Switch Mode

Chapter – 89.2

ရွှမ်၀ူ လိပ် နတ်ဘုရား နိုးထလာခြင်း

အပိုင်း ၈၉•၂

” ရွှမ်၀ူလိပ်နတ်ဘုရားနိုးထလာခြင်း ”
°°°
ရှုစန်းရှီက အော်ဟစ်ဟိန်းဟောက်ရင်းရဲ့ ကောင်းကင်ပေါ်ကိုမော့လိုက်ပါတော့တယ်။ အဲ့ဒီနောက် သူ့ရဲ့လက်ထဲမှာရှိတဲ့ဒိုင်းကာကြီးက ကျောက်စိမ်းရောင်အလင်းတန်းတွေနဲ့ တောက်ပလို့လာခဲ့ပါပြီ။ ဒီအလင်းတန်းက သူ့ခန္ဓာကိုယ်ကိုဗဟိုပြုရင်း ထွက်ပေါ်လို့နေခဲ့ပြီ ခန္ဓာကိုယ်တစ်ခုလုံးကနေကြီးမားဖွံ့ဖြိုးလာခဲ့တဲ့ ကြွက်သားတွေကြောင့် ၀တ်ဆင်ထားခဲ့တဲ့ ကိုယ်ကြပ်၀တ်ရုံတောင် ပေါက်ကွဲထွက်လုမတတ်ဖြစ်နေခဲ့ပါတော့တယ်။

စူးစူးရှရှရှပြင်းထန်နေတဲ့ အစိမ်းရင့်ရောင်အလင်းတန်းက အရှေ့ကိုပြေးထွက်လို့သွားခဲ့ပြီ စင်မြင့်တစ်ခုလုံးကို ခြောက်ခြားသွားစေခဲ့ပါတယ်။ တတိယ​မြောက်၀ိညာဥ်စက်ကွင်းက တောက်ပလို့လာခဲ့ပြန်ပါပြီ။ လက်ရှိအချိန်မှာ သူ့ရဲ့ပုံစံကတော့ ၀ိညာဥ်ပညာရှင်တစ်ယောက်နဲ့ တူမနေတော့ပဲရူးသွပ်တဲ့၀ိညာဥ်သားရဲကောင်နဲ့ တူနေခဲ့ပါတယ်။

တတိယမြောက်၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ ထူးဆန်းမြေအောက်လောကအင်အားက သူ့ခန္ဓာကိုယ်ရဲ့ အင်အားတွေကို နှစ်ဆတိုးမြင့်စေပါတယ်။ ဒါ့အပြင် လိပ်နတ်ဘုရားသွေးကိုပိုင်ဆိုင်ထားတဲ့အတွက် ပိုပြီတော့တောင် စွမ်းအားမြင့်တက်လို့သွားစေခဲ့ပါတယ်။

ထူးဆန်းမြေအောက်လောကအင်အားကို သူအသုံးပြုလိုက်ချိန်မှာတော့ သူ့ရဲ့လက်ရှိအခြေအနေက ကိုယ်ပိုင်ခန္ဓာကိုယ်ကို အားဖြည့်ပေးရုံတင်မကပဲ သူ့ဘေးနားမှာရှိရှိသမျှ နယ်မြေတွေအများကြီးကိုပါ အင်အားသက်ရောက်သွားပါတယ်။ လှိုင်းတွေလိုပုံစံနဲ့ ဖြန့်ကျက်သွားခဲ့တဲ့ဒီအင်အားတွေက သူ့ရဲ့ဘေးမှာရှိရှိသမျှ ရေနဲ့ပတ်သက်တဲ့ပစ္စည်းတွေအားလုံးကို ချက်ချင်းစုဝေလို့လာခဲ့တယ်။

ယန်ယိဖန်းကတော့ လက်ရှိအချိန်မှာ တိုက်ခိုက်နိုင်စွမ်းတွေအားလုံး ပျောက်ဆုံးလို့နေခဲ့ပါတယ်။ ဒါပေမယ့် ယွိမုန့်တိကတော့ မပျောက်ခဲ့ပါဘူး။ တစ်စုံတစ်ရာမှားယွင်းနေတာကို ခံစားမိပြီတဲ့နောက် သူမချက်ချင်းဆိုသလို တုန့်ပြန်လိုက်ပါတော့တယ်။ ဒါက သေချာပေါက်၀ိညာဥ်စက်ကွင်းလေးကွင်းပိုင်ဆိုင်တဲ့ ၀ိညာဥ်ဘိုးဘေးတစ်ယောက်ရဲ့အင်အားမဟုတ်ပါဘူး။ အထူးသဖြင့် ရှုစန်းရှီရဲ့ခန္ဓာကိုယ်မှာ ကြီးမားတဲ့အပြောင်းအလဲတွေဖြစ်နေတာကို မြင်ပြီတဲ့နောက် သူမလဲဒါကိုပိုသေချာသွားပါတော့တယ်။ ဘာတွေဖြစ်နေလဲဆိုတာ အပြည့်အ၀နားမလည်ပေမဲ့ အခိုင်အမာဆုံးဖြတ်ချက်ချလိုက်ပါပြီ။ ချက်ချင်းဆိုသလို အခြေအနေအတွက် မှန်ကန်တဲ့အဖြေကို သူထုတ်လိုက်ပါတော့တယ်။ ဒါကတော့ တိုက်ခိုက်ဖို့ပါပဲ။

ယန်ယိဖန်းသတိ၀င်လာစေဖို့အတွက် အချိန်တစ်ခုပေးဖို့လိုအပ်ပါတယ်။ အစောပိုင်းတုန်းက သူမပိုင်ဆိုင်ထားတဲ့ကိုယ့်ကိုကိုယ်ယုံကြည်ချက်တွေက အခုအချိန်မှာအများကြီးလျော့ကျလို့သွားခဲ့ပါပြီ။ အကယ်၍ သူတို့ရဲ့ ပြိုင်ဘက်နှစ်ယောက်ကသာ ဒီပြိုင်ပွဲမှာအတူတူပူပေါင်းဆောင်ရွက်နေကြမယ်ဆိုရင် တိုက်ပွဲရဲ့ရလဒ်ကဘယ်လိုဖြစ်လာမလဲဆိုတာကို အာမမခံနိုင်ပါဘူး။

သူ့ရဲ့ နတ်ဘုရားနှစ်ဖက်ဓားသွားက ခေါင်းပေါ်ကိုမြောက်လိုက်ပြီတဲ့နောက် တတိယ၀ိညာဥ်စက်ကွင်းက တောက်ပလို့လာပါတော့တယ်။ ရွှေရောင်အလင်းတန်းတွေက တစ်ကိုယ်လုံးမှာ ခပ်မြန်မြန်ပေါ်ထွက်လို့လာခဲ့ပြီတဲ့နောက် အတောင်ပံခြောက်ဖက်ပါတဲ့ နတ်ဘုရားတစ်ပါးက သူရဲ့အနောက်ဖက်မှာ မှိန်ဖျော့ဖျော့ပေါ်ထွက်လို့လာခဲ့တယ်။ ဒီနတ်ဘုရားရဲ့ ပေါ်ထွက်လာခဲ့မှုကြောင့် သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးကလဲ ရွှေပိန်ချထားသလိုရွှေရောင်ပြောင်းသွားခဲ့ပါပြီ။ ဒါကတော့ သူ့ရဲ့တတိယ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ နတ်ဘုရားအကာအကွယ်ပါပဲ။ ဒါ့အပြင် သူမရဲ့နောက်ထပ်တိုက်ခိုက်မှုအင်အားကလဲ နှစ်ဆဖြစ်သွားခဲ့မှာပါ။ ဒီလိုတောက်ပလာပြီချိန်မှာပဲ ပဥ္စမမြောက်၀ိညာဥ်စက်ကွင်းက အရောင်ထွက်ပေါ်လာပါတော့တယ်။ အနက်ရောင်၀ိညာဥ်စက်ကွင်းက နှစ်တစ်သောင်းကိုကိုယ်စားပြုတာပါ ကြည့်ရှု့နေသူတွေလဲ မျက်လုံးအပြူးသားနဲ့ အာရုံစိုက်ပြီတော့သာ စူးစိုက်ကြည့်နေခဲ့ပါတယ်။ ပြိုင်ပွဲထဲမှာ နှစ်တစ်သောင်း၀ိညာဥ်စွမ်းရည်ပေါ်ထွက်လာတာ နောက်ဆုံးအကြိမ်ပဲ လူတိုင်းကလဲ နှစ်တစ်သောင်းစွမ်းရည်က ဘယ်လောက်တောင်သန်မာမလဲဆိုတာကို သိချင်နေခဲ့ပါတယ်။

” နတ်ဘုရားချိတ်ပ်ိတ်မှု ဓားသွား ”

ယွိမုန့်တိရဲ့ ဆွဲဆောင်မှုရှိတဲ့အသံက ထွက်ပေါ်လို့လာခဲ့ပါပြီ။ ဒါက ကိုယ်ပိုင်စွမ်းရည်ကို ရိုးရိုးရှင်းရှင်းနာမည်ပေးပြီခေါ်ဝေါ်တာမဟုတ်ပါဘူး။ သူ့ရဲ့စကားတစ်လုံးချင်းဆီတိုင်းက မတူညီတဲ့တေးသွားအနှိမ့်အမြင့်တွေနဲ့ ပေါင်းစပ်လို့နေခဲ့ပါတယ်။ အစောပိုင်းတုန်းက ထုတ်ဖော်ထားခဲ့တဲ့ဓားကနောက်ဆုံးစကားနဲ့အတူ လှုပ်ရှားလို့သွားခဲ့ပြီဆယ်မီတာကျော်ရှည်လျားတဲ့ အလင်းတန်းဓားရှည်က ဖြစ်ပေါ်လို့လာပါတော့တယ်။ ဒီဓားရှည်က ရှုစန်းရှီကို တိုက်ရိုက်ခုတ်ချလိုက်ပါပြီ။

စင်ပေါ်မှာရှိနေခဲ့ဒိုင်းက ဒီတိုက်ခ်ိုက်မှုကိုမြင်ချိန်မှာ ချက်ချင်းဆ်ိုသလို ပြေးထွက်သွားပါတော့တယ်။ ရှုစန်းရှီအနေနဲ့ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းရှိမယ်လို့ သူမထင်ထားခဲ့ပါဘူး။

ယွိမုန့်တိရဲ့တိုက်ခိုက်မှုက သူ့ရဲ့ ပထမနဲ့ တတိယ ပဥ္စမ၀ိညာဥ်စွမ်းရည်တွေကိုပါပေါင်းစည်တိုက်ခိုက်မှုပါ။ နတ်ဘုရား၀ိညာဥ်နဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင် တိုက်ခိုက်မှုက ၀ိညာဥ်ဧကရာဇ်တွေနဲ့ကို ယှဥ်လို့ရနေခဲ့ပါပြီ။ ဒီလိုမျိုးတိုက်ခိုက်မှုမျိုးကို အမျက်ဒေါသကျောင်းတော်ရဲ့ အတော်ဆုံးအသန်မာဆုံး၀ိညာဥ်ဘုရင်တွေမှသာ ထုတ်လွှတ်နိုင်မှာဖြစ်ပါတယ်။

ရှုစန်းရှီရဲ့ နိုးထလာခဲ့တဲ့ ရွှမ်၀ူလိပ်နတ်ဘုရားက ယွိမုန့်တိရဲ့တိုက်ခိုက်မှုကြောင့် ဖိအားပြန်လျော့သွားခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ မိုးထိလွှာကျောင်းတော်က အမျက်ဒေါသကျောင်းတော်ကို အနိုင်ရဖို့ရှားရှားပါးပါးအခွင့်အရေးကို လုံး၀အလျှော့ပေးမှာမဟုတ်ပါဘူး။

” နန်နန် ငါမင်းကိုအချိန်သုံးစက္ကန့်ပေးမယ် ဒါဆိုရင် လုံလောက်ပြီလား ”

ဒိုင်းကာကြီးကိုကိုင်ဆောင်ထားရင်း ရှုစန်းရှီက မေးလိုက်ပါတယ်။

” ဒီလောက်ဆ်ိုလောက်တယ် ”

ကျန်းနန်နန်က ပြောလိုက်ပါတယ်။

သူပြောပြီတဲ့နောက် ရှုစန်းရှီက ဒိုင်းကာကိုအပေါ်မြောက်လိုက်ပါပြီ။ အဲ့ဒီနောက် သူ့ရဲ့ပထမ၀ိညာဥ်စက်ကွင်းသုံးကွင်းက တောက်ပလာတာကို မြင်လိုက်ရပါတော့တယ်။ ပိုပြီးအံ့ဩစရာကောင်းလောက်အောင်ပဲ ဒီ၀ိညာဥ်စက်ကွင်းသုံးကွင်းစလုံးက ရုတ်တရက်ပေါင်းစည်းလို့သွားကြပြီ အနက်ရောင်၀ိညာဥ်စက်ကွင်းတစ်ခုကို ပြောင်းလဲလို့သွားပါတော့တယ်။

ကိုင်ဆောင်ထားခဲ့တဲ့ အစိမ်းရင့်ရောင်လိပ်မြွေဒိုင်းကာကလဲ အသက်၀င်လာပုံပါပဲ။ လျှာကိုထုတ်ရင်းနဲ့ မျက်လုံးထဲက အနီရောင်အလင်းတန်းတွေ ထုတ်လွှတ်ကာကြီးမားတဲ့လိပ်မြွေပုံစံကြီးက ရှုစန်းရှီရဲ့အနောက်ဖက်မှာ ပေါ်လာပါတော့တယ်။

ဒါကတော့ နတ်ဘုရားသားရဲကောင်သွေးနဲ့ များပြားတဲ့၀ိညာဥ်စက်ကွင်းတွေနဲ့ ပေါင်းစည်းမှုပါပဲ။

လက်ရှိအချိန်မှာ ရှုစန်းရှီ ပေါင်းစည်းပြီအသုံးပြုနေတဲ့၀ိညာဥ်စွမ်းရည်သုံးခုကတော့ မြေအောက်လောကငရဲ မြေအောက်လောကဒိုင်းကာနဲ့ မြေအောက်လောကအင်အားတို့ပါပဲ။

၀ိညာဥ်စွမ်းရည်သုံးခုက တစ်ခုထဲအဖြစ်ပေါင်းစည်းလို့သွားချိန်မှာတော့ နှစ်တစ်သောင်း၀ိညာဥ်စွမ်းရည်အဖြစ်ကို ပြောင်းလဲထုတ်လွှတ်နိုင်ပါတော့တယ်။ ဒါပေမယ့် ရှုစန်းရှီကို သေသေချာချာအနီးကပ်ကြည့်မယ်ဆိုရင် ကျောက်စိမ်းရောင်အလင်းတန်းတွေအောက်မှာ ရှိနေခဲ့တဲ့ရှုစန်းရှီက အရမ်းကိုဖြူဖျော့လို့နေခဲ့ပါပြီ။

ဒိုင်းကာကြီးတစ်ခုလုံးကို ရစ်ပတ်ထားခဲ့တဲ့ အလင်းတန်းက အရင်ထက်ပိုပြီးတော့ကို ကြီးမားကျယ်ပြန့်လို့လာပါတော့တယ်။ တစ်ဖက်နဲ့တိုက်ခိုက်မှုကို သူက အပြည့်အ၀ခုခံလို့နေခဲ့တာပါ။

နှစ်တစ်သောင်း၀ိညာဥ်စွမ်းရည်နှစ်ခုတိုက်ခိုက်မိတဲ့အချိန်မှာပဲ နားစည်ကွဲမတတ်စူးရှတဲ့အော်သံကြီးက ထွက်ပေါ်လို့လာပါတော့တယ်။ အပြင်ဘက်အကာအကွယ်ဒိုင်းကာကြီးက ချက်ချင်းဆိုသလိုစူးရှတဲ့အလင်းတန်းတွေ ထုတ်လွှတ်ရင်ကာကွယ်လိုက်ပါပြီ။ အဝေးမှာရှိနေတဲ့ ကြည့်ရှု့သူတွေကတော့ စင်ပေါ်မှာဘာဖြစ်လဲဆိုတာကို ရှင်းရှင်းလင်းလင်းမြင်နိုင်စွမ်းမရှိတော့ပါဘူး။

ယွိမုန့်တိအနေနဲ့ ဒီလိုအခြေအနေမျိုးမှာ ကြုံတွေ့ရမယ်လို့ မထင်ထားခဲ့မိတာအမှန်ပါ။ သူ့ရဲ့တိုက်ခိုက်မှုက ရွှမ်၀ူဒိုင်းကာပေါ်ကျရောက်ချိန်မှာပဲ ပင်လယ်ကြီးတစ်ခုထဲကို နစ်မြုပ်သွားတဲ့အထိ စုပ်ယူခံလိုက်သလို ခံစားလိုက်ရပါတော့တယ်။ အဲ့ဒီနောက် ပြင်းထန်တဲ့ပေါက်ကွဲသံက ထွက်ပေါ်လို့လာခဲ့ပါပြီ။

ဒါ့အပြင် သူမရဲ့၀ိညာဥ်စွမ်းအားတွေကလဲ ချက်ချင်းဆိုသလို အားနည်းလို့သွားခဲ့ပြီ တတိယ၀ိညာဥ်စွမ်းရည်ကလဲ ချက်ချင်းပျောက်ကွယ်လို့သွားပါတော့တယ်။

ခပ်တိုးတိုးအော်သံက နယ်မြေတစ်ခွင်မှာပြန်နှံ့လို့နေခဲ့ပါပြီ။ ဒါကတော့ နတ်ဘုရားသားရဲကောင်တစ်ကောင်ရဲ့ နိုးထလာတဲ့အော်သံကြီးလိုပါပဲ။ စင်တစ်ခုလုံးနီးပါးကို ဖုံးလွှမ်းနေခဲ့တဲ့ဒီအသံကြီးက ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရှိတဲ့ ၀ိညာဥ်သူတော်စင်အဆင့်ဒိုင်အပါ၀င်ရှိရှိသမျှ လူတွေအားလုံးကိုစိတ်လွှင့်သွားစေပါတော့တယ်။ ဒီကြောက်စရာကောင်းလွန်းလှတဲ့အော်သံကြီးက သူတို့အားလုံးကို ထုံထိုင်သွားစေခဲ့တာပါ။ ရွှံ့နွံကြီးထဲနစ်မြုပ်သွားသလိုမျိုး ခန္ဓာကိုယ်တွေက မလှုပ်မရှားနိုင်ဖြစ်နေခဲ့ပြီ နောက်ထပ်လဲ လှုပ်ရှားလို့မရတော့ပါဘူး။

” နန်နန် အခုပဲလှုပ်ရှားလိုက်တော့ ”

ရှုစန်းရှီရဲ့ အက်ကွဲတဲ့အသံက ကျန်းနန်နန်ရဲ့နားထဲကို၀င်ရောက်လာပါတော့တယ်။ ဒီအချိန်မှာပဲ ကျန်းနန်နန်ရဲ့ ခန္ဓာကိုယ်က ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ လိပ်နတ်ဒိုင်းကာနဲ့ နတ်ဘုရားဓားချက်တို့ရဲ့ တိုက်ခိုက်မှုကြောင့် ဘယ်သူကမှသူမဘယ်လိုပျောက်ကွယ်သွားလဲဆိုတာကို မြင်နိုင်စွမ်းမရှိခဲ့ပါဘူး။ အခုသူမက ယွိမုန့်တိရဲ့နောက်မှာ ပေါ်လာပါတော့တယ်။ ကျန်းနန်နန်ကယွိမုန့်တိရဲ့အနောက်တည့်တည့်မှာ ပေါ်လာပြီတဲ့နောက် သူရဲ့ကျောကိုကန်ချလိုက်ပါတော့တယ်။

ရှုစန်းရှီက ၀ိညာဥ်စွမ်းရည်သုံးခုကိုပေါင်းစည်းပြီ နှစ်တစ်သောင်း၀ိညာဥ်စွမ်းရည်အဖြစ်ကို ထုတ်လွှတ်နိုင်ပါတယ်။ အဲ့ဒါကလိပ်နတ်ဘုရားရဲ့ အော်သံပါ အခုအချိန်မှာ လုံး၀မလှုပ်မရှားနိုင်ဖြစ်နေခဲ့တဲ့ ယွိမုန့်တိက ကျန်းနန်နန်ကို ခုခံနိုင်စွမ်းမရှိခဲ့ပါဘူး။

ရှုစန်းရှီရဲ့ ယွိမုန့်တိအပေါ် တွက်ချက်မှုတွေက အတော်ကိုတိကျပါတယ်။ သူမ သုံးစက္ကန့်တိတိသူဘာမှမလုပ်နိုင်ပါဘူး။ လက်ရှိအချိန်မှာကတော့ အတော်လေးကို စိတ်သဘောထားကောင်းတဲ့ ဒိုင်လူကြီးတောင်မှ သတိပြန်မ၀င်ခင်အထိ စက္ကန့်ပိုင်းလောက်ကြာမြင့်သွားခဲ့ပါတယ်။

ကျန်းနန်နန် ကန်ချတာကိုခံရပြီတဲ့နောက် ယွိမုန့်တိရဲ့ခန္ဓာကိုယ်က ချက်ချင်းဆိုသလို လခြမ်းကွေးပုံစံအတိုင်းအရှေ့ကိုလွှင့်ထွက်လို့သွားပါတော့တယ်။ တိုက်ပွဲမှာ ကျန်းနန်နန်က သူ့ရဲ့ရုပ်ကလေးလိုမျိုး နူးညံ့ကြင်နာမနေခဲ့ပါဘူး။ သူမရဲ့လက်က ယွိမုန့််တိရဲ့ဆံပင်ကို ဆွဲလိုက်ပါတယ်။ ကျန်းနန်နန်က ခြေထောက်တွေကိုအသုံးပြုပြီး သူမရဲ့ လည်ပင်းကိုလိမ်ထားခဲ့တယ်။ အဲ့ဒီနောက် လေထဲမှာတစ်ပတ်လှည့်လိုက်ပြီတဲ့နောက် ယွိမုန့်တိခန္ဓာကိုယ်ကို အထိန်းအကွတ်မရှိလွှင့်ထွက်သွားစေကာ ဘေးမှာရှိနေတဲ့အကာအကွယ်ဒိုင်းကာနဲ့ တိုက်မိစေရင် စင်အောက်ကိုပြုတ်ကျသွားစေခဲ့ပါတယ်။ ဒီဖြစ်စဥ်တစ်ခုလုံးက သုံးစက္ကန့်တိတိကြာမြင့်ခဲ့တယ်။ ယွိမုန့်တိအနေနဲ့ သူ့ရဲ့ခန္ဓာကိုယ်လုံးက သတိပြန်၀င်လာချိန်မှာတော့ အတော်ကိုနာကျင်နေခဲ့ပါပြီ။ ဒါပေမယ့် လက်ရှိအချိန် စင်အောက်မှာရောက်နေခဲ့ပြီသားလဲဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့အရေးကြီးတဲ့ခန္ဓာကိုယ်သွေးကြွေးက ဖျက်ဆီးခံလိုက်ရပြီ မူးဝေနောက်ကျိနေတာကြောင့် မြေပြင်ပေါ်က ပြန်ထနိုင်ဖို့အတွက် အတော်က်ိုခက်ခဲနေခဲ့ပါတယ်။

ယန်ယိဖန်းအတွက်ဆိုရင် ပြောဖို့တောင်မလိုတော့ပါဘူး။ ကျန်းနန်နန်တောင် သူကိုတိုက်ခိုက်ဖို့မလိုပဲရှိနေခဲ့တယ်။ ရှုစန်းရှီက သူ့ဆီကိုလျှောက်သွားရင်းနဲ့ စင်ပေါ်ကနေကန်ချလိုက်တာပါ။ ယွိမုန့်တိက သုံးစက္ကန့်တိတိသတိလစ်သွားခဲ့ပေမဲ့ မြေပြင်ပေါ်ကိုလှဲကျလောက်တဲ့အထိ အခြေအနေမဆိုးခဲ့ပါဘူး။ ဒါပေမယ့် ယန်ယိဖန်းကတော့ အစကထဲက တိုက်ခိုက်ခံရတာဖြစ်တာကြောင့် အခုအချိန်မှာ ထမရပ်နိုင်တော့အထိ ဖြစ်နေခဲ့ပါတော့တယ်။ ဒါကအတော်လေးကို အခြေအနေဆိုးတာပါ။

အမှန်တကယ်တော့ ရှုစန်းရှီသာ ရွှမ်၀ူလိပ်နတ်ရဲ့စွမ်းအားကို အချိန်မီချိတ်ပိတ်စည်းမဖြေနိုင်ခဲ့ရင်း ယွိမုန့်တိနဲ့ တစ်ယောက်တစ်ယောက်ချင်းတိုက်ပွဲမှာ ပြိုင်ဘက်မဟုတ်နိုင်ပါဘူး။ နောက်ဆုံးတော့လဲ သူမတိုက်ခိုက်ဖို့အတွက် လိုအပ်နေတာတွေအများကြီးရှိပါသေးတယ်။ ဒါ့အပြင် သူ့ရဲ့၀ိညာဥ်စွမ်အားနဲ့ အလားအလာက ရွှမ်၀ူကိုအချိန်မတန်ခင်ထုတ်လွှတ်ပြီချိန်မှာတော့ အများကြီးအင်အားကုန်ခမ်းသွားခဲ့မှာပါ။ ဒါ့အပြင် အမြန်နှုန်းအသုံးပြုတဲ့ ကျန်းနန်နန်ကတော့ သူနဲ့ပြီးပြည့်စုံအောင် တိုက်ခိုက်ခံနေရပါတယ်။ ရှုစန်းရှီရဲ့ မယှဥ်သာနိုင်လောက်အောင် အားကောင်းတဲ့ခုခံနိုင်စွမ်းရည်က သူမရဲ့အရှိန်နှုန်းနဲ့ ပြီးပြည့်စုံအောင် လိုက်ဖက်ညီနေပြီ အနီးကပ်တိုက်ခိုက်မှုမှာ အဆုံးစွန်းအစွမ်းထက်သွားခဲ့ပါတယ်။

မျက်စိရှင်ရှင်ထားပြီ အာရုံစ်ိုက်တဲ့လူတွေအားလုံးက အမျက်ဒေါသကျောင်းတော်အနေနဲ့ အားသာချက်ရှိတဲ့အခြေအနေမှာ ၀င်ရောက်နေတာကိုပြောနိုင်ကြပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူတို့တွေက ကျောင်းတော်အတွက် မမျှော်လင့်ထားတဲ့အောင်ပွဲကို ရယူနိုင်ခဲ့ပါပြီ။

” ငါတို့နိုင်သွားပြီ ”

ရှုစန်းရှီရဲ့ခန္ဓာကိုယ်က တုန်ခါလို့သွားခဲ့ပြီတဲ့နောက် အစိမ်းရင့်ရောင်အလင်းတန်းတွေကလဲ ပျောက်ကွယ်လို့သွားတော့တယ်။ အဲ့ဒီအချိန်မှာပဲ ကျန်းနန်နန်က သူ့မျက်နှာတစ်ခုလုံး စာရွက်ဖြူလိုဖြူဖျော့နေတာကို တွေ့ရှိလို့သွားခဲ့ပါပြီ။ ဒါ့အပြင် တစ်ကိုယ်လုံးကလဲ တုန်ရီလို့နေခဲ့ပါတယ်။ နှာခေါင်းနဲ့ပါးစပ်တွေထဲကနေလဲ သွေးတွေစိမ့်ထွက်လို့လာခဲ့ပါပြီ။

ရွှမ်၀ူလိပ်နတ်ဘုရားရဲ့စွမ်းအားကို သူထုတ်လွှတ်နိုင်ခဲ့ပေမဲ့ ၀ိညာဥ်ဧကရာဇ်တစ်ယောက်နဲ့ ယှဥ်လို့ရနေတဲ့ ယွိမုန့်တိရဲ့တိုက်ခိုက်မှုက ဘယ်လိုများသူ့ကိုမထိခိုက်ပဲရှိစေမှာလဲ ဒီတိုက်ခိုက်မှုကို အင်အားအပြည့်နဲ့ခုခံပြီတဲ့နောက် ရှုစန်းရှီလဲ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်က ယိမ်းယိုင်လို့နေခဲ့ပြီ မြေပြင်ပေါ်ကိုလှဲကျမတတ်ဖြစ်နေခဲ့တယ်။ ကျန်းနန်နန်က ချက်ချင်းဆိုသလို သူ့အနားကိုပြေးထွက်သွားပြီ လက်နဲ့တွယ်ထူးထားတယ်။

” နင်အဆင်ပြေရဲ့လား ”

ကျန်းနန်နန်က ခပ်တိုးတိုးမေးလိုက်တယ်။ ရှုစန်းရှီကတော့ သူ့ကိုမျက်လုံးနဲ့သာ မော်ကြည့်နိုင်ပါတယ်။ အတော်လေးကို ရုပ်ပျက်ဆင်ပျက်ဖြစ်နေပေမဲ့ သူ့ရဲ့မျက်လုံးကတော့ ပျော်ရွှင်မှုတွေနဲ့ပြည့်နှက်လို့နေခဲ့တယ်။

” နေလို့ကောင်းပါတယ်..မင်းနဲ့အတူတူ တိုက်ခိုက်ရတာအရမ်းပျော်တယ်…အကယ်၍ မင်းကိုတစ်ယောက်ယောက်ကသာ ထိခိုက်အောင်လုပ်မယ်ဆိုရင်သေချာပေါက် ငါသေမှပဲရမယ်..နန်နန် မင်းသိလားအကယ်၍ မင်းကြောင့်သာ မဟုတ်ဘူးဆိုရင် ငါရဲ့သိုင်းပညာ၀ိညာဥ်လဲ ချိတ်ပိတ်စည်းကနေ ဖြတ်ကျော်ပြီသူ့ရဲ့အစစ်အမှန်ကို ထုတ်လွှတ်နိုင်မှာမဟုတ်ဘူး ”

အဲ့ဒီအချိန်မှာပဲ သူ့ရဲ့ရင်ဘတ်က ပြင်းပြင်းထန်ထန် တုန်ခါလို့လာပါတော့တယ်။ အသံခပ်တိုးတိုးနဲ့ ဟိန်းဟောက်ပြီတဲ့နောက် ပါးစပ်အပြည့်သွေးတွေကို သူအန်ထုတ်လိုက်ပါပြီ။ သူ့ခန္ဓာကိုယ်ကလဲ ကျန်းနန်နန်ဆီကို တန်းတန်းမတ်မတ်လှဲကျလို့သွားပါတော့တယ်။

မျက်လုံးပြူးသွားခဲ့တဲ့ ကျန်းနန်နန်က သူ့ကိုခပ်မြန်မြန်ပဲ ချီထားရတော့တယ်။ ရှုစန်းရှီက သူ့ထက်အများကြီးတော့ အရပ်မရှည်ပါဘူး။ ဒါကြောင့် သတိထားရင်းစောင့်ဆိုင်းနယ်မြေကြီးကို သူပြန်သယ်သွားခဲ့ရပါတယ်။

အောက်ဖက်မှာရှိနေတဲ့သူတွေကတော့ အတော်ကိုအံ့ဩကြနေဆဲပါ။ အမျက်ဒေါသကျောင်းတော်က ပထမပြိုင်ပွဲကိုအနိုင်ရရှိသွားခဲ့ပါပြီ။ သူ့အနေနဲ့ မဖြစ်နိုင်တဲ့အောင်မြင်မှုကို ပထမဆုံးအကြိမ်ကို လှမ်းလှမ်းနိုင်ပြီလို့ ဆိုလိုတာပါပဲ။ ပေ့ပေ့ကတော့ အခုအချိန်မှာ နှုတ်ခမ်းတွေကို တွန့်ရင်းပြောနေခဲ့ပါတယ်။

” ဒီအပေါစားကောင်ကတော့လေ အခွင့်အရေးကို တစ်ချက်လေးမှ အလွှတ်မခံပဲအပြည့်အ၀အသုံးချနေတာပဲ ”

တစ်စုံတစ်ယောက်သောသူကတော့ သူ့ရဲ့တစ်ကိုယ်လုံးကို နူးညံ့နွေးထွေးတဲ့သူဆီမှာ ပုံအပ်လို့ထားပါတော့တယ်။ လက်ရှိအချိန်မှာကတော့ အမျိုးသမီးဆီကနေရရှိတဲ့အမွှေးရနံ့ကြောင့် နှာချီမတတ်ဖြစ်နေခဲ့တာကို သတိထားပြီတောင့်ခံထားလို့နေခဲ့ရတယ်။

” နှစ်ယောက်နှစ်ယောက် သုံးယောက်သုံးယောက် ပထမအချီက အမျက်ဒေါသကျောင်းတော်အနိုင်ရရှိပါပြီ ”

ဒိုင်လူကြီးကတော့ ပြိုင်ပွဲရဲ့ရလဒ်ကို ကြော်ငြာပါတော့တယ်။ သူ့ရဲ့အသံကတော့ ထိတ်လန့်မှုကြောင့်အနည်းငယ်တုန်ရီလို့နေခဲ့တယ်။

အပိုင်း ၈၉•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset