Switch Mode

Chapter – 87.3

အမျက်ဒေါသကျောင်းတော်အတွက် ရူးသွပ်မှု

အပိုင်း ၈၇•၃

” အမျက်ဒေါသကျောင်းတော်အတွက် ရူးသွပ်ခြင်း ”
°°°
” ငါပြောခဲ့တဲ့အတိုင်းပဲ ငါတို့ပြိုင်ဘက်ရဲ့အဖွဲ့ခေါင်းဆောင်က သူတို့အဖွဲ့ခေါင်းဆောင်မှာ အသန်မာဆုံးဖြစ်လိမ့်မယ်….ဒီတော့ မင်းတို့တွေတွေးကြည့်ကြပါဦး အကယ်၍ နှစ်တစ်ထောင်မှာတစ်ကြိမ်ပဲမြင်ရတဲ့ ပါရမီရှင်မျိုးသာ မင်းတို့အထဲမှာရှိနေခဲ့မယ်ဆိုရင် သူတို့အဖွဲ့ထဲမှာ သူ့နေရာကိုဘယ်လောက်အထိ မြင့်မားနေမလဲ ဒါပေမယ့် အဲ့ဒီလိုမျိုးမြင့်မားတဲ့နေရာကို ရောက်ရှိတာက ကောင်းတဲ့အရာလဲဖြစ်သလို ဆိုးတဲ့အရာလဲဖြစ်နိုင်ပါတယ်…ဘာကြောင့်လဲဆိုတော့ အဖွဲ့သားတွေကသူ့ကိုအများကြီး မှီခိုနေတာကြောင့်ပဲ ပေါ့ ဒါကြောင့်သာ ငါတို့ရဲ့ ဒီပြိုင်ပွဲအခြေအနေက လေးဆယ်ရာခိုင်နှုန်းအထက်ကို ပိုပြီးနိုင်နိုင်ချေများလိမ့်မယ်..အကယ်၍ ငါတို့သာ သူ့ကိုအရင်ဆုံးဖယ်ထုတ်နိုင်လိုက်မယ်ဆိုရင်ပေါ့ ”

ရှုစန်းရှီကတော့ ခါးသီးတဲ့အမူအရာနဲ့ပြောလာခဲ့ပါတယ်။

” ဆရာ၀မ် ပြောတာကိုနားလည်ပါတယ်..သူတို့ကျွန်တော်ကို အလဲထိုးစေချင်တာလား ”

၀မ်ယန်က ပြုံးလိုက်တယ်။

” အကယ်၍ ငါတို့သာလုပ်မယ်ဆိုရင်တော့ သေချာပေါက် တစ်ယောက်ချင်းအလှဲအလှယ်ဘယ်လုပ်တော့မလဲ သေချာပေါက် သူတို့တွေထွက်ပြေးလဲ မင်းကိုဖယ်ထုတ်ပြစ်ဖို့က မလွယ်ကူလောက်ဘူး..မင်းက ခုခံရေးအမျိုးအစား၀ိညာဥ်ပညာရှင်ဖြစ်တဲ့အပြင် အားကောင်းတဲ့ခုခံနိုင်စွမ်းကိုလဲ ပိုင်ဆိုင်ထားသေးတယ်…ဒါကိုလူတိုင်းမြင်ပြီသွားပြီ ဒါကြောင့် အကယ်၍ ငါတို့သာ နောက်တစ်ခေါက်ပြိုင်ပွဲမှာ အဖွဲ့လိုက်တိုက်ခိုက်မှုပြုလုပ်လို့ကတော့ မင်းအနေနဲ့ ငါတို့တိုက်ခိုက်မှုရဲ့တကယ် ဗဟိုဖြစ်လာလိမ့်မယ်..သူတို့ရဲ့အဖွဲခေါင်းဆောင်နေရာပြောင်းတဲ့ အစွမ်းသုံးပြီထုတ်ယူလာရင်း သေချာပေါက် နိုင်နိုင်တယ်..ဒါပေမယ့် မင်းအနေနဲ့လဲ သူတို့ရဲ့ အကူအညီတွေကို အချိန်ဆွဲထားဖို့လုပ်နိုင်သေးတယ် ”

” မင်းအနေနဲ့ ရန်သူခေါင်းဆောင်နေရာအပြောင်းအလဲလုပ်ဖို့ ပြင်ဆင်ထားတယ်..ဒါပေမယ့် သူတို့အနေနဲ့ အတော်လေး မဆင်မခြင်ဖြစ်သွားတာကြောင့် ချက်ချင်းတိုက်ခိုက်ဖို့ အဲ့ဒီအချိန်မှာကိုယ်ပိုင်အစွမ်းအစနဲ့ပဲ ဖြေရှင်းရလိမ့်မယ် ”

ရှုစန်းရှီက ၀မ်ယန်ကိုမျက်လုံးအပြူးသားနဲ့ စိုက်ကြည့်နေခဲ့ပါတယ်။

” ဆရာ၀မ် ဒါကတကယ်ကြီးလား ဒီတစ်ခေါက်တာ၀န်ကအရမ်းကြီးကြမ်းတမ်းလွန်နေတာမဟုတ်ဘူးလား ”

ပေ့ပေ့က သူ့ပုခုံးကိုပုတ်ရင်းနဲ့ ပြောလာခဲ့ပါတယ်။

” ဟန်ဆောင်နေတာ ရပ်လိုက်တော့ မင်းကဒီနေရာမှာ ရှိရှိသမျှလူတိုင်းကတော့ သေရမှာထက်ပိုကြောက်တယ်..အကယ်၍ တခြားသူတွေမင်းအကြောင်းမသိရင်တောင် ငါမသိဘူးလို့များထင်နေလား မင်းမှာအသက်ကယ်တဲ့နည်းလမ်းတွေအများကြီးမှအများကြီးပဲ ဒီလိုလုပ်ကြရအောင် အကယ်၍ မင်းသာဒီပြိုင်ပွဲမှာ တောင့်ခံထားနိုင်ပြီ အနိုင်ရမယ်ဆိုရင် နန်နန်ကိုမင်းရဖို့အတွက် ငါပိုပြီးကြိုးစားပေးမယ်..ဒါဘယ်လိုလဲ ”

” တကယ်ကြီးလား ”

ရှုစန်းရှီရဲ့မျက်လုံးတွေက အရမ်းကို တောက်ပသွားခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာပဲ ကျန်းနန်နန်ရဲ့ အမူအရာက ရုတ်တရက်ပြောင်းလဲလို့သွားပါတော့တယ်။

” ဒါနင်တို့နှစ်ယောက်ကြားကကိစ္စ ငါ့ကိုဆွဲသွင်းမလာနဲ့ ငါကစျေးထဲက ဂေါ်ဖီပန်းမဟုတ်ဘူး..နင်တို့တွေ ငါကိုဒီလိုအပေးအယူလုပ်နေတယ်လို့ ဘယ်ရမလဲ ”

အဲ့ဒီနောက် သူပြောပြီတာနဲ့ လှည့်ထွက်သွားပါတော့တယ်။

ကျန်းနန်နန်ရဲ့ ရုတ်တရက်ဒေါသက ပေ့ပေ့ကိုတောင် မျက်လုံးပြူးသွားစေခဲ့ပါပြီ။ အမှန်တကယ်မှာတော့ သူက ဟာသတစ်ခုအဖြစ်သာပြောဖြစ်တာပါ။ ကျန်းနန်နန် ဒီလောက်အထိ အလေးအနက်ထားမယ်လို့မထင်ထားခဲ့မိပါဘူး။ ဒါကြောင့် အခုအချိန်မှာသွားဖြဲပြီတော့သာ ပြုံးနေရပါတော့တယ်။

၀မ်ယန်ကတော့ ခပ်မြန်မြန်ပဲ လိုက်သွားတဲ့ရှောင်းရှောင်းကို လှမ်းကြည့်လိုက်ပါတယ်။ နောက်ဆုံးတော့လဲ သူတို့နှစ်ယောက်က အဖွဲ့ထဲမှာအမျိုးသမီးအဖြစ် ရှိနေတာပါ။ ရှုစန်းရှီလဲ ခါးသီးမှုအပြည့်နဲ့ ပြုံးနေလိုက်ပါတယ်။

” မင်းတွေ့လား သူ့ကငါ့ကိုဒီလိုပဲ ပြုမူနေတာ ငါ့ရဲ့ကြိုးစားအားထုတ်မှုတွေအားလုံးကတော့ အလဟာသဖြစ်သွားပြီ ပေ့ပေ့ မင်းကတော့ငါ့ကိုတကယ်စိတ်ပျက်စေတာပဲ ”

” ရှုစန်းရှီ မင်းပြဿနာရှိလား မရှိဘူးလား ”

၀မ်ယန်က မေးလိုက်ပါတယ်။

ရှုစန်းရှီရဲ့ ရုတ်တရက်ခေါင်းမော့ရင်း ပြန်ဖြေလာခဲ့တယ်။

” ပြဿနာမရှိပါဘူးဆရာ၀မ် ကျွန်တော်လက်ထဲကိုသာ အပ်ထားလိုက်ပါ ”

လက်ရှိအချိန်မှာ ရှုစန်းရှီရဲ့မျက်လုံးတွေထဲ ကောက်ကျစ်တဲ့အငွေ့အသက်တချို့ကိုမြင်တွေ့လိုက်ရပါတယ်။ ဒီအငွေ့အသက်က နောက်ဆုံးတိုက်ပွဲမှာ သူမြင်ခဲ့တဲ့အရာပါပဲ။ ရှုစန်းရှီရဲ့ ဒီလိုပေါ့ပါးတဲ့ရုပ်သွင်အောက်မှာ ဘယ်လိုနှလုံးသားမျိုးကများပုန်းကွယ်နေတာလဲ။

၀မ်ယန်လဲ ခေါင်းညိတ်ရင်းပြောလာခဲ့ပါတယ်။

” ရှုစန်းရှီက လာမဲ့အဖွဲ့ထဲမှာ အရေးကြီးဆုံးသူဖြစ်လိမ့်မယ်..အခုပြိုင်ဘက်အဖွဲ့ခေါင်းဆောင်ကို ထုတ်ပယ်ပြစ်ဖို့အတွက် ဘယ်လိုပေါင်းစည်းပြီ တိုက်ခိုက်ကြမယ်ဆိုတာ စဥ်းစားကြတာပေါ့ မင်းတို့အားလုံးရဲ့စွမ်းအားက မလုံလောက်သေးဘူး..ဒါပေမယ့် သူတို့ကို အလစ်၀င်တိုက်မယ်ဆိုရင်တော့ အနိုင်ရနိုင်တယ်..သူ့ကိုအစွမ်းကုန်တိုက်ခိုက်လို့ရတယ်..ဟို့ယွိဟောင်နဲ့ ၀မ်သုန့် ”

အမျက်ဒေါသကျောင်းတော်က ဗျူဟာတွေကိုခွဲခြားနေချိန်မှာပဲ နေလတော်၀င်၀ိညာဥ်လက်နက်ကျောင်းတော်က တည်ခိုဆောင်ကိုအခုမှပြန်လာခဲ့တာပါ။ သူတို့တွေလဲ စင်္ကြန်လမ်းရဲ့အဆုံးဖက်ဆီကို လျှောက်သွားရင်းသူတို့ပိုင်ဆိုင်တဲ့အစည်းအဝေးခန်းထဲကို ၀င်ရောက်သွားပါတော့တယ်။ သူတို့က နည်းလမ်းတွေကိုစူးစမ်းရှာဖွေနေတာမဟုတ်ပဲ အမျက်ဒေါသကျောင်းတော်ကို စူးစမ်းလေ့လာနေတာပါ။

” ဒီနေ့ပြိုင်ပွဲအကြောင်းကြည့်ပြီတဲ့နောက် မင်းတို့တွေဘယ်လိုခံစားရလဲ ပြောကြည့်လိုက်ရအောင် ”

ဆရာမာက ပြောလာခဲ့ပါတယ်။ ကျောင်းသားတွေအားလုံးကတော့ တိတ်ဆိတ်နေခဲ့ကြပါပြီ။ အဲ့ဒီနောက် အဓိကအဖွဲ့ကျောင်းသားတစ်ယောက်က ပြောလာခဲ့ပါတယ်။

” ဆရာမာ အမျက်ဒေါသကျောင်းတော်ရဲ့ အဲ့ဒီထူးထူးဆန်းဆန်းလူငယ်က ၀ိညာဥ်ခြောက်ကွင်းဧကရာဇ် တကယ်ပဲဟုတ်ရဲ့လား ဒါပေမယ့် သူ့၀ိညာဥ်ခြောက်ကွင်းစလုံးက နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းတွေဖြစ်နေတယ်..ဒါက အမျက်ဒေါသကျောင်းတော်ရဲ့ နောက်ဆုံးရှာဖွေတွေ့ရှိမှုဖြစ်နိုင်ပါတယ် ”

” ငတုံးကောင် မင်းမြင်တာဒါအကုန်ပဲလား ”

ဆရာမာက ဒေါသတကြီးနဲ့ပြောလာခဲ့ပါတယ်။

” ဘယ်၀ိညာဥ်ပညာရှင်ရဲ့ ၀ိညာဥ်စက်ကွင်းကများ နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းတွေဖြစ်နိုင်နေတယ်လို့ မင်းကြားဖူးလို့လဲ ဒါ့အပြင် သူ့အသက်ကဘယ်လောက်ရှိသေးလဲ ငါသူ့ကိုသေချာကြည့်ပြီးပြီ အတော်လေးအရပ်ရှည်နေပေမဲ့ သေချာပေါက် အသက်ဆယ့်သုံးနှစ်လောက်ပဲရှိဦးမယ် ဒါ့အပြင် ပုံစံအရအတော်လေးအတွေအကြုံမပြည့်၀သေးဘူး..အမေဗိုက်ထဲကနေစပြီ လေ့ကျင့်မယ်ဆိုရင်တောင် ဒီအသက်အရွယ်လောက်နဲ့ ၀ိညာဥ်ဧကရာဇ်ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ အမျက်ဒေါသကျောင်းတော်က အားလုံးကို ဖုံးကွယ်နိုင်ဖို့ထူးခြားတဲ့နည်းလမ်းတစ်ခုကိုသုံးထားတာပဲ ဖြစ်လိမ့်မယ် ”

အဓိကအဖွဲ့ရဲ့ကျောင်းသားတွေက မကျေနပ်သေးပါဘူး။

” ဒါဆိုရင် သူဘယ်လိုရေခဲအကြီးအကဲအမျိုးအစား၀ိညာဥ်ဘိုးဘေးကို ချက်ချင်းအစွမ်းပျောက်သွားအောင်လုပ်နိုင်တာလဲ ၀ိညာဥ်ဘုရင်တစ်ယောက်တောင်မှ အဲ့ဒီလောက်အစွမ်းအစမရှိပါဘူး…သာမန်၀ိညာဥ်ဧကရာဇ်တွေလဲမလုပ်နိုင်ဘူးလေ ”

” ဒါကသေချာပေါက် ဓာတ်သဘောတူခြင်း ဖိနှိမ့်မှုဖြစ်နိုင်တယ် ”

အဖွဲ့ခေါင်းဆောင်မာယုလုံက ပြောလာခဲ့ပါတယ်။

” ဆရာမာပြောတာမှန်တယ်..အဲ့ဒီကလေးက ၀ိညာဥ်ဧကရာဇ်မဖြစ်နိုင်ဘူး…ဖြစ်နိုင်ချေရှိတဲ့တစ်ခုတည်သောအရာကတော့ ဓာတ်သဘောဓာတ်သဘာ၀တူတဲ့ အရာတွေဖိနှိမ့်မှုပဲ ငါ့ရဲ့တွက်ချက်မှုအရဆိုရင် သူ့ရဲ့ တကယ်စစ်မှန်တဲ့ကျင့်ကြံကျင့်က အများဆုံး၀ိညာဥ်ဘိုးဘေးလောက်ပဲ ရှိလိမ့်မယ်….ဒါတောင်မှ သူ့အသက်အရွယ်နဲ့ဆိုရင် အတော်လေးကြောက်စရာကောင်းနေပြီ ငါ့အနေနဲ့ လက်ရှိအချိန်မှာတွေးနိုင်တာက နောက်တစ်ခုရှိသေးတယ်..သူဘာကြောင့် ဒီလောက်တောင် သန်မာနေရမယ်ဆိုရင် သေချာပေါက် အမွှာသိုင်းပညာ၀ိညာဥ်ပိုင်ဆိုင်ထားလို့ပဲဖြစ်မယ် ”

အကြိုအဖွဲ့ရဲ့ခေါင်းဆောင်ဟုန်ချန်က မာယုလုံနဲ့ မျက်နှာချင်ဆိုင်မှာထိုင်နေခဲ့တာပါ။ ဒါကိုကြားချိန်မှာတော့ သူခေါင်းမော့လာပါတော့တယ်။ အဲ့ဒီနောက် သူခေါင်းညိတ်လိုက်ပါပြီ။ မျက်၀န်းထဲမှာလဲ လေးစားရတဲ့အငွေ့အသက်တချို့ပေါ်လာပါတော့တယ်။ ဒီလိုမျိုးမောက်မာနေတဲ့သူတစ်ယောက်အနေနဲ့ အခုလိုပုံစံမျိုးကို မြင်ရဖို့က ခက်ခဲလွန်နေခဲ့ပါပြီ။

မာယုလုံက ထူးမခြားနားပုံစံနဲ့ ပြုံးရင်ဆက်ပြောလာခဲ့ပါတယ်။

” ဒီလူငယ်ကအတော်လေးထူးချွန်တာကို မင်းတို့တွေမြင်မယ်လို့ ငါယုံကြည်တယ်….ဒါပေမယ့် သူက ငါတို့ရှောင်ဟုန်ချန်နဲ့တော့ယှဥ်လို့မရသေးဘူး..ဒါပေမယ့် သူ့ရဲ့အမွှာ၀ိညာဥ်တွေကလဲ သေချာပေါက်အတော်အားကောင်းလိမ့်မယ်…လက်ရှိအချိန်မှာ အကြီးဆုံးအားနည်းချက်ကတော့ သူ့ရဲ့အသက်အရွယ်ဖြစ်နေခဲ့တာပဲ ”

ရှောင်ဟုန်ချန်က မျက်မှောင်ကြုတ်လိုက်ပါတယ်။

” အဖွဲ့ခေါင်းဆောင် မင်းပြောချင်တာက ငါတို့သက်တူရွယ်တူဖြစ်မယ်လို့ဆိုရင် သူကငါပြိုင်ဘက်မဟုတ်နိုင်ဘူးလား ”

” မင်းဘယ်လိုထင်လို့လဲ ”

ရှောင်ဟုန်ချန်က ပုံမှန်အတိုင်းပြန်မေးလိုက်ပါတယ်။ အဲ့ဒီနောက် သူပိုပြီးမျက်မှောင်ကြုတ်သွားခဲ့ပါပြီ။

” အတိအကျပြောဖို့တော့ခက်လိမ့်မယ်..ဒါပေမယ့် သူ့နဲ့မတိုက်ခိုက်ကြည့်ပဲ ဘယ်လိုလုပ်ငါအတိအကျတဲ့ အကဲဖြတ်မှုမျိုး လုပ်နိုင်တာလဲ သူမအမွှာသိုင်းပညာ၀ိညာဥ်ရှိနေတယ်ဆိုရင်တောင် ငါက၀ိညာဥ်ပညာရှင်ဖြစ်သလို ၀ိညာဥ်လက်နက်အတတ်ပညာရှင်လဲ ဖြစ်နေခဲ့တယ်လေ အကယ်၍ ငါတို့သာ ၀ိညာဥ်စွမ်းအားကိုတူအောင်ရှိနေမယ်ဆိုရင် သက်တူရွယ်တူတွေက ငါပြိုင်ဘက်မဖြစ်နိုင်ဘူး.”

မာယုလုံက လက်ဝှေ့ရမ်းရင်းနဲ့ ဆက်ပြောလိုက်ပါတယ်။

” ဒီအကြောင်းကိုမပြောကြရအောင် လေ့လာတာကိုပဲ ဆက်သွားမယ် ”

” ငါ့ရဲ့တွက်ချက်မှုအရဆိုရင် အဲ့ဒီထူးဆန်းတဲ့လူငယ်က ၀ိညာဥ်ဘိုးဘေးအဆင့်လောက်မှာရှိဦးမှာပဲ သူ့ရဲ့အမွှာသိုင်းပညာ၀ိညာဥ်က ထူးထူးခြားခြားမြင်ရခဲတဲ့စိတ်၀ိညာဥ်အမျိုးအစားနဲ့ ရေခဲအမျိုးအစားပဲ စိတ်၀ိညာဥ်စွမ်းရည်တွေက သူ့စိတ်၀ိညာဥ်စွမ်းအားတိုက်ခိုက်မှုမျိုးရဲ့ တိုက်ရိုက်ပြုလုပ်နိုင်ဖို့အတွက် ကူညီပေးလိမ့်မယ်..ဒီနေ့မှာတစ်ဖက်ကျောင်းတော်ရဲ့ ခေါင်းဆောင်ရှန်ချဲ့ အဲ့ဒီတိုက်ခိုက်စွမ်းအားတိုက်ခိုက်ခံလိုက်ရတာကြောင့် ပထမဆုံးတိုက်ကွက်မှာအမှားအယွင်းဖြစ်သွားခဲ့တာပါပဲ အဲ့ဒီကနေနောက်ဆုံးအဆုံးသတ်အထိ ရှုံးနှိမ့်သွားရတယ်..ဒါ့အပြင် အာလန်ယဲ့ကို ထိန်းချုပ်ဖို့အတွက် သူသုံးလိုက်တဲ့ရေခဲအမျိုးအစားသိုင်းပညာ၀ိညာဥ်က သူ့ရဲ့အဓိကသိုင်းပညာ၀ိညာဥ်ပဲဖြစ်မယ်..သူဘယ်လိုလုပ် ရေခဲ၀က်၀ံကို နှိမ်နှင်းသွားလဲဆိုတာ ငါသေချာပေါက် မရှင်းလင်းသေးဘူး..ဒါပေမယ့် သူ့ရဲ့ရေခဲအမျိုးအစားက အရမ်းကိုအားကောင်းလိမ့်မယ်..ဒီရေခဲရဲ့သန့်စင်တဲ့စွမ်းအားက အာလန်ယဲ့ထက်အများကြီးသာလွန်နေတာကြောင့်သာ အဲ့ဒီလောက် ဖိနှိမ့်နိုင်တာပဲ သူလှုပ်ရှားတဲ့အချိန်မှာ ကြည့်ရတာအတော်ကို ကြောက်စရာကောင်းပေမဲ့ အာလန်ယဲ့ရဲ့ ရေခဲမုန်တိုင်းက အဆုံးသတ်အထိ မရောက်ရှိသေးတာကို သတိမထားမိဘူးမဟုတ်လား သူ့မှာတိုက်ခိုက်ရေးစွမ်းအားတွေအများကြီးမကျန်ရစ်ပေမဲ့ တကယ်နောက်ဆုံးတိုက်ခိုက်မှုကိုတော့ ပေ့ပေ့ကသူ့အစား ၀န်ခံပေးလိုက်တယ် ”

” နောက်တစ်နည်းစဥ်းစားရအောင် အကယ်၍ သူသာ တကယ်၀ိညာဥ်ဧကရာဇ်ဖြစ်ခဲ့မယ်ဆိုရင် ရှုစန်းရှီက ဘာကြောင့်များသူနဲ့နေရာလှဲနိုင်ရမှာလဲ ရှန်ချဲ့တိုက်ခိုက်လိုက်ချိန်မှာ သူ့ကိုငါသတိထားမိတယ်..ပထမဆုံးအနေနဲ့ အဲ့ဒီလူငယ်ဘေးမှာရှိနေခဲ့တဲ့ အဖွဲ့သားနှစ်ယောက်က အတော်ကိုကြောက်လန့်ပြီ ထိတ်လန့်နေကြတယ်…နောက်တစ်ခုကတော့ ရှုစန်းရှီနဲ့ သူနေရာလှဲလိုက်တဲ့အချိန်မှာ လူငယ်နှစ်ယောက်ထုတ်လွှတ်ထားတဲ့ ၀ိညာဥ်စက်ကွင်းခြောက်ကွင်းက ပျောက်ကွယ်သွားတာပဲ ဒါကဘာကိုဆိုလိုချင်တာလဲ သူတို့ရဲ့၀ိညာဥ်စက်ကွင်းခြောက်ကွင်းစလုံးက အတုတွေ..ဒါ့အပြင် ဒီအတုတွေကလဲ သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကနေ ထုတ်လွှတ်ထားတာအမှန်ပဲဖြစ်ရမယ်..၀ိညာဥ်စွမ်းရည်အပြင် သေချာပေါက် ပုံရိပ်ယောင်တွေကို ဖန်တီးနိုင်တဲ့အစွမ်းအစရှိလိမ့်မယ်…ထူးခြားတဲ့အရှိန်အ၀ါကို သူဖန်တီးနိုင်တာဒီအရာတွေအားလုံးကို မှီခိုထားလို့ပဲ ”

မာယုလုံရဲ့ ခွဲခြားစိတ်ဖြာမှုတွေကို နားထောင်ပြီချိန်မှာတော့ ရှိရှိသမျှလူတွေအားလုံးက မျက်လုံးအပြူးသားဖြစ်နေခဲ့ပါတယ်။ ဆရာမာကတော့ ဆက်တိုက်ခေါင်းညိတ်ရင်ပြောနေခဲ့ပါပြီ။

မာယုလုံက အဖွဲ့ခေါင်းဆောင်ဖြစ်နေတာ သူ့အင်အားကြောင့်တင်မဟုတ်ပဲ သူ့ရဲ့ တွေတောဆင်ခြင်နိုင်စွမ်းကြောင့်လဲ ဖြစ်ပါတယ်။ ရှောင်မျိုးနွယ်မောင်နှမနှစ်ယောက်ရဲ့ မြန်မြန်ဆန်းဆန်ကြီးတိုးတက်လာမှုကြောင့်သာ မဟုတ်ခဲ့ရင် မာယုလုံအနေနဲ့ သူတို့ကျောင်းတော်တစ်ခုလုံးမှာ နှစ်ပေါင်းရာချီအတွင်းမြင်ရခဲတဲ့ အထူးချွန်ဆုံးပါရမီရှင်ပညာရှင်အဖြစ်အကြောင်း ပြောနိုင်ပါပြီ။ သေချာပေါက် ဒီလိုဖြစ်ဖို့အပြည့်အ၀လဲ ယုံကြည်ချက်တစ်ခုရှိနေပါတယ်။

မာယုလုံက ယုံကြည်ချက်အပြည့်နဲ့ ပြောလာခဲ့ပါတယ်။

” အားလုံးကိုချုပ်လိုက်မယ်ဆိုရင် ပြစ်ချတဲ့ကောက်ချက်တွေဆွဲလို့ရတယ်..အမျက်ဒေါသကျောင်းတော်မှာ ကိစ္စကြီးတစ်ခုဖြစ်လိမ့်မယ်..သူတို့တွေစေလွှတ်ပြီ တိုက်ခိုက်ဖို့ပြင်ဆင်ထားတဲ့အဖွဲ့က အတော်ကို ထူးချွန်ကြလိမ့်မယ်..အခုထွက်လာတဲ့ကလေးတွေကတော့ သေချာပေါက် အကြိုအဖွဲ့အဖြစ်နေမှာပဲ ဒါ့အပြင် ပထမဆုံးနေ့မှာ ထွက်လာပြီ နောက်ရက်တွေမှာလူလုံမထွက်ပြတဲ့လူတွေလဲ ရှိသေးတယ်…သူတို့က အင်အားကိုဖုံးကွယ်နေတာမဟုတ်ပဲ တစ်ခုခုဖြစ်နေတာကြောင့်ဖြစ်မယ်..ဒါကြောင့် ဒီနှစ်မှာတော့ ငါတို့အနေနဲ့ နောက်ဆုံးဗိုလ်ဆွဲနိုင်ဖို့ အခွင့်အရေးရပြီလို့​အာမခံ၀ံ့ပါတယ် ”

” ဒီလိုဖြစ်မှာတော့ အကုန်လုံးအတွက်ကောင်းတာပဲ ”

မာယုလုံရဲ့အနောက်ဖက်မှာရှိနေတဲ့အမျိုးသမီးက ပြောလာခဲ့ပါတယ်။ သူတို့ရဲ့ကျောင်းတော်က လွန်ခဲ့တဲ့နှစ်ပေါင်းသုံးထောင်လုံးလုံး အမျက်ဒေါသကျောင်းတော်ကို အနိုင်မရခဲ့တာပါ။ ပြိုင်ပွဲထဲမှာ ၀င်ပြိုင်ပေမဲ့ ဘယ်တုန်းကမှ အနိုင်မရဘူးပါဘူး။

မာယုလုံက သက်ပြင်းချလိုက်ပါတယ်။

” တကယ်တော့ ငါလဲအမျက်ဒေါသကျောင်းတော်ရဲ့ အင်အားအကြီးဆုံးသူတွေနဲ့ ရင်ဆိုင်ချင်ခဲ့မိတာပါ သူတို့နဲ့သာ တကယ်တိုက်ခိုက်ရမယ်ဆိုရင် အခွင့်အရေးအများကြီးမရနိုင်ဘူးဆိုတာ ငါသိပေမဲ့ တကယ်ပဲ အစွမ်းထက်ဆုံးသူတွေနဲ့ အစွမ်းကုန်တိုက်ခိုက်ချင်မိတယ် ”

” ဘာလို့ငါတို့အခွင့်အရေးက မကောင်းနိုင်ရမှာလဲ ”
ရှောင်ဟုန်ချန်က ပြောလိုက်ပါတယ်။

” ငါတို့ကျောင်းတော်က နှစ်တိုင်းအမြဲတမ်းတိုးတက်နေတာလေ အမျက်ဒေါသကျောင်းတော်က ၀ိညာဥ်လက်နက်တွေကို အထင်သေးတာကြောင့် သူတို့ကိုယ်သူတို့ ကန့်သတ်ထားသလိုဖြစ်နေတယ်..ဒါကြောင့် သေချာပေါက် ရှုံးနှိမ့်မှုကြုံလာရမှာပဲ ဒီတစ်ကြိမ်မှာ သူတို့ရဲ့ အဓိကအဖွဲ့ကို အနိုင်မယူနိုင်ရင်တောင် သေချာပေါက် ငါတို့အလှည့်မှာအနိုင်ရလိမ့်မယ်. ”

အပိုင်း ၈၇•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset