အပိုင်း ၈၇•၁
” အမျက်ဒေါသအတွက် ရူးသွပ်မှု ”
°`°
ဒိုင်းကာကိုင်ဆောင်သူလေးယောက်က အစွမ်းကုန်းကြိုးစားပြီ ခုခံကြပါတယ်။ ဒါပေမယ့် အေးခဲနဂါးလက်သီးစွမ်းအားကို အနည်းငယ်တာဆီးရုံသာ တတ်နိုင်ခဲ့ပါတော့တယ်။ လက်ရှိအချိန်မှာ သူတို့ရဲ့တိုက်ခိုက်လိုတွေက လုံး၀ကိုပျောက်ဆုံးသွားခဲ့ပါပြီ။ အားလုံးကတော့ သူတို့ရှေ့မှာရှိနေခဲ့တဲ့ နတ်ဘုရားတစ်ပါးလိုလူငယ်ကို ထိတ်လန့်ကြောက်ရွံ့မှုအပြည့်နဲ့သာ ကြည့်နေခဲ့ပါတော့တယ်။ ဒဏ်ရာတွေကတော့ သွေးတွေတစ်စက်စက်စီးကျနေဆဲပါ။ အဲ့ဒီနောက် သူတို့ရဲ့အဖွဲ့ခေါင်းဆောင်ရှန်ချဲ့ကို ပြန်လှည့်ကြည့်မိလိုက်ပါတော့တယ်။ ဟို့ယွိဟောင် အဲ့ဒီနေရာမှာ ရပ်နေဆဲဖြစ်ပေမဲ့ သူ့မျက်၀န်းထဲမှာရှိနေခဲ့တဲ့အနီရောင်ကတော့ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ သူ့အဖွဲ့သားတွေက စင်မြင့်ကနေ ဘေးဖယ်သွားတာကြောင့် သူတစ်ယောက်ထဲက စင်မြင့်ပေါ်မှာကျန်ရှိနေခဲ့ရင်း အားလုံးကိုလွှမ်းမိုးနိုင်တဲ့ နတ်ဘုရားတစ်ပါးလိုအသွင်ကိုဆောင်နေခဲ့ပါတယ်။ သူ့အနေနဲ့ ပြိုင်ပွဲဒုတိယအကြိမ်လှုပ်ရှားတာပါပဲ။ ပထမအကြိမ်က ၀မ်သုန့်နဲ့အတူတူရှိနေခဲ့တာပါ။ ဒီတစ်ကြိမ်မှာကတော့ သူတစ်ယောက်ထဲသာ လှုပ်ရှားလိုက်ပါတယ်။
အမျက်ဒေါသကျောင်းတော်ရဲ့ ပထမဆုံးပြိုင်ပွဲမှာ သူပေါ်ထွက်လာမှုက တခြားကျောင်းတော်တွေအားလုံးရဲ့စိတ်ဓာတ်ကို ရိုက်ခတ်မှုဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းတော်တိုင်းကလဲ နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းခြောက်ကွင်းပိုင်ဆိုင်တဲ့ ဟို့ယွိဟောင်ကို ဆက်တိုက်ဆိုသလို ရှာဖွေစူးစမ်းဖို့လုပ်ခဲ့ပါတယ်။ သူ့ရဲ့၀ိညာဥ်စွမ်းရည်နဲ့ ၀ိညာဥ်စက်ကွင်းတွေက မယုံနိုင်စရာကောင်းလွန်နေရုံတင်မကပဲ အမျက်ဒေါသကျောင်းတော်က အသန်မာဆုံးကျောင်းတော်ဖြစ်နေတာကြောင့် သူတို့မစူးစမ်းပဲမနေ၀ံ့တာပါ။
ဒါပေမယ့် နေလနိုင်ငံတော် တော်၀င်၀ိညာဥ်လက်နက်ကျောင်းတော်အပါအ၀င်ဘယ်ကျောင်းတော်မှ ကျေနပ်စရာကောင်းတဲ့အဖြေကို မရခဲ့ပါဘူး။ လက်ရှိအချိန်မှာတော့ အမျက်ဒေါသကျောင်းတော်က သူတို့အတွက်သေချာမျှော်ကြည့်လို့မရတဲ့ တိမ်တိုက်ကြီးလိုဖြစ်နေခဲ့ပါတယ်။
အသက်ဆယ့်ငါးနှစ်တောင်မပြည့်သေးတဲ့ လူငယ်လေးက ဘယ်လိုများ၀ိညာဥ်ဧကရာဇ်ဖြစ်နိုင်မှာလဲ။ ဒါ့အပြင် ၀ိညာဥ်စက်ကွင်းခြောက်ကွင်းစလုံးက နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းတွေကို ဘယ်လိုများပိုင်ဆိုင်မှာလဲ။ ဒါကမိုးကောင်းကင်ကိုတောင် တုပြိုင်လို့ရတဲ့ဖြစ်တည်မှုတစ်ခုပါ။ ဒါတွေက ပုံရိပ်ယောင်သို့မဟုတ် အယောင်ဆောင်တစ်ခုခုလို့အားလုံးနားလည်ကျပေမဲ့ ဘယ်လိုများ အသုံးချနိုင်မလဲဆိုတာ မပြောတတ်သေးပါဘူး။
ဒါကြောင့် ဟို့ယွိဟောင် နောက်ထပ်လှုပ်ရှားနေတာကို သူတို့စောင့်နေခဲ့ပါတယ်။ ပထမပြိုင်ပွဲက အရမ်းကိုမြန်မြန်ဆန်ဆန်နဲ့ ပြီးဆုံးလို့သွားခဲ့ပေမဲ့ ပြိုင်ပွဲကတော့အဲ့ဒီလောက်အမြန်မပြီးနိုင်သေးပါဘူး။ ဒီထူးဆန်းတဲ့လူငယ်က နောက်ဆုံးမှာတော့ တတိယပွဲစဥ်မှာပြသခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာပဲ နောက်တစ်ခေါက် လူတွေအားလုံးကို ထိတ်လန့်စေပါတော့တယ်။ အာလန်ယဲ့ရဲ့တိုက်ခိုက်မှုက သူမရဲ့ ဦးခေါင်းခွံအရိုးကို သုံးထားပြီ၀ိညာဥ်ဘုရင်အဆင့်စွမ်းအားရှိနေခဲ့တာပါ။ ဒါပေမယ့် သူကတော့ သူ့မရဲ့သိုင်းပညာ၀ိညာဥ်ဖန်တီးထားမှုကို ဖျက်ဆီးပြစ်လိုက်ပါတယ်။ ကြည့်နေတဲ့သူတွေရဲ့သံသယကတော့ ထိတ်လန့်မှုအဖြစ်ကိုပြောင်းလဲလို့သွားခဲ့ပါပြီ။ ၀ိညာဥ်ဧကရာဇ်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူဒီလောက်အထိ လွယ်လွယ်ကူကူဖြေရှင်းနိုင်စရာအကြောင်းမရှိပါဘူး။ ဒါပေမယ့် အဓိကပြဿနာကတော့ သူဘယ်လိုစွမ်းရည်အသုံးပြုလိုက်လဲဆိုတာကို ဘယ်သူမှမသိနိုင်ပဲရှိနေခဲ့တာပါ။ စိတ်၀ိညာဥ်တစ်ထောင်ကျောင်းတော်ရဲ့အဖွဲ့သားတွေအားလုံးက သူ့ကို ကြောက်စရာကောင်းလွန်နေတယ်လို့သာ ပြောချင်ကြပါတယ်။ အဖွဲ့တစ်ခုလုံးကို တစ်ယောက်ထဲနဲ့ချက်ချင်းနှိမ်းနင်းပြစ်လိုက်တာပါ။
” သူက တကယ်ပဲစိတ်၀ိညာဥ်ဧကရာဇ်တစ်ယောက်လား နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းခြောက်ကွင်းရှိနေသူလား ကျောင်းတော်တွေအားလုံးက သူတို့ရဲ့အစောပိုင်းအကဲဖြတ်မှုတွေကိုသာ သံသယ၀င်လာပါတော့တယ်။ ဒီလူငယ်သာ အဲ့ဒီအဆင့်ကိုရောက်နေခဲ့မယ်ဆိုရင် အခုပြိုင်ပွဲမှာအမျက်ဒေါသကျောင်းတော်ကို ဘယ်သူကများ ယှဥ်ပြိုင်နိုင်မှာလဲ နောက်ထပ်ရောဘယ်လိုများဖြစ်လာမှာလဲ။
ပေ့ပေ့က ရှန်ချဲ့ဖက်ကိုလှည့်ရင်းပြောလိုက်ပါတယ်။
” ငါတို့ ဆက်လုပ်ကြမလား ”
ရှန်ချဲ့ကတော့ လက်ရှိအချိန်သတိလစ်နေပြီဖြစ်တဲ့ အာလန်ယဲ့ကိုကြည့်ရင်းသက်ပြင်းချကာပြောလာခဲ့တယ်။
” ငါတို့အရှုံးပေးပါတယ် ”
ဟို့ယွိဟောင်က သူအဖွဲ့သားတွေရဲ့အဝေးမှာရှိနေပြီ တစ်ယောက်ထဲတောက်ပနေခဲ့တာပါ။ ရှန်ချဲ့အတွက်ကတော့ အစောပိုင်းထဲက တိုက်ခိုက်ဖို့ပြင်ဆင်ထားခဲ့ပြီဖြစ်သလို အရှေ့ဆုံးမှာရပ်နေခဲ့တာကြောင့် အခြေအနေတွေအားလုံးကို ရှင်းရှင်းလင်းလင်းမြင်နေခဲ့ရပါတယ်။ ကိစ္စတွေက ဒီအချိန်အထိ ရောက်သွားခဲ့ပါပြီ။ အကယ်၍ သူရဲ့ ၀ိညာဥ်ဘုရင်ရဲ့ စွမ်းအားကိုဖောက်ခွဲလိုက်မယ်ဆိုရင်တောင် ဟယ့်ချိုက်ထို့ကိုအနိုင်ယူဖို့မမီနိုင်သေးပါဘူး။ ဒါ့အပြင် ရှုစန်းရှီရဲ့စွမ်းအားကလဲ ခုခံမှုမှာအရမ်းကိုမြင့်မားပါသေးတယ်။
စိတ်၀ိညာဥ်တစ်ထောင်ကျောင်းတော်ဖက်ကတော့ သူတို့ရဲ့အဓိကအထောက်အပံ့ပြုသူ အာလန်ယဲ့ရဲ့ အကာအကွယ်ကိုလဲ ဆုံးရှုံးလိုက်ပြီဖြစ်ပါတယ်။ ရှန်ချဲ့ကတော့ သူ့ကိုယ်သူတတ်နိုင်သလောက်စိတ်ငြိမ်အောင်ထိန်းထားခဲ့တယ်။ အကယ်၍ အဲ့ဒီထူးဆန်းတဲ့ လူငယ်မလှုပ်ရှားခဲ့ရင်တောင် သူ့အနေနဲ့ တိုက်ခိုက်နိုင်စွမ်းအားလုံးကိုလဲ ဆုံးရှုံးသွားခဲ့ပါပြီ။ ဆက်တိုက်ဖို့လဲ အကြောင်းအရင်းမရှိတော့ပါဘူး။
” အမျက်ဒေါသကျောင်းတော်အနိုင်ရရှိပြီ ”
အမျက်ဒေါသကျောင်းတော်ရဲ့ လူခုနှစ်ယောက်က ဒိုင်းလူကြီးရဲ့ စကားကိုကြားချိန်မှာ တစ်တန်းထဲရပ်လိုက်ကြပါတယ်။ အဲ့ဒီနောက် ပြိုင်ဘက်တွေကို တခဏတာဦးညွတ်လိုက်ပြီတဲ့နောက် စင်ပေါ်ကနေတစ်ယောက်ပြီတစ်ယောက် ဆင်းသွားခဲ့ပါတယ်။ ဟို့ယွိဟောင် စင်အောက်ကိုဆင်းသွားချိန်မှာ အာလန်ယဲ့ကို လက်၀ါးနဲ့တစ်ချက်ဖိချလိုက်တယ်။ သူမက နာနာကျင်ကျင်အော်ဟစ်လိုက်ပြီတဲ့နောက် သတိပြန်လည်လာခဲ့ပါပြီ။ ဟို့ယွိဟောင်ကို မြင်လိုက်ချိန်မှာတော့ သူ့ရဲ့မျက်လုံးတွေက အရမ်းကိုအကြောက်တရားအပြည့်နဲ့ တုန်လှုပ်လို့သွားပါတော့တယ်။ ရှန်ချဲ့က အာလန်ယဲ့ကို ခပ်မြန်မြန်ပဲ တွဲထူးပြီမေးလိုက်တယ်။
” လန်ယဲ့ မင်းအဆင်ပြေရဲ့လား ”
” ကြောက်စရာကောင်းလိုက်တာ အရမ်းကြောက်စရာကောင်းတာပဲ ဒါကသေချာပေါက် နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းပဲ ငါကျိန်နိုင်တယ်..ဒီရေခဲစွမ်းအားရဲ့ဖိအားကို အရင်တုန်းက ခံစားဖူးတယ် ”
” ဘာဖြစ်တယ် တကယ်ကြီးလား ”
ရှန်ချဲ့က ပြောလိုက်ပါတယ်။
အာလန်ယဲ့ကတော့ ဖြူဖျော့နေတဲ့မျက်နှာနဲ့သာ ခေါင်းညိတ်လိုက်တယ်။
” အသက်ဆယ့်ခြောက်နှစ်တုန်းက အဘိုးနဲ့အတူ မြောက်၀င်ရိုးစွန်းကိုသွားပြီသင့်တော်တဲ့ တတိယ၀ိညာဥ်စက်ကွင်းကိုသွားရှာခဲ့တယ်… ဒါပေမယ့် အရမ်းကိုဝေးဝေးရောက်သွားတာကြောင့် ရုတ်တရက်အစိမ်းရင့်ရောင်အရိပ်တစ်ခုကို မြင်လိုက်ရတယ်လေ အဲ့ဒီအရိပ်ရဲ့ အရှိန်နှုန်းကမြန်လွန်လို့ ငါ့အဘိုးကငါ့ကို မြေပြင်ထဲအချိန်မီတွန်းချလိုက်ပြီ ငါ့ခန္ဓာကိုယ်ကို သူ့တစ်ကိုယ်လုံးအသုံးပြုပြီး ကာကွယ်ထားခဲ့ရတယ်။ ဆယ့်ငါးမီနစ်တိတိကြာပြီတဲ့နောက်အချိန်မှသာ အဘိုးကပြီးပြီချင်ထရပ်နိုင်တာပဲ အဲ့ဒီအချိန်အဘိုးရဲ့နောက်ကျောမှာနှင်းကိုက်ရာက အလွှာလိုက်အကြီးကြီးဖြစ်နေခဲ့ပြီ ”
” အဲ့ဒီအချိန်မှာ အဘိုးက ငါ့ကိုပြောခဲ့တယ်..ငါတို့က မြောက်၀င်ရိုးစွန်းမှာရှိတဲ့ ကြောက်စရာအကောင်းဆုံးသတ္တ၀ါထဲက တစ်ကောင်နဲ့တွေ့တာတဲ့..အဲ့ဒါကသေချာပေါက် နှစ်တစ်သိန်းသားရဲကောင်ပဲ အဘိုးက ငါ့ကိုချက်ချင်းဆွဲပြီ အဲ့ဒီနေရာကနေ ပြေးထွက်ခဲ့တော့တယ်..အပြင်ကိုပြန်ရောက်တဲ့အချိန်မှာ သူရခဲ့တဲ့ နှင်းကိုက်ဒဏ်ရာကိုကုသဖို့ တစ်နှစ်ကျော်ကျော်တောင် အချိန်ယူလိုက်ရတယ်..အဲ့ဒီအချိန်ကနေစပြီ မြောက်၀င်ရိုးစွန်းမှာအမဲလိုက်ဖို့အကြောင်း နောက်ထပ် သူဘယ်တော့မှမပြောတော့ဘူး ”
” နှစ်တွေအများကြီးကုန်သုံးသွားပေမဲ့ အဲ့ဒီ၀ိညာဥ်သားရဲကောင်ရဲ့အရှိန်အ၀ါကို ငါအမြဲမှတ်မိတယ်..ငါတို့ခုနကတွေ့လိုက်ရတဲ့ကောင်လေးထုတ်တဲ့အရှိန်အ၀ါနဲ့ အဲ့ဒီအငွေ့အသက်တွေက အတူတူပဲ ငါအဘိုးတဲ့ပြန်ရောက်တဲ့အချိန်မှာ အဘိုးက ငါတို့ဘာကြောင့်အသင်ရှင်လျက်ပြန်လာနိုင်တယ်ဆိုတာကို ပြောပြခဲ့တယ်… အဲ့ဒီနှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်က ငါတို့ကို သတိမထားမိဘူးတဲ့ ငါတို့က အရမ်းကိုအားနည်းနေတာကြောင့် သူက ငါတို့ကို ဂရုလဲစိုက်မနေဘူးလေ ဒါကြောင့်သာ ကံကောင်းပြီအသက်ရှင်ခဲ့ရတာပဲ ”
အဲ့ဒီနောက် သူမလဲလေအေးအေးတွေကို မှုတ်ထုတ်လိုက်ပါတော့တယ်။ လက်ရှိအချိန်အောက်ဖက်ကိုဆင်းသွားနေပြီဖြစ်တဲ့ ဟို့ယွိဟောင်ကိုကြည့်ရင်း သူမရဲ့တစ်ကိုယ်လုံးကလဲ တုန်လှုပ်လို့နေခဲ့ပါတယ်။ အဲ့ဒီနောက် ရှန်ချဲ့က သူ့ကိုပြောလိုက်တယ်။
” ဒါဆိုရင် သွားကြမယ် ငါတို့တွေပြန်ရောက်တဲ့အချိန်မှ ပြောကြမယ်လေ အမျက်ဒေါသကျောင်းတော်က ငါတို့အနိုင်ယူဖို့အိပ်မက်တောင်မမက်နိုင်တဲ့အခြေအနေရောက်နေပြီပဲ အမျက်ဒေါသကျောင်းတော်ရဲ့ ၀င်ခွင့်စာမေးပွဲကို အဲ့ဒီနေ့တုန်းကသွားပြီမဖြေခဲ့မိလို့ငါတကယ်နောင်တရလိုက်တယ် ”
အာလန်ယဲ့ ပြောခဲ့တဲ့စကားတွေကို သူသံသယလုံး၀မရှိပါဘူး။ သူမက သူ့ရဲ့ချစ်သူဖြစ်နေတာကြောင့်ဟုတ်သလို ပုံမှန်အခြေအနေတွေမှာ အတော်လေးကို တိတ်တဆိတ်နဲ့ငြိမ်ငြိမ်သက်သက်နေပြီ စကားပြောခဲ့သူဖြစ်တာကြောင့်ပိုယုံကြည်တာပါ။ သူမ ဒီလောက်အများကြီးစကားပြောတာကို သူမြင်ဖူးတာပထမဆုံးအကြိမ်ပါပဲ။ အမျက်ဒေါသကျောင်းတော်ရဲ့ ထူးဆန်းတဲ့အဲ့ဒီလူငယ်က သူ့ကိုဘယ်လောက်လန့်သွားစေလဲဆိုတာ ကြည့်နေရုံနဲ့သိနေခဲ့ပြီ လက်ရှိအချိန်မှာကတော့ လူမမြင်ကွယ်ရာရောက်ချိန်မှာ အမျက်ဒေါသကျောင်းတော်ရဲ့ လူတွေအားလုံး သက်ပြင်းချလိုက်မိပါတော့တယ်။
စွမ်းအားအကုန်လုံးပေါင်းစည်းလိုက်မယ်ဆိုရင် အမျက်ဒေါသကျောင်းတော်ရဲ့လက်ရှိမိစ္ဆာခုနှစ်ဖော်က စိတ်၀ိညာဥ်တစ်ထောင်ကျောင်းတော်ထက် သိပ်ပြီမသန်မာပါဘူး။ ၀မ်သုန့် ရှောင်းရှောင်းတို့တွေက ပိုလို့တောင်အားနည်းနေပါသေးတယ်။ သူတို့တွေက ဒီလိုအဖွဲ့လိုက် တိုက်ပွဲထဲမှာအတော်ကို အားနည်းတဲ့သူတွေပါ။ ရှောင်းရှောင်းနဲ့ ၀မ်သုန့်တို့က မလှုပ်ရှားခဲ့ဘူးဆိုတာ မ လုပ်ချင်တာကြောင့်မဟုတ်ပါဘူး။ သူတို့တွေတိုက်ခိုက်မယ်ဆိုရင်တောင် ရလဒ်သိပ်ပြီမရှိနိုင်တာဖြစ်နေလို့ပါပဲ။
အကယ်၍ တစ်စုံတစ်ယောက်ကသာ သူတို့ကိုသေချာစိုက်ကြည့်မယ်ဆိုရင် ဟို့ယွိဟောင်နဲ့ ရှုစန်းရှီတို့နေရာပြောင်းလဲလိုက်တာကို သတိထားမိမှာပါ။ သူတို့တွေ ဒီလိုလုပ်လိုက်ချိန်မှာ ၀မ်သုန့်နဲ့ရှောင်းရှောင်းတို့ကလဲ ၀ိညာဥ်စက်ကွင်းခြောက်ကွင်းစလုံးကို ပြန်သိမ်းသွားခဲ့ပါတယ်။ ဟို့ယွိဟောင်က အရမ်းကို စိုးရိမ်နေခဲ့တာကြောင့် ဒီသေကွင်းသေကွက်တိုက်ခိုက်မှုကို အမြန်ဆုံးရှောင်ရှားဖို့သာ အာရုံစိုက်နေခဲ့ရပါတယ်။ ဒါ့အပြင် နှစ်တစ်သိန်း၀ိညာဥ်ခြောက်ကွင်းနဲ့ သူပေါ်ထွက်လာချိန်မှာတော့ ဒိုင်အနေနဲ့လဲ သူ့ကိုကယ်တင်ဖို့ထွက်လာတာမဟုတ်ပါဘူး။ ရှုစန်းရှီက သူ့ကိုကယ်လိုက်တာလို့လဲပြောလို့ရပါတယ်။ သူ့ဘာသာသူရှောင်ရှားလိုက်တာလဲ မဟုတ်ပေမဲ့ ဟို့ယွိဟောင်အနေနဲ့လဲအတူတူစိတ်ဖိစီးနေဆဲပါ။
ပြိုင်ပွဲရဲ့အစကိုပြန်သွားလိုက်မယ်ဆိုရင် ဟယ့်ချိုက်ထို့ရဲ့ တိုက်ခိုက်မှုကြောင့်သာ မဟုတ်လို့ကတော့ တစ်ဖက်လူတွေရဲ့ အကာအကွယ်ကို အမြန်ဆုံးဖျက်ဆီးပြစ်နိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် အသန်မာဆုံးပြိုင်ဘက်ဖြစ်တဲ့ ရှန်ချဲ့ကလဲ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထိတ်လန့်မှုကြောင့် တိုက်ခိုက်မှုကိုလွဲချော်သွားခဲ့တာပါ။ အကယ်၍ ဒါတွေအကုန်လုံးသာပြန်မကောင်းခဲ့လို့ကတော့ သေချာပေါက် အနိုင်ရသူကို ခန့်မှန်းဖို့ခက်ပါလိမ့်မယ်။
ဒိုင်းကာလေးယောက်ရဲ့ ခုခံနိုင်စွမ်းက ရှုစန်းရှီထက်အားနည်းတာအမှန်ပါပဲ။ ဒါပေမယ့် သူတို့အတူတူပေါင်းစည်းပြီအလုပ်လုပ်ချိန်မှာတော့ ပါရမီရှင်ဖြစ်တဲ့ ရှုစန်းရှိီတောင် မယှဥ်နိုင်တဲ့အနေအထားကိုဖြစ်နေခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ အမျက်ဒေါသကျောင်းတော်အနေနဲ့ သူတို့ရဲ့ပေါင်းစည်းအင်အားကြောင့် အနိုင်ရခဲ့ပါပြီ။ နည်းလမ်းပေါင်းစုံကိုအသုံးပြုရုံတင်မက အစွမ်းအစတွေအားလုံးကိုပါ ထုတ်သုံးခဲ့ရတာပါ။
အဆုံးသတ်မှာဟို့ယွိဟောင်က သူ့အသင်းဖော်တွေအားလုံးကို အစားထိုးရင်းအရှေ့ဆုံးမှာရပ်တည်ပြီ အာလန်ယဲ့ရဲ့ ရေခဲစွမ်းအင်ကို ဖိနှိမ့်ခဲ့ပါတယ်။ အကယ်၍ အာလန်ယဲ့ကသာ ရေခဲအမျိုးအစား၀ိညာဥ်ပညာရှင်မဟုတ်ခဲ့ဘူးဆိုရင် ဒီပြိုင်ပွဲကဆက်သွားနေဦးမှာပါပဲ။ သူတို့တွေ နိုင်ကောင်းနိုင်ပေမဲ့ ဟို့ယွိဟောင် အစောပိုင်းက လုပ်ခဲ့သလောက်တော့ ကြောက်စရာကောင်းမှာမဟုတ်တာအမှန်ပါ။
ဒါကြောင့် အမျက်ဒေါသကျောင်းတော်အနေနဲ့ ကံကောင်းပြီအနိုင်ရသွားတယ်လို့ပြောလို့ရပါတယ်။ နိုင်ရုံတင်မကပဲ အစောပိုင်းတုန်းကထဲက ရှိနေခဲ့တဲ့ထူးဆန်းမှုကိုလဲ ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ အင်အားအစစ်အမှန်ကို ဆက်တိုက်ဖုံးကွယ်ထားနိုင်ဆဲဖြစ်သလို လာမဲ့ပြိုင်ပွဲအတွက်လဲ ဘယ်သူမှမခန့်မှန်းနိုင်အောင် လုပ်နိုင်ခဲ့ပါပြီ။ ဒါပေမယ့် ၀မ်ယန်ကတော့ စပြီစိုးရိမ်လာပါတော့တယ်။ အခုဒီနေ့ရင်ဆိုင်ရတဲ့ကျောင်းတော်က အသန်မာဆုံးပြိုင်ဘက်မဟုတ်သေးပါဘူး။ သူတို့ရဲ့ဒီလိုကံကောင်းမှုက ဘယ်လောက်များခံမှာလဲ။
အစောပိုင်းနှစ်ပွဲလိုမှာပဲ အမျက်ဒေါသကျောင်းတော်ရဲ့အဖွဲ့သားတွေက ချက်ချင်းထွက်ခွာလို့သွားခဲ့ပါတယ်။ ဟို့ယွိဟောင်ကတော့ ဦးဆောင်ပြီအေးအေးဆေးဆေးလျှောက်နေဆဲပါ။ စောင့်ကြည့်နေသူတွေက ဘယ်လောက်ပဲကျယ်ကျယ်လောင်လောင်အော်ဟစ်အားပေးနေကြပါစေ သူကတော့ ပြန်ဖြေမဲ့ပုံမပေါ်ပါဘူး။ ပြိုင်ပွဲကြောင့် သူ့ရဲ့ထူးဆန်းမှုက ရင်ဆိုင်ရတဲ့ပြိုင်ဘက်တွေအားလုံးကို ကြောက်လန့်သွားစေခဲ့ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ မပျော်နိုင်သေးပဲ စိုးရိမ်လို့နေခဲ့ပါပြီ။
ဒီနေ့ပြိုင်ပွဲရဲ့အစမှာ၀မ်ယန်အနေနဲ့ သူတို့ရဲ့နောက်ပြိုင်ဘက်က ပိုလို့သန်မာလာမယ်ဆိုတဲ့အကြောင်းကို သတိပေးခဲ့ပါတယ်။ အဲ့ဒီအဖွဲ့ထဲမှာက ၀ိညာဥ်ဘုရင်သုံးယောက်ပါတဲ့အဖွဲ့ငါးဖွဲ့လောက် ရှိနေခဲ့ပါတယ်။ ဒါ့အပြင် ထိပ်ဆုံးရှစ်ဖွဲ့ထဲကို ၀င်မဲ့သူတွေကြီးပါပဲ။
အပိုင်း ၈၇•၁ ပြီး၏။