အပိုင်း ၉၀•၁
” ကြမ်းတမ်းလှသောအထူးပေါင်းစည်းမှုအမြောက် ”
°°°
ရှောင်းရှောင်းရဲ့ အ၀ါရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းကို မြင်လိုက်ချိန်မှာတော့ လူတွေအားလုံးက တအံ့တဩအော်ဟစ်မိကြပါတော့တယ်။ အားအနည်းဆုံးအဖွဲ့တောင် ၀ိညာဥ်စက်ကွင်းနှစ်ကွင်းရှိတဲ့ ၀ိညာဥ်ပညာရှင်တွေကို ဒီလိုပြိုင်ပွဲမျိုးမှာ မစေလွှတ်ကြပါဘူး။
တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲက အသက်နှစ်ဆယ့်အောက်ပါ၀င်ယှဥ်ပြိုင်သူတွေကိုသာ ခွင့်ပြုတာပါ။ အကယ်၍ လူတစ်ယောက်ကသာ အသက်နှစ်ဆယ်၀န်းကျင်မှာ အကြီးအကဲအဆင့်ကို ဖြတ်ကျော်မတိုးတက်သေးဘူးဆိုရင် သူ့ကိုထူးချွန်တဲ့သူလို့ သတ်မှတ်နိုင်ဦးမှာလား။ ဒါ့အပြင် အဆင့်မြင့်တဲ့၀ိညာဥ်ပညာရှင်တွေနဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရဲ့ ပြိုင်ပွဲအတွက် ဒီပြိုင်ပွဲကြီးက ကိုယ်စားပြုနေခဲ့တာပါ။ ၀ိညာဥ်စက်ကွင်းနှစ်ကွင်းရှိတဲ့၀ိညာဥ်ပညာရှင်အဆင့်မှာပေါ်လာခဲ့တဲ့ကိစ္စမျိုးက အတော်ကိုကြာမြင့်တဲ့အချိန်ကာလအထိ မဖြစ်ပွားခဲ့တာကြာလှနေပါပြီ။
အခုအချိန်မှာတော့ သူတို့တွေမြင်ကွင်းကို ထင်ထင်ရှားရှားမြင်နေခဲ့ရတော့တယ်။ ဒီလိုရှားပါးတဲ့ဖြစ်စဥ်မျိုးက အဆင့်အတန်းမြင့်တဲ့ပုံစံနဲ့တောင်မတူပါဘူး။
ဥပမာအားဖြင့် ထန်ရှောင်းလဲ့နဲ့ ရွှယ်လန်နှစ်ယောက်စလုံးကလဲ ရှောင်းရှောင်းရဲ့ ၀ိညာဥ်စက်ကွင်းနှစ်ကွင်းကိုကြည့်ရင်း သူ့ရဲ့လှုပ်ရှားမှုတွေကိုတောင် နှေးကွေးလို့သွားပါတယ်။ သူမအစောပိုင်းမှာ ၀ိညာဥ်စက်ကွင်းခြောက်ကွင်းကို ထုတ်ဖော်ပြသခဲ့တာပါ။ အခုတော့၀ိညာဥ်စက်ကွင်းနှစ်ကွင်းသာ ထုတ်ပြပါတော့တယ်။ အမျက်ဒေါသကျောင်းတော်က ဘာကိုပြချင်နေတာလဲ။
သူတို့တခဏတာမျက်လုံးပြူးသွားခဲ့ပေမဲ့ ဟယ့်ချိုက်ထို့ကတော့ ဒီလိုမဖြစ်ခဲ့ပါဘူး။ ဒိုင်ကပြိုင်ပွဲစနိုင်ပြီဆိုတဲ့အကြောင်းကြားလိုက်တာနဲ့ သူချက်ချင်းဆိုသလို အရှေ့ကိုတိုးသွားပါတော့တယ်။ ၀ိညာဥ်ခံတပ်ကိုတည်ဆောက်တော့မယ်လို့ အားလုံးကထင်နေခဲ့ပေမဲ့ ဟယ့်ချိုက်ထို့ကမလုပ်ခဲ့ပါဘူး။ တစ်၀က်လောက် မြင်းထိုင်ထိုင်တဲ့အနေအထားနဲ့ ထိုင်ချလိုက်ပြီ ကြီးမားတဲ့အနက်ရောင်အမြောက်ကြီးနှစ်ခုကို ပုခုံးပေါ်မှာတင်လိုက်ပါတော့တယ်။ ဒီအမြောက်တွေရဲ့ထွက်ပေါ်လာမှုက သာမန်၀ိညာဥ်ပညာရှင်တွေနဲ့ တူညီလို့နေခဲ့ပါပြီ။
ဒိုင်အနေနဲ့ကတော့ ဒီအရာကိုမြင်ချိန်မှာမျက်လုံးပြူးသွားခဲ့ပေမဲ့ ၀င်ရောက်စွက်ဖက်မဲ့အတွေးကိုခပ်မြန်မြန်ပဲ ဖယ်ရှားလိုက်ပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ စုစည်းနေတဲ့အဖြူရောင်အလင်းတန်းတွေက ၀ိညာဥ်အမြောက်ရဲ့ နှုတ်ခမ်း၀မှာစတင်ထွက်ပေါ်လာခဲ့လို့ပါ။ ဒီအရာက ရွေ့လျား၀ိညာဥ်အမြောက်မဟုတ်ပဲနဲ့ ၀ိညာဥ်စွမ်းအားစုစည်းရေး ၀ိညာဥ်အမြောက်မှန်းသိသွားခဲ့လို့ပါပဲ။
ဒါပေမယ့် စွမ်းအားစုစည်းရေး၀ိညာဥ်အမြောက်က ဒီအထိကြီးမားလာနိုင်မလား။ ဒိုင်အနေနဲ့ သံသယ၀င်ခဲ့မိပါတယ်။ ထန်ရှောင်းလဲ့နဲ့ ရွှယ်လန်နှစ်ယောက်ကတော့ ဒီလိုမျိုးမတွေးပါဘူး။ ဟယ့်ချိုက်ထို့က ကြီးမားတဲ့၀ိညာဥ်အမြောက်တွေကို ထုတ်လာတာနဲ့တစ်ပြိုင်နက်ထဲ သူတို့လဲပြင်းထန်တဲ့ဖိအားကို ခံစားလိုက်ရပါတော့တယ်။ ဒီအမြောက်တွေက အသက်၀င်လာခဲ့ရင်း သူတို့ရဲ့အသက်ကိုတောင် ခြိမ်းခြောက်နိုင်မယ်လို့ ချက်ချင်းဆိုသလို တွေးလိုက်မိကြပါပြီ။
ပုံမှန်အခြေအနေမျိုးမှာအဆုံးစွန်းအထိ တွန်းအားမပေးခံရတဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်က သူ့ကိုယ်သူအလွန်အမင်အားကောင်းတဲ့ ၀ိညာဥ်လက်နက်နဲ့ကာကွယ်မှာမဟုတ်ပါဘူး။ ဒီလိုလက်နက်တွေက များပြားတဲ့၀ိညာဥ်စွမ်းအားကို ကုန်ဆုံးစေရုံတင်မက အရေးကြီးတဲ့အချိန်မျိုးမှာ၀ှက်ဖဲအဖြစ်သုံးနိုင်လို့ပါ။
စွမ်းအားစုစည်းရေးအမြောက်တွေကတော့ မတူညီပါဘူး။ စွမ်းအင်စုဆောင်းရေးအမြောက်တွေက ၀ိညာဥ်စွမ်းအားကို စုစည်းပေမဲ့ သူက စွမ်းအားတွေကို တစ်ခုထဲအဖြစ်ပေါင်းစည်းတိုက်ခိုက်စေဖို့အတွက် ၀ိညာဥ်စွမ်းအားကိုသိပ့်သည်စေပြီဖိနှိမ့်ပေးတဲ့လက်နက်တစ်ခုပါ။ ဒါ့အပြင် ၀ိညာဥ်စွမ်းအားကိုစုစည်းတဲ့ ဖြစ်ရပ်မှာ အမှားအယွင်းလဲရှိနိုင်တာကြောင့် သူ့ရဲ့အဓိက အားသာချက်ကတော့ အားကောင်းတဲ့တိုက်ခိုက်ရေးစွမ်းအားပါပဲ။ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရဲ့ရင်ဘတ်မှာပေါ်လာတပ်ပေမဲ့ လက်ရှိအချိန်မှာတော့ ဟယ့်ချိုက်ထို့လက်ထဲရှိနေတဲ့လက်နက်တွေက အတော်ကိုကြောက်စရာကောင်းလောက်အောင် ကြီးမားလို့နေခဲ့ပါတယ်။
ဟယ့်ချိုက်ထို့ လက်ရှိအသုံးပြုနေတဲ့ ၀ိညာဥ်စွမ်းအားစုစည်းရေးအမြောက်တွေကိုသာ အဆင့်တူတဲ့၀ိညာဥ်ပညာရှင်တစ်စုံတစ်ယောက်က ရင်ဆိုင်တိုက်ခိုက်ရမယ်ဆိုရင် သေချာပေါက် ဘာမှန်းမသိဖြစ်သွားတော့မှာပါပဲ။ တကယ်ကို အင်အားကြီးတဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေသာ ဒီအရာကြီးအကြောင်းကို ကောင်းကောင်းနားလည်နိုင်ပါတယ်။
နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့ အနားယူနယ်မြေမှာကတော့ လှုပ်လှုပ်ရှားရှားဖြစ်နေပါပြီ။
” အဲ့ဒါကြီးက အဲ့ဒါကြီးလား မဖြစ်နိုင်လိုက်တာ အထူးစွမ်းအားစုစည်းရေး၀ိညာဥ်အမြောက်ကြီးလား အမျက်ဒေါသကျောင်းတော်က အဲ့ဒါကြီးကိုတောင် ဖန်တီးနိုင်နေပြီပေါ့ ဒါပေမယ့် သူက၀ိညာဥ်စက်ကွင်းလေးကွင်းပဲရှိတဲ့ ၀ိညာဥ်ဘိုးဘေးလေ ဘယ်လိုလုပ် ဒါမျိုးကိုသုံးနိုင်မှာလဲ ”
မာယုလုံက အထိတ်တလန့်နဲ့ ပြောနေခဲ့ပါတယ်။ ဆရာမာကလဲ မျက်မှောင်ကြုတ်နေခဲ့ပါပြီ။
” ကြည့်ရတာ ငါတို့ကအမြဲတမ်းအမျက်ဒေါသကျောင်းတော်ရဲ့ ၀ိညာဥ်လက်နက်တည်ဆောက်ရေးအဖွဲ့အစည်းကို အထင်သေးထားမိပုံပဲ သူ့တို့ရဲ့သုတေသနပြုတဲ့ အစွမ်းအစက အပေါ်ယံမှာမြင်ရသလောက် အားမနည်းတဲ့ပုံပါပဲ “:
အမှန်ပါပဲ ဟယ့်ချိုက်ထို့ရဲ့ ပုခုံးပေါ်မှာရှိနေခဲ့တဲ့ လက်နက်က ဒီပြိုင်ပွဲမှာလုံး၀ပေါ်မလာသင့်တဲ့အရာပါ။ ဒါကနေလနိုင်ငံတော်ရဲ့ ပထမဆုံးဖန်တီးခဲ့တဲ့ လက်နက်တွေဖြစ်ပြီ အထူးစွမ်းအားစုစည်းရေး၀ိညာဥ်အမြောက်လို့ခေါ်ကြပါတယ်။ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရဲ့ ရှိနိုင်တဲ့တစ်ခုတည်သောအင်အားအကြီးဆုံးလက်နက်ပါပဲ။
အမြောက်ရဲ့ရိုးရှင်းတဲ့နည်းလမ်းအသုံးပြုမှုက ၀ိညာဥ်ဘုရင်တစ်ယောက်ရဲ့၀ိညာဥ်စွမ်းအားတွေအားလုံးကို ကုန်ဆုံးစေပါတယ်။ ဒါကသာ အစွမ်းကုန်အထိသုံးလို့ရမဲ့တစ်ခုတည်သောနည်းလမ်းပါ။
ဟယ့်ချိုက်ထို့က ၀ိညာဥ်ဘုရင်တစ်ယောက်ရဲ့စွမ်းအားမျိုးမရှိပါဘူး။ ဒါပေမယ့် သူ့အခုကိုင်ဆောင်ထားတဲ့အရာကလဲ ပြီးပြည့်စုံနေတဲ့တစ်ခုမဟုတ်သေးပဲ သူ့ရဲ့အဓိကဗျူဟာကို အနည်းငယ်ပြုပြင်ပြောင်းလဲလို့ထားပါတယ်။ အပေါ်ယံမှာကတော့ မူလနဲ့တူညီပေမဲ့ တကယ်တော့ အစစ်အမှန်မဟုတ်သေးပါဘူး။ အဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်သာ သူဖြစ်လာမယ်ဆိုရင်နောက်တစ်ကြိမ်ပြန်လည်ပြုပြင်မှသာ တကယ်စစ်မှန်တဲ့ မူလ၀ိညာဥ်လက်နက်ရဲ့ စွမ်းအားကိုထုတ်လွှတ်နိုင်မှာပါ။
ပြီးပြည့်စုံတဲ့တစ်ခုမဟုတ်ပေမဲ့ ဟယ့်ချိုက်ထို့ရဲ့ခန္ဓာကိုယ်ကနေ ပြင်းပြင်းထန်ထန်ထုတ်ဖော်တဲ့ ၀ိညာဥ်စွမ်းအားတွေက ကြောက်စရာကောင်းလောက်တဲ့ အရှိန်နှုန်းနဲ့အမြောက်ထဲကို၀င်ရောက်နေခဲ့ပါပြီ။
အမှန်ပါပဲ သူ့မှာရိုးရှင်းတဲ့ အစီအစဥ်တစ်ခုသာရှိပါတယ်။ အရာအားလုံးကို တစ်ချက်ထဲနဲ့ အဆုံးသတ်ပြစ်ဖို့ပါ။ ၀ိညာဥ်ဘုရင်တစ်ယောက်နဲ့ ၀ိညာဥ်ဘိုးဘေးတစ်ယောက်ကို သူနဲ့ရှောင်းရှောင်းနှစ်ယောက်စွမ်းအားနဲ့တိုက်ခိုက်ဖို့ဆိုတာက လုံး၀ကိုမဖြစ်နိုင်တဲ့ကိစ္စပါပဲ။ အကယ်၍ သူသာအနိုင်ရချင်တယ်ဆိုရင် အရာအားလုံးကိုရင်းပြစ်ရမှာပါ။ ဒါကြောင့်သာ ဒီမပြီးပြည့်စုံသေးတဲ့၀ိညာဥ်အမြောက်ကို ထုတ်သုံးဖို့သူဆုံးဖြတ်လိုက်ပါတယ်။
ဟယ့်ချိုက်ထို့က သူ့ရဲ့ပါးစပ်ထဲမှာကိုက်ထားတဲ့ ဆေးပြင်းလိပ်ကိုကုန်လုခမ်းနီးပါးရှုသွင်းရှုထုတ်လိုက်မိပြီတဲ့နောက် စွမ်းအားတွေကိုအပြည့်အ၀လောင်းထည့်လိုက်ပါတော့တယ်။ သူ့ပါးစပ်ထဲမှာ ကိုက်ထားခဲ့တဲ့ ဆေးပြင်းလိပ်က သုံးရှိုက်စာအတွင်းမှာပဲ ပြာဖြစ်လို့သွားခဲ့ပါပြီ။
ရှောင်းရှောင်းက သူ့ဘေးနားမှာရပ်နေခဲ့ရင်း နောက်တစ်ကြိမ်ဆေးပြင်းလိပ်ကို ပြန်ပြောင်းထည့်ပေးလိုက်ပါတယ်။ ဒါ့အပြင် မီးပါညှိပေးခဲ့တယ်။
စင်မြင့်ပေါ်မှာအဖွဲ့နှစ်ဖွဲ့က မီတာတစ်ရာဆီကွာဝေးကြပါတယ်။ ၀ိညာဥ်ပညာရှင်တွေအတွက်တော့ အတော်ကိုတိုတောင်တဲ့အကွာအဝေးတစ်ခုပါပဲ။ အသက်ရှုချိန်သုံးကြိမ်အတွင်းမှာတင် ဒီအကွာအဝေးကို ဖြတ်ကျော်ပြီပြေးလာနိုင်ပါပြီ။ ဒါပေမယ့် ဟယ့်ချိုက်ထို့ကတော့ တစ်ချက်လေးတောင် သတိလက်လွှတ်မနေ၀ံ့ပါဘူး။ ၀မ်ယန်ဆီကနေ သူတို့ရှေ့မှာရောက်နေတဲ့ ၀ိညာဥ်ပညာရှင်နှစ်ယောက်က အဝေးပစ်တိုက်ခိုက်မှုတွေမှာ အဓိကထူးချွန်တဲ့ပြိုင်ဘက်နှစ်ယောက်လို့ ကောင်းကောင်းသိထားခဲ့ရတယ်။ ဒါပေမယ့် သူ့မှာလဲ တခြားရွေးချယ်စရာမရှိခဲ့ပါဘူး။ အရာအားလုံးကို လောင်းကြေးထပ်ရမှာပါ။ ဒါ့မှသာ မျှော်လင့်ချက်အမျှင်အတန်းလေ ရှိလာပါလိမ့်မယ်။ အရာအားလုံးကို မပေးဆပ်ဘူးဆိုရင်တော့ သေချာပေါက် ရှုံးဖို့သေချာနေပါပြီ။ ဒါ့အပြင် အစောပိုင်းတုန်းက ဒီလိုဗျူဟာမျိုးကိုသူတို့တွေမတွေးထားခဲ့ပါဘူး။ သူတို့ပြိုင်ဘက်တွေအနေနဲ့ အဝေးပစ်တိုက်ခိုက်မှုတွေမှာ အထူးပြုထူးချွန်တယ်ဆိုတာ သိပြီတဲ့နောက် ဟယ့်ချိုက်ထို့လဲ သူ့ရဲ့အစီအစဥ်ကို လုပ်ဆောင်ရပါတော့တယ်။
ရှောင်းရှောင်းရဲ့ ၀ိညာဥ်စက်ကွင်းတွေကြောင့်လန့်နေခဲ့တဲ့ ထန်ရှောင်းလဲ့နဲ့ ရွှယ်လန်တို့နှစ်ယောက်ကလဲ အချိန်အနည်းငယ်နှောင့်နှေးလို့သွားခဲ့ပါပြီ။ ဒါပေမယ့် ခပ်မြန်မြန်ပဲ စွမ်းအားတွေကိုစုစည်းရင်းနဲ့ပြန်တိုက်ခိုက်ဖို့လုပ်ပါတော့တယ်။ ဟယ့်ချိုက်ထို့ရဲ့အမြောက်ဆီကနေ ထွက်ပေါ်နေခဲ့တဲ့စွမ်းအားက သူတို့ကို စတင်ပြီခြိမ်းခြောက်လာခဲ့လို့ပါ။
ရွှယ်လန်က ကြောက်စရာကောင်းလောက်အောင် ဟိန်းဟောက်လိုက်ပြီတဲ့နောက် လျှပ်စီးလက်သလိုမျိုး ခြေထောက်တွေဆီအား ထည့်ရင်း အရှေ့ကိုခုန်၀င်လာပါတော့တယ်။ များပြားတဲ့ပြောင်းလဲမှုက သူ့ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်နေခဲ့ပါပြီ။ တစ်ကိုယ်လုံးငွေဖြူရောင်အမွေးတွေက ဆက်တိုက်ပေါ်ထွက်လို့လာခဲ့ပြီတဲ့နောက် သူ့ရဲ့ကြွက်သားနဲ့အရိုးတွေကလဲ ကြောက်စရာကောင်းလောက်အောင် ကြီးမားလာပါတော့တယ်။ ကြီးမားဆုံးအပြောင်းအလဲကတော့ သူ့ခေါင်းပါပဲ။ ပါးစပ်ကနေအစွယ်တွေ ထိုးထွက်လာခဲ့ပြီတဲ့နောက် ခြေထောက်နဲ့တစ်ကိုယ်လုံးကလဲ အတော်ကြီးကို တုတ်ခိုင်သန်မာလို့လာပါတော့တယ်။ လက်နှစ်ဖက်ကတော့ လက်သည်းတွေဖြစ်သွားခဲ့ပါပြီ။ တစ်ချိန်ထဲမှာပဲ သူ့ရဲ့ပထမ၀ိညာဥ်စက်ကွင်းကလဲ တောက်ပလို့လာပါတော့တယ်။
ရွှယ်လန်ရဲ့သိုင်းပညာ၀ိညာဥ်က ၀ံပုလွေပါ ၀ိညာဥ်၀ံပုလွေဖြစ်ပါတယ်။ သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကိုယ်တိုင်ကိုက အဲ့ဒီလောက်ကြီး အင်အားမကြီးမားပါဘူး။ သူ့အနေနဲ့ မိုးထိလွှာကျောင်းတော်ရဲ့အဓိကအဖွဲ့ကို ၀င်နိုင်ခဲ့တာက သူလက်ရှိအချိန်မှာ လက်ကိုင်ပိုင်ဆိုင်ထားတဲ့ အင်အား၀ိညာဥ်စွမ်းရည်တွေကြောင့်ပါပဲ။ ဥပမာအားဖြင့် သူ့ရဲ့ပထမ၀ိညာဥ်စွမ်းရည်က သူလက်ရှိအသုံးပြုနေတဲ့၀ံပုလွေအသွင်ပြောင်းမှုပါ။ သားရဲကောင်၀ိညာဥ်ကို ပိုင်ဆိုင်ထားတဲ့ ၀ိညာဥ်ပညာရှင်တွေအနေနဲ့ သူတို့ရဲ့သိုင်းပညာ၀ိညာဥ်ကို ထုတ်သုံးလိုက်ပြီဆိုရင် အင်အားကလဲ တိုးတက်လာပြီဖြစ်သလို သူတို့ရဲ့ပုံစံပြောင်းမှုကလဲ သိုင်းပညာ၀ိညာဥ်နဲ့ တူညီလို့သွားပါတော့တယ်။ဒီ၀ံပုလွေအသွင်ပြောင်းမှုက ကိုယ့်ကိုကိုယ်အားကောင်းလုပ်ပေးတဲ့ စွမ်းရည်တစ်ခုပါပဲ။ ဒါ့အပြင် ထိုက်ယွဲ့ဟန်နဲ့ တူညီတဲ့အသွင်ပြောင်းမှုပုံစံမျိုးဖြစ်ပြီ အနည်းငယ်တော့ ပိုပြီးအားနည်းနေခဲ့တယ်။
ဒီအစွမ်းအစက ရွှယ်လန်ကိုအရှိန်နှုန်းစွမ်းအားသုံးခုစလုံးတိုးမြင့်စေနိုင်ရုံတင်မက တိုက်ခိုက်ရေးစွမ်းရည်ကိုလဲ အများကြီးတိုးတက်စေနိုင်ပါတယ်။ ရွှယ်လန်က အမြန်နှုန်းကိုအသုံးပြုတဲ့ ၀ိညာဥ်ပညာရှင်ဖြစ်ပြီ တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်အဖြစ်ပါ သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကြောင့် လုပ်ဆောင်နိုင်ပါတယ်။
ရွှယ်လန်ရဲ့ မြန်ဆန်တဲ့ပြောင်းလဲမှုနဲ့အတူ ထန်ရှောင်းလဲ့ရဲ့ တောက်ပလှတဲ့မျက်လုံးတွေကလဲ ခရမ်းရောင်ပြောင်းလဲလို့သွားခဲ့ပါပြီ။ သူ့မျက်လုံးတွေထဲကနေ ခရမ်းရောင်မီးတောက်ကြီးထွက်ပေါ်နေသလိုပါပဲ။ ညာလက်ကိုမြောက်လိုက်ချိန်မှာတော့ ကြီးမားတဲ့လေးကိုင်းတစ်ခုပေါ်လာပါတော့တယ်။ သူက ဒီပြိုင်ပွဲမှာရှိတဲ့ ၀ိညာဥ်ဘုရင်သုံးယောက်ထဲက တစ်ယောက်ပါပဲ။ အ၀ါရောင်၀ိညာဥ်စက်ကွင်းနှစ်ခုနဲ့ ခရမ်းရောင်၀ိညာဥ်စက်ကွင်းသုံးခုတို့က ဆက်တ်ိုက်တောက်ပလာပါတော့တယ်။ ယဲ့၀ူချင်းက ထန်ရှောင်းလဲ့ကို အများကြီးယုံကြည်တယ်ဆိုတာ သိသိသာသာကြီးပါ။ ဒါကြောင့်သာ ဒုတိယအချီမှာ သူ့ကိုပို့လွှတ်တာဖြစ်ပါတယ်။
ထန်ရှောင်းလဲ့က သူ့ရဲ့လေးကိုင်းရှည်ကြီးကို မြောက်လိုက်ပြီတဲ့နောက် ညာဘက်လက်ကိုလေးကြိုးပေါ်တင်လိုက်ချိန်မှာ သူ့မျက်လုံးထဲမှာတည်ရှိနေတဲ့ ခရမ်းရောင်အလင်းတန်းကလဲ တောက်ပလို့လာပါတော့တယ်။ တစ်ကိုယ်လုံးမှာရှိရှိသမျှစွမ်းအင်တွေက ကြောက်စရာကောင်းတဲ့အရှိန်နှုန်းနဲ့ တိုးတက်လို့လာခဲ့ပြီတဲ့နောက် ဟယ့်ချိုက်ထို့နဲ့ တူညီစွာအားကောင်းတဲ့ ၀ိညာဥ်အမြောက်လိုစွမ်းအားတွေကို ထုတ်လွှတ်ပါတော့တယ်။
ထန်ရှောင်းလဲ့ရဲ့လက်ထဲမှာရှိနေခဲ့တဲ့ လေးကိုင်းက ဆယ်မီတာကျော်ရှည်လျားပြီ သူ့ကိုယ်ထည်တစ်ခုလုံးက ခရမ်းရောင်တောက်ပလို့နေခဲ့ပါပြီ။ ဒါ့အပြင် တန်ဖိုးကြီးထည်၀ါတဲ့ ထွင်းထုထားတဲ့ပုံစံတွေကလဲ ခရမ်းရောင်အလင်းတန်းတွေနဲ့ ဆက်တိုက်တောက်ပလို့နေပါတော့တယ်။ ဒါက ခရမ်းရောင်ပန်းပွင့်လေးကိုင်းပါ။ ထန်ရှောင်းလဲ့အနေနဲ့ သူ့ရဲ့သိုင်းပညာ၀ိညာဥ်က ပြိုင်ဘက်ကင်းပြီ ယှဥ်ပြိုင်သူမရှိနိုင်တဲ့ သိုင်းပညာ၀ိညာဥ်လို့အမြဲတမ်းတွေးထားခဲ့တာပါ။ ဒါက အဖွဲ့လိုက်တိုက်ပွဲတွေအတွက် မသင့်တော်ပေမဲ့ အဝေးပစ်တိုက်ခိုက်မှုမျိုးမှာတော့ အထူးသင့်တော်တဲ့သိုင်းပညာ၀ိညာဥ်တွေတစ်ခုပါပဲ။
ဒါက သူ့ဘာသာသူ တွေးထားတာဖြစ်ပေမဲ့ သူ့ရဲ့အဝေးပစ်တိုက်ခိုက်မှုသိုင်းပညာ၀ိညာဥ်က ဘယ်လောက်အားကောင်းလဲဆိုတာ တစ်ချက်ကြည့်ရုံနဲ့ သိနိုင်နေခဲ့ပါပြီ။ ထန်ရှောင်းလဲ့ရဲ့ လက်ကောက်၀တ်က သူ့ရဲ့လေးကိုင်းကိုဆွဲလိုက်ချိန်မှာ အနည်းငယ်တုန်ရီလို့သွားပါတော့တယ်။ တစ်ချိန်ထဲမှာပဲ အ၀ါရောင်အလင်းတန်းက ဟယ့်ချိုက်ထို့ဆီကို ရောက်ရှိလို့သွားခဲ့ပါပြီ။ ဒီအလင်းတန်းက ဟယ့်ချိုက်ထို့ကို ဦးတည်နေတာမဟုတ်ပဲ သူ့ရဲ့ပုခုံးမှာရှိနေတဲ့ အမြောက်ဆီးကိုဦးတည်နေခဲ့ပါတယ်။
မြားရဲ့အရှိန်နှုန်းက မြန်ဆန်လှပါတယ်။ ဒါ့အပြင် ထွက်လာမယ်လို့လဲ လုံး၀ရှေ့ပြေးသင်္ကေတမရှိခဲ့ပါဘူး။ ဖြစ်စဥ်တစ်ခုလုံးက လျှပ်စီးလက်သလိုမျိုး မြန်ဆန်လွန်လှတယ်လို့သာ ပြောနိုင်ဖွယ်ရာရှိပါတယ်။ ပုံမှန်မဟုတ်လောက်အောင်ဖြစ်နေတာကတော့ ထန်ရှောင်းလဲ့ရဲ့ ခန္ဓာကိုယ်ပတ်လည်မှာ ၀န်ရံထားခဲ့တဲ့၀ိညာဥ်စက်ကွင်းလေးခုက သူ့မြားကိုပြစ်လွှတ်လိုက်ချိန်မှာ လေးကွင်းအဖြစ်ကိုလျော့ကြသွားတာပါပဲ။ သူ့မှာမြားတစ်စင်းမှရှိမနေခဲ့ပဲ သူ့ရဲ့ကိုယ်ပိုင်၀ိညာဥ်စက်ကွင်းကို ပြစ်လွှတ်လိုက်တာပါ။
မြားဖြတ်သွားတဲ့အချိန်မှာကတော့ ရွှယ်လန်ရဲ့ အရေပြားတစ်ခုလုံးတောက် တုန်ရီလို့သွားပါတော့တယ်။ သူ့ခန္ဓာကိုယ်မှာရှိတဲ့ အမွေးတွေတောင်ထောင်ထလို့သွားခဲ့တယ်။ ဒီတိုက်ခိုက်မှုက သူ့ရဲ့အဖွဲ့တူအသင်းဖော်ပြစ်လွှတ်လိုက်မှန်း သိနေခဲ့ပေမဲ့ အကြောက်တရားအများကြီးကို ဖြစ်ပေါ်စေတာတော့အမှန်ပါ။ ဒီလေးကိုင်းရဲ့အစွမ်းကို သူကောင်းကောင်းသိနေခဲ့လို့ပါပဲ။
မိုးထိလွှာကျောင်းတော်မှာ ရုတ်တရက်တိုက်ခိုက်မှုစွမ်းရည်နဲ့ အသန်မာဆုံးတိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားတဲ့တစ်စုံတစ်ယောက် ရှိခဲ့လို့ကတော့ ဘယ်သူဖြစ်မလဲလို့မေးခဲ့မယ်ဆိုရင် အဖြေကတော့ ယဲ့၀ူချင်းနဲ့ ယွိမုန့်တိတို့မဟုတ်ပဲ ဒီခရမ်းရောင်ပန်းပွင့်လေးကိုင်းကို ကိုင်ဆောင်ထားတဲ့ အဝေးပြစ်တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်ထန်ရှောင်းလဲ့ပါပဲ။ သူကလဲ သူ့ကိုယ်သူတိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်အဖြစ် သတ်မှတ်လို့ထားပါတယ်။
ထန်ရှောင်းလဲ့ရဲ့ သိုင်းပညာ၀ိညာဥ်မှာ ပစ်ချက်တွေရှိနေတာ အများကြီးပါ။ သူ့ရဲ့လေးကိုင်းက ပြစ်လွှတ်ချိန်တိုင်း၀ိညာဥ်စက်ကွင်းကို မြားအဖြစ်နဲ့အသုံးပြုဖို့လိုအပ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့သိုင်းပညာ၀ိညာဥ်စွမ်းအားကလဲ မြားအကုန်လုံးကိုသုံးပြီတာနဲ့ ကုန်ဆုံးလို့သွားမှာပါ။ ဒီ၀ိညာဥ်စွမ်းအားကို ပြန်လည်ကောင်းမွန်နိုင်ဖို့အတွက် အကြာကြီးတရားထိုင်ဖို့လိုအပ်ပါတယ်။ နောက်တစ်ကြိမ် ၀ိညာဥ်စက်ကွင်းတွေကို ပြန်ထုတ်လာနိုင်ဖို့အတွက် စွမ်းအားကလဲ အပြည့်အ၀ရှိနေမှရပါလိမ့်မယ်။
နောက်တစ်နည်းအရပြောရမယ်ဆိုရင် သူ့အနေနဲ့ တိုက်ပွဲထဲမှာ မြားငါးစင်းကိုသာ ပစ်လွှတ်နိုင်မှာပါ။ မြားငါးစင်းကို ပစ်လွှတ်ပြီတဲ့နောက် သူက သေတာမှကောင်းတယ်ဆိုတဲ့အခြေအနေကို ရောက်သွားပါလိမ့်မယ်။
ဒီလိုပစ်ချက်မျိုးက ၀ိညာဥ်ပညာရှင်တိုင်းအတွက် သေစေနိုင်လောက်တဲ့ကိစ္စပါပဲ။ ဒါပေမယ့် သူကတော့ လူပေါင်းသောင်းချီထက်ကို သာလွန်ပြီ မိုးထိလွှာကျောင်းတော်ကို ကိုယ်စားပြုရင်းဒီပြိုင်ပွဲအတွက် ရောက်ရှိလာနိုင်ခဲ့ပါတယ်။ ဒါကတော့ သေချာပေါက် သူ့ရဲအားနည်းချက်က အားသာချက်အဖြစ်ကို ဖုံးလွှမ်းသွားလို့ပါပဲ။ ကြောက်စရာကောင်းလွန်လှတဲ့ တိုက်ခိုက်ရေးစွမ်းအားကြောင့်လဲ ဖြစ်နေခဲ့တယ်။ ကြောက်စရာကောင်းလောက်တဲ့ ၀ိညာဥ်စွမ်းအားကုန်ဆုံးမှုက သူ့ကို အနည်းငယ်ပဲတိုက်ခိုက်နိုင်အောင် ကန့်သတ်လို့ထားပါတယ်။ ဒါ့အပြင် သူက ဟယ့်ချိုက်ထို့လိုမျိုး စွမ်းအားတွေကိုစုစည်းဖို့မလိုခဲ့ပါဘူး။ ဒါကြောင့်သာ တစ်ယောက်နဲ့တစ်ယောက် လက်ရည်ယှဥ်လိုက်မယ်ဆိုရင် ယွိမုန့်တိနဲ့ ယဲ့၀ူချင်းတောင် ၀ိညာဥ်စက်ကွင်းအပြည့်ရှိနေတဲ့ ထန်ရှောင်းလဲ့ကို သတိထားဖို့လိုအပ်တာပါ။ သူ့ကိုအနိုင်ရဖို့တစ်ခုတည်သော နည်းလမ်းကတော့ ရှိရှိသမျှ၀ိညာဥ်စက်ကွင်းတွေအားလုံးကို ဖြုန်းတီးပြစ်အောင် လုပ်ဖို့လိုအပ်တာပါပဲ။
အပိုင်း ၉၀•၁ ပြီး၏။