အပိုင်း ၉၀•၂
” ကြမ်းတမ်းလှသောအထူးပေါင်းစည်းမှုအမြောက် ”
°°°
ဒီတစ်ကြိမ်မှာပဲ အ၀ါရောင်လျှပ်စီးတန်းနဲ့ တူညီတဲ့ အလင်းရောင်က ရောက်ရှိလို့လာခဲ့ပါပြီ။ ဒါပေမယ့် ဟယ့်ချိုက်ထို့ကတော့ စွမ်းအားဖြည့်တင်းနေတာ မပြီးဆုံးသေးပါဘူး။ ဒါကြောင့် မလှုပ်ရှားနိုင်သလို ရောက်ရှိလာတဲ့တိုက်ခိုက်မှုကို ခုန်မရှောင်နိုင်ပဲရှိနေခဲ့ပါတယ်။ တခြားတစ်ဖက်မှာကတော့ ရွှယ်လန်က ပြင်းပြင်းထန်ထန်ပြေး၀င်လာရင် မီတာငါးဆယ်ကျော်အထိကို ဖြတ်သန်းလို့ပြီးနေခဲ့ပါပြီ။ သူ့ရဲ့တိုက်ခိုက်မှုက အသက်ရှုချိန်တစ်ချိန်စာအတွင်းကို ရောက်ရှိလာမှာပါ။
ဒီလိုတိကျတဲ့အချိန်အတွင်းမှာပဲ အ၀ါရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းရှိတဲ့ မိန်းကလေးက ပြေးထွက်လို့လာခဲ့ပါပြီ။ သူက ထန်ရှောင်းလဲ့နဲ့ ရွှယ်လန်တို့ရဲ့မျက်လုံးထဲမှာ လုံး၀ကိုရှိမနေခဲ့ပါဘူး။
ဟယ့်ချိုက်ထို့ခန္ဓာကိုယ်နဲ့ မနီးမဝေးနေရာမှာကတော့ မှောင်မိုက်နေတဲ့အိုးကြီးတစ်လုံးက ရုတ်တရက်ပေါ်လာပါတော့တယ်။ အ၀ါရောင်အလင်းတန်းက ဟယ့်ချိုက်ထို့ကို ထိတော့မဲ့အချိန်မှာပဲ အိုးကြီးက၀င်ခံလိုက်ပြီ တုန်ခါလို့သွားခဲ့ပါပြီ။ အိုးကြီးရဲ့ကြီးမားတဲ့ကိုယ်ထည်က မြားကို၀င်ပြီတားဆီးလိုက်တာကြောင့် ချက်ချင်းဆိုသလို မီးဖွာတွေဖြာထွက်လို့သွားပါတော့တယ်။ နားစည်းကွဲအက်မတတ်စူးရှတဲ့ပေါက်ကွသံတွေကလဲ အိုးကြီးထဲကနေ ထွက်ပေါ်လို့လာခဲ့ပါပြီ။ ဒါ့အပြင် လန့်စရာကောင်းလွန်လှတဲ့ အက်ကြောင်းရာကလဲ သူ့ရဲ့မျက်နှာပေါ်မှာပေါ်ထွက်လာခဲ့ပါတယ်။ အဲ့ဒီနောက် အ၀ါရောင်အလင်းတန်းက တစ်ဖက်ကိုသွေးဖယ်လို့သွားခဲ့ပြီ ဟယ့်ချိုက်ထို့ရဲ့ပုခုံးပေါ်ကနေ ဖြတ်သန်းသွားရင်း အကာအကွယ်အတားအဆီးဆီကိုပျံထွက်လို့သွားပါတော့တယ်။
စူးရှတဲ့အသံတစ်သံက ဖြစ်ပေါ်လို့လာခဲ့ပါပြီ။ ပိုပြီးအံ့ဩစရာကောင်းတာကတော့ ၀ိညာဥ်ပညာရှင်ပေါင်းတစ်ရာနဲ့ရှစ်ယောက်တိတိ ဖန်တီးထားတဲ့အကာအကွယ်အတားအဆီးပေါ်မှာ သေးငယ်တဲ့ အပေါက်တစ်ပေါက်ပေါ်လာခဲ့တာပါ။ ဒါကြောင့်သာ စူးရှတဲ့အသံကြီးထွက်ပေါ်လာခဲ့တာလဲ ဖြစ်ပါတယ်။ ချက်ချင်းဆိုသလို ပြန်လည်ပြင်ဆင်ပြီသားဖြစ်သွားခဲ့ပေမဲ့ အ၀ါရောင်မြားကတော့ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ဒါပေမယ့် အဲ့ဒီနေရာမှာ ထန်ရှောင်းလဲ့ရဲ့မြားအစွမ်းကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ အပေါက်ရှိသွားတာကို လူတိုင်းရှင်းရှင်းလင်းလင်း မြင်နေခဲ့ရပါတယ်။ ဒီမြားရဲ့ဖောက်ထွက်နိုင်တဲ့စွမ်းအားကိုလဲ လူတိုင်းက သိသွားခဲ့ရတယ်။
” တိကျလိုက်တဲ့ အကဲဖြတ်မှုပါလား ”
ထန်ရှောင်းလဲ့က ရှောင်းရှောင်းကိုကြည့်ရင်း ထိတ်လန့်လို့သွားခဲ့မိပါတယ်။ သူမရဲ့တောက်ပနေတဲ့ ဒုတိယ၀ိညာဥ်စက်ကွင်းကို မြင်ချိန်မှာတော့ သူမျက်မှောင်ကြုတ်လိုက်မိတယ်။ သူ့မျက်လုံးထဲမှာ ခရမ်းရောင်အလင်းတန်းက နောက်တစ်ကြိမ် ထွက်ပေါ်လို့လာခဲ့ပါပြီ။ မှန်ပါတယ် ဒါက ရှောင်းရှောင်းရဲ့ အကဲဖြတ်နိုင်တဲ့အစွမ်းအစပါပဲ။ ဟို့ယွိဟောင်က သူတို့ကို ဒီနေရာမှာကူညီနိုင်စွမ်းမရှိပါဘူး။ တတိယပြိုင်ပွဲကလဲ သူပါ၀င်ယှဥ်ပြိုင်ရဦးမှာဖြစ်တာကြောင့် အကုန်လုံးကို ရှောင်းရှောင်းကသူ့ဘာသာသူတိုက်ခိုက်လို့နေခဲ့ပါတယ်။ ဒီခံစားချက်က အံ့ဩစရာကောင်းလွန်နေခဲ့တယ်။ သူမရဲ့မျက်လုံးတွေက ထန်ရှောင်းလဲ့ရဲ့ မြားအရှိန်ကို လိုက်မမီနိုင်ပေမဲ့ သူ့ရဲ့အိုးကြီးကို အသုံးချရင်း ဒီမြားရဲ့နေရာကို ပြောင်းလဲနိုင်လိုက်ပါပြီ။
ဒါပေမယ့် ထန်ရှောင်းလဲ့ကတော့ သူ့ရဲ့လေးကိုင်းကို ဒုတိယအကြိမ်မြောက်ဆွဲပြီသားဖြစ်နေခဲ့တယ်။ ဒီတစ်ကြိမ်မှာလဲ မြားကအ၀ါရောင်ပါပဲ။ လုံး၀မတူညီတဲ့ခံစားချက်ကို ပေးစွမ်းနေတာမျိုးမဟုတ်လား အစောပိုင်းတုန်းကတော့ မြန်ဆန်းတဲ့အရှိန်နှုန်းသုံးမြားကိုအသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမြားကတော့ ရူးချင်စရာကောင်းလောက်တဲ့ တိုက်ခိုက်နိုင်စွမ်းတွေနဲ့ ပြည့်နှက်လို့နေခဲ့တယ်။ ရွှယ်လန်ကတော့ လက်ရှိအချိန်မှာဆယ့်မီတာအထိကို ရောက်နေခဲ့ပါပြီ။ သူ့ရဲ့အရှိန်ကလဲ ပိုတိုးလို့လာခဲ့ပါတယ်။
ဒီတစ်ကြိမ်မှာပဲ တေးသွားတစ်ခုက ထွက်ပေါ်လို့လာခဲ့ပါတော့တယ်။ ဒီတေးသွားက စူးရှပြီနား၀င်ဆိုးပေမဲ့ ထန်ရှောင်းလဲ့နဲ့ ရွှယ်လန်တို့ရဲ့ စိတ်တွေကတော့ ဒီတေးသွားကိုကြားချိန်မှာ တခဏတာထုံထိုင်လို့သွားပါတော့တယ်။ တစ်ချိန်ထဲမှာပဲ အရှိန်နှုန်းကလဲလျော့ကျလို့သွားခဲ့ပါပြီ။ ဒီလိုမျိုးရုတ်တရက်အသုံးချမှုကို ဒီလိုမျိုးမလုပ်နိုင်ပါဘူး။ အထူးသဖြင့်ဒီလိုရုတ်တရက်ထွက်ပေါ်လာခဲ့တဲ့ အခိုက်အတန့်က ရှောင်းရှောင်းနဲ့ ဟယ့်ချိုက်ထို့တို့ကို တိုက်ခိုက်လုနီးပါးဖြစ်နေခဲ့တဲ့ ရွှယ်လန်ကို လေထဲမှာတန့်သွားစေခဲ့ပါတယ်။ ထန်ရှောင်းလဲ့ရဲ့မြားကိုလဲ နောက်တစ်ကြိမ် နှောင့်နှေးလို့သွားစေခဲ့ပါပြီ။ ဒါက ဟယ့်ချိုက်ထို့အတွက် အချိန်ပိုရစေဖို့ဖြစ်သွားခဲ့ပါတယ်။
” ဒါကဘာကြီးလဲ ၀ိညာဥ်လက်နက်လား ”
ထန်ရှောင်းလဲ့နဲ့ ရွှယ်လန်နှစ်ယောက်စလုံးက ရှောင်းရှောင်းရဲ့လက်ထဲမှာရှိနေခဲ့တဲ့ပုလွေအရှည်ကြီးဆီကို အကြည့်ရောက်သွားပါတော့တယ်။ ဒါကသေချာပေါက် ၀ိညာဥ်လက်နက်မဟုတ်နိုင်ပါဘူး။ ရှောင်းရှောင်းရဲ့ ခြေထောက်အောက်မှာရှိနေခဲ့တဲ့ ၀ိညာဥ်စက်ကွင်းနှစ်ကွင်းက တစ်ခုထဲအဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။
ဒီတစ်ကြိမ်မှာပဲ ကြည့်နေသမျှလူတိုင်းတင်မက တခြားကျောင်းတော်တွေအားလုံးပါ အမျက်ဒေါသကျောင်းတော်အနေနဲ့ ဘာကြောင့်များ ဒီလိုငယ်ရွယ်ပြီအားနည်းတဲ့ကလေးမလေးကို တိုက်ပွဲထဲပို့ပြီ တိုက်ခိုက်ခိုင်းတယ်ဆိုတာ နားလည်လို့သွားပါတော့တယ်။ ဒီကလေးမလေးက အမွှာ၀ိညာဥ်ကိုပိုင်ဆိုင်ထားပြီ အဆုံးမဲ့တဲ့အနာဂတ်အလားအလာကိုပိုင်ဆိုင်တဲ့ ၀ိညာဥ်ပညာရှင်ဖြစ်နေလို့ပါပဲ။ ဒီနေရာမှာ ဘယ်ကျောင်းတော်ကများအမွှာ၀ိညာဥ်ပညာရှင်ကို ထုတ်ပေးနိုင်လို့လဲ။
သူ့မမှာ၀ိညာဥ်စက်ကွင်းနှစ်ကွင်းပဲရှိတော့ရော ဘာဖြစ်လဲ အမွှာသိုင်းပညာ၀ိညာဥ်ရှိနေပြီဆိုမှတော့ သေချာပေါက် အဆုံးမဲ့တဲ့အနာဂတ်ကောင်းကမှာ သူမအတွက်ဖြစ်နေမှာပါ။အခုအချိန်မှာတော့ ရှောင်းရှောင်းကိုဘယ်သူမှ အထင်မသေး၀ံ့တော့ပါဘူး။ သူမကိုကြည့်နေတဲ့ သူတို့ရဲ့အကြည့်တွေက ပိုလို့တောင်တောက်ပလာပါတော့တယ်။ အထူးသဖြင့် အဖွဲ့အသီးသီးရဲ့ ဆရာတွေပါပဲ။ သူတို့မှာ အတွေးတစ်ခုထဲရှိပါတယ်။
” ဒီကလေးမသာ ငါတို့ကျောင်းတော်ကဖြစ်ရင်း ဘယ်လောက်တောင်ကောင်းလိုက်မလဲ ”
ရွှယ်လန်က တခဏတာနှေးကွေးလို့သွားခဲ့ပေမဲ့ သူတို့နှစ်ယောက်ကြားမှာမီတာနှစ်ဆယ်သာ ကွာတော့တဲ့အတွက် ချက်ချင်းအရှိန်မမြင့်လိုက်ပါဘူး။ အဲ့ဒီအစား သူ့ခန္ဓာကိုယ်အောက်ဖက်ဆီစောင်းချလိုက်ပြီ သူ့တစ်ကိုယ်လုံးကို လုံးနေအောင်လိမ့်လိုက်ပါတော့တယ်။
သူနဲ့ထန်ရှောင်းလဲ့လဲ ပူးပေါင်းဆောင်ရွက်မှုက အခုအချိန်မှာပေါ်ထွက်လို့လာခဲ့ပါပြီ။ ဒီလိုလုံးလိုက်တာက ထန်ရှောင်းလဲ့ရဲ့ ဒုတိယမြားကို ရှောင်လွဲလိုက်သလိုဖြစ်သွားခဲ့ပါတယ်။
မြားရဲ့တ၀ှီး၀ှီးမြည်သံက ပထမပိုင်းမြားထက်တောင်ပိုပြီး အားကောင်းလို့နေခဲ့သေးတယ်။ ဒါ့အပြင် အလင်းတန်းတစ်ခုလိုမဟုတ်ပဲ ကြီးမားတဲ့ဖရဲသီးအလုံးကြီးလိုမျိုး အလင်းလုံးကြီးဖြစ်နေခဲ့တာပါ။
ဒီပွဲတော်ကိုလာကြည့်တဲ့လူတွေသာ အ၀ါရောင်အလင်းတန်းကို ရှင်းရှင်းလင်းလင်းမြင်ရမယ်ဆိုရင် ဒီအလုံးကြီးက မြားတစ်စင်းလည်နေတာကို သိကြမှာအမှန်ပါပဲ။
ဒါကတော့ ထန်ရှောင်းလဲ့ရဲ့ဒုတိယ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ ဖျက်ဆီးရေးမြားပါ။ ကြောင်လိမ်လှေကားပုံပေါက်နေတဲ့ မြားလို့လဲခေါ်ကြပါတယ်။
သူ့ရဲ့ထွင်းဖောက်နိုင်တဲ့စွမ်းရည်က ပထမမြားလောက်မမြင့်မားပေမဲ့ ဖျက်ဆီးနိုင်တဲ့စွမ်းရည်ကတော့ အများကြီးသာပါတယ်။ အထူးသဖြင့်ပေါက်ကွဲနိုင်စွမ်းက အဆုံးစွန်းအထိမြင့်မားနေခဲ့တာပါ။
ရှောင်းရှောင်းအနေနဲ့ ဟယ့်ချိုက်ထို့ကို လက်ရှိအချိန်မှာ နောက်ထားပြီပြေးထွက်လာလိမ့််မယ်လို့ ဘယ်သူမှမထင်ထားခဲ့ပါဘူး။ သူ့မက သူ့ကိုပစ်ထားပြီထွက်ပေါ်လာတာမဟုတ်ပဲ သူ့ရဲ့ခန္ဓာကိုယ်ကိုအသုံးပြုရင်း ဟယ့်ချိုက်ထို့ကိုကာကွယ်လိုက်တာပါ။ ဒါ့အပြင် ပြေး၀င်လာနေတဲ့ ရွှယ်လန်ကိုလဲ တားဆီးလိုက်ပါတယ်။
အစောပိုင်းတုန်းက ထွက်ပေါ်လာခဲ့တဲ့ အနက်ရောင်အိုးကြီးကတော့ လက်ရှိအချိန်မှာ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ရှောင်းရှောင်းရဲ့ခန္ဓာကိုယ်ပေါ်ကနေ အနက်ရောင်အလင်းတန်းသုံးခုက ပြေးထွက်လို့သွားပါတော့တယ်။ ဒါကအရှေ့ကိုတိုးထွက်တဲ့ဗျူဟာလိုပါပဲ။
သူမက ၀ိညာဥ်နှစ်ခုပါတဲ့အမွှာ၀ိညာဥ်ပညာရှင်ဖြစ်နေခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ၀ိညာဥ်စက်ကွင်းနှစ်ကွင်းသာရှိသေးတဲ့ ၀ိညာဥ်မဟာပညာရှင်ဖြစ်နေဆဲပါပဲ။ ထန်ရှောင်းလဲ့နဲ့ ရွှယ်လန်ရဲ့အရှေ့မှာ အရမ်းကိုအင်အားနည်းတဲ့သူဖြစ်နေပါတယ်။ ဒါပေမယ့် တစ်ချက်လေးတောင် နောက်လှည့်မကြည့်ပဲအရှေ့ကို ပြေးထွက်ဖို့သူဆုံးဖြတ်လိုက်ပါပြီ။
ဟယ့်ချိုက်ထို့ရဲ့မျက်လုံးတွေက နီရဲလို့သွားပါတော့တယ်။ ရှောင်းရှောင်းက ဒီလိုထွက်သွားချိန်မှာသူ့ကို လှမ်းပြီပြောသွားခဲ့တယ်။
” အစ်ကိုကြီးဟယ့် ကျွန်မဒီလောက်အထိပဲ လုပ်ပေးနိုင်မယ်…ကျန်တဲ့ကိစ္စကတော့ အစ်ကိုကြီးအပေါ်ပဲ မူတည်တော့မယ် ”
ဟယ့်ချိုက်ထို့က သူတို့အဖွဲ့ထဲမှာ ခန္ဓာကိုယ်အရွယ်အစားအကြီးမားဆုံးသူပါ။ ရှောင်းရှောင်းကတော့ အသေးငယ်ဆုံးဖြစ်ပါတယ်။ သူ့ရဲ့ခံစားချက်က ဘယ်လိုဖြစ်နေမလဲဆိုတာ တွေးကြည့်လို့တောင်ရနိုင်နေပါပြီ။ သေးငယ်တဲ့ကလေးမလေးက ၀ိညာဥ်ဘုရင်တစ်ယောက်နဲ့ ၀ိညာဥ်ဘိုးဘေးတစ်ယောက်ကို သူရှေ့မှာမားမားမတ်မတ်ရပ်တည်ရင်း ကာကွယ်တိုက်ခိုက်ပေးလို့နေခဲ့တာပါ။ ဒီအချိန်မှာပဲ သူဘယ်တုန်းကမှ အလေးမထားခဲ့ဘူးတဲ့ ဒီကလေးမလေးရဲ့ရုပ်ပုံလွှာက သူ့နှလုံးသားရဲ့အနူးညံ့ဆုံးနေရာမှာ စွဲစွဲထင်ထင် ကျန်ရှိလို့သွားပါတော့တယ်။ သေးငယ်ပြီနူးညံ့တဲ့ မျက်နှာပေါ်မှာရှိနေခဲ့တဲ့ ဆုံးဖြတ်ချက်ခိုင်မာတဲ့အကြည့်တွေကို ဘယ်တော့မှမေ့ဖျောက်လို့ရနိုင်တော့မှာမဟုတ်ပါဘူး။
” ရှောင်းရှောင်း ”
ဟယ့်ချိုက်ထို့ အံကြိတ်လိုက်ရင်းရှိသမျှစွမ်းအားတွေအားလုံးကိုအသုံးပြုကာ ၀ိညာဥ်အမြောက်ထဲကို ထည့်သွင်းပါတော့တယ်။ သူ့ရဲ့သွေးကြွေးတွေတောင် ထောင်ထလို့လာခဲ့ပါပြီ။ သူ့ရဲ့ခန္ဓာကိုယ်အရေးပြားမွှေးညင်းပေါက်တွေကနေ သွေးတွေစပြီစိမ့်ထွက်လို့လာပါတော့တယ်။ နဖူးမှာလဲ သွေးကြွေးတွေက ထောင်ထလို့လာခဲ့ပြီ ခန္ဓာကိုယ်တစ်ခုလုံးက သူ့ရဲ့ကိုယ်ပိုင်၀ိညာဥ်စွမ်းအားကြောင့် အချိန်မရွေးပေါက်ကွဲမတတ်ဖြစ်နေခဲ့တယ်။
ရှောင်းရှောင်းရဲ့မျက်နှာလေးက အေးစက်တဲ့ပုံပေါ်ပေမဲ့ မျက်လုံးတွေကတော့ တ်ိုက်ခိုက်လိုစိတ်အပြည့်နဲ့ တောက်ပလို့နေခဲ့ပါတယ်။ သူ့ရှေ့မှာရှိနေခဲ့တဲ့ လူနှစ်ယောက်က သူ့ကိုတခဏတာအတွင်း အလွယ်လေးအနိုင်ယူသွားမယ်ဆိုတာ သိနေခဲ့တယ်။ အကယ်၍ သူတို့သာ လုပ်ချင်တယ်ဆိုရင် သူမကိုသတ်ပြစ်လို့တောင်ရနေပါတယ်။ ဒါတောင်မှတစ်ချက်လေးတောင်နောက်မလှည့်ပဲ သူမတိုက်ခိုက်ဖို့ရွေးချယ်ခဲ့တာပါ။
အမျက်ဒေါသကျောင်းတော်ရဲ့ဂုဏ်သိက္ခာက သူတို့ရဲ့အစ်ကိုကြီး အစ်မကြီးတွေနဲ့တင် သက်ဆိုင်တာမဟုတ်ပါဘူး။ သူမ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လဲ သက်ဆိုင်ပါတယ်။ ဒီအားအနည်းဆုံးအဖွဲ့၀င်သုံးယောက်ကလဲ အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းသားတွေပါ။
ဟို့ယွိဟောင်က အစောပိုင်းပွဲတွေမှာ အများကြီးစွမ်းဆောင်ခဲ့ပြီးပါပြီ။ ၀မ်သုန့်ကလဲ သူ့နဲ့အတူတူ ရွှေရောင်လမ်းကိုအသုံးပြုရင်း တိုက်ခိုက်ခဲ့ပါတယ်။ အခုအချိန်အထိ ဘာမှမလုပ်ရသေးတာ သူမတစ်ယောက်သာရှိနေခဲ့တယ်။ လူတိုင်းအတွက် သူက အနောက်မှာရပ်နေသူသာဖြစ်နေခဲ့တာပါ။ ရှောင်းရှောင်းရဲ့နှလုံးသားထဲမှာ အမြဲတမ်းဒီလိုခံစားနေခဲ့ရတယ်။
ပေ့ပေ့က သူ့ကိုဟယ့်ချ်ိုက်ထို့နဲ့အတူတူ ပို့လွှတ်လိုက်ပြီချိန်မှာ ဒီခံစားချက်က ပိုလို့ပြင်းထန်လာပါတော့တယ်။ ရှောင်းရှောင်းရဲ့နှလုံးသားထဲမှာတော့ မွန်းကြပ်တဲ့ခံးစားချက်တွေက ပိုပြီးတိုးပွားလို့လာခဲ့ပါပြီ။ သူ့အနေနဲ့ သူမရဲ့ပြိုင်ဘက်ရဲ့ အားအကြီးဆုံးတိုက်ခိုက်မှုတွေကို မျှားခေါ်ရင်းဖြုန်းတီးပြစ်ဖို့အတွက် ဆုံးဖြတ်လိုက်ပါတယ်။ ရှောင်းရှောင်းက အမွှာ၀ိညာဥ်ပညာရှင်အဖြစ် သူ့ကိုယ်သူအမြဲတမ်းမြင့်မြင့်မားမားတွေးထားခဲ့တာပါ။ ဒါကြောင့် ဒီပြိုင်ပွဲမှာ သူလုပ်နိုင်သမျှအရာအားလုံးကို လုပ်မယ်လို့ဆုံးဖြတ်ချက်ချထားပြီသားဖြစ်နေခဲ့တယ်။ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ကိစ္စမရှိပါဘူး။
ဒါကြောင့် အရေးကြီးဆုံးအချိန်မှာ သူပြေးထွက်လို့သွားခဲ့ပါပြီ။ သူ့နှလုံးသားထဲမှာ ရှိနေခဲ့တဲ့ ကြိုတင်ခန့်မှန်းထားတဲ့ ခံစားချက်ကပိုလို့တောင် အားကောင်းလို့လာပါတော့တယ်။ သူအနေနဲ့ ဟယ့်ချ်ိုက်ထို့စွမ်းအားဖြည့်လို့ပြီးမဲ့အချိန်ကိုစောင့်ပြီ တွက်ချက်နေခဲ့မိတယ်။ ဒါ့အပြင် သူမသာ နောက်ထပ်အချိန်နည်းနည်းပိုပြီး တိုက်ခိုက်ပေးလို့ကတော့ သူ့အနေနဲ့လဲ သေချာပေါက် ဒီအမြောက်ကိုအားဖြည့်တာ ပြီးသွားခဲ့မှာပါ။
စောင်းပြီဆင်းလာခဲ့တဲ့ ထန်ရှောင်းလဲ့က ရှောင်းရှောင်းပြေး၀င်လာတာကို မြင်ချိန်မှာတစ်ချက်တော့ လန့်သွားခဲ့ပါတယ်။ သူ့ရှေ့မှာရှိနေခဲ့တဲ့ကလေးမက သူ့ထက် အများကြီးအားနည်းတာအမှန်ပါ။ ဒါပေမယ့် သူမရဲ့မျက်နှာက တိုက်ခိုက်လိုစိတ်ကြောင့် တောက်ပလို့နေခဲ့ပါတယ်။ ဒီလိုမျိုးရူးရူးသွပ်သွပ်ပြေး၀င်နေတဲ့ပုံစံက အသက်ကိုတောင် မလိုချင်တော့တာလား။ ထန်ရှောင်းလဲ့ရဲ့မြားက ဒီလောက်တားဆီးဖို့လွယ်မှာလား။ ဒီကလေးမရူးသွားပြီလား။
ရွှယ်လန်ကတော့ ရှောင်းရှောင်းကို ဒီလိုသာတွေးနေခဲ့ပါတယ်။ သူ့ရှေ့မှာရှိနေခဲ့တဲ့ ကလေးမလေးက လှပရုံတင်မကပဲ သူ့ရဲ့ရဲ၀ံ့မှုနဲ့ ခေါင်းမာတဲ့လုပ်ရပ်က သူ့ကိုစပြီတိုက်ခိုက်လိုစိတ်မရှိတဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာသက်ရောက်လို့သွားခဲ့ပါတယ်။
” ရှောင်းရှောင်း ”
စင်အောက်မှာရှိနေခဲ့တဲ့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်အပြင် ဆရာ၀မ်တောင် ထပြီအော်လိုက်မိပါတယ်။ သူတို့ကဒီပြိုင်ပွဲကို လုံး၀အရှုံးပေးဖို့ဆုံးဖြတ်ထားခဲ့တာပါ။ ဒါပေမယ့် ရှောင်းရှောင်းကတော့ ဒီလိုလက်လျှော့ဖို့လုံး၀စိတ်ကူးမရှိတဲ့ပုံပါပဲ။ ဖျက်ဆီးရေးမြားနီးကပ်လာချိန်မှာတော့ ထန်ရှောင်းလဲ့ကိုယ်တိုင်တောင် ရှောင်းရှောင်းရဲ့သေမှာမကြောက်တဲ့စိတ်ဓာတ်ကြောင့်စိတ်ပိုင်ဆိုင်ရာရိုက်ခတ်မှုခံလိုက်ရပါတော့တယ်။ ဒါပေမယ့် သူပြစ်လွှတ်လိုက်ပြီတဲ့နောက် သူ့မြားကိုမသိမ်းနိုင်တော့ပါဘူး။ ဒါ့အပြင် သူတို့ကျောင်းတော်ရဲ့ဂုဏ်သိက္ခာနဲ့သက်ဆိုင်တဲ့ကိစ္စလဲဖြစ်နေခဲ့တာကြောင့် အံကြိတ်ရင်းနဲ့သာ ဆက်ပြီတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါပြီ။ ဒါပေမယ့် သူ့မျက်လုံးကတော့ ဒိုင်ဆီရောက်သွားခဲ့ပါတယ်။
အမှန်ပါပဲ ဒိုင်ကပြေး၀င်ခဲ့ပြီသားဖြစ်နေခဲ့တယ်။ သူက နှစ်ဖက်စလုံးတိုက်ခိုက်တဲ့နေရာနဲ့ မီတာသုံးဆယ်လောက်မကွာဝေးပါဘူး။ ဒါပေမယ့် ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်း၀ိညာဥ်သူတော်စင်တောင် ဒီမီတာသုံးဆယ်ကို မြေလျှိုးမိုးပျံလို့မရောက်ပဲရှိနေခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ ရှောင်းရှောင်းရဲ့မျက်လုံးတွေက တောက်ပလို့လာခဲ့ပါပြီ။ သူ့ရဲ့ခြေထောက်အောက်ဖက်မှာအဖြူရောင်အလင်းတန်းပြင်းပြင်းထန်ထန် ထွက်ပေါ်လို့လာပါတော့တယ်။ အ၀ါရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းကတော့ လောင်းကျွမ်းနေတဲ့အတိုင်း တောက်ပလို့လာခဲ့ပါပြီ။ သူ့အရှေ့မှာရှိနေခဲ့တဲ့ အိုးသုံးလုံးကအတူတူပေါင်းစည်းလို့သွားပြီတဲ့နောက် ရွှယ်လန်ဆီကိုပြေး၀င်လို့သွားပါတော့တယ်။ ဒါကတော့ ရှောင်းရှောင်းရဲ့အင်အားအကြီးဆုံးတိုက်ခိုက်မှုဖြစ်တဲ့ နိုင်ငံရတနာအိုးကြီးရဲ့တုန်ခါမှုပါပဲ။ ရွှယ်လန်ရဲ့ လှုပ်ရှားမှုတွေကတော့ သူ့စွမ်းရည်ထုတ်လွှတ်တဲ့အချိန်မှာ အနည်းငယ်နောက်ကျလို့သွားခဲ့ပါတယ်။ ဒီလိုကြောက်စရာကောင်းတဲ့စွမ်းအားက သူတွေးထားတာထက်ကို လုံး၀ကျော်လွန်လို့သွားပြီ သူ့ကိုယာယီထုံထိုင်လို့သွားစေပါတော့တယ်။
အပိုင်း ၉၀•၂ ပြီး၏။