Switch Mode

Chapter – 87.2

အမျက်ဒေါသကျောင်းတော်အတွက် ရူးသွပ်မှု

အပိုင်း ၈၇•၂

” အမျက်ဒေါသကျောင်းတော်အတွက် ရူးသွပ်မှု ”
°°°
ဒီလိုပြိုင်ဘက်တွေက အမျက်ဒေါသကျောင်းတော်ရဲ့မူလမိစ္ဆာခုနှစ်ဖော်အတွက်ဆိုရင်သိပ်ပြီ ကိစ္စမရှိနိုင်ပါဘူး။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ အဖွဲ့၀င်တွေအားလုံးအတွက် သေစေနိုင်လောက်တဲ့အတားအဆီးကြီးဖြစ်နေခဲ့ပါတယ်။ ဒီပြိုင်ပွဲကိုသာ ရှုံးနှိမ့်သွားမယ်ဆိုရင် သူတို့ရဲ့တကယ်အင်အားအစစ်အမှန်က လူတိုင်းရဲ့မျက်စိရှေ့မှာပေါ်ထွက်လို့သွားမှာပါ။ ဒါပေမယ့် အဲ့ဒီပြိုင်ပွဲတွေကို အနိုင်ရဖို့အစွမ်းအစသူတို့မှာတကယ်ပါသလား။

ပြိုင်ပွဲရဲ့ပုံစံကို တွေးတောပြီစဥ်းစားဖို့တောင် မလိုပါဘူး။ သူတို့ဘယ်လိုပဲ တိုက်ခိုက်ပါစေ အင်အားကိုပြသတဲ့အချိန်မှာ သေချာပေါက် အရေးနှိမ့်မှာအမှန်ပါပဲ။ ၀မ်ယန်အနေနဲ့လဲ ဒီပြိုင်ပွဲအကြောင်းကို စဥ်းစဥ်းစားစားလုပ်ခဲ့ပါပြီ။ နောက်ဆုံးတော့လဲ အလှည့်ကျပွဲစဥ်ဖြစ်တာကြောင့် သူတို့တစ်ပွဲရှုံးသွားခဲ့ပြီဆိုရင် ပြိုင်ပွဲတွေအားလုံးက ထုတ်ပယ်ခံရမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ နောက်တစ်ပွဲကိုသာ နိုင်မယ်ဆိုရင် လင်းလော့ချန်လဲအဖွဲ့ထဲကိုပြန်ရောက်နိုင်ပါပြီ။ စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်ဘုရင်ဖြစ်တဲ့သူမက ဟို့ယွိဟောင်ရဲ့အဆုံးစွန်းရေခဲနဲ့သာ ပူးပေါင်းမယ်ဆိုရင် ကျန်ရစ်တဲ့ပြိုင်ဘက်တွေကို အနိုင်ရနိုင်ချေက အများကြီးသာပါတယ်။ ဒါ့အပြင် နောက်ထပ်သုံးပွဲအတွင် မာရှောင်ထောင့်နဲ့ ထိုက်ယွဲ့ဟန်တို့လဲ ပြန်၀င်လာနိုင်မှာပါ။ ၀ိညာဥ်ဧကရာဇ်နှစ်ယောက်ရဲ့ရောက်ရှိလာခဲ့မှုက အမျက်ဒေါသကျောင်းတော်ကို ပြန်ပြီချန်ပီယံအဖြစ် နေရာယူနိင်အောင် အပြည့်အ၀အာမခံချက်ပေးနိုင်ပါတယ်။

ဒါပေမယ့် ၀မ်ယန်အနေနဲ့ လက်ရှိအမျက်ဒေါသရဲ့ မိစ္ဆာခုနှစ်ဖော်အခြေအနေကို ကောင်းကောင်းသိနေဆဲပါ။ သူတို့တွေအနေနဲ့ နှစ်ပွဲနိုင်ပြီ ကျောင်းတော်ရဲ့အောင်မြင်မှုကိုထိန်းထားနိုင်ပါပြီ။ ဒီလိုအောင်မြင်မှုကို မတိုက်ခိုက်ပဲ ဘယ်လိုများဆက်ထိန်းထားနိုင်မှာလဲ။

ဒါကြောင့် ခုနှစ်ယောက်စလုံးက တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ပြိုင်ပွဲမှာရှုံးနှိမ့်သွားမယ်ဆိုရင်တောင် အဆုံးစွန်းအထိတိုက်ခိုက်မှာပါ။ ဒါ့အပြင် သူတို့မှာအခွင့်အရေးမရှိတာလဲမဟုတ်ပါဘူး။ နောက်ဆုံးတော့လဲ ကျင့်ကြံဆင့်က မသန်မာပမဲ့ တစ်ယောက်ချင်းဆီတိုင်းက အသက်ရှုမှားနိုင်လောက်စရာရှိတဲ့သူကြီးဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် ပေါင်းစည်းမှုအနေနဲ့ကလဲ ပြိုင်ဘက်တွေကို အောင်နိုင်ချေများနေခဲ့တယ်။ အဆုံးသတ်မှာ ၀မ်ယန်လဲ သူတို့ရဲ့တောင်းဆိုမှုကို သဘောတူလိုက်ပါပြီ။ အကယ်၍ ပြိုင်ပွဲမှာသာ အင်အားကိုချွင်းချန်ထားခဲ့ရင်း သူတို့ရဲ့နှလုံးသားထဲမှာ အရိပ်ထင်သွားနိုင်တာကို သိနေခဲ့လို့ပါ။ ဒါမျိုးကိုမဖြစ်စေချင်ပါဘူး။

ဟို့ယွိဟောင်အနေနဲ့ အစောပိုင်းတိုက်ပွဲကြောင့် ဘယ်လောက်စိုးရိမ်နေလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိနေခဲ့ပါတယ်။ ဒီပြိုင်ပွဲက လက်ရှိပြိုင်ဆိုင်နေကြတဲ့သူတွေထဲမှာ အားနည်းတဲ့ကျောင်းတော်တွေ မကျန်တော့ဘူးမှန်း နားလည်သဘောပေါက်သွားစေခဲ့ပါတယ်။ ဒါ့အပြင် အစောပိုင်းပြိုင်ပွဲတွေမှာ အားသာချက်အများကြီးရခဲ့တာ ပြိုင်ပွဲစစချင်ကထဲကနေ ရှန်ချဲ့ရှုံးနှိမ့်သွားခဲ့လို့ပါပဲ။ ဒီလိုအခြေအနေမျိုးသာမဖြစ်ခဲ့ဘူးဆိုရင် အနိုင်ဖို့ကမလွယ်ပါဘူး။

ဒါ့အပြင် သူတို့ရင်ဆိုင်ရတဲ့ အဖွဲ့က၀ိညာဥ်ဘုရင်တစ်ယောက်ထဲရှိတဲ့ အဖွဲ့တစ်ခုပါ။ နောက်ရက်တွေမှာဘာတွေဖြစ်လာမလဲအနည်းဆုံး၀ိညာဥ်ဘုရင်ရှိတဲ့သုံးယောက်အဖွဲ့တွေကို စပြီရင်ဆိုင်ရမှာဖြစ်ပါတယ်။ ထပ်ပြီအားကောင်းတဲ့အဖွဲ့တွေကို ရင်ဆိုင်ရချိန်မှာ အခြေအနေကဘယ်လိုဖြစ်လာတော့မှာလဲ။

အလှည့်ကျတိုက်ပွဲတွေက ပထမအချိန်မှာ စိတ်၀ိညာဥ်တစ်ထောင်ကျောင်းတော်က သူတို့ပြိုင်ဘက်နဲ့ ရင်ဆိုင်ရပါပြီ။ ၀မ်ယန်အနေနဲ့လဲ ရလဒ်ကို မြင်လိုက်ရပါတယ်။ ဒါ့အပြင် အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်လဲ ခေါင်းမိုးကနေပြိုင်ပွဲကိုကြည့်နေခဲ့တယ်။ စိတ်၀ိညာဥ်တစ်ထောင်ကျောင်းတော်က အပြည့်အ၀ချေမှုန်းခံလိုက်ရပြီ ပြန်တိုက်ခိုက်ဖို့အခွင့်ရေးတောင်မရှိခဲ့ပါဘူး။ တစ်ယောက်တစ်ယောက်ချင်းတိုက်ပွဲဖြစ်ပေမဲ့ သူတို့ပြိုင်ဘက်ရဲ့ တတိယအဖွဲ့သားက ကျောင်းတော်တစ်ခုလုံးကို အပြတ်ရှင်းထုတ်ပြစ်နိုင်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ၀ိညာဥ်ဘုရင်နှစ်ယောက်ကသာ ထွက်ပေါ်လာခဲ့တာပါ။ ခေါင်းဆောင်ကမလှုပ်ရှားရသေးပါဘူး။

သူတို့တွေရှုံးလို့လဲမရဘူးဆိုရင် ဘယ်လိုများ နိုင်နိုင်မှာလဲ။ ဟို့ယွိဟောင်ရဲ့စိတ်ထဲမှာ မေးခွန်းတွေက ဆက်တိုက်ပေါ်နေခဲ့ပါတယ်။ အချိန်တိုလေးအတွင်းမှာ ကျင့်ကြံဆင့်ကို မြင့်တင်ဖို့နည်းလမ်းရှိမလားလို့ စိတ်ကူးထဲ ဆက်တိုက်တွေးနေခဲ့မိတယ်။ အနည်းဆုံးတော့ သူ့ပြိုင်ဘက်တွေကို တိုက်ခိုက်နိုင်တဲ့အခြေအနေတစ်ခုအထိ ဖြစ်စေတာပါ။

ဟို့ယွိဟောင်က သူ့ရဲ့ကိုယ်ပိုင်အင်အားအပေါ် တိကျတဲ့ခန့်မှန်းတွက်ချက်မှုရှိနေပါတယ်။ နောက်တစ်နည်းပြောရမယ်ဆိုရင် သူ့ရဲ့ ၀ိညာဥ်စွမ်းရည်တစ်ခုချင်းဆီတိုင်းက ချွင်းချက်မရှိအရမ်းကိုအင်အားကြီးမားနေခဲ့တယ်။ အထောက်အပံ့ပြုရေး၀ိညာဥ်စွမ်းရည်တွေသာဖြစ်ပေမဲ့ များပြားတဲ့၀ိညာဥ်စွမ်းရည်တွေအားလုံးက ၀ိညာဥ်စက်ကွင်းလေးကွင်းရှိတဲ့ ၀ိညာဥ်ဘိုးဘေးတောင် သူ့ကိုမယှဥ်နိုင်သာပါဘူး။

ဟို့ယွိဟောင်က သူ့ကိုယ်သူတွက်ချက်တဲ့နေရာမှာ အတော်ကိုတိကျပါတယ်။ ၀ိညာဥ်စက်ကွင်းနှစ်ကွင်းသာရှိတဲ့ ၀ိညာဥ််မဟာပညာရှင်ဖြစ်နေခဲ့ပေမဲ့ ၀ိညာဥ်စက်ကွင်းသုံးကွင်းရှိတဲ့ ပြိုင်ဘက်တွေကိုမရှုံးနှိမ့်ပါဘူး။ ဒါ့အပြင် ၀ိညာဥ်ဘုရင်ဘိုးဘေးတွေကို အနိုင်ယူဖို့ပါယုံကြည်ချက်ရှိနေခဲ့တယ်။ အကယ်၍ သူသာ ၀ိညာဥ်စက်ကွင်းလေးကွင်းရှိတဲ့ ၀ိညာဥ်ဘိုးဘေးနဲ့ ရင်ဆိုင်ရမယ်ဆိုရင် အခွင့်အရေးမရှိနိုင်ပါဘူး။ အနည်းဆုံးတော့ အနိုင်ရနိုင်ချေက အရမ်းကိုနည်းပါသေးတယ်။ ၀ိညာဥ်ဘိုးဘေးတွေကို ၀ိညာဥ်စွမ်းရည်တွေအရ အသာစီးရနိုင်ပေမဲ့ အင်အားမှာကတော့ ကွာခြားချက်ကြီးမားနေခဲ့တာပါ။ သူ့မှာနို့ပုလင်း၀ိညာဥ်လက်နက်ရှိနေမယ်ဆိုရင်တောင် ဒီစွမ်းအားတွေအားလုံးအပြည့်အ၀အသုံးချပြီ အားကောင်းတဲ့၀ိညာဥ်စွမ်းရည်တစ်ခုထဲကို ထုတ်သုံးဖို့က မဖြစ်နိုင်ဘူးမလား။

ဒါကြောင့်သာ သူ့အနေနဲ့ ၀ိညာဥ်အကြီးအကဲတစ်ယောက်ကို တစ်ယောက်တစ်ယောက်ချင်းတိုက်ပွဲမှာ အများဆုံးအနိုင်ယူတာဖြစ်ပေမဲ့ အဖွဲ့လိုက်ပြိုင်ပွဲတွေကသာ သူအတွက်အကျိုးရှိမှန်း သူသိနေခဲ့တယ်။

ရေခဲအမျိုးအစားတစ်ခု မီးအမျိုးအစား၀ိညာဥ်လဲ အဖွဲ့လိုက်ပွဲစဥ်မှာတွေ့ဆုံခဲ့မယ်ဆိုရင် သူတို့အနေနဲ့ ပြိုင်ဘက်ကိုဖိနှိမ့်ပြစ်လို့ရပါတယ်။ သူ့ရဲ့ရေခဲအမျိုးအစား၀ိညာဥ်ပညာရှင်တွေအတွက်ပါပဲ။သူတို့တွေက ၀ိညာဥ်ဘုရင်ဖြစ်နေမယ်ဆိုရင်တောင် အစောပိုင်းတုန်းက လုပ်ခဲ့သလိုမျိုး ဖိနှိမ့်ဖို့အတွက်ယုံကြည်ချက်အပြည့်အ၀ရှိနေပါတယ်။ ဒါက အမျိုးအစားချင်တူတဲ့ အရာ၀တ္ထုတွေအပေါ်မှာ ပြီးပြည့်စုံဖိနှိမ့်ဖို့ပါပဲ။ ကျင့်ကြံဆင့်က အားနည်းနေပေမဲ့ သူက ရေခဲတွေရဲ့အရှင်သခင်ဖြစ်နေဆဲပါ။ သာမန်ရေခဲတွေဘယ်လောက်ပဲ သန်မာပါစေ အရှင်သခင်ကိုတော့ဘယ်လိုများတော်လှန်းပုန်ကန်နိုင်မှာလဲ။ သူ့ရဲ့ပြိုင်ဘက်တွေအနေနဲ့ကလဲ ကျင့်ကြံဆင့်ဘယ်လောက်တောင် အားနည်းနေပါစေ သူ့ကိုရေခဲနဲ့ယှဥ်တဲ့အချိန်မှာ အနိုင်ရနိုင်ချေမရှိပါဘူး။

အထောက်အပံ့ပြုတဲ့စွမ်းရည်ဖြစ်တဲ့ ၀ိညာဥ်ထောက်လှမ်းမှုကလဲ တစ်ဖွဲ့လုံးကိုတိကျတဲ့ ဆုံးဖြတ်ချက်ပေးနိုင်ပါတယ်။ ဒါကြောင့်သာ ဒီနေ့လဲပြိုင်ဘက်တွေကိုအလွယ်လေးအနိုင်ရခဲ့တာပါ။

အကယ်၍ နောက်တစ်ပွဲကသာ အဖွဲ့လိုက်ပြိုင်ပွဲဖြစ်မယ်ဆိုရင် အခုထက်ပိုပြီးအသုံး၀င်နိုင်ပါတယ်။ အနည်းဆုံးတော့ ၀မ်သုန့်နဲ့ ဟို့ယွိဟောင်နှစ်ယောက်ကတော့ ရွှေရောင်အလင်းလမ်းကိုအသုံးပြုပြီး ၀ိညာဥ်ဘုရင်တွေကိုတားဆီးနိုင်မှာပါ။ အခွင့်အရေးကတော့ နည်းပါးပါလိမ့်မယ်။

အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းသားတွေမသိခဲ့တဲ့အရာကတော့ နေလကျောင်းတော်ရဲ့ ကျောင်းသားတွေလဲ သူတို့ပြိုင်ပွဲကိုပြီးပြီချင်မှာပဲ ထွက်ခွာသွားတယ်ဆိုတဲ့အချက်ပါ။ သူတို့ရဲ့နောက်ပြိုင်ပွဲက ကျင်းပမှာမဟုတ်ပါဘူး။ ဒီနေ့သွားပြီ ကြည့်ရှု့ရတဲ့အကြောင်းအရင်းကတော့ အမျက်ဒေါသကျောင်းတော်ရဲ့ပြိုင်ပွဲကိုကြည့်ရှု့ဖို့ပါပဲ။ ကျောင်းတော်နှစ်ခုစလုံးက တည်ခိုဆောင်ဆီကို တစ်ချိန်ထဲနီးပါးမှာ ပြန်လာခဲ့တယ်။

” အစည်းအဝေးခန်းကိုသွားကြရအောင် ”

ဆရာနှစ်ယောက်က သူတို့နဲ့သက်ဆိုင်ရာကျောင်းတော်ကို တစ်ပြိုင်နက်ထဲပြောလိုက်ပါတယ်။

၀မ်ယန်က သူဘေးနားမှာထိုင်နေခဲ့တဲ့ အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ကိုကြည့်ရင်း လေးလေးနက်နက်နဲ့ ပြောလာခဲ့တယ်။

” ကလေးတို့အားလုံးကို ကျေးဇူးတင်ပါတယ် အမှန်အတိုင်းပြောရမယ်ဆိုရင် ဒီပြိုင်ပွဲတွေကို မင်းတို့နိုင်နိုင်မယ်လို့ ငါတကယ်မထင်မိဘူး…မင်းတို့အားလုံးအကောင်းဆုံးကြိုးစားရင် ကျောင်းတော်ကို ကာကွယ်ပေးနိုင်ခဲ့တယ်..အကြိုအဖွဲ့အနေနဲ့ ဒီနေရာမှာရှိနေရမဲ့တကယ်အကြောင်းအရင်းက အတွေ့အကြုံယူဖို့ပဲ ဒါပေမယ့် လက်ရှိအချိန်မှာမင်းတို့က အဓိကပစ်မှတ်ဖြစ်နေပြီ ဒါကြောင့် ကျောင်းတော်အနေနဲ့ မင်းတို့ကို အများကြီးမတောင်းဆိုပါဘူး။

ပေ့ပေ့က ပြုံးလိုက်ပါတယ်။

” ဆရာ၀မ်နောက်ထပ်ပြောဖို့မလိုတော့ဘူး ဒါကအတွေ့အကြုံဖြစ်ပြီဆိုမှတော့ ပိုပြီးအတွေအကြုံရတာပေါ့ ကျေးဇူးပြုပြီး ကျွန်တော်တို့အတွက် ဗျူဟာတွေကိုစီစဥ်ပေးပါ ဆရာရဲ့အစွမ်းအစကို ကျွန်တော်တို့အားလုံးယုံကြည်ပါတယ် ”

” မင်းတို့တွေတကယ်ဆုံးဖြတ်ချက်ချပြီးပြီလား ”

ပေ့ပေ့ရဲ့ ဦးဆောင်မှုနဲ့အတူ အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်က တစ်ပြိုင်နက်ထဲထရပ်လိုက်ပါတယ်။ ၀မ်ယန်ကိုကြည့်နေတဲ့ သူ့တို့ရဲ့မျက်လုံးတွေက တစ်ပုံစံထဲပါပဲ။ ဘယ်သူမှတွေဝေမနေခဲ့ပါဘူး။ အားအနည်းဆုံးဖြစ်တဲ့ ရှောင်းရှောင်းတောင် ချွင်းချက်မရှိပဲဖြစ်နေခဲ့တယ်။

” ကောင်းပြီ မင်းတို့တွေအားလုံးက တကယ်ကို ကျောင်းတော်ရဲ့ထိပ်တန်းလို့ ခေါ်ဆိုဖို့ထိုက်တန်ပါပဲ မင်းတို့အားလုံးအတွက် ငါဂုဏ်ယူမိတယ် ”

၀မ်ယန်နဲ့မျက်လုံးတွေက မျက်ရည်တွေတောင်ရစ်၀ဲနေခဲ့ပါပြီ။ မျက်နှာကလဲ နီရဲနေခဲ့ပါတယ်။ သူ့ရှေ့မှာရှိနေခဲ့တဲ့ ဒီကလေးတွေက အရမ်းကိုချစ်စရာကောင်းလွန်နေတဲ့သူလို့ သူခံစားနေရတယ်။ ကျောင်းတော်က ဒီကလေးတွေကို အကြိုအဖွဲ့အဖြစ် ရွေးချယ်တာလုံး၀ကို အမှားအယွင်းမရှိနိုင်ပါဘူး။ အရေးကြီးဆုံးအခြေအနေမျိုးမှာ ဘယ်သူကမှ ကြောက်လန့်မနေကြပဲ အရမ်းကိုပြတ်သားကြပြီ ခေါင်းမာကြပါတယ်။ ဒီကလေးခုနှစ်ယောက်က အသက်ဆယ့်လေးနှစ်တောင် ပြန်မျှအသက်မရှိသေးတာကို တွေးကြည့်ဖို့တောင် မလိုပါဘူး။

” ကလေးတို့ မင်းတို့ဒီတစ်ကြိမ်မှာ လုံလုံခြုံခြုံနဲ့ ပြန်နိုင်မယ်ဆိုရင် သေချာပေါက် ကျောင်းတော်က မင်းတို့ရဲ့လက်ထက် လာမဲ့နှစ်ရာချီအတွင်းမှာ အထူးချွန်ဆုံးပါရမီတွေကို မွေးထုတ်ပေးနိုင်မယ်လို့ ငါသေချာပေါက် အာမခံနိုင်ရဲတယ်…မင်းတို့အားလုံးပဲ ကောင်းပြီလေ ငါကျိုးကြောင်းမဆီလျော်တာတွေ ပြောမနေတော့ဘူး…ဗျူဟာတွေဆွဲကြစို့ ”

၀မ်ယန်က အားလုံးကိုပြန်ထိုင်ဖို့ လက်တွေကိုဟန်ပြလိုက်ပါတယ်။

” ငါတို့ရဲ့လာမဲ့ပြိုင်ဘက်တွေက အရမ်းကို သန်မာတယ်..နောက်ဆုံးပွဲစဥ်မှာသူတို့က ထိပ်တန်းရှစ်ဖွဲ့အထိကို ရနိုင်ခဲ့တယ်..နေလတော်၀င်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကို ရှုံးနှိမ့်ခဲ့တာကြောင့် အခုလိုမျိူးအခြေအနေကို ရောက်လာတာ သူတို့ရဲ့ စွမ်းအားအကုန်လုံးပေါင်းလိုက်မယ်ဆိုရင် ထိပ်ဆုံးလေးယောက်ဆီကို ရောက်ဖို့ဖြစ်နိုင်တယ်…ဒါ့အပြင် သူတို့ခုနှစ်ယောက်ထဲမှာ ၀ိညာဥ်ဘုရင်သုံးယောက်နဲ့ ၀ိညာဥ်ဘိုးဘေးလေးယောက်ပါတယ်..ပြိုင်ပွဲကိုမလာခင်မှာ ငါထိပ်ဆုံးကျောင်းတော်ရှစ်ခုကို အများကြီးလေ့လာခဲ့တယ်။ ဒါကြောင့်သာ ငါတို့မူလအဖွဲ့ရဲ့ အင်အားက အရမ်းကိုမြင့်မားနေခဲ့ရတာပဲ ဒီအဖွဲ့တွေကို တော်တော်လေး လေ့လာခဲ့တာကြောင့် သူတို့ရဲ့ အဖွဲ့ခေါင်းဆောင်က ကျောင်းတော်ရဲ့သတ်မှတ်ချက်အရဆိုရင် နှစ်ပေါင်းတစ်ထောင်မှာ တစ်ယောက်တောင် တွေ့ရခဲတဲ့ပါရမီရှင်လို့ပြောရလိမ့်မယ်..အကယ်၍ သူသာ ငါတို့ကျောင်းတော်မှာရှိနေမယ်ဆိုရင် သေချာပေါက် ငါတို့ကိုကိုယ်စားပြုပြီး ရွေးချယ်ရမှာပဲ အကြီးအကဲရွှမ်ကိုယ်တိုင်တောင်မှ သူ့ကို စွမ်းရည်တွက်ချက်မှုလုပ်ခဲ့သေးတယ်…အဲ့ဒီအချိန်မှာ အကြီးအကဲရွှမ်ပြောခဲ့တာရှိတယ်..သူပြောခဲ့တာက အမျက်ဒေါသကျောင်းတော်မှာရှိနေခဲ့မယ်ဆိုရင် အသက်နှစ်ဆယ်မတိုင်ခင်အချိန်အတွင်းမှာ ၀ိညာဥ်ဧကရာဇ်အဖြစ် တိုးတက်လိမ့်မယ်…ကံမကောင်းစွာနဲ့ပဲ သူကအနည်းငယ်နှောင့်နှေးပုံရပါတယ် ”

အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်အနေနဲ့လဲ ဒီစကားတွေကိုကြားပြီချိန်မှာပဲ ပိုပြီးတော့တောင် မျက်နှာပျက်နေခဲ့ပါပြီ။ သူ့ရဲ့ပြိုင်ဘက်က အရမ်းသန်မာမယ်ဆိုတာ သိနေခဲ့ပေမဲ့ ဒီလောက်သန်မာမယ်လို့မတွေးထားခဲ့မိပါဘူး။ ဥပမာအားဖြင့် သူတို့အနေနဲ့ ထိုက်ယွဲ့ဟန်နဲ့ မာရှောင်ထောင့်တို့လို ပြိုင်ဘက်မျိုးကို ရင်ဆိုင်တိုက်ခိုက်ရချိန်မှာယုံကြည်ချက်ရှိနေဦးမှာလဲ။ ၀မ်ယန်က ဆက်ပြောလာခဲ့ပါတယ်။

” ဒါကြောင့်သာ ငါတို့အနေနဲ့ စွမ်းအားချွင်းချန်ထားသင့်တယ်လို့ အကြုံပြုနေတာ ငါတို့သာသူ့နဲ့တခြား၀ိညာဥ်ဘုရင်ကို ရင်ဆိုင်ရမယ်ဆိုရင် အနိုင်ရနိုင်ချေက အရမ်းကိိုနည်းလွန်တယ်.. လက်ရှိအချိန် သူ့ရဲ့ကျင့်ကြံဆင့်ဘယ်လောက်ရောက်နေလဲဆိုတာကို မသိရသေးပါဘူး..ဘာကြောင့်လဲဆိုတော့ အစောပိုင်းတုန်းက ပြိုင်ပွဲနှစ်ပွဲစလုံးမှာ သူထွက်ပေါ်မလာခဲ့ဘူးလေ ၀ိညာဥ်အရှိန်အ၀ါအရတော့ ၀ိညာဥ်ဧကရာဇ်မဟုတ်သေးဘူးဆိုတာ သေချာပေါက် ပြောနိုင်တယ်…၀ိညာဥ်ပညာရှင်တွေက ခြောက်ခုမြောက်၀ိညာဥ်စက်ကွင်းကို ရောက်ပြီတဲ့အချိန် သူတို့ရဲ့ခန္ဓာကိုယ်နဲ့ အရှိန်အ၀ါတွေက ပြောင်းလဲဖြစ်တယ်…လူတစ်ယောက်အနေနဲ့ အထက်ပိုင်းကျင့်ကြံသူဖြစ်လာနိုင်တဲ့ သင်္ကေတက အဲ့ဒီမှာစတင်တာပဲ ဒါပေမယ့် သူက အဲ့ဒီနေရာကိုမရောက်သေးပါဘူး…အဆင့်ခြောက်ဆယ်ရဖို့လဲ သိပ်ပြီမလုံလောက်တော့ဘူး ”

” ငါ့ရဲ့လေ့လာမှုအရဆိုရင် အဲ့ဒီလူက အရမ်းကို ကြမ်းတမ်းတယ်..ဒါကြောင့်သာ သူ့ရဲ့တိုက်ခိုက်လိုစိတ်က တစ်ခေါက်တိုက်ခိုက်ပြီတာကို အများကြီးတိုးတက်လာတာပဲ သူက လုံး၀နောက်ဆုတ်မှာမဟုတ်ဘူး…နောက်အခြေအနေမျိုးမှာ ငါတို့ရဲ့နိုင်နိုင်တဲ့အခွင့်အရေးက ပိုပြီးတော့တောင် နည်းနေသေးတယ်..ဒါ့အပြင် သူထွက်မနိုင်လောက်အောင်ကတော့ ကံကောင်းမနေနိုင်ဘူး..သေချာပေါက် အင်အားကိုစမ်းသပ်ဖို့သူတို့တွေအစွမ်းကုန်တိုက်ခိုက်လိမ့်မယ် ”

” အကယ်၍ အများကြီးစဥ်းစားပြီတဲ့နောက် ငါ့မှာအကြံတစ်ခုထဲရှိတော့တယ်..ငါတို့လောင်းကြေးထပ်ကြရမယ်..နောက်ထပ်ပြိုင်ပွဲမှာ အဖွဲ့လိုက်ပွဲစဥ်တွေပြိုင်ရမယ်လို့ ငါလောင်းကြေးထပ်တယ်..အဖွဲ့လိုက်ပွဲစဥ်တွေကသာ ငါတို့ကိုနိုင်နိုင်ဖို့မျှော်လင့်ချက်ရှိစေမယ်လို့ တစ်ခုတည်သောကိစ္စပဲ ”

၀မ်ယန်ရဲ့ ပြောပြချက်တွေကို အားလုံးကိုဂရုတစိုက်နားထောင်နေခဲ့ကြပါတယ်။ လက်ရှိအချိန်မှာ ၀မ်ယန်က ဆက်ပြောလိုက်ပါတယ်။

” အဖွဲ့လိုက်ပွဲစဥ်မှာ ငါတို့ရဲ့နိုင်နိုင်တဲ့ တစ်ခုတည်သော အခွင့်အရေးက မင်းဆီကနေလာမှာ အဲ့ဒါကရှုစန်းရှီပဲ ”

အပိုင်း ၈၇•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset