အပိုင်း ၈၉•၃
” လိပ်နတ်ရွှမ်၀ူနိုးထလာခြင်း ”
°°°
အမှန်ပါပဲ ဒီနေရာမှာများပြားတဲ့အဆင့်မြင့်၀ိညာဥ်ပညာရှင်တွေနဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရှိနေရုံမက ဆရာတွေတောင်မှ တစ်စုံတစ်ယောက်ရဲ့၀ိညာဥ်ဒီလိုပြောင်းလဲသွားခဲ့မှုကို တိုက်ပွဲထဲမှာ မမြင်ဖူးပါဘူး။ လူတစ်ယောက်ရဲ့အင်အားက ဒီလောက်ကြီးအထိ တိုးတက်သွားလဲဆိုတာ အဆင့်တက်မှုလို့ပြောလို့ရပါတယ်။ ဒါ့အပြင် ရှုစန်းရှီက မတူညီတဲ့အဆင့်တွေကြောင့် ကွာခြားချက်ကို ဖြတ်သန်းလာနိုင်ခဲ့တာပါ။ ပုံမှန်အတိုင်းပြောရမယ်ဆိုရင် ယွိမုန့်တိက အဆင့်ငါးဆယ်သုံးသာရှိပါသေးတယ်။ သူမရဲ့ နတ်ဘုရားသွေး၀ိညာဥ်က ၀ိညာဥ်ဘုရင်အဆင့် အထွဠ်အထိပ်တွေကို တိုက်ခိုက်ဖို့အထိ မူလစွမ်းအားလောက်ရှိနေပါပြီ။ ဒါပေမယ့် သူက ရှုစန်းရှီနဲ့ ကျန်းနန်နန်ကို ရှုံးနေခဲ့ပါတယ်။ ရှုစန်းရှီက ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားပုံပေါ်ပေမဲ့ ဒီတိုက်ပွဲကသေရေးရှင်ရေးတိုက်ပွဲဆိုရင်တော့ ရလဒ်ကမေးခွန်းထုတ်ချင်စရာပါပဲ။ ဒါပေမယ့် အဆုံးသတ်မှာတော့ ၀ိညာဥ်ဘုရင်တစ်ယောက်ကို တိုက်ပွဲထဲမှာအနိုင်ရခဲ့တာပါ။ ဒါကအဖွဲ့လိုက်တိုက်ခိုက်မှုကြီးမဟုတ်ပဲနဲ့ နှစ်ယောက်နှစ်ယောက်တိုက်ခိုက်မှုဖြစ်နေခဲ့ပါတယ်။
မိုးထိလွှာကောင်းကင်အနေနဲ့ ကျောင်းသားတွေထဲမှာ ယဲ့၀ူချင်းကနေစပြီ သာမန်ကျောင်းသားတွေအထိ မျက်နှာမကောင်းကြပါဘူး။ အစောပိုင်းတုန်းက အမျက်ဒေါသကျောင်းတော်ကို တိုက်ခိုက်နိုင်ဖို့အတွက် သူတို့တွေက မျှော်လင့်ချက်အပြည့်ရှိနေကြတာပါ။ ဒါပေမယ့် အဆုံးအရှုံးကတော့ ရေခဲရေတွေနဲ့ပက်ချလိုက်သလိုပါပဲ။
အမျက်ဒေါသကျောင်းတော်ရဲ့စောင့်ဆိုင်းရေးနယ်မြေ
“‘ကောင်းပါပြီ အခုပဲအားလုံးအရမ်းကြီးစိတ်မလှုပ်ရှားသေးနဲ့ဦး ငါတို့တွေ ကြုံလာရမဲ့အခက်အခဲတွေရှိနေတယ် ”
ပေ့ပေ့က လက်ခုပ်တီးလိုက်ရင်းအားလုံးကို အာရုံစူးစိုက်စေလိုက်ပါတော့တယ်။
” ပထမပြိုင်ပွဲကို ငါဖန်တီးပေမဲ့ စန်းရှီက နောက်ပြိုင်ပွဲမှာ ပါ၀င်ယှဥ်ပြိုင်နိုင်မှာမဟုတ်ဘူး..သူ့ရဲ့အသက်စွမ်းအားက ဒဏ်ရာရသွားပြီ ဘယ်လောက်ကြာမှသူပြန်ကောင်းလာမလဲဆိုတာ ငါမသေချာဘူး…အစောပိုင်းတုန်းက သူပြောဖူးတာရှိတယ်..ချိတ်ပိတ်စည်းကို သူ့ဘာသာသူဖြတ်လိုက်မယ်ဆိုရင် ယာယီတော့သန်မာလာနိုင်တမယ်..ဒါပေမယ့် ခန္ဓာကိုယ်က ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားပြီ အနာဂတ်အလားအလာကလဲ ထိခိုက်သွားလိမ့်မယ်..နန်နန် မင်းသူ့ကို ကုသဆောင်ဆီပြန်ခေါ်သွားဖို့ဖြစ်နိုင်မလား ဒီနေရာက မသင့်တော်ဘူး “‘
အကယ်၍ တခြားအချိန်မှာဖြစ်ခဲ့မယ်ဆိုရင် ကျန်းနန်နန်အနေနဲ့ ပေ့ပေ့ကို ချက်ချင်းပြောလာမှာပါ။ ဒါပေမယ့် ရှုစန်းရှီနောက်ဆုံးပြောခဲ့တဲ့စကားတွေကို ပြန်တွေးကြည့်ပြီချိန်မှာတော့ မမျှော်လင့်ထားနိုင်လောက်အောင်ပဲ သူမ ခေါင်းညိတ်လိုက်ပါတော့တယ်။ အဲ့ဒီနောက် ရှုစန်းရှီကို ကြည့်ပြီထွက်ခွာလို့သွားခဲ့ပါပြီ။
သူမ မမြင်လိုက်တဲ့အရာကတော့ သတိလစ်နေတဲ့ရှုစန်းရှီက ပေ့ပေ့ကို သူတစ်ယောက်ထဲမြင်နိုင်တဲ့လက်မထောင်ပြလိုက်တာပါပဲ။ ပေ့ပေ့ကတော့ နှုတ်ခမ်းတွန့်သွားခဲ့ပေမဲ့ စိတ်ထဲမှာကတော့ ရယ်မောရင်းတွေးနေခဲ့ပါတယ်။
” မင်းကြိုးစားလို့မင်းတန်တာကိုရတာပဲ ”
” ဒုတိယအချီရဲ့ပြိုင်ပွဲ၀င်တွေဆိုပြီ စင်ပေါ်ကိုတက်ခဲ့ပါ “‘
ဒိုင်ရဲ့စကားက အမျက်ဒေါသကျောင်းတော်ရဲ့အဖွဲ့ကို အာရုံပြန်စိုက်လာစေခဲ့ပါတယ်။ ကြည့်ရှု့နေသူတွေကလဲ ချက်ချင်းဆိုသလို ပြန်လည်တက်ကြွလှုပ်ရှားလာပါပြီ။ အမှန်ပါပဲ ပြိုင်ပွဲနှစ်ပွဲကျန်ပါသေးတယ်။ ဒါ့အပြင် သူတို့ရဲ့ပြိုင်ဘက်တွေက ၀ိညာဥ်ဘုရင်နှစ်ယောက်အဖွဲ့က ရှိနေပြီသားပါ။ ဒါ့အပြင် အဖွဲ့မှာကတော့ အင်အားအကြီးဆုံးအဖွဲ့၀င်နဲ့ အဖွဲ့ခေါင်းဆောင်ရှိနေပါလိမ့်မယ်။
၀မ်ယန်အပါအ၀င်ရှိရှိသမျှလူတိုင်းက ပေ့ပေ့ကိုလှမ်းကြည့်လိုက်ပါပြီ။ အမျက်ဒေါသကျောင်းတော်ရဲ့ ပထမအောင်နိုင်မှုက ပေ့ပေ့ရဲ့ အကဲဖြတ်နိုင်စွမ်းကို သက်သေပြပြီးသားဖြစ်သွားခဲ့ပါတယ်။ ပေ့ပေ့ကတော့ အစီအစဥ်ရှိပြီသားပုံစံနဲ့ပြောလိုက်တယ်။
” ပထမပြိုင်ပွဲကိုနိုင်နိုင်ပြီဆိုမှတော့ ငါတို့တွေအစပိုင်းကောင်းနေပြီ ဒါကြောင့် သူတို့တွေက ဒုတိယပြိုင်ပွဲမှာ၀ိညာဥ်ဘုရင်နှစ်ယောက်စလုံးကို ချက်ချင်းပို့လွှတ်ဖို့ပဲ မျှော်လင့်ရမယ်..မဟုတ်ရင် သူတို့ရဲ့အဖွဲ့ခေါင်းဆောင်ကို ပို့လွှတ်ပါစေပေါ့ ချိုက်ထို့ ရှောင်းရှောင်း နှစ်ယောက်အရင်သွားကြ ဘာမှဖိအားမခံစားရစေနဲ့ အကောင်းဆုံးကြိုးစားပြီ အန္တရာယ်မရှိအောင်နေခဲ့ကြ ၀မ်သုန့် ရှောင်းရှောင်းကို ငါအစကထဲက ထုတ်လိုက်ဖို့စီစဥ်ထားခဲ့တာ ဒါပေမယ့် ၀မ်သုန့်နဲ့ ဟို့ယွိဟောင်က ပေါင်းစည်းစွမ်းရည်ရှိနေပြီဆိုမှတော့ ငါတို့တွေနိုင်ဖို့အတွက် ဒါကလုံး၀အရေးကြီးလိမ့်မယ် ”
ဟယ့်ချိုက်ထို့က ရှောင်းရှောင်းရဲ့မျက်လုံးတွေကို ကြည့်နေခဲ့ပါတယ်။ သူတို့နှစ်ယောက်က ပေ့ပေ့ပြောချင်တာကိုနားလည်သွားခဲ့ပါပြီ။ ဒုတိယပွဲကိုအရှုံးခံဖို့အတွက် သူတို့ဆုံးဖြတ်ထားခဲ့တာပါ။ ဒါ့အပြင် တစ်ဖက်လူတွေရဲ့ ၀ိညာဥ်ဘုရင်တွေကိုတစ်ခါထဲဆွဲခေါ်သွားဖို့လဲ စီစဥ်လို့ထားခဲ့ပါတယ်။ အဲ့ဒီအစီအစဥ်က တကယ်ကို အချက်အခြာပါပဲ။ အမျက်ဒေါသကျောင်းတော်ရဲ့လူတွေက ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုအောက်မှာ အလုပ်လုပ်ကြမယ်ဆိုရင်လူများရင်များနိုင်သလောက် အကျိုးရှိရှိတိုက်ခိုက်ပါတယ်။ ဒါ့အပြင် သူတို့အနိုင်နိုင်ချေကလဲ များနေခဲ့တယ်။
အလုပ်ဖြစ်ပေမဲ့ ဟယ့်ချ်ိုက်ထို့နဲ့ ရှောင်းရှောင်းတို့ရဲ့ နှလုံးသားထဲတိုက်ခိုက်လိုစိတ်ကသူတို့ရဲ့ အပေါင်းအဖော်တွေမနည်းပါးခဲ့ပါဘူး။ အကြည့်ချင်းဆုံသွားချိန်မှာတော့ နှစ်ယောက်စလုံးရဲ့မျက်လုံးထဲမှာ မလိုလားတဲ့အကြည့်တွေကိုမြင်နေခဲ့ရပါတယ်။
ပေ့ပေ့က ဟယ့်ချိုက်ထို့ရဲ့ပုခုံးကိုဆွဲယူပြီတဲ့နောက် ရှောင်းရှောင်းအပေါ်မှာ လက်တင်ထားခဲ့ပါတယ်။ အဲ့ဒီနောက် သူပြောလာခဲ့တယ်။
” မင်းတို့နှစ်ယောက်မကျေနပ်တာကို ငါသိတယ်….ဒါပေမယ့် အနိုင်ရဖို့အတွက် လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စရှိနေတယ်..ဒီပွဲကပြိုင်ပွဲကြီးတစ်ခုရဲ့ အချိန်မဟုတ်ဘူး…စန်းရှီက ငါတို့ရဲ့နောက်ထပ်ပြိုင်ပွဲမှာ ၀င်ပြီပြိုင်နိုင်မှာမဟုတ်ဘူး..ဒီတော့မင်းတို့အနေနဲ့ ဘယ်လိုပဲဖြစ်ပါစေ အန္တရာယ်ကင်းကင်းနဲ့ ပြန်လာရမယ်…နောက်ထပ်ပြိုင်ပွဲအတွက် မင်းတို့ကိုလိုအပ်နေသေးတယ်..နားလည်ရဲ့လား ”
ပေ့ပေ့ကို မျက်လုံးချင်ဆုံအောင်ကြည့်နေတဲ့ ဟယ့်ချိုက်ထို့ရဲ့အမူအရာက မှောင်မိုက်လို့နေခဲ့ပေမဲ့ သူခေါင်းညိတ်လိုက်ပါတယ်။ ရှောင်းရှောင်းကတော့ စိတ်မပါတစ်ပါနဲ့သာ ပြန်ဖြေလိုက်တယ်။ ဒါပေမယ့် သူမအနေနဲ့ ငြင်းတော့မငြင်းပါဘူး။
” နှစ်ယောက်စလုံးကံကောင်းပါစေ အမျက်ဒေါသကျောင်းတော်ရဲ့ ဂုဏ်သိက္ခာက ငါတို့အကုန်လုံးနဲ့ သက်ဆိုင်နေတယ် ”
ဟယ့်ချိုက်ထို့နဲ့ ရှောင်းရှောင်းနှစ်ယောက်စလုံးက စင်ပေါ်ကိုအတူတူတက်သွားခဲ့ပါပြီ။ သူတို့ထွက်ခွာသွားတာနဲ့ ပေ့ပေ့က ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ဘက်ကို လှည့်လာရင်းပြောလာပါတော့တယ်။
” ဒီနေ့ပြိုင်ပွဲရဲ့ အနိုင်ရဖို့ကိစ္စက တတိယအချီမှာပဲမူတည်နေတယ်..ငါပြောစရာတစ်ခုပဲရှိတယ်…မင်းတို့မှာရှိရှိသမျှစွမ်းအားကို တစ်စမကျန်ထုတ်သုံးလိုက် နောက်ဆုံးမှာဘယ်သူပဲနိုင်ပါစေ ငါတို့ရဲ့စွမ်းအားကို အပြည့်အ၀ထုတ်ဖော်ပြသရမယ် ”
” ပထမပြိုင်ပွဲမှာ စန်းရှီအနိုင်ရသွားတဲ့ပုံစံက အရမ်းကိုအန္တရာယ်များလွန်တယ်…အကယ်၍ နန်နန်မှသာ မြေလျှိုးမိုးပျံနိုင်ရအောင် မြန်ဆန်းနေတဲ့စွမ်းရည်မရှိဘူးဆိုရင် အဲ့ဒီနတ်ဘုရားသိုင်းပညာ၀ိညာဥ်နဲ့ ၀ိညာဥ်ဘုရင်က သူနိုးလာတာနဲ့ပြိုင်ပွဲတစ်ခုလုံးကို ပြောင်းပြန်လှန်းပြစ်မှာပဲ ဒီလိုသာဖြစ်လာမယ်ဆိုရင် ငါတို့အတွက်အခွင့်အရေးမရှိနိုင်တော့ဘူး..ငါတို့ပြိုင်ဘက်တွေက ပိုပြီးတော့ သတိထားဖို့လိုလာတယ်..လက်ရှိအချိန်မှာ သူတို့ကို အင်အားအပြည့်အ၀သုံးပြီမတိုက်ခိုက်ပဲနဲ့ အနိုင်ရနိုင်ချေမရှိဘူး..မင်းတို့အနေနဲ့ ခဏနားလိုက်နောက်ပြိုင်ပွဲအတွက် အဆင်သင့်ပြင်ထားကြ ”
ဟို့ယွိဟောင် အခုအချိန်မှာတော့ စိတ်ထဲကနေကြောက်လန့်နေခဲ့မိပါတယ်။ အစောပိုင်းက သူခံစားခဲ့ရတဲ့စိတ်လှုပ်ရှားမှုတွေအားလုံးကို ဖိအားတွေကဖုံးလွှမ်းသွားခဲ့ပါပြီ။ ဒီလိုဖိအားတွေက လူတွေအပေါ်မူတည်ပြီ ကွာခြားလို့နေခဲ့ပါတယ်။ ကြီးမားတဲ့ဖိအားအောက်မှာ စိတ်နှလုံးသားအားနည်းတဲ့သူတစ်ယောက်က လှဲကျပြီပိုလို့တောင်အားနည်းလာဖြစ်ပါတယ်။ တိုက်ခိုက်လိုစိတ်ပြည့်နှက်နေတဲ့လူတစ်ယောက်အတွက်ကတော့ ဂုဏ်သိက္ခာနဲ့စံပြဖြစ်လာဖို့အတွက် အရာအားလုံးကိုပေးဆပ်တိုက်ခိုက်ချင်မှာပါ။ ဖိအားက ပိုများလေလေထုတ်လွှတ်တဲ့အားက ပိုကြီးလေပါပဲ။ တစ်ချိန်ထဲမှာပဲ ဖိအားရဲ့အနောက်ဖက်မှာပါလာခဲ့တဲ့ တွန်းပို့နိုင်စွမ်းက အားလုံးကိုပိုကြွယ်၀စေတယ်။
လက်ရှိအချိန်မှာ ၀မ်သုန့်နှစ်ယောက်ကလဲအတူတူပါပဲ။ ၀မ်သုန့်က လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားခဲ့ရင်း သူ့ရဲ့မျက်လုံးတွေထဲမှာခိုင်မာတဲ့စိတ်ဆုံးဖြတ်ချက်အပြည့်နံ့ မီးလျှံတွေက တောက်ပလို့နေခဲ့ပါပြီ။ ဟို့ယွိဟောင်အတွက်ကတော့မျက်မှောင်ကြုတ်ထားခဲ့ရင်း အလင်းတန်းတွေ တဖျတ်ဖျတ်ထုတ်လွှတ်နေခဲ့ပါတယ်။ အဲ့ဒီနောက် ၀မ်သုန့်ရဲ့လက်သီးကို သူသွားပြီဆုပ်ကိုင်လိုက်တော့တယ်။ နောက်ဆုံးမှာတော့ အနားကိုကပ်ရင်း တစ်စုံတစ်ခုပြောလိုက်ပါပြီ။
ဒါကိုမြင်ချိန်မှာတော့ ပေ့ပေ့ရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုပေါ်လာပါတော့တယ်။ ဒီနှစ်ယောက်ကိုအခုလိုတာ၀န်ပေးလိုက်တာက သူ့ရဲ့ညီငယ်လေးတွေအကြောင်းကို ကောင်းကောင်းကြီးသိနေလို့ပါပဲ။ ဒီလိုလူတွေက ဖိအားပိုပေးလေလေ အစွမ်းကုန်ပိုပြီးတောက်ပလေပါပဲ။
၀မ်ယန်ကတော့ ဘေးကနေသာကြည့်နေခဲ့ပါတယ်။ ပေ့ပေ့ရဲ့ တည်ငြိမ်အေးဆေးတဲ့ဦးဆောင်မှုအပေါ်မှာ သူတကယ်ပဲကျေးဇူးတင်နေခဲ့မိတယ်။ ဒီနေ့မှာရှုံးနှိမ့်သွားမယ်ဆိုရင်တောင် ကိစ္စတွေကမဆိုးနိုင်ဘူးလို့ သူရုတ်တရက်ခံစားလိုက်ရပါတော့တယ်။ အနည်းဆုံးတော့ သူ့စိတ်ထဲမှာစိုးရိမ်နေခဲ့တဲ့ စိတ်ပိုင်ဆိုင်ရာစိတ်ဒဏ်ရာက ပေ့ပေ့လိုမျိုးအဖွဲခေါင်းဆောင်ဆိုရင် ပေါ်ကိုပေါ်လာတော့မှာပါ မဟုတ်ပါဘူး။
စွမ်းအားနိုထလာပြီဖြစ်တဲ့ ရှုစန်းရှီက ပေ့ပေ့ထက် စွမ်းအားအရာမှာသာလွန်ကောင်းသန်မာနိုင်ပေမဲ့ သူ့နဲ့ပေ့ပေ့ကြားမှာရေရှည်ကိုမျှော်တွေနိုင်စွမ်းနဲ့ တာ၀န်ခံတာ၀န်ယူနိုင်စွမ်းတွေကတော့ အများကြီးကွားခြားချက်ရှိနေပါတယ်။ ပေ့ပေ့က ဒီနေရာမှာ အားလုံးကိုဦးဆောင်ဖို့ပိုပြီးသင့်တော်တဲ့သူပါ။ ဒါကြောင့် သူ့လက်ထဲကိုသာ အပ်ထားဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒီကလေးတွေက တကယ်ပဲ အမျက်ဒေါသကျောင်းတော်အတွက် အံ့ဖွယ်ရာကိုဖန်တီးနိုင်မှာလား။
ပေ့ပေ့ကတော့ မျက်မှောင်ကြုတ်ရင်း ပြိုင်ပွဲကိုကြည့်နေခဲ့ပါပြီ။ တစ်ဖက်ပြိုင်ဘက်တွေက သူထင်ထားတာထက် ပိုပြီးသန်မာနေတာကို မြင်လိုက်ချိန်မှာတော့ ပိုပြီးတော့ မျက်မှောင်ကြုတ်သွားပါတော့တယ်။ မိုးထိလွှာကျောင်းတော်ရဲ့ ခေါင်းဆေင်က တတိယပွဲစဥ်မှာမပေါ်လာသေးပါဘူး။ မိုးထိခလွှာကျောင်းတော်က သူတို့တွေ ဒိီပြိုင်ပွဲကိုရှုံးနှိမ့်စေချင်မှန်းသိသလိုပါပဲ။ ဒီအခြေအနေမျိုးမှာ ယဲ့၀ူချင်းက က စိတ်အေးလက်အေးနေနိုင်တာ ပေ့ပေ့ထက်ထားထက်ကို ပိုပြီးကျော်လွှန်နေခဲ့ပြီးပါပြီ။ အမျက်ဒေါသကျောင်းတော်အနေနဲ့ ဒုတိယအချိီမှာရှုံးနှိမ့်လို့ခဲ့ရလို့ကတော့ တတ်ိယအချီမှာ ပိုခက်ခဲတော့မှန်း သိနေခဲ့တယ်။ ဟယ့်ချိုက်ထို့နဲ့ ရှောင်းရှောင်းကတော့ စင်ပေါ်ကိုရောက်သွားခဲ့ပါပြီ။ ရှုးစန်းရှီလုပ်သလိုမျိုးပဲ ဟယ့်ချိုက်ထို့က ချက်ချင်းဆိုသလို စတင်ပြီအော်ဟစ်မိတ်ဆက်ပါတော့တယ်။
” အမျက်ဒေါသကျောင်းတော်ဟယ့်ချိုက်ထို့ ”
ရှောင်းရှောင်းက ချက်ချင်း၀င်ပြောလိုက်ပါတယ်။
” ရှောင်းရှောင်း ”
မိုးထိလွှာကျောင်းတော်ရဲ့ ကျောင်းသားနှစ်ယောက်ကတော့ ဟယ့်ချိုက်ထို့ကို မြင်ချိန်မှာ အမူအရာတွေပျက်ကုန်ကြပါတော့တယ်။ သူ့ရဲ့ဒီလိုမဲမှောင်တဲ့အသားအရေးက နေလနိုင်ငံတော်မှာမြင်တွေ့နိုင်တဲ့အရာပါ။ ဒါပေမယ့်သူ့လိုလူကအမျက်ဒေါသကျောင်းတော်ရဲ့အဖွဲ့မှာ ပေါ်ထွက်လာခဲ့ပါပြီ။ ဒါပေမယ့် ဟယ့်ချိုက်ထို့ရဲ့ ရှန်ချဲ့ကိုအနိုင်ယူခဲ့တဲ့ပုံစံက လူတိုင်းရဲ့စိတ်ထဲမှာစွဲထင်နေဆဲပါပဲ။
” မိုးထိလွှာကျောင်းတော် ထန်ရှောင်းလဲ့ ”
” မိုးထိလွှာကျောင်းတော် ရွှယ်လန် ”
ကျောင်းသားနှစ်ယောက်စလုံးကလဲ ပြန်ဖြေလိုက်ပါတယ်။ ထန်ရှောင်းလဲ့က အတော်လေးကိုအရပ်ရှည်ပြီ ပိန်သွယ်တဲ့လူပါ။ ကြွက်သားများများစားစားလဲ မရှိခဲ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့မျက်လုံးတွေက အရမ်းကိုတောက်ပနေခဲ့ပြီ ခရမ်းရောင်အလင်းတန်းတွေလဲ ဖြတ်ပြေးလို့နေခဲ့ပါတယ်။ ဟို့ယွိဟောင်ပြီရင် ဒီလိုမျိုးခိုင်မာကြည်လင်တောက်ပတဲ့မျက်လုံးတစ်စုံပိုင်ဆိုင်သူကို ဟယ့်ချိုက်ထို့မြင်ဖူးတာ ပထမဆုံးအကြိမ်ပါ။
ရွှမ်လန်ကတော့ ထန်ရှောင်းလဲ့ထက် အနည်းငယ်ပိုပုပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်ကတော့ ပိုကြံ့ခိုင်နေခဲ့တယ်။ ပုခုံးကျယ်ကျယ်နဲ့ လက်မောင်းတုတ်တုတ်တွေကို ပိုင်ဆိုင်ထားလို့ထားခဲ့ပြီ ဟယ့်ချိုက်ထို့နဲ့ ယှဥ်လို့ရနိုင်လောက်တဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုရှိနေခဲ့ပါတယ်။ ဒါပေါ့ အသက်နှစ်ဆယ်အရွယ်ထန်ရှောင်းလဲ့နဲ့ အသက်ဆယ့်ငါးနှစ်အရွယ်ဟယ့်ချိုက်ထို့ကြားမှာ ကွာခြားချက်ကတော့ရှိနေခဲ့တယ်။
ထန်ရှောင်းလဲ့က ရွှယ်လန်က ဟယ့်ချိုက်ထို့ကိုကြည့်ရင်း အနည်းငယ်စိတ်လှုပ်ရှားသွားခဲ့ပါပြီ။ ဒါပေမယ့် ရှောင်းရှောင်းကိုမြင်ချိန်မှာတော့ သူတို့လန့်သွားပါတော့တယ်။ ရှောင်းရှောင်းကို အရင်ပွဲတွေမှာအနားယူနယ်မြေမှာပဲ တွေ့ခဲ့ဖူးတာပါ။ သူပေါ်လာတဲ့အချိန်မှာပဲ ဘာမှများများစားစားမလုပ်ခဲ့ပါဘူး။ သူ့ရဲ့တကယ်စွမ်းအားအစစ်အမှန်က ရှိနေခဲ့ပါတယ်။ ရှောင်းရှောင်းက အသက်ဆယ့်နှစ်နှစ်တောင်မပြည့်သေးပါဘူး။ သူက ဟို့ယွိဟောင်ထက် ရက်ပိုင်းလေးသာအသက်ကြီးတဲ့သူပါ။ သူမခန္ဓာကိုယ်က အတော်ကိုသေးငယ်တဲ့အတွက် ကလေးလေးတစ်ယောက်နဲ့တူနေခဲ့ပါတယ်။ တချို့လူတွေရဲ့အမြင်မှာ သူက အသက်ဆယ့်နှစ်တောင်မပြည့်သေးတဲ့ပုံပါပဲ။ ဒီလိုမျိုးနှစ်ဖက်ရဲ့ကွာခြားချက်က အတော်ကိုကြီးမားလို့နေခဲ့တယ်။
ထန်ရှောင်းလဲ့နဲ့ ရွှယ်လန်တို့နှစ်ယောက်က ဒီပြိုင်ပွဲမှာအနိုင်ရဖို့အတွက် စိတ်အလောကြီးနေခဲ့ပေမဲ့ ရှောင်းရှောင်းကိုမြင်ချိန်မှာတော့ တစ်စုံတစ်ရာလွဲမှားနေတာကို သတိထားမိသွားပါတော့တယ်။ သူတို့ရဲ့မျက်လုံးတွေက ဟယ့်ချိုက်ထို့ရဲ့ခန္ဓာကိုယ်ပေါ်ကိုသာ ရောက်ရှိလို့နေခဲ့ပါပြီ။ အစောပိုင်းတုန်းက ရှောင်းရှောင်းထုတ်ဖော်ပြသလိုက်တဲ့၀ိညာဥ်စက်ကွင်းခြောက်ကွင်းက သူတ်ို့နှစ်ယောက်ရဲ့စိတ်တွေကို အတော်လေးစိတ်ပျက်စေခဲ့တာအမှန်ပါ။ ဒီလိုကလေးမလေးကသာ စစ်မှန်တဲ့၀ိညာဥ်ဧကရာဇ်တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် သူတို့အနေနဲ့ ချက်ချင်းသွားပြီကိုယ့်ကိုကိုယ် သတ်သေလိုက်ချင်ပါတော့တယ်။
ဒါပေမယ့် သူတို့နှစ်ယောက်စလုံးမေ့နေတဲ့ တစ်စုံတစ်ရာတော့ရှိပါသေးတယ်။ ရှောင်းရှောင်းက အတော်ကို ငယ်ရွှယ်တဲ့ပုံစံရှိနေပြီ ဘယ်လောက်ပဲသေးငယ်တဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပါစေ သူကအမြဲတမ်းအမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းသားတစ်ယောက်ပါပဲ။ ကျောင်းတော်က သူ့ကိုရွေးချယ်ပြီ ဒီပြိုင်ပွဲအတွက် ပို့လွှတ်ခဲ့တာပါ။
ဒိုင်ကာကတော့ ရှောင်းရှောင်းကိုမြင်ချိန်မှာ သိပ်ပြီလက်မခံချင်တဲ့ပုံပေါ်ပေမဲ့ ပြိုင်ပွဲကပြိုင်ပွဲပါပဲ။ နှစ်ဖက်စလုံးက်ို နေရာယူဖို့စပြီပြောလိုက်ပါတော့တယ်။ အဲ့ဒီနောက် လက်ကိုမြောက်ရင်းအော်လိုက်တယ်။
” ပြိုင်ပွဲစတင်ပြီ ”
နှစ်ဖက်စလုံးက သိုင်းပညာ၀ိညာဥ်တွေကို ထုတ်လွှတ်လိုက်ပါတော့တယ်။ ရှောင်းရှောင်းရဲ့ အနက်ရောင်၀ိညာဥ်စက်ကွင်းက နောက်ဆုံးမှာတော့ပေါ်လာခဲ့ပါပြီ။ ဒါ့အပြင် လူပေါင်းသိန်းနဲ့ချီတဲ့လူတွေကလဲ သူတို့ကိုစောင့်ကြည့်နေခဲ့တာပါ။
အပိုင်း ၈၉•၃ ပြီး၏။