Switch Mode

Chapter – 92.3

သုံးယောက် သုံးယောက်ခြင်း အဆုံးအဖြတ် တိုက်ပွဲ

အပိုင်း ၉၂•၃

” သုံးယောက်သုံးယောက် အဆုံးအဖြတ်တိုက်ပွဲ ”
°°°
ပေ့ပေ့ရဲ့ တုန့်ပြန်မှုကအနည်းငယ်နှေးကွေးလို့သွားခဲ့ပြီ ဒါပေမယ့် ဓားပျံက သူ့ကိုကူညီပေးလိုက်တာကတော့ သိနေဆဲပါ။ ဟို့ယွိဟောင်ရဲ့ အစောပိုင်းကြိုတင်သတင်းပေးမှုနဲ့အတူ သူ့အနေနဲ့လဲ လှုပ်ရှားနေတဲ့နေရာကို ပြောင်းလဲဖို့အချိန်အပြည့်အ၀ရလိုက်ပါတယ်။ မီးလျှံတွေက သူ့ကိုမလောင်းကျွမ်းစေနိုင်ပါဘူး။ သူ့အတွက် ဒီလိုဖြစ်ပေမဲ့ သတ္ထုမုန်တိုင်းတစ်ခုကတော့ သူ့ကို၀ါးမြိုလို့သွားခဲ့ပါပြီ။

ဒါကဘယ်လို၀ိညာဥ်စွမ်းရည်မျိုးလိုလဲ ပေ့ပေ့ မျက်လုံးပြူးသွားခဲ့ပါတယ်။ ဒီယဲ့၀ူချင်းက အတော်ကို ထူးခြားတဲ့သိုင်းပညာ၀ိညာဥ်ကို ပိုင်ဆိုင်လို့ထားပုံပါ သူ့လိုမျိုး အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းသားတစ်ယောက်တောင်မှ ဒီလိုမျိုးသိုင်းပညာ၀ိညာဥ်ကိုမြင်ဖူးတာ ပထမဆုံးအကြိမ်ဖြစ်နေခဲ့ပါတယ်။

သူ့ရဲ့ရွှေရောင်သစ်ရွက်တားဆီးခံလိုက်ရတာကိုကြည့်နေတဲ့ ယဲ့၀ူချင်းကတော့ မျက်လုံးပြူးလို့သွားခဲ့ပါတယ်။ ဒါပေမယ့် သူ့လက်ထဲမှာ ဒုတိယရွှေရောင်သစ်ရွက်က ခပ်မြန်မြန်ပေါ်လာခဲ့ပါပြီ။ ရွှေရောင်အလင်းတန်းတချို့နဲ့အတူ ပထမ၀ိညာဥ်စွမ်းရည်က ပြန်ထွက်လို့သွားခဲ့ပါတယ်။ ဒါ့အပြင် ဒီသစ်ရွက်ကတော့ လေထဲကိုတန်းတန်းမတ်မတ် ပြစ်လွှတ်လိုက်တာပါ။

ဒီတစ်ကြိမ်မှာတော့ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုက လုံး၀ကိုကောင်းကောင်းအသွင်ပေါ်လာပါတော့တယ်။ ဟို့ယွိဟောင်ရဲ့ပေ့ပေ့တို့ကတော့ ရွှေရောင်သစ်ရွက်ကိုဂရုမစိုက်တဲ့အတိုင်း အရှေ့ကိုဆက်တိုးလို့သွားခဲ့တယ်။ ပေ့ပေ့က ရုတ်တရက်အရှိန်မြင့်လို့သွားပြီ နှစ်ဖက်ကြားမီတာသုံးဆယ်အထိကို ရောက်ရှိလို့သွားခဲ့ပါတယ်။ တခြားတစ်ဖက်မှာတော့ ဟို့ယွိဟောင်က အချိန်ကစိတ်၀ိညာဥ်နှောင့်ယှက်မှုကို စတင်တော့တယ်။

စက်ကွမ်းကန်က ၀ိညာဥ်စုပ်ယူခေါင်းလောင်းနဲ့ သူတို့ကို နှောင့်ယှက်ပြီဆိုမှတော့ သူတို့လဲအတူတူပြန်လုပ်မှာပါ။

ယဲ့​၀ူချင်းတို့သုံးယောက်ကတော့ ဟို့ယွိဟောင်ရဲ့တိုက်ခိုက်မှုကြောင့် ရပ်တန့်လို့သွားခဲ့ပါတယ်။ ယန်အယ်ကိုတောင်မှ စက်ကွမ်းကန်က မှားယွင်းပြီ သူ့ရဲ့၀ိညာဥ်စုပ်ယူခေါင်းလောင်းနဲ့တိုက်ခိုက်နေမိသားဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့် ယန်အယ်က သူ့ကိုသတိလက်လွှတ်နဲ့ကြည့်နေခဲ့ပါတယ်။

ရွှေရောင်သစ်ရွက်က ပေ့ပေ့ကိုယ်ပေါ်ကို ရုတ်တရက်ကျရောက်လို့လာခဲ့ပါပြီ။ ဒါပေမယ့် နောက်တစ်ကြိမ်မှာပဲ ဓားပျံတစ်စင်းက အချိန်ကိုက်ပေါ်ထွက်လာခဲ့ရင်း လမ်းကိုတားဆီးလိုက်ပါတယ်။ ယဲ့၀ူချင်းရဲ့ရွှေရောင်သစ်ရွက်က အတော်ကိုအင်အားကြီးတာအမှန်ပါ။ ဒါပေမယ့် ပစ်မှတ်ကိုမထိနိိုင်ဘူးဆိုရင် ဘာများအသုံး၀င်နိုင်ဦးမှာလဲ။

ပထမအကြိမ်က တိုက်ဆိုင်မှုဖြစ်ခဲ့မယ်ဆိုရင် ဒုတိယအကြိမ်ကတော့ တိုက်ဆိုင်မှုမဟုတ်ခဲ့တာကို ရှင်းရှင်းလင်းလင်း ရှင်းပြပြီးသားဖြစ်နေခဲ့ပါပြီ။

မိုးထိလွှာကျောင်းတော်ရဲ့ သုံးယောက်မှာ အထောက်အပံ့ပြုရေးတစ်ယောက် အဝေးပစ်တိုက်ခိုက်မှုက နှစ်ယောက်ရှိနေခဲ့တာပါ။ အကွာအဝေးဆိုတာက တစ်ဖက်လူသုံးယောက်အတွက်တော့ အရေးကြီးတဲ့အချက်ပါပဲ။

ဟို့ယွိဟောင်ကလဲ အရှိန်မြင့်လိုက်ပါပြီ။ ဒါပေမယ့် သူ့ရဲ့၀ိညာဥ်စွမ်းအားအပေါ်မှာ အသုံးပြုပြီးမြင့်တင်လိုက်တာမဟုတ်ပါဘူး။ အဲ့ဒီအစား လောင်းကျွမ်းတဲ့ခြေထောက်အောက်မှာ၀ိညာဥ်အရှိန်မြင့်တင်ရေးလက်နက်ကိရိယာတစ်ခုပေါ်လို့လာခဲ့ပါတယ်။ ပြိုင်ပွဲမှာသူ၀ိညာဥ်လက်နက်ကိုအသုံးပြုတာ ပထမဆုံးအကြိမ်ပါပဲ။

ခြေထောက်အောက်မှာရှိနေပြီ သူ့၀တ်ဆင်ထားတဲ့၀ိညာဥ်လက်နက်တွေကတော့ အဆင့်နှစ်၀ိညာဥ်လက်နက်တွေပါ။ ဒါ့အပြင် သူ့ကိုရုတ်တရက်အရှိန်မြင့်အောင်လဲ ကူညီပေးနိုင်ပါတယ်။ ချက်ချင်းဆိုသလိုသူတို့နှစ်ဖွဲ့ကြားမှာ အကွာအဝေးကမီတာသုံးဆယ်သာကျန်ပါတော့တယ်။ ၀မ်သုန့်ရဲ့၀ိညာဥ်စွမ်းအားက ဆက်တိုက်ထောက်ပံ့ပေးနေခဲ့တဲ့အတွက် အဆင့်သုံး၀ိညာဥ်လက်နက်ကို သူကောင်းကောင်းတော့ ထိန်းချုပ်နိုင်နေပါပြီ။ အဆင့်နှစ်တွေကိုထိန်းချုပ်ဖို့ဆိုတာကတော့ အလွယ်လေးပါပဲ။ လက်ရှိအချိန်မှာကတော့ သူ့ရဲ့နောက်ကျောမှာရှိနေခဲ့တဲ့ အရှိန်မြင့်လက်နက်ကိရိယာကို သူပိုပြီးအားစိုက်အသုံးပြုလို့ထားခဲ့ပါတယ်။ ၀မ်သုန့်ကတော့ သူ့ကိုပုခုံးကနေစပြီ ချီလာခဲ့တယ်။ လက်ရှိအချိန်မှာကတော့ သူတို့တွေမြေပြင်နဲ့ မျက်နှာချင်ဆိုင်ရင်ဆက်တိုက်ပျံသန်းလို့နေခဲ့တာပါ။ လက်နက်တွေကနေ ထုတ်လွှတ်တဲ့ရိုက်ခတ်မှုတွေကြောင့်လဲ ၀မ်သုန့်ကို မထိခိုက်စေနိုင်တော့ပါဘူး။

မိုးထိလွှာကျောင်းတော်အနေနဲ့ ဟို့ယွိဟောင်ကိုအတော်လေးသတိထားကြပါတယ်။ နောက်ဆုံးတော့လဲ သူကအစောပိုင်းပြိုင်ပွဲမှာ အတော်လန့်စရာကောင်းလောက်အောင် လုပ်ဆောင်နိုင်ခဲ့လို့ပါ။ ဒါ့အပြင် ထူးဆန်းတဲ့လူတစ်ယောက်ဆိုတာက လောကမှာကြောက်စရာအကောင်းဆုံးပါပဲ။ အခုအချိန်အထိ ဟို့ယွိဟောင်ရဲ့ တကယ်စွမ်းအားအစစ်အမှန်ကို ဘယ်သူမှမခန့်မှန်းနိုင်သေးပါဘူး။ ဟို့ယွိဟောင်ရဲ့ပစ်မှတ်က စက်ကွမ်းကန်ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ စက်ကွမ်းကန်နောက်ကိုရောက်လုနီးပါးဖြစ်နေခဲ့ပါပြီ။

တတိယ၀ိညာဥ်စက်ကွင်းကိုအသုံးပြုလိုက်ချိန်မှာကတော့ စက်ကွမ်းကန်ရဲ့ ခေါင်းလောင်းသံကရုတ်တရက်ပိုစူးရှလို့လာပါတော့တယ်။ ဒီစူးရှတဲ့အသံက နားစည်ထဲကို အပ်တွေနဲ့လာထိုးနေသလိုပါပဲ။ ကြားရတာအတော်ကိုနားမချမ်းသာစရာကောင်းလှပါတယ်။ ဒါ့အပြင် တစ်ကိုယ်လုံးကိုလဲ တုန်တက်လို့သွားစေခဲ့ပါပြီ။

၀ိညာဥ်ထွင်းဖောက်မှုက ဒါကစက်ကွမ်းကန်ရဲ့ တတိယ၀ိညာဥ်စွမ်းရည်ပါပဲ။ အကယ်၍ သူ့ထက်၀ိညာဥ်စွမ်းရည်အများကြီးအားနည်းတဲ့သူသာ ဒီစွမ်းအားနဲ့တိုက်ခိုက်ခံရမယ်ဆိုရင် သေချာပေါက် အတော်လေးကို မခံမရပ်နိုင်ဖြစ်သွားခဲ့မှာပါ။ ပိုပြီးများတဲ့ကိစ္စကတော့ သတိလစ်မေ့မြောသွားတာပါပဲ။ ဒါ့အပြင် နေရာအများကြီးကို သက်ရောက်နိုင်ပါတယ်။

ပြေး၀င်နေတဲ့ပေ့ပေ့ကတော့ အတော်ကိုထိခိုက်ခံလိုက်ရပါပြီ။ ၀မ်သုန့်လဲအတူတူပါပဲ ဟို့ယွိဟောင်တစ်ယောက်ကသာ ဘာမှမကြားလိုက်ပဲရှိနေခဲ့ပါတယ်။

စက်ကွမ်းကန်အနားကို မရောက်ခင်အချိန်မှာပဲ အဖြူရောင်အလင်းတန်းတချို့က သူ့ဆီကိုလျှပ်စီးတန်းလိုပြေး၀င်သွားခဲ့ပါတယ်။

ယဲ့၀ူချင်းနဲ့ ယန်အယ်နှစ်ယောက်စလုံးက စက်ကွမ်းကန်တိုက်ခိုက်ခံနေရတာကို ထိုင်ကြည့်မနေကြပါဘူး။ ယန်အယ်ရဲ့ ခန္ဓာကိုယ်ဘေးပတ်လည်မှာ အရှိန်အ၀ါကပြောင်းလဲလို့သွားခဲ့ပါပြီ။ သူမရပ်နေတဲ့နေရာကနေ ကြီးမားတဲ့မီးဘောလုံးကြီးတစ်လုံးက ပြေးထွက်လို့သွားပါတော့တယ်။ ဒီမီးဘောလုံးကြီးက လေထဲမှာငါးခုကွဲသွားခဲ့ပြီ နှစ်ခုကဟို့ယွိဟောင်ဆီ ရောက်လာပြီ သုံးခုကတော့ပေ့ပေ့ကို တားဆီးထားပါတယ်။

ဒါတင်မကသေးပဲ လက်နှစ်ဖက်ကိုရင်ဘတ်အရှေ့မှာ ပေါင်းစည်းလို့ထားခဲ့ရင်း တတိယ၀ိညာဥ်စက်ကွင်းကို အသုံးပြုပြီး ကြီးမားတဲ့ခရမ်းရောင်မီးဘောလုံးကြီးကို အရှေ့မှာဖန်တီးလိုက်ပါတယ်။ ချက်ချင်းဆိုသလို ပြိုင်ပွဲစင်မြင့်တစ်ခုလုံးက မီးဖိုကြီးလိုပူနေခဲ့ပါပြီ။

ရွှေရောင်သစ်ရွက်ကလဲ ဟို့ယွိဟောင်ရဲ့အလင်းတန်းကို တိတိကျကျတားဆီးလိုက်ပါတယ်။ အစောပိုင်းတုန်းက ဟို့ယွိဟောင်ဓားပျံတွေကို ပစ်လွှတ်နေသလိုပါပဲ။ ယဲ့၀ူချင်းက သူတို့ရဲ့အထောက်အပံ့ပြုရေး၀ိညာပညာရှင်ကို ဒီလိုအထိခိုက်မခံပါဘူး။

ဒါပေမယ့် ရွှေရောင်သစ်ရွက်က ၀ိညာဥ်အလင်းတန်းကို ထိတွေ့ချိန်မှာပဲ ထူးဆန်းတဲ့မြင်ကွင်းတစ်ခုက ဖြစ်သွားပါတယ်။ ရွှေရောင်သစ်ရွက်က ဒီအတိုင်းဖြတ်သွားခဲ့တာပါ။ ဘာအတားအဆီးကိုမှ မထိတွေ့တဲ့အတိုင်း ရှိနေခဲ့ပါတယ်။

အစောပိုင်းတုန်းက ဟို့ယွိဟောင်ရဲ့တိုက်ခိုက်မှုကို ရွှေရောင်သစ်ရွက်သုံးပြီတားဆီးဖို့ ယဲ့၀ူချင်းပြင်ဆင်ခဲ့ပါတယ်။ ဒါ့အပြင် ပေါက်ကွဲမှုအင်အားကို အသုံးပြုရင်း တားဆီးဖို့လုပ်ခဲ့တာပါ။ ဟို့ယွိဟောင်ရဲ့ နောက်ထပ်တိုက်ခိုက်မှုတွေကို တားဆီးဖို့လဲ သူ့ကိုယ်သူယုံကြည်ချက်အပြည့်ရှိနေခဲ့ပါတယ်။

ဒါပေမယ့် သူအမှားအယွင်းလုပ်မိသွားပါပြီ။ အရမ်းကို အင်အားကြီးပုံပေါ်တဲ့ ရွှေရောင်အလင်းတန်းက အဖြူရောင်အလင်းတန်းကို ထိတွေ့မိရုံထိတွေ့လိုက်ပြီတဲ့နောက် ဒီအတိုင်းရုတ်တရက်ဘာကိုမှမတိုက်မိတဲ့အတိုင်း ဖြတ်သန်းလို့သွားခဲ့ပါတယ်။ အဲ့ဒီနောက် စက်ကွမ်းကန်ဆီကို တန်းတန်းမတ်မတ်ပြေး၀င်လို့သွားခဲ့ပါပြီ။

စက်ကွမ်းကန်က ယဲ့၀ူချင်းရဲ့ ရွှေရောင်သစ်ရွက်အင်အားအကြောင်းကို အရမ်းအရမ်းရင်းနှီးနေတဲ့သူပါ။ တခဏတာအော်ဟစ်ပြီတဲ့နောက် သူလဲသူ့ရဲ့ခေါင်းလောင်းကိုတောင် မသုံးနိုင်ပဲ ငါးလေးတစ်ကောင်လိုမျိုး ခပ်မြန်မြန်ပဲ ထွက်ပြေးပါတော့တယ်။

တခြားတစ်ဖက်မှာကတော့ အဖြူရောင်အလင်းတန်းက ရုတ်တရက်လေထဲမှာ ကွေးထွက်လို့သွားခဲ့ပြီ ယဲ့၀ူချင်းကို တန်းတန်းမတ်မတ်၀င်တိုက်မိပါတော့တယ်။ ယဲ့၀ူချင်းကတော့ တစ်ကိုယ်လုံးထုံထိုင်လို့သွားခဲ့ပြီ တခဏတာအကြောသေတဲ့အခြေအနေကို ရောက်ရှိလို့သွားခဲ့ပါပြီ။ ဟုတ်ပါတယ် ဟို့ယွိဟောင်က သူ့၀ိညာဥ်လက်နက်လေလံပွဲမှာ ၀ယ်လာခဲ့တဲ့ ၀ိညာဥ်အကြောသေအလင်းတန်းကို အသုံးပြုလိုက်တာပါ။ ဒီအလင်းတန်းက ပုံမှန်အနေအထားမှာ လေထဲကွေးနိုင်တာမျိုးမရှိပါဘူး။ ယဲ့၀ူချင်းရဲ့ ရွှေရောင်သစ်ရွက်ကြောင့်သာ ဒီလိုကွေးထွက်သွားခဲ့တာပါ။ ဘာကြောင့် ရွှေရောင်သစ်ရွက်က သူ့ကိုဒီအတိုင်းဖောက်ထွက်လို့သွားခဲ့တာလဲ။ ဒါ့အပြင် ဘာကြောင့်များ စက်ကွမ်းကန်ကို ဒီလောက်အခြေအနေနဲ့ထွက်ပြေးသွားစေတာလဲ။

ဟို့ယွိဟောင်က သူ့ရဲ့အားကောင်းတဲ့၀ိညာဥ်စွမ်းရည်နှစ်ခုကိုအသုံးပြုလိုက်လို့ပါပဲ။ စိတ်၀ိညာဥ်ထောက်လှမ်းမှုနဲ့ ပြိုင်ဘက်တွေရဲ့တိုက်ခိုက်မှုကို အတိအကျခန့်မှန်းလို့ထားခဲ့တာပါ။ သူ့ရဲ့ပုံစံတူတုပမှုနဲ့ သူပြိုင်ဘက်တွေကို မြင်ချင်ရာမြင်အောင်လုပ်လိုက်တာလဲ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ ဘယ်လောက်အခက်အခဲများလဲ သူကောင်းကောင်းသိထားခဲ့ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာကတော့ သူလုပ်နိုင်တဲ့အစွမ်းအစအကုန်လုံးက အပြည့်အ၀ထွက်ပေါ်လို့လာခဲ့ပါပြီ။ အင်အားတွေမကပဲ သူ့ရဲ့ဉာဏ်ပညာတွေကလဲ အပြည့်အ၀လုပ်ဆော်ခံလိုက်ရပါတော့တယ်။ ဒီနေရာမှာ သူ့ရဲ့တိုက်ခိုက်မှုက အတော်လေးကို အံ့အားသင့်စရာကောင်းဆုံးပါပဲ။ ပုံစံတူတုပမှုနဲ့အတူ ပစ္စည်းတွေကို အပြောင်းအလဲတွေဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ပုံစံတူပမှုက အတုလားအစစ်လားဆိုတာ ခွဲခြားလို့မရနိုင်ခဲ့ပါဘူး။ စက်ကွမ်းကန်ကို တိုက်ခိုက်တဲ့ပုံစံမျိုးက အမှန်တကယ်ဖြစ်ပေမဲ့ အတုအယောင်လုပ်ထားတာကတော့ အလင်းတန်းပါပဲ။ လေထဲမှာကွေးသွားခဲ့တဲ့ အကြောင်းအရင်းကတော့ သူ့အနေနဲ့ ပုံစံတူတုပမှုကိုသုံးပြီ နောက်တစ်ကြိမ်ဖန်တီးလိုက်လို့ပါ။ ယဲ့၀ူချင်း ဘယ်လောက်ပဲသန်မာပါစေ ဒီလိုထူးခြားတဲ့လှုပ်ရှားမှုကိုတော့ ခုန်ရှောင်နိုင်မှာမဟုတ်ပါဘူး။

ယဲ့၀ူချင်း အကြောသေနေတဲ့အချိန်မှာ စက်ကွမ်းကန်ကတော့ နောက်ကိုကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးနေခဲ့ရပါတယ်။ ဒီတစ်ကြိမ်မှာ ပေ့ပေ့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကတော့ လူတစ်ယောက်ထဲကို ရင်ဆိုင်ရပါတော့တယ်။ ဒါကတော့ ယန်အယ်ပါ သူမက မီးဘောလုံးလိုတိုက်ခိုက်မှုမျိုးကို ထုတ်လွှတ်လို့ထားခဲ့ပေမဲ့ ပေ့ပေ့က သူ့မီးဘောလုံးတွေကို ဘယ်သူက်ိုမှထိခိုက်စေဖို့စိတ်ကူးမရှိပါဘူး။

မရေမတွက်နိုင်တဲ့ လျှပ်စီးမြွေတွေက ချက်ချင်းဆိုသလို မြားတွေအဖြစ်နဲ့ ထွက်ပေါ်လာရင်း အားလုံးကိုပေါက်ကွဲထွက်ပါတော့တယ်။ ပေ့ပေ့ရဲ့ ဒုတိယ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ အံ့ဖွယ်ရာမိုးကြိုးသွားတွေပါ။

လျှပ်စီးတန်းကြီးတွေက မီးဘောလုံးနဲ့တိုက်ခိုက်ချိန်မှာတော့ မိုးကောင်းကင်တစ်ခုလုံးမီးပွားတွေနဲ့ ပြည့်နှက်နေခဲ့ပါပြီ။ ဒီ​ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုက ကြီးမားလွန်တာကြောင့် အကြောသေနေခဲ့တဲ့ ယဲ့၀ူချင်းတောင် အနောက်ဖက်ကိုလွှင့်သွားခဲ့ရပါတယ်။

လက်ရှိအချိန်မှာကတော့ ၀မ်သုန့်ရဲ့ အတောင်ပံတွေဘယ်လောက်အင်အားကြီးလဲဆိုတာ ထွက်ပေါ်လို့လာခဲ့ပါပြီ။ အတောင်ပံတွေကိုခတ်ရင်း ဟို့ယွိဟောင်က ပျံသန်းတဲ့နေရာမှာ ပြောင်းသွားခဲ့တယ်။ ပေါက်ကွဲမှုတွေအားလုံးကို ခုန်ရှောင်နိုင်ရုံတင်မက လေထဲမှာလဲဝဲနေခဲ့ပါပြီ။ ပေ့ပေ့ ခေါင်းပေါ်ကဖြတ်သန်းလို့သွားခဲ့ရင်း ယန်အယ်အနားတည့်တည့်ကို ရောက်သွားပါတော့တယ်။ ဟုတ်ပါတယ် အစကနေအဆုံးအထိ ဟို့ယွိဟောင်နဲ့ ပေ့ပေ့တို့ရဲ့ပစ်မှတ်က ယဲ့၀ူချင်းရော စက်ကွမ်းကန်ရောမဟုတ်ခဲ့ပါဘူး။ အထောက်အပံ့ပြုရေး ၀ိညာဥ်ပညာရှင်တစ်ယောက်အနေနဲ့ စက်ကွမ်ကးန်က အားမနည်းတာအမှန်ပါ။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်မျက်လုံးတွေကြောင့် သူ့အဖွဲ့သားတွေကိုလဲ အများကြီး အထောက်အပံ့မပြုနိုင်ပါဘူး။ ဒါ့အပြင် ယဲ့၀ူချင်းရော ဟို့ယွိဟောင်တို့ သုံးယောက်တစ်ယောက် တိုက်ခိုက်ရမယ်ဆိုရင်တောင် အများကြီးအားကောင်းတဲ့သူဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် သူ့ကိုအချိန်တိုအတွင်းအနိုင်ယူဖို့ မလွယ်ကူပါဘူး။ ဒါကြောင့်သာ အစကထဲက ယန်အယ်ကို ပစ်မှတ်ထားခဲ့တာပါ။ သူတို့ရဲ့အစောပိုင်းတိုက်ခိုက်မှုပုံစံအမျိုးမျိုးနဲ့ ဒါတွေကို ဖုံးကွယ်လို့ထားခဲ့ပြီ ရုတ်တရက်ပြင်းပြင်းထန်ထန် တိုက်ခိုက်ပါတော့တယ်။

ယန်အယ်ရဲ့တစ်ခုတည်သောစွမ်းအားကတော့ သူမအရှေ့မှာရှိနေခဲ့တဲ့ မီးဘောလုံးကြီးပါပဲ။ ဒီမီးဘောလုံးကြီးရဲ့ အပူရှိန်က တစ်ကိုယ်လုံးကိုလွှမ်းခြုံလို့ထားခဲ့ပါပြီ။

သူမက တကယ်ကို မိုးထိလွှာကျောင်းတော်ရဲ့ ရွေးချယ်ခံကျောင်းသူတစ်ယောက်ဆိုတာ အပြည့်အ၀ထိုက်တန်လို့နေခဲ့ပါပြီ။ ဒီလိုမျိုးအခြေအနေမျိုး ရင်ဆိုင်ရတာတောင် တစ်ချက်လေးမှလန့်မသွားခဲ့ပါဘူး။ ခပ်မြန်မြန်နောက်ဆုတ်နေရင်း သူနဲ့ ယဲ့၀ူချင်းနဲ့ကြားက အကွာအဝေးကိုခွာနိုင်သလောက်ခွာလိုက်ပါတော့တယ်။ မီးဘောလုံးကြီးကိုလဲ သူအသုံးမပြုခဲ့ပါဘူး။ အဲ့ဒီအစား မီးဘောလုံးကိုသူ့ရှေ့မှာသာထားရင်း ပြိုင်ဘက်တွေအားလုံးကို အချိန်မရွေးတိုက်ခိုက်နိုင်ဖို့နဲ့ တိုက်ခိုက်မှုတွေအားလုံးကို တားဆီးဖို့အသင့်ပြင်ထားခဲ့ပါတယ်။

သူမရွေးချယ်မှုက အတော်ကိုမှန်ကန်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ သူလုပ်ချင်တဲ့အရာကတော့ သူ့ရှေ့မှာရှိနေခဲ့တဲ့ ပြိုင်ဘက်သုံးယောက်စလုံးရဲ့ အစွမ်းကုန်တိုက်ခိုက်မှုအောက်မှာ မကျရှုံးအောင်ခုခံထားဖို့ပါပဲ။

ဒါပေမယ့် သူ့အနေနဲ့ တွက်ချက်မှုမှားသွားပြီဆိုတာကို မကြာခင်မှာ သိလိုက်ရပါတယ်။

ရုတ်တရက်အပူရှိန်တွေက လျော့ကျလို့သွားခဲ့ပါပြီ။ ကြောက်စရာအအေးလှ်ိုင်းတွေက သူ့ဆီကို၀င်ရောက်လို့လာပါတော့တယ်။ ယန်အယ်ရဲ့အရှေ့မှာ ရှိနေခဲ့တဲ့မီးဘောလုံးကြီးက သုံးပုံတစ်ပုံအထိကို လျော့ကျလို့သွားခဲ့ပြီ အင်အားတွေလဲ မရှိတော့သလိုပါပဲ။ ဒါ့အပြင် ပူတောင်မပူနိုင်ပဲဖြစ်နေခဲ့ပါတယ်။

ဟို့ယွိဟောင်ရဲ့မျက်လုံးတွေကတော့ ​ကျောက်စိမ်းရောင်ဖြစ်သွားခဲ့ပါပြီ။ သူ့ရဲ့ခြေထောက်အောက်မှာ ပုံစံတူတုပမှုကြောင့် ၀ိညာဥ်စက်ကွင်းနှစ်ကွင်းသာ ရှိနေခဲ့ပေမဲ့ တကယ်တော့ ရေခဲဧကရီရဲ့ သိုင်းပညာ၀ိညာဥ်ကို သူပြောင်းလဲအသုံးပြုနေခဲ့တာပါ။ အဆုံးစွန်းရေခဲကို ပိုင်ဆိုင်ထားတဲ့ဒီသိုင်းပညာ၀ိညာဥ်က အမျက်ဒေါသကျောင်းတော်ရဲ့ ပင်လယ်နတ်ဘုရားခန်းမဆောင်မှာတောင် အစည်းအဝေးပွဲထိုင်စေခဲ့တဲ့ ဒီအားကောင်းတဲ့သိုင်းပညာ၀ိညာဥ်ဖြစ်ပါတယ်။ အမျက်ဒေါသကျောင်းတော်အနေနဲ့လဲ ဟို့ယွိဟောင်ကို ဒီသိုင်းပညာ၀ိညာဥ်ကြောင့်သာ အများကြီးတန်ဖိုးထားတာလဲ ဖြစ်နေခဲ့တယ်။ ဒါကြောင့် ရေခဲဧကရီရဲ့အစွမ်းအစကို အခုတော့မြင်ရပါပြီ။

သူ့ရဲ့၀ိညာဥ်စွမ်းအားက အများကြီးမမြင့်တက်ခဲ့ပါဘူး။ ဒါပေမယ့် သိုင်းပညာ၀ိညာဥ်နဲ့ ၀ိညာဥ်စက်ကွင်းတွေကတော့ တုနှိုင်းမဲ့တဲ့ဖြစ်တည်မှုတွေရှိနေခဲ့ပါတယ်။

ဟို့ယွိဟောင်ရဲ့ တည်ငြိမ်လေးနက်တဲ့အကြည့်က ပိုပြီးအားကောင်းလို့လာခဲ့ပါပြီ။ နောက်ကျောဖက်မှာရှိနေခဲ့တဲ့ အထောက်အပံ့ပြု၀ိညာဥ်လက်နက်တွေက တောက်ပလို့လာခဲ့ပြီ ယန်အယ်ဆီကို လျှပ်စီးတန်းတစ်ခုလို ပြေး၀င်လို့သွားပါတော့တယ်။ မမျှော်လင့်ထားလောက်အောင်ပဲ သူ့ရဲ့လက်တွေကဒီအတိုင်းသာအသုံးပြုရင်း ယန်အယ်ရဲ့ခရမ်းရောင်မီးဘောလုံးကြီးကို ဒီအတိုင်းဆွဲယူလိုက်တယ်။

အပိုင်း ၉၂•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset