Switch Mode

Chapter – 92.2

သုံးယောက် သုံးယောက်ခြင်း အဆုံးအဖြတ် တိုက်ပွဲ

အပိုင်း ၉၂•၂

” သုံးယောက်သုံးယောက် အဆုံးအဖြတ်တိုက်ပွဲ ”
°°°
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်စလုံးကတော့ ဒီကိစ္စကိုအများကြီးမစဥ်းစားခဲ့ပါဘူး။ အခုအချိန်မှာ သူတို့ရဲ့နှလုံးသားတွေကချိတ်ဆက်လို့နေခဲ့ပါပြီ။ ၀ိညာဥ်စွမ်းအားကလဲ ပေါင်းစည်းလို့သွားခဲ့ပြီ ရှိနေခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ ပုံစံတူတုပမှုအင်အားကို ငှားရမ်းထားပြီ ၀မ်သုန့်က သူ့နောက်မှာရှိနေခဲ့တယ်။ ဒီပြိုင်ပွဲအတွက် နောက်ခံအဖြစ်တိုက်ခိုက်မှုကို သူကရွေးချယ်ခဲ့တာပါ။ ဒါ့အပြင် ဒီပြိုင်ပွဲတစ်ခုလုံးကို အထောက်အပံ့သူတစ်ယောက်အဖြစ်နဲ့သာ ရင်ဆိုင်ဖို့အပြည့်အ၀ကိုပြင်ဆင်လို့ထားခဲ့ပါတယ်။

သူဖြစ်စေ ဟို့ယွိဟောင်ဖြစ်စေ နှစ်ဖက်စလုံးက သူတို့တစ်ယောက်ထဲနဲ့ ပြိုင်ဘက်ကိုရင်ဆိုင်ရဖို့မလွယ်ကူပါဘူး။ ဒါပေမယ့် သူတို့ရဲ့ တစ်ရာရာခိုင်နှုန်းပေါင်းစပ်နေမှုကို မေ့ထားလို့မရတာတော့အမှန်ပါ။ နှစ်ယောက်စလုံးက အတူတူအလုပ်လုပ်ကြမယ်ဆိုရင် ၀ိညာဥ်ဘိုးဘေးတစ်ယောက်ယှဥ်ပြိုင်နိုင်ပါတယ်။ သူတို့နှစ်ယောက်စလုံးက ရန်သူကိုတစ်ယောက်ထဲတိုက်ခိုက်ဖူးတာ မရှိပါဘူး။ ဒါပေမယ့် သူတို့ရဲ့ပေါင်းစည်းမှုက အတော်ကိုအားကောင်းနေတာအမှန်ပါ။

၀မ်သုန့်က ဟို့ယွိဟောင်ရဲ့အနောက်ဖက်မှာကပ်နေပြီ ဟို့ယွိဟောင်ရဲ့ ခါးကိုဖက်ထားခဲ့ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ကို ထုတ်လွှတ်လိုက်ပါပြီ။

အရှေ့ကနေကြည့်မယ်ဆိုရင် ၀မ်သုန့်က ပျောက်ကွယ်သွားသလိုပါပဲ။ ဟို့ယွိဟောင်ရဲ့ အနောက်ဖက်မှာကတော့ တောက်ပတဲ့အတောင်ပံတစ်စုံပေါ်လာခဲ့ပြီ နေရာတစ်ခုလုံးကတော့ ရွှေရောင်နဲ့အပြာရောင်နှောဆပ်ထားတဲ့အလင်းတန်းတွေ တောက်ပလို့နေခဲ့ပါပြီ။

၀မ်သုန့်ရဲ့တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်က ပြိုင်ပွဲထဲမှာပေါ်လာခဲ့ဖူးတဲ့ အသန်မာဆုံးသိုင်းပညာ၀ိညာဥ်မဟုတ်ခဲ့ဖူးပါဘူး။ ဒါပေမယ့် သူ့ရဲ့အလှတရားကိုတော့ ယှဥ်ပြိုင်နိုင်သူမရှိခဲ့ဖူးပါဘူး။

၀မ်သုန့်ရဲ့ ပေါင်းစည်းမှုနဲ့အတူ ဟောင်သုန့်စွမ်းအားက သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်လို့နေခဲ့ပါပြီ။ ဟို့ယွိဟောင်ကတော့ ခြေလှမ်းတစ်လှမ်းတိုးလိုက်ရင်း ပေ့ပေ့အနားကိုရောက်ရှိလို့သွားပါတော့တယ်။ သူ့နဲ့ပေါင်းစည်းပြီတဲ့နောက် သူ့ရဲ့အစ်ကိုကြီးတိုက်ခိုက်မှုကို ကူညီဖို့သူလုပ်ချင်ပါတယ်။

” အစ်ကိုကြီး ကျွန်တော်တို့အစ်ကိုကြီးနဲ့အတူ တိုက်ခိုက်မယ် ”

ဟို့ယွိဟောင်ရဲ့အသံက အတော်ကိုတိုးညင်းပါတယ်။ လက်ရှိအချိန်မှာကတော့ သူ့ရဲ့မျက်လုံးထဲမှာ ရွှေရောင်အလင်းတန်းတွေက တောက်ပလို့နေခဲ့ပြီ ကျောက်စိမ်းရောင်အငွေ့အသက်တွေတောင် ဖြတ်ပြေးလို့နေခဲ့ပါတယ်။

” ကောင်းပြီ ”

ပေ့ပေ့က အော်လိုက်ပြီတဲ့နောက် အရှေ့ကိုပြေးထွက်လို့သွားခဲ့ပါတော့တယ်။ ၀မ်သုန့်ကလဲ အတောင်ပံတွေကို ဖြန့်လိုက်ရင်းဟို့ယွိဟောင်ကို သူအစ်ကိုကြီးနဲ့အတူတူ အရှိန်အပြည့်ပျံသန်းနိုင်ဖို့အတွက် ကူညီပေးလို့နေခဲ့တယ်။

ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုက စင်မြင့်တစ်ခုလုံးကို လွှမ်းခြုံလို့သွားခဲ့ပါပြီ။ ယဲ့၀ူချင်းက သူ့အဖွဲ့ကိုဦးဆောင်လို့လာခဲ့ပြီ တစ်ဖက်ကျောင်းသားသုံးယောက်ကလဲ သိုင်းပညာ၀ိညာဥ်တွေကို ထုတ်လွှတ်လိုက်ပါတယ်။ သူတို့ရဲ့သိုင်းပညာ၀ိညာဥ်တွေကလဲ ထူးခြားပြီ ပြိုင်ဘက်ကင်းလို့နေခဲ့တယ်။ မိုးထိလွှာကျောင်းတော်က သိုင်းပညာ၀ိညာဥ်တွေကိုသာ လေ့ကျင့်ပြီ၀ိညာဥ်လက်နက်တွေ အသုံးချမှုကိုလုံး၀ငြင်းပယ်ထားခဲ့တဲ့အပြင် ပြိုင်ဘက်တွေကို တိုက်ခိုက်ဖို့ကျောင်းသားတွေရွေးချယ်တဲ့နေရာမှာလဲ အတော်ကို အန္တရာယ်ရှိတဲ့သူလို့ချီးကျူးရမှာပါ။

စက်ကွမ်းကန်က မျက်လုံးတွေကိုမှိတ်ထားခဲ့ပါတယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာက မြူခိုတွေဖြစ်ပေါ်လို့လာခဲ့ပါပြီ။ ဒီမြူခိုတွေက အဖြူရောင်မဟုတ်ပဲ အပြာဖျော့ရောင်ဖြစ်ခဲ့ပါတယ်။ မြူခိုတွေက ဖြည်းဖြည်းချင်းလေထုနဲ့အတူ ပွတ်တိုက်ရင်းအပေါ်ကို မြင့်တက်လို့သွားခဲ့ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်ကတော့ ထူးဆန်းတဲ့အငွေ့အသက်အပြည့် လွှမ်းခြုံလို့သွားခဲ့ပါပြီ။

အဲ့ဒီနောက် ခေါင်းလောင်းမြည်သံတွေနဲ့အတူ ရှေးခေါင်းလောင်းကြီးတစ်ခုက သူ့ညာဘက်လက်မှာ ပေါ်လာပါတော့တယ်။ ဒီခေါင်းလောင်းကြီးက အတော်ကိုကြီးမားပြီ သစ်သားလက်ကိုင်ကြီးကလဲ တစ်ပေကျော်ရှည်လျားပါတယ်။ ခေါင်းလောင်းကြီးရဲ့အရှေ့ပိုင်းက အပြာရောင်ဖြစ်ပြီ အထဲမှာကတော့ ဘောလုံးအပြာရောင်သုံးလုံးက တောက်ပနေခဲ့ပါတယ်။ ဘောလုံးလေးသုံးလုံးရဲ့ပွတ်တိုက်မှုက ခေါင်းလောင်းသံကို ထွက်ပေါ်စေခဲ့ပါတယ်။

မှော်ဆန်တယ်လို့ခေါ်ရတဲ့အကြောင်းအရင်းကတော့ ခေါင်းလောင်းကိုတီးလိုက်တဲ့အချိန်မှာ များပြားတဲ့အလင်းတန်းတွေ ချက်ချင်းထွက်ပေါ်လာလို့ပါပဲ။ မျက်လုံးသုံးလုံးနဲ့တူတဲ့ ဒီအလုံးလေးတွေက ဆက်တိုက်ဆိုသလို ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေခဲ့ပါတယ်။ ဘောလုံးတစ်လုံးက အေးစက်ပြီ နောက်ဘောလုံးတစ်လုံးကတော့ ပူပြင်းပါတယ်။ နောက်ဆုံးတစ်ခုကတော့ မိစ္ဆာဆန်နေခဲ့ပါတယ်။ တကယ်ကိုထူးခြားတဲ့သိုင်းပညာ၀ိညာဥ်ပါပဲ။

သူ့ခြေထောက်အောက်မှာကတော့ အ၀ါရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းနဲ့ ခရမ်းရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းက စတင်ပြီလှည့်ပတ်လို့နေပါပြီ။ အဲ့ဒီနောက် ခြေလှမ်းအနည်းငယ်နောက်ဆုတ်လို့သွားပါတော့တယ်။ စက်ကွမ်းကန်က မျက်မှောင်ကြုတ်ထားရင်း ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ကို စိုက်ကြည့်လို့နေခဲ့တယ်။

တခြားတစ်ဖက်မှာကတော့ ယန်အယ်လို့ခေါ်တဲ့ မိန်းကလေးက မီးနဲ့သက်ဆိုင်တဲ့သိုင်းပညာ၀ိညာဥ်ကို ထုတ်လွှတ်လိုက်ပါပြီ။ သူ့ရဲ့လက်ရှိရုပ်သွင်ကတော့ ပိုပြီးထူးခြားနေခဲ့ပါတယ်။ လေထဲမှာလွှင့်မျောနေတဲ့တစ်ချိန်ထဲမှာပဲ သူ့ရဲ့လက်ထဲမှာကတော့ မီတာ၀က်ကျော်ကြီးမားတဲ့ မီးဘေးလုံးတစ်လုံးကိုကိုင်ထားခဲ့တယ်။ သူ့ရဲ့လက်နှစ်ဖက်က အပြင်ကိုဆန့်ထွက်လို့သွားခဲ့ပြီ လက်မောင်းတွေကိုလဲ ကွေးလို့ထားပါတယ်။ လက်၀ါးအရွယ်မီးဘောလုံးတွေကိုလဲ လက်ထဲမှာကိုင်ထားလို့နေခဲ့ပါပြီ။ သူ့ရဲ့သိုင်းပညာ၀ိညာဥ်ပါပဲ။ ဒီမီးဘောလုံးသိုင်းပညာ၀ိညာဥ်က လင်းလော့ချန်းပိုင်ဆိုင်တဲ့ သိုင်းပညာ၀ိညာဥ်တွေနဲ့မတူညီပဲ အနည်းငယ်အရှေ့ကိုရောက်နေပါတယ်။

ယဲ့၀ူချင်းရဲ့ သိုင်းပညာ၀ိညာဥ်ကတော့ မထူးခြားခဲ့ပါဘူး။ သူ့ရဲ့အရှေ့မှာကတော့ ရှည်လျားတဲ့ရွှေရောင်သစ်ရွက်တစ်ရွက်ကမျောလွှင့်လို့နေခဲ့တယ်။ ၀ိညာဥ်စက်ကွင်းတွေကလဲ ခန္ဓာကိုယ်ဘေးပတ်လည်မှာ လှည့်ပတ်လို့နေခဲ့ပါပြီ။ ညာဘက်လက်ကိုမြောက်ရင်း လက်ညိုးနဲ့လက်ခလယ်ကို အသုံးပြုရင်း သူ့ရဲ့သစ်ရွက်ကိုကိုင်လိုက်ပါတယ်။ ဒါကတော့ ယဲ့၀ူချင်းရဲ့သိုင်းပညာ၀ိညာဥ်ရွှေရောင်သစ်ရွက်ပါပဲ။ ဒါပေမယ့် သူကတိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်တစ်ယောက်ပါ။ ပြိုင်ပွဲထဲမှာပထမဆုံးလှုပ်ရှားသူကတော့ ယန်အယ်ဖြစ်နေခဲ့ပါတယ်။ လက်နှစ်ဖက်ကိုအတူတူဖိထားလိုက်ရင်း သူမစတင်ပြီ တိုက်ခိုက်တော့တယ်။

မီးဘောလုံးနှစ်ခုကို ပေါင်းစည်းလိုက်ချိန်မှာတစ်ပေကျော်ရှည်လျားတဲ့ မီးဘောလုံးက ပေ့ပေ့ဆီကို ရုတ်တရက်ပျံထွက်လို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် ယန်အယ်ရဲ့ ပထမ၀ိညာဥ်စက်ကွင်းက တောက်ပလို့လာပါတော့တယ်။ ယန်အယ်လှုပ်ရှားချိန်မှာ စက်ကွမ်းကန်ကလဲ ထိုင်ကြည့်မနေခဲ့ပါဘူး။ သူ့ရဲ့၀ိညာဥ်စုပ်ယူခေါင်းလောင်းကို ဆက်တိုက်ခါနေရင်း အသံတွေကိုထုတ်လွှတ်နေခဲ့ပါတယ်။ ဒီအသံလှိုင်းတွေက ပေ့ပေ့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ စိတ်ကိုတခဏတာ ဗလာဟင်းလင်းဖြစ်သွားစေခဲ့တယ်။ စိတ်၀ိညာဥ်၀င်ရောက်စွက်ဖက်မှုလား။

ဟို့ယွိဟောင်ကလဲ နှုတ်ခမ်းတွန့်သွားခဲ့ပါပြီ။ သူ့ပြိုင်ဘက်ရဲ့ ၀ိညာဥ်စွမ်းရည်အကြောင်းကို သူကောင်းကောင်းမသိပါဘူး။ ဒါပေမယ့် သူ့နဲ့တူညီမှန်တော့သိနေခဲ့တယ်။

” အောက်ကိုနည်းနည်းဆင်းလိုက် ”

ဟို့ယွိဟောင်က ဆက်တိုက်အေးစက်စက်အော်ဟစ်လိုက်ရင်း ပြောပါတော့တယ်။ သူ့ပုံစံကလေးစားမှုလဲ တစ်ချက်မှရှိမနေခဲ့ပါဘူး။ မျက်လုံးထဲကနေ ခရမ်းရွှေရောင်အလင်းတန်းတွေ ချက်ချင်းဆိုသလို ထွက်ပေါ်လာရင်း စက်ကွမ်းကန်ရဲ့ ၀ိညာဥ်ခေါင်းလောင်းကို ပစ်မှတ်ထားပါတော့တယ်။ အကယ်၍ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့သာ စစ်မှန်တဲ့၀ိညာဥ်စက်ကွင်းနှစ်ကွင်းပဲရှိတဲ့ ၀ိညာဥ်မဟာပညာရှင်တွေ ဖြစ်နေခဲ့မယ်ဆိုရင်တော့ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်တိုက်ခိုက်မှုက သိပ်ပြီမကြီးမားနိုင်ပါဘူး။

ဒါပေမယ့် သူ့ရဲ့အဖြူရောင်၀ိညာဥ်စက်ကွင်းတွေက ထုတ်လွှတ်နိုင်တဲ့စွမ်းအားက ဘယ်လောက်အားနည်းမလဲဆိုတာကို စက်ကွမ်းကန်ကတော့ တွေးနေခဲ့ပါတယ်။ စက်ကွမ်းကန်က အထောက်အပံ့ပြုရေး ထိန်းချုပ်သူ၀ိညာဥ်ပညာရှင်တစ်ယောက်ပါ။ သူက ရှောင်းရှောင်းနဲ့ အနည်းငယ်တူညီပါတယ်။ ဒါပေမယ့် အဖွဲ့သားတွေကို အားမဖြည့်ပေးနိုင်ပဲ ပြိုင်ဘက်ကိုအားနည်းအောင် လုပ်နိုင်ပါတယ်။ ဥပမာအားဖြင့် သူ့ရဲ့၀ိညာဥ်စွမ်းရည်က တစ်ဖက်လူတွေကို အကွာအဝေးအတိုင်းအတာတစ်ခုအထိ စိတ်လွှတ်သွားစေနိုင်ပါတယ်။ ဒါကြောင့် အတော်လေးအသုံး၀င်တဲ့စွမ်းရည်တွေကို ပိုင်ဆိုင်ထားတယ်လို့ ပြောလို့ရနိုင်တာပါ။

ဒါပေမယ့် သူ့အနေနဲ့ ဟို့ယွိဟောင်လိုမျိုး စိတ်၀ိညာဥ်အမျိုးအစား ၀ိညာဥ်ပညာရှင်စစ်စစ်နဲ့ တိုက်ရိုက်ရင်ဆိုင်ရမယ်လို့ မတွေးထားခဲ့ပါဘူး။ စက်ကွမ်းကန်က သူ့၀ိညာဥ်စွမ်းရည်ကိုထုတ်သုံးဖို့ ခေါင်းးလောင်းကိုအသုံးပြုဖို့လိုပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ သူ့မျက်လုံးထဲတွေကို အသုံးပြုပြီး တိုက်ခိုက်ရုံပါ။ ခန္ဓာကိုယ်၀ိညာဥ်က ၀ိညာဥ်လက်နက်တွေထက်အများကြီးသန်မာပါတယ်။

ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုက ဒီလိုမျိုးသူ့ရဲ့တိုက်ခိုက်မှုကြောင့် အရှိန်အဟုန်ပျက်လို့မသွားခဲ့ပါဘူး။ ဒါ့အပြင် ဟို့ယွိဟောင်အနေနဲ့ သူ့ပြိုင်ဘက်ကိုတိုက်ခိုက်တဲ့နေရာမှာ လွဲချော်ဖူးတာရှိလို့လား။

ဒါကြောင့်သာ စက်ကွမ်းကန်အနေနဲ့ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထိတ်လန့်မှုကို ရင်ဆိုင်ရချိန်မှာ မရှောင်လွဲနိုင်ခဲ့တာပါ။

၀ိညာဥ်စက်ကွင်းတစ်ကွင်းထဲသာ ရှိသာကြောင့် ဟို့ယွိဟောင်ရဲ့တိုက်ခိုက်မှုက အားနည်းတယ်လို့ယူဆလို့မရနိုင်ခဲ့ပါဘူး။ ရှန်ချဲ့လိုမျိုး ၀ိညာဥ်ဘုရင်အဆင့်ပညာရှင်တစ်ယောက်က သူရဲ့၀ိညာဥ်ထိတ်လန့်မှုကြောင့် ခံစားခဲ့ရတာပါ။

၀မ်သုန့်ရဲ့အကူအညီနဲ့အတူ ဟောင်သုန့်စွမ်းအားရဲ့အားဖြည့်ပေးမှုကြောင့် သူတို့နှစ်ယောက်က ၀ိညာဥ်ဘိုးဘေးတစ်ယောက်ကို ကောင်းကောင်းတိုက်ခိုက်ဖို့လုံလောက်နေခဲ့ပါပြီ။

၀ိညာဥ်စက်ကွင်းတွေကနည်းပေမဲ့ သူတို့ဆီမှာရှိတဲ့၀ိညာဥ်စက်ကွင်းတွေက နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းတွေကြီးပါပဲ။ ဒါ့အပြင် ခရမ်းရောင်နတ်ဆိုးမျက်လုံးကလဲ အားကောင်းလို့လာခဲ့ပါတယ်။

အကုန်လုံးအားဖြည့်ပြီတဲ့နောက် သူ့ရဲ့၀ိညာဥ်စွမ်းရည်တွေက ၀ိညာဥ်ဧကရာဇ်အဆင့်အောက်မှာရှိနေတဲ့ဘယ်ပြိုင်ဘက်ကိုမဆို ကောင်းကောင်းတိုက်ခိုက်နိုင်ဖို့ အင်အားအပြည့်အ၀ရှိနေပါတော့တယ်။ သူ့ရဲ့ပြိုင်ဘက်က ပြင်ဆင်ထားရင်းသာ စိတ်၀ိညာဥ်စွမ်းအားက အဲ့ဒီလောက်အလုပ်မဖြစ်ပါဘူး။

ခရမ်းရွှေရောင်အလင်းတန်းက ရုတ်တရက်ပျံထွက်လို့သွားချိန်မှာတော့ စက်ကွမ်ကန်လဲ မတုန့်ပြန်နိုင်ပဲဖြစ်သွားပါတော့တယ်။ စူးရှတဲ့၀ိညာဥ်စွမ်းရည်က သူ့စိတ်ထဲကို ၀င်ရောက်လာနေခဲ့ပါပြီ။ သူ့ခေါင်းကို သတ္ထုတူကြီးနဲ့ထုချခံလိုက်ရသလိုခံစားလိုက်ပြီတဲ့နောက် နှာခေါင်းကနေသွေးတွေစီးကျလာပါတော့တယ်။ တစ်ကိုယ်လုံးတုန်ရီသွားခဲ့ပြီ ပြုတ်ကျလုမတတ်ဖြစ်သွားခဲ့သလို ပထမ၀ိညာဥ်စွမ်းရည်ကလဲ ချက်ချင်းအဆုံးသတ်လို့သွားခဲ့ပါတယ်။

ဘယ်လိုတောင်အားကောင်းလိုက်တဲ့ စိတ်၀ိညာဥ်တိုက်ခိုက်မှုလဲ ထိတ်လန့်သွားခဲ့တဲ့ စက်ကွမ်းကန်က သူ့လက်ထဲမှာရှိတဲ့ခေါင်းလောင်းကို ဆက်တိုက်ခါနေခဲ့မိတယ်။ အားကောင်းတဲ့အသံလှိုင်းတို့တွေက အပြင်ကိုထွက်ပေါ်လို့လာခဲ့ပြီ ဟို့ယွိဟောင်သုံးယောက်လဲ ခေါင်းတွေပေါက်ကွဲမတတ်ကို ခံစားလို့နေခဲ့ရပါတယ်။ အထူးသဖြင့် ဟို့ယွိဟောင်ပါပဲ။ သူ့ရှေ့လှမ်းတွေက အနည်းငယ်နှေးကွေးလို့သွားခဲ့ပြီ နာနာကျင်ကျင်နဲ့ အော်ဟစ်မိပါပြီ။ ဒါကတော့ ဒုတိယတိုက်ခိုက်မှုဖြစ်တဲ့ ၀ိညာဥ်သေဆုံးမှုပါ။ တစ်ချိန်ထဲမှာပဲ ယန်အယ်ရဲ့ မီးဘောလုံးကပေ့ပေ့ဆီကို ရောက်ရှိလို့လာပါတော့တယ်။ ပေ့ပေ့က ညာဘက်လက်ကိုမြောက်လိုက်ရင်း လျှပ်စီးတန်းတွေကို ချက်ချင်းထုတ်လွှတ်ပါတော့တယ်။ဒီလျှပ်စီးတန်းတွေကလေထဲမှာ တိုက်မိလို့သွားခဲ့ပါပြီ။ ပေ့ပေ့က မရပ်တန့်ခဲ့ပါဘူး။ သူ့ရဲ့နဂါးလက်သည်းကလဲ မီးဘောလုံးနဲ့တိုက်ခိုက်ရင်း အင်အားကုန်ဆုံးလို့သွားခဲ့ပါပြီ။ ပေ့ပေ့က ပိုကောင်းတဲ့သိုင်းပညာ၀ိညာဥ်ကို ပိုင်ဆိုင်လို့ထားခဲ့တာပါ။ ဒါပေမယ့် ယန်အယ်နဲ့ ၀ိညာဥ်စွမ်းအားနဲ့တော့ယှဥ်လို့မရသေးပါဘူး။ နှစ်ဖက်စလုံးက သူတို့ရဲ့ပထမ၀ိညာဥ်စွမ်းရည်တွေကိုသာ ထုတ်သုံးလို့နေခဲ့တာကြောင့် အဆုံးသတ်မှာလက်ရည်ချင်းညီသွားခဲ့ပါပြီ။

ရလဒ်ကိုမြင်ချိန်မှာတော့ ယန်အယ်လဲ သက်ပြင်းချလိုက်မိပါတယ်။ သူတို့ရဲ့ပြိုင်ဘက်က သူနဲ့သိပ်ပြီမကွာခြားတဲ့ တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်ဖြစ်နေပြီဆိုမှတော့ တစ်ဖက်လူက သူ့ကိုဘယ်လိုများ အနိုင်ယူနိုင်မှာလဲ။

ယဲ့၀ူချင်းလဲ လှုပ်ရှားလိုက်ပါပြီ။ သူ့ရဲ့တိုက်ခိုက်တဲ့ပုံစံကတော့ ဘယ်သူမှမမျှော်လင့်ထားတဲ့ပုံစံပါပဲ။ လက်နှစ်ချောင်းထဲမှာရှိတဲ့သစ်ရွက်ကို သူလှုပ်ခါလိုက်ပါတယ်။ အဲ့ဒီနောက် ဒုတိယ၀ိညာဥ်စက်ကွင်းက တောက်ပလို့လာခဲ့ပါပြီ။ အရမ်းကိုတောက်ပနေတဲ့ ခရမ်းရွှေရောင်သစ်ရွက်က မလှုပ်ရှားတဲ့ပုံပေါ်ပေမဲ့ အပြင်ကိုပျံထွက်လို့လာခဲ့ပါတယ်။ ပိုပြီးထူးဆန်းတဲ့အရာကတော့ ယဲ့၀ူချင်းက အမှားလုပ်လိုက်မိတဲ့ပုံပေါ်နေခဲ့တာပါပဲ။ ဒီသစ်ရွက်ရဲ့ နေရာတည်ရှိမှုက ပေ့ပေ့နဲ့ ဟို့ယွိဟောင်ကြားလေးမီတာကို ရောက်ရှိလို့သွားပါတော့တယ်။ ဒါ့အပြင် သူ့ရဲ့ထွက်သွားခဲ့တဲ့ပုံစံကလဲ အင်အားမဲ့တဲ့ မြင်းကွေးတစ်ချောင်းပုံစံနဲ့ထွက်သွားခဲ့တာပါ။

ယဲ့၀ူချင်းက တိုက်ခိုက်ဖို့အကောင်းဆုံးအချိန်ကို ရွေးချယ်ခဲ့ပါတယ်။ ဒါကတော့ စက်ကွမ်းကန် ၀ိညာဥ်သေဆုံးမှုကို ထုတ်လွှတ်တဲ့အချိန်မှာပါပဲဲ။

စက်ကွမ်းကန်ရဲ့ ၀ိညာဥ်သေဆုံးမှုနဲ့ ထိတွေ့ပြီချိန်မှာတော့ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုက တခဏတာရပ်တန့်လို့သွားခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာပဲ ရွှေရောင်သစ်ရွက်က မြေပြင်ပေါ်ကိုရောက်ရှိလို့သွားပါပြီ။ ရွှေရောင်သစ်ရွက် မြေပြင်ပေါ်ရောက်ရှိချိန်မှာကတော့ မာကျောကြွပ်ဆတ်တဲ့ အသံတစ်သံက ထွက်ပေါ်လို့လာပါတော့တယ်။ အဲ့ဒီနောက် မူလကရွှေရောင်အပြည့်နဲ့ တောက်ပနေခဲ့တဲ့ ပေါ့ပေါ့ပါးပါးသစ်ရွက်ကလေးက အရှိန်နှုန်းသုံးဆမြန်ဆန်းပြီ ပေ့ပေ့ဆီကို ပြေး၀င်လို့သွားပါတော့တယ်။

ဒါပေမယ့် ရွှေရောင်သစ်ရွက်က ပေ့ပေ့အပေါ်ဪါကို မရောက်ရှိခဲ့ပါဘူး။ ရုတ်တရက်ပေါ်ထွက်လာခဲ့တဲ့ ဓားငယ်လေးတစ်လက်က တိုက်တိုက်ဆိုင်ဆိုင်တိတိကျကျနဲ့ပဲ ရွှေရောင်သစ်ရွက်ကို အလယ်ကနေ ဖြတ်တိုက်လိုက်ပါတယ်။

ပစ္စည်းနှစ်ခုတိုက်မိချိန်မှာကတော့ ရွှေရောင်သစ်ရွက်က တခဏတာနှေးကွေးလို့သွားခဲ့ပါတယ်။ အဲ့ဒီနောက် ဓားပျံလေးက မမျှော်လင့်ထားနိုင်လောက်အောင်ပဲ အရည်ပျော်လို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် ပြင်းထန်တဲ့ပေါက်ကွဲမှုနဲ့အတူ သန့်စင်တဲ့ရွှေရောင်အလင်းတန်းတွေက နေရာအနှံ့ကိုပြန့်လွှင့်လို့လာပါတော့တယ်။

ဓားကိုပြစ်လွှတ်လိုက်သူကတော့ ဟို့ယွိဟောင်ပါပဲ။ သူ့ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုက တခဏတာ ရပ်တန့်လို့သွားခဲ့ပေမဲ့ သူ့ရဲ့ကိုယ်ပိုင်စိတ်၀ိညာဥ်ထောက်လှမ်းမှုကတော့ အလုပ်ဖြစ်နေဆဲပါ။ အသုံးပြုသူအနေနဲ့ သူ့ရဲ့ကစိတ်၀ိညာဥ်စွမ်းအားက ခြောက်ယောက်ထဲမှာအသန်မာဆုံးဖြစ်နေခဲ့ပါတယ်။ ဒါကြောင့်သာ ရွှေရောင်သစ်ရွက်ရဲ့အနေအထားကို ချက်ချင်း ထောက်လှမ်းပြီတိုက်ခိုက်နိုင်ခဲ့တာပါ။ အရေးကြီးတဲ့အချိန်မှာ ဟို့ယွိဟောင်က ထန်မျိုးနွယ်ရဲ့ လျှို့၀ှက်လက်နက်ထိန်းချုပ်မှုကို အသုံးချရင်းဒီရွှေရောင်သစ်ရွက်ရဲ့စွမ်းအားကို ဖြုန်းတီးပြစ်ခဲ့ပါတယ်။

ယဲ့၀ူချင်းလက်ကနေ အဲ့ဒီသစ်ရွက်ထွက်လာကထဲက တစ်စုံတစ်ရာလွဲနေတာကို သူသတိထားမိပြီသားပါ။ ဒီအထဲမှာ မတည်ငြိမ်တဲ့၀ိညာဥ်စွမ်းအားတွေက အများကြီးပါ၀င်လို့နေခဲ့ပါတယ်။ ဒီ၀ိညာဥ်စွမ်းအားက ထူးထူးခြားခြားပစ်လွှတ်လိုက်တဲ့ ပုံစံကြောင့် အသုံး၀င်နေခဲ့တာပါ။ ဒီရလဒ်အနေနဲ့ ထူးဆန်းတဲ့အရာက သိပ်ပြီမရိုးရှင်းနိုင်ပါဘူး။ ဒါ့အပြင် ၀ိညာဥ်ဧကရာဇ်အဆင့်ရောက်လုနီးပါးပညာရှင်တစ်ယောက် အသုံးပြုထားတဲ့အတွက် ပိုပြီးအံ့ဩစရာကောင်းနေခဲ့ပါတယ်။

အပိုင်း ၉၂•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset