Switch Mode

Chapter – 92.1

သုံးယောက် သုံးယောက်ခြင်း အဆုံးအဖြတ် တိုက်ပွဲ

အပိုင်း ၉၂•၁

” သုံးယောက်သုံးယောက်ချင်း အဆုံးအဖြတ်တိုက်ပွဲ ”
°°°
ဟာရီကိန်မုန်တိုင်းကြီးလိုမျိုး တိုက်ခိုက်လိုစိတ်တွေအပြည့် ပြင်းထန်နေတဲ့ လူသုံးယောက်ရှိနေခဲ့ပါတယ်။ ပေ့ပေ့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကတော့ ခြေလှမ်းကျယ်ကြီးတွေနဲ့ လှမ်းရင်းစင်မြင့်ပေါ်ကို ရောက်ရှိလို့လာခဲ့ပါပြီ။ လှဲကျသွားခဲ့တဲ့ရှုစန်းရှီကို မမေ့နိုင်ကြသလို ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတဲ့ရှောင်းရှောင်းနဲ့ အားအင်ကုန်ခမ်းသွားခဲ့ပြီဖြစ်တဲ့ ဟယ့်ချိုက်ထို့ကိုလဲ မေ့လို့မရနိုင်ခဲ့ပါဘူး။

သူတို့တွေအားလုံးက ကျောင်းတော်အတွက် တိုက်ခိုက်ခဲ့တာပါ။ တစ်ချိန်ထဲမှာပဲ ဒီလိုဂုဏ်ကျက်သရေက ထန်မျိုးနွယ်နဲ့လဲ သက်ဆိုင်လို့နေခဲ့ပါတယ်။ ရှုစန်းရှီနဲ့ ကျန်းနန်နန်ကလွဲပြီ ကျန်ရစ်တဲ့သူတွေငါးယောက်စလုံးက အမျက်ဒေါသကျောင်းတော်ကဖြစ်သလို ထန်မျိုးနွယ်ရဲ့လူတွေကြီးပါပဲ။ ဒါ့အပြင် ထန်မျိုးနွယ်ဆိုတာက လူပေါင်းများစွာနဲ့ မေ့လျော့မှုကို ခံလိုက်ရတဲ့မျိုးနွယ်တစ်ခုလဲ ဖြစ်နေခဲ့ပါတယ်။ ဒီမျိုးနွယ်စုကြီးက ၀ိညာဥ်ပညာရှင်တွေရဲ့ လောကအတွက် အများကြီးတိုးတက်အောင် စွမ်းဆောင်ပေးခဲ့တာပါ။ ထန်မျိုးနွယ်က ရူးသွပ်တဲ့အချိန်ရဲ့တိုက်စားမှုကို ဆက်တိုက်တိုက်ခိုက်လာခဲ့ရင်း အချိန်အတိုင်းအတာတစ်ခုအထိသာ စည်ပင်ကြွယ်၀တိုးတက်ခဲ့ပါတယ်။

ပေ့ပေ့က သူတို့ခုနှစ်ယောက်ထဲမှာ အသက်အကြီးဆုံးသူပါပဲ။ ဒါ့အပြင် ထန်မျိုးနွယ်ရဲ့ အကြီးဆုံးအစ်ကိုကြီးလဲဖြစ်နေခဲ့ပါတယ်။ရလဒ်အနေနဲ့ တခြားသူတွေထက် သူကအများကြီးတွေးဖို့လိုနေခဲ့ပါပြီ။

ဒီပြိုင်ပွဲကိုသူတို့ပထမလာရောက်တဲ့အကြောင်းအရင်းကတော့ အဓိကအဖွဲ့ရဲ့ပွဲစဥ်တွေကို ကြည့်ရှု့ဖို့ပါ ဒါ့အပြင် အနာဂတ်မှာအဓိကအဖွဲ့ရဲ့ လူတွေဖြစ်လာဖို့ပါပဲ။ ဒါပေမယ့် ပြင်းထန်တဲ့လှုပ်ရှားရုန်းကန်မှုတွေကို ကြုံတွေ့ပြီချိန်မှာတော့ သူတို့ရဲ့အနာဂတ်အလားအလာက နောက်ဆုံးမှာထွက်ပေါ်လာခဲ့ပါပြီ။ ပေ့ပေ့လဲ ဒီနေရာမှာရှိတဲ့လူတွေအားလုံးက အံကြိတ်ရင်းတောင့်ခံနိုင်မယ်ဆိုရင် မခန့်မှန်းနိုင်လောက်တဲ့ အကျိုးအမြတ်တွေကို ရနိုင်မယ်လို့နက်နက်ရှိုင်းရှိုင်းကြီးကို ယုံကြည်လို့နေခဲ့ပါတယ်။ သာမန်သင်ကြားမှုနဲ့ လေ့ကျင့်မှုတွေက လူတွေရဲ့စိတ်ကိုပြောင်းလဲတိုးတက်စေပြီ အလားအလာကောင်းစေတဲ့တိုးတက်စေမှုနဲ့လုံး၀ကိုမတူညီပါဘူး။

ဒါ့အပြင် အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်ဆိုတဲ့နာမည်က အရေးကြီးတဲ့အရာလဲ ဖြစ်နေခဲ့တယ်။ ဒီနာမည်ကို ရထားပြီတော့ ဘာမှမလုပ်ပဲသူဘယ်လိုများ နေနိုင်မှာလဲ။ ပထမမျိုးဆက်ရဲ့ အဓိကထောင့်တိုင်ကြီးက ထန်စန်းဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီလိုမျိုးလူတွေကလဲ အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ထဲမှာ အမြဲတမ်းရှိတတ်တယ်။ နောက်ထပ်ထူးခြားတဲ့အချက်တစ်ခုကတော့ ထန်မျိုးနွယ်ရဲ့ လူတွေအားလုံးနီးပါးက အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ဖြစ်ခဲ့တာပါပဲ။ ဒီပြိုင်ပွဲကကျောင်းတော်အတွက် ကြီးမားပြီထူးခြားတဲ့အရာဖြစ်နေခဲ့သလို ထန်မျိုးနွယ်အတွက်လဲအတူတူပါပဲ။

သူတို့သေချာပေါက် အောင်မြင်ရမယ်။ ဒီအတွေးကတော့ ပေ့ပေ့ရဲ့စိတ်ထဲမှာ ဆက်တိုက်ရှိလို့နေခဲ့တယ်။ ထန်ယာ့နဲ့ ပထမဆုံးတွေ့ဆုံခဲ့တဲ့ မြင်ကွင်းကသူ့စိတ်ထဲမှာ ဆက်တိုက်ဆိုသလို ပေါ်နေခဲ့ပါပြီ။

အဲ့ဒီအချိန်မှာ ထန်ယာ့ရဲ့မျက်လုံးတွေက ရီဝေလို့နေခဲ့ပြီ အကူအညီကင်းမဲ့နေတဲ့ပုံစံမျိုးရှိနေခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့ မျက်၀န်းထဲမှာ မယုံကြည်နိုင်လောက်အောင် ခိုင်မာပြီခေါင်းမာလွန်တဲ့ အကြည့်ကို တစ်သက်မမေ့နိုင်လောက်စရာပေ့ပေ့မြင်တွေ့ခဲ့ရတယ်။

လက်ရှိအချိန်မှာ ထန်ယာ့က ပုံမှန်အချိန်မှာ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နေတတ်သူတစ်ယောက်ပါပဲ။ ဒါပေမယ့် သူမရဲ့နှလုံးသားထဲမှာ ဘယ်လောက်တောင်ကြီးမားတဲ့ ၀န်ထုတ်၀န်ပိုးတွေရှိနေလဲဆိုတာကို ပေ့ပေ့တစ်ယောက်သာ သိနေခဲ့တယ်။ ထန်ယာ့က ဟို့ယွိဟောင်ထက်မနည်းအောင် လုံလ၀ိီရိယထုတ်ပြီ ဘယ်လောက်တောင်ကြိုးစားနေရလဲဆိုတာကို ပေ့ပေ့တစ်ယောက်သာသိပါတယ်။ သူမရဲ့မူလပင်ကိုယ်အရည်အချင်းပါရမီကြောင့်သာ အရမ်းကိုပါရမီထူးခြားနေတဲ့ကျောင်းသားနဲ့ မယှဥ်ပြိုင်နိုင်ခဲ့တာပါ။ ထန်ယာ့က ဘာကိုမှစောဒကမတက်ခဲ့ပါဘူး။ ဒါပေမယ့် အမှန်တကယ်မှာကတော့ သူမပိုင်ဆိုင်ထားခဲ့တဲ့ မောက်မာမှုက ထန်မျိုးနွယ်ရဲ့ ဂုဏ်သိက္ခာ​ကြောင့်ပါပဲ။

ပေ့ပေ့က ထန်ယာ့ကို ဒီကိစ္စတွေအကြောင်း ဘယ်တော့မှမပြောပဲရှိနေခဲ့ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်ကလဲ အသက်ဆယ့်ငါးနှစ်သာရှိသေးတာကြောင့် တစ်နေ့မှာသူမအတွက် မိုးကောင်းကင်ကိုကူပြီထမ်းပေးနိုင်မဲ့ အမျိုးသားတစ်ယောက်ဖြစ်လာစေရမယ်လို့ သူ့ကိုယ်သူကျိန်ဆိုလို့ထားခဲ့တယ်။ ထန်ယာ့ကို ရွေးချယ်ပြီတဲ့အချိန်ကနေစပြီ ထန်မျိုးနွယ်ပြန်လည်ထူထောင်လာမှုအတွက် လုပ်နိုင်သမျှအရာအားလုံးကို သူလုပ်မှာပါ။ ဒါ့အပြင် ပိုပြီးနက်ရှိုင်းတဲ့ အကြောင်းအရင်းကလဲ ရှိနေပါသေးတယ်။ ထန်မျိုးနွယ်အတွက် သူ့ရဲ့စိတ်အားထက်သန်မှုက ထန်ယာ့တစ်ယောက်ထဲအတွက်တင်မဟုတ်ခဲ့ပါဘူး။

မိုးထိလွှာကျောင်းတော်ရဲ့ အဖွဲ့၀င်ခုနှစ်ယောက်ထဲမှာ လေး​ယောက်ကတော့ ထွက်ခွာသွားခဲ့ပါပြီ။ ကျန်ရစ်တဲ့သူတွေကတော့ယဲ့၀ူချင်းနဲ့ သူဦးဆောင်လာနေတဲ့နှစ်ယောက်ပါပဲ။ ယဲ့၀ူချင်းအနေနဲ့ ဒီပြိုင်ပွဲပွဲစဥ်တစ်လျှောက်လုံးမှာ ပထမဆုံးစင်ပေါ်ကိုတက်လာတာလဲ ဟုတ်ပါတယ်။ ယဲ့၀ူချင်းက အရမ်းကြီးအရပ်ရှည်တဲ့သူတော့ မဟုတ်ခဲ့ပါဘူး။ ဒါ့အပြင် သူ့ခန္ဓာကိုယ်က အတော်ကိုကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးနေခဲ့ပါပြီ။ ကိုယ်ကြပ်စစ်သည်တော်၀တ်ရုံကို ၀တ်ဆင်လို့ထားတာကြေင့် သူ့ခန္ဓာကိုယ်က တခြားသာမန်သူတွေနဲ့ သိပ်ပြီကွာခြားတဲ့ပုံမပေါ်သလို အရမ်းကြီးလဲ ချောမောခန့်ညားမနေခဲ့ပါဘူး။ သူ့ရဲ့မျက်နှာမှာ ပိုပြီးကောင်းကောင်းတည်ဆောက်ထားတာကတော့ သူ့မျက်နှာပါ။ ဒါ့အပြင် စိတ်ခံစားချက်တစ်ခုမှမရှိသလိုမျက်နှာသေလဲ ဖြစ်နေပါတယ်။ မျက်လုံးတွေကလဲ အရာအားလုံးကို ထွင်းဖောက်မြင်နေရသလိုမျိုး တည်ငြိမ်လို့နေခဲ့ပြီ အစောပိုင်းမှာဖြစ်ခဲ့သမျှအရာအားလုံးက သူ့ကိုမသက်ရောက်စေတဲ့အတိုင်းရှိနေခဲ့ပါတယ်။

လူတိုင်းက ဒီလိုမျိုးတည်ငြိမ်မှုနဲ့ မွေးဖွားလာခဲ့တာမဟုတ်ပါဘူး။ ယဲ့၀ူချင်းအကြောင်းကို ၀မ်ယန်သိနားလည်ခဲ့တဲ့ သတင်းအချက်အလက်တွေက အခုအချိန်မှာကတော့ အတော်လေးနှမြောစရာကောင်းနေခဲ့ပါပြီ။ နောက်ဆုံးတော့လဲ မိုးထိလွှာကျောင်းတော်က အမျက်ဒေါသကျောင်းတော်ရဲ့ မူလအဖွဲ့ကိုဘယ်တော့မှ ခြိမ်းခြောက်နိုင်တဲ့အနေအထားမျိုးမှာ ရှိမနေခဲ့ပါဘူး။

ယဲ့၀ူချင်းရဲ့အနောက်ဖက်မှာကတော့ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ရပ်နေခဲ့ပါတယ်။ အမျိုးသားကတော့ အတော်လေးကို ကြည့်လို့မကောင်းတဲ့ရုပ်ရည်ရှိနေခဲ့တယ်။ မျက်လုံးချင်းချင်း နှာခေါင်းပွပွ နှုတ်ခမ်းထူထူနဲ့ အရပ်ကတော့ အတော်လေးကို ပုပါတယ်။ ဆံပင်ကလဲ အတော်ကိုပါးနေခဲ့ပြီ အသက်နှစ်ဆယ်အရွယ်နဲ့ မလိုက်ဖက်လောက်အောင်ကို အတော်လေးအိုမင်းလို့နေခဲ့တယ်။

သူ့ရဲ့နာမည်ကတော့ စက်ကွမ်ကန်ပါ ဒါ့အပြင် အထောက်အကူပြုထိန်းချုပ်ရေးလက်နက်ပညာရှင်တစ်ယောက် ဖြစ်နေခဲ့ပါတယ်။ မိုးထိလွှာကျောင်းတော်ရဲ့ ကျောင်းသားတွေထဲမှာ အရှေ့ပြိုင်ပွဲတွေတစ်လျှောက်လုံး ၀မ်ယန်ရဲ့စိတ်ထဲကို အနက်ရှိုင်းဆုံးထိုးနှက်နိုင်တဲ့သူက သူဖြစ်နေခဲ့ပါတယ်။ သူ့ရဲ့အရည်အချင်းတွေက ၀မ်ယန်မြင်ဖူးသမျှထဲမှာ အကောင်းဆုံးပါပဲ။

ယဲ့၀ူချင်းရဲ့ အနောက်တစ်ဖက်မှာရပ်နေခဲ့တဲ့ အမျိုးသမီးကျောင်းတော်သားကတော့ အများကြီးပိုလှပါတယ်။ ရှည်လျားပြီမီးလျှံလိုတောက်ပနေတဲ့ ဆံပင်တွေကသူ့ရဲ့ပုခုံးပေါ်ကို ၀ဲကျလို့နေခဲ့ပါပြီ။ ဒါ့အပြင် ဆွဲဆောင်မှုရှိတဲ့ မျက်နှာအသွင်အပြင်က အတော်ကို ကြည့်ပျော်ရှု့ပျော်ရှိပါတယ်။ ကျန်းနန်နန်လို အဆုံးစွန်းလှပနေတဲ့ မိန်းမချောလေးတစ်ယောက်မဟုတ်ပေမဲ့ ငယ်ရွယ်နုပျိုတဲ့အငွေ့အသက်တွေက တစ်ကိုယ်လုံးမှာပြည့်နေဆဲပါ။ ဒါ့အပြင် ခန္ဓာကိုယ်က အတော်လေးကိုဖွံ့ဖွံ့ဖြိုးဖြိုးဖြစ်တာကြောင့် လူတွေကိုပိုပြီးစိတ်လှုပ်ရှားစေပါတယ်။

သူ့နာမည်ကတော့ ယန်အယ်ပါ။ ဒါ့အပြင် တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်ဖြစ်ပြီ အဝေးပစ်တိုက်ခိုက်မှုမှာ ထူးချွန်တဲ့သူပါပဲ။ ထန်ရှောင်းလဲ့ရဲ့ မြားပြစ်တဲ့ပုံစံနဲ့ အတော်လေးတူပေမဲ့ သူမမှာ ဒီလောက်ပေါက်ကွဲတဲ့ စွမ်းအားမရှိပါဘူး။ ဒါပေမယ့် တကယ်တမ်းရေရှည်တိုက်ပွဲမျိုးမှာကတော့ သူမက ပိုပြီးတော်ပါတယ်။

စက်ကွမ်ကန်နဲ့ ယန်အယ်တို့နှစ်ယောက်စလုံးက ၀ိညာဥ်စက်ကွင်းလေးကွင်းရှိတဲ့ ၀ိညာဥ်ဘိုးဘေးပါ။ ဒါပေမယ့် သူတို့ရဲ့ကျင့်ကြံဆင့်က အဆင့်လေးဆယ်ခြောက်ကို ရောက်ရှိနေပါပြီ။ တခြားတစ်ဖက်မှာ ယဲ့၀ူချင်းကတော့ အဆင့်ငါးဆယ်ရှစ်ရှိတဲ့ တိုက်ခိုက်ရေး၀ိညာဥ်ဘုရင်ဖြစ်ပါတယ်။

၀ိညာဥ်ဘုရင်သုံးယောက်ဆိုတဲ့ အကောင်းဆုံးထုတ်ဖော်မှုကို မလုပ်ခဲ့ပေမဲ့ ယဲ့၀ူချင်းက ဒီအုပ်စုကိုကောင်းကောင်းဦးဆောင်နိုင်ခဲ့ပါတယ်။ စိတ်ဓာတ်ရေရာမှာ သူ့ကိုအနိုင်ရဖို့က မလွယ်ကူလှပါဘူး။

မိုးထိလွှာကျောင်းတော်အတွက်တော့ လက်ရှိအချိန်မှာ သမိုင်းသစ်တစ်ခုကိုတည်ဆောက်နိုင်ဖို့အခွင့်အရေးက ရောက်လာပါပြီ။ အကယ်၍ သူတို့သာ အမျက်ဒေါသကျောင်းတော်ကို အနိုင်ယူနိုင်တဲ့ ပထမဆုံးကျောင်းတော်ဖြစ်လာခဲ့မယ်ဆိုရင် နှစ်ပေါင်းထောင်ချီကြာအောင်မရှုံးနှိမ့်နိုင်ပဲရှိခဲ့တဲ့ ဒီကျောင်းတော်ကြီးရဲ့ တောက်ပမှုက သူတို့ကိုတစ်ဘ၀တာလုံး လေးစားမှုရစေမှာပါ။

နှစ်ဖက်စလုံးက စင်မြင့်ရဲ့အလယ်ဆီကို လျှောက်လာခဲ့ပါပြီ။ တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်ဆိုင်လဲကြည့်နေခဲ့ပါတယ်။ နှစ်ဖက်ခေါင်းဆောင်တွေက တစ်ယောက်ကိုတစ်ယောက်သိထားပြီဖြစ်တာကြောင့် ပေ့ပေ့က စကားမပြောခဲ့ပါဘူး။ တခြားတစ်ဖက်မှာလဲ စကားစပြောလာခဲ့သူကတော့ ယဲ့၀ူချင်းဖြစ်နေခဲ့ပါတယ်။

” အမျက်ဒေါသကျောင်းတော်ကတော့ အမျက်ဒေါသကျောင်းတော်ပါပဲ ဘာကြောင့် ကျောင်းတော်ကမင်းတို့လိုဒီလောက်ငယ်ငယ်လေးတွေကို ပြိုင်ပွဲထဲပို့လိုက်လဲငါမသိပေမဲ့ မင်းတို့ရဲ့လုပ်ဆောင်ချက်တွေက ငါတို့ကိုလေးစားစေတာအမှန်ပါပဲ အကယ်၍ မင်းတို့သာ ရှုံးသွားမယ်ဆိုရင်တောင် အမျက်ဒေါသကျောင်းတော်အတွက် ဘာမှမျက်နှာပျက်စရာမရှိဘူး..ငါ့နာမည်က ယဲ့၀ူချင်းပါ မိုးထိလွှာကျောင်းတော်ရဲ့ အဖွဲ့ခေါင်းဆောင် ”

” ငါက ပေ့ပေ့ အနိုင်အရှုံးကတော့ ပြိုင်ပွဲပြိီမှဆက်ကြည့်ကြတာပေါ့ ”

ပေ့ပေ့က ဆက်ပြီပြောလိုက်ပါတယ်။ ယဲ့၀ူချင်းကတော့ ခေါင်းညိတ်လိုက်တယ်။

” အစောပိုင်းက ပြိုင်ပွဲတွေကို ငါတို့လေးစားတဲ့အတွက် မင်းတို့ကို အစွမ်းကုန်တိုက်ခိုက်ပါ့မယ်..မင်းတို့မှာ အမျက်ဒေါသကျောင်းတော်ပိုင်ဆိုင်တဲ့ ဂုဏ်ကျက်သရေရှိသလို ငါတို့မှာလဲ ငါတို့ကျောင်းတော်ရဲ့ ဂုဏ်ကျက်သရေရှိတယ်..ဒါကြောင့် ဒီပြိုင်ပွဲကိုငါတို့သေချာပေါက် နိုင်မှာပါ ”

ပေ့ပေ့ရဲ့နှုတ်ခမ်းထောင့်တွေက တွန့်ကွေးတက်လို့သွားခဲ့ပါတယ်။

” မဟုတ်တရမ်းတာတွေ မင်းအတော်ပြောတာပဲ ”

ယဲ့၀ူချင်းရဲ့မျက်လုံးတွေက တခဏတာအေးစက်လို့သွားခဲ့ပါတယ်။ အဲ့ဒီနောက် ညာဘက်လက်မကို ထောင်ပြလိုက်ရင်း အောက်ဖက်ကိုပြန်ပြီး စိုက်ပြစ်လိုက်တယ်။

ဒါပေမယ့် ပေ့ပေ့ကတော့ စတင်ပြီရယ်မောနေခဲ့ပါပြီ။

” မင်းတို့လိုလူတွေက အမြဲတမ်းပဲ တခြားသူကမင်းတို့ကိုလာပြီ အကြွေးတင်နေတဲ့အချိုးမျိုးနဲ့ လာချိုးနေတတ်တယ်ပေါ့ ဒီတော့ တစ်ဖက်လူကမင်းရဲ့စိတ်ဓာတ်ပိုင်ဆိုင်ရာတိုက်ခိုက်မှုကို ခံလိုက်ရတာပဲ ကောင်းပြီလေ ဒီတစ်ခေါက်ပြိုင်ပွဲမှာမင်းကိုစင်ပေါ်ကနေ ကန်ချပြီ ကောင်းကောင်းအရှက်ကွဲအောင်လုပ်ပေးမယ်..ဒါ့အပြင် ဘောင်းဘီတွေစိုရွှဲတဲ့အထိ သေးထွက်၀မ်းထွက်တာကတော့ မင်းတို့အတွက်သိပ်ပြီရှက်စရာကောင်းလောက်မှာမဟုတ်ဘူးမလား ”

ရှုစန်းရှီက အတော်လေးကို နှာဘူးကျတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် စကားစစ်ထိုးပြီ သူများကိုကောင်းကောင်းထိုးချနိုင်အောင် ပြောတတ်တဲ့နေရာမှာကတော့ ပေ့ပေ့နဲ့ယှဥ်မယ်ဆိုရင် အများကြီးလိုနေပါသေးတယ်။ ယဲ့၀ူချင်းလိုမျိုး တစ်နေ့တစ်နေ့ တစ်ချိန်လုံးလေ့ကျင့်တာနဲ့သာ အချိန်ကုန်နေတဲ့လူမျိုးနဲ့သာဆိုရင် သူယှဥ်နိုင်ဖွယ်ရာမရှိလှပါဘူး။

ယဲ့၀ူချင်းရဲ့ တည်ငြိမ်နေတဲ့မျက်နှာက စတင်ပြီနီရဲလို့နေခဲ့ပါပြီ။ သူ့အဖွဲ့သားနှစ်ယောက်ကလဲ မျက်နှာအကြောတွေကို မနည်းတောင့်ခံပြီရှုံ့ထားကြရင်း မရယ်မိအောင်ထိန်းနေခဲ့ပါတယ်။ ယဲ့၀ူချင်းရဲ့ အမြဲတမ်းလိုလိုမျက်နှာသေကြီးဖြစ်နေတဲ့ ရေခဲတုံးမျက်နှာကို သူတို့မကြိုက်တာအမှန်ပါ။

ဒိုင်ကတော့ နှစ်ဖက်စလုံးစကားစစ်ထိုးနေတာကို တားဆီးလိုက်ပါတော့တယ်။

” ပြန်သွားပြီပြိုင်ပွဲအတွက် ပြင်ဆင်ကြတော့ ”

ယဲ့၀ူချင်းကတော့ ပေ့ပေ့ကိုလက်ညိုးတစ်ထိုးထိုးနဲ့သာ နောက်ကိုပြန်ဆုတ်သွားခဲ့ပါတယ်။

ပေ့ပေ့ကတော့ သူ့ဘာသာသူ ပြောသလိုလိုနဲ့ပြောလာခဲ့တယ်။

” ငါ့ကိုဒီလိုလက်ညိုးထိုးတဲ့သူတွေကို အမုန်းဆုံးပဲ သေချာပေါက် အဲ့ဒီလက်ကို ငါရအောင်ချိုးပြစ်မယ် ”

နှစ်ဖွဲ့စလုံးဆုတ်ခွာလို့သွားချိန်မှာ စင်ကလဲလုံး၀ကိုအကောင်းပြန် ဖြစ်လို့သွားခဲ့ပါပြီ။ ကျောင်းသားခြောက်ယောက်ရဲ့ တိုက်ခိုက်လိုစိတ်တွေကတော့ လူတွေကို မီးလျှံလိုမျိုး စတင်ပြီလောင်ကျွမ်းပါတော့တယ်။ လက်ရှိအချိန်မှာကတော့ ယမ်းမှုန့်ရဲ့အနံ့ကတောင် လူတွေရဲ့နှာခေါင်းထဲ၀င်လာမတတ်ဖြစ်နေခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာဘယ်သူကမှ ရှုံးနှိမ့်လို့မဖြစ်ပါဘူး။

အစောပိုင်းတုန်းက ဒီပြိုင်ပွဲကိုလျစ်လျူရှု့ဖို့ ၀မ်ယန်တောင်မှ လက်ရှိအချိန်မှာ အံကြိတ်ပြီလက်သီးဆုပ်ရင်းနဲ့ ဖင်တကြွကြွဖြစ်နေခဲ့ပါပြီ။ သူ့ရဲ့စိတ်ထဲမှာကတော့ ဆက်တိုက်ဆိုသလို ဆုတောင်းနေခဲ့မိပါတယ်။ ကလေးတို့ မင်းတို့ဒီနေရာအထိရောက်လာပြီးပြီ အကောင်းဆုံးလဲလုပ်ပေးပြီးပြီ သေချာပေါက် ပြိုင်ပွဲကိုနိုင်ရမယ်။ မင်းတို့က ကျောင်းတော်ရဲ့ဂုဏ်သိက္ခာတွေပဲ။

၀ိညာဥ်ဘုရင်တစ်ယောက်နဲ့ ၀ိညာဥ်ဘိုးဘေးနှစ်ယောက်က ၀ိညာဥ်ဘိုးဘေးတစ်ယောက်နဲ့ ၀ိညာဥ်အကြီးအကဲတစ်ယောက်နဲ့ ၀ိညာဥ်မဟာပညာရှင်တစ်ယောက်ပါတဲ့အဖွဲ့ကို ရင်ဆိုင်နေခဲ့ရတာပါ။ နှစ်ဖက်စလုံးမှာတော့ ကြီးမားတဲ့ကွာခြားချက်က ရှိနေခဲ့တယ်။ ဒါပေမယ့် အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်က အစောပိုင်းတွေမှာလဲ ဒီလိုတူညီတဲ့အရေးနှိမ့်အခြေအနေမျိုးမှာ ရှိနေခဲ့တာပါ။ သူတို့အနေနဲ့ ဒီပြိုင်ပွဲမှာ အံ့ဖွယ်ရာကိုမဖန်တီးနိုင်ဘူးလို့ ဘယ်သူကပြောနိုင်မှာလဲ။

အမှန်ပါပဲ သူတို့အနေနဲ့ အနိုင်ရဖို့အတွက် အံ့ဖွယ်ရာတစ်ခုကိုလိုအပ်မှာပါ။ ဒါပေမယ့် အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်က အမြဲတမ်းအံ့ဖွယ်ရာကို ဖန်တီးတဲ့နေရာမှာ တော်နေခဲ့တယ်မဟုတ်လား။ ဒိုင်လူကြီးက အမျက်ဒေါသကျောင်းတော်ရဲ့ လူသုံးယောက်ကိုအတော်လေး စူးစူးစိုက်စိုက်စိုက်ကြည့်နေပါတယ်။ အဲ့ဒီနောက် အသက်ပြင်းပြင်းရှုသွင်းလိုက်ရင်း သူအော်လိုက်တယ်။

” ပြိုင်ပွဲစတင်ပြီ ”

ကြယ်တာရာလော့ရင်ပြင်ကျယ်ထဲမှာရှိနေခဲ့တဲ့ လူပေါင်းသိန်းချီကတော့ တစ်စုံတစ်ရာကိုသာ အာရုံစိုက်နေခဲ့ပါတယ်။ ဒိုင်လူကြီးမင်းကလဲ ဘယ်လိုမျက်တောက်ခတ်ရမလဲဆိုတာတောင် မေ့နေခဲ့ပါပြီ။ တစ်စုံတစ်ခုကိုမျက်တောင်ခတ်လိုက်လို့မမြင်လိုက်ပဲဖြစ်မှာကို ကြောက်ရွံ့နေခဲ့မိပါတယ်။

ဒီပြိုင်ပွဲကတော့ အရမ်းကိုစိတ်လှုပ်ရှားစရာကောင်းနေခဲ့တယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ ဂုဏ်သိက္ခာအကြောင်းကိုတော့ သူတို့မေ့လျော့သွားခဲ့ပါပြီ။ လက်ရှိအချိန်မှာကတော့ အားလုံးရဲ့အစွမ်းကုန်တိုက်ခိုက်မှုကိုသာ မျှော်လင့်လို့နေခဲ့ပါတော့တယ်။

မြို့နံရံပေါ်မှာကတော့ ဧကရာဇ်တောင်မှ သူ့ရဲ့ပလ္လင်ကိုလက်နဲ့ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်းနဲ့ စိုက်ကြည့်လို့နေခဲ့ပါတယ်။ တကယ်ပဲအံ့ဖွယ်ရာတစ်ခုကဖြစ်လာနိုင်မှာလား။

သူလေ့လာစုံစမ်းထားတဲ့အရဆိုရင် အမျက်ဒေါသကျောင်းတော်က ဒီပြိုင်ပွဲကိုနိုင်နိုင်စရာအကြောင်းမရှိပါဘူး။ ဒါပေမယ့် ဘယ်၀ိညာဥ်ဘုရင်ကိုမှ မကြောက်တဲ့အကြောင်းကို အစောပိုင်းပြိုင်ပွဲတွေမှာ ထုတ်ဖော်ပြသထားခဲ့တာပါ။ ၀ိညာဥ်စက်ကွင်းနှစ်ကွင်းသာရှိခဲ့တဲ့ ၀ိညာဥ်မဟာပညာရှင်တစ်ယောက်က ၀ိညာဥ်ဘုရင်တစ်ယောက်ကို အားအပြည့်နဲ့၀င်တိုက်၀ံ့မှာလား။ ဘယ်လောက်လန့်စရာကောင်းလိုက်မလဲ။

နှစ်ဖက်စလုံးက သူတို့ရဲ့သိုင်းပညာ၀ိညာဥ်တွေကို ထုတ်လွှတ်လိုက်ပါပြီ။ ပေ့ပေ့ကတော့ တစ်ကိုယ်လုံးလျှပ်စီးတန်းတွေအပြည့်နဲ့ သူ့ရဲ့လျှပ်စီးပြာဧကရာဇ်ခန္ဓာကိုယ်ကို ထုတ်လွှတ်ပါတော့တယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကလဲ သူတို့တစ်ယောက်နဲ့တစ်ယောက်လက်ကိုသာ သဘာ၀ကျကျကိုင်ထားရင်း သိုင်းပညာ၀ိညာဥ်တွေကို ထုတ်လွှတ်လိုက်ပါပြီ။ ဒါပေမယ့် လူတွေမျှော်လင့်ထားသလို သွေးနီရောင်၀ိညာဥ်စက်ကွင်းတွေက ပေါ်မလာခဲ့ပဲ ဖြူဖျော့နေတဲ့အဖြူရောင်၀ိညာဥ်စက်ကွင်းကသာပေါ်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာကတော့ ဟို့ယွိဟောင် ၀မ်သုန့်တို့ရဲ့ခန္ဓာကိုယ်ဘေးပတ်လည်မှာ အဖြူရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းကသာရိုးရိုးရှင်းရှင်းရှိနေခဲ့တယ်။

” ဒါကမဖြစ်နိုင်ဘူးမလား ”

ရုတ်တရက်ဆိုသလို တအံ့တဩအော်သံတွေက ထွက်ပေါ်လို့လာခဲ့ပါပြီ။ ဒီလိုကြီးမားပြီကြောက်စရာကောင်းလွန်လှတဲ့ နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းအနီတွေက ဘယ်လိုကြောင့်များ အဖြူရောင်၀ိညာဥ်စက်ကွင်းအဖြစ်ကို ပြောင်းလဲသွားတာလဲ။ ယဲ့၀ူချင်းတောင်မှ တခဏတာ တွေဝေလို့သွားခဲ့ပါတယ်။ ကြည့်နေတဲ့သူတွေကလဲ တအံ့တဩအော်မိကြပါပြီ။ ၀ိညာဥ်စက်ကွင်းနှစ်ကွင်းရှိတဲ့ရှောင်းရှောင်းက အစောပိုင်းပြိုင်ပွဲမှာပေါ်လာခဲ့ဖူးပေမဲ့ အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းသားတစ်ယောက်က အဖြူရောင်၀ိညာဥ်စက်ကွင်းရှိတာမဖြစ်သင့်ပါဘူး။

အပိုင်း ၉၂•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset