အပိုင်း ၉၁
” အမျက်ဒေါသကျောင်းတော်ရဲ့ ဂုဏ်ကျက်သရေ ”
°°°
စင်ပေါ်မှာရှိနေခဲ့တဲ့ အလင်းရောင်တွေက နောက်ဆုံးမှာပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ခရမ်းရောင်အလင်းတန်းက အရင်ဆုံးမှာအားနည်းလို့သွားခဲ့ပါတယ်။ ဒါပေမယ့် အကာအကွယ်အတားအဆီးကိုတော့ အပေါက်သုံးပေါက်ရတဲ့အထိ ဖောက်ထွက်လို့သွားခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ ပတ်၀န်းကျင်မှာရှိနေခဲ့တဲ့ အတားအဆီးက အတော်ကိုခိုင်မာနေဆဲပါ။ ဖောက်ထွက်ခံလိုက်ရပေမဲ့ အပြင်ဘက်ကိုရောက်ရှိချိန်မှာတော့ စွမ်းအားတွေအတော်များများလျော့ကျလို့သွားခဲ့ပြီ ကြည့်ရှု့နေသူတွေဆီကို သက်ရောက်မှုမရှိတော့ပါဘူး။
တစ်ဖက်မှာရှိနေခဲ့တဲ့ အဖြူရောင်အလင်းတန်းကတော့ ဖြည်းဖြည်းချင်းပျောက်ကွယ်လို့သွားခဲ့ပြီ ကြီးမားတဲ့ဆင်ကြီးတစ်ကောင်ရဲ့ပုံစံက ပေါ်လာပါတော့တယ်။ ဒါကသေချာပေါက်ယုံမှားသံယသဖြစ်စရာမလိုလောက်အောင်ပဲ ၀ိညာဥ်သူတော်စင်အဆင့်ကို ရောက်နေပြီဖြစ်တဲ့ ဒ်ိုင်လူကြီးရဲ့သိုင်းပညာ၀ိညာဥ်ခန္ဓာကိုယ်ပေါ်ထွက်လာမှုပါ။ သူက ထန်ရှောင်းလဲ့ရဲ့ နေရာမှာအစား၀င်ပြီ ဒီသေစေနိုင်လောက်တဲ့တိုက်ကွက်ကို အစား၀င်ခံပေးခဲ့ပါတယ်။
ဒိုင်ရဲ့သိုင်းပညာ၀ိညာဥ်ခန္ဓာကိုယ်အစစ်က လက်ရှိအချိန်မှာ အလွှာအထပ်ထပ်ပေါ်နေခဲ့ပါပြီ။ ကြီးမားတဲ့ ယပ်တောင်ပုံသဏ္ဍာန်နေရာကြီးတစ်ခုလုံးက သူ့ရှေ့တည့်တည့်မှာဖျက်ဆီးလို့ခံထားရပါတယ်။ နေရာကြီးရဲ့ အကျယ်ပြန့်ဆုံးအပိုင်းက လေးဆယ်မီတာကျယ်ပြန့်ပြီ အနက်ရှိုင်းဆုံးနေရာမှာကတော့ ငါးမီတာကျော်နက်နေခဲ့ပါတယ်။ ကြီးမားတဲ့အက်ကွဲကြောင်းကြီးတွေကတော့ ပတ်၀န်းကျင်ဖျက်ဆီးခံရတဲ့ နယ်မြေတစ်လျှောက်မှာ ပေါ်ထွက်လို့နေခဲ့ပါပြီ။ ဒိိီမြင်ကွင်းကတကယ်ကိုလန့်စရာကောင်းလွန်လှပါတယ်။ ဒါ့အပြင် စွမ်းအားအထူးချွန်ဆုံးစုဆောင်းရေး၀ိညာဥ်အမြောက်က ပြီးပြည့်စုံအောင်ပြုလုပ်ထားတာတော့ မဟုတ်ပါဘူး။ သူ့ရဲ့အစွမ်းတိုက်ခိုက်မှုကတော့ အာမခံပါပဲ။
အထူးစွမ်းအားစုစည်းမှု၀ိညာဥ်အမြောက်ကို ထပ်ပြီတိုးတက်အောင်လုပ်လိုက်မယ်ဆိုရင် ၀ိညာဥ်သူတော်စင်တစ်ယောက်တောင်မှ သူ့ရဲ့တိုက်ရိုက်တိုက်ခိုက်မှုကို တောင့်ခံနိုင်မှာမဟုတ်ပါဘူး။ ဒါက ၀ိညာဥ်လက်နက်တွေရဲ့ အင်အားအကြီးဆုံးအချက်ပါပဲ။ ၀ိညာဥ်စက်ကွင်းငါးကွင်းရှိတဲ့ ၀ိညာဥ်ဘုရင်တစ်ယောက်တောင်မှ အားကောင်းတဲ့၀ိညာဥ်လက်နက်ကိုအသုံးပြုပြီး ၀ိညာဥ်သူတော်စင်တစ်ယောက်ကို ခြိမ်းခြောက်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်သူကမှတော့ ၀ိညာဥ်သူတော်စင်တစ်ယောက်က သူ့ကိုထိခိုက်အောင်လုပ်ဖို့အတွက် ၀ိညာဥ်ဘုရင်တစ်ယောက်ကို အမြောက်အားဖြည့်ဖို့အချိန်ပေးနေမှာလား။
ဒီဒိုင်ကတော့ ကံမကောင်းစွာနဲ့ပဲ ၀ိညာဥ်အမြောက်ရဲ့အစွမ်းကို ပထမဆုံးခံလိုက်ရသူဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် တိုက်ကွက်ကိုခုခံနေတဲ့အချိန်မှာ တန်ပြန်တိုက်ခိုက်နိုင်စွမ်းလဲမရှိပါဘူး။ သူ့အတွက် ကံကောင်းတဲ့အရာကတော့ ခုခံရေးအမျိုးအစား၀ိညာဥ်ပညာရှင်ဖြစ်နေခဲ့တာပါပဲ။ အထူးသဖြင့် သိုင်းပညာ၀ိညာဥ်ခန္ဓာကိုယ်ကို ထုတ်လွှတ်ပြီချိန်မှာတော့ ခုခံနိုင်စွမ်းကလဲ ကြောက်စရာကောင်းလောက်အောင် တိုးတက်လို့သွားပါတော့တယ်။
အ၀ါရောင်အလင်းတန်းက ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ဒိုင်ရဲ့မျက်နှာပေါ်မှာလဲ ဖုံအလိမ်လိမ်ဖြစ်နေပါတော့တယ်။ သိုင်းပညာ၀ိညာဥ်ကို ပြန်သိမ်းလိုက်တဲ့သူ့မျက်နှာပေါ်မှာ ဒေါသအရိပ်အယောင်တစ်ချက်တောင်ရှိမနေခဲ့ပါဘူး။ ရှောင်းရှောင်းပေါ်ကို ကျောက်တုံးတွေပြိုကျမလာအောင် သူခန္ဓာကိုယ်သုံးပြီး ကာကွယ်ပေးထားတဲ့ဟယ့်ချိုက်ထို့ကိုကြည့်ရင်း အမျက်ဒေါသကျောင်းတော်ရဲ့ ဒီကျောင်းသားနှစ်ယောက်ကို စိတ်ထဲမှာလက်မထောင်လိုက်မိပါတော့တယ်။
ထန်ရှောင်းလဲ့ကတော့ ဒိုင်ရဲ့အနောက်ဖက်ကနေ မျက်နှာသေနဲ့ထွက်လာခဲ့ပါတယ်။ အကယ်၍ ဒီတိုက်ခိုက်မှုသာ သူ့ခန္ဓာကိုယ်ပေါ်ကို ကျရောက်ခဲ့မယ်ဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာ တွေးကြည့်လို့တောင်မရပါဘူး။ ဒါ့အပြင် သူ့ရဲ့မြားသုံးချောင်းက အတော်ကို အင်အားကြီးမားပေမဲ့ အကယ်၍ ဒီစွမ်းအားနဲ့သာ ထိပ်တိုက်တွေ့ခဲ့မယ်ဆိုရင် ရလဒ်ကတစ်ခုထဲဖြစ်မှာကို သူသိနေခဲ့တယ်။ ဒါကတော့ ကြီးမားတဲ့ပေါက်ကွဲမှုပါပဲ။ သူ့ရဲ့မြားသုံးစင်းကလဲ ဒီ၀ိညာဥ်အမြောက်ကို ဖောက်မထွက်နိုင်ပါဘူး။
ဒိုင်က သူ့ဘက်ကိုလှည့်ကြည့်ရင်း ပြောလာခဲ့ပါတယ်။
” ငါမင်းအစားပြိုင်ဘက်ရဲ့တိုက်ခိုက်မှုကို ကူညီကာကွယ်ပေးလိုက်တဲ့အချိန်ကနေစပြီ ပြိုင်ပွဲကနေ မင်းထုတ်ပယ်ခံလိုက်ရပြီ ”
ထန်ရှောင်းလဲ့က ချက်ချင်းတုန်ရီလို့သွားပါတယ်။ ဒီတစ်ကြိမ်မှသာ သူ့ပြိုင်ပွဲထဲရှိနေမှန်း သတိထားမိတာပါ။ ဒါကြောင့် ခပ်မြန်မြန်ပဲ သူတလေးတစားနဲ့ပြန်ဖြေပါတော့တယ်။
” ကျွန်တော်အသက်ကိုကယ်ပေးလို့ တကယ်ပဲကျေးဇူးတင်ပါတယ်..ဒါပေမယ့် ဒီပြိုင်ပွဲရဲ့ရလဒ်က ”
ဒိီလိုအချိန်ထဲမှာပဲ ကျောက်တုံးပုံတွေရဲ့ အောက်ကနေ တစ်စုံတစ်ယောက်က ခုန်ထွက်လို့လာပါတော့တယ်။ သူ့ရဲ့တစ်ကိုယ်လုံးကတော့ စွမ်းအားအပြည့်အ၀နဲ့ တောက်ပလို့နေခဲ့ပါပြီ။ ရုပ်သွင်ကလဲ ဒီနေရာကြီးတစ်ခုလုံးမှာ ပြဇာတ်ကိုထိုင်ကြည့်နေတဲ့ သူတစ်ယောက်လိုဖြစ်နေခဲ့တယ်။ ဒါကတော့ ရွှယ်လန်ပါပဲ။
ရှောင်းရှောင်းရဲ့ တိုက်ခိုက်မှုကိုခံရပြီတဲ့နောက် သူက အနည်းငယ်ဒဏ်ရာရသွားခဲ့ပါတယ်။ ဒါပေမယ့် ဟယ့်ချ်ိုက်ထို့နဲ့ ထန်ရှောင်းလဲ့တို့တစ်ယောက်နဲ့တစ်ယောက် စတင်ပစ်ခတ်နေတဲ့အချိန်ကြောင့်သာ သူဒီလိုမျိုးအပေါ်ကို တက်မလာနိုင်ခဲ့တာပါ။ ဒီလိုသူမတက်လာနိုင်တဲ့အကြောင်းအရင်းကို တွေးကြည့်လို့ရပါတယ်။ တစ်ဖက်ကသေစေနိုင်လောက်တဲ့မြားသုံးစင်းကို ပြစ်လွှတ်နေတဲ့အချိန် တခြားတစ်ဖက်ကတော့ အထူးစွမ်းအားစုစည်းမှု၀ိညာဥ်အမြောက်ကို ပစ်နေခဲ့တာပါ။ ဒီလိုအခြေအနေမျိုးမှာ ဘယ်သူကကမှ အောက်ဖက်ကနေ တွယ်တက်လာပြီ အလယ်တည့်တည့်ကို သွားရပ်ချင်မှာမဟုတ်ပါဘူး။ ရွှယ်လန်က သူ့ခန္ဓာကိုယ်ကိုဘောလုံးလေးလိုကွေးထားရင်း အခိုင်အမာဆုံးခုခံမှု၀ိညာဥ်စွမ်းရည်ကို အသုံးချပြီ ကြောက်စရာကောင်းတဲ့ပေါက်ကွဲမှုကနေ သူ့ကိုယ်သူကာကွယ်ဖို့ကြိုးစားခဲ့ပါတယ်။
ဒီလိုလုပ်တာကြောင့်သာ သူအနေနဲ့ ပြိုင်ပွဲတစ်ခုလုံးမှာ နောက်ဆုံးကျန်ရစ်တဲ့သူဖြစ်လာခဲ့တာပါ။
သူ့ရှေ့မှာရှိနေခဲ့တဲ့ တွင်းနက်ကြီးကို ခုန်ကျော်လာခဲ့ပြီ ဒိုင်လူကြီးက ဟယ့်ချ်ိုက်ထို့နဲ့ ရှောင်းရှောင်းခန္ဓာကိုယ်ကို စစ်ဆေးလိုက်ပါတယ်။ အဲဒီနောက် သူတို့ရဲ့ပါးစပ်တွေထဲကို ဆေးလုံးတွေထည့်ပေးပြီတဲ့နောက် ပြန်ထရပ်လိုက်တယ်။ အဲ့ဒီနောက် ၀ိညာဥ်အသံလွှင့်ကိရိယာကို အသုံးပြုရင်း စတင်ပြီကြော်ငြာပါတော့တယ်။
” ဒိုင်လူကြီးတစ်ယောက်အနေနဲ့ ဘယ်အသင်းကိုမှ ငါဘက်လိုက်ပြီ မျက်နှာသာမပေးဘူး..ဒါပေမယ့် ငါပြောကိုပြောရမဲ့ကိစ္စတစ်ခုတော့ရှိပါတယ်..ဒီပြိုင်ပွဲရဲ့ဘေးမှာပါ၀င်ရပ်နေသူတစ်ယောက်ဖြစ်ရုံနဲ့တင် ငါရဲ့စိတ်တွေက ဆူပွက်နေခဲ့ပါပြီ ဒါ့အပြင် ဘ၀တစ်လျှောက်လုံးမှာ အကြီးမားဆုံးနောင်တကတော့ အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းသားတစ်ယောက်မဖြစ်ခဲ့တာပဲ ”
” ဒါပေမယ့် ဘယ်လိုပဲဖြစ်ပါစေ ဒီနေ့ကျောင်းတော်ရဲ့ နောက်ဆုံးကျန်ရစ်တဲ့သူက မိုးထိလွှာကျောင်းတော်ရဲ့ ရွှယ်လန်ဖြစ်တာကို ကြော်ငြာရပါ့မယ်..ဒါကြောင့် မိုးထိလွှာကျောင်းတော်က ဒီပြိုင်ပွဲကိုအနိုင်ရသွားခဲ့ပါပြီ လက်ရှိနှစ်ယောက်နှစ်ယောက် သုံးယောက်ပြိုင်ပွဲရဲ့ရလဒ်ကတော့ တစ်ပွဲနိုင်တစ်ပွဲရှုံးပါပဲ ဒါကြောင့် ဒီပြိုင်ပွဲကြီးတစ်ခုလုံးရဲ့အောင်ပွဲကို သုံးယောက်သုံးယောက်တိုက်ပွဲမှာ ဆုံးဖြတ်ပါလိမ့်မယ်..အမျက်ဒေါသကျောင်းတော်ကျေးဇူးပြုပြီး ကိုယ်လူကိုကိုယ်ပြန်လာခေါ်ဖို့ လူလွှတ်ပေးပါ ”
ဒိုင်ရဲ့အသံက အနည်းငယ်တိုးညင်းနေခဲ့ပါတယ်။ ဟယ့်ချိုက်ထို့နဲ့ ရှောင်းရှောင်းရဲ့ခန္ဓာကိုယ်တွေကို သူဆက်တိုက်အကဲခတ်နေဆဲပါ။ သူ့ရဲ့စကားဆုံးပြီချိန်မှာပဲ ၀မ်ယန် ပေ့ပေ့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က ချက်ချင်းဆိုသလို စင်ပေါ်ကိုခုန်တက်လာရင်း သူတို့အဖွဲ့သားတွေကို လာခေါ်ကြပါတော့တယ်။
၀မ်ယန်ကတော့ ဆေးလုံးတွေပိုထုတ်ပြီ ဟယ့်ချိုက်ထို့နဲ့ ရှောင်းရှောင်းကို တိုက်နေခဲ့ပါတယ်။ အဲ့ဒီနောက် ဂရုတစိုက်နဲ့စင်အောက်ကို ပြန်ခေါ်သွားခဲ့ပါပြီ။
ပြိုင်ပွဲရလဒ်ကို ဒိုင်လူကြီးကြော်ငြာပြီချိန်မှာ ကြည့်ရှု့နေသူတွေက တခဏတာတိတ်ဆိတ်လို့သွားခဲ့ပါတယ်။ ဘယ်သူကစပြီပထမဆုံးလက်ခုပ်တီးလိုက်မှန်းမသိပေမဲ့ မကြာခင်မှာပဲ လက်ခုပ်တီးသံတွေက ချက်ချင်းဆိုသလို ထွက်ပေါ်လို့လာခဲ့ပါပြီ။ ဒီအသံတွေက အစပိုင်မှာတင် ဖြစ်ပေါ်လာတာမဟုတ်ပဲ ပိုပိုကျယ်လောင်လာပြီ လူတိုင်းနီးပါးပါ၀င်ခဲ့လာကြပါတော့တယ်။
ဟုတ်ပါတယ် အမျက်ဒေါသကျောင်းတော်က ရှုံးနှိမ့်လို့သွားခဲ့ပါပြီ။ နှစ်သုံးထောင်သမိုင်းတစ်လျှောက်မှာ အမျက်ဒေါသကျောင်းတော်က ဘယ်လိုပြိုင်ပွဲတစ်ပွဲကိုမှ မရှုံးနှိမ့််ခဲ့ဖူးပါဘူး။ ဒါပေမယ့် ဒီရှုံးနှိမ့်မှုက ကျောင်းတော်ရဲ့ဂုဏ်ကျက်သရေကို ထိခိိုက်စေခဲ့ပါသလား။ လုံး၀လုံး၀ကို မထိခိုက်စေခဲ့ပါဘူး။ ကြည့်ရှု့နေသူတွေရဲ့မျက်လုံးထဲမှာ အနည်းဆုံးကတော့ အမျက်ဒေါသကျောင်းတော်ရဲ့ ဂုဏ်ကျက်သရေကပိုလို့တောက်ပလာခဲ့ပါတယ်။
ကျောင်းတော်အနေနဲ့ ဘာကြောင့်များ ၀ိညာဥ်ဘိုးဘေးတစ်ယောက်နဲ့ ၀ိညာဥ်မဟာပညာရှင်တစ်ယောက်ကို ဒီလိုပို့လွှတ်လိုက်လဲဆိုတာမသိပေမဲ့ သူတို့အဖွဲ့က ၀ိညာဥ်ဘုရင်တစ်ယောက်က ၀ိညာဥ်ဘိုးဘေးတစ်ယောက်ကို အနိုင်ယူလို့နေပြီသားဖြစ်ခဲ့ပါတယ်။ အဝေးပစ်တိုက်ခိုက်မှုကို ကျွမ်းကျင်တဲ့ ၀ိညာဥ်ဘုရင်တစ်ယောက်ကို လုံး၀အပြတ်အသတ်အလဲထိုးနိုင်ခဲ့တယ်။
ဒီအကြောင်းကိုစဥ်းစားကြည့်ပါ အဲ့ဒီကလေမလေးက ဘာများလုပ်ခဲ့တာလဲ။ အမွှာ၀ိညာဥ်ကို ပိုင်ဆိုင်ထားတဲ့သူမက သူ့ရဲ့ခေါင်းမာမှုနဲ့ စိတ်အားထက်သန်မှုကို အသုံးချပြီ လူအားလုံးနီးပါးရဲ့စိတ်ကို ကိုင်လှုပ်နိုင်ခဲ့ပါတယ်။ သူမရှုံးနှိမ့်ခဲ့တာလား တကယ်တမ်းမှာတော့ နှလုံးသားကို ထိခိုက်နိုင်စွမ်းမှာ မရှုံးနှိမ့်ခဲ့ပါဘူး။ ဒီလိုငယ်ရွယ်တဲ့ကလေးမလေးက အဆုံးမဲ့တဲ့ အနာဂတ်အလားအလာရှိနေခဲ့ပါတယ်။
အမျက်ဒေါသကျောင်းတော်အနေနဲ့ အတော်လေး နှလုံးသားမဲ့တယ်လို့သာ ကြည့်ရှု့နေသူတွေ တွေးလိုက်မိပါတယ်။ ကျောင်းတော်ကလဲ လုံး၀ကိုမျက်နှာပျက်ခဲ့တာမျိုးမရှိခဲ့ပါဘူး။ ဒါ့အပြင် ဆန့်ကျင်ဖက်ပါပဲ ဒီပြိုင်ပွဲအနေနဲ့ အမျက်ဒေါသကျောင်းတော်ဘယ်လောက်အထိ အံ့ဖွယ်ရာတွေကို ဖန်တီးနိုင်လဲဆိုတာ သက်သေပြီသားဖြစ်သွားခဲ့ပါတယ်။ ဟုတ်ပါတယ် ဒါကအံ့ဖွယ်ရာတွေအပြည့်နဲ့ ပြိုင်ပွဲတစ်ခုပါပဲ။
ရွှယ်လန်နဲ့ ထန်ရှောင်းလဲ့တို့လဲ ဒီလူတွေလက်ခုပ်တီးပေးနေတာ သူတို့အတွက်ဖြစ်နေမယ်လို့ မတွေးမိကြပါဘူး။ တစ်ယောက်ကိုတစ်ယောက်သာ ကြည့်လိုက်ကြရင်း အောက်ဖက်ကိုချီခေါ်သွားခံရတဲ့ သူတို့ရဲ့ပြိုင်ဘက်တွေကို လေးစားမှုအပြည့်နဲ့ လှမ်းကြည့်နေခဲ့ပါတယ်။ ဒီလေးစားမှုက မရပ်တန့်နိုင်လောက်ကို ကြီးထွားလို့လာခဲ့ပါပြီ။ ဒီပြိုင်ပွဲကို သူတို့အနိုင်ရခဲ့ပေမဲ့ သူတို့ရဲ့ပြိုင်ဘက်တွေကတော့ ရှိရှိသမျှလူတွေအားလုံးရဲ့လေးစားမှုကို အနိုင်ရသွားခဲ့ပါတယ်။
ဟယ့်ချိုက်ထို့ကတော့ အခြေအနေအနည်းငယ်ကောင်းပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ကအတော်ကိုကြီးမားပြီ စွမ်းအားနယ်မြေတွေကလဲ ခိုင်မာတာကြောင့် ရိုက်ခတ်မှုကြီးကြီးမားမားခံစားရတာတောင် ဖျက်ဆီးမှုက မများခဲ့ပါဘူး။ ဒါ့အပြင် ရှောင်းရှောင်းထက်လဲ သူကပိုကြီးပါသေးတယ်။ ကျင့်ကြံဆင့်က ခိုင်မာတဲ့အတွက် ခန္ဓာကိုယ်ကလဲ သာမန်တွေထက်ကို ပိုအားကောင်းလို့နေခဲ့ပါပြီ။ ဆေးလုံးကိုသောက်ပြီတဲ့နောက် သူအနည်းငယ်ပြန်ပြီသက်သာလာပါတော့တယ်။
ဒါပေမယ့် ရှောင်းရှောင်းကတော့ အခြေအနေသိပ်မကောင်းလှပါဘူး။ သူမရဲ့သိုင်းပညာ၀ိညာဥ်ကို ပျက်စီးသွားခဲ့မှုက ၀ိညာဥ်ပညာရှင်တစ်ယောက်ရဲ့ အဓိကအရင်းအမြစ်ကို ထိခိုက်ဒဏ်ရာရတာနဲ့ အတူတူပါပဲ။ ရလဒ်အနေနဲ့ ဆေးသောက်ပြီတာတောင် အတော်လေး နက်နက်ရှိုင်းရှိုင်းသတိလစ်မေ့မြောနေဆဲပါ။
ကံကောင်းစွာနဲ့ပဲ ကြယ်တာရာလော့နိုင်ငံတော်ရဲ့ ဆေးအဖွဲ့အစည်းက သူတို့နှစ်ယောက်ကို ခပ်မြန်မြန်ပဲလာပြီကုသပေးခဲ့ပါတယ်။ ဒါကြောင့် မကြာခင်မှာပဲ ဒဏ်ရာတွေကပြန်တည်ငြိမ်လို့သွားခဲ့ပါပြီ။ ပြိုင်ပွဲစင်မြင့်ကတော့ အလုပ်များနေဆဲပါပဲ။ ပြင်းပြင်းထန်ထန် ဖျက်ဆီးခံလိုက်ရပြီတဲ့နောက် ပြိုင်ပွဲကဆက်ပြီ မကျင်းပနိုင်တော့တာအမှန်ပါ။ ဒါ့အပြင် မြေကမ္ဘာအမျိုးအစား၀ိညာဥ်ပညာရှင်တွေက စင်မြင့်ထဲကို၀င်လာပြီ ရှိရှိသမျှကျောက်တုံးကို သယ်ဆောင်အသုံးချရင်း စင်ကိုပြုပြင်နေရပါတော့တယ်။ ဒါပေမယ့် ဒီလိုပြုပြင်မှုကလဲ အချိန်အနည်းငယ်တော့ ယူရမှာပါ။
” ရှောင်းရှောင်းကို ငါတကယ်အသက်ကြွေးတင်သွားပြီ ”
ဟယ့်ချိုက်ထို့နိုးနိုးလာချင် ပြောလာတဲ့စကားကတော့ ဒီစကားပါ။ သူ့ရဲ့ ခံစားချက်တွေကအရမ်းကို ရှုပ်ထွေးလို့နေခဲ့ပါပြီ။ ဒါ့အပြင် ပုံမှန်မဟုတ်လောက်အောင် နွေးထွေးတဲ့အကြည့်ကလဲ ရှောင်းရှောင်းကိုကြည့်တဲ့သူ့မျက်လုံးတွေထဲမှာ အထင်သားပေါ်နေခဲ့ပါတယ်။
ပေ့ပေ့က သူ့ပုခုံးကြွက်သားတွေကို လာကိုင်ဆွဲရင်း ကျတော့မဲ့မျက်ရည်တွေကို ထိန်းပေးလိုက်ပါတယ်။
” မင်းတို့အားလုံးက လူကောင်းတွေပဲ ဒါ့အပြင် အမျက်ဒေါသကျောင်းတော်ရဲ့သူရဲကောင်းတွေပဲ အမျက်ဒေါသကျောင်းတော်ရဲ့ ဂုဏ်ကျက်သရေက ငါတို့လက်ထဲမှာ မဆုံးရှုံးစေရဘူး..ငါတို့ပြိုင်ဘက်ကဘယ်လောက်ပဲ သန်မာပါစေ ငါတို့ရဲ့နောက်ဆုံးသွေးတစ်စက်ပဲကျန်တဲ့အထိ တိုက်ခိုက်ရမယ်ဆိုရင်တောင် ဂုဏ်ကျက်သရေကိုကာကွယ်ရမယ်…ပြန်သွားတဲ့အချိန်မှာ လူတိုင်းကိုခေါင်းမော့ရင်ကော့ပြီ ငါတို့က အမျက်ဒေါသကျောင်းတော်ရဲ့ မိစ္ဆာခုနှစ်ဖော်လို့ပြောလို့ရနိုင်တယ်..မင်းလုပ်ခဲ့တာအရမ်းကိုကောင်းတယ်..ဟယ့်ချိုက်ထို့ ကျန်တဲ့ကိစ္စကိုငါ့တို့လက်ထဲသာအပ်ထားလိုက်ပါတော့ ”
ဟယ့်ချိုက်ထို့က ခေါင်းညိတ်ရင်းနဲ့ ပြန်ဖြေပါတယ်။
” ပေ့ပေ့ ကျန်တဲ့ကိစ္စတွေအားလုံး မင်းတို့လက်ထဲအပ်လိုက်ပြီနော် ”
ပေ့ပေ့ မျက်မှောင်ကြုတ်လိုက်ချိန်မှာတော့ လျှပ်စီးတန်းတွေက သူ့မျက်လုံးထဲ ဖြတ်ပြေးလို့သွားပါတော့တယ်။ လက်ရှိအချိန်မှာ သူပုံစံကတော့ အချိန်မရွေးပေါက်ကွဲနိုင်တဲ့မီးတောက်ရှင်ကြီးတစ်ခုလိုပါပဲ။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့နှစ်ယောက်စလုံးကတော့ ရှောင်းရှောင်းရဲ့ဒဏ်ရာကိုကြည့်ရင်း ခပ်မြန်မြန်ပဲ ထရပ်လိုက်ကြပါတော့တယ်။ သူတို့ရဲ့မျက်လုံးထဲမှာ ခံစားချက်တွေဘယ်လောက်တောင်များပြားနေလဲဆိုတာ တစ်ချက်ကြည့်ရုံနဲ့သိနိုင်နေခဲ့ပါပြီ။
ရှောင်းရှောင်းက သူတို့ရဲ့အဖွဲ့ သားပါ။ ဒါ့အပြင် သူတို့သုံးယောက်က အရင်အချိန်တွေမှာလဲ အတူတူတိုက်ခိုက်ခဲ့ပါတယ်။ ရှောင်းရှောင်းအနေနဲ့ ဒီလောက်ကြီးမားတဲ့ တိုက်ခိုက်လိုစိတ်ကို ဖော်ပြတယ်ဆိုတာ ပထမဆုံးအကြိမ် မြင်ဖူးချင်ပါပဲ။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ သူတို့တွေက အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းသားတွေဖြစ်ပြီ ထန်မျိုးနွယ်ရဲ့ တပည့်သားတွေလဲဖြစ်နေလို့ပါ။
၀မ်သုန့်က ပြောလာခဲ့ပါတယ်။
” ငါတို့သေချာပေါက် မရှုံးနှိမ့်ရဘူး သေရမယ်ဆိုရင်တောင် လုံး၀မရှုံးစေရဘူး ”
ဟို့ယွိဟောင်ကတော့ စကားတစ်ခွန်းမှမပြောပဲ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့စိတ်၀ိညာဥ်မျက်လုံးတွေထဲမှာကတော့ သတ္ထုလိုအရိပ်အယောင်တွေက ပေါ်ထွက်လို့လာခဲ့ပါပြီ။
” အစ်ကိုကြီးကောင်းကင်အိပ်မက် ရေခဲဧကရီ ကျေးဇူးပြုပြီး ကျွန်တော်ကိုကူညီပါ ကျွန်တော်ဒီနေ့သေရမယ်ဆိုရင်တောင် ကျွန်တော်မရှုံးချင်ဘူး ”
” ကံကောင်းပါစေ ”
ရေခဲဧကရီနဲ့ ကောင်းကင်အိပ်မက်နှစ်ယောက်စလုံးက သူ့ကိုမတားဆီးခဲ့ပါဘူး။ အားပေးစကားတစ်ခွန်းသာ အတူတူဆိုကြပါတယ်။ အစောပိုင်းတုန်းက မြင်ကွင်းကြောင့်သူတို့ရဲ့စိတ်တွေလဲ ထိခိုက်ခံခဲ့ရတယ်။ ဒါ့အပြင် နောက်ဆုံးမှာတော့ ဒီလိုမွေးရာပါအားနည်းတဲ့လူသားတွေက ဘာကြောင့်များကြီးမားတဲ့အနာဂတ်အလားအလာကို ပိုင်ဆိုင်ပြီ တိုက်ကြီးတစ်ခုလုံးရဲ့ ထိန်းချုပ်သူတွေဖြစ်လာလဲဆိုတာကို နားလည်လို့သွားခဲ့ပါပြီ။
၀မ်ယန်ကတော့ အများကြီးမပြောခဲ့ပါဘူး။ ပေ့ပေ့ ဟို့ယွိဟောင် ၀မ်သုန့်တို့ကို စင်မြင့်ပေါ်ပို့တာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို သူသိနေခဲ့တယ်။ ဒါ့အပြင် တားဆီးဖို့လဲ မပြောနိုင်ခဲ့ပါဘူး။ အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ရဲ့ စိတ်ခံစားတွေက အတော်လေးလှုပ်ရှားထိခိုက်ခဲ့ပါပြီ။
ဒီကလေးတွေက ကျောင်းတော်အတွက် အများကြီးလုပ်ဆောင်ပေးခဲ့ပါတယ်။ သူတို့ကို ဒီအချိန်မှာ လက်လျှော့ခိုင်းဖို့ဖြစ်ဦးမှာလား။ ၀မ်ယန် မလုပ်နိုင်ပါဘူး သူဒီလိုလုပ်ဖို့လဲ အရည်အချင်းမရှိဘူးလို့ ကိုယ့်ကိုကိုယ်ထင်နေခဲ့ပါတယ်။ ကျောင်းအုပ်ကိုယ်တိုင် ဒီနေရာမှာရှိနေခဲ့မယ်ဆိုရင်တောင် ဒီကလေးတွေကို ရပ်တန့်ဖို့အတွက် အရည်အချင်းမရှိမှာ အမှန်ပါ။
စင်ကိုပြုပြင်မှုက မကြာခင်မှာပဲ ပြီးဆုံးလို့သွားခဲ့ပါပြီ။ ဒိုင်လူကြီးကတော့ အ၀တ်အစားအသစ်တွေကို ပြန်ပြောင်းရင်နဲ့ အပေါ်ကိုရောက်လာပါတော့တယ်။
ကြယ်တာရာလော့နိုင်ငံတော်ရဲ့ဧကရာဇ်ကလဲ အဝေးနံရံပေါ်မှာ ထိုင်ရင်အဝေးကို စောင့်ကြည့်နေခဲ့ပါတယ်။ သူ့ရဲ့အပြုအမူလုပ်ရပ်တွေနဲ့ အမျက်ဒေါသကျောင်းတော်အပေါ် ထားရှိတဲ့လေးစားမှုနဲ့ စိတ်ကိုပြသပြီသားဖြစ်နေခဲ့တယ်။
ဒီတစ်ကြိမ်မှာတော့ အမြဲတမ်းမောက်မာနေခဲ့တဲ့ ရှောင်ဟုန်ချန်တောင် မပြုံးနိုင်မရယ်နိုင်မလှောင်ရယ်နိုင်တော့ပါဘူး။ သူ့ရဲ့မျက်၀န်းတွေထဲမှာ ထိတ်လန့်မှုသာရှိနေခဲ့ပါတယ်။
အမျက်ဒေါသကျောင်းတော်အနေနဲ့ စိတ်ဓာတ်ပိုင်ဆိုင်ရမှာ သူတို့ကျောင်းတော်ထက် အများကြီးသန်မာနေခဲ့မယ်လို့ မတွေးထားခဲ့မိတာအမှန်ပါ။ ပြိုင်ပွဲနှစ်ပွဲကိုကြည့်ပြီတဲ့နောက် နောက်ဆုံးမှာမီးလျှံတွေလိုတောက်လောင်နေတဲ့အကြည့်နဲ့ လူသုံးယောက်စင်ပေါ်တက်လာတာကို လူတိုင်းမြင်လိုက်ရပါတော့တယ်။ နောက်ဆုံးမှာကတော့ ကျောင်းတော်နှစ်ခုကြားမှာ ဘယ်လိုကွဲခြားချက်မျိုးက တည်ရှိနေလဲဆိုတာကို သူနားလည်လို့သွားခဲ့ပါပြီ။
ဂုဏ်ကျက်သရေတောက်ပမှုပါပဲ။ အမျက်ဒေါသကျောင်းတော်အနေနဲ့ နှစ်ပေါင်းတစ်သောင်းကြာအောင် စုဆောင်းလို့ထားခဲ့တဲ့ဂုဏ်ကျက်သရေမျိုး သူတို့မှာမရှိသေးပါဘူး။
အမျက်ဒေါသကျောင်းတော်အနေနဲ့ ဘာကြောင့်များဒီလိုကလေးတွေကို ပြိုင်ပွဲထဲလွှတ်လိုက်လဲဆိုတာ ဘယ်သူမှ မသိခဲ့ပါဘူး။ ဒါပေမယ့် အားလုံးရဲ့လေးစားမှုကို အရယူနိုင်ခဲ့တယ်။ ဟုတ်ပါတယ် ရှိနေတဲ့သူတွေအားလုံးရဲ့ လေးစားမှုကို အနိုင်ရခဲ့တာပါ။
ဒိုင်လူကြီးက အဖွဲ့နှစ်ဖွဲ့ကို လက်ဝှေ့ရမ်းပြလိုက်ပါတယ်။ မိုးထိလွှာကျောင်းတော်ရဲ့ နောက်ဆုံးသုံးယောက်ကတော့ စင်ပေါ်ကိုတက်လာခဲ့ပါပြီ။ ပေ့ပေ့က ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ဘက်ကို လှည့်ကြည့်လိုက်ရင်း ထူးထူးခြားခြားပြောလာခဲ့တယ်။
” အားလုံးက ငါတို့လက်ထဲမှာပဲရှိနေပြီ “‘
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လဲ တစ်ခွန်းသာပြန်ဖြေပါတယ်။
” ကျွန်တော်တို့နိုင်ရမယ် ”
အပိုင်း ၉၁ ပြီး၏။