အပိုင်း ၉၃•၁
” ထောင်ထဲကိုထိုးဖောက်ခြင်း ထာ၀ရရေခဲထောင် ”
°°°
၀ိညာဥ်မဟာပညာရှင်တစ်ယောက်အနေနဲ့ ၀ိညာဥ်ဘိုးဘေးတစ်ယောက်ကို အားကောင်းတဲ့ ၀ိညာဥ်စွမ်းရည်နဲ့ ဒီလိုအနိုင်ယူနိုင်သူက သူပထမဆုံးဖြစ်ပါလိမ့်မယ်။ အခုအချိန်မှာတော့ အောင်မြင်သွားခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့ လက်တွေက ကျောက်စိမ်းရောင်ပြောင်းလဲလို့နေခဲ့ပြီ တောက်ပတဲ့စိန်ဖူးပုံသဏ္ဍာန်အလင်းတန်းတွေကလဲ သူ့လက်တစ်ခုလုံးကို ဖုံးလွှမ်းလို့ထားပါတယ်။ ဒီလက်တစ်စုံက အနုပညာလက်ရာတစ်ခုလိုပါပဲ။
ဒီတစ်ကြိမ်မှာတော့ ယန်အယ်အနေနဲ့ ဒီအလှတရားကို ခံစားနေဖို့အာရုံမရှိခဲ့ပါဘူး။ သူမရဲ့မီးစွမ်းအားတွေက ဒီပြင်းထန်တဲ့လက်တစ်စုံကြောင့် အများကြီးလျော့ကျလို့သွားခဲ့ပါပြီ။ ဒါကြောင့် နောက်ကိုဆက်တိုက်ဆုတ်ခွာနေခဲ့ရပါတယ်။ ဒါကဘယ်လိုဖြစ်နိုင်မှာလဲ။
ယန်အယ်လဲ နောက်ဆုံးမှာတောင့်မခံထားနိုင်တော့ပဲ ရှိနေခဲ့ပါတယ်။ လက်နှစ်ဖက်ကမီးဘောလုံးကို ဖြည်းဖြည်းချင်းဖယ်ချလိုက်ပါပြီ။
ဒါကကြည့်ရှု့နေသူအတွက် အရှင်းလင်းဆုံးမြင်ကွင်းပါပဲ။ အစောပိုင်းတုန်းက ကြီးမားနေခဲ့တဲ့ ခရမ်းရောင်မီးဘောလုံးကြီးက လက်ရှိအချိန်မှာကတော့ ဟို့ယွိဟောင်ဆီပြန်လာခဲ့တဲ့လမ်းမှာပဲ ဘောလုံးကကျုံ့လို့သွားခဲ့ပါပြီ။ ဆက်တိုက်လဲပျောက်ဆုံးမတတ်မြန်ဆန်းတဲ့အရှိန်နှုန်းနဲ့ ကျုံ့နေခဲ့ပါသေးတယ်။ ဟို့ယွိဟောင်ရဲ့အရှေ့မှာတော့ တစ်ပေခွဲတောင် မကျန်တော့တဲ့မီးဘောလုံးအဖြစ်သာ ကျန်ရှိပါတော့တယ်။
သူ့ရဲ့ညာလက်နဲ့ အဲ့ဒီမီးဘောလုံးကို ဖြုတ်ချလိုက်ချိန်မှာလက်တစ်ခုလုံးလဲ အဖြူရောင်မြူခိုငွေ့တွေ ပြည့်နှက်လို့သွားခဲ့ပါတော့တယ်။ မြန်ဆန်းတဲ့အရှိန်နှုန်းနဲ့အတူ သူ့ရဲ့၀ိညာဥ်လက်နက်အကူအညီနဲ့ မီးခိုတွေကိုဖြတ်ကျော်ရင်း ယန်အယ်ရဲ့အရှေ့ကိုရောက်လာပါတော့တယ်။
ယန်အယ်ကို အဓိကပစ်မှတ်ထားရတဲ့အကြောင်းအရင်းကလဲ သူ့ရဲ့ဖိနှိမ့်နိုင်စွမ်းကြောင့်ပါပဲ။ ဟို့ယွိဟောင်ရဲ့ အဆုံးစွန်းရေခဲက ရေခဲအချင်းချင်း အနိုင်ယူတဲ့အချိန်မှာ အားအကောင်းဆုံးဖြစ်ပြီ နောက်တစ်ခုကတော့မီးတွေကို နှိမ့်နင်းလိုက်တာပါပဲ။
၀မ်သုန့်နဲ့ပေါင်းစည်းထားတဲ့ ဟောင်သုန့်စွမ်းအားအောက်မှာ၀ိညာဥ်ဘိုးဘေးအဆင့်စွမ်းအားကို သူကျော်လွန်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ၀ိညာဥ်ဘိုးဘေးအဆင့်အဆုံးစွန်းရေခဲကို ပိုင်ဆိုင်တာနဲ့အတူတူပါပဲ။ ယန်အယ်လို့မီးစွမ်းအားရှိတဲ့သူကို တိုက်ခိုက်တဲ့အချိန်မှာကတော့ ဟို့ယွိဟောင်က လုံး၀ကိုအသားစီးရသွားခဲ့ပါပြီ။ ဒါကြောင့် ပထမဆုံးအနေနဲ့ သူ့ပြိုင်ဘက်ရဲ့အတောင်ပံတွေကို ချိုးပြစ်ရမှာပါပဲ။
ယန်အယ်ကတော့ တကယ်ကိုကြောက်လန့်လို့နေခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့အဆုံးစွန်းရေခဲခြိမ်းခြောက်နိုင်စွမ်းက သူမူလတွက်ချက်ထားတာထက်ကို အများကြီးကျော်လွန်လို့နေခဲ့ပါတယ်။ ဒီလိုမျိုး ဓာတ်သဘောသဘာ၀ချင်း အဆုံးစွန်းဖိနှိမ့်မှုကယန်အယ်ကိုလှည့်ပြီ ထွက်ပြေးလို့သွားစေခဲ့ပါပြီ။ ဒီအချိန်တိုလေးအတွင်းမှာပဲ ယဲ့၀ူချင်းက ရပ်တန့်နေရာကနေ အသိ၀င်လာပါတော့တယ်။ ရွှေရောင်သစ်ရွက်ရဲ့ပေါက်ကွဲမှုကနေ သီးသီးလေးလွှတ်မြောက်အောင် ရှောင်လွဲနိုင်လိုက်တဲ့ စက်ကွမ်းကန်ကလဲ အခုအချိန်မှာ ပြန်ထလာနိုင်ခဲ့ပါပြီ။
ဒီလိုမျ်ိုး ဓာတ်သဘောသဘာ၀ဖိနှိမ့်မှုဖြစ်ပေါ်လို့လာခဲ့ပြီ ယန်အယ်ကို ဟို့ယွိဟောင်က အနိုင်ယူနိုင်နေမယ်လို့ သူတို့မထင်ထားခဲ့မိတာအမှန်ပါ။ ကံမကောင်းစွာနဲ့ပဲ ပေ့ပေ့က သူတို့ရှေ့မှာရှိနေခဲ့တာကြောင့် အဲ့ဒီကိုသွားပြီ မကူညီနိုင်ပါဘူး။
ဟို့ယွိဟောင်က သူ့ခေါင်းပေါ်ကိုဖြတ်ကျော်ပြီ ယန်အယ်ကိုတိုက်ခိုက်နေချိန်မှာပဲ ပေ့ပေ့ကလဲ တစ်ဖက်ကိုခုန်ထွက်လို့သွားခဲ့ပါပြီ။ သူ့ရဲ့ပစ်မှတ်ကတော့ ယဲ့၀ူချင်းပါ။ ဒါကြောင့် ယဲ့၀ူချင်း သတိပြန်၀င်၀င်လာချင် ပထမဆုံးမြင်လိုက်တဲ့အရာက သူ့ဆီပြေးလာနေတဲ့ ပေ့ပေ့ဖြစ်ပါတော့တယ်။ လက်ရှိအချိန်မှာ သူ့ကိုယ်သူကာကွယ်ဖို့အတွက် လိုအပ်နေပါပြီ။ သူ့ရဲ့အပေါင်းအဖော်တွေကို မကယ်တင်နိုင်သေးပါဘူး။
ဒီမြင်ကွင်းက ရှောင်းရှောင်းနဲ့ ဟယ့်ချိုက်ထို့တို့ကလိုမျိုး ပုံစံနဲ့တူညီလို့နေခဲ့ပါတယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ လက်ရှိအခြေအနေက အရင်တစ်ပွဲထက်တော့ ပိုကောင်းတာအမှန်ပါ။ ဒါ့အပြင် ကြမ်းတမ်းတဲ့မိုးကြိုးအပြင် ပေ့ပေ့က အနီးစပ်ဆုံးအခြေအနေနဲ့မှ သူ့ရဲ့စွမ်းအားတွေကို အပြည့်အ၀ထုတ်လွှတ်ပါတော့တယ်။ ကြီးမားတဲ့ လျှပ်စီးတန်းကြီးတွေက ကောင်းကင်ပေါ်မှာပိုက်ကွန်ကြီးတစ်ခုအဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။ ယဲ့၀ူချင်းက ရွှေရောင်သစ်ရွက်တွေကို ထုတ်လွှတ်ချင်တယ်ဆိုရင်တော့ ထပ်ပြီပို့လွှတ်လို့မရတော့ပါဘူး။ သူတို့နှစ်ယောက်က စကားတစ်ခွန်းမှမပြောကြပဲ အခုအချိန်မှာ မျက်နှာချင်ဆိုင် တိုက်ခိုက်လို့နေခဲ့ပါပြီ။ ကြီးမားတဲ့လျှပ်စီးတန်းကြီးတွေ သူ့ဆီပြေး၀င်လာတာကိုသာ ယဲ့၀ူချင်းကြည့်နေခဲ့ရပါတယ်။ သူ့ရဲ့မျက်လုံးတွေက ရုတ်တရက်ရွှေရောင်ပြောင်းသွားခဲ့ပါပြီ။ ရွှေရောင်သစ်ရွက်နှစ်ရွက်က သူ့မျက်လုံးတွေထဲရောက်လာသလိုပါပဲ။
တစ်ချိန်ထဲမှာပဲ ပထမနဲ့တတိယ၀ိညာဥ်စက်ကွင်းတွေက ခပ်မြန်မြန်တောက်ပလာပါတော့တယ်။ ဒါဇင်ချီတဲ့ရွှေရောင်သစ်ရွက်တွေက သူ့လက်ထဲမှာ ပေါ်ထွက်လို့လာခဲ့ပြီ ပေ့ပေ့ရဲ့မိုးကြိုး၀မ်းဗိုက်ကြောဆီကို ပျံသန်းလို့သွားပါတော့တယ်။ အစောပိုင်းတုန်းက ရွှေရောင်သစ်ရွက်တွေရဲ့ ပေါက်ကွဲမှုကို သတိပြန်ရမိတာကြောင့် ပေ့ပေ့လဲ ရုတ်တရက်ရပ်တန့်လို့သွားခဲ့ပါတယ်။ ဒီလိုများပြားတဲ့ ရွှေရောင်သစ်ရွက်တွေကြားထဲကို သူတိုး၀င်မသွားချင်ပါဘူး။ ဒါပေမယ့် သူအမှားလုပ်မိပြီဆိုတာကို ခပ်မြန်မြန်ပဲ နားလည်လို့သွားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ တူညီတဲ့ရွှေရောင်သစ်ရွက်တွေနဲ့တူပေမဲ့ သူတို့အစွမ်းအစကတော့ မတူညီလို့ပါ။ ရွှေရောင်သစ်ရွက်တစ်ခုချင်းဆီတိုင်းက ထက်ရှတဲ့ဓားသွားတွေလိုပါပဲ။ မိုးကြိုးသွားပိုက်ကွန်ကြီးကို ဓားတွေလိုမျိုးဖြတ်ကျော်လာခဲ့ပြီ သူ့ခန္ဓာကိုယ်ကို မုန်တိုင်းထန်သလို၀င်တိုက်ပါတော့တယ်။
ဒါကတော့ ယဲ့၀ူချင်းရဲ့ ပထမ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ သစ်ရွက်ဓားသွားပါ။ သူ့ရဲ့ဒုတိယ၀ိညာဥ်စွမ်းအားကတော့ သစ်ရွက်ဗျူဟာပါပဲ။ ဒီလိုတိုက်ခိုက်မှုအားပြင်းထန်တဲ့ပုံစံက သူ့ရဲ့ထိန်းချုပ်မှုအောက်မှာ ပေ့ပေ့ကို အပြင်းအထန် ၀န်းရံတိုက်ခိုက်ပါတော့တယ်။
အကယ်၍ ဒီသစ်ရွက်ဗျူဟာထဲ ပိတ်မိသွားခဲ့မယ်ဆိုရင် သူ့တစ်ကိုယ်လုံးဓားနဲ့မွှန်းပြီသားဖြစ်သွားမယ်ဆိုတာကို ပေ့ပေ့လဲသိနေခဲ့တယ်။ ဒါပေမယ့် ဒီလိုအချိန်မှာ ဆုတ်ခွာနိုင်မှာလဲ မဖြစ်နိုင်ပါဘူး။
ရှောင်းရှောင်းလိုမျိုးကလေးမလေးကတောင် အင်အားကြီးတဲ့ရန်သူရှေ့မှာ အားလုံးကိုပေးဆပ်ပြီ အနိုင်ယူဖို့လုပ်ခဲ့တယ်ဆိုရင် သူကရော ဘာကြောင့်ဒီလိုမလုပ်နိုင်ရမှာလဲ။
ပေ့ပေ့ကတော့ ဒီလိုအရေးကြီးအချိန်မျိုးမှာပဲ ကောက်ကျစ်တဲ့အပြုံးတစ်ခုကပေါ်လာပါတော့တယ်။ နောက်ကိုဆုတ်ခွာလို့မသွားတော့ပဲ ယဲ့၀ူချင်းဆီကို သူပြေး၀င်လို့သွားခဲ့ပါပြီ။
အားလုံးက မျက်တောင်တစ်ခတ်အတွင်းမှာ ဖြစ်သွားခဲ့တာပါ။ တခြားတစ်ဖက်မှာတော့ ဟို့ယွိဟောင်ကလဲ အဆုံးအဖြတ်ရလဒ်ကိုအောင်မြင်ပြီသားဖြစ်နေခဲ့ပါတယ်။ သူ့ရဲ့လက်နှစ်ဖက်စလုံးက ယန်အယ်အရှေ့ကို ရောက်ရှိလို့သွားခဲ့ပါပြီ။ ဒီလိုအဆုံးစွန်းရေခဲရဲ့ဖိနှိမ့်မှုက ယန်အယ်ရဲ့နှလုံးသားတစ်ခုလုံးကိုထိတ်လန့်လို့သွားစေခဲ့ပါတယ်။ အမျိုးသမီးတစ်ယောက်က ဒီလိုရူးသွပ်စရာအခြေအနေမျိုးကို ရင်ဆိုင်ရချိန်မှာ အမျိုးသားတွေထက်တောင် ပိုပြီးရူးသွပ်နိုင်ပါသေးတယ်။ လက်ရှိယန်အယ်ကလဲ ချွင်းချက်မရှိခဲ့ပါဘူး။ ဟို့ယွိဟောင်ဆီကို မီးလုံးတစ်လုံးပြီးတစ်လုံးပစ်လွှတ်ရင်း သူထွက်ပြေးပါတော့တယ်။
ဒါပေမယ့် ဟို့ယွိဟောင်ရဲ့ မှော်လက်တွေအောက်မှာ မီးဘောလုံးတွေအားလုံးက ဖျက်ဆီးချေဖျက်လို့သွားခဲ့ပါတယ်။ သူ့ရဲ့၀ိညာဥ်လက်နက်ကြောင့် ဟို့ယွိဟောင်ရဲ့အရှိန်နှုန်းက ယန်အယ်ထက်အများကြီးသာလွန်လို့နေခဲ့ပါပြီ။ နောက်ဆုံးမှာတော့ သူ သူမဆီကိုရောက်လာပါတော့တယ်။ လက်နှစ်ဖက်စလုံးကလဲ ယန်အယ်ရဲ့ပုခုံးတည့်တည့်ကို တိုက်ခိုက်လိုက်တယ်။
ဒီတစ်ကြိမ်မှာတော့ ယန်အယ်က လှုပ်ရှားနေတာကိုရပ်လိုက်ပါပြီ။ သူမရဲ့လှပတဲ့မျက်နှာက ဆွဲဆောင်မှုရှိတဲ့အသုံးပြုတစ်ခုကို ထုတ်လွှတ်ပါတော့တယ်။
” လှည့်စားခံလိုက်ရပြီ မောင်ငယ်လေးရေ မီးလျှံထောင်ငါ့ဆီလာခဲ့တော့ ”
သူပြောလိုက်ပြီချိန်မှာပဲ မြေပြင်ကနေ တောက်ပတဲ့မီးလျှံတွေက ထွက်ပေါ်လို့လာပါတော့တယ်။ ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ယန်အယ်တို့ကိုဒီမီးတွေက ၀န်ရံလို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့လက်တွေက ယန်အယ်ပုခုံးပေါ်ကိုကျရောက်ပြီ သူမရဲ့တစ်ကိုယ်လုံးကို အေးခဲလို့သွားစေခဲ့ပါတယ်။ ဒါပေမယ့် ကြီးမားတဲ့မီးလျှံထောင်ကြီးကတော့ ပြီးဆုံးလို့သွားခဲ့ပါပြီ။ အရေးကြီးဆုံးကတော့ သူမရဲ့နောက်ဆုံးကျန်တဲ့ စိတ်စွမ်းအားကြောင့် ကြီးမားတဲ့မီးလျှံလက်တွေက ပေါ်ထွက်လို့လာခဲ့ပြီ သူတို့သုံးယောက်စလုံးကို ကွဲထွက်လို့သွားစေခဲ့တာပါပဲ။
ဒီတစ်ကြိမ်မှသာ ယန်အယ်အနေနဲ့ စင်ရဲ့အဆုံးဖက်မှာရှိနေခဲ့တာကို သူတို့ သတိထားမိပါတော့တယ်။ ဒါ့အပြင် ဒီထောင်ချောက်ကလဲ သူမရဲ့စတုတ္ထမြောက်၀ိညာဥ်စွမ်းရည်ပါပဲ။
တိုက်ကြီးရဲ့အဆင့်တက်စာမေးပွဲမှာ မိုးထိလွှာကျောင်းတော်အတွက် ဒီပြိုင်ပွဲက တစ်သက်တာသမိုင်းတစ်လျှောက်ဂုဏ်ကျက်သရေကို ထိန်းသိမ်းထားနိုင်မဲ့ပွဲဖြစ်နေခဲ့ပါတယ်။ သူတို့အနေနဲ့ ဘယ်လိုလုပ်မပြင်ဆင်ပဲနေမှာလဲ။
ဟို့ယွိဟောင် ယန်အယ်ကို တိုက်ခိုက်နေချိန်မှာပဲ သူမအခြေအနေကို ကောင်းကောင်းသိလိုက်ပါပြီ။ ဒီလိုအခြေအနေမျိုးက သူတို့ခန့်မှန်းထားတဲ့အတိုင်း ဖြစ်လာခဲ့ပါတယ်။
ဟို့ယွိဟောင်ရဲ့ ရေခဲစွမ်းအားက ဒီတစ်ကြိမ်ထဲနဲ့အသုံးပြုဖူးတာမဟုတ်ပါဘူး။ ဒါ့အပြင် ကျောင်းတော်ကလဲ အမျက်ဒေါသကျောင်းတော်ကို ဆက်တိုက်ရှာဖွေထားခဲ့တဲ့အတွက် ဟို့ယွိဟောင်ရဲ့စွမ်းအားက ၀ိညာဥ်ဧကရာဇ်အဆင့်မှာမရှိနိုင်ဘူးဆိုတာ သူတို့သိနေခဲ့တယ်။ ဒါကြောင့် တစ်ဖက်လူကသူတို့အတွက် ပဟေဠိဖြစ်နေဆဲပါ။
ဟို့ယွိဟောင်ကို စူးစမ်းလေ့လာမှုအရ သူ့မှာအရမ်းကိုအားကောင်းတဲ့ စိတ်၀ိညာဥ်စွမ်းအားကို ပိုင်ဆိုင်လို့ထားပါတယ်။ ဒါပေမယ့် သူ့ရဲ့သိုင်းပညာ၀ိညာဥ်က ဒီလိုစိတ်၀ိညာဥ်ပစ္စည်းတစ်ခုဆိုတာ မယုံကြည်ကြပါဘူး။ အဲ့ဒီအစား ရေခဲဓာတ်ပစ္စည်းဖြစ်မှာပါ။ ဒါ့အပြင် အရမ်းကိုအားကောင်းတဲ့ရေခဲလဲ ဖြစ်ပါလိမ့်မယ်။
ဟို့ယွိဟောင်အနေနဲ့ ရေခဲ၀က်၀ံကို တိုက်ရိုက်ထိန်းချုပ်ပြီ အာလန်ယဲ့ကို ဖျက်ဆီးနိုင်တာကလဲ ဒါကြောင့်လဲဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် ဒီလိုမျိုးသန်မာတဲ့ရေခဲထိန်းချုပ်နိုင်စွမ်းမရှိပဲ သူတို့ဘာလုပ်နိုင်ဦးမှာလဲ။
ယန်အယ်အနေနဲ့ အစပိုင်းကထဲက ခပ်ဝေးဝေးနေခဲ့တာ ဟို့ယွိဟောင်နောက်ဆုံးမှာပေါ်လာမယ်ဆိုတာကို သိနေခဲ့လို့ပါ။ ဒါ့အပြင် အားကောင်းတဲ့ရေခဲက သေချာပေါက်မီးကိုဖိနှိမ့်ပါလိမ့်မယ်။ ဒီလိုဖြစ်မှတော့ ယဲ့၀ူချင်းအနေနဲ့ ဟို့ယွိဟောင်က ယန်အယ်ကိုပစ်မှတ်ထားတယ်ဆိုတာ ကောင်းကောင်းကြီးကို သိနေခဲ့ပြီးပါပြီ။ ဒါကြောင့်လဲ အစပိုင်းကထဲကနေ တစ်ဖက်ရဲ့စွမ်းအားကို မကြောက်မလန့်ပဲ ထောင်ချောက်ဆင်ထားခဲ့တာပါ။ ယန်အယ်ရဲ့ မီးဘောလုံးက ဟို့ယွိဟောင်ရဲ့ အဆုံးစွန်းရေခဲကိုမတားဆီးနိုင်ပါဘူး။ သူမရဲ့နောက်ဆုံး၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ မီးလျှံထောင်တောင်မှ ဟို့ယွိဟောင်ကို မခြိမ်းခြောက်နိုင်ပဲ ရှိနေခဲ့ပါတယ်။
ဒါပေမယ့် ဒီပြိုင်ပွဲက သေရေးရှင်းရေးပြိုင်ပွဲမျိုးမဟုတ်ခဲ့ပဲ အနိုင်ရဖို့ပြိုင်ပွဲဖြစ်နေခဲ့ပါတယ်။ ပြိုင်ပွဲပြီးပြီဆိုမှတော့ သေချာပေါက်စည်းမျဥ်းတွေနဲ့ ကျိုးကြောင်းဆီလျော်နေရမှာပါ။
နောက်ဆုံးအချိန်မှာတော့ ယန်အယ်က မီးလျှံထောင်ကို ဖန်တီးလိုက်ရင်း ပျော်ပျော်ကြီးပြုံးနေခဲ့ပါတယ်။ သူ့အနေနဲ့ ပြိုင်ဘက်နှစ်ယောက်ကိုစင်ပေါ်ကနေ ထုတ်ပယ်နိုင်ပြီလို့ တွေးမိလိုက်လို့ပါပဲ။ ဒါ့အပြင် အဲ့ဒီပြိုင်ဘက်တွေထဲမှာ သူတို့ကြောက်လန့်ရတဲ့ထူးထူးဆန်းဆန်းလူငယ်လဲ ပါနေခဲ့ပါတယ်။ ဒီနှစ်တွဲရဲ့အကူအညီကို ဖယ်ရှားနိုင်ပြီးပြီဆိုရင် သူတို့ကျောင်းတော်အနေနဲ့လဲ ပေ့ပေ့ကို အနိုင်ရမယ်လို့ အပြည့်အ၀ယုံကြည်ချက်ရှိနေခဲ့ပါတယ်။
ဒါကလုံး၀ကို ထောင်ချောက်တစ်ခုပါပဲ။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့နှစ်ယောက်လဲ ဒါကိုတွေးမိပြီချိန်မှာတော့ သူတို့ရဲ့ခန္ဓာကိုယ်နှစ်ခုစလုံးက တုန်ခါလို့သွားပါတော့တယ်။ ဟုတ်ပါတယ် တကယ်ကို ထောင်ချောက်ကြီးထဲသူတို့ရောက်သွားတာပါ။
ဟို့ယွိဟောင်အနေနဲ့ ဒီတစ်ကြိမ်မှာပဲ ရေခဲဧကရီရဲ့ ဆူးချွန်းကိုအသုံးပြုရပါတော့တယ်။
အချိန်တိုလေးအတွင်းမှာတော့ ဒီဆူးချွန်တွေကို သူဖောက်ထွက်နိုင်ဖို့ မလွယ်ကူပါဘူး။ ဒါ့အပြင် ၀မ်သုန့်သာ သူနဲ့အတူတူပြုတ်ကျသွားမယ်ဆိုရင် စင်ပေါ်ကိုပြန်တက်နိုင်ဖို့က ခက်ခဲပါလိမ့်မယ်။ နောက်ဆုံးတော့လဲ ဒါကအဆင့်လေးဆယ်ခြောက်ရှိနေပြီဖြစ်တဲ့ ၀ိညာဥ်ဘိုးဘေးတစ်ယောက်ရဲ့အစွမ်းကုန်၀ိညာဥ်စွမ်းအားတိုက်ခိုက်မှုပါ။
အားလုံးတော့သွားပြီ ၀မ်သုန့်ရဲ့နှလုံးသားတစ်ခုလုံးက နာကျင်လို့သွားပါတော့တယ်။ သူ့ရဲ့အဆိုးဆုံးအိပ်မက်တွေထဲမှာတောင် ဟို့ယွိဟောင်နဲ့သူနှစ်ယောက်စလုံး ဒီလိုမျိုးသူစင်ပေါ်ကနေ ဇောင့်ထိုးကျရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိပါဘူး။
ဒါပေမယ့် အခုအချိန်မှာတော့ ဘယ်၀ိညာဥ်စွမ်းရည်ကိုမတို ထုတ်လွှတ်ဖို့ခက်ခဲနေခဲ့ပါပြီ။ ဟောင်သုန့်စွမ်းအားကလဲ ဟို့ယွိဟောင်ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေခဲ့တာပါ။ ဒါ့အပြင် သူဘာစွမ်းရည်ကိုပဲ အသုံးချပါစေ ဒီမီးလျှံထောင်ကို သူချက်ချင်းဖောက်ထွက်နိုင်မှာမဟုတ်ပါဘူး။ အပြောင်းအလဲတစ်ခုခုကို ဖန်တီးဖို့ဆိုတာက ပိုခက်ပါလိမ့်မယ်။ တကယ်ကြီးပြီးဆုံးသွားပြီလား။
ယန်အယ်ရဲ့အပြုံးကိုကြည့်ရင်း ဟို့ယွိဟောင်မျက်မှောင်ကြုတ်သွားခဲ့ပါတယ်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ ယန်အယ်အနေနဲ့ အစိမ်းရင့်ရောင်အလွှာတစ်ခုကိုမြင်လိုက်ရတယ်။
ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာတဲ့အစိမ်းရင့်ရောင်တောက်ပမှုက မီးလျှံထောင်ကို ချက်ချင်းဆိုသလို ပျောက်ကွယ်သွားစေခဲ့ပါပြီ။ ၀မ်သုန့်ရဲ့တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ရဲ့အတောင်ပံတွေက ဟို့ယွိဟောင်ကို စင်ပေါ်ပြန်ရောက်လာစေခဲ့ပါတယ်။ ယန်အယ်ကတော့ ကြီးမားတဲ့ရေခဲရုပ်ထုကြီးလိုပုံစံနဲ့ မြေပြင်ပေါ်ကို ပြုတ်ကျလို့သွားခဲ့ရင် ဗန်းဆိုတဲ့အသံကျယ်ကြီးလဲ ထွက်ပေါ်လို့လာခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ ဒီရေခဲရုပ်ထုက ကောင်းကောင်းမာနေတာကြောင့် ယန်အယ်ရဲ့ခန္ဓာကိုယ်က ရေခဲအပိုင်းအစလိုမျိုး အစိတ်စိတ်အမွှာမွှာကွဲထွက်မသွားနိုင်တာပါ။
အပိုင်း ၉၃•၁ ပြီး၏။