အပိုင်း ၈၈•၂
” အဆုံးအဖြတ်တိုက်ပွဲ ”
°°°
အမျက်ဒေါသကျောင်းတော်က စင်မြင့်ပေါ်ကိုနောက်တစ်ကြိမ်ပြန်လည်ရောက်ရှိလို့လာခဲ့ပါပြီ။ တခြားတစ်ဖက်မှာတော့ သူတို့ရဲ့ ပြိုင်ဘက်က အလှည့်ကျပွဲစဥ်တွေမှာ ဆက်တိုက်ဆိုသလို အလွယ်လေးအနိုင်ရရင်နဲ့ အခုနေရာအထိ တက်လာနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာတော့ အမျက်ဒေါသကျောင်းတော်အရင်ကယှဥ်ပြိုင်ခဲ့ဖူးတဲ့ ဘယ်ကျောင်းတော်နဲ့မှ မတူညီခဲ့ပါဘူး။ ဒီအဖွဲ့ကအစောပိုင်းနှစ်တွေမှာလဲ အကြိုဗိုလ်လုပွဲအထိကို ရောက်ရှိခဲ့တဲ့ကျောင်းတော်ကဖြစ်နေခဲ့ပါတယ်။
ကြည့်ရှု့နေသူတွေအားလုံးကတော့ ဒီတစ်ခေါက်ပြိုင်ပွဲက အတော်လေးကို အင်အားကြီးတဲ့တိုက်ပွဲဖြစ်လာမယ်လို့ မျှော်လင့်နေခဲ့ကြပါတယ်။ သန်မာတဲ့သူတွေကြားထဲမှာတောင် အဆင့်ကွာခြားချက်က ရှိနေစမြဲပါပဲ။ ရှိနေတဲ့သူတိုင်းရဲ့အမြင်မှာ အမျက်ဒေါသကျောင်းတော်က တခြားရှိရှိသမျှကျောင်းတော်တွေအားလုံးနဲ့ မတူညီတဲ့အဆင့်အတန်းတစ်ခုမှာ ရောက်နေခဲ့ပါပြီ။ လူတွေအားလုံးရဲ့ထိပ်ဆုံးမှာရပ်တည်နေတဲ့ ရှင်ဘုရင်တစ်ပါးလိုဖြစ်တည်မှုမျိုးပါပဲ။ ဒါပေမယ့် အမျက်ဒေါသကျောင်းတော်ရဲ့ ပြိုင်ဘက်တွေက အခုထက်ပိုပြီး သန်မာပါစေလို့သူတို့မျှော်လင့်နေခဲ့မိတာအမှန်ပါ။ ဒါမှသာပိုပြီး စိတ်၀င်စားစရာကောင်းတဲ့ ပြိုင်ပွဲတွေကိုကြည့်ရှု့နိုင်မှာလဲဖြစ်ပါတယ်။
အမျက်ဒေါသကျောင်းတော်ရဲ့ ပြိုင်ပွဲ၀င်ခုနှစ်ယောက်က လက်ရှိအချိန်မှာ အနားယူနေတဲ့နေရာဆီရောက်ရှိနေကြပြီဖြစ်သလို သူတို့ရဲ့ခန္ဓာကိုယ်အခြေအနေတွေကလဲ အကောင်းဆုံးအနေအထားကို ရောက်ရှိလို့နေခဲ့ပါပြီ။ သူတို့တွေအတွက် ပြိုင်ပွဲကိုစတင်ဖို့သာ လိုပါတော့တယ်။
နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကလဲ နယ်မြေထဲကိုရောက်ရှိလာခဲ့ပါပြီ။ သူတို့တွေက အမျက်ဒေါသကျောင်းတော်ရဲ့အင်အားကို လာရောက်စူးစမ်းလေ့လာနေခဲ့တယ်ဆိုတာ အံ့ဩစရာမရှိပါဘူး။ မာယုလုံကတော့ အမျက်ဒေါသကျောင်းတော်ရဲ့တူညီတဲ့လူခုနှစ်ယောက်ပဲ ပြန်ထွက်လာတာကိုမြင်ချိန်မှာ မျက်မှောင်ကြုတ်သွားခဲ့ပါတယ်။ သူက သူ့ရဲ့ကိုယ်ပိုင်အကဲဖြတ်မှုတွေအပေါ် ယုံကြည်ချက်အပြည့်ရှိသူပါ။ ဒါပေမယ့် အမျက်ဒေါသကျောင်းတော်က ဒီပြိုင်ပွဲကိုဒီအတိုင်းကြီး လျစ်လျုရှု့ပြစ်တော့မှာလား။ အကယ်၍ သူ့ရဲ့ခန့်မှန်းချက်တွေသာ မှားခဲ့မယ်ဆိုရင် သူတို့တွေအင်အားကြီးတဲ့ပြိုင်ဘက်ကို ဒီနေ့ဘယ်လိုများအနိုင်ယူကြမှာလဲ။ ဒါမှမဟုတ် သူ့ရဲ့ခန့်မှန်းချက်တွေအားလုံးက မှားယွင်းနေခဲ့တာများလား။
မျက်လုံးထဲမှာအလင်းတန်းတွေ တဖျတ်ဖျတ်ထွက်ပေါ်လို့လာခဲ့ပြီ။ မာယုလုံကိုယ်တိုင်လဲ ယုံကြည်ချက်မဲ့လုနီးပါးဖြစ်နေခဲ့ပါတော့တယ်။ ၀မ်ယန်ရဲ့လက်ရှိအမူအရာကတော့ စိတ်မသက်မသာဖြစ်နေတာ သိသာလှပါပြီ။ သူ့အနေနဲ့ လက်ရှိအချိန်မှာ စိတ်မလှုပ်ရှားဘူးလို့ ပြောမယ်ဆိုရင် အံ့ဩစရာကောင်းနေပါဦးမယ်။ အကယ်၍ အမျက်ဒေါသကျောင်းတော်သာ ဒီပြိုင်ပွဲကိုရှုံးနှိမ့်ခဲ့လို့ကတော့ ကြည့်ရှု့နေသူတွေအနေနဲ့ ဘယ်လိုများတုန့်ပြန်ကြမှာလဲ။ သူတွေးကြည့်ဖို့တောင် ခက်ခဲနေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ရှုံးနှိမ့်မှုကြောင့် ရရှိလာတဲ့ဖိအားတွေက သူ့ရှေ့မှာရှိနေခဲ့တဲ့ ကလေးတွေရဲ့ပုခုံးပေါ်ကိုရောက်ရှိလို့လာလိမ့်မယ်။ သူတို့တွေ ဒါကိုတောင့်ခံထားနိုင်မှာလား။ ဒါပေမယ့် သူလဲ သူ့ရဲ့ကိုယ်ပိုင်စိတ်အခြေအနေကို မတွန်းလှန်နိုင်သေးပါဘူး။ ဒီလိုသာဖြစ်လာခဲ့မယ်ဆိုရင် ပိုပြီးကြောက်စရာကောင်းတဲ့ကိစ္စတွေကို ရင်ဆိုင်ရတော့မှာပါ။
အမြဲတမ်းတည်ငြိမ်ပြီ ပညာဉာဏ်ကြွယ်၀တဲ့၀မ်ယန်က လက်ရှိအချိန်မှာကတော့ အတွေးလွန်ပြီမူးနောက်နေခဲ့ပါပြီ။ သူတို့အရင်က စီစဥ်ထားတဲ့အတိုင်း အဖွဲ့လိုက်မှာ တိုက်ခိုက်မယ်ဆိုရင်တောင် အနိုင်ရနိုင်ချေက သိပ်ပြီမကြီးမားခဲ့ပါဘူး။ ကံကောင်းမကောင်းဆိုတာက ပြောဖို့တောင်ခက်ပါလိမ့်ဦးမယ်။
အချိန်တွေက စက္ကန့်ပိုင်းနဲ့အမျှကုန်ဆုံးလို့သွားခဲ့ပါပြီ။ နေမင်းကြီးကလဲ အရှေ့အရပ်ကနေ ထွက်ပြူးလို့လာပါတော့တယ်။ ကြယ်တာရာလော့နိုင်ငံတော်ရဲ့ ဧကရာဇ်ကတော့ ၀န်ကြီးတွေနဲ့အတူ မြို့နံရံပေါ်ကိုရောက်ရှိလို့လာခဲ့ပါပြီ။ သူက မထိုင်ခဲ့ပဲ အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ရဲ့ အကြိုအဖွဲ့ရောက်ရှိလာတာကို မတ်တပ်ရပ်ပြီကြည့်နေခဲ့ပါတယ်။ ဒါ့အပြင် ဒီအဖွဲ့ကကလေးတွေကို ပြန်မြင်လိုက်ချိန်မှာကတော့ သူနောက်တစ်ကြိမ် မျက်လုံးပြူးသွားခဲ့ပါပြီ။ အဲ့ဒီနောက် သူ့ဘာသာသူပြောနေခဲ့ပါတယ်။
” ငါ့ရဲ့အကဲဖြတ်မှုက မှားယွင်းသွားတာလား ဒီလိုမဖြစ်နိုင်ဘူးလေ အမျက်ဒေါသကျောင်းတော်တကယ်ပဲ ဘာတွေများလုပ်နေတာလဲ ဘာကြောင့် ဒီတစ်ခေါက်ပြိုင်ပွဲမှာဒီလိုပြိုင်ပွဲ၀င်တွေကို ပို့လွှတ်နေရတာလဲ လူငယ်လေးတွေက တကယ်ပါရမီရှင်တွေလားဆိုတာကို ငါမြင်ဖို့တော့လိုနေပြီ စမ်းသပ်ချက်တွေကို မကြောက်လန့်တဲ့ပါရမီရှင်တွေဖြစ်ကြပါစေလို့မျှော်လင့်ပါတယ် ”
သူပြောပြီတဲ့နောက် ကိစ္စတချို့ကို ပြန်လည်မှတ်မိသွားပါတော့တယ်။ အဲ့ဒီနောက် သူ့ဘာသာသူပြန်ပြောလိုက်မိတယ်။
” ဟို့ယွိဟောင် အသက်ဆယ့်နှစ်နှစ် ၀မ်သုန့်အသက်ဆယ့်နှစ်နှစ်ရှောင်းရှောင်းအသက်ဆယ့်နှစ်နှစ် ဘယ်သူကမှအသက်ဆယ့်ငါးနှစ်မပြည့်သေးပါဘူး ဒါကြောင့် အမျက်ဒေါသကျောင်းတော်ရဲ့မိစ္ဆာအငယ်လေးတွေဖြစ်နေကြတာပေါ့ ဒါပေမယ့် သူတို့ရဲ့အဓိကအဖွဲ့က ဘယ်ရောက်သွားတာလဲ ”
ဧကရာဇ်တစ်ပါးဖြစ်တဲ့ သူ့အနေနဲ့ ကိစ္စတော်တော်များများကို မတွေ့ရသေးဘူးဆိုတာ အရမ်းကိုလွယ်ကူတဲ့ကိစ္စပါ။ ဒါ့အပြင် အမျက်ဒေါသကျောင်းတော်ရဲ့ အကြိုအဖွဲ့အကြောင်းကိုလဲ သူအတော်ကိုစိတ်၀င်စားနေခဲ့တယ်။ သူကိုယ်တိုင်လဲ ဒီကလေးတွေဘယ်လောက်အထိ စွမ်းဆောင်နိုင်ရည်ရှိနေလဲဆ်ိုတာ ရှင်းရှင်းလင်းလင်းသိချင်နေခဲ့တယ်။ ဒီကလေးတွေ ဘာများလုပ်နိုင်မှာလဲ။ ဒိုင်လူကြီးကတော့ စင်ပေါ်ကိုရောက်သွားခဲ့ပါပြီ။ အသံချဲ့ကိရိယာကို အသုံးပြုရင်းနဲ့ စပြီကြော်ငြာပါတော့တယ်။
” အလှည့်ကျပွဲစဥ်တွေရဲ့တတိယပွဲစဥ်စတင်ပါတော့မယ်…နှစ်ဖက်စလုံးနေရာယူကြပါ အမျက်ဒေါသကျောင်းတော်နဲ့ မိုးထိလွှာကျောင်းတော်နှစ်ခုစလုံးစောင့်ဆိုင်ရေးနယ်မြေထဲကို ၀င်လာခဲ့ပါ အဖွဲ့ခေါင်းဆောင်တွေစင်ပေါ်ကိုတက်ပြီ ပြိုင်ပွဲပုံစံကိုမဲခွဲမယ် ”
အမှန်ပါပဲ ဒီနေ့မှာတော့ အမျက်ဒေါသကျောင်းတော်အနေနဲ့ မိုးထိလွှာကျောင်းတော်နဲ့ရင်ဆိုင်ရတော့မှာပါ။ ဒီကျောင်းတော်က ပုံမှန်အနေအထားမှာ အမျက်ဒေါသကျောင်းတော်နဲ့ တူညီတဲ့နိုင်ငံတစ်ခုထဲကနေလာတာဖြစ်ပါတယ်။ သူတို့နှစ်ခုစလုံးက ထျန်းဟွမ်နိုင်ငံတော်ရဲ့နယ်နမိတ်ထဲမှာ တည်ရှိကြပါတယ်။ မတူညီအချက်ကတော့ အမျက်ဒေါသကျောင်းတော်ကိုဘယ်နိုင်ငံတော်ကမှ မပိုင်ဆိုင်ပဲ မိုးထိလွှာကျောင်းတော်ကတော့ နိုင်ငံအတွက်များပြားတဲ့ပါရမီရှင်တွေကို မွေးထုတ်ပေးနေတဲ့ကျောင်းတော်ဖြစ်ပါတယ်။
နိုင်ငံတော်အနေနဲ့ လက်ရှိအချိန်မှာ ၀ိညာဥ်ပညာရှင်တွေကို ဆက်တိုက်ထိန်းသိမ်းနိုင်ဖို့နဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကို လုံး၀ငြင်းပယ်မှုအများဆုံးဖြစ်ခဲ့နေတာက ထျန်းဟွမ်နိုင်ငံတော်ပါပဲ။ ဒါကြောင့်သာ မိုးထိလွှာကျောင်းတော်အနေနဲ့ အမျက်ဒေါသကျောင်းတော်ထက်တောင် သန့်စင်တဲ့၀ိညာဥ်ပညာရှင်တွေကို ပိုပြီးအလေးထားပါသေးတယ်။ သူတို့ကျောင်းတော်က ၀ိညာဥ်လက်နက်တွေကိုအသုံးပြုမှုလုံး၀မရှိပါဘူး။ သူတို့တွေမှာ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းခွဲမရှိပဲ ၀ိညာဥ်ပညာရှင်တွေကိုသာ မွေးထုတ်ပေးပါတယ်။ အနာဂတ်မှာသူတို့တွေဖယ်ရှားခံရမလား မဖယ်ရှားခံရဘူးလားဆိုတာကတော့ မသိရသေးပါဘူး။ မိုးထိလွှာကျောင်းတော်ကတော့ လက်ရှိအချိန်တိုက်ကြီးတစ်ခုလုံးမှာ အင်အားအကြီးဆုံးကျောင်းတော်တွေထဲက တစ်ခုဖြစ်နေခဲ့ပါပြီ။
ကျောင်းတော်ရဲ့အဖွဲ့ခေါင်းဆောင်က အသက်နှစ်ဆယ်လူငယ်တစ်ယောက်ပါပဲ။ သူ့ရဲ့ချောမောခန့်ညားတဲ့ရုပ်ရည်က ၀မ်သုန့်နဲ့ယှဥ်လို့ရနိုင်ပါတယ်။ ၀မ်သုန့်က အခုအချိန်မှာ ငယ်ရွယ်လွန်နေသေးတာကြောင့်သာ သူ့လောက်ရင့်ကျက်တည်ငြိမ်တဲ့ပုံမပေါ်သေးတာပဲဖြစ်တယ်။
၀မ်ယန်က ဒီအဖွဲ့ခေါင်းဆောင်အကြောင်းကိုရှင်းရှင်းလင်းလင်းပြောပြပြီးပါပြီ။ ဒါ့အပြင် အတော်လေးလဲ မြင့်မြင့်မားမားမျှော်မှန်းထားခဲ့ပါတယ်။ ဒီလူကပြိုင်ပွဲစကထဲက တစ်ခါမှထွက်မလာခဲ့ပါဘူး။ ရလဒ်အနေနဲ့ သူ့အကြောင်းကို ၀မ်ယန်တွေတောဖို့တောင် ခက်ခဲနေခဲ့တယ်။
ယဲ့၀ူချင်း အသက်ဆယ့်ကိုးနှစ် မိုးထိလွှာကျောင်းတော်ရဲ့ နံပါတ်တစ်ပါရမီရှင်ပါ။ သူ့ရဲ့သိုင်းပညာ၀ိညာဥ်က ရွှေရောင်သစ်ရွက်ဖြစ်ပြီ အဆင့်သုံးဆယ့်ရှစ်တိုက်ခိုက်ရေးအမျိုးအစား၀ိညာဥ်ပညာရှင်ဖြစ်ပါတယ်။ မိုးထိလွှာကျောင်းတော်ကိုကိုယ်စားပြုတဲ့အဖွဲ့၀င်တစ်ယောက်ဖြစ်သလို လက်ရှိအချိန်မှာတော့ သူ့အဖွဲ့အစည်းရဲ့အဓိအခြေခံအုတ်မြစ်တစ်ခုပါပဲ။ လာမဲ့နှစ်မှာသူက အသက်နှစ်ဆယ့်ပြည့်သွားခဲ့ပြီဆိုရင် အဆင့်ခြောက်ဆယ့်ကိုတိုးတက်ဖို့အလားအလာအများကြီးရှိိနေပါပြီ။ ဒါ့အပြင် ကျောင်းတော်ကိုကိုယ်စားပြုပြီး ယှဥ်ပြိုင်တဲ့ပွဲစဥ်တွေထဲမှာ ပထမဆုံး၀ိညာဥ်ဧကရာဇ်ဖြစ်လာခဲ့မှာပါ။
ဒီလိုသာဖြစ်ခဲ့မယ်ဆိုရင်မိုးထိလွှာကျောင်းတော်အနေနဲ့ ထိပ်တန်းအဆင့်ကျောင်းတော်ထဲကို အလိုအလောက်၀င်ရောက်ခဲ့ပြီသားဖြစ်သွားခဲ့ပါပြီ။
ယဲ့၀ူချင်းရဲ့ ခန္ဓာကိုယ်အနေအထားက ပေ့ပေ့နဲ့သိပ်ပြီမကွာခြားပါဘူး။ ပေ့ပေ့ရဲ့ ကျောင်းသားဆန်ဆန်ပုံစံနဲ့ မတူညီပဲ သူကပိုပြီးအေးစက်တဲ့အသွင်ကို ပိုင်ဆိုင်လို့ထားပါတယ်။ ပေ့ပေ့ကိုကြည့်တဲ့သူ့ရဲ့မျက်၀န်းတွေက အတော်ကိုအေးစက်လို့နေခဲ့တယ်။ ပေ့ပေ့ရဲ့အငွေ့အသက်ကတော့ ယဲ့၀ူချင်းထက်အများကြီးပိုပြီးအားနည်းပါတယ်။ ဒါက ကျင့်ကြံဆင့်မဟုတ်ပဲ အသက်အရွယ်ကွာခြားချက်ကြောင့်ပါ။ နောက်ဆုံးတော့လဲ အသက်ဆယ့်ကိုးနှစ်အရွယ်ယဲ့၀ူချင်းက အတော်လေးရင့်ကျက်တည်ငြိမ်နေပါပြီ။ ပေ့ပေ့ကတော့ လူငယ်လေးသာရှိပါတယ်။
ပေ့ပေ့က သူတို့တွေ့ဆုံချိန်မှာ ပြုံးနေခဲ့ပေမဲ့ သူ့ရဲ့မျက်လုံးတွေကတော့ အတော်ကိုအခိုင်အမာဆုံးဖြတ်ချက်ချထားပြီ အာရုံစိုက်နေခဲ့တယ်။ ယဲ့၀ူချင်းရဲ့အကြည့်တွေကတော့ ဓားသွားချွန်ချွန်တွေလိုပဲ ဘယ်သူရဲ့ခန္ဓာကိုယ်မဆို ဖောက်ထွက်ဖို့အသင့်ဖြစ်နေခဲ့ပုံပါ။
ဒိုင်လူကြီးက ပြောလိုက်ပါတယ်။
” မဲခွဲဆုံးဖြတ်မှုစတင် နှစ်ဖက်စလုံးစပြီ ကြည့်ကြပါ ”
၀မ်ယန်ကတော့ လက်ပိုက်ထားရင်းနဲ့ အတော်ကိုစိုးရိမ်ပူပန်ပါတယ်။ စိတ်ထဲမှာကတော့ အဖွဲ့လိုက်တိုက်ခိုက်မှုဖြစ်ပေါ်စေလို့သာ ဆက်တိုက်ဆိုသလို ဆုတောင်းလို့နေခဲ့တယ်။ သူ့ရဲ့အစီအစဥ်တွေက အဖွဲ့လိုက်တိုက်ခိုက်မှုမှာသာ အလုပ်ဖြစ်မှာပါ ဒါ့အပြင် သူတို့နိုင်နိုင်တဲ့ တစ်ခုတည်သောအခွင့်အရေးပါပဲ။ အဖွဲ့လိုက်တိုက်ခိုက်မှုသာမဟုတ်လို့ကတော့ နိုင်နိုင်ဖို့အခွင့်အရေးတစ်ခုမှရှိမနေပါဘူး။
မဲခွဲဆုံးဖြတ်မှုကို စောင့်ဆိုင်းနေချိန်မှာပဲအားလုံးက အသက်အောင့်လိုက်မိပါတယ်။ ပေ့ပေ့လိုတိုက်ခိုက်လိုစိတ်အပြည့်နဲ့ တက်ကြွနေတဲ့သူတောင်မှ မဲခွဲဆုံးဖြတ်မှုရဲ့ရလဒ်ကို မြင်ပြီချိန်မှာပဲ မျက်နှာအမူအရာပျက်သွားခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာတော့ ကံတရားက သူတို့ကို မျက်နှာသာရှိမနေခဲ့ပါဘူး။ ရလဒ်ကတော့ သူတို့်မမြင်ချင်ဆုံးရလဒ်ဖြစ်နေခဲ့ပါတယ်။
ဒိုင်လူကြီးက ကြော်ငြာလိုက်ပါပြီ။
” အမျက်ဒေါသကျောင်းတော်နဲ့ မိုးထိလွှာကျောင်းတော်တို့ရဲ့ ပြိုင်ပွဲက နှစ်ယောက်နှစ်ယောက် သုံးယောက်ပြိုင်ပွဲပါ နောက်တစ်နည်းပြောရမယ်ဆိုရင် နှစ်ယောက်နှစ်ယောက်ချင်းပြိုင်ပွဲနှစ်ခုနဲ့ သုံးယောက်သုံးယောက်တိုက်ပွဲတစ်ခုရှိပါလိမ့်တယ်..သုံးပွဲမှာ နှစ်ပွဲနိုင်တာက ပြိုင်ပွဲတစ်ခုလုံးကိုအနိုင်ရနေပါပြီ။ အကယ်၍ တစ်ဖက်ဖက်ကသာ နှစ်ယောက်နှစ်ယောက်ချင်းပြိုင်ပွဲမှာ အနိုင်ရသွားခဲ့ပြီဆိုရင် သုံးယောက်သုံးယောက်ချင်းပြိုင်ပွဲကို အလိုအလောက်ပယ်ဖျောက်သွားပါလိမ့်မယ်…အဖွဲ့နှစ်ဖွဲ့စလုံးရဲ့ခေါင်းဆောင်တွေ အောက်ပြန်ဆင်းပြီပြင်ဆင်ကြပါတော့ ”
၀မ်ယန်အနေနဲ့ ခေါင်းတစ်ခုလုံးချာချာလည်သွားသလို ခံစားလိုက်ရပါတယ်။ သူတို့တွေဘယ်လိုများ နှစ်ယောက်နှစ်ယောက်သုံးယောက်သုံးယောက်ကို ပြိုင်ပွဲကိုဘယ်လိုများတိုက်ခိုက်နိုင်မှာလဲ။ ၀ိညာဥ်ဘုရင်သုံးယောက်ပါတဲ့ အဲ့ဒီကျောင်းတော်ကို လုံး၀နိုင်နိုင်ချေမရှိပါဘူး။ အားလုံးကတော့ သွားပါပြီ အစောပိုင်းတုန်းက ဆုတောင်းနေခဲ့တဲ့ ၀မ်ယန်လဲ လုံး၀ကိုစိတ်ပျက်လက်ပျက်ဖြစ်သွားပါတော့တယ်။ ခန္ဓာကိုယ်ထဲမှာရှိရှိသမျှစွမ်းအင်တွေအားလုံးကို ကုန်ဆုံးသွားသလိုခံစားလိုက်ရတာကြောင့် သူချက်ချင်းဆိုသလို ထိုင်ခုံပေါ်မှာထိုင်ချလိုက်မိပါပြီ။ ပေ့ပေ့ကတော့ ပြန်လာချိန်မှာအတော်လေးကို စိတ်မသက်မသာဖြစ်နေခဲ့ပါတယ်။ တခြားအဖွဲ့သားခြောက်ယောက်ရဲ့ အမူအရာကလဲ သိပ်မကောင်းလှပါဘူး။ သူတို့အနေနဲ့ ဒီပြိုင်ပွဲအတွက်မပြင်ဆင်ထားခဲ့မိတာအမှန်ပါ။ ၀မ်ယန် ဒီလိုမပြင်ဆင်ထားခဲ့တာကတော့ ဘယ်လိုမှနိုင်နိုင်ချေမရှိတော့ကြောင့်ပါပဲ။
” ကလေးတို့ နားထောင်ကြ ”
၀မ်ယန်က အံကြိတ်ရင်းနဲ့ ထရပ်လိုက်ပါတယ်။ အဲ့ဒီနောက် အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်ကိုသူကြည့်ရင်းပြောလာခဲ့လိုက်တယ်။
” ငါတို့အရှုံးကိုပဲ၀န်ခံလိုက်ရအောင် အနည်းဆုံးတော့ ဒါကလဲ ဗျူဟာကျတဲ့ရှုံးနှိမ့်မှုပဲလေ ငါတို့ရဲ့ပြိုင်ဘက်တွေက ငါတို့ရဲ့အခြေအနေကို နားမလည်နိုင်အောင်လုပ်ကြတာပေါ့ ”
” မဖြစ်ဘူး လုံး၀မလုပ်နိုင်ဘူး ”
ပေ့ပေ့က ခပ်တိုးတိုးပြန်အော်လိုက်ပါတယ်။
” မတိုက်ခိုက်ပဲ ထွက်ပြေးသွားခဲ့မယ်ဆိုရင် သေချာပေါက် အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းသားတွေလို့ မခေါ်ထိုက်ဘူး..ဆရာ၀မ်က ဘယ်လိုပဲဖြစ်ပါစေ ကျွန်တော်တို့ကြိုးစားရပါစေ ရှုံးနှိမ့်မယ်ဆိုရင်တောင် တကယ်ပြိုင်ပွဲမှာပဲ ရှုံးနှိမ့်ချင်ပါတယ်..ဒါဆိုရင် နောင်တလဲရစရာမရှိတော့ဘူး..ဆရာ၀မ်အနေနဲ့ ကျွန်တော်တို့အတွက် အများကြီးလုပ်ပေးပြီးပါပြီ အခုတော့ ကိုယ့်ကိုကိုယ်မှီခိုအားကိုးဖို့ပဲလိုပါတော့တယ်..အခုအချိန်ကနေစပြီ ကျွန်တော်ကိုအဖွဲ့ခေါင်းဆောင်အဖြစ်ပေးနိုင်မလား ”
အခုအချိန်မှာ ပေ့ပေ့ရဲ့ ကျောင်းတော်သားပုံစံနူးညံ့တဲ့အငွေ့အသက်တွေက လုံး၀ကိုပျောက်ကွယ်သွားပြီ ရှင်ဘုရင်တစ်ပါးလိုတောက်ပနေခဲ့ပါပြီ။ သူ့အနေနဲ့ ဒီစောင့်ဆိုင်ရေးနယ်မြေထဲမှာ ရှိရှိသမျှအရာအားလုံးကို ထိပ်ချုပ်နိုင်နေသလိုပါပဲ။ လက်ရှိအချိန်မှာ ကြည်လင်တောက်ပနေခဲ့တဲ့အကြည့်က အရင်ကထက်ပိုပြီး အာရုံစူးစိုက်မှုအပြည့်ရှိနေခဲ့ပါတယ်။ ပျင်းရိပြီခြောက်သွေ့နေတဲ့ပုံစံကလဲ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ဒါ့အပြင် အိပ်စက်နေတဲ့ခြင်္သေ့ကြီးတစ်ကောင်အစွမ်းအစတွေကို ထုတ်ပြဖို့နိုးထလာသလိုပါပဲ။ ၀မ်ယန်ကလဲ ချက်ချင်းဆိုသလို ခေါင်းညိတ်လိုက်မိပါတယ်။ သူ့ရဲ့နားချမှုတွေက အလုပ်မဖြစ်မှာကိုသိနေတာကြောင့်ပါပဲ။ ရုတ်တရက်ဆိုသလို ပေ့ပေ့ရဲ့မျက်လုံးတွေက အရမ်းကြောက်စရာကောင်းတယ်လို့ သူခံစားလိုက်မိပါတယ်။ အကယ်၍ အဲ့ဒီမျက်လုံးတွေက အသက်ရှိမယ်ဆိုရင် လူတစ်ယောက်လုံးကိုတောင် ၀ါးမြိုသွားနိုင်သလိုပါပဲ။ ဘယ်လောက်အထိ တိုက်ခိုက်လိုစိတ်ပြင်းပြနေလဲဆိုတာ အဲ့ဒီမျက်လုံးတွေထဲမှာ သူမြင်နေခဲ့ရတယ်။
” ညီငယ်လေးနဲ့ ညီမငယ်လေးတို့ မင်းတို့ကိုတစ်ခုမေးပါရစေ မင်းတို့တွေအရှုံးခံမလား အမျက်ဒေါသကျောင်းတော်ရဲ့ဂုဏ်သိက္ခာကို မြောင်းထဲလွှင့်ပြစ်လိုက်ဖို့စိတ်ကူးရှိကြသလား ”
ပေ့ပေ့ရဲ့အသံက ချက်ချင်းတိုးသွားခဲ့ပါတယ်။
ဟို့ယွိဟောင်ကတော့ သူ့အစ်ကိုကြီးဒီလောက်အထိ အလေးအနက်ထားနေတာကို သူမမြင်ဖူးပါဘူး။ ဒါကြောင့် ချက်ချင်းဆိုသလို ပြန်ဖြေလိုက်မိပါတယ်။ တကယ်တော့ သူတို့ခြောက်ယောက်စလုံး တစ်ပြိုင်နက်ထဲပြန်ဖြေလိုက်တာပါ။
” ကျွန်တော်တို့လုံး၀မမြင်ချင်ဘူး ”
အားလုံးရဲ့မျက်လုံးတွေထဲမှာတောက်ပတဲ့ စိတ်အားထက်သန်မှုတွေက ဖြစ်ပေါ်လို့လာခဲ့ပါပြီ။ ဒါကတော့ စည်းလုံးညီညွတ်မှုရဲ့စိတ်ဆန္ဒပါပဲ။
” ကောင်းပြီ ”
” အခုငါတို့ဘယ်လိုသွားကြမလဲဆိုတာ စီစဥ်ကြမယ်..ကိုယ်ပိုင်ဗျူဟာတွေကိုတော့ ကိုယ့်ဘာသာကိုယ်ထုတ်ကြ ငါတို့အနေနဲ့ ပြိုင်ဘက်ကို ဘယ်လိုပဲတိုက်ခိုက်ပါစေ အဆုံးသတ်မှာအနိုင်ရတဲ့အထိ တိုက်ခိုက်ရမယ်…ငါတို့ရဲ့၀ိညာဥ်စွမ်းအားတွေကို လောင်ကျွမ်းချင်ရင်လောင်ကျွမ်းပါစေ ခန္ဓာကိုယ်တွေကို လောင်ကျွမ်းချင်ရင်း လောက်ကျွမ်းပါစေ အသက်ကိုတောင် အမျက်ဒေါသကျောင်းတော်ရဲ့ ဂုဏ်သိက္ခာအတွက် ပေးဆပ်သင့်ရင် ပေးဆပ်ရလိမ့်မယ် ဒီနေ့ငါတို့တိုက်ခိုက်မယ်..ငါတို့ရဲ့အနာဂတ်အတွက် တိုက်ခိုက်မယ်…ငါတို့ကိုယ်ငါတို့ ” အမျက်ဒေါသကျောင်းတော်မိစ္စာနှစ်ဖော်အဖြစ်ရဲ့ ခေါ်ဝေါ်ပြီး ဆက်ရပ်တည်နိုင်ဖို့ တစ်ခုတည်သောနည်းလမ်းကတော့ အနိုင်ရဖို့ပဲ အမျက်ဒေါသမိစ္စခုနှစ်ဖော်ရဲ့ နာမည်ဂုဏ်သတင်းကိုငါတို့ကြောင့် လုံး၀အပျက်စီးမခံနိုင်ဘူး နားလည်လား ”
အပိုင်း ၈၈ •၂ ပြီး၏။