အပိုင်း ၈၈•၃
” အဆုံးအဖြတ်တိုက်ပွဲ ”
°°°
ပေ့ပေ့က အတော်လေးကိုတိုးညင်းပေမဲ့ အားကောင်းတဲ့အသံနဲ့ပြောနေခဲ့ပါတယ်။ သူ့ရဲ့အကြည့်က အနီးဆုံးမှာရှိနေတဲ့ ရှုစန်းရှီဆီကို အရင်ဆုံးရောက်ရှိသွားခဲ့ပါပြီ။
” စန်းရှီ မင်းအရင်ဆုံးသွားရမယ် ”
ရှုစန်းရှီက ခေါင်းညိတ်လိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူက ပုံမှန်အချိန်တွေမှာ ပုန်းကွယ်ထားခဲ့တဲ့ကြောက်စရာအရှိန်အ၀ါတွေကို ထုတ်သုံးနေခဲ့ပါပြီ။ ရုတ်တရက်မျက်မှောင်ကြုတ်သွားချိန်မှာတော့ အေးစက်တဲ့အလင်းတန်းတွေ ဖြတ်ပြေးသွားပါတော့တယ်။
” ပထမဆုံးပြိုင်ပွဲကို ငါသေချာပေါက်နိုင်မယ် ဘယ်လိုပဲဖြစ်ဖြစ် ငါထမရပ်နိုင်အောင် သူငါ့ကိုရိုက်ရင်ရိုက် မဟုတ်လို့ကတော့ ငါနိုင်မှဖြစ်မယ်…ဘယ်သူငါနဲ့အတူသွားမှာလဲ မင်းလား ”
ပေ့ပေ့က ခေါင်းခါလိုက်ပါတယ်။
” မဖြစ်ဘူး အကယ်၍ ငါတို့နှစ်ယောက်စလုံးပထမအချီမှာ ရောက်သွားပြီဆိုရင် အကယ်၍ ငါတို့နိုင်သွားရင်တောင် နောက်ပြိုင်ပွဲတွေကခက်ခဲလိမ့်မယ်…ဒါကြောင့် ငါအနောက်ဖက်မှာနေပြီ အဖွဲ့ကိုကြည့်ရမယ်. ”
အဲ့ဒီနောက် ပေ့ပေ့ရဲ့အကြည့်က ကျန်းနန်နန်ဆီကို ရောက်သွားပါတော့တယ်။ သူ့အတော်ကို စိတ်ရင်းမှန်ကန်တဲ့အကြည့်နဲ့ ပြောလာခဲ့ပါတယ်။
” နန်နန် အရင်တုန်းက မင်းနဲ့စန်းရှီ ဘာတွေဖြစ်ခဲ့မှန်းငါမသိဘူး ဘာကြောင့် မင်းသူ့ကိုဒီလောက်အထက်သေးနေလဲဆိုတာကိုလဲ ငါမသိပါဘူး..လက်ရှိအခြေအနေမှာ ဒီကိစ္စတွေက အရေးမကြီးတော့ဘူး..ဒါကြောင့် ပုဂ္ဂိုလ်ရေးအငြိုးအတေးတွေအားလုံးကို ဘေးဖယ်ထားဖို့မျှော်လင့်ပါတယ်..မင်းသူ့နဲ့တိုက်ခိုက်ရမယ်..မင်းတို့နှစ်ယောက်သာ အတူတူအလုပ်လုပ်မယ်ဆိုရင် အကောင်းဆုံးရလဒ်ကထွက်လာမှာပါ ပြိုင်ပွဲပြီးသွားရင်း မင်းသူ့ကိုစိတ်ရှိတိုင်းရိုက်ဖို့ငါခွင့်ပြုပေးမယ်..ဒါပေမယ့် အခုအချိန်မှာကတော့ မင်းတို့အဖွဲ့ရဲ့ခေါင်းဆောင်အနေနဲ့ ဒီပြိုင်ပွဲကိုစန်းရှီနဲ့ တိုက်ခိုက်ပေးပါလုပ်မလား မလုပ်ဘူးလား ”
ကျန်းနန်နန်လဲ မျက်လုံးပြူးသွားပါတော့တယ်။ ပေ့ပေ့က သူ့ကိုရှုစန်းရှီနဲ့ ဒီလိုတွဲဖက်ပြီတိုက်ခိုက်ခိုင်းမယ်လို့ မထင်ထားခဲ့ပါဘူး။ သူ့မရဲ့အမြင်အရဟို့ယွိဟောင်ကသာ ရှုစန်းရှီနဲ့ တကယ်တိုက်ခိုက်သင့်တာပါ သူမမဟုတ်ပါဘူး။ ပေ့ပေ့ရဲ့ ရိုးသားတဲ့အကြည့်နဲ့ မျက်လုံးဆုံချင်ပြီချိန်မှာကတော့ သူမရဲ့အဖွဲ့သားတွေကြည့်နေတဲ့ပုံစံကိုပါ ခံစားလိုက်မိပါတော့တယ်။ နောက်ဆုံးမှာ ကျန်းနန်နန် အံကြိတ်ရင်း သဘောတူလိုက်ပါပြီ။
” ကောင်းပြီ ငါသွားမယ် ”
ပေ့ပေ့က သူ့ကိုခေါင်းညိတ်ပြလိုက်ပါတယ်။
” ကျေးဇူးပဲ အခုသွားကြတော့ အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ရဲ့ အင်အားကိုသူတို့မြင်အောင် ပြလိုက်တော့ ”
” ကောင်းပါပြီ ”
ကျန်းနန်နန်က ခေါင်းညိတ်လိုက်ပါတယ်။ ရှုစန်းရှီကို တစ်ချက်လေးတောင်မကြည့်တော့ပဲ သူချက်ချင်းဆိုသလို စင်မြင့်ပေါ်ကို ပြေးတက်လို့သွားခဲ့ပါပြီ။ ရှုစန်းရှီကလဲ သူ့နောက်ကိုပြေးလိုက်လို့သွားပါတော့တယ်။ ဒါပေမယ့် ပေ့ပေ့ဘက်ကိုတော့ နောက်လှည့်ပြီလက်မထောင်ပြရင်း ပါးစပ်လှုပ်ကာပြောသွားခဲ့တယ်။
” ပေ့ပေ့ ငါမင်းကိုအရမ်းချစ်တာပဲ ”
” ပိတ်ထားလိုက်စမ်းပါ ”
ပေ့ပေ့ကပြန်ပြီပြောလိုက်ပါတယ်။
” မင်းမနိုင်နိုင်ရင် ပြန်မလာခဲ့နဲ့ ”
” ငါမနိုင်နိုင်ဘူးဆိုရင် ကိုယ့်ကိုကိုယ်သင်ကွတ်ပြစ်လိုက်မယ် ”
ရှုစန်းရှီက စင်ပေါ်ကိုခုန်တက်သွားရင်း ဒီစကားတွေကိုပြောဖြစ်အောင်ပြောသွားခဲ့ပါသေးတယ်။
ဒီစကားကိုပြောပြီချိန်မှာပဲ သူ့ရဲ့တစ်ကိုယ်လုံးက အရှိန်အ၀ါတွေရုတ်တရက်ကမ္ဘာမြေအက်ကွဲသွားသလိုပြောင်းလဲသွားတာကို အားလုံးမြင်လိုက်ရပါပြီ။
အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ရဲ့ပြင်းထန်တဲ့တိုက်ခိုက်လိုစိတ်တွေကြောင့် လွှမ်းမိုးခံနေရတဲ့၀မ်ယန်လဲ အခုမှသာသတိပြန်၀င်လာပါတော့တယ်။ သူ့အနေနဲ့ စိုးရိမ်ပူပန်မှုတွေကို ခဏဘေးဖယ်ထားပြီ ပေ့ပေ့ကို မေးလာခဲ့တယ်။
” ပေ့ပေ့ ဘာကြောင့် မင်းကျန်းနန်နန်ကို ရှုစန်းရှီနဲ့အတူတူတွဲဖက်ပြီ လွှတ်ပေးလိုက်တာလဲ ရှုစန်းရှီ ခုခံရေးစွမ်းအားနဲ့ဆိုရင် ဟယ့်ချိုက်ထို့ရဲ့စွမ်းအားနဲ့ တွဲဖက်ပြီပိုသင့်တော်တာမဟုတ်ဘူးလား ”
ပေ့ပေ့က ခေါင်းခါလိုက်ပါတယ်။
” ဆရာ၀မ်က ရှုစန်းရှီကို နားမလည်ပါဘူး..သူလိုနေတာက ပေါက်ကွဲတဲ့စွမ်းအားမဟုတ်ပဲ သူ့ရဲ့အင်အားကို အဆုံးစွန်းအထိမြင့်တင်ပေးနိုင်မဲ့လူတစ်ယောက်ဖြစ်နေတာ အဲ့ဒီလိုလူက ကျန်းနန်နန်ထက် သင့်တော်တဲ့လူထက်မရှိဘူး..ကျန်းနန်နန်က သူ့ကိုမီးညှိပေးလိမ့်မယ်..ဆရာ၀မ် စောင့်ကြည့်စမ်းပါ စန်းရှီရဲ့တကယ်စွမ်းအားအစစ်အမှန်က အရင်နဲ့ယှဥ်လို့မရနိုင်လောက်အောင် ပြောင်းလဲသွားလိမ့်မယ်…သူလဲသူ့ရဲ့တကယ်စစ်မှန်တဲ့ ကျင့်ကြံဆင့်ကို ကျွန်တော်တို့ဆီထုတ်ပြမယ်..သေချာပေါက် ဒီပြိုင်ပွဲကိုသူနိုင်မှာပဲ ”
၀မ်ယန်လဲ ခေါင်းညိတ်လိုက်ပါတယ်။ အဖွဲ့တစ်ဖွဲ့လုံးကို ပေ့ပေ့လက်ထဲအပ်ထားပြီဆိုမှတော့ သူ့ကိုအကြွင်းမဲ့ယုံကြည်ရတော့မှာပေါ့။ ဒါ့အပြင် လက်ရှိအခြေအနေမှာ စိတ်ပျက်နေလို့ကလဲ ဘာမှမထူးပါဘူး။ ပေ့ပေ့အနေနဲ့ ဒီလိုမျိုးအခြေအနေကို ကောင်းကောင်းထိန်းချုပ်နိုင်တာကိုတော့ သူကိုယ်တိုင်းအသိအမှတ်ပြုရမှာပါ။ လက်ရှိအချိန်မှာက တကယ်ကိုမှတ်မှတ်ရရဖြစ်စေတဲ့ လူတွေပါပဲ။ အပြင်နယ်မြေရဲ့ ကျောင်းသားတွေထဲမှာ ၀ိညာဥ်စက်ကွင်းလေးကွင်းရှိတဲ့ကျောင်းသားတွေ ရှားပါးနေလို့လား။ သေချာပေါက် မရှားပါးပါဘူး ဒါပေမယ့် သူတို့က ဘာကြောင့်များ လူကြားထဲမှာအထင်ပေါ်ဆုံးဖြစ်နေရတာလဲ။ သေချာပေါက် ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းကိုရှိမှာပါ။
ပထမဆုံးအနေနဲ့ ၀မ်ယန်လဲ သူ့အဖွဲ့ကိုသူယုံကြည်ချက်ရှိလာပါတော့တယ်။
ကျန်းနန်နန် စင်ပေါ်ကိုတက်ပြီတဲ့နောက် ဘယ်သူကိုမှမတိုက်ခိုက်ပဲ ဘေးမှာရပ်နေခဲ့ပါတယ်။ ရှုစန်းရှီ သူမနောက်ကိုလိုက်လာပြီတဲ့နောက် မမျှော်လင့်ထားတဲ့တစ်ခုကို လုပ်လိုက်ပါတယ်။ သူမကို တစ်ချက်လေးတောင်မနှုတ်ဆက်သလို စကားတောင်တစ်ခွန်းမှမပြောပဲနဲ့ သူမရဲ့ရှေ့မှာပုံမှန်အတိုင်း ၀င်ရပ်လိုက်တာပါ။
ရှုစန်းရှီရဲ့ ကျယ်ပြန့်တဲ့ပုခုံးနဲ့ မှောင်မိုက်တဲ့ပုံရိပ်က သူ့မရဲ့မျက်လုံးထဲမှာရုတ်တရက်ထွက်ပေါ်လာပါတော့တယ်။ အခုအချိန်မှာကတော့ ဒီလူကတကယ်ကိုကျောင်းသားလိုလူတစ်ယောက်ပဲ သူမဘယ်တုန်းကမှ မတွေတောခဲ့ဖူးတဲ့ ယုံကြည်ချက်အငွေ့အသက်တွေက သူ့တစ်ကိုယ်လုံးမှာ လျှံထွက်လို့နေခဲ့တယ်။ ၀ိညာဥ်စွမ်းအားတစ်ခုမှထုတ်မသုံးထားပဲနဲ့တောင် ရှုစန်းရှီက အရမ်းကိုတောက်ပနေတဲ့နတ်ဘုရားတစ်ပါးလိုပါပဲ။ အချိန်မရွေးပေါက်ကွဲထွက်နိုင်တော့မဲ့ မီးတောက်တစ်ခုလိုလဲ တူညီလို့နေခဲ့တယ်။
” ဒီကောင်ဘာများဖြစ်သွားတာလဲ ငါကြောင့်များလား ”
ကျန်းနန်နန် အံ့ဩလောက်အောင်ပဲ ဒီအတွေးကသူ့စိတ်ထဲကို ၀င်လာခဲ့ပါပြီ။ ဒါပေမယ့် ဒီအတွေးတွေက သူ့ကိုစိတ်လွှတ်ပြီမှားယွင်းစေနိုင်တာကြောင့် ချက်ချင်းခေါင်းခါလိုက်မိပါတယ်။ သူမရဲ့အရှေ့မှာရပ်နေတဲ့ ရှုစန်းရှိီကို နောက်တစ်ကြိမ်ကြည့်လိုက်ရင်း ဒီကောင်ကအရင်ကလောက်မုန်းစရာမကောင်းတော့ဘူးလို့ တွေးလာလိုက်မိတယ်။ အနည်းဆုံးတော့ လက်ရှိအချိန်မှာ စိတ်ပျက်စရာကောင်းမနေခဲ့ပါဘူး။ အကယ်၍ အဲ့ဒီအချိန်ကလို ကိစ္စတွေကသာမဖြစ်ခဲ့ဘူးဆိုရင် သူမလဲ သူ့ကိုစိတ်၀င်စားမိမှာလား။
ကျန်းနန်နန်ရဲ့ စိတ်ကူးစိတ်တမ်းတွေက လွှတ်ထွက်နေတဲ့အချိန်မှာပဲ မိုးထိလွှာကျောင်းတော်ရဲ့ ပထမဆုံးအဖွဲ့၀င်နှစ်ယောက်က စင်ပေါ်တက်လာခဲ့ပါပြီ။ သူတို့တွေကလဲ အမျိုးသားတစ်ယောက် အမျိုးသမီးတစ်ယောက်ပါပဲ။
ရှုစန်းရှီနဲ့ ကျန်းနန်နန်တို့လို တူတောင်တူညီနေခဲ့ပါသေးတယ်။ မိန်းကလေးက အတော်ကိုလှပတဲ့သူပါ။ ကံမကောင်းစွာနဲ့ပဲ ကံတရားကသူ့ဖက်မှာရှိမနေခဲ့ပါဘူး။ အမျက်ဒေါသကျောင်းတော်ရဲ့ အပြင်နယ်မြေမှာနံပါတ်တစ်အလှပဂေးအဖြစ်ကျော်ကြားတဲ့ကျန်းနန်နန်နဲ့ ယှဥ်လိုက်ချိန်မှာတော့ သူမရဲ့အလှက မှိန်ဖျော့လို့သွားပါတော့တယ်။ သူ့ဘေးမှာရပ်နေခဲ့တဲ့ ကောင်လေးကတောင် ကျန်းနန်နန်ကိုလုံး၀ အကြည့်မခွာနိုင်ခဲ့ပါဘူး။
” ရှုစန်းရှီ သူက ကျန်းနန်နန် ”
ရှုစန်းရှီက အရင်ဆုံးမိတ်ဆက်လိုက်ပါတယ်။
” နှစ်ယောက်နှစ်ယောက်ချင်းတိုက်ပွဲက အဖွဲ့လိုက်တိုက်ပွဲတွေနဲ့ယှဥ်လို့မရပါဘူး…အဖွဲ့လိုက်တိုက်ပွဲတွေမှာ အဖွဲ့လိုက်အလုပ်လုပ်မှုက အရေးကြီးပါတယ်…တစ်ယောက်နဲ့တစ်ယောက် ခွဲခြားစိတ်ဖြာနေဖို့ဆိုတာ အချိန်ကိုမရပါဘူး..၀မ်ယန်ကလဲ သူတို့ပြိုင်ဘက်တွေအကြောင်းကို အမြဲတမ်းရှင်းပြထားမိသားပါ ဒါပေမယ့် သူတို့ရဲ့ပြိုင်ဘက်တွေအကြောင်းအရင်တုန်းက အာရုံမစိုက်ခဲ့သလို သိပ်ပြီလဲမတွေးခဲ့တာကြောင့်ပဲ ဘယ်သူကဘယ်သူဆိုတာ ပြောဖို့ခက်ပါတယ်။
သူ့ရဲ့ပြိုင်ဘက်တွေမိတ်ဆက်လာစေဖို့ ကိုယ်တိုင်းမိတ်ဆက်လိုက်ရတာက အကောင်းဆုံးပါ။
” ငါက ယန်ယိဖန်း ”
တစ်ဖက်လူငယ်က ပြောလာခဲ့ပါတယ်။ မနာလိုစိတ်အပြည့်နဲ့ ကြည့်နေတဲ့မိန်းကလေးကတော့ အတော်လေးကို မရင့်ကျက်သေးတဲ့ပုံပါပဲ။ ဒါပေမယ့် သူက သိသိသာသာကို လှပပါတယ်။
” ယွိမုန့်တိ ”
ဒီနှစ်ယောက်ပဲ ရှုစန်းရှီရုတ်တရက်ဘာတွေဖြစ်နေမှန်း သိသွားပါတော့တယ်။ ဒီထဲမှာကတော့ ၀ိညာဥ်ဘုရင်ပါ သူတို့ရဲ့ပြိုင်ဘက်တွေက အင်အားကိုတစ်ခါထဲထုတ်သုံးဖို့အတွက် ရွေးချယ်ထားပုံမပေါ်ပါဘူး။
နှစ်ဖက်စလုံး မိတ်ဆက်ပြီတာကိုမြင်ပြီချိန်မှာတော့ ဒိုင်လူကြီးက စတင်ကြော်ငြာပါတော့တယ်။
” နှစ်ဖက်စလုံးနေရာယူပြီအသင့်ပြင်ကြပါ “:
နှစ်ဖွဲ့စလုံးလဲ ချက်ချင်းနောက်ဆုတ်သွားပါတော့တယ်။ ဘယ်လိုပြိုင်ပွဲမှာပဲဖြစ်စေ သင့်တော်တဲ့အကွာအဝေးတစ်ခုကို ဖန်တီးဖို့ကမရှိမဖြစ်လိုအပ်တဲ့အရာပါ။ ဒါမှသာ ၀ိညာဥ်ပညာရှင်အားလုံးလဲ သူတို့ရဲ့စွမ်းရည်တွေကို အပြည့်အ၀ထုတ်ဖော်နိုင်တာဖြစ်ပါတယ်။ ရှုစန်းရှီက ကျန်းနန်နန်ကို နောက်ဆုတ်ရင်းပြောလာခဲ့တယ်။
” နန်နန် ငါမင်းအတွက် လမ်းတစ်ခုဖွင့်ပေးမယ်..ငါတို့သာ ယွိမုန့်တိကို ဖယ်ရှားပြီဆိုရင်နိုင်ပြီပဲ ဘေးကလူကိုဂရုစိုက်နေဖို့မလ်ိုဘူးသူမင်းကိုတ်ိုက်ခိုက်ဖို့ အခွင့်အရေးတစ်ခုတောင်မရအောင် ငါလုပ်ပေးမယ်..မင်းစောင့်နေလိုက် ပြီးရင် အစွမ်းကုန်တိုက်ခိုက် ငါမင်းကိုအချက်ပြတာနဲ့ အစွမ်းအစကိုထုတ်ပြတော့ အဲ့ဒီလိုမလုပ်ခင်မှာ ငါလုပ်တဲ့ကိစ္စတွေကိုသာ အာရုံစိုက်နေ ”
” ကောင်းပြီလေ ”
ကျန်းနန်နန်က သဘောတူလိုက်ပါတယ်။ ဒီပြိုင်ပွဲမှာ သူနဲ့ပူးပေါင်းဆောင်ရွက်ဖို့လိုပြီဆိုမှတော့ ရှုစန်းရှီကို သူဘယ်လောက်ပဲမုန်းပါစေ လုံး၀ပြဿနာရှာဖို့ စိတ်ကူးမရှိပါဘူး ”
ရှုစန်းရှီကလဲ အရမ်းကိုအကင်ပါးပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ကျန်းနန်နန်စကားကိုကြားချိန်မှာ နှလုံးသားတစ်ခုလုံး ကြက်သီးတွေထပြီတုန်ခါလှုပ်ရှားသွားသလိုခံစားလိုက်ရတယ်။ သူမအနေနဲ့ ဒီလိုနူးညံ့တဲ့ငြင်းငြင်းသာသာသဘောတူဖို့စကားကိုပြောချိန်မှာ အတော်ကိုပုံမှန်အချိန်မှာရှားပါးတာပါ။ နေ့စဥ်နေ့တိုင်းသူ့ကိုကြိမ်းမောင်းဆူပူနေရတာက ပုံမှန်သာမန်ရိုးကျကိစ္စလို ဖြစ်နေပြီလို့သာ သူခံစားမိခဲ့ပါတယ်။
နှစ်ဖက်စလုံးက စင်မြင့်ရဲ့အစွန်းကိုရောက်ရှိပြီချိန်မှာတော့ ဒိုင်လူကြီးက အော်လိုက်ပါတယ်။
” စတင်မယ် ”
ချက်ချင်းဆိုသလို သိုင်းပညာ၀ိညာဥ်တွေက ထုတ်လွှတ်ကြပါပြီ။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ အားလုံးက ဖြစ်ပျက်သွားပါတော့တယ်။ ရှုစန်းရှီကတော့ ဒီတစ်ကြိမ်မှာ ပျင်းနေတဲ့ပုံမပေါ်ပါဘူး။ ရွှမ်၀ူဒိုင်ကာကြီးကို ကိုင်ထားရင်းနဲ့ အရှေ့ကိုတက်သွားပါတော့တယ်။ ကျန်းနန်နန်က သူ့ရဲ့နောက်ဖက်မှာချက်ချင်း ခုန်၀င်လိုက်ပါပြီ။ ရှုစန်းရှီက သူ့အသက်သူ့အရွယ်နဲ့မှာတင် အတော်ကိုကြံ့ခိုင်သန်မာတာကြောင့် သူ့နောက်မှာရှိနေခဲ့တဲ့ ကျန်းနန်နန်က သူ့သာအရှေ့မှာရှိနေခဲ့ရင်း ဘယ်သူမှမြင်ရတော့မှာမဟုတ်ပါဘူး။
တခြားတစ်ဖက်မှာတော့ ယန်ယိဖန်းနဲ့ ယွိမုန့်တိတို့ကလဲ သူတို့ရဲ့သိုင်းပညာ၀ိညာဥ်တွေကို ထုတ်လွှတ်လိုက်ပါတော့တယ်။ ယန်ယိဖန်းရဲ့ သိုင်းပညာ၀ိညာဥ်က ဓားမြောင်အရှည်တစ်လက်ပါ။ အမှန်တကယ်တော့ သူကသူ့ရဲ့ မြင့်မားတဲ့ခန္ဓာကိုယ်နဲ့ မလိုက်ဖက်အောင်လျင်မြန်လွန်လှတဲ့ အမြန်နှုန်း၀ိညာဥ်ပညာရှင်ပါပဲ။ သူ့ခန္ဓာကိုယ်က တစ်ဖက်နဲ့တစ်ဖက်ကို လျင်လျင်မြန်မြန်ရွေ့လျှားလို့နေခဲ့တယ်။ ယွိမုန့်တိရဲ့သိုင်းပညာ၀ိညာဥ်ကမရိုးရှင်းခဲ့ပါဘူး။ သူမရဲ့သိုင်းပညာ၀ိညာဥ်ထုတ်လွှတ်လိုက်ချိန်မှာပဲ လူတော်တော်များများရဲ့ တအံ့တဩကြည့်ရှု့မှုကို ခံရပါတော့တယ်။ ၀မ်သုန့်ရဲ့ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ပေါ်ထွက်လာခဲ့မှုနဲ့ တူညီတဲ့တုန့်ပြန်မှုကို ရရှိတာပါ။
သူမရဲ့ကျောဖက်မှာတော့ ဖွေးဖွေးဖြူနေတဲ့ အတောင်ပံတစ်စုံထွက်ပေါ်လို့လာခဲ့ပါပြီ။ ဒီအတောင်ပံတွေက ရွှေကွတ်ထားသလိုမျိုး ရွှေရောင်တောက်ပနေခဲ့ပါတယ်။ ယွိမုန့်တိက တစ်ကိုယ်လုံးရွှေရောင်အလွှာတွေလွှမ်းခြုံလို့ထားခဲ့ပြီ သူတော်စင်ဆန်ဆန်အငွေ့အသက်တွေကလဲ သူ့ကိုကိုးကွယ်ချင်လောက်အောင် တောက်ပလို့နေခဲ့တော့တယ်။
ရွှေရောင်အလင်းတန်းတွေနဲ့ ပြည့်နှက်နေခဲ့တဲ့လက်ပေါ်မှာတော့ ရွှေရောင်ဓားရှည်တစ်လက်ရှိနေပါတယ်။ ဒါက၀ိညာဥ်လက်နက်မဟုတ်ပါဘူး။ ၀ိညာဥ်စွမ်းအားတွေကို စုစည်းရင်းဖြစ်ပေါ်လာတဲ့လက်နက်တစ်ခုပါ။ သူ့ရဲ့၀ိညာဥ်စက်ကွင်းငါးခုကလဲ အကောင်းဆုံးပေါင်းစည်းမှုဖြစ်တဲ့ အ၀ါရောင်နှစ်ခု ခရမ်းရောင်နှစ်ခုနဲ့ အနက်ရောင်တစ်ခုတို့ပါ။
အနက်ရောင်၀ိညာဥ်စက်ကွင်းက နှစ်တစ်သောင်း၀ိညာဥ်စက်ကွင်းဖြစ်ပါတယ်။ ပထမဆုံး အမျက်ဒေါသကျောင်းတော်တွေ့ရတဲ့နှစ်တစ်သောင်း၀ိညာဥ်ပိုင်ရှင်ကို တွေ့ရပါပြီ။
မိုးထိလွှာကျောင်းတော်က ဒီပထမပြိုင်ပွဲကို အတော်လေးအလေးထားပါတယ်။ ၀ိညာဥ်ဘုရင်သုံးယောက်ထဲမှာ ယွိမုန့်တိရဲ့ကျင့်ကြံဆင့်က ဒုတိယအခြေအနေမှာရှိနေပါတယ်။ သူကယဲ့၀ူချင်နဲ့ ယှဥ်လိုက်မယ်ဆိုရင် ဒုတိယနေရာကိုရောက်နေတာပါ။ ဒါ့အပြင် သူ့ရဲ့သိုင်းပညာ၀ိညာဥ်က နတ်မိမယ်ပါ။ အတောင်ပံနှစ်ခုပဲရှိတဲ့ နတ်မိမယ်ဖြစ်ပေမဲ့ အားကောင်းတဲ့သိုင်းပညာ၀ိညာဥ်တစ်ခုပါပဲ။ အကယ်၍ သူမရဲ့ကျင့်ကြံဆင့်ကသာ ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရှိတဲ့ ၀ိညာဥ်ပညာရှင်အဖြစ်ကို ရောက်ရှိခဲ့မယ်ဆိုရင် အတောင်ပံက လေးဖက်ရှိလာပါလိမ့်မယ်။ အကယ်၍ သူမကသာ ၀ိညာဥ်စက်ကွင်းကိုးကွင်းရှိလာတဲ့သော့်လော့ဖြစ်လာမယ်ဆိုရင်တော့ အတောက်ပံက ခြောက်ခုရှိလာမှာပါ။ အတောင်ပံတစ်စုံပိုလာမှုက သူမရဲ့သိုင်းပညာ၀ိညာဥ်ဆင့်ကဲတိုးတက်မှုပါပဲ။ ခန္ဓာကိုယ်နဲ့အနီးစပ်ဆုံးသိုင်းပညာ၀ိညာဥ်တည်ရှိမှုလို့လဲ ပြောလို့ရပါတယ်။
ရလဒ်အနေနဲ့ ယွိမုန့်တိက ယဲ့၀ူချင်းထက် နည်းနည်းလေးတောင် အားမနည်းပါဘူး။ သူတို့နှစ်ယောက်စလုံးက ပါရမီရှင်တွေကြီးပါပဲ။
အမျက်ဒေါသကျောင်းတော်ရဲ့ ပြဿနာကို ကြည့်ရှု့နေသူတွေက မမြင်နိုင်ပဲရှိနေခဲ့တယ်။ ဒါပေမယ့် ကျောင်းတော်ထဲမှာမျက်စိလျင်တဲ့သူတွေကတော့ အများကြီးပါပဲ။ မိုးထိလွှာကျောင်းတော်က ဒီလိုမျိုးကောင်းကောင်းမြင်တတ်တဲ့သူတွေထဲမှာ ပါနေခဲ့တယ်။ ရလဒ်အနေနဲ့ သူတို့တွေက ကျောင်းတော်ကိုကြောက်မဲ့အစား အများကြီးတက်ကြွလို့နေခဲ့ပါပြီ။
အပိုင်း ၈၈•၃ ပြီး၏။