အပိုင်း ၉၀•၃
” ကြမ်းတမ်းလှသောအထူးပေါင်းစည်းမှုအမြောက် ”
°°°
ဒါ့အပြင် အသက်သုံးချောင်း၀ိညာဥ်ချေဖျက်အိုးကြီးက ဖျက်ဆီးရေးမြားရဲ့လမ်းကြောင်းတည့်တည့်ကို ပြေးထွက်လို့သွားခဲ့တာပါ။ ရှောင်းရှောင်းက ရွှယ်လန်ကိုယာယီပိတ်ဆို့ထားရုံတင်မကမဟုတ်ပဲ သူက ထန်ရှောင်းလဲ့ရဲ့ အသေသတ်တဲ့တိုက်ကွက်ကိုပါ တားဆီးလို့နေခဲ့တာပါ။
ပြင်းထန်တဲ့ပေါက်ကွဲသံနဲ့အတူ စင်တစ်ခုလုံးကလှုပ်ခတ်လို့သွားပါတော့တယ်။ ထန်ရှောင်းလဲ့ရဲ့ ပထမမြားက အကာအကွယ်အတားအဆီးကိုတောင် အပေါက်တစ်ပေါက် ဖြစ်သွားစေခဲ့တယ်။ သူ့ရဲ့ဒုတိယမြားက ဖျက်ဆီးမှုကိုဦးစားပေးထားတာကြောင့် ဘယ်လိုလုပ်အားနည်းတာမျိုးရှိနိုင်မှာလဲ။
ကြောက်စရာကောင်းလွန်လှတဲ့ ပေါက်ကွဲစွမ်းအားတွေက ရှောင်းရှောင်းရဲ့ အသက်သုံးချောင်း၀ိညာဥ်ချေဖျက်အိုကြီးကို ချက်ချင်းဖျက်ဆီးပြစ်လိုက်ပါပြီ။ အိုးကြီးရဲ့တုန်ခါမှုကို သုံးပြီတဲ့နောက် မြားကိုတားဆီးဖို့ သူ့မှာစွမ်းအားမကျန်တော့ပါဘူး။ ဒါပေမယ့် သူ့ကိုယ်သူ ဖျက်ဆီးဖို့အကာအကွယ်အဖြစ်အသုံးပြုရင်း မြားကိုဖောက်ခွဲပြစ်ဖို့လုပ်နေခဲ့ပါတယ်။
ကျန်ရစ်တဲ့ပေါက်ကွဲမှုကယာယီရပ်တန့်နေတဲ့ ရွှယ်လန်ဆီကို တိုက်ရိုက်ရောက်ရှိလို့သွားခဲ့ပါပြီ။ ပြင်းထန်တဲ့ပေါက်ကွဲစွမ်းအားက ရွှယ်လန်အပေါ်ကို ရောက်ရှိလို့သွားချိန်မှာ သူလဲဒေါသမထွက်မိခဲ့ပါဘူး။ ၀ိညာဥ်စွမ်းအားအားလုံးကို အသုံးချရင်း သူ့ကိုယ်သူကာကွယ်လိုက်ပါတယ်။ သူ့ရှေ့မှာရှိနေတဲ့ ဒီသတ္တိကောင်းလှတဲ့မိန်းမငယ်လေးကို လေးစားမှုသာ ခံစားနေခဲ့မိတယ်။
အမှန်ပါပဲ သူ့မကအကောင်းဆုံးလုပ်ဆောင်ပြီးပါပြီ။ ၀ိညာဥ်စက်ကွင်းသုံးကွင်းအကြီးအကဲတောင်မရောက်ရှိသေးတဲ့ မိန်းကလေးက ၀ိညာဥ်ဘ်ိုးဘေးတစ်ယောက်ကို ပြင်းပြင်းထန်ထန် တားဆီးပြီသူ့ကိုသူ့ရဲ့ အပေါင်းအဖော်ရဲ့စွမ်းအားနဲ့ ထိခိုက်အောင်လုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူ့မကလဲ ၀ိညာဥ်ဘုရင်တစ်ယောက်ရဲ့ တိုက်ခိုက်မှုကိုပါ တားဆီးလို့နေခဲ့သေးတယ်။ ဘယ်သူကများ သူ့ကိုထပ်ပြီကြိုးစားဖို့ တောင်းဆိုနိုင်ဦးမှာလဲ။
သိုင်းပညာ၀ိညာဥ်က ၀ိညာဥ်ပညာရှင်တိုင်းအတွက် အခြေခံတစ်ခုပါပဲ။ ရှောင်းရှောင်းရဲ့အခြေခံတစ်ခုလုံးက သူမရဲ့အသက်သုံးချောင်း၀ိညာဥ်ချေဖျက်အိုးကြီးဖျက်ဆီးသွားချိန်မှာပဲ ကြီးမားတဲ့ တူကြီးတစ်ခုနဲ့ ရိုက်ချခံလိုက်ရသလိုခံစားလိုက်ရပါတော့တယ်။ ပါးစပ်အပြည့်သွေးတွေကို ဆက်တိုက်ဆိုသလို အန်ထုတ်လို့နေခဲ့ပြီ ဒွာယခုနှစ်ပေါက်ကနေ သွေးတွေစိမ့်ထွက်ကာမြေပြင်ပေါ်ကို ချက်ချင်းလှဲကျလို့သွားပါတော့တယ်။ သူမက လုံး၀ကိုသတိလစ်မေ့မြောသွားခဲ့ပါပြီ။
ဟယ့်ချိုက်ထို့ကတော့ ရူးသွပ်တဲ့အော်သံနဲ့အော်ဟစ်ရင်း မျက်လုံးတစ်ခုလုံးကလဲ နီရဲလို့သွားပါတော့တယ်။ သူ့ရဲ့ခန္ဓာကိုယ်ကနေ သွေးနီရောင်မြူခိုတိမ်တိုက်တွေက ပေါ်ထွက်လို့လာခဲ့ပါပြီ။ အစောပိုင်းတုန်းက ပြီးဆုံးဖို့အတွက် ငါးစက္ကန့်ကနေ ဆယ်စက္ကန့်လောက်ကြာမြင့်နေသေးတဲ့ စွမ်းအားစုစည်းမှုဖြစ်စဥ်က ချက်ချင်းဆိုသလို ပြီးမြောက်လို့သွားပါတော့တယ်။
အထူးစွမ်းအင်စုစည်းမှုအမြောက်က အဖြူရောင်အလင်းတန်းတစ်ခုအသွင်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။ မဖော်ပြနိုင်လောက်အောင် ကြောက်စရာကောင်းတဲ့ခံစားချက်က စင်မြင့်တစ်ခုလုံးကို လွှမ်းခြုံတိုက်ခိုက်လို့သွားပါတော့တယ်။
အကာအကွယ်အတားအဆီးကို ထိန်းချုပ်ပေးနေတဲ့ ၀ိညာဥ်ပညာရှင်တစ်ရာနဲ့ရှစ်ယောက်ကတော့ သူတို့ရှေ့မှာရှိနေတဲ့ရွှေရောင်တိုင်လုံးကြီးတွေနဲ့အထဲကိုစွမ်းအားအပြည့်အ၀ချက်ချင်းထည့်သွင်းလိုက်မိပါတော့တယ်။ အခုအချိန်မှာ အကာအကွယ်အတားအဆီးက အ၀ါရင့်ရောင်ကိုပြောင်းလဲလို့သွားခဲ့ပါပြီ။
သူမရဲ့သိုင်းပညာ၀ိညာဥ် ပြိုကွဲသွားပြီတဲ့နောက် ရှောင်းရှောင်းက နိုးထလာတော့မဲ့ပုံစံမရှိပဲနဲ့ မြေပြင်ပေါ်ကိုလှဲကျသွားခဲ့တာပါ။ ထန်ရှောင်းလဲ့ရဲ့ ၀ိညာဥ်ကတော့ မြင်ကွင်းကြောင့် အတော်လေးကို လှုပ်ရှားနေခဲ့ပါပြီ။ ဒါပေမယ့် သူက ၀ိညာဥ်ဘုရင်အဆင့် ပညာရှင်ဖြစ်နေဆဲပါပဲ။ ဒီပြိုင်ပွဲကလဲ သူတို့ကျောင်းတော်အတွက် အရေးကြီးတဲ့ပြိုင်ပွဲဖြစ်နေခဲ့တယ်။ ဒါကြောင့် စိတ်အခြေအနေကို ခပ်မြန်မြန်ပဲ ထိန်းချုပ်လိုက်ရင်း သူ့ရဲ့လေးကိုင်းကို နောက်တစ်ကြိမ်ပြန်မြောက်လိုက်ပါတယ်။ အချိန်ကဘယ်သူကိုမှ မစောင့်ပါဘူး။ ဟယ့်ချိုက်ထို့ရဲ့ အမြောက်ကနေ ရောက်ရှိလာနေတဲ့ ကြောက်စရာအန္တရာယ်က အရမ်းကိုကြီးမားလို့နေခဲ့ပါတယ်။
ခရမ်းရောင်အလင်းတန်းသုံးခုကို တစ်ပြိုင်နက်ထဲသူဆွဲလိုက်ပါတော့တယ်။ ပထမမြားက ခရမ်းဖျော့ရောင်ဖြစ်ပြီ နောက်ဆုံးမြားကတော့ ခရမ်းရင့်ရောင်ပါ။ နောက်ဆုံးမြားထွက်သွားပြီချိန်မှာပဲ ထန်ရှောင်းလဲ့ရဲ့လက်ပေါ်မှာရှိနေခဲ့တဲ့ လေးကိုင်းကမီးတောက်တွေအဖြစ်ကိုပြောင်းလဲရင်း လေထဲကိုမြင့်တက်လို့သွားခဲ့ပါပြီ။ခရမ်းရောင်မီးလျှံတွေက မြားသုံးစင်းနဲ့အတူတူ လေထဲမှာတွန့်လိမ်လို့နေပါတော့တယ်။ မြားသုံးစင်းက စင်တစ်၀က်ကို ဖြတ်သန်းသွားပြီချိန်မှာပဲ ဟယ့်ချိုက်ထို့ကလဲ သူ့၀ိညာဥ်အမြောက်က စွမ်းအားတွေအားလုံးကို ပြစ်လွှတ်လိုက်ပါတော့တယ်။
လက်ရှိအချိန်မှာတော့ ရှိနေသမျှလူတိုင်းက အသက်အောင့်ထားရင်းစောင့်ကြည့်နေခဲ့မိပါတော့တယ်။ ကြယ်တာရာလော့နိုင်ငံတော်ရဲ့ ဧကရာဇ်တောင်ချွင်းချက်မရှိခဲ့ပါဘူး။ ဒီပြိုင်ပွဲမှာ ဘယ်သူတွေပါ၀င်ယှဥ်ပြိုင်နေကြလဲဆိုတာ မေ့ဖျောက်လုမတတ်ဖြစ်သွားတယ်။ ရှောင်းရှောင်းရဲ့မယိုင်လဲတဲ့ သတ္တိနဲ့အင်အားကြောင့် လူတော်တော်များများက စိတ်ပိုင်ဆိုင်ရာထိခိုက်မှုရရှိသွားခဲ့တာပါ။
မွန်းကြပ်လွန်တာကြောင့် လည်ချောင်းထဲတောင်တစ်နေသလိုမျိုးလူတိုင်းနီးပါးက ခံစားနေခဲ့ရပါတယ်။ ဒီခံစားချက်က စကားနဲ့တောင်ပြောပြလို့မရနိုင်ခဲ့ပါဘူး။ သူတို့ရဲ့အမြင်မှာ သွေးအလိမ်လိမ်နဲ့ လှဲကျနေတဲ့ကလေးမလေးက တကယ်ကို ရဲရင့်ပြီခေါင်းမာလွန်ရုံတင်မက ချစ်စရာလဲကောင်းနေခဲ့ပါတယ်။ သူမက သွေးအိုင်ထဲမှာ လှဲနေပြီသတိလစ်နေခဲ့ပေမဲ့ ရှိရှိသမျှလူတိုင်းရဲ့အာရုံကို ဖမ်းစားနိုင်တဲ့ အလင်းရောင်တစ်ခုဖြစ်သွားခဲ့တာတော့အမှန်ပါ။
စင်ပေါ်မှာပေါ်လာတဲ့ အဖြူရောင်အလင်းတန်းက အလင်းလုံးလေးတစ်ခုပါပဲ။ ဟယ့်ချိုက်ထို့က ကြက်ခြေခတ်ပုံသဏ္ဍာန်သင်္ကေတနဲ့ အမှတ်အသားပြုခံလိုက်ရပါပြီ။ သူဘယ်ကိုပဲသွားသွားဒီအမှတ်အသားကသူ့ကိုလိုက်နေခဲ့တယ်။
အဖြူရောင်အလင်းလုံးလေးက စင်ပေါ်ကိုဖြတ်သန်းနေချိန်မှာ စင်မြင့်တစ်ခုလုံးက ထူးထူးဆန်းဆန်းကြီး တုန်ခါလာပါတော့တယ်။ ကြည့်နေသူတွေရဲ့အမြင်မှာကတော့ ဒီစင်ပေါ်မှာရှိနေခဲ့တဲ့ မြင်ကွင်းက ရုတ်တရက်ဝေ၀ါးလို့သွားခဲ့ပါပြီ။ ဘယ်အရာကိုမှ ရှင်းရှင်းလင်းလင်းမမြင်ရတော့ပါဘူး။ ဒါပေမယ့် ရွှယ်လန် ထန်ရှောင်းလဲ့နဲ့ စင်ပေါ်မှာရှိနေခဲ့တဲ့ ဒိုင်းကာကတော့ လေဟာနယ်တွေအက်ကွဲနေတာကို ချက်ချင်းခံစားလိုက်ရပါတယ်။ ဒါ့အပြင် သူတို့ရဲ့ခန္ဓာကိုယ်ကလဲ ဒီလေဟာနယ်ထဲမှာအတူတူအက်ကွဲလာရုံတင်မက သွေးပါအန်ထုတ်လုမတတ်ဖြစ်နေတာကို ခံစားလိုက်ရပါတော့တယ်။
ထန်ရှောင်းလဲ့ရဲ့အကြည့်ကတော့ အခုအချိန်မှာ ပြောင်းလဲလို့သွားပါပြီ။ သူ့တကယ်ကိုကြောက်လန့်လို့လာပါတော့တယ်။ အစောပိုင်းတုန်းက ကိုယ်ပိုင်တိုက်ခိုက်မှုအပေါ် ယုံကြည်ချက်အပြည့်ရှိနေခဲ့ပေမဲ့ လက်ရှိအချိန်မှာကတော့ သူ့ရဲ့ပစ်မှတ်ဖြစ်တဲ့ ဟယ့်ချိုက်ထို့က နေရာကနေပျောက်ကွယ်လို့သွားရင်း လေဟာနယ်ထဲမှာ အစရှာမရအောင်ဖြစ်နေခဲ့ပါတယ်။ နောက်တစ်နည်းပြောရမယ်ဆိုရင် သူထုတ်လုပ်လိုက်တဲ့ တိုက်ခိုက်မှုသုံးခုက သူတို့ရဲ့ပစ်မှတ်ကိုပျောက်ဆုံးလို့သွားခဲ့ပါပြီ။
အမှန်ပါပဲ ခရမ်းရောင်အလင်းတန်းသုံးခုက ရုတ်တရက်ဆိုသလိုလေဟာနယ်ထဲရဲ့ အပျက်အစီးထဲကို ပျံထွက်လို့သွားပါတော့တယ်။ ရလဒ်အနေနဲ့ သူတို့တွေက တြိဂံပုံသဏ္ဍာန်အဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပြီ ဟယ့်ချိုက်ထို့ကလဲ အဲ့ဒီတြိဂံရဲ့အလယ်တည့်တည့်မှာ ရှိနေခဲ့တယ်။
မီးလျှံတွေက ပိုပြီးကြီးမားလာတာကို ထန်ရှောင်းလဲ့မြင်လိုက်ရပါတယ်။ သူ့ရှေ့မှာရှိနေခဲ့တဲ့ အဖြူရောင်အလင်းတန်းက တစ်ပေကျော်လောက်သာရှိပေမဲ့ သူ့အသက်တောင်မရှုနိုင်တော့ပါဘူး။
မြားငါးစင်းစလုံးကို ပစ်လွှတ်လိုက်ပြီတဲ့နောက် ၀ိညာဥ်စွမ်းအားတွေအားလုံးကလဲ ကုန်ဆုံးလို့သွားခဲ့ပါပြီ။ ပြန်ခုခံဖို့လဲ အင်အားမရှိတော့ပါဘူး။ အစောပိုင်းတုန်းက ဟယ့်ချိုက်ထို့ရဲ့ တိုက်ခိုက်မှုကို သူ့မြားတွေနဲ့ နှောက်ယှက်ဖို့ကြိုးစားရင်း အနိုင်ယူဖို့လုပ်ခဲ့ပေမဲ့ တစ်ဖက်လူရဲ့ စွမ်းအားက လေဟာနယ်ကိုတောင် တွန့်လိမ်သွားစေခဲ့တယ်။
ဒီတစ်ကြိမ်မှာတော့ ထိတ်လန့်နေခဲ့တဲ့ ဒိုင်ကသူ့ရဲ့တာ၀န်ကြရာနေရာကို လုပ်ဆောင်လိုက်ပါပြီ။ တစ်ချက်အော်ဟစ်ဟိန်းဟောက်လိုက်ရင်း ခြေထောက်အောက်မှာ ၀ိညာဥ်စက်ကွင်းတွေက ပေါ်ထွက်လို့လာပါတော့တယ်။ အဖြူရောင်တစ်ခု အ၀ါရောင်နှစ်ခု ခရမ်းရောင်သုံးခု အနက်ရောင်တစ်ခု စုစုပေါင်း၀ိညာဥ်စက်ကွင်းခုနှစ်ခုက ခပ်မြန်မြန်ပဲ လှုပ်ရှားပါတော့တယ်။ သူ့ရဲ့ခုနှစ်ခုမြောက်၀ိညာဥ်စက်ကွင်းကတောက်ပလို့လာခဲ့ပါပြီ။ တောင်ကြီးတစ်တောင်လိုမျိုး ပုံသဏ္ဍာန်တစ်ခုက ထွက်ပေါ်လာရင်း ထန်ရှောင်းလဲ့ရဲ့အရှေ့မှာစရပ်လိုက်ပါတော့တယ်။
ဒီပုံရိပ်က ကြီးမားတဲ့ဆင်ကြီးတစ်ကောင်လိုပါပဲ။ ဒါ့အပြင် အဲ့ဒီဆင်ကြီးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ထူထပ်တဲ့ သံချပ်ကာတွေလဲ ရှိနေပါသေးတယ်။ သူ့ခန္ဓာကိုယ်ဘေးပတ်လည်မှာ ၀ိညာဥ်စက်ကွင်းတွေက တောက်ပလို့နေခဲ့ပြီ မြေကမ္ဘာအရောင်အလင်းဒိုင်းကာကြီးက ဖြစ်ပေါ်လို့လာပါတော့တယ်။
၀ိညာဥ်အမြောက်ရဲ့စွမ်းအားကို မကြုံတွေ့ဘူးတဲ့ လူတွေကတော့ ဒီအရာဘယ်လောက်အထိ ကြောက်စရာကောင်းလဲဆိုတာ တွေးကြည့်လို့တောင်ရမှာမဟုတ်ပါဘူး။
ဒီလိုလက်နက်မျိုးက စင်ပေါ်မှာပေါ်မလာသင့်တဲ့လက်နက်ပါ။ ဒီအရာတွေက အားဖြည့်ဖို့အတွက် အချိန်ကြာလွန်ပါတယ်။ ပြိုင်ပွဲတိုင်းက အရမ်းကိုမြန်မြန်ဆန်းဆန်းနဲ့ တိုက်ခိုက်ကြတာဖြစ်တာကြောင့် ကိုယ့်အသက်ကိုရင်းနေရသလိုပါပဲ။ ဟယ့်ချိုက်ထို့က သူ့ခန္ဓာကိုယ်ကိုစတေးပြီ စွမ်းအားအကုန်လုံးကို အသုံးချရင်းတိုက်ခိုက်နေခဲ့တာပါ။ ဒါတောင်မှ အားပြည့်အောင်အသက်သွင်းဖို့အတွက် အချိန်အတော်ကြာပါသေးတယ်။ သာမန်တိုက်ခိုက်မှုမျိုးသာဖြစ်မယ်ဆိုရင် သူရှုံးတာဘယ်လောက်ကြာပြီမှန်း မိုးနတ်မင်းသာသိနိုင်ပါလိမ့်မယ်။
အားဖြည့်ဖို့အချိန်က ကြာမြင့်ပေမဲ့ အစွမ်းအစကတော့ ကြောက်စရာကောင်းလွန်လှပါတယ်။ သင့်တော်တဲ့နယ်မြေတစ်ခုမှာရှိနေတဲ့ ဘယ်၀ိညာဥ်ပညာရှင်မဆို ဒီစွမ်းအားတွေကြောင့် ချက်ချင်းဆိုသလို ပျက်စီးလို့သွားနိုင်လောက်တယ်။
စစ်တပ်ကြီးတစ်ခုလုံးတောင်မှ နည်းပါးတဲ့၀ိညာဥ်အမြောက်တွေ ပိုင်ဆိုင်နိုင်တာပါ။ သူတို့ကိုအများကြီးပေးလို့မဖြစ်ပါဘူး။ တိုက်ခိုက်နိုင်တဲ့ အကွာအဝေးကိုတွက်ချက်နိုင်ရုံတင်မက အားဖြည့်ဖို့အတွက်လဲ အချိန်ကများပြားလွန်လို့ပါ။ ဒါ့အပြင် တစ်ခေါက်အသုံးပြုပြီတိုင်း အသုံးပြုသူကလဲ စွမ်းအားတွေချက်ချင်းကုန်သွားပါလိမ့်မယ်။ ပြိုင်ဘက်ကိုဒီအရာနဲ့ အနိုင်ယူဖို့ဆိုတာက သင့်တော်တဲ့အခြေအနေတစ်ခုမဟုတ်ရင် မဖြစ်နိုင်သေးပါဘူး။
” ငါလုပ်နိုင်ခဲ့ပြီ ရှောင်းရှောင်း မင်းမြင်ရဲ့လား ငါလုပ်နိုင်ခဲ့ပြီ ”
ပြင်းထန်တဲ့ပေါက်ကွဲသံတွေက သူတို့အရှေ့မှာရှိနေရုံတင်မကပဲ ဟယ့်ချိုက်ထို့ရဲ့အနောက်မှာ ဖြစ်ပေါ်လာပါတော့တယ်။ ဒီပေါက်ကွဲသံသုံးခုကတော့ အရှေ့မှာရှိနေတဲ့ ပေါက်ကွဲသံတွေကြောင့် ဖုံးလွှမ်းခံလိုက်ရတာပါ။
ဟယ့်ချိုက်ထို့အနေနဲ့ သူ့ရဲ့နောက်ကျောကို ကြီးမားပြင်းထန်တဲ့ မိီးလျှံတွေလာရိုက်ခတ်တယ်လို့ ခံစားလိုက်ခဲ့ရပါတယ်။ သူ့လဲအရှေ့ကိုလွှင့်ထွက်လို့သွားခဲ့ပါပြီ။ အဲ့ဒီနောက်တိုက်ပွဲစင်မြင့်နံရံနဲ့ ပြင်းပြင်းထန်ထန် ရိုက်ခတ်မိရင်း ရှောင်းရှောင်းရဲ့ဘေးကိုလှဲကျလို့သွားပါတော့တယ်။ လက်ရှိပြိုင်ပွဲစင်မြင့်ကတော့ အဝေးကနေကြည့်မယ်ဆိုရင် မီးလျှံတွေအပြည့် ပေါက်ကွဲမှုနဲ့အတူအတော်ကိုလှပလို့နေခဲ့ပါတယ်။ အ၀ါရင့်ရောင်ဒိုင်းအကာအကွယ်ကြီးက အခုအချိန်မှာ ရွှေရောင်ပြောင်းသွားခဲ့ပါပြီ။ ၀ိညာဥ်ပညာရှင်တစ်ရာရှစ်ယောက်ကတော့ အတော်လေး မျက်စိပျက်မျက်နှာပျက်နဲ့ ထိန်းချုပ်လို့နေခဲ့ပါတယ်။
စင်ပေါ်မှာဆက်တိုက်တောက်ပနေခဲ့တဲ့အလင်းတန်းတွေက တစ်ဖက်မှာတော့ အဖြူရောင်မီးလျှံတွေအပြည့်ရှိနေခဲ့ပြီ နောက်တစ်ဖက်မှာကတော့ ခရမ်းရောင်ပေါက်ကွဲမှုတွေရှိနေခဲ့တာပါ။
ကြီးမားပြင်းထန်တဲ့ဖျက်ဆီးမှုကို ခံစားနေရတဲ့စင်မြင့်ကတော့ နားစည်းကွဲမတတ်မြည်သံနဲ့အတူ တစ်၀ုန်း၀ုန်းရိုက်ခတ်လို့နေခဲ့ပါပြီ။ ကြယ်တာရာလော့ရင်ပြင်ကျယ်ရဲ့ ဟိုအပြင်ဘက်ကတောင် ဒီအသံတွေကို ကောင်းကောင်းကြားနေခဲ့ရပါတယ်။
ဒါပေမယ့် လက်ရှိအခြေအနေကတော့ တချို့သူတွေအတွက် အတော်ကိုတိတ်ဆိတ်လို့နေခဲ့တယ်။ အထူးသဖြင့် ဟယ့်ချိုက်ထို့က သူ့တစ်ကိုယ်လုံးရင်ပြင်ထဲနစ်၀င်ပြီ ဗလာကျင်းနေသလိုခံစားနေခဲ့ရပါတယ်။ ဆေးပြင်းလိပ်ရဲ့ စူးရှတဲ့အရသာက သူ့လည်ချောင်းထဲကိုဓားတွေနဲ့ မွှန်းနေသလိုပါပဲ။
ပေါက်ကွဲမှုကနေ ထွက်ပေါ်လာနေတဲ့ အရှိန်အဟုန်တွေကြောင့် ခန္ဓာကိုယ်တစ်ခုလုံး နာနာကျင်ကျင်ခံစားနေရတာကိုတောင် သူမသိတော့ပဲ ရှိနေခဲ့ပါတယ်။ သူလုပ်နေတဲ့တစ်ခုတည်သောအရာကတော့ လှဲကျနေတဲ့နေရာကနေ ရှောင်းရှောင်းဆီကို တွားသွားရင်းကာကွယ်ဖို့လုပ်နေခဲ့တာပါပဲ။
အရမ်းကိုတိတ်ဆိတ်နေခဲ့တဲ့ ရှောင်းရှောင်းကတော့ အပြင်လောကရဲ့ပေါက်ကွဲသံတွေကို အခုအချိန်မှာ မကြားနိုင်တာအမှန်ပါ။ သူမရဲ့မျက်နှာက အရမ်းကိုဖြူဖျော့နေခဲ့ပြီ နှုတ်ခမ်းတွေကလဲ တင်းတင်းစေ့ထားပါတယ်။ သူ့ရဲ့မျက်လုံးနှာခေါင်းပါးစပ်နားတွေကနေ ဆက်တိုက်စီးကျနေတဲ့သွေးတွေကိုတော့ ရှင်းရှင်းလင်းလင်းမြင်နေခဲ့ရပါတယ်။ အခြေအနေဆိုး၀ါးနေရုံတင်မက သနားစရာကောင်းပြီ ရင်နာစရာကောင်းတဲ့ခံစားချက်က ထွက်ပေါ်လို့နေခဲ့တာပါ။
ဒါပေမယ့် လက်ရှိအချိန်မှာရှောင်းရှောင်းရဲ့အခုပုံစံက ဟယ့်ချိုက်ထို့က မျက်လုံးထဲမှာတော့ အရမ်းကိုချစ်စရာကောင်းနေခဲ့ပါတယ်။ အစောပိုင်းတုန်းက စင်ပေါ်မတက်ခင်မှာ သူတို့နှစ်ယောက်သီးသန့်စကားပြောခဲ့ကြပါတယ်။ အဲ့ဒီအသံတွေကလဲ သူ့စိတ်ထဲမှာပြန်လည်ရစ်၀ဲနေဆဲပါ။
” အစ်ကိုဟယ့် ဒီနေရာမှာ အားကောင်းတဲ့၀ိညာဥ်လက်နက်တွေကို ကန့်သတ်မထားတာရှိလား “‘
” ငါ့မှာတစ်ခုရှိတယ်…ဒါပေမယ့် သူ့ကိုစွမ်းအားဖြည့်ဖို့အရမ်းကြာတယ်. ”
” ဒါဆိုရင် ကျွန်မတို့အကုန်လုံးကို ရင်းကြည့်ကြရင်ရောဘယ်လိုလဲ အချိန်ဆွဲထားဖို့ကျွန်မတို့အကောင်းဆုံးကြိုးစားပေးမယ်..အချိန်အပြည့်အ၀ရမယ်လို့တော့ အာမမခံနိုင်ပေမဲ့ အကောင်းဆုံးလုပ်မှာပါ အားလုံးက အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းသားတွေပဲလေ အမျက်ဒေါသကျောင်းတော်အတွက် ဒီအတိုင်းအရှုံးခံလို့တော့မရဘူးမလား အသက်အရွယ်ငယ်ရွယ်နေတာက အကြောင်းပြချက်ကောင်းမဟုတ်ဘူးလေ ”
” ရှောင်းရှောင်း ဒါပေမယ့် ”
” ဒါပေမယ့်ဆိုတာမရှိဘူးအစ်ကိုကြီးဟယ့် အကယ်၍ ကျွန်မတို့သာ ရှိသမျှအားလုံးကို ရင်းပြီမတိုက်ခိုက်ဘူးဆိုရင် သေချာပေါက် တစ်ဘ၀လုံးနောင်တရနေမှာပဲ ကျွန်မလိုမိန်းကလေးတောင်မကြောက်ဘူးဆိုရင် အစ်ကိုကြီးကြောက်နေတယ်လို့တော့ ပြောလို့မရဘူးမလား ”
” ငါက သေချာပေါက် ဘယ်ကြောက်မလဲ ဒါပေမယ့် မင်းအတွက်စိုးရိမ်မိတယ် ”
” စိုးရိမ်စရာမလိုဘူး ကျွန်မကလဲ အမျက်ဒေါသကျောင်းတော်ရဲ့ကိုယ်စားပြုအဖွဲ့ကလူပဲ ကလေးမလေးတစ်ယောက်သက်သက်မဟုတ်ဘူးလေ ဒါဆိုရင် ဒီလိုပဲလုပ်ကြတာပေါ့ ”
သူတို့ရဲ့ဗျူဟာကို အဲ့ဒီအချိန်မှာဆွေးနွေးခဲ့တာပါ။ ဒါ့အပြင် သူတို့ပြောခဲ့တဲ့အတိုင်းပဲ ဆက်ပြီလုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ ဟယ့်ချိုက်ထို့အနေနဲ့ နောင်တဘယ်လိုရရမလဲဆိုတာတောင် မသိတော့ပါဘူး။
ဆက်တ်ိုက်ကြိုးစားရင်း တွားသွားနေပြီတဲ့နောက် ရှောင်းရှောင်းရဲ့ခန္ဓာကိုယ်ပေါ်ကို အုပ်မိုးလိုက်ပါတော့တယ်။ သူ့ရဲ့ခန္ဓာကိုယ်ကို ကိုင်းလိုက်ရင်း ကျယ်ပြန်တဲ့ကျောကိုအသုံးပြုပြီး ရှောင်းရှောင်းရဲ့ ခန္ဓာကိုယ်ကို အပျက်အစီးတွေမထိခိုက်အောင် ကြိုးစားပြီကာကွယ်လိုက်ပါတော့တယ်။
” ကောင်မလေး ငါနောင်အနာဂတ်မှာ မင်းငါ့ကိုကာကွယ်စေဖို့ လုံး၀ခွင့်မပြုတော့ဘူး ငါကပဲ မင်းကိုကာကွယ်ပေးတဲ့သူဖြစ်နေရမယ် ”
ဟယ့်ချိုက်ထို့ရဲ့ ခေါင်းတစ်ခုလုံးမူးဝေလာပါတော့တယ်။ ကျောပေါ်ကိုဆက်တိုက်ပြိုကျနေတဲ့စင်ရဲ့နာကျင်မှုတွေကို ခံစားနေခဲ့ရင်း သူသတိလစ်သွားခဲ့တယ်။ သူသတိလစ်သွားတာတောင်မှ တံတောင်တစ်နဲ့ ဒူးတွေကိုအသုံးပြုပြီး သူ့ရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်ကို တောင့်ခံထားရင်း သူ့ရဲ့အောက်ဖက်မှာရှိနေတဲ့ ကောင်မလေးကို ဆက်တိုက်ကာကွယ်ထားဆဲပါ။
အပိုင်း ၉၀•၃ ပြီး၏။