အပိုင်း ၈၆•၂
” ဖျက်ဆီးမှုရဲ့မူလ ဟယ့်ချိုက်ထို့ ”
°°°
ဒါကတကယ်ကိုခံတပ်ကြီးတစ်ခုပါပဲ။ ဒါ့အပြင် ခံတပ်တိုင်းက မူလနေရာကနေ ရွေ့ပြောင်းဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ ဟယ့်ချိုက်ထို့ရွေးချယ်လိုက်တဲ့နေရာက တစ်နည်းတစ်ဖုံထူးခြားပါတယ်။ နယ်မြေရဲ့အလယ်တည့်တည့်ကို ရွေးချယ်လိုက်တာပါ။ဒါ့အပြင် စိတ်၀ိညာဥ်တစ်ထောင်ကျောင်းတော်ဖက်ဆီကို အနည်းငယ်ကပ်နေခဲ့ပါတယ်။ သူ့ရဲ့တည်ဆောက်မှုပြီတာနဲ့ များပြားတဲ့သတ္ထုပိုက်တွေက သူ့တစ်ကိုယ်လုံးကိုလွှမ်းခြုံလို့သွားခဲ့ပါပြီ။
တိမ်တိုက်ကျောင်းတော်ရဲ့ ခေါင်းဆောင်စစ်ထူးယွီက သူ့ရဲ့၀ိညာဥ်လက်နက်ခံတပ်မှာ သတ္ထုပိုက်ပေါင်းသုံးဆယ်ကျော်ကို ထည့်သွင်းခဲ့ပါတယ်။ ဒါကပုံမှန်၀ိညာဥ်လက်နက်ခံတပ်တွေထက်ကို အများကြီးပိုပြီး အရေအတွက်ကျော်လွန်တာပါ။ ခိုင်မာတဲ့၀ိညာဥ်လက်နက်နှစ်ဆယ်လေးခုသာရှိမယ်ဆိုရင် များပြားတဲ့၀ိညာဥ်စွမ်းအားကို အသုံးချပြီခံတပ်တစ်ခုကိုတည်ဆောက်နိုင်ပါပြီ။
အကယ်၍ ဟယ့်ချိုက်ထို့ရဲ့ ခန္ဓာကိုယ်ကိုသေချာကြည့်မယ်ဆိုရင် ၀ိညာဥ်လက်နက်တွေက နှစ်ဆယ်ငါးခုထက်မကရှိနေတာကို မြင်ရမှာဖြစ်ပါတယ်။ အခုငါးဆယ်ကျော်နေမှာတော့ အသေအချာပဲ။ သူ့ရဲ့အစ်ကိုကြီးပုံစံပြောင်းသွားတာကို မြင်မြင်ချင်ဟို့ယွိဟောင်လဲ ချွေးတွေတောင်ထွက်လာခဲ့ပါပြီ။ သူလဲ သူ့သာသူတွေးလိုက်မိပါတယ်။ ဒါကြောင့် ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအားလုံးက သန်မာတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ကြတာလား။ ဒီလောက်များပြားတဲ့ ၀ိညာဥ်လက်နက်တွေကို ထိန်းချုပ်နိုင်အောင်လို့ သူတို့တွေကြိုးစားထားကြတာလား။ ဒါဆိုရင် သူလဲအများကြီးပိုပြီးသန်မာလာဦးမယ်ပုံပေါ်တယ်။ ဒီလောက်သာ မသန်မာဘူးဆိုရင် ဘယ်လိုကြောင့်များ သတ္ထုလက်နက်တွေအားလုံးရဲ့ ၀န်ထုတ်၀န်ပိုးကို ခံနိုင်ရည်ရှိမှာလဲ။
ဟယ့်ချိုက်ထို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ လက်နက်ပေါင်းခြောက်ဆယ်လေးခုရှိနေပါတယ်။ အဲ့ဒီအထဲမှာ အသန်မာဆုံးတုန်းကတော့ သူ့ရဲ့ညာဘက်ပုခုံးပေါ်မှာရှိနေတဲ့ သေနတ်လိုမျိုးအဝေးပစ်လက်နက်တစ်ခုပါပဲ။ ဒီအရာက နှစ်မီတာကျော်ရှည်လျားပြီ လူတစ်ယောက်ရဲ့ ပေါင်အရွယ်အစားထူးထပ်တဲ့လုံးပတ်ရှိပါတယ်။ လက်ရှိအချိန်မှာ သတ္ထုရောင်အလင်းတန်းတွေက ကြောက်စရာကောင်းတဲ့အရှိန်အ၀ါနဲ့အတူ တောက်ပလို့နေခဲ့ပါပြီ။ ဒါကိုပြိုင်ပွဲထဲမှာ ထည့်သုံးလို့မရတာကြောင့် လက်ရှိအချိန်မှာ အင်အားဖြည့်ပေးတဲ့ပစ္စည်းတစ်ခုအဖြစ်သာအသုံးချရမှာပါ။
ခံတပ်တည်ဆောက်ပြီတာနဲ့ ဟယ့်ချိုက်ထို့ရဲ့ကြွက်သားတွေက ဆက်တိုက်စတင်ပြီပြောင်းလဲပါတော့တယ်။ သူ့ရဲ့ခံစားချက်ကိုဖော်ပြမှုမစွမ်းသာပါဘူး။ ရန်သူအဖွဲ့ကို ပြုံးပြနေခဲ့တဲ့ သူ့ရဲ့အပြုံးက လူသတ်ငွေ့တွေနဲ့ ပြည့်နှက်လို့နေခဲ့ပါတယ်။ အဲ့ဒီနောက် ချက်ချင်းဆိုသလိုနယ်မြေကြီးတမျှတောက်ပတဲ့အလင်းတန်းက ထွက်ပေါ်လို့လာခဲ့ပါပြီ။
နံရံတွေကိုပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့တဲ့ ပေ့ပေ့က အဲ့ဒီဒိုင်းကာနံရံတွေကို ဖျက်ဆီးဖို့ကြိုးစားနေခဲ့တာပါ။ မကြာခင်အချိန်မှာပဲ သူ့နောက်ကျောဖက်က အပူလှိုင်းတွေကိုခံစားမိလိုက်ပြီ မိုးကြိုးထစ်ချုန်းသလိုပေါက်ကွဲမှုက သူနဲ့မနီးမဝေးနေရာဆီကို ကျရောက်လာမှန်းခံစားလိုက်ရပါတယ်။ ဒီပေါက်ကွဲမှုကအတော်ကို ကြောက်စရာကောင်းလွန်းလှတယ်။ ထွက်ပေါ်လာတဲ့အင်အားလှိုင်းတွေကြောင့် သူလဲ ဒူးထောက်ထိုင်ချလိုက်ပြီ ခန္ဓာကိုယ်က ရှိရှိသမျှစွမ်းအားတွေကိုအသုံးပြုရင်း ကိုယ့်ကိုကိုယ်ခုခံကာကွယ်လိုက်ပါတယ်။ မနေ့တုန်းက ၀ယ်လာခဲ့တဲ့ခုခံရေး၀ိညာဥ်လက်နက်ကိုတောင်သူအသုံးပြုခဲ့ရတယ်။ အဲ့ဒီနောက် များပြားတဲ့အပိုင်းအစတွေက ကောင်းကင်ပေါ်ကိုကျဆင်းလာတာကို ခံစားလိုက်ရပါပြီ။ ဒါကတော့ သူ့လမ်းကိုပိတ်နေတဲ့ဒိုင်းကာပါပဲ။
” လှဲသေလိုက်ပါတော့လား ”
အမြဲတမ်းအိန္ဒြေအပြည့်နဲ့တည်ငြိမ်နေတတ်တဲ့ပေ့ပေ့က အခုအချိန်မှာကတော့ မတ်တပ်ပြန်ထရင်း ကျိန်ဆဲပါတော့တယ်။ ပြုတ်ကျလာတဲ့အပိုင်းအစတွေအားလုံးက ဒိုင်းကာရဲ့ အပိုင်းအစတွေကြီးပါပဲ။ လက်ရှိအချိန် အပြင်မှာရှိနေခဲ့တဲ့ အကာအကွယ်ဒိုင်းကာကြီးတောင်မှ များပြားတဲ့အလင်းတန်းတွေနဲ့အတူ လှိုင်းတွေထနေတာကို သူမြင်လိုက်ရပါတယ်။ ဒါ့အပြင် အဲ့ဒီအလင်းတန်းတွေထဲမှာတော့ တစ်ဖက်အဖွဲ့ရဲ့ခေါင်းဆောင်ရှန်ချဲ့ရှိနေခဲ့တယ်။
သူ့ခန္ဓာကိုယ်က အလင်းရောင်တွေအများကြီးတောက်ပနေခဲ့ပြီ ၀ိညာဥ်စက်ကွင်းငါးကွင်းကလဲ ပိုပြီးတောက်ပလို့လာခဲ့တဲ့သူပါပဲ။ သူဘယ်လိုပဲလုပ်ပါစေ ကြောက်စရာကောင်းတဲ့ဖိအားကြောင့် တစ်ချက်လေးတောင်မလုပ်နိုင်ခဲ့ပါဘူး။ ပေ့ပေ့တစ်ယောက်ထဲတင် ထိတ်လန့်နေတာမဟုတ်ပဲ တစ်ဖက်ကျောင်းတော်ရဲ့လူတွေအားလုံးလဲ ထိတ်လန့်နေခဲ့ကြပါတယ်။ သူတို့ရဲ့ခုခံရေး၀ိညာဥ်ပညာရှင်တွေအားလုံးက အဲ့ဒီပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားခဲ့တာပါ။ ပထမတုန်းက လှံဒဏ်ရာကိုခံစားရပြီ လွှင့်ထုတ်သွားခဲ့တဲ့ ယန်မင်းနဲ့ စုတ်ဟူနှစ်ယောက်စလုံးက ကံမကောင်းဘူးလို့သူတို့တွေးနေကြတာပါ။ ဒါပေမယ့် ပိုင်ချန်နဲ့ ယဲ့မောင်ရဲ့လက်ရှိအခြေအနေကိုမြင်ပြီချိန်မှာကတော့ အစောပိုင်းတုန်းက သူတို့ရဲ့ဒိုင်းကာတွေပျက်စီးလွှင့်ထွက်သွားတာကို ကျေးဇူးတင်နေခဲ့ပါပြီ။
ဟယ့်ချိုက်ထို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ တပ်ဆင်ထားခဲ့တဲ့ ၀ိညာဥ်လက်နက်ခြောက်ဆယ်လေးခုက တစ်ပြိုင်နက်ထဲတောက်ပလို့လာခဲ့ပါတယ်။ သူ့ခန္ဓာကိုယ်က နေမင်းကြီးတစ်စင်းလိုပြောင်းလဲနေခဲ့ပါပြီ။ ဒါ့အပြင် လက်နက်တွေအားလုံးကလဲ တစ်နေရာထဲကို ချိန်ရွယ်ပြီတိုက်ခိုက်ဖို့လုပ်နေခဲ့ပါတယ်။ ဒိုင်းကာတွေကိုဖျက်ဆီးရုံတင်မက ရှန်ချဲ့ကိုပါသူတို့က ဦးတည်နေခဲ့တာပါ။ ရှန်ချဲ့ရဲ့အစွမ်းအစတွေက ခုခံတဲ့နေရာမှာ အားကောင်းပေမဲ့ သူကအပြင်ဘက်စည်း၀ိုင်းနားရောက်တဲ့အထိကို တွန်းထုတ်ခံလိုက်ရပါတယ်။
” ဒါကဘယ်လိုစွမ်းအားမျိုးလဲ အစောပိုင်းတုန်းက အတွင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ရတဲ့ ဒိုင်းကာကြီးက ခုခံရေး၀ိညာဥ်ဘိုးဘေးနှစ်ယောက်ရှိနေဆဲပါ ဒါပေမယ့် ဟယ့်ချိုက်ထို့ရဲ့ ၀ိညာဥ်လက်နက်အောက်မှာတော့ ချက်ချင်းဆ်ိုသလိုပြိုကွယ်လို့သွားခဲ့ပါပြီ ပေ့ပေ့နဲ့ ရှုစန်းရှီတို့က တစ်ယောက်နဲ့တစ်ယောက်မနီးမဝေးမှာရှိနေခဲ့ကြပြီ အထိတ်တလန့်နဲ့ကြည့်နေခဲ့ပါတယ်။ သူတို့တွေတင် စွမ်းအားကိုဖုံးကွယ်ထားခဲ့တာမဟုတ်ပါဘူး။ ဟယ့်ချိုက်ထို့ကလဲ ကောင်းကောင်းဖုံးကွယ်လို့ထားခဲ့ပါတယ်။ ဒါ့အပြင် ဟယ့်ချိုက်ထို့ဖန်တီးထားတဲ့စွမ်းအားက ကြီးမားလို့နေခဲ့တယ်။ ရှုစန်းရှီကိုယ်တိုင်တောင်မှ ဒီလောက်အားကောင်းတဲ့တိုက်ခိုက်မှုကို အပြည့်အ၀ခုခံနိုင်မလားဆိုတာ သူ့ကိုယ်သူမသေချာခဲ့ပါဘူး။
၀ိညာဥ်သူတော်စင်အဆင့်မရောက်သေးတဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအားလုံးက သူနဲ့အဆင့်တူ၀ိညာဥ်ပညာရှင်တွေထက် သူ့ကိုယ်သူပိုသာတဲ့တိုက်ခိုက်နိုင်စွမ်းပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် ဟယ့်ချိုက်ထို့က သာမန်၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေနဲ့ ဘယ်လိုများယှဥ်လို့ရနိုင်မှာလဲ။ ဟို့ယွိဟောင်ကြောင့်သာ မဟုတ်ရင် သူကအမျက်ဒေါသကျောင်းတော်ရဲ့ နံပါတ်တစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်နေခဲ့မှာပါ။ ဒါ့အပြင် ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်အတွက် တစ်ခုတည်သောအဖွဲ့၀င်ပါပဲ။ လက်ရှိအချိန် ဟို့ယွိဟောင်ရဲ့ပေါ်ထွက်လာမှုကြောင့်သာ ၀ိညာဥ်လက်နက်တွေအပေါ် သူ့ရဲ့တိုးတက်မှုက အနည်းငယ်လျော့ကျသွားခဲ့တာပါ။ ဒါ့အပြင် သူသုံးလိုက်တဲ့၀ိညာဥ်ခံတပ်က ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေသုံးနိုင်တဲ့အသန်မာဆုံးတည်ဆောက်မှုတစ်ခုပါပဲ။ ဒါ့အပြင် သူ့ရဲ့စွမ်းအားတိုးတက်တိုက်ခိုက်မှုက ကြောက်စရာကောင်းလွန်နေခဲ့ပါတယ်။ စိတ်၀ိညာဥ်တစ်ထောင်ကျောင်းတော်ကနေ အသုံးပြုတဲ့ နည်းစနစ်ကမဆိုးခဲ့ပါဘူး။ ဒါပေမယ့် ကြီးမားတဲ့ပြစ်ချက်ကြီးတစ်ခုရှိနေခဲ့ပါတယ်။ အဲ့ဒါကတော့ ပြိုင်ဘက်ကို ဖိအားမပေးနိုင်တာပါပဲ။ ဟယ့်ချိုက်ထို့ကတော့ အရှေ့ကိုထွက်လာကထဲက ပြင်ဆင်ထားခဲ့ပြီသားဖြစ်ပါတယ်။ အချိန်တိုလေးအတွင်းမှာပဲ သူ့ရဲ့ ၀ိညာဥ်ခံတပ်ကြီးကို အပြည့်အ၀တည်ဆောက်လိုက်ပြီ ကြွက်သားတွေကိုအသုံးပြုလိုက်ပါတယ်။ သုံးစက္ကန့်အတွင်းမှာတင် သူ့ရဲ့၀ိညာဥ်ခံတပ်ကြီးက ဖြစ်ပေါ်လို့လာခဲ့ပြီ စတင်တိုက်ခိုက်ပါပြီ။ ဒီအရှိန်နှုန်းက နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က လူတွေအားလုံးကို ထိတ်လန့်သွားစေတဲ့အတွက် အားလုံးလဲထရပ်လိုက်မိပါတော့တယ်။ သူတို့ထဲမှာတောင် ဘယ်သူကမှ ၀ိညာဥ်ခံတပ်ကိုဒီလိုအချိန်တိုလေးအတွင်း မထုတ်လွှတ်နိုင်ပါဘူး။ ဒီလောက်ရှုပ်ထွေးပြီအားကောင်းတဲ့ အဆင့်လေး၀ိညာဥ်ခံတပ်ကိုပြုလုပ်နိုင်ဖို့ဆိုတာ ပိုလို့တောင် ခက်ခဲပါသေးတယ်။
များပြားတဲ့၀ိညာဥ်လက်နက်တွေကို မှီခိုရင်း ဟယ့်ချိုက်ထို့က အဆင့်ငါး၀ိညာဥ်ခံတပ်တစ်ခုရဲ့ အစွမ်းအစကို ထုတ်လွှတ်နိုင်ခဲ့တယ်။ ဒါပေမယ့် သူ့အနေနဲ့ သူ့ရဲ့အတန်းဖော်တွေနဲ့ယှဥ်တဲ့အချိန်မှာတော့ ဒီလောက်ကြောက်စရာကောင်းတဲ့အစွမ်းကို လုံး၀အသုံးမပြုခဲ့ပါဘူး။
အစောပိုင်းတုန်းက တိုက်ခိုက်မယ်လို့ ဆုံးဖြတ်ထားပေမဲ့ ရှုစန်းရှီနဲ့ ကျန်းနန်နန်ကတော့ တခဏတာထိတ်လန့်နေပြီတဲ့နောက် အသိပြန်၀င်လာကြပါတော့တယ်။ ဟယ့်ချ်ိုက်ထို့ရဲ့ ၀ိညာဥ်လက်နက်တွေက ရွှေရောင်အလင်းတန်းတွေ ဖြည်းဖြည်းချင်းပျောက်ကွယ်နေခဲ့ပါပြီ။ အလင်းတန်းတွေ ပျောက်ကွယ်သွားချိန်မှာတော့ ရှန်ချဲ့က အကာအကွယ်တွေကို အသုံးပြုရင်း ခက်ခက်ခဲခဲလှုပ်ရှားနေခဲ့ရပါတယ်။ သူ၀တ်ဆင်ထားခဲ့တဲ့အ၀တ်အစားတွေက လက်ရှိအချိန်မှာ စုတ်ပြဲနေခဲ့ပြီ အောက်ဖက်မှာရှိတဲ့ သံချပ်ကာတောင်ပေါ်နေခဲ့ပါတယ်။
သံချပ်ကာကလဲ ပျက်စီးလို့သွားပြီ မြေပြင်ပေါ်ကိုပြုတ်ကျလာပါတယ်။ ရှန်ချဲ့ရဲ့ ခန္ဓာကိုယ်က လေနဲ့အတူလွှင့်မျောတော့မဲ့ စွန်တစ်စင်းလိုဖြစ်နေခဲ့ပြီ ပါးစပ်ကိုဟရင်း အသက်ပြင်းပြင်းရှုသွင်းလို့နေခဲ့ရပါတယ်။ သူ့ရဲ့လှံကိုအသုံးပြုရင်း အခုအချိန်အထိ မတ်တပ်န်ိုင်ရဖို့ကြိုးစားနေရဆဲပါ။
ဟယ့်ချိုက်ထို့ကတော့ ပါးစပ်မှာကိုက်ထားတဲ့ဆေးပြင်းလိပ်ကို အပြင်ထွေးထုတ်လိုက်ပြီ ပြုံးပြလိုက်ပါတော့တယ်။
” မဆိုးဘူးပဲ မင်းမှာခုခံရေး၀ိညာဥ်လက်နက်ရှိနေတယ်..ငါရဲ့တိုက်ခိုက်မှုကို ခုခံနိုင်တာဘယ်အံ့ဩစရာရှိမလဲ ဒီလိုမျိုးထိပ်တိုက်တိုက်ခိုက်မှုမှာ ငါ့ကိုတိုက်ရိုက်ရင်ဆိုင်၀ံ့တာ ပထမဆုံး၀ိညာဥ်ဘုရင်က မင်းပဲဖြစ်သွားပြီ လာပါဆက်ပြီတိုက်ခိုက်ရအောင် ”
အဲ့ဒီနောက် သူ့ရဲ့ခြေထောက်အောက်မှာရှိတဲ့ အ၀ိုင်းပြားကြီးက စတင်လှည့်ပတ်ပါတော့တယ်။ ၀ိညာဥ်လက်နက်လေးဆယ်ခြောက်ခုက စည်းချက်ကျကျလှုပ်ရှားနေရင်း သူ့ရဲ့ခံတပ်ကြီးက သုံးဆယ်ခြောက်ဒီဂရီလှည့်သွားခဲ့ပါပြီ။ ဒါ့အပြင် သူကလက်ကိုနည်းနည်းလေးရွေ့လိုက်ရုံနဲ့ ရပ်နေဆဲဖြစ်တဲ့ ဖေ့ယိယွမ်ကို ပစ်မှတ်ထားနိုင်ခဲ့တာပါ။ အတိအကျပြောရမယ်ဆိုရင် ဖေ့ယိယွမ်ရဲ့သိုင်းပညာ၀ိညာဥ်ကို သူချိန်ရွယ်နေတာပါပဲ။
” ညီနောင်တို့ ဘာတွေစောင့်နေတာလဲ ”
ဟယ့်ချိုက်ထို့ အော်လိုက်ပါတော့တယ်။ သူ့အနေနဲ့ အစွမ်းကုန်တိုက်ခိုက်မှုကြောင့် တခဏတာအနားယူရမယ်လို့ အားလုံးက တွေးနေခဲ့တာပါ။ ဒါပေမယ့် သူကတော့ နောက်တစ်ကြိမ်တိုက်ခိုက်ဖို့အသင့်ဖြစ်နေခဲ့ပါပြီ။ ကြောက်လန့်နေခဲ့တဲ့ ဖေ့ယိယွမ်ကတော့ ချက်ချင်းဆိုသလို သူ့ရဲ့ ကျားပေါ်ကိုခုန်တက်ရင်းပြေးဖို့လုပ်နေပါတော့တယ်။ တစ်နေ့မှာအဆင့်ငါးခုခံရေးအကာအကွယ်လက်နက်မရှိပါဘူး။
” မင်းတို့စိတ်ငြိမ်ငြိမ်ထားကြစမ်း ဒီလောက်အားကောင်းတဲ့တိုက်ခိုက်မှုကို သူတစ်ခေါက်ထဲနဲ့ နှစ်ခေါက်တော့မလုပ်နိုင်ဘူး ”
ရှန်ချဲ့က တကယ်ကိုအဖွဲ့ခေါင်းဆောင်ပီသပါသေးတယ်။ ကျင့်ကြံဆင့်မြင့်မားရုံတင်မကပဲ အတွေ့အကြုံနဲ့အသိပညာကလဲ အတော်ကိုကောင်းမွန်နေခဲ့တယ်။ သူပြောတာအမှန်ပါပဲ အဆုံးသတ်မှာ ဟယ့်ချိုက်ထို့က ၀ိညာဥ်ဘိုးဘေးတစ်ယောက်ဖြစ်နေဆဲပါ။ သူဘယ်လောက်ပဲသန်မာပြီ ၀ိညာဥ်ဘုရင်တစ်ယောက်ကို သတ်နိုင်ပါစေ ဒီလိုတိုက်ခိုက်မှုမျိုးကို နှစ်ခေါက်တော့မလုပ်နိုင်ပါဘူး။ ဒါပေမယ့် လူသားတွေကြောက်လန့်တယ်ဆိုတာက သဘာ၀တုန့်ပြန်မှုတစ်ခုပါပဲ။ ရှန်ချဲ့အချိန်ကိုက်သတိပေးပေမဲ့ ဟယ့်ချိုက်ထို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာရှိနေခဲ့တဲ့လက်နက်တွေက အရမ်းကိုခြိမ်းခြောက်မှုပြင်းပြနေခဲ့ပါတယ်။ တော်တော်များများကတော့ စိတ်ရှုပ်ထွေးနေခဲ့ကြပါပြီ။ ဒီတစ်ကြိမ်မှာပဲ ယန်မင်းရဲ့အနောက်ဖက်ကို ပိန်ပါးသွယ်လျတဲ့လူတစ်ယောက်က ရောက်လာခဲ့ပါတယ်။ ယန်မင်းလဲ သူ့ခန္ဓာကိုယ်တစ်ခုလုံး နာကျင်သွားတာကိုခံစားလိုက်ရပြီတဲ့နောက် များပြားတဲ့ဖိအားတွေကို လက်ခံလိုက်ရပါတော့တယ်။ သူလှုပ်ရှားဖို့ကြိုးစားတဲ့အချိန်တိုင်မှာ ခန္ဓာကိုယ်က အေးခဲလို့သွားခဲ့ပါပြီ။ သေးသွယ်တဲ့လက်နက်ကသူ့ရဲ့လည်ပင်းကို ချောမွတ်အောင်လုပ်ထားခဲ့ပြီ မာကျောတဲ့အရာတစ်ခုက နောက်ကျောကိုထောက်ထားခဲ့ပါတယ်။ အဲ့ဒီနောက် ယန်မင်းရဲ့ခန္ဓာကိုယ်က စည်း၀ိုင်းရဲ့အပြင်ဘက်ကို လွှင့်ထွက်လို့သွားခဲ့ပါပြီ။ ကျန်းနန်နန်က သူမရဲ့ မြေကမ္ဘာစွမ်းအားထိန်းချုပ်မှုကို အသုံးပြုပြီး ပြိုင်ဘက်ကိုထိန်းချုပ်ရင်းနဲ့ ပထမ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ ခြိမ်းခြောက်မှုတွေကိုအသုံးပြုနေခဲ့တာပါ။ ယန်မင်းအနေနဲ့ ပုံမှန်အခြေအနေမျိုးမှာအပြည့်အ၀အာရုံစိုက်နေခဲ့မယ်ဆိုရင်တောင် ဒီလိုတိုက်ခိုက်မှုကို အလွယ်လေးခုခံနိုင်ဖို့မလွယ်ကူခဲ့ပါဘူး။ ဒဏ်ရာရနေတဲ့အချိန်မှာတော့ ပိုဆိုးပါတယ်။
” ငါလာတော့မယ် ”
နူးညံ့ညင်းသာတဲ့အသံတစ်သံက ထွက်ပေါ်လာခဲ့ပါပြီ။ စိတ်၀ိညာဥ်တစ်ထောင်ကျောင်းတော်ဖက်ကနေ ကျောင်းသားတစ်ယောက်က ရုတ်တရက်ထွက်ပေါ်လာခဲ့ပါတယ်။ အစောပိုင်းမှာ သူမက ထိတ်လန့်နေခဲ့တဲ့အတွက် သူမရဲ့လက်ထောက်အဖွဲ့ခေါင်းဆောင်အခြေအနေကိုတောင် သိပ်ပြီမသုံးသပ်နိုင်ခဲ့ပါဘူး။ အခုအချိန်မှာတော့ သူ့ရဲ့စွမ်းအားကို ထုတ်ဖော်ပြပါတော့တယ်။ ဒါကတော့ အာလန်ယဲ့ပါ။ သူမရဲ့ အေးခဲမှုက အမိန့်အောက်မှာလှုပ်ရှားနေခဲ့ပြီ ယန်မင်းကိုအောက်မကျဖို့ပြန်ဖမ်းဆီးရင်း နောက်မကျဖို့လုပ်လိုက်ပါတယ်။ ဒါကအခုမဟုတ်သေးပါဘူး။ အာလန်ယဲ့ရဲ့လေးခုမြောက်၀ိညာဥ်စက်ကွင်းက တောက်ပလို့လာခဲ့ပါပြီ။ ၀က်၀ံကြီးက ဟိန်းဟောက်လိုက်ပါတော့တယ်။ အာလန်ယဲ့ရဲ့ အပြာရောင်ဆံပင်တွေက အဖြူရောင်ပြောင်းသွားပါပြီ။ မျက်လုံးနှစ်ခုကလဲ ဖြူဖွေးလို့သွားခဲ့ပြီ အရမ်းကိုအားကောင်းတဲ့အေးစက်မှုတွေကို ထုတ်လွှတ်ပါတော့တယ်။ အေးစက်မှုက ပေ့ပေ့နဲ့ ရှုစန်းရှီ ကျန်းနန်နန်တို့ကို ဖြတ်ကျော်သွားရုံတင်မက ဟယ့်ချိုက်ထို့နေရာအထိပါ ရောက်သွားခဲ့ပါတယ်။
အပိုင်း ၈၆•၂ ပြီး၏။