပွဲမှာကတော့ အခြေအနေက အဆုံးစွန်းအထိကို ရောက်ရှိလို့သွားခဲ့ပါပြီ။

ဟို့ယွိဟောင်အန္တရာယ်များနေတာကိုသိပေမဲ့ ပေ့ပေ့ကလဲ ယဲ့၀ူချင်းရဲ့ ရွှေသစ်ရွက်ဗျူဟာထဲမှာ ရောက်နေပြီသားဖြစ်နေခဲ့တယ်။ ဒီလိုမျိုးဓားသွားတွေနဲ့ ရင်ဆိုင်ရချိန်မှာတောင် ပေ့ပေ့ကနောက်ကိုမဆုတ်ခဲ့ပါဘူး။ အဲ့ဒီအစားအရှေ့ကိုတည့်တည့်တက်ရင်း ထိပ်တိုက်ရင်ဆိုင်ခဲ့ပါတယ်။ သူနဲ့ယဲ့၀ူချင်းက အရမ်းကိုနီးနီးကပ်ကပ် ချိတ်ဆက်နေသလိုမျိုး ပြုံးနေခဲ့ကြတယ်။

ယဲ့၀ူချင်းရဲ့အပြုံးကတော့ စိတ်ပျက်မှုအပြည့်နဲ့ပါ။ ငါရဲ့အစဥ်ပြောင်းလဲနေတဲ့ ရွှေရောင်သစ်ရွက်တွေကို မင်းတားဆီးနိုင်မယ်များထင်နေတာလား။

တခြားတစ်ဖက်မှာတော့ ပေ့ပေ့ရဲ့အပြုံးက ကောက်ကျစ်ပြီမိစ္ဆာဆန်ပါတယ်။ ဒီလိုသစ်ရွက်တစ်အုပ်လောက်နဲ့ ငါ့လမ်းက်ိုမင်းလာပိတ်နိုင်မယ်လို့ ထင်နေတာလား။

ပေ့ပေ့က ရွှေရောင်သစ်ရွက်ဗျူဟာတွေကို ဖောက်ထွက်နေရင်း ဒီလိုတွေးနေခဲ့ပါတယ်။

ယဲ့၀ူချင်းရှေ့မှာပေါ်လာတဲ့မြင်ကွင်းက သူ့က်ိုထိတ်လန့်လို့သွားခဲ့တယ်။ ပေ့ပေ့ရုတ်တရက်ဆိုသလို ပုံရိပ်ယောင်တစ်ခုလိုဖြစ်သွားပါပြီ။ သူ့ရဲ့ခြေလှမ်းတွေက ဒယိမ်းဒယိုင်ဖြစ်လာပြီ မီးခိုငွေ့တွေလိုမျိုး လှုပ်ရှားလို့နေခဲ့ပါတယ်။ ရွှေရောင်သစ်ရွက်တွေက သူ့ခန္ဓာကိုယ်ကို အမြဲတမ်းလိုက်နေခဲ့ပေမဲ့ တကယ်တမ်းပစ်မှတ်ကို ထိတွေ့မဲ့အချိန်မှာပဲ ဆံချည်တစ်မျှင်လောက်လွဲသွားခဲ့တယ်။ သူက ရွှေရောင်သစ်ရွက်ဗျူဟာထဲကနေ မျက်တောင်တစ်ခတ်အတွင်းထွက်လာခဲ့ပြီ ယဲ့၀ူချင်းရှေ့ကိုရောက်လာခဲ့ပါပြီ။

ဒီလိုအန္တရာယ်များတဲ့အခြေအနေမျိုးမှာ ဟို့ယွိဟောင်က သူ့ရဲ့ရေခဲနယ်မြေကိုအသုံးပြုလိုက်ရတဲ့အတွက် ပေ့ပေ့ကိုလဲ စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုမလုပ်နိုင်တော့ပဲ ဖြစ်သွားခဲ့ရပါတယ်။ နောက်ဆုံးတော့လဲ အားကောင်းတဲ့၀ိညာဥ်စွမ်းရည်နှစ်ခုကို တစ်ပြိုင်နက်ထဲအသုံးပြုနေဖို့က အန္တရာယ်များတဲ့အခြေအနေမှာ မဖြစ်နိုင်ပါဘူး။

ပေ့ပေ့က သူ့ရဲ့ကိုယ်ပိုင်အစွမ်းအစကို မှီခိုရင်နဲ့သာ ရွှေရောင်သစ်ရွက်ဗျူဟာကို ဖြတ်သန်းလာခဲ့တာပါ။ ပေ့ပေ့က အမျက်ဒေါသကျောင်းတော်ရဲ့ တပည့်သားတစ်ယောက်ဟုတ်သလို လျှပ်စီးပြာဧကရာဇ်နဂါး၀ိညာဥ်တစ်ယောက်ဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် သူက ထန်မျိုးနွယ်ရဲ့ ဆရာတူအစ်ကိုကြီးပါပဲ။ ထန်မျိုးနွယ်ရဲ့ အကောင်းဆုံးလျှို့၀ှက်နည်းလမ်းကို ဒီမျိုးဆက်ထဲမှာ ကျွမ်းကျင်ဆုံးသူဖြစ်နေခဲ့တယ်။

ထန်မျိုးနွယ်ရဲ့ လျှို့၀ှက်လက်နက်တွေက ယဲ့၀ူချင်းရဲ့ ရွှေရောင်သစ်ရွက်တွေက လက်နက်ပုန်းတွေနဲ့တကယ်ကို တူညီတာပါ။ ထန်မျိုးနွယ်ရဲ့တည်ထောင်သူဖြစ်တဲ့ ထန်စန်းက ယဲ့၀ူချင်းအနေနဲ့ ဒီလိုမျိုး လက်နက်ပုန်းတွေကို လက်နက်ပုန်းပညာရှင်တစ်ယောက်ရဲ့အရှေ့မှာ လာကစားနေတာမြင်မယ်ဆိုရင်တော့သေချာပေါက် ရယ်မောမိမှာပါ။

ပေ့ပေ့က ယဲ့၀ူချင်းရဲ့ သိုင်းပညာ၀ိညာဥ်ကို မြင်ပြီအချိန်ကထဲကစပြီအစီအစဥ်ချထားခဲ့ပြီးပါပြီ။ သူစောင့်ဆိုင်းနေရတဲ့ အခွင့်အရေးကလဲ သူ့မျက်စိရှေ့တည့်တည့်ကိုရောက်လာခဲ့ပါတယ်။ ဒီဗျူဟာက ဟို့ယွိဟောင်အသုံးပြုတဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုနဲ့ဆိုရင် ထောက်လှမ်းရမဲ့နည်းလမ်းက မတူညီပါဘူး။ ပေ့ပေ့အနေနဲ့ သူ့ရဲ့ပြိုင်ဘက်ကို စိတ်ရှုပ်ထွေးအောင်လုပ်ရင်း ယဲ့၀ူချင်းကို သူကြောက်နေတယ်လို့ အထင်မှားစေလိုက်ပါတယ်။ တကယ်တော့ အစောပိုင်းမှာ ဒီလိုကြောက်စရာတိုက်ခိုက်မှုပြုလုပ်ဖို့ အကွက်ကျကျစီစဥ်နေခဲ့တာပါ။

ပြိုင်ပွဲအစကနေစပြီ ဒီလူတွေက တစ်ဖက်နဲ့တစ်ဖက်ဆက်တိုက်အကွက်ချကြံစည်နေတယ်ဆိုတာကို သေချာစဥ်းစားတတ်တဲ့လူတစ်ယောက်က ပြောနိုင်ပါလိမ့်မယ်။ မိုးထိလွှာကျောင်းတော်က အမျက်ဒေါသကျောင်းတော်ထက် လက်ရှိအချိန်မှာ အနည်းငယ်ပိုသန်မာနေတဲ့ပုံထင်ရပေမဲ့ တကယ်တမ်းမှာတော့ တစ်ဖက်နဲ့တစ်ဖက်က ထောက်လှမ်းနားလည်ထားမှုအပြည့်ပါပဲ။

သူတို့ရဲ့အမြင်မှာ အမျက်ဒေါသကျောင်းတော်ရဲ့ လူတွေအားလုံးက မိစ္ဆာတွေကြီးပါပဲ။ ရူစန်းရှီက သူ့ရဲ့ရွှမ်၀ူလိပ်နတ်ဘုရားကို နိုးထနိုင်ခဲ့ပါတယ်။ ရှောင်းရှောင်းကတော့ အမွှာ၀ိညာဥ်ရှိသူပါ။ ဟယ့်ချိုက်ထို့ကတော့ ကြောက်စရာကောင်းတဲ့၀ိညာဥ်အမြောက်ကို အသုံးပြုလို့ထားခဲ့ပါတယ်။ ကျန်ရစ်တဲ့သုံးယောက်မှာ ဘယ်လိုမျိုးမိုးကောင်းကင်ကို တုန်လှုပ်စေမဲ့လျှို့၀ှက်ချက်တွေရှိလဲ ဘယ်သူမှမသိနိုင်ပါဘူး။ ဒါကြောင့်သာ မိုးထိလွှာကျောင်းတော်ကလဲ အစပိုင်းကထဲက စတင်ပြီ ဆက်တိုက်ဆိုသလို တွက်ချက်မှုပြုလုပ်ထားခဲ့ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်အနေနဲ့ ကြောက်စရာကောင်းတဲ့ရေခဲစွမ်းအားကို ထုတ်လွှတ်မယ်လို့ မထင်ထားခဲ့သလို သူတို့ရဲ့လူတစ်ယောက်ကို ဖယ်ရှားနိုင်မယ်လို့လဲ မတွေးထားခဲ့ပါဘူး။

ယဲ့၀ူချင်းက ဘယ်လောက်ပဲသန်မာပါစေ အဝေးပစ်တိုက်ခိုက်မှုမှာတော့ ထူးချွန်သူဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် ကျင့်ကြံဆင့်မှာကွာခြားချက်က အများကြီးမရှိခဲ့ပါဘူး။ ပေ့ပေ့က အနီးကပ်တိုက်ခိုက်မှုတွေမှာ အဓိကျွမ်းကျင်တဲ့သူဖြစ်နေခဲ့ပါတယ်။

ဒီတစ်ကြိမ်မှာပဲ ၀ိညာဥ်စုပ်ယူတဲ့ခေါင်းလောင်းသံက ချက်ချင်းဆိုသလိုပေ့ပေ့ကို တားဆီးဖို့ထွက်ပေါ်လာပါတော့တယ်။ ဒါပေမယ့် စက္ကန့်ပိုင်းသာကြာမြင့်ပြီ ရုတ်တရက်ရပ်တန့်လို့သွားခဲ့ပါပြီ။ ခေါင်းလောင်းသံတစ်ချက်သာ ထွက်ပေါ်လာပြီတဲ့နောက် စက်ကွမ်းကန်ရဲ့ နှာခေါင်းပေါက်တွေထဲကနေ နောက်တစ်ကြိမ်သွေးတွေက စီးကျလို့လာခဲ့ရင်း မြေပြင်ပေါ်ကိုသူလှဲကျလို့သွားပါတော့တယ်။ ခရမ်းရွှေရောင်အလင်းတန်းကတော့ ဟို့ယွိဟောင်ရဲ့မျက်လုံးထဲမှာ ဖြည်းဖြည်းချင်းပျောက်ကွယ်လို့သွားခဲ့ပါပြီ။

သူ့ရဲ့ဆရာတူအစ်ကိုကြီးတစ်ယောက်ထဲ တိုက်ခိုက်နေရတဲ့အချိန်မှာ သူကဘယ်လိုမျိုးဘေးကနေ ရပ်ကြည့်လို့ရမှာလဲ။ နို့ပုလင်းက သူ့ရဲ့၀ိညာဥ်စွမ်းအားကို အတော်များများပြန်လည်ဖြည့်တင်းပြီတာနဲ့ တစ်ပြိုင်နက်ထဲ သူစက်ကွမ်းကန်ကို သူချက်ချင်းတိုက်ခိုက်ပါတော့တယ်။ လက်ရှိအချိန်မှာကတော့ စိတ်၀ိညာဥ်ထိတ်လန့်မှုတစ်ခုထဲနဲ့ ၀ိညာဥ်စုပ်ယူခေါင်းလောင်းရဲ့​ခြိမ်းခြောက်မှုကိုသူဖယ်ရှားလိုက်ပါပြီ။ အဲ့ဒီနောက် နို့ပုလင်းကိုထပ်ပြီဖြည့်တင်းရင် သူနဲ့၀မ်သုန့်တို့ရဲ့ စွမ်းအားကိုပြန်လည်ဖြည့်တင်းအောင် လုပ်နေပါတော့တယ်။

ပေ့ပေ့ရဲ့ခိုင်မာပြီကြံ့ခိုင်တဲ့လက်မောင်းတွေက ခရမ်းပြာရောင်နဂါးအကြေးခွံတွေနဲ့အတူ တောက်ပလို့နေခဲ့ပါတယ်။ ယဲ့၀ူချင်းရဲ့အရှေ့တည့်တည့်ကို သူရောက်ရှိလို့လာခဲ့ပါပြီ။ ပေ့ပေ့က ရွှေရောင်သစ်ရွက်တွေအားလုံးကို လုံး၀မမူ့ပဲဖြစ်နေတဲ့ပုံပါပဲ။

၀ိညာဥ်ဘုရင်တစ်ယောက်ရဲ့တိုက်ခိုက်မှုဘယ်လောက်ပဲသန်မာပါစေ ပြိုင်ဘက်ရဲ့ခန္ဓာကိုယ်ပေါ်ကို မကျရောက်နိုင်ဘူးဆိုရင်တော့ အလာဟသဖြစ်နေမှာပါ။

ယဲ့၀ူချင်းက မျက်နှာသေနဲ့ရှိနေဆဲပါပဲ။ ဒါပေမယ့် သူ့နောက်ကိုမဆုတ်ခဲ့ပါဘူး။ ရုတ်တရက်ဘယ်ဘက်လက်ကိုမြောက်ရင်း ပေ့ပေ့ရဲ့နဂါးလက်သည်းတွေကို ရင်ဆိုင်လိုက်ရပါတယ်။

သူ့ရဲ့လက်သီးနဲ့ ပေ့ပေ့ရဲ့နဂါးလက်သည်းတွေကို ယဲ့၀ူချင်းက တားဆီးလိုက်တာပါ။ အဲ့ဒီနောက် ဘယ်ဘက်လက်ကိုအသုံးချရင်း ပေ့ပေ့ရဲ့နဂါးလက်သည်းတွေကို နောက်တစ်ကြိမ်ဆွဲလိုက်ပါတော့တယ်။ ယဲ့၀ူချင်းရဲ့ဘယ်ဘက်လက်မှာရှိတဲ့ စွမ်းအားအရင်းအမြစ်က စက္ကန့်ပိုင်းအတွင်းမှာ ရုတ်တရက်ကြီးမားလို့လာခဲ့ပါပြီ။ အဲ့ဒီနောက် ရွှေရောင်လိုသွေးကြောတွေက ထွက်ပေါ်လို့လာပါတော့တယ်။ သူ့ရဲ့လက်တစ်ခုလုံးကတော့ ရွှေရောင်ဖြစ်သွားခဲ့သလို စတုတ္ထမြောက်၀ိညာဥ်စက်ကွင်းကလဲ တောက်ပလို့လာခဲ့ပါပြီ။

အဝေးတိုက်ခိုက်ရေးသမား၀ိညာဥ်ပညာရှင်တစ်ယောက်က ဒီလောက်အားနည်းနိုင်မှာလား။ ယဲ့၀ူချင်းရဲ့ တုန့်ပြန်မှုက အားလုံးကိုအဖြေပေးလိုက်ပါပြီ။ ဒါကသူ့ရဲ့ စတုတ္ထမြောက်၀ိညာဥ်စွမ်းရည့်ဖြစ်တဲ့ ရွှေသစ်ရွက်လက်တွေပါ။

အပိုင်း ၉၃•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset