Switch Mode

Chapter – 3.1

" နှစ်တစ်သန်း ဝိညာဉ် စက်ကွင်း "

Chapter – 3.1 ” နှစ်တစ်သန်း ဝိညာဉ် စက်ကွင်း ”
°°°
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ ရှင်းပြချက်ကို ဟို့ယွိဟောင်က နားထောင်ရင်း ထူးဆန်းတဲ့ ခံစားချက်တစ်ချို့ကို ခံစားလာရပြန်ပါတော့တယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ နာမည်က သူသာအိပ်မက်မက်နေလို့သာ ဒီလိုခေါ်ကြတာလား။

” ရေခဲဂူထဲကနေ ငါမထွက်နိုင်ပေမဲ့ အဲ့ဒီရေခဲတွေကိုစားပြီး အရမ်းနေလို့ကောင်းသွားတယ်လေ ကံကောင်းလို့အပြင်မထွက်ရပဲ နောက်ထပ် ရေခဲအိုင်ကြီးတစ်ခုကို ထပ်ပြီး တွေ့ရပြန်ရော ငါနောက်ထပ် တစ်ခေါက်ထပ်ပြီး အိပ်ပျော်သွားတာ ဘယ်လောက်ကြာမှန်တောင် မသိဘူး..ဒါပေမယ့် ငါ့ခန္ဓာကိုယ်ပေါ်မှာ နိုးနိုးချင်ရွှေရောင်သင်္ကေတတွေကို တွေ့လိုက်ရတယ် ”

” ရွှေရောင်သင်္ကေတက ငါတို့အတွက်တော့ တကယ်ထူးခြားတဲ့အဓိပ္ပါယ်တွေရှိနေတယ်လေ ..ငါတို့ကျင့်ကြံတဲ့အချိန်က နှစ်တစ်သိန်းကို ရောက်ရှိသွားတယ်ဆိုရင် ဒီသင်္ကေတပေါ်လာတယ်….မှတ်မိသလောက်အရ ငါတို့ပိုးကောင်ထဲမှာ အဲ့ဒီလိုမျိုး တည်ရှိမှုဆိုတာ မရှိခဲ့ဖူးဘူး..ငါက ပထမဆုံးလုပ်နိုင်တဲ့သူပဲ သမိုင်းထဲမှာတောင် မှတ်တမ်းတင်မထားဘူးလေ အဲ့ဒီအချိန်မှာ ငါက ရွှေသင်္ကေတရေခဲပိုးကောင်အဖြစ်ကို အဆင့်ကျော်တိုးတက်သွားခဲ့တယ်…ရေခဲတွေနဲ့ ပတ်ပတ်လည်က ၀န်းရံထားတဲ့ အတားအဆီးတွေကို ငါဖောက်ထွက်ဖို့စွမ်းအားလဲ အပြည့်အ၀ရှိနေပြီး အဲ့ဒီအချိန်မှာ နှစ်တစ်သိန်းသားရဲကောင်တွေက အများကြီး ကန့်သတ်ချက်ရှိနေတာကို မသိခဲ့ဘူး…ကျင့်ကြံဖို့အဆင့်တက်နေတဲ့အချိန်မှာလဲပိုပြီး ခက်ခဲလာတယ်လေ ငါလဲကံကောင်းလွန်လို့သာ ဒါမှမဟုတ်ရင် ငါတို့ရဲ့ ရေခဲပိုးကောင်မျိုးနွယ်က တိုက်ခိုက်ရေးအင်အားနည်းလွန်လို့သာ အံ့ဩစရာကောင်းလောက်အောင်ပဲ ကောင်းကင်ကပ်ဆိုးတွေကို မဆွဲဆောင်နိုင်ခဲ့ဘူး ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က သက်ပြင်းချလိုက်ပြန်ပါတယ်။

” ငါလဲ ဆက်ပြီးအိပ်နေလိုက်တယ်လေ ပျင်းလွန်းလို့ ထွက်လဲမသွားချင်ဘူး…ရေခဲဂူထဲမှာ ဆက်ပြီးအိပ်နေရင်း ကျင့်ကြံဆင့်က အဆင့်အတန်းတစ်ခုကို ရောက်လာပြီဆိုရင် အစောပိုင်းမှာ ငါမဖောက်ထွက်နိုင်ခဲ့တဲ့ နေရာတွေကိုလဲ ဖောက်ထွက်နိုင်မယ်လို့ ယုံကြည်ထားခဲ့တယ်…အဲ့ဒီလိုကနေ ရှိရှိသမျှ ရေခဲအိုင်တွေအားလုံးကို ငါလိုက်ပြီးစားပြစ်တော့တာပဲ ”

” ဒီလိုနဲ့ပဲ ငါအိပ်လိုက်စားလိုက် အိပ်လိုက်စားလိုက် လုပ်နေရင်း အချိန်ဘယ်လောက်ကုန်သွားလဲတောင် ငါမသိတော့ဘူး ..ငါခန္ဓာကိုယ်မှာရှိတဲ့ သင်္ကေတတွေကိုကြည့်ရင်းနဲ့ပဲ ငါ့အသက်ခန့်မှန်းလို့ရတော့တယ် ”

” အဆုံးသတ်မှာ ရှိရှိသမျှ ရေခဲတွေအားလုံးကို ငါစားပြီတဲ့နောက် ရေခဲဂူရဲ့အောက်ခြေကနေ ထွက်လာပြီ ပင်လယ်ထဲကို ရောက်လာတယ်…ပင်လယ်ထဲမှာ ရေစီးကြောင်းနဲ့အတူ လိုက်ပြီးမျောနေရင်း တိုက်ကြီးတစ်ခုရဲ့ အဆုံးဆီကို ရောက်လာခဲ့တယ်…အဲ့ဒါနဲ့ငါလဲ တောင်ဘက်ကိုသွားတာ ပထမဆုံးရန်သူတော်ကို တွေ့ရတော့တာပဲ ”

” အဲ့ဒီအချိန် ငါခန္ဓာကိုယ်ပေါ်မှာ ရွှေရောင်သင်္ကေတကိုးခုရှိနေပြီဆိုတော့ နှစ်ပေါင်းကိုးသိန်း သားရဲကောင်အဖြစ် အဆင့်အတန်းရှိနေပြီးလို့ ပြောလို့ရတယ်…ငါ့ကိုယ်ငါ ဒီလောကကြီးမှာ ပြိုင်ဘက်ကင်းတဲ့ ဖြစ်တည်မှုလဲ ထင်ထားခဲ့တာ ဒါပေမယ့် ”

သူပြောလာရင်းနဲ့ ရှက်ရွံ့လာတဲ့ပုံစံ ဖြစ်လာခဲ့ပါတယ်။

” ငါနိုးလာပြီတဲ့အချိန်မှာ ဘယ်သူနဲ့မှ မတိုက်ခိုက်ခဲ့ရသေးဘူးလေ အဆုံးသတ်မှာတော့ ငါ့ရဲ့များပြားတဲ့စိတ်ဝိညာဉ်စွမ်းအားတွေကိုပဲ အသုံးချပြီး ရန်သူတွေကို နှိမ်းနင်းနေခဲ့တာ ဒါကြောင့်မလို့ ငါ့ရဲ့ တိုက်ခိုက်နိုင်တဲ့စွမ်းရည်ကို လေ့ကျင့်ဖို့စိတ်ကူး၀င်လာခဲ့တယ်…ဒါပေမယ့် သက်တမ်းနဲ့ တိုက်ခိုက်နိုင်တဲ့အစွမ်းနဲ့က ဘာမှဆိုင်မနေခဲ့တာကြောင့် နှစ်တစ်သန်းသားရဲကောင်ဖြစ်ပေမဲ့ သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအားကို နှစ်တစ်သောင်းသားရဲကောင်တွေလောက်ပဲ ရှိနေခဲ့တယ်…အဲ့ဒီနှစ်တစ်သောင်းသားရဲကောင်တွေထဲမှာ တစ်ချို့တိုက်ရေးခိုက်ရေးကောင်းတဲ့သူတွေဆိုရင် ငါ့ကိုအသာလေး အနိုင်ယူသွားမှာပဲ အပြင်လောကကြီးက အန္တရာယ်များလွန်တာ ငါသိပေမဲ့ ဘယ်လိုပြိုင်ရမလဲဆိုတာ ငါမမှတ်မိတော့ဘူး ”

” ပင်လယ်သမုဒ္ဒရာက အန္တရာယ်များတယ်ဆိုမှတော့ မြေပေါ်မှာရှိတဲ့ တိုက်ကြီးတွေကတော့ ပိုပြီး လုံခြုံနိုင်မယ်လို့ ငါထင်ခဲ့တယ်လေ…ဒါကြောင့် ငါလဲ ကုန်းပေါ်ကိုတက်လာခဲ့တယ်…ဒါပေမယ့် အဲ့ဒီတိုက်ကြီးတွေကလဲ ထင်သလိုမအေးချမ်းပြန်ဘူး ငါရေခဲတွေအများကြီးကိုစားလိုက်တာကြောင့် ဒီအပေါ်မှာသက်ရောက်မှုကြီးမားသွားတာလဲ ဖြစ်ကောင်းဖြစ်နိုင်တယ်…ဒါပေမယ့် ငါ့ရဲ့ခန္ဓာကိုယ်က အနံ့ထူးထူးခြားခြား မွှေးနေတော့ တခြားသားရဲကောင်တွေအားလုံးရဲ့ အာရုံကိုဖမ်းစားလိုက်တာပဲ သူတို့တွေက ငါ့ကိုအစာလို့ တွေးထားကြတယ်လေ ”

” အဆုံးသတ်မှာငါ့ကို နှစ်တစ်သိန်းသားရဲကောင်တစ်ကောင်က ဖမ်းသွားပြီး သစ်တောထဲကို ခေါ်လာခဲ့တယ်…သူငါ့ကို မသတ်ပဲနဲ့ တောထဲကိုခေါ်လာတာ သူပြောတာကို နားထောင်ပြီမှပဲ ဖြစ်နေတဲ့ကိစ္စတွေကို ငါနားလည်သွားတော့တယ်…ငါက မိုးကောင်းကင်နဲ့မြေပြင်ရဲ့ ယွမ်ချီတွေကိုအများကြီး ပိုင်ဆိုင်ထားတာကြောင့်မလို့ ငါ့ရဲ့ စွမ်းအားတွေကို သူတို့စုပ်ယူပြီ အသွင်ပြောင်းနိုင်မယ်ဆိုရင် နှစ်တစ်သိန်းသားရဲကောင်တွေအားလုံးက သူတို့ရဲ့သက်တမ်းကန့်သတ်ချက်ကို ကျော်ဖြတ်နိုင်လိမ့်မယ်….ဒါပေမယ့် ငါ့ရဲ့စွမ်းအားတွေကို စုပ်ယူဖို့က အချိန်အကြာကြီးကြာမှာဖြစ်တာကြောင့် သူတို့တွေသေသေချာချာ စဉ်းစားရလိမ့်မယ်…ငါက နှစ်တစ်သိန်းတောင်အသက်ရှင်လာတာ ဖြစ်လို့ သူတို့စုပ်ယူရမဲ့စွမ်းအားက များလွန်နေတယ်လေ ဒါကြောင့် သူအသိုက်ဆီကို ခေါ်လာခဲ့တာ ”

” ဒါပေမယ့် အဲ့ဒီကောင်က ဒီအစ်ကိုကြီးဘယ်လောက်အံ့ဩစရာကောင်းလဲဆိုတာကို လျှော့တွက်မိသွားတယ်…ငါက တိုက်ခိုက်တာမတော်ပေမဲ့ စွမ်းအားအရှိန်အဝါကို ကြိုက်သလိုထိန်းချုပ်နိုင်တယ် ..ဒါကြောင့် ရှိရှိသမျှ သားရဲကောင်တွေအားလုံးကို သစ်တောဆီ ရောက်လာအောင်လို့ မြားခေါ်လိုက်တော့တာပဲ ”

“‘နှစ်တစ်သောင်းအထက် ကျော်လွန်နေတဲ့ သားရဲကောင်တွေအားလုံး တိုက်ပွဲအကြီးကြီး ဖြစ်ပါလေရော သူတို့တွေအရမ်းကို ပျော်ပျော်ကြီးတိုက်ခိုက်ကြတယ်လေ ငါလဲ ထွက်ပြေးဖို့အခွင့်အရေးရတယ်လို့ ထင်ထားခဲ့ပေမဲ့ ဒီကောင်တွေ အရမ်းကောက်ကျစ်မယ်လို့ ဘယ်သူတွေးမိမှာလဲ တိုက်ပွဲကြီးပြီးခါနီးအချိန်မှာ သူတို့က ရပ်လိုက်ကြပြီး တစ်ယောက်နဲ့တစ်ယောက် ညှိနိုင်ကြတော့တယ်…အဆုံးသတ်မှာ ဒီအစ်ကိုကြီးအတွက်တော့ ကပ်ဆိုးမိုးမှောင်ကြသွားခဲ့ရတယ်လေ သူတို့တွေက နောက်ဆုံးမှာ သဘောတူလိုက်ပြီး ဒီအစ်ကိုကြီးရဲ့ စွမ်းအားတွေအားလုံးကို အတူတူစုပ်ယူဖို့ ကတိပြုလိုက်ကြတယ်…ဒါကြောင့် သစ်တောကြီးရဲ့အလယ်မှာ ဖမ်းချုပ်ထားခဲ့ပြီး ခန္ဓာကိုယ်ထဲက ရှိရှိသမျှ မိုးကောင်းကင်နဲ့ မြေကမ္ဘာယွမ်ချီစွမ်းအားတွေကို ထုတ်လွှတ်စေခဲ့တယ်…ပိုပြီးသန်မာတဲ့ သားရဲကောင်တွေက နီးကပ်တဲ့နေရာမှာ နေရတယ်..သူတို့ရရှိတဲ့ အကျိုးအမြတ်က ပိုပြီး များနိုင်မှာလေ အဲ့ဒီခွေးမသားတွေက ဒီအစ်ကိုကြီးတွေကို သူတို့အစာလို့လုံး၀ သတ်မှတ်ထားတာပဲ ”

” ဒီလိုနဲ့ ခုခံဖို့နည်းလမ်းလဲ မရှိဘူးဆိုမှတော့ သူတို့ကို လုပ်ချင်တိုင်း ပေးလုပ်ထားရတာပေါ့ သူတို့ ဒီလိုထိန်းချုပ်ထားတဲ့အချိန်ကာလအတွင်းမှာပဲ လွှတ်မြောက်ဖို့အစီအစဉ်လဲ ဆွဲနေခဲ့သေးတယ်…ဒီအစ်ကိုကြီးရဲ့ စွမ်းအားတွေကို သူတို့ကတော့ ဆက်တိုက်စားသုံးရင်းနဲ့ ကုန်ခမ်းအောင် လုပ်နေကြတယ်လေ ငါ့ရဲ့ယွမ်ချီတွေက အရမ်းကို သန့်စင်လွန်တာကြောင့် သူတို့တွေ နှစ်ပေါင်းတစ်သောင်းစုပ်ယူတာတောင် မကုန်ခမ်းနိုင်သေးဘူး…နှစ်ပေါင်းသန်းနဲ့ချီပြီ စဉ်းစားလေ့လာပြီတဲ့နောက် သူတို့ဆီက လွှတ်မြောက်ဖို့လိုရုံတင်မကပဲ သူတို့ရဲ့ တိုက်ခိုက်မှုကနေ ကင်းလွှတ်နိုင်ဖို့အရှိန်အဝါတွေကို ဖုံးကွယ်ထားရမယ်ဆိုတာကိုပါ သဘောပေါက်သွားခဲ့တယ်…လူသားတွေက ချက်ချင်းအမြင်ထဲကို ၀င်လာခဲ့တယ်လေ တစ်ချို့ထူးထူးခြားခြား သန်မာတဲ့ သူတွေက ဒီသစ်တောထဲကို၀င်လာပြီး သားရဲကောင်တွေကို အမဲလိုက်ကြတယ်…ကံမကောင်းစွာနဲ့ပဲ သူတို့တွေ ကံဆိုးသွားကြတာပဲ ဒီအစ်ကိုကြီးရဲ့ စွမ်းအားကနေ အားဖြည့်မှုရထားတာကြောင့် အဆင့်မြင့်တဲ့ သားရဲကောင်တွေက အရမ်းကို သန်မာနေကြတယ်…ဒါကြောင့်မလို့ လာတဲ့လူတွေလဲ အများကြီး ရှုံးနှိမ့်ခဲ့ရတယ်လေ အဲ့ဒီလိုကနေ လူသားတွေရဲ့ အားသာချက်ကို နားလည်လာရတာပဲ ”

” အစ်ကိုကြီးမှာ စိတ်ဝိညာဉ်စွမ်းအားနဲ့ ရေခဲစွမ်းအားဆိုပြီ စွမ်းအင်နှစ်မျိုးရှိတယ် အချိန်အတော်ကြာစဉ်းစားပြီတဲ့နောက် လူသားဝိညာဉ်စက်ကွင်းတစ်ခုအဖြစ်ကို ပြောင်းလဲပြစ်ဖို့ ဆုံးဖြတ်ချက် ချလိုက်ရတော့တာပဲ အကယ်၍ အဲ့ဒီလိုသာ ဖြစ်လာခဲ့မယ်ဆိုရင် ရွေးချယ်ခံထားရတဲ့လူသားက သေချာပေါက် သာမန်မဟုတ်အောင် သန်မာရလိမ့်မယ်…ဒါ့အပြင် အစ်ကိုကြီးရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေကို အသုံးပြုပြီး တိုက်ခိုက်တဲ့နေရာမှာလဲ ပိုတော်လိမ့်မယ်…အစ်ကိုကြီးကတော့ ကိုယ်ပိုင်အသိဉာဏ်ရှိနေဦးမှာပေါ့ ဒါဆိုရင် ပြိုင်ဘက်ကင်းတဲ့ အသိဉာဏ်ရှိတဲ့ ပြိုင်ဘက်ကင်းဝိညာဉ်စက်ကွင်း ဖြစ်လာလိမ့်မယ်လို့ ထင်ထားခဲ့တာ ဒီလိုသာ ဖြစ်လာခဲ့မယ်ဆိုရင် အစ်ကိုကြီးလဲ တန်ပြန်လက်စားချေနိုင်ပြီး ဒါ့အပြင် အဲ့ဒီခွေးမသားတွေအားလုံးကို သတ်ပြစ်မယ်…ဒါကြောင့်မလို့ အစီအစဉ်ကို စတင်အကောင်အထည်ဖော်ခဲ့တယ်လေ…ပထမဆုံးကြိုးစားမှုမှာ ကျရှုံးသွားမယ်လို့ ဘယ်သူထင်ခဲ့မိမှာလဲ ငါပထမဆုံးရွေးချယ်လိုက်တဲ့သူက မင်းတို့လူသားတွေ သော်လော့လို့ခေါ်တဲ့ လူပဲ သူက တကယ်ကိုသန်မာတယ်…ဒါပေမယ့် အမှိုက်သရိုက်ပဲလေ ငါ့ရဲ့ မူလခန္ဓာကိုယ်ကို မမြင်ရသေးခင်အချိန်မှာ သူက ချက်ချင်းပေါက်ကွဲထွက်သွားလို့ စိတ်ဝိညာဉ်စွမ်းအားတွေရဲ့ လှိုင်းကိုတောင် မခံနိုင်လိုက်ဘူး…ဒါကြောင့် လက်ခံတဲ့သူက ထူးခြားတဲ့အချက်တွေ ရှိနေရမယ်ဆိုတာကို ငါလဲ ပိုပြီး နားလည်သွားခဲ့ရတယ်…ပထမဆုံးစိတ်ဝိညာဉ်စွမ်းအားမှာ လူသားခန္ဓာကိုယ်ကို ပိုင်ဆိုင်တဲ့အရာဖြစ်ရမယ်…ဝိညာဉ်စွမ်းအားကို ထိန်းသိမ်းနိုင်တဲ့သူလဲ ဖြစ်ရမယ်…ဒါက ပိုပြီး ခက်ခဲတဲ့အရာပဲ ရလဒ်မရှိဘူးမလို့ နောက်ထပ် နှစ်ထောင်နဲ့ချီပြီး ရှာဖွေနေရင်းကနေ ငါ့ရဲ့စွမ်းအင်တွေအကုန်လုံးနီးပါးကိုလဲ သားရဲကောင်တွေ စုပ်ယူနေတာခံရတယ်….ဒီအစ်ကိုကြီးလဲ နောက်ဆုံးမှာတော့ ဖယောင်းမရှိတော့တဲ့ ဖယောင်းတိုင်းဖြစ်ပြီ ကျန်ရစ်ခဲ့တယ်လေ ”

” ဒါပေမယ့် မိုးကောင်းကင်က အစ်ကိုကြီးကို မျက်နှာသာပေးနေတယ်…စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့အချိန်မှာပဲ ဆယ့်ခုမြောက်ရွှေရောင်သင်္ကေတက ခန္ဓာကိုယ်ပေါ်မှာ ပေါ်ထွက်လာခဲ့တယ်….နောက်ဆုံးမှာတော့ ပြိုင်ဘက်ကင်းတဲ့ နှစ်တစ်သန်းဝိညာဉ်သားရဲကောင်ဖြစ်လာခဲ့ရပြီး ဒီရွှေရောင်သင်္ကေတ ပေါ်လာပြီတဲ့နောက် နှစ်တစ်သိန်းသားရဲကောင်တွေရဲ့ တိုက်ခိုက်နိုင်စွမ်းကို ခုခံနိုင်တဲ့စွမ်းအားကိုလဲ ပိုင်ဆိုင်ခဲ့ရတယ်လေ ကိုယ်ပိုင်အရှိန်အဝါကိုလဲ ဖုံးကွယ်သွားနိုင်တယ်…ဒါကြောင့် နာမည်ကို ရွှေသင်္ကေတရေခဲပိုးကောင်အစား ကောင်းကင်အိပ်မက်ရေခဲပိုးကောင်အဖြစ် နာမည်ပြန်ပြောင်းလိုက်တာ ဒါပေမယ့် အခုအချိန်ထိတော့ နာမည်တစ်သိန်းသားရဲကောင်တွေအများကြီးကို မတိုက်ခိုက်နိုင်သေးဘူး ..ဒါ့အပြင် မိုးကောင်းကင်နဲ့ မြေပြင်ရဲ့ ယွမ်ချီကိုလဲ သူတို့စုပ်ယူတာ ကုန်တော့မယ်မဟုတ်လား လက်ရှိအချိန် ကျန်နေသေးတဲ့ စွမ်းအားက မူလဝိညာဉ်စွမ်းအားပဲ ရှိတော့တာကြောင့် အဲ့ဒီစွမ်းအားက အများကြီးအထောက်အကူပေးနိုင်တယ်…အခုအချိန်အထိ သူတို့မစုပ်ယူရသေးတဲ့ စွမ်းအင်နှစ်မျိုးကလဲ ရှိနေသေးတယ်…ဒါကြောင့် လက်ရှိအချိန်မှာ လက်စားပြန်မချေနိုင်သေးပေမဲ့ အရှိန်အဝါတွေကို ဖုံးကွယ်ရင်း မြေပြင်ကိုဖြတ်ကျော်ပြီး ထွက်ပြေးခဲ့ရတာပဲ ”

အပိုင်း ၃•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset