အပိုင်း ၈၆•၃
” ဖျက်ဆီးမှုရဲ့မူလ ဟယ့်ချိုက်ထို့ ”
°°°
၀ိညာဥ်လက်နက်ခံတပ်က တိုက်ခိုက်တဲ့နေရာမှာ အစွမ်းထက်ဆုံးဖြစ်ပြီ။ ဟယ့်ချိုက်ထို့ရဲ့ ဘက်ပေါင်းစုံတစ်ခုထဲနဲ့တင် မြင်သာနေခဲ့ပါပြီ။ ဒါပေမယ့် ဒီလိုပစ်အားကောင်းလွန်တဲ့ စွမ်းအားအလှည့်အပြောင်းကတော့ သူ့ကိုလှုပ်ရှားဖို့မဖြစ်နိုင်သလောက်ဖြစ်စေပါတယ်။ ဒါ့အပြင် အာလန်ယဲ့ရဲ့ တိုက်ခိုက်မှုတွေကို ခုန်ရှောင်ဖို့ဆိုတာ မလွယ်ကူတဲ့ကိစ္စပါပဲ။
အာလန်ယဲ့ရဲ့ ရုတ်တရက်တိုက်ခိုက်မှုက အချိန်ရဲ့တိုက်ခိုက်မှုဖြစ်ပါတယ်။ ဟိူ့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုက နေရာတစ်ခုလုံးကို လွှမ်းခြုံထားပေမဲ့ အပြည့်အ၀အသုံး၀င်နိုင်တာတော့ မဟုတ်ပါဘူး။ ဒီလိုအခြေအနေမျိုးက သူ့ရဲ့အစွမ်းအစထက်ကို ကျော်လွန်နေခဲ့ပါတယ်။
” သူ့မှာ၀ိညာဥ်အရိုးရှိနေတဲ့ ဦးခေါင်းခွံအရိုးတစ်ခုပဲ ”
ဟို့ယွိဟောင်က သူ့ရဲ့အဖွဲ့သားတွေအားလုံးကို ချက်ချင်းဆိုသလို သတင်းပေးလိုက်ပါတယ်။ အာလန်ယဲ့ရဲ့ ၀ိညာဥ်အရိုးကထုတ်လွှတ်တဲ့ စွမ်းအားကြောင့် သူမရဲ့လေးခုမြောက်၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ အေးခဲနှင်းမုန်တိုင်းက ၀ိညာဥ်ဘိုးဘေးတွေထက် အဆင့်ကိုကျော်လွန်သွားတာပါ။ ဒီလိုမှသာ သူမအနေနဲ့ အမျက်ဒေါသကျောင်းတော်ရဲ့လူတွေကို တားနိုင်ဖို့အစွမ်းအစရှိပါလိမ့်မယ်။ ရှုစန်းရှိီနဲ့ ပေ့ပေ့တို့က အရှေ့ကိုပြေးထွက်လို့သွားခဲ့မယ်ဆိုရင် ဟယ့်ချိုက်ထို့အနေနဲ့ နောက်တစ်ကြိမ် ပြန်လည်တိုက်ခိုက်ရမှာဖြစ်ပြီ ပြိုင်ပွဲကလဲ အခြေအနေတွေမတည်မငြိမ်ဖြစ်သွားပါလိမ့်မယ်။
အာလန်ယဲ့ရဲ့ အစွမ်းထက်လွန်လှတဲ့ တိုက်ခိုက်မှုက အခုအချိန်မှာတော့ ၀ိညာဥ်ဘုရင်အဆင့်ကိုရောက်ရှိလို့သွားခဲ့ပါပြီ။ ပေ့ပေ့ကတော့ မျက်မှောင်ကြုတ်ထားခဲ့ပါတယ်။ ခန္ဓာကိုယ်ရဲ့အရှေ့မှာလက်တွေကို ထားထားရင်း ခပ်မြန်မြန်ပဲရေပြင်ညီတိုင်းလှုပ်ရှားလိုက်ပါတယ်။ အဲ့ဒီနောက် ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ဖို့လျှပ်စီးတန်းတွေအများကြီးကို ထုတ်လွှတ်လို့ထားခဲ့ပေမဲ့ နောက်ဆုံးမှာ အာလန်ယဲ့ရဲ့ ပြင်းထန်လွန်လှတဲ့တိုက်ခိုက်မှုကြောင့် အနောက်ကိုလွှင့်ထွက်လို့သွားပါတော့တယ်။ ဒါပေမယ့် သူ့ရဲ့ခြေထောက်သိုင်းကွက်တွေက ဟယ့်ချိုက်ထို့ရဲ့အရှေ့ကိုရောက်ရှိလို့သွားစေခဲ့ပါပြီ။ သူ့ရဲ့ပြိုင်ဘက်က၀ိညာဥ်လက်နက်ခံတပ်ရဲ့ပြဿနာကို သိထားခဲ့တာကြောင့် အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ရဲ့ခေါင်းဆောင်အနေနဲ့ သူဘာများလုပ်နိုင်မှာလဲ။
ဒီအချိန်မှာပဲ ပေ့ပေ့အနေနဲ့ သူ့ရဲ့ဖိအားတွေရုတ်တရက်ပေါ့ပါးသွားတာကို ခံစားလိုက်ရပါတယ်။ သူ့ရဲ့အရှေ့မှာအတားအဆီးအလွှာက ပေါ်ထွက်လို့လာခဲ့ပါပြီ။ အနက်ရောင်အတားအဆီးတွေက ရေတွေလိုပါပဲ။ ရှုစန်းရှီက သူ့ဖက်ကိုလှည့်ရင်းညစ်ကျယ်ကျယ်ပုံစံနဲ့ ပြုံးပြနေခဲ့တယ်။ ဒုတိယ၀ိညာဥ်စက်ကွင်းလဲတောက်ပလို့လာခဲ့ပါပြီ။ သူ့အနေနဲ့ ဒီနှင်းမုန်တိုင်းကြီးကိုကာကွယ်ဖို့အင်အားအများကြီးထုတ်ထားတဲ့ပုံမပေါ်ပါဘူး။ ဒါကတော့ ရှုစန်းရှိီရဲ့ ဒုတိယ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ မြေအောက်လောကဒိုင်းကာပါ။ အပေါ်ယံမှာဒိုင်းကာတစ်ခုလိုရှိပေမဲ့ ရှုစန်းရှီရဲ့ကာကွယ်နိုင်စွမ်းက ပေ့ပေ့ထက်သာလွန်ပါတယ်။ အထူးသဖြင့် သူလက်ရှိခုခံနေတဲ့ ရေခဲအမျိုးအစားစွမ်းရည်ထက် အဓိကပိုပြီးသက်ရောက်တာပါ။ ရှုစန်းရှီရဲ့ ရေဒိုင်းကာကိုထိတွေ့ပြီပြီးချင်မှာပဲ ရေခဲတွေအများကြီးပျော်ကျလို့သွားပါတယ်။ ပေ့ပေ့ဆီ မရောက်ခင်အချိန်မှာပဲ တိုက်ခိုက်မှုတော်တော်များများက အရည်ပျော်ကျလို့သွားခဲ့ပါပြီ။ ဒါကြောင့် ရှုစန်းရှီ ပြုံးပြနေခဲ့တဲ့အပြုံးက သူ့အနေနဲ့ ဒီတိုက်ခိုက်မှုကြောင့် ဖိအားမရတာကိုသိသာနေစေခဲ့ပါတယ်။ အေးခဲနှင်းမုန်တိုင်းက ၀ိညာဥ်ဘုရင်အဆင့်အထိကို တိုးမြင့်နိုင်ပေမဲ့ သူမကလဲ ဟယ့်ချိုက်ထို့နဲ့တူညီတဲ့ပြဿနာကိုရင်ဆိုင်နေခဲ့ရပါတယ်။ အဆုံးသတ်မှာ အာလန်ယဲ့က ၀ိညာဥ်ဘိုးဘေးတစ်ယောက်ပါပဲ။ သူ့အနေနဲ့ သင့်တော်တဲ့ထိန်းချုပ်နိုင်စွမ်းမရှိသေးပါဘူး။ ဒါ့အပြင် သူမရဲ့တိုက်ခိုက်မှုက တစ်နေရာထဲကိုယ်သာအားစိုက်လို့ထားခဲ့တာပါ။ အာလန်ယဲ့ရဲ့တိုက်ခိုက်မှုက သူတို့ကျောင်းတော်ဖက်ကို အချိန်ဆွဲပေးနိုင်လိုက်ပါတယ်။
ပြိုကွဲသွားခဲ့တဲ့ ကြံ့ဒိုင်းကာအဖွဲ့က ခပ်မြန်မြန်ပဲပြန်လည်စုစည်းသွားခဲ့ပါပြီ။ ဒဏ်ရာရထားပေမဲ့ ပိုင်ချန်နဲ့ ယဲ့မော့တို့ရဲ့ဒိုင်းကာတွေက လက်ရှိအချိန်မှာ ပြန်စုစည်းနိုင်ခဲ့ပါတယ်။ ညာဘက်လက်တွေကတော့ ဆက်တိုက်သွေးတွေထွက်လို့နေခဲ့ပါပြီ။ သူတို့တွေက ခုခံရေးအမျိုးအစား၀ိညာဥ်ပညာရှင်တွေဖြစ်နေဆဲပါပဲ။ ဒါကြောင့် သူတို့အနေနဲ့ တိုက်ခိုက်နိုင်စွမ်းတွေက အပြည့်အ၀မကုန်ဆုံးသေးပဲကျန်နေခဲ့တယ်။ အာလန်ယဲ့ရဲ့အစွမ်းကုန်တိုက်ခိုက်ပြီတဲ့နောက် သူတို့ကခပ်မြန်မြန်ပဲ အရှေ့မှာရပ်လိုက်ကြပါတယ်။ အာလန်ယဲ့ရဲ့ကျေးဇူးကြောင့် အချိန်ရသွားခဲ့တဲ့ ရှန်ချဲ့ကလဲ နီရဲနေတဲ့မျက်နှာနဲ့ ဖေ့ယိယွမ်ကို ခပ်မြန်မြန်ပဲပြန်ဆွဲခေါ်လိုက်တယ်။
အစောပိုင်းတုန်းက အာလန်ယဲ့ရဲ့ လက်ထောက်ခေါင်းဆောင်နေရာကို ယှဥ်ပြိုင်ခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ သူတို့နှစ်ယောက်ကြားကွာခြားချက်က ဘယ်လောက်ကြီးမားလဲဆိုတာ သူတို့နားလည်သွားခဲ့ပါပြီ။
ရှန်ချဲ့က အော်လိုက်တယ်။
” ငါလုပ်ပါရစေလား ”
ဒီတစ်ကြိမ်မှာတော့ သူတို့ရဲ့မျက်၀န်းထဲမှာတိုက်ခိုက်လိုစိတ်အပြည့် ရှိနေရုံတင်မကပဲ မကျေနပ်မှုတွေပါ ရောနှောနေခဲ့ပါသေးတယ်။ သူ့အမြင်အရ ဒီတိုက်ပွဲကြီးက သူ့ရဲ့ပြိုင်ဘက်သုံးယောက်အသန်မာဆုံးလှုပ်ရှားပြီရင်း အဆုံးအဖြတ်ထွက်လာခဲ့မယ်လို့ ထင်နေခဲ့တာပါ။ ဆိုးရိုးစကားတစ်ခုရှိတဲ့အတိုင်းမှန်ကန်တဲ့စိတ်မရှိတဲ့ စစ်တပ်က အနိုင်ရဖို့မလွယ်ကူပါဘူး။ ဒီတစ်ကြိမ်မှာတော့ တိုက်ခိုက်မှုအတွက် အရာအားလုံးကိုထည့်သွင်းထားဖို့ သူပြင်ဆင်လိုက်ပါပြီ။
သူ့ရဲ့ပဥ္စမမြောက်၀ိညာဥ်စက်ကွင်းကလဲ တောက်ပလာပါတော့တယ်။ အဲ့ဒီနောက် တစ်ချက်အော်ဟစ်လိုက်ရင်း လက်နက်ကို လွဲရမ်းလိုက်ပါပြီ။ ဒီတစ်ကြိမ်မှာတော့ စိတ်၀ိညာဥ်စွမ်းအားတွေအားလုံးကို အာရုံစိုက်ထားရင်း ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထိန်လန့်မှုကို သူကာကွယ်ဖို့ကြိုးစားထားခဲ့တယ်။ လက်ရှိအချိန်မှာ ဖေ့ယိယွမ်ကတော့ သူမအနေနဲ့ ဒီတိုက်ပွဲထဲမှာ ဘာလုပ်ရမလဲသိသွားခဲ့ပါပြီ။ သူ့ရဲ့စွမ်းအားဖြည့်ပေးတဲ့၀ိညာဥ်စွမ်းရည်က နောက်တစ်ကြိမ် ပေါ်လာပါတော့တယ်။ ကျားကိုစီးနင်းထားဆဲဖြစ်တဲ့သူမက ရှန်ချဲ့ရဲ့ အရှေ့မှာရပ်နေရင်း သူ့ကိုဘယ်သူမှအလစ်မ၀င်တိုက်နိုင်အောင် ကာကွယ်လို့ထားခဲ့ပါတယ်။
ရှန်ချဲ့ရဲ့ ပစ်မှတ်ကတော့ တခြားဘယ်သူမှမဟုတ်ပဲ သူ့ရဲ့တိုက်ခိုက်တဲ့ဗျူဟာကို နှောင့်ယှက်ခဲ့ပြီ သူအသင်းဖော်တွေကို ကိုယ်တိုင်ဒဏ်ရာရအောင်လုပ်စေခဲ့တဲ့သူ ဟို့ယွိဟောင်ဆီကိုပါပဲ။ မျှော်လင့်ချက်မရှိဘူးဆိုတာသိတာကြောင့် ဒီထူးဆန်းပြီအင်အားကောင်းလွန်တဲ့ရန်သူရဲ့ သန်မာမှုကို တိုက်ခိုက်ရင်မြင်ချင်နေခဲ့ပါတယ်။
အေးခဲနှင်းမုန်တိုင်းက ပေ့ပေ့ရဲ့တိုက်ခိုက်မှုကိုတားဆီးရုံတင်မကပဲ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုကိုပါ တားဆီးလိုက်ပါတယ်။ ရလဒ်အနေနဲ့ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုပေါ်လာချိန်မှာ ကျားနဲ့လှံတွေအားလုံးက အပေါ်ကိုရောက်နေခဲ့ပါပြီ။
” အခြေအနေမကောင်းတော့ဘူး ”
ပေ့ပေ့က အော်လိုက်ပါတယ်။
ဟို့ယွိဟောင်က ဘယ်လိုလုပ်ထူးဆန်းတဲ့ ပညာရှင်ဖြစ်နေရမှာလဲ။ သူတကယ်အင်အားအစစ်အမှန်က အဆင့်နှစ်ဆယ့်ခုနှစ်၀ိညာဥ်မဟာပညာရှင်အဆင့်သာရှိနေတာပါ။ ရှန်ချဲ့လို၀ိညာဥ်ဘုရင်အဆင့် ပညာရှင်ကိုမီးအမျိုးအစားထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်အားဖြည့်ထားတဲ့ တိုက်ခိုက်မှုနဲ့ရင်ဆိုင်ရမယ်ဆိုရင် ဖြစ်လာနိုင်ချေတစ်ခုသာ ရှိပါတယ်။ ဒါကတော့ သေခြင်းတရားပါပဲ။
ပေ့ပေ့ရဲ့အမူအရာပြောင်းလဲသွားရုံတင်မက ကျန်းနန်နန်နဲ့ ၀မ်သုန့်နဲ့ရှောင်းရှောင်းတို့က ပြောင်းလဲသွားခဲ့ပါတယ်။ ၀မ်သုန့်က ချက်ချင်းဆိုသလို ဟို့ယွိဟောင်ရဲ့အရှေ့ကိုရောက်သွားခဲ့ပါပြီ။ ဒါပေမယ့် ဟို့ယွိဟောင်က သူ့ရှေ့မှာတားဆီးလိုက်ပါတယ်။ ၀မ်သုန့်ကို တားဆီးပြီတဲ့နောက် ဟို့ယွိဟောင်က ချက်ချင်းဆိုသလို ရေခဲဧကရီရဲ့အဆိပ်ဆူးစွမ်းအားကို စတင်အသုံးပြုပါတော့တယ်။ လူငါးယောက်ရဲ့မျက်နှာတွေက တော်တော်ကိုပြောင်းလဲလို့သွားခဲ့ပါပြီ။ လူနှစ်ယောက်ကသာ ပုံမှန်အနေအထားမှာရှိနေပါတယ်။ အဲ့ဒီသူတွေက ဟို့ယွိဟောင်နဲ့ ရှုစန်းရှီတို့ပါပဲ။
အနက်ရောင်အလင်းတန်းတောက်ပလာခဲ့ပြီတဲ့နောက် ဟို့ယွိဟောင်က ရုတ်တရက်ပျောက်ကွယ်လို့သွားခဲ့ရင်း လူတစ်ယောက်က ချက်ချင်းသူအနားမှာရောက်ရှိလာပါတော့တယ်။ ခိုင်မာတဲ့ဒိုင်းကာကြီးကို အသုံးပြုရင်းကာကွယ်ထားခဲ့တဲ့ အဲ့ဒီသူကသူ့နောက်ကျောဖက်မှာ အနက်ရောင်လိပ်ကြီးအသွင်းက အထင်သားပေါ်နေခဲ့တယ်။ လေးခုမြောက်၀ိညာဥ်စက်ကွင်းရဲ့ အလင်းတန်းက ပျောက်ကွယ်သွားခဲ့ပြီ တတိယမြောက်၀ိညာဥ်စက်ကွင်းအလင်းတန်းက ထွက်ပေါ်လို့လာခဲ့ပါပြီ။ ချက်ချင်းဆိုသလို အနက်ရောင်အလင်းတန်းကြီးကနေ ရေခဲလှိုင်းတွေအဖြစ်ကို ပြောင်းလဲလို့သွားပါတော့တယ်။ လေမုန်တိုင်းကြီးတွေက ဆက်တိုက်ဖြစ်ပေါ်လို့လာခဲ့ပြီ အနက်ရောင်လှိုင်းတွေကို စတင်တိုက်စားတော့တယ်။ ကြီးမားလွန်တဲ့ ရှောင်ဟူဒိုင်းကာကြီးကတော့ လက်ရှိအချိန်မှာ သုံးထောင်ချွန်ပုံစံအထိ နှစ်ဆကြီးမားလို့သွားခဲ့ပါပြီ။ တိုက်ခိုက်မှုရောက်ရှိလာချိန်မှာတော့ မြေပြင်ပေါ်ကိုတိုက်ရိုက်ဖိချထားခဲ့တဲ့ ဒိုင်းကာကြီးက ရှုစန်းရှီရဲ့ပုခုံးကို အားပြုရင်း သူမျက်နှာပြင်ကိုအသုံးချကာကြံ့ကြံ့ခံနေခဲ့ပါတယ်။
ပြင်းထန်တဲ့ဖိအားတွေက ရှုစန်းရှီနဲ့ သူ့ရဲ့ဒိုင်းကာကြီးကို ခုနှစ်မီတာရှစ်မီတာအထိ လွှင့်စင်ထွက်သွားစေခဲ့ပါတယ်။ ဒါ့အပြင် ရှောင်းရှောင်းရဲ့သုံးချောင်းထောင့်အိုးကြီးလဲ အကူအညီရှိနေခဲ့တယ်။
ချက်ချင်းဆိုသလို ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့နှစ်ယောက်စလုံးလဲ တောင်ကြီးတစ်တောင်လိုအားကောင်းတဲ့ အကာအကွယ်စွမ်းအားတွေကို ကျန်းနန်နန်နောက် အမြဲလိုက်နေရင်းစနှောက်နေတတ်တဲ့ သူတို့ရဲ့မျက်နှာပြောင်ချောချောအစ်ကိုကြီးဆီကနေ ခံစားလိုက်ရပါတော့တယ်။ လက်ရှိအချိန်မှာ ရှုစန်းရှီရဲ့ မျက်၀န်းတစ်ခုလုံးက အရမ်းကိုခိုင်မာနေခဲ့ပြီ တစ်လောကလုံးမှာပြိုင်ဘက်ကင်းတဲ့ ပုံစံနဲ့ရှိနေခဲ့ပါတယ်။
ခုခံရေး၀ိညာဥ်ပညာရှင်အနေနဲ့ အဆင့်တူတိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်တွေနဲ့ ရင်ဆိုင်ရချိန်မှာ သေချာပေါက် ဘယ်သူကမှ အသာစီးမရနိုင်ပါဘူး။ ဒါပေမယ့် ရှုစန်းရှီကတော့ လူတွေရဲ့အတွေးအခေါ်ကို ပြောင်းလဲပြစ်နိုင်ပါတယ်။ သူ့ရဲ့ခုခံမှုကို အသုံးပြုရင်း ၀ိညာဥ်ဘုရင်ရဲ့တိုက်ခိုက်မှုကို တားဆီးနိုင်ရုံတင်မက ၀ိညာဥ်ဘိုးဘေးရဲ့ အင်အားဖြည့်တင်းမှုကိုပါ ရပ်တန့်လိုက်ပါတယ်။ သူ့ရဲ့ခုခံနိုင်စွမ်းက ၀ိညာဥ်ဘိုးဘေးတွေရဲ့အထွဠ်အထိပ်ကိုကျော်လွန်လို့သွားခဲ့ပါပြီ။ အနက်ရောင်အလင်းတန်း ပျောက်ကွယ်လို့သွားချိန်မှာတော့ ရှုစန်းရှီရဲ့ မားမားမတ်မတ်ရပ်နေတဲ့ ခန္ဓာကိုယ်ကပေါ်လာပါတော့တယ်။ သူ့ရဲ့လက်တစ်ဖက်မှာရှိနေတဲ့ ဒိုင်းကာကပုံမှန်အနေအထားကို ပြောင်းသွားခဲ့ပါပြီ။ လက်တစ်ဖက်ကိုအသုံးပြုရင်း သူ့ရဲ့ဆံပင်တွေကိုသတ်ကာ အေးအေးဆေးဆေးပြောလာခဲ့ပါတယ်။
” သက်သောက်သက်သာရှိလိုက်တာ ”
၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ရဲ့လေးစားမှုအပြည့်နဲ့မျက်၀န်းတွေက ချက်ချင်းဆိုသလို ပျောက်ကွယ်လို့သွားပါတော့တယ်။ ဘာကြောင့် ဟို့ယွိဟောင်စိတ်မပူနေခဲ့တာလဲ။ ရှုစန်းရှီက တိုက်ခိုက်နိုင်စွမ်းရော ခုခံနိုင်စွမ်းရောမရှိတဲ့ပုံပေါ်ပေမဲ့ သူ့မှာနေရာပြောင်းလဲနိုင်တဲ့ အစွမ်းအစရှိပါတယ်။
ဟို့ယွိဟောင်ကို သူ့နေရာပြောင်းဖို့အတွက် အစောကြီးကထဲက စီစဥ်ထားခဲ့တာပါ။ ဒါကလဲ ရှန်ချဲ့ရဲ့ အစွမ်းကုန်တိုက်ခိုက်မှုကို ကာကွယ်တားဆီးဖို့လုပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဟို့ယွိဟောင်ကတော့ ရှုစန်းရှီ မူလရှိနေခဲ့တဲ့ နှင်းမုန်တိုင်းထဲကိုရောက်ရှိလို့သွားပါတယ်။ နှင်းမုန်တိုင်းရဲ့အစွမ်းက အဆုံးအထိကိုရောက်ရှိနေခဲ့ပါပြီ။ ဒါပေမယ့် အင်အားကြီးနေဆဲပါပဲ။
ဟို့ယွိဟောင်ရဲ့အသက်ကိုခြိမ်းခြောက်နိုင်စွမ်းမရှိခဲ့ပါဘူး။ အနည်းဆုံးတော့ ရင်ဆိုင်ရမဲ့လှံထက်စာရင် ဒီရေခဲတွေကကောင်းပါသေးတယ်။ ဒါ့အပြင် ပေ့ပေ့က ဟို့ယွိဟောင်ဆီကို ချက်ချင်းရောက်ရှိလာခဲ့ပြီ သူ့အနောက်ဖက်ကိုဆွဲသွင်းလိုက်ပါတော့တယ်။ တစ်ချိန်ထဲမှာပဲ ဟို့ယွိဟောင်ရဲ့မျက်၀န်းတွေထဲကနေ ကြောက်စရာအနီရောင်အလင်းတန်းက တောက်ပလို့လာခဲ့ပြီ သူ့ရဲ့ညာလက်ကိုမြောက်ရင်းလက်တစ်ချောင်းကို ကောင်းကင်ဆီပေါ် ချိန်ရွယ်လိုက်ပါတော့တယ်။ သွေးနီရောင်၀ိညာဥ်စက်ကွင်းခြောက်ကွင်းက ရုတ်တရက်ပေါ်ထွက်လို့လာခဲ့ပါပြီ။ ကြောက်စရာနှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ရဲ့အရှိန်အ၀ါတွေက အပြင်ကိုပြန့်ထွက်သွားတာကြောင့် အကာအကွယ်အတားအဆီးကို ဖန်တီးထားတဲ့ ၀ိညာဥ်ပညာရှင်တစ်ရာရှစ်ယောက်စလုံးလဲ တုန်လှုပ်လို့သွားခဲ့ရပါတယ်။
သီးခြားပြီးကြောက်စရာကောင်းလွန်လှတဲ့အငွေ့အသက်က ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ဘေးပတ်လည်မှာ ပြင်းပြင်းထန်ထန်သိပ့်သိပ့်သည်းသည်းနဲ့ ၀န်းရံလို့ထားခဲ့ပါပြီ။ သူ့ရဲ့အနောက်ဖက်မှာ အလင်းတန်းပုံရိပ်တစ်ခုက ပေါ်လာပါတော့တယ်။ ဟယ့်ချိုက်ထို့နဲ့ ကျန်းနန်နန်တို့က အကောင်းဆုံးကြိုးစားပြီ တောင့်ခံနေခဲ့ပေမဲ့ ဒီပုံရိပ်က ကင်းမြီးကောက်တစ်ကောင်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်လိုက်ရပါတယ်။
” ရေခဲတွေငါကမင်းတို့ရဲ့သခင်ပဲ ”
ဒီအသံက အသံလွှင့်၀ိညာဥ်လက်နက်တစ်ခုနဲ့အတူ ဖြစ်ပေါ်လို့လာခဲ့ရင်း ရေပြင်တစ်ခုလုံးကို လွှမ်းခြုံလို့သွားပါတော့တယ်။ စောင့်ကြည့်နေတဲ့သူတွေအားလုံးလဲ ဒီမြင်ကွင်းကိုမြင်လိုက်ရပြီ သူတို့နှလုံးသားတစ်ခုလုံးဒီအသံရဲ့အောက်မှာ ကွဲကြေသွားသလိုခံစားလိုက်ရပါတော့တယ်။ ဒီမြင်ကွင်းကို ကြည့်နေခဲ့တဲ့ဘယ်သူမဆို တစ်သက်တာလုံးမေ့နိုင်မှာမဟုတ်ပါဘူး။ အစောပိုင်းတုန်းက လေဟာနယ်တစ်ခုလုံးကို ပြင်းပြင်းထန်ထန်မွှေနှောက်နေခဲ့တဲ့ နှင်းမုန်တိုင်းကြီးက ချက်ချင်းဆ်ိုသလို ရပ်တန့်သွားပါတော့တယ်။ အဲ့ဒီနောက် ရေခဲတွေအားလုံးက မူလထုတ်လွှတ်ထားတဲ့ စိတ်၀ိညာဥ်တစ်ထောင်ကျောင်းတော်ဖက်ကို ပြန်လှည့်သွားခဲ့ပါပြီ။ ဟို့ယွိဟောင်လဲ ရပ်တန့်မနေပါဘူး။ သူ့ရဲ့ညာဘက်လက်ကိုသာ ရေခဲ၀က်၀ံဆီညွှန်ထားခဲ့ပါတယ်။ ရေခဲ၀က်၀ံကတော့ ရေခဲလောကမှာကြောက်စရာအကောင်းဆုံးသတ္တ၀ါတစ်ကောင်ကို မြင်ရတဲ့အတိုင်း ကြောက်လန့်တကြားနဲ့တုန်လှုပ်နေခဲ့ပါပြီ။ အဲ့ဒီနောက် အလင်းလုံးတွေအဖြစ်ကို မှိန်ဖျော့လို့ပျောက်ကွယ်သွားခဲ့ပြီ။ အာလန်ယဲ့ကတော့ ပါးစပ်အပြည့်သွေးတွေကို အန်ထုတ်ရင်လှဲကျလို့သွားပါတော့တယ်။ သူမသတိမလစ်ခင်နောက်ဆုံးမြင်လိုက်ရတဲ့အရာကတော့ ဟို့ယွိဟောင်ရဲ့ ခံစားချက်မဲ့ပြီ အသက်မဲ့တဲ့သွေးနီရောင်မျက်၀န်းတွေက သူ့ကိုစိုက်ကြည့်နေခဲ့တာပါပဲ။
အပိုင်း ၈၆•၃ ပြီး၏။