Switch Mode

Chapter – 88.1

အဆုံးအဖြတ် တိုက်ပွဲ

အပိုင်း ၈၈•၁

” အဆုံးအဖြတ်တိုက်ပွဲ ”
°°°
” မာယုလုံက တည်တည်ငြိမ်ငြိမ်ပြုံးနေခဲ့ပါတယ်..ဒါပေမယ့် ရှောင်ဟုန်ချန်ပြောတဲ့စကားတွေကိုတော့ ပြန်ပြီမပြောဆိုခဲ့ပါဘူး..ဆရာမာနဲ့ တခြားဆရာတွေကလဲ နောက်ထပ်ဘာမှမပြောပဲရှိနေခဲ့ပါတယ်..ရှောင်ဟုန်ချန်ရဲ့ မျက်လုံးထဲမှာ အေးစက်နေတဲ့အလင်းတန်းတွေက ဖြတ်ပြေးသွားခဲ့ပြီတဲ့နောက် အသံကိုလျှော့ချရင်းပြောလာပါတော့တယ်”

” ဆရာမာ အဲ့ဒီကောင်တွေရဲ့နာမည်ကိုဆရာသိလား ”

” အဲ့ဒီကောင်တွေကို ငါစုံးစမ်းပြီးပြီ သူ့နာမည်က ဟို့ယွိဟောင်တဲ့ ဒါငါသိသလောက်အကုန်လုံးပဲ အမျက်ဒေါသကျောင်းတော်အကြောင်းငါတို့စုဆောင်းထားတဲ့ စာရင်းတွေထဲမှာတော့ သူရှိမနေဘူး ”

ရှောင်ဟုန်ချန်က ခေါင်းညိတ်ရင်းနဲ့ ရယ်မောလိုက်ပါတော့တယ်။

” အမျက်ဒေါသကျောင်းတော်က လက်ရှိအခြေအနေနဲ့ နောက်ဆုံးဗိုလ်လုပွဲထိပ်တန်းရောက်နိုင်မလားဆိုတာကို ပြောဖို့တော့ခက်လိမ့်မယ်..ခေါင်းဆောင်အကယ်၍ သူတို့သာ ဒီအကြိုအဖွဲ့ကို ဆက်ပြီးအသုံးချနေမယ်ဆိုရင် အဲ့ဒီလိုအမှိုက်သရိုက်အသင်းတွေကိုတောင် အနိုင်ယူနိုင်ဖို့မလွယ်ဘူး ”

မာယုလုံရဲ့မျက်နှာက ချက်ချင်းမဲမှောင်လို့သွားပါတော့တယ်။

” ရှောင်ဟုန်ချန် မင်းရဲ့သောက်ပါးစပ်ကို ပိတ်ထားလိုက်စမ်း ငါက အခုကျောင်းတော်ကို ကိုယ်စားပြုအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်နေသေးတယ်..မင်းကိုယ့်ကိုကိုယ် ဒီလိုတော့ပြောလို့ရတယ်..ဒါပေမယ့် အမျက်ဒေါသကျောင်းတော်ရဲ့ အသန်မာဆုံးကိုယ်စားပြုအသင်းကို အနိုင်မတိုက်နိုင်ချင် မင်းရဲ့ပြိုင်ဘက်ကို လုံး၀မကောင်းပြောဆိုခွင့်မရှိဘူး ”

မာယုလုံရဲ့ ခန္ဓာကိုယ်ကနေ အားကောင်းတဲ့အရှိန်အ၀ါတွေက ချက်ချင်းတိုးထွက်လာခဲ့တာကြောင့် ရှောင်ဟုန်ချန်အနေနဲ့လဲ သူ့ရဲ့အငွေ့အသက်ကို ခံစားလိုက်မိပါတော့တယ်။ ချက်ချင်းဆိုသလို သူ့ရဲ့ညီမက ထရပ်လိုက်ပြီ ကြောက်စရာကောင်းလောက်အောင် စူးရှထက်မြက်တဲ့ အရှိန်အ၀ါနဲ့ပြန်လည်တိုက်ခိုက်ဖို့ လုပ်ပါတော့တယ်။ ဘယ်သူကမာယုလုံကို အင်အားချင်ပြိုင်ဖို့လုပ်နေခဲ့တာပါ။

ရှောင်ဟုန်ချန်က လက်ဆန့်ထုတ်ရင်း သူ့ညီမကိုတားလိုက်ပါတယ်။

” ​ကောင်းပါပြီ ခေါင်းဆောင်ငါမှားသွားပါတယ်… ဒါပေမယ့် အချိန်ကြလာရင် လုပ်ရပ်နဲ့အကုန်လုံးသက်သေပြသွားမှာပါ ငါသာမင်းနေရာကိုရောက်လာခဲ့ရင်း အမျက်ဒေါသကျောင်းတော်ကို ရှုံးနှိမ့်ခဲ့တဲ့လူတွေအားလုံး ငါ့ခြေထောက်အောက်မှာ ပြားပြား၀ပ်သွားစေရမယ် ”

°°°
ပင်လယ်နတ်ဘုရားခန်းမဆောင် အမျက်ဒေါသကျောင်းတော်။

” အကြီးအကဲမု ငါတို့တကယ်ပဲ ဘယ်သူ့က်ိုမှ မပို့လွှတ်တော့ဘူးလား မနက်ဖြန်မှာ သူတို့က၀ိညာဥ်ဘုရင်သုံးယောက်ကို ရင်ဆိုင်ရလိမ့်မယ် ”

အကြီးအကဲမုရဲ့ အရှေ့မှာရပ်နေခဲ့တာကတော့ ချိုက်မိန်အယ်ပါ။ အကြီးအကဲမုက ပြုံးပြရင်း ပြောလိုက်ပါတယ်။

” ဒါကငါမင်းကိုမေးချင်တာလား ဒါမှမဟုတ် ရှောင်ကျဲ့မင်းကိုဒီမေးခွန်းမေးခိုင်းတာလား ”

” ရှောင်ကျဲ့ မေးခိုင်းတာပါ ”

ချိုက်မိန်အယ်က ရိုးရိုးသားသား ပြန်ဖြေလိုက်ပါတယ်။ အကြီးအကဲမုကတော့ ရယ်သာရယ်နေခဲ့တယ်။

” သူမေးခိုင်းတာမှန်းငါသိသားပဲ သူဒီကိစ္စနဲ့ပတ်သက်ပြီ မကျေနပ်ဘူးအစောပိုင်းတုန်းက ပို့တဲ့သတင်းစကားတွေအားလုံးကို ငါသိပြီးပြီ ဒီကလေးတွေလုပ်ဆောင်တာအတော်ကောင်းတယ်…ညီငယ်လေးရွှမ်က တကယ်ကို အမြင်ကောင်းကောင်းရှိတာပဲ ကျောင်းသားတွေထဲမှာအသုံးမကျတဲ့သူတွေတစ်ယောက်မှပါမနေဘူး..အခုကိစ္စတွေက ကောင်းကောင်းမွန်မွန်ဖြစ်နေတာပဲ မဟုတ်ဘူးလား ဘာကြောင့်ငါတို့တွေအဓိကဗိုလ်လုပွဲကို မဖြစ်မနေတက်ပြီ ချန်ပီယံရအောင်လုမှဖြစ်မယ်…အကယ်၍ ငါတို့သာ နောက်လူတွေကိုပို့လွှတ်လိုက်မယ်ဆိုရင် ဒီကလေးတွေကရော အစွမ်းကုန်တိုက်ခိုက်ကြမှာလား ရှောင်ကျဲ့ကို ပြန်ပြီးတော့ပြောလိုက် လာမဲ့ငါးနှစ်အတွင်းကျင်းပမဲ့ ပြိုင်ပွဲအတွက် အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ရဲ့ အဖွဲ့မှာ ဟို့ယွိဟောင်ကို ဦးဆောင်ခိုင်းပြီ ကျန်တဲ့ကလေးခြောက်ယောက်နဲ့ပဲ ဆက်သွားမယ်..သူ့ကိုနောက်ထပ်ပိုပြီးတိုးတက်လာအောင်လုပ်ပေးဖို့ပြောပေးလိုက် ဒီတစ်ခေါက်ပြိုင်ပွဲကို ပို့လွှတ်တာအတွေ့အကြုံရဖို့ပို့လွှတ်ခဲ့တာ မိုးကောင်းကင်ကဒီလိုရလဒ်ကိုဖန်တီးပေးတယ်ဆိုမှတော့ ငါတို့လဲ ပြန်ပြီကြိုးစားတိုက်ခိုက်မနေတော့ပါဘူး။ မိုးကောင်းကင်စိတ်ဆန္ဒနဲ့ သူတို့ကံကြမ္မာကို ဆုံးဖြတ်ကြတာပေါ့ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူကပြောနိုင်မှာလဲ ထူးခြားတဲ့အံ့ဖွယ်ရာတွေကို မဖန်တီးနိုင်ဘူးဆိုတာရော ဖြစ်ကောဖြစ်နိုင်ပါ့မလား ငါတို့အနေနဲ့ အခုအချိန်မှာ လုပ်ဖို့လိုတာက ကလေးတွေကိုယုံကြည်လိုက်ဖို့ပဲ ကြယ်တာရာလော့နိုင်ငံကနေ သူတို့ပြန်လာပြီရင်း မင်းနဲ့ရှောင်ကျဲ့ လင်းအာနဲ့ သောသောကိုခေါ်ပြီ သူတို့ကိုကိုယ်တိုင်ကြိုဆိုကြရမယ် ”

” သူတို့က အမျက်ဒေါသကျောင်းတော်ရဲ့တောက်ပမှုနဲ့သတင်းအတွက် ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ကြတာ သူတို့ကို ငါသေချာပေါက် ယုံကြည်ရမယ်..ဓားကောင်းတစ်လက်ကိုရဖို့အတွက် ဆယ့်နှစ်အချိန်ယူရမယ်…ဒီကလေးခုနှစ်ယောက်က လာမဲ့ဆယ်နှစ်အတွင်းကျောင်းတော်ရဲ့ အနာဂတ်ဖြစ်လာမှာပဲ အနာဂတ်မှာ ပင်လယ်နတ်ဘုရားခန်းမဆောင်ထဲထိုင်မဲ့သူတွေက သူတို့ပဲဖြစ်လိမ့်မယ် ”

” အကြီးအကဲမုက သူတို့ကို ဒီလောက်အထိ မြင့်မြင့်မားမားမျှော်လင့်ချက်ထားတာလား ”

ချိုက်မိန်အယ်က ဒါကိုကြားချိန်မှာ အတော်ကို ထိတ်လန့်သွားပါတော့တယ်။ သူမ မှတ်မိသလောက်အရဆိုရင် အကြီးအကဲမုက ဘယ်သူမှဒီလောက်အထိမချီးမွမ်းပါဘူး။ သူ့ရဲ့အမွေခံတပည့်သားဖြစ်တဲ့ ရန်ရှောင်ကျဲ့ကိုတောင် အဲ့ဒီကလေးတွေလောက် မချီးမွမ်းတာအမှန်ပါ။ အကြီးအကဲမုက ပြောလာခဲ့ပါတယ်။

” ဘာကြောင့်လဲဆိုတော့ ဒီကလေးတွေကို မင်းနားလည်တာထက် ငါပိုနားလည်လို့လေ မကြာခင်အချိန်မှာ မင်းနားလည်မှာပါ သွားလိုက်တော့ ”

” ကောင်းပါပြီဆရာ ”

°°°
မနက်ခင်စောစောမှာတော့ အကြိုအဖွဲ့က မနက်စာစားပြီတာနဲ့ အစည်းအဝေးခန်းမဆောင်ထဲမှာ စုဝေးနေကြပါတော့တယ်။ သူတို့တွေအားလုံးက မနေ့ကအနားယူခဲ့ရတဲ့အတွက်အတော်လေးကို တက်ကြွနေခဲ့ပါပြီ။

သူတို့ရဲ့စိတ်၀ိညာဥ်ချီစွမ်းအင်တွေကလဲ အဆုံးစွန်းအထိကို တောက်ပလို့နေခဲ့ပါတော့တယ်။ မျက်နှာတွေကတော့ အေးအေးဆေးဆေး ရှိမနေခဲ့ဘူး။ ဒါပေမယ့် မှောင်မိုက်လို့နေခဲ့တယ်။

ဒီနေ့ပြိုင်ပွဲကတော့ အခက်ခဲဆုံးပြိုင်ပွဲဖြစ်မှာပါ ဒါပေမယ့် သူတို့အနေနဲ့ ၀ိညာဥ်ဘုရင်သုံးယောက်ပါတဲ့အဖွဲ့ထဲကို ၀ိညာဥ်ဘုရင်တစ်ယောက်မှမရှိပဲ တိုက်ခိုက်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့အဖွဲ့ထဲမှာ အဆင့်လေးဆယ်ငါးအထက်နဲ့လဲ တစ်ယောက်မှရှိမနေခဲ့ပါဘူး။ ၀မ်ယန်က ပေ့ပေ့ ဟယ့်ချိုက်ထို့ ရှုစန်းရှီ ကျန်းနန်နန် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကိုကြည့်လိုက်ပါတယ်။

” ကလေးတို့ ဒီနေ့တိုက်ပွဲက စတင်တော့မယ်…ရှောင်ထောင့်နဲ့ တခြားသူတွေအတွက် စိတ်ထဲမှာစိုးရိမ်ပူပန်မှုမရှိပဲ အေးအေးဆေးဆေးဒဏ်ရာကုသနိုင်ဖို့ ဒီပြိုင်ပွဲကဘယ်လောက်အရေးကြီးလဲဆိုတာ ပြောဖို့မလိုဘူး…ငါ့အနေနဲ့ ထပ်ပြီပြောမယ်..မင်းတို့ပြိုင်ပွဲမှာ ရှုံးနှိမ့်သွားမယ်ဆိုရင်တောင် ကျောင်းတော်ကို မျက်နှာပျက်စေဖို့လုံး၀တွေဝေနေတဲ့သူတွေက အားလုံးရဲ့အသက်ကိုပြန်မျှတွက်မယ်ဆိုရင်တောင် အသက်ကဆယ့်လေးနှစ်ပဲရှိသေးတာ သူတို့အသက်အရွယ်မှာ တခြားကျောင်းတော်ရဲ့ဘယ်ကျောင်းသားမှ ဒီလောက်အခြေအနေအထိ ရောက်လာနိုင်မယ်လို့ ငါမယုံနိုင်ဘူး..ငါတို့တွေ ကံကောင်းပါစေလို့ပဲ ဆုတောင်းရလိမ့်မယ်..နောက်ပြိုင်ပွဲက အဖွဲ့လိုက်တိုက်ပွဲဖြစ်ပါစေပေါ့ ဒါ့အပြင် မင်းတို့အားလုံးအနေနဲ့ အစွမ်းကုန်ကြိုးစားပြီ ကိုယ့်အသက်ကိုလုံခြုံစိတ်ချစေဖို့အတွက် ငါတောင်းဆိုချင်ပါတယ်..ဒီပြိုင်ပွဲကို အနိုင်ရဖို့အတွက် မင်းတို့တွေအများကြီးစိတ်အားထက်သန်နေကြမယ်ဆိုတာတော့ ငါသိတယ်..ဒါပေမယ့် အနိုင်အရှုံးဆိုတာက မင်းတို့ရဲ့ အသက်အန္တရာယ်နဲ့ယှဥ်လိုက်မယ်ဆိုရင် ဘာမှမဟုတ်တော့ဘူး. ”

” အားလုံးမထိမခိုက်ပဲ ပြန်လာပါစေလို့ ငါမျှော်လင့်ပါတယ်..ငါမင်းတို့ကို ခေါ်လာတဲ့အကောင်းပကတိအတိုင်းပဲ ပြန်ခေါ်သွားချင်တယ်..မင်းတို့တစ်ယောက်ချင်းဆီတိုင်းက ကျောင်းတော်အတွက် တန်ဖိုးအကြီးဆုံးရတနာတွေပဲ လူသားတွေက ဘ၀မှာအသက်တစ်ချောင်းပဲရှိတယ်..ဒါ့အပြင် ငါတို့ရဲ့ ခြေတွေလက်တွေကလဲ ပြန်ပြီးမပေါက်လာနိုင်ဘူး..ဒီရောက်ပြီဆိုမှတော့ မင်းတို့အနေနဲ့ အသက်ကိုပဓာနမထားပဲ စွန့်စားပြီမတိုက်ခိုက်ကြပါနဲ့ ပြိုင်ပွဲမှာ ကိုယ့်ကိုကိုယ်ကျိုးပဲ့ပြီ ထိခိုက်ဒဏ်ရာရသွားတဲ့အထိလဲမလုပ်ကြနဲ့ ဒီလိုတွေလုပ်ဖို့လောက်အထိ မလိုအပ်ဘူး..မင်းတို့တွေ အကောင်းဆုံးကြိုးစားခဲ့ပြီးပြီ ဘယ်လိုပဲဖြစ်ပါစေ အပြင်လောကကနေလာတဲ့ကိစ္စတွေကြောင့် စကားများနေဖို့မလိုဘူး..ပြိုင်ပွဲစင်မြင့်ဆိုတာက မင်းတို့ကိုယ်မင်းတို့ ထုတ်ဖော်ပြသတာတစ်ခုပဲ ဒါ့အပြင် မင်းတို့တွေအားလုံးက ခရီးတစ်ခုမှာ အေးအေးဆေးဆေးဖြတ်သန်းဖို့ရောက်ရှိနေခဲ့တာဒါထက်မပိုဘူး ”

၀မ်ယန်ရဲ့စကားတွေအားလုံးက စိတ်ရင်းအမှန်နဲ့ပြောနေခဲ့တာပါ။ အခုအချိန်မှာ သူအရမ်းကို စိတ်ခံစားချက်ပြင်းထန်နေခဲ့ပြီ ကလေးတွေအတွက် အတော်စိုးရိမ်ပူပန်နေခဲ့ပါတယ်။ တခြားဆရာတွေနဲ့ ယှဥ်လိုက်မယ်ဆိုရင် သူက သူ့ကျောင်းသားတွေကို လေးလေးနက်နက်ပိုနားလည်တဲ့သူပါ။ ဒါ့အပြင် ကျောင်းသားတွေကို အထိအခိုက်လဲမခံသလို စိတ်ဓာတ်လဲမပျက်စီးစေချင်ပါဘူး။ ဒါကြောင့်သာ အခုလိုပြောနေခဲ့ရတာပါ။

ဒါပေမယ့် လူတိုင်းရဲ့မျက်လုံးထဲမှာ တောက်ပလာနေတဲ့ မီးလျှံတွေကိုမြင်နေခဲ့ရပါတယ်။ ဒီကလေးတွေက ပြိုင်ပွဲအကြောင်းကို အစောကြီးကထဲက နားလည်ခဲ့ပြီးပါပြီ ဒါ့အပြင် ကျောင်းတော်ရဲ့ဂုဏ်သိက္ခာအတွက် သူတို့တွေဆက်တိုက်ဆိုသလို တိုက်ခိုက်နေခဲ့ကြပါတယ်။ ကျောင်းတော်နဲ့သက်ဆိုင်တဲ့မာနက သူတို့ရဲ့ဒီတိုက်ခိုက်လိုစိတ်ကို နှလုံးသားအထိ လောင်ကျွမ်းစေခဲ့တယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ နှစ်ပေါင်းသုံးထောင်ကျော်ထိန်းသိမ်းလာခဲ့တဲ့ ဆက်တိုက်အောင်မြင်မှုတွေကို သူတို့လက်ထဲမှာ အဆုံးသတ်သွားစေလို့ ဘယ်လိုများဖြစ်မှာလဲ။

၀မ်ယန်အနေနဲ့ အသက်ပြင်းပြင်းရှုသွင်းရှုထုတ်လိုက်ရင်း ပြောလာခဲ့ပါတယ်။

” ကလေးတို့ သွားကြစို့ အခုငါတို့တွေ စိတ်အေးလက်အေးနေဖို့အချိန်ရောက်ပြီ ”

အဲ့ဒီနောက် ကြိုးစားပြီရယ်မောရင်း စတင်ထွက်ခွာဖို့လုပ်ပါတော့တယ်။ ဒါပေမယ့် ကလေးတွေကိုကျောခိုင်းလိုက်ချိန်မှာပဲ မျက်နှာအမူအရာက ပျက်သွားခဲ့ပါပြီ။ ဦးဆောင်သူဆရာအနေနဲ့ သူ့ပုခုံးပေါ်မှာထမ်းထားရတဲ့ ၀န်ထုတ်၀န်ပိုးက ပိုလေးလံပါတယ်။

အမျက်ဒေါသကျောင်းတော်ရဲ့ နှစ်ပေါင်းများစွာတိုက်ခိုက်ရတဲ့ ဂုဏ်သတင်းက ကျောင်းသားတွေအတွက် အင်အားပေးရုံတင်မကပဲ များပြားတဲ့ဖိအားကိုလဲ ဖျက်ဆီးခဲ့တယ်။ ၀မ်ယန်အနေနဲ့ ရှုံးနှိမ့်ပြီချိန်မှာ ဘယ်လိုဖြစ်လာမလဲဆိုတာ တွေတောင်မတွေး၀ံ့ပါဘူး။ အကယ်၍ သူတို့သာ ရှုံးနှိမ့်သွားမယ်ဆိုရင် ကျောင်းတော်ကိုဘယ်လိုမျက်နှာချင်ဆိုင်ရမလဲဆိုတာကို မသိပဲဖြစ်နေခဲ့တယ်။ အကယ်၍ သူအမှားမလုပ်ခဲ့ဘူးဆိုရင်တောင် ၀မ်ယန်နဲ့ ဒီကလေးတွေက တခြားကျောင်းတော်ကို မျက်နှာပျက်စေလာခဲ့မှာပါ။ ကလေးတွေအနေနဲ့ စိတ်ပိုင်ဆိုင်ရာဖိအားတွေကို ခံနိုင်ရည်ရှိပါ့မလားဆိုတာ သူပိုပြီးတော့စိုးရိမ်နေခဲ့ပါတယ်။ ဖိအားကကလေးတွေရဲ့ အသက်နဲ့အမျှကြီးပြင်းလာမှုအဓိကဖြစ်စေပါတယ်။ ရလဒ်အနေနဲ့စိတ်ထဲမှာ တိုက်ခိုက်ဖို့သာဆက်တိုက်အကြုံပြုနေခဲ့တာပါ။ ဒါပေမယ့် ရလဒ်က ဘယ်လိုပဲဖြစ်ပါစေ ဒီကလေးတွေရဲ့ သန်မာတဲ့တိုက်ခိုက်လိုစိတ်ကိုသူရှင်းရှင်းလင်းလင်းမြင်နေခဲ့ရပါတယ်။

ဟို့ယွိဟောင်ကတော့ တခြားသူတွေလိုခံစားနေရလဲမသိခဲ့ပါဘူး။ သူသိတဲ့တစ်ခုတည်သောအရာကတော့ သူ့သွေးတွေဆူပွက်နေတာပါပဲ ကြောက်လန့်တာတွေ ထိတ်လန့်တာတွေဆိုတာက သူ့မှာမရှိပါဘူး။ အမျက်ဒေါသကျောင်းတော်အတွက်သာစိတ်ထဲမှာရှိပါတယ်။ ဒါ့အပြင် ကျောင်းတော်ရဲ့ဂုဏ်သိက္ခာအတွက် ဘာမဆိုသူလုပ်မှာပါ။ သူ့ရဲ့ဒီလောင်မြိုက်နေတဲ့သွေးတွေကအင်အားကိုတောင် တိုးလာစေခဲ့ပါတယ်။ ဒါကြောင့် နှစ်ခေါက်တောင်ပြန်မတွေးပဲ အဆုံးစွန်းအထိတိုက်ခိုက်ဖို့ သူဆုံးဖြတ်လိုက်ပါပြီ။

ကျောင်းတော်ထဲကိုသူ၀င်ရောက်လာတာ တစ်နှစ်ကျော်ပြီဖြစ်ခဲ့သလို ဘ၀မှာဘယ်တုန်းကမှမရှိခဲ့ဖူးတဲ့မိတ်ဆွေတွေကိုလဲ သူရရှိခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းတော်ရဲ့စောင့်ရှောက်မှုနဲ့ နွေးထွေးမှုကိုလဲခံစားခဲ့ရတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်ကာလထက်တင် ဒီနှစ်အတွင်းမှာ သင်ကြားခဲ့ရတာတွေကအများကြီးပါပဲ ဒါကြောင့် ကျောင်းတော်နဲ့ သူက နက်နက်ရှိုင်းရှ်ိုင်းချိတ်ဆက်နေခဲ့ပါပြီ။ ဒါ့အပြင် သူ့ရဲ့ ညီနောင်ရောင်ရင်းတွေနဲ့ သံယောဇဥ်က ပိုလို့ခိုင်မာလာခဲ့ပါတယ်။

ဒါကြောင့် ကျောင်းတော်အတွက်လုပ်နိုင်သလောက် သူလုပ်မှာပါ။ ဒါကဘ၀တစ်ခုလုံးရဲ့မျှော်လင့်ချက်ပါပဲ။ အမျက်ဒေါသရဲ့အစောင့်အရှောက်ဖြစ်ဖို့အတွက် ဆုံးဖြတ်ချက်ချချိန်က မတွေဝေခဲ့သလိုစိတ်ထားကလဲအခုအတူတူဖြစ်နေခဲ့တယ်။ ကျောင်းတော်ရဲ့ဂုဏ်သိက္ခာအတွက်သူကလုံး၀ကို အဆုံးစွန်းအထိတိုက်ခိုက်ရမှာပါ။ နှလုံးသားထဲမှာ ကျောင်းတော်ကမြင့်မားတဲ့နေရာတစ်ခုကို အမြဲတမ်းရယူထားခဲ့ပါတယ်။ ၀မ်ယန်ရဲ့စကားတွေက သူတို့ရဲ့တိုက်ခိုက်လိုစိတ်ကိုဘယ်လိုများ ကွဲစေမှာလဲ။ သူ့နှလုံးသားက လောင်ကျွမ်းနေသလိုတိုက်ပွဲတွေကလဲ ဆူပွက်လို့နေခဲ့တယ်။ အရှုံးဆိုတာကို လက်ခံနိုင်ဖို့အတွေးလုံး၀ရှိမနေခဲ့ပါဘူး။ ကျောင်းတော်ရဲ့တောက်ပမှုက အောင်မြင်မှုနဲ့အတူရှိနေရလိမ့်မယ်။

အားလုံးကလဲ ဟို့ယွိဟောင်နဲ့အတူတူပါပဲ။ ဒီနေ့ပြိုင်ပွဲက အခက်အခဲဆုံးမှာဖြစ်ပေမဲ့ ဒါပေမယ့် ဘယ်သူကမှ တွေဝေနေတာမျိုးမရှိခဲ့ပါဘူး။ အမျက်ဒေါသကျောင်းတော်ရဲ့ မိစ္ဆာခုနှစ်ဖော်က တူညီတဲ့နှလုံးသားတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ အခုအချိန်မှာသူတို့ကိုယ်သူတို့ စစ်မှန်တဲ့နှလုံးသားရဲ့မိစ္ဆာခုနှစ်ဖော်အဖြစ် သတ်မှတ်လိုက်ကြပါပြီ။

တည်ခိုဆောင်ကနေထွက်ခွာပြီတဲ့နောက် ကြယ်တာလော့ရင်ပြင်ကျယ်ဆီကို သူတို့ဦးတည်ပါတော့တယ်။ နှလုံးသားထဲက ခိုင်မာမှုတွေကလဲ ခြေလှမ်းတစ်လှမ်းလှမ်းလိုက်တိုင်းမှာ ပိုပြီးသန်မာလို့နေခဲ့ပါပြီ။ လက်ရှိအချိန်မှာ သူတို့က မယိုင်လဲတဲ့အတွေးတစ်ခုသာရှိပါတော့တယ်။ သေချာပေါက်နိုင်မှဖြစ်မယ်။

ကြယ်တာရာလော့ရင်ပြင်ကျယ်ရဲ့ အခြေအနေကတော့ အရင်ကထက်ပိုပြီး အုံကြွလို့နေခဲ့ပါပြီ။ ဒီနေ့မှာ အမျက်ဒေါသကျောင်းတော်က နောက်တစ်ကြိမ် ထပ်မံပေါ်ထွက်လာခဲ့မှာပါ။ ကြည့်ရှု့နေသူတွေကို ဘယ်လိုအံ့အားသင့်မှုဖြစ်စေနိုင်ဦးမှာလဲ။

အမျက်ဒေါသကျောင်းတော်ရဲ့ ယှဥ်ပြိုင်မှုသုံးခုစလုံးက စောင့်ကြည့်နေသူတွေအားလုံးကို မျက်လုံးပြူးစေနိုင်လောက်တဲ့ ဒီအံ့အားသင့်စေခဲ့တာအမှန်ပါပဲ။ ဟို့ယွိဟောင်က ထူးဆန်းတဲ့သူဖြစ်ပါတယ်။ ရှုစန်းရှီကတော့ မယှဥ်ပြိုင်နိုင်တဲ့ ပြိုက်ဘက်ကင်းခုခံမှုကို ပိုင်ဆိုင်လို့ထားခဲ့ပါပြီ။ ဒါ့အပြင် မဖြိုဖရဲဖြစ်နေသသောင် ထင်ရတဲ့အဖွဲ့အစည်းကြီးက အံ့ဩစရာကောင်းလောက်အောင် လှလှပပပေါင်းစည်းတိုက်ခိုက်နိုင်ကြပါတယ်။ ဟယ့်ချိုက်ထို့ရဲ့၀ိညာဥ်ခံတပ်တည်ဆောက်ပုံကို ဘယ်သူကမှလဲ မဖြစ်နိုင်သေးပါဘူး။ ဒါ့အပြင် တိုက်ပွဲတစ်ခုချင်းဆီတိုင်းက ကြည့်ရှု့သူတွေရဲ့စိတ်ထဲကို နက်နက်ရှ်ိုင်းရှိုင်း၀င်ရောက်စေခဲ့ပါတယ်။

အမျက်ဒေါသကျောင်းတော်အနေနဲ့ ၀ိညာဥ်စက်ကွင်းလေးကွင်းသာရှိတဲ့ကျောင်းသားတွေကို ထုတ်သုံးနေခဲ့တာကြောင့် အတော်လေးထူးဆန်းနေတယ်လို့ ထင်ခဲ့ပေမဲ့ ဆက်တိုက်အနိုင်ရနေခဲ့တာကြောင့် သူတို့လဲအများကြီးမတွေးမိခဲ့ကြပါဘူး။

အပိုင်း ၈၈•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset