အပိုင်း ၈၆•၁
” ဖျက်ဆီးမှုရဲ့မူလ ဟယ့်ချိုက်ထို့ ”
°°°
ဒေါသမီးလျှံရဲ့ အားဖြည့်မှုပြီတဲ့နောက်မှာတော့ ရှန်ချယ့်ရဲ့ လှံပေါင်းတစ်ထောင်ထိုးချက်တစ်ခုလုံးက အနီရောင်တောက်ပသွားပါတော့တယ်။ ဒါ့အပြင် သူ့ရဲ့ မျက်၀န်းထဲမှာအလင်းတန်းတွေက ဖြတ်ပြေးလို့သွားခဲ့ပြီ တတိယ၀ိညာဥ်စက်ကွင်းကတောက်ပလို့လာခဲ့ပါပြီ။ ဒီနှစ်ထောင်၀ိညာဥ်စက်ကွင်းက လက်နက်ကိုချက်ချင်းဆိုသလို ဝေ၀ါးလို့သွားစေခဲ့ပါတယ်။ အဲ့ဒီနောက် အလင်းတန်းတချို့က ပိုပိုပြီးတောက်ပလို့လာခဲ့ပါပြီ။ ရလဒ်အနေနဲ့ ဒီတောက်ပလာခဲ့တဲ့အလင်းတန်းက ဖေ့ယိယွမ်ရဲ့ ဒေါသမီးလျှံကိုပါ ဖုံးလွှမ်းလို့သွားပါတော့တယ်။
ရှန်ချဲ့နဲ့ ဖေ့ယိယွမ်တို့က ဒီလိုမျိုးအလုပ်အတူတူလုပ်လာတာ တစ်ရက်နှစ်ရက်မကတော့ပါဘူး။ ရှန်ချဲ့ရဲ့ တတိယ၀ိညာဥ်စွမ်းရည်ထုတ်လွှတ်လိုက်ချိန်မှာပဲ ဖေ့ယိယွမ်က သူ့မရဲ့တတိယနဲ့ ဒုတိယ၀ိညာဥ်စွမ်းရည်တွေကို ဆက်တိုက်အသုံးပြုပါတော့တယ်။ ဒါပေမယ့် သူမရဲ့ ဒုတိယ၀ိညာဥ်စွမ်းရည်က မီးလျှံကြားပေါ်မှာ အသုံးပြုထားခဲ့တာပါ။
မီးလျှံတောင်ပံ လေးမီတာကျော်ကျယ်ပြန့်တဲ့အတောင်ပံတွေက ကျားရဲ့နောက်ကျောဖက်မှာထွက်ပေါ်လို့လာခဲ့ပါပြီ။ ကျားကိုအတောင်ပံတပ်ပေးလိုက်သလိုပဲဆိုတဲ့စကားကို အပြည့်အ၀ဖော်ညွှန်နေတာပါပဲ။ ဒီအတောင်ပံတွေက ကျားရဲ့အစွမ်းအစကို အများကြီးတိုးမြင့်လိုက်ရုံနဲ့တင်မကပဲ သူ့ခန္ဓာကိုယ်တစ်ခုလုံးကိုပါ ပိုပြီးတောက်ပလာစေပါတော့တယ်။ သူ့ခန္ဓာကိုယ်ပေါ်မှာတောက်ပနေတဲ့အနီရောင်မီးလျှံတွေကတော့ အပြာရောင်နဲ့ အဖြူရောင်အရောအဖြစ်ကို ဖြည်းဖြည်းချင်းပြောင်းလဲလို့လာခဲ့ပါပြီ။ ဖေ့ယိယွမ်ရဲ့တတိယ၀ိညာဥ်စက်ကွင်းပြီတဲ့နောက်မှာကတော့ အပြာရောင်နဲ့အဖြူရောင်ရောဆပ်ထားတဲ့ မီးလျှံတွေက ကျားရဲ့တစ်ကိုယ်လုံးကို အလင်းတန်းတွေလိုဖြစ်ပေါ်သွားစေခဲ့ပါတယ်။ သူ့ရဲ့မူလခန္ဓာကိုယ်ကလဲ အတော်လေးကို ဝေဝေ၀ါး၀ါးနဲ့ ပိန်ပါးလို့သွားခဲ့ပါပြီ။
ဒါပေမယ့် အဲ့ဒီကျားက မရပ်တန့်ခဲ့ပါဘူး။ အတောင်ပံကိုဖြန့်ပြီ တောက်ပနေတဲ့ လှံပေါင်းတစ်ထောင်ထိုးချက်ဇာထည်ကို ပြေး၀င်လို့သွားပါတော့တယ်။ ချက်ချင်းဆိုသလို သူ့ရဲ့မီးလျှံတွေက ပိုမိုအားကောင်းလို့လာခဲ့ပြီ ကျားရဲ့အော်သံနဲ့အတူ အနောက်ဖက်မှာရှိတဲ့သူတွေအားလုံး အသက်အောက်ထားလိုက်မိပါတော့တယ်။
ဒီအရာတွေအားလုံးက ၀ိညာဥ်စွမ်းရည်တွေကို အဆုံးစွန်းအထိ အားဖြည့်ပေးနိုင်တဲ့ အထောက်အပံ့တွေကြီးပါပဲ။ ခုခံမှုလေးမျိုးနဲ့ ခုခံတဲ့တံတိုင်းကြီးကို ဖန်တီးပေးပြီတဲ့နောက် ရေခဲနဲ့အတူ ဒိုင်းကာကိုပိုအားကောင်းလုပ်လိုက်ပါတယ်။ အဲ့ဒီနောက် ရှန်ချဲ့နဲ့ ဖေ့ယိယွမ်နှစ်ယောက်ကလဲ သေစေနိုင်လောက်တဲ့ တိုက်ခိုက်မှုကို ဖန်တီးဖို့လုပ်နေခဲ့ပြန်ပါပြီ။ ဒါက သူတို့အသုံးပြုနေတဲ့ဗျူဟာပါပဲ။ တိုက်ခိုက်တဲ့ပုံစံကလဲ အမျက်ဒေါသကျောင်းတော်ရဲ့ အရင်ပြိုင်ပွဲတွေမှာ မရှိခဲ့တဲ့ပုံစံဖြစ်နေခဲ့တယ်။
သူတို့တွေရဲ့ ထုတ်ပယ်မှုပွဲစဥ်မှာကြုံတွေ့ခဲ့ရတဲ့ပြိုင်ဘက်တွေက မသန်မာခဲ့ပါဘူး။ ဒါ့အပြင် ပထမဆုံးအကြိမ် အလှည့်ကျတိုက်ပွဲတွေကလဲ တစ်ယောက်တစ်ယောက်ချင်းသာတိုက်ပွဲဖြစ်ခဲ့ပါတယ်။ လက်ရှိအခြေအနေလောက်အထိ သန်မာတဲ့ဗျူဟာဆိုတာ တစ်ခါမှမထွက်ပေါ်လာခဲ့ဖူးပါဘူး။ ၀မ်ယန်အနေနဲ့လဲ ဒါတွေအားလုံးကို မခန့်မှန်းနိုင်ပဲရှိနေခဲ့ပါတယ်။ အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်က ဒီလိုတိုက်ခိုက်မှုမျိုးကို ခုခံနိုင်မှာလား။
စိတ်၀ိညာဥ်တစ်ထောင်ကျောင်းတော်ကတော့ ထူးခြားတဲ့ဗျူဟာတစ်ခုကို ဖန်တီးရင်းနဲ့ ပြိုင်ဘက်တွေကို ထုတ်ပယ်ပြစ်ဖို့သာရိုးရှင်းတဲ့ရည်မှန်းချက်ရှိပါတယ်။ ပြိုင်ဘက်တွေရဲ့အမှားအယွင်းနည်းနည်းလေးကိုမြင်တာနဲ့ ချက်ချင်းထိုးနှက်တိုက်ခိုက်ရင်း အောင်ပွဲဆင်နိုင်ခဲ့တာပါ။ သန်မာတဲ့အဖွဲ့တွေကို အဓိကရင်ဆိုင်တဲ့အချိန်မှာ သူတို့သုံးတဲ့နည်းလမ်းကဒါပါပဲ။
မူလအခြေအနေမှာ အမျက်ဒေါသကျောင်းတော်ရဲ့သူတို့တိုက်ခိုက်ဖို့အစီအစဥ်မရှိခဲ့ပါဘူး။ နောက်ဆုံးတော့လဲ အမျက်ဒေါသကျောင်းတော်က သမိုင်းတစ်လျှောက်လုံးဆက်တိုက်ချန်ပီယံဖြစ်ခဲ့တဲ့ ကျောင်းတော်ကြီးတစ်ခုပါ။ အမျက်ဒေါသကျောင်းတော်ကို စိန်ခေါ်ဖို့ဆိုတာအခြေခံသူတို့မရှိခဲ့ပါဘူး။ ဒါပေမယ့် အစောပိုင်းတစ်ယောက်တစ်ယောက်ချင်းတိုက်ပွဲမှာ ရှုံးနှိမ့်ခဲ့တာကြောင့် ဒီလိုအနေအထားကို ရောက်လာခဲ့ပါတယ်။ အကယ်၍ သူတို့သာ အမျက်ဒေါသကျောင်းတော်ကို အနိုင်မယူနိုင်လို့ကတော့ သေချာပေါက် ထုတ်ပယ်ခံရတော့မှာပါ။
ဒါကြောင့် သူတို့လဲ ရိုးရှင်းပြီအားကောင်းတဲ့ဒီဗျူဟာကိုသာ ထုတ်သုံးရပါတော့တယ်။ ရှုံးနှိမ့်ရမယ်ဆိုရင်တောင် သူတို့အစွမ်းအစကို လူတိုင်းသိသွားစေရမှာပါ။ အမျက်ဒေါသကျောင်းတော်ကို ရှုံးလို့ကတော့ မျက်နှာပျက်စရာသိပ်မရှိပါဘူး။
၀မ်ယန်နဲ့ အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်တွေကလဲ အဖွဲ့လိုက်တိုက်ခိုက်မှုကို မျှော်လင့်နေခဲ့ကြတာပါ။ တစ်ဖက်ကျောင်းတော်ကလဲတူညီတဲ့ရလဒ်ကိုပဲ မျှော်လင့်နေခဲ့တာဖြစ်ပါတယ်။ အဖွဲ့လိုက်တိုက်ခိုက်မှုမှာ နှစ်ဖက်စလုံးက အင်အားကိုအပြည့်အ၀ထုတ်လွှတ်နိုင်မယ်လို့ ယုံကြည်ချက်အပြည့်ရှိနေခဲ့တယ်။ နောက်ဆုံးတော့လဲ နှစ်ဖက်စလုံးက ကျေနပ်လို့သွားခဲ့ပါပြီ။ ဒါပေမယ့် လက်ရှိအမျက်ဒေါသရဲ့ မိစ္ဆာခုနှစ်ဖော်က စိတ်၀ိညာဥ်တစ်ထောင်ကျောင်းတော်ရဲ့အစွမ်းအစကို ရင်ဆိုင်နိုင်မှာလား။
” သွားပေးရော့ ”
ရှန်ချဲ့က အော်လိုက်ပြီတဲ့နောက် လက်နှစ်ဖက်စလုံးကို ဆန့်ထုတ်လိုက်ပါတော့တယ်။ မီးလျှံတွေက အရှေ့ကိုပြေးထွက်လို့သွားခဲ့ပါပြီ။ တစ်ချိန်ထဲမှာပဲ ဒိုင်းလေးခုကရုတ်တရက်လှုပ်ရှားလာပါတော့တယ်။ ဒိုင်းကာရဲ့အလယ်ဗဟိုမှာ အပေါက်တစ်ပေါက်ဖြစ်ပေါ်လာခဲ့ပြီ အာလန်ယဲ့ရဲ့ ရေခဲချိတ်ပိတ်စည်းအစွမ်းအောက်မှာ ပေ့ပေ့ ဟယ့်ချိုက်ထို့ ရှုစန်းရှီ ကျန်းနန်နန်တို့က ဒိုင်းကာနဲ့ဆယ်မီတာအဝေးမှာ ရှိနေခဲ့ပါသေးတယ်။ ဒါတွေအားလုံးကို ဖော်ပြရတာက အချိန်အတော်ကြာနေသယောင်ရှိပေမဲ့ အမှန်တကယ်မှာတော့ စက္ကန့်ပိုင်းအတွင်းဖြစ်သွားခဲ့တာပါ။ ကျောင်းတော်ထဲမှာ ရှန်ချဲ့တစ်ယောက်ထဲကအင်အားကြီးတဲ့သူမဟုတ်ပါဘူး။ သူ့ကိုအထောက်အပံ့ပြုပေးနေတဲ့သူတွေအားလုံးကလဲ အတော်ကိုထူးချွန်ကြပါတယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ လူလေးယောက်က လက်ရှိအချိန်မှာဦးဆောင်ပြေး၀င်နေခဲ့ပြီ လုံး၀ကိုမျက်နှာသေတွေနဲ့ ရှိနေခဲ့တယ်။ တစ်ချိန်ထဲမှာပဲ ပေ့ပေ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ အဖြူရောင်အမှတ်တစ်ခုက ပေါ်လာခဲ့ပါပြီ။ အဲ့ဒီအမှတ်က ကြက်ခြေခတ်ပုံစံရှိပြီ ရင်ဘတ်နားမှာ ဖြစ်ပေါ်လာခဲ့တာပါ။ ပေ့ပေ့ရဲ့နှုတ်ခမ်းပေါ်မှာလဲ တူညီတဲ့အပြုံးတစ်ခုက ရုတ်တရက်ဖြစ်ပေါ်လာပါတော့တယ်။ ဒါက ကိုယ့်ကိုကိုယ်ယုံကြည်မှုပါပဲ။ ကြည့်နေသူတွေအားလုံးလဲ ဒါကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရပါတယ်။ အခုအချိန်မှာ ဧကရာဇ်မင်းကိုယ်တိုင်တောင်မှ အသက်အောင့်ထားလိုက်မိတယ်။ အမျက်ဒေါသကျောင်းတော်က ဒီပြိုင်ပွဲအစထဲမှာတင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရတော့မှာလား။ ဒီတစ်ကြိမ်မှာပဲ နောက်ထပ်ကြောက်စရာမြင်ကွင်းကို မြင်လိုက်ရပါပြီ။ အတိအကျပြောရမယ်ဆိုရင် လန့်စရာကောင်းလွန်တဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ထဲမှာ ပထမဆုံး၀ိညာဥ်စွမ်းရည်ထုတ်လွှတ်မဲ့သူက ဟို့ယွိဟောင်ဖြစ်မယ်လို့ သူတို့ထင်ထားခဲ့တာပါ။ ဒါပေမယ့် သူက ၀ိညာဥ်စွမ်းရည်ကိုထုတ်သုံးဖို့မပြောနဲ့ ၀ိညာဥ်စက်ကွင်းတွေတောင် ထုတ်မသုံးထားခဲ့ပါဘူး။ ရုတ်တရက်ဆိုသလို ဟို့ယွိဟောင်ရဲ့မျက်လုံးထဲကနေ ခရမ်းရွှေရောင်အလင်းတန်းတွေက ဖြစ်ပေါ်လို့လာခဲ့ပါပြီ။ ဒါက လှုပ်ရှားဖို့ပြင်နေတဲ့ ရှန်ချဲ့ကို တန်းတန်းမတ်မတ်တိုက်ခိုက်ထားခဲ့တာပါ။
ရှန်ချဲ့ကတော့ နာနာကျင်ကျင်အော်ဟစ်လိုက်ပြီတဲ့နောက် ပေ့ပေ့ရဲ့ခန္ဓာကိုယ်ပေါ်မှာရှိနေခဲ့တဲ့ ကြက်ခြေခတ်ပုံသဏ္ဍာန်အမှတ်ကလဲ ပျောက်ကွယ်လို့သွားပါတော့တယ်။ ဒါပေမယ့် လမ်းတစ်၀က်ကိုရောက်နေပြီဖြစ်တဲ့ လှံပေါင်းတစ်ထောင်ထိုးချက်ကတော့ ရုတ်တရက်နေရာလွဲလို့သွားခဲ့ရပါတယ်။ အခွင့်အရေးဆိုတာက နှစ်ဖက်စလုံးမှာညီတူညီမျှရှိနေတဲ့အရာပါပဲ။ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုနဲ့ စိတ်၀ိညာဥ်ထိတ်လန့်မှုတို့ရဲ့ ပြီးပြည့်စုံတဲ့ပေါင်းစည်းမှုက အဖွဲ့လိုက်တိုက်ခိုက်မှုမှာ စတင်ပေါ်ထွက်လို့လာခဲ့ပါပြီ။ ဒီလိုမျိုးပေါင်းစည်းမှုနှစ်ခုကို ပထမဆုံးကြုံတွေ့ရတဲ့ဘယ်သူမဆို သေချာပေါက်ပြင်းထန်တဲ့ရှုံးနှိမ့်မှုကို ခံစားရမှာပါ။
ကျင့်ကြံဆင့်က ဆက်တိုက်ဆိုသလို တိုးတက်လို့လာနေပေမဲ့ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားကတော့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အကူအညီကြောင့်အများကြီးပိုပြီး အားကောင်းလို့နေခဲ့တာပါ။ ပထမ၀ိညာဥ်စက်ကွင်းကလဲ နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းအဆင့်ကို ရောက်ရှိလို့နေခဲ့ပါပြီ။ ဒါပေမယ့် သူ့ရဲ့အလုံးစုံကျင့်ကြံမှုက ၀ိညာဥ်စက်ကွင်းသုံးကွင်းအကြီးအကဲမဖြစ်သေးတာကြောင့် အမှန်တကယ်တော့ ဒီနှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းသာရှိသေးတာဖြစ်နေခဲ့တယ်။ ဒါ့အပြင် သာမန်နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းလဲမဟုတ်ပါဘူး။
အစောပိုင်းကျင့်ကြံဆင့်အားနည်းတဲ့အချိန်မှာတောင် မာရှောင်ထောင့်ကို တွေဝေမှိန်မောသွားအောင်လုပ်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ကျင့်ကြံဆင့်က အများကြီးမြင့်တက်လာခဲ့ပြီ ပြိုင်ဘက်ကလဲ မာရှောင်ထောင့်လောက် မသန်မာတာကြောင့် အကျိုးသက်ရောက်မှုက များနေခဲ့တယ်။ ပေ့ပေ့ကဘာကြောင့်များ ပြုံးရတာလဲ။ စိတ်၀ိညာဥ်တစ်ထောင်ကျောင်းတော်က ဒိုင်းကာကိုအသုံးပြုပြီးသူတို့ရဲ့လှုပ်ရှားမှုတွေအားလုံးကို ဖုံးကွယ်ထားနိုင်မယ်လို့ထင်နေခဲ့တာပါ။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုကြောင့် သူတို့က ဘာကိုမှမဖုံးကွယ်ထားနိုင်ခဲ့ပါဘူး။ ရှန်ချဲ့ရဲ့လှုပ်ရှားမှုနဲ့ လုပ်ရပ်တွေအားလုံးက သူတို့ရှင်းရှင်းလင်းလင်းမြင်နေခဲ့ရပါတယ်။ ဟို့ယွိဟောင် လှုပ်ရှားလိုက်ချိန်မှာတော့ ရှန်ချဲ့လဲ ရွေးချယ်စရာမရှိပဲနဲ့ ထိခိုက်လို့သွားခဲ့ရပါပြီ။ ဒါ့အပြင် သူ့အဖွဲ့ရဲ့အဓိကထိန်းချုပ်သူဖြစ်တာကြောင့် အဖွဲ့တစ်ဖွဲ့လုံးကလဲ သူ့ရဲ့အချိန်တိုက်မှုနဲ့အတူ အလုပ်လုပ်နေခဲ့ရတာပါ။
ရုတ်တရက်အပြောင်းအလဲက အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ကို အေးဆေးလို့သွားစေခဲ့ပါတယ်။ ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့က ဟို့ယွိဟောင်ဘေးမှာ မလှုပ်မရှားရှိနေဆဲပါ။ အရှေ့မှာရှိနေခဲ့တဲ့ လူလေးယောက်ကတော့ သားရဲကောင်ကြီးတွေလိုမျိုး ပြေးထွက်လို့သွားခဲ့ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ပေါင်းစည်းတဲ့ပေါက်ကွဲမှုက ပိုပြီးတော့ကိုကြောက်စရာကောင်းနေခဲ့တယ်။ ရှန်ချဲ့ကတော့ ထိန်းချုပ်မှုအပိုင်းကို အပြည့်အ၀အာရုံစိုက်ထားခဲ့တာပါ။ ဒီအချိန်မှာပဲ ဟို့ယွိဟောင်ရဲ့တ်ိုက်ခိုက်မှုကို ခံစားလိုက်ရပါတယ်။ ဒါကြောင့် သူ့ရဲ့တိုက်ခိုက်မှုက လွဲချော်သွားရုံတင်မကပဲ စိတ်ကလဲပြင်းထန်တဲ့ ဒဏ်ရာကိုခံစားရလိုက်ပါပြီ။ ပါးစပ်နဲ့နှာခေါင်းတွေကနေ စတင်ပြီ သွေးတွေယိုစီးလို့လာပါတော့တယ်။ ဒါ့အပြင် သူ့ရဲ့တိုက်ခိုက်မှုပစ်မှတ်က သူ့အဖွဲ့ရဲ့ဒိုင်းကာကိုသွားပြီထိခိုက်လို့သွားခဲ့ပါတယ်။ ဒီလိုခံတပ်ဗျူဟာမျိုးက အထဲကနေ ဖျက်ဆီးဖို့ဆိုတာ အလွယ်ဆုံးပါပဲ။ ဒါ့အပြင် အတော်လေးလဲ အဓိပ္ပာယ်ရှိပါတယ်။ ဒိုင်းကာကိုပြုလုပ်ထားတဲ့ လူလေးယောက်က အပြင်ကနေကြည့်မယ်ဆိုရင် ဘယ်လိုမှဟာကွက်ကိုတွေ့နိုင်မှာမဟုတ်ပါဘူး။ သူတို့တွေက ဆက်တိုက်ဆိုသလိုနေရာကိုအပြောင်းအလဲလုပ်နေခဲ့ပြီ ပြင်ပတိုက်ခိုက်မှုတွေကိုကာကွယ်ဖို့လုပ်နေခဲ့တာပါ။ အတွင်းပိုင်တိုက်ခိုက်မှုတွေကိုကာကွယ်ဖို့ စိတ်ကူးတောင်မရှိခဲ့ပါဘူး။ ဖေ့ယိယွမ်ရဲ့ စွမ်းအားနဲ့အားဖြည့်ပေးထားတဲ့ ဒိုင်းကာကြီးက ရှန်ချဲ့ရဲ့ အဆုံးစွန်းတိုက်ခိုက်မှုနဲ့အထဲကနေ ရင်ဆိုင်လိုက်ချိန်မှာတော့ ပြင်းထန်တဲ့ပေါက်ကွဲသံကြီးတွေက ထွက်ပေါ်လို့လာပါတော့တယ်။ အပြာရောင်နဲ့အဖြူရောင်ရောနှောထားခဲ့တဲ့ မီးလျှံတွေကဒိုင်းကာကြီးကို အထဲကနေ မီးမြိုက်လိုက်သလိုဖြစ်သွားခဲ့ပြီ နံရံနဲ့အနီးဆုံးရှိနေခဲ့တဲ့ ယန်မင်းလဲ မီးလောင်ကျွမ်းလို့သွားခဲ့ရပါတယ်။ ဒါ့အပြင် တိုက်ခိုက်မှုရဲ့ အတွင်းပိုင်းကြောက်စရာရိုက်ခတ်မှုကြောင့် ယန်မင်းနဲ့ စုတ်ဟူနှစ်ယောက်စလုံးက လွှင့်ထွက်လို့သွားခဲ့ရပြီ မီးလောင်ဒဏ်ရာတွေကြောင့် ပြင်းပြင်းထန်ထန် အော်ဟစ်နေခဲ့ရပါတယ်။ သူတို့ရဲ့ညာဘက်လက်တွေမှာကတော့ သွေးတွေကဆက်တိုက်ယိုစီးလို့နေခဲ့တယ်။ ရှန်ချဲ့ရဲ့ အဆုံးစွန်းတိုက်ခိုက်မှုက သူ့ဖက်ကိုသူအထိနာသွားစေခဲ့တာပါ။ ကံကောင်းစွာနဲ့ပဲ သူ့ရဲ့အဖွဲ့သားတွေကို တည့်တည့်မတ်မတ်မထိမိတာကြောင့်သာ အခြေအနေသက်သာသွားခဲ့တာပါ။ မဟုတ်လို့ကတော့ ဒဏ်ရာတွေက သေလုမတတ်ပြင်းထန်ပါလိမ့်မယ်။
ပြင်းထန်တဲ့ပေါက်ကွဲသံတွေဆက်တ်ိုက်ဖြစ်ပေါ်လာပြီတဲ့နောက် ပေ့ပေ့နဲ့ ရှုစန်းရှီတို့ကလဲ အော်ဟစ်လိုက်ကြပါတော့တယ်။ အဲ့ဒီနောက် အေးခဲတဲ့ချိတ်ပိတ်စည်းကြောင့် အရှိန်လျော့နေခဲ့တဲ့သူတို့လဲ ရုတ်တရက်အရှိန်မြင့်တက်လို့သွားခဲ့ပါပြီ။ အလင်းတန်းတစ်ခုနဲ့အတူ ရှုစန်းရှီက ဒိုင်းကာကြီးကို အလင်းတန်းတစ်ခုနဲ့အတူဖောက်၀င်လို့သွားခဲ့ပါတယ်။ ပေ့ပေ့ကလဲ ကျန်ရစ်တဲ့ ဒိုင်းကာတစ်၀က်ကို တစ်ဟုန်ထိုး၀င်တိုက်တော့တယ်။
ဟယ့်ချိုက်ထို့က ရုတ်တရက်လှုပ်ရှားနေတာကို ရပ်လိုက်ပါပြီ။ ထိုင်နေတဲ့ကျားတစ်ကောင်လိုပါပဲ။ သူ့ရဲ့၀ိညာဥ်အားဖြည့်တဲ့ ဆေးပြင်းလိပ်ကိုသောက်နေပြီတဲ့နောက် ခန္ဓာကိုယ်တစ်ကိုယ်လုံးကနေ သတ္ထုသံတွေထွက်ပေါ်လို့လာပါတော့တယ်။ အစောပိုင်းရက်တွေမှာရှုစန်းရှီက တိမ်တိုက်ကျောင်းတော်က ကျောင်းသားတွေနဲ့ တိုက်ခိုက်ရင်းအခြေချထားတဲ့ ၀ိညာဥ်အမြောက်နဲ့တွေ့ခဲ့တာပါ။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ အခုလိုမျိုးသုံးနေသူက ဟယ့်ချိုက်ထို့ဖြစ်နေခဲ့တယ်။ ဖန်းယွီဆီကနေ ၀ိညာဥ်လက်နက်တွေအကြောင်း ဟို့ယွိဟောင် သင်ယူနေခဲ့တာ အချိန်အတ်ိုကာလသာရှိပါသေးတယ်။ ဖန်းယွီက အခြေခံကောင်းကောင်းရအောင်လုပ်နိုင်ခဲ့ပေမဲ့ ၀ိညာဥ်လက်နက်တွေ ဖန်တီးပြုလုပ်တဲ့ကိစ္စကိုသာအဓိကသင်ကြားပေးခဲ့တာပါ။ ဖန်းယွီက သူ့ရဲ့အခြေခံကိုသာ အဓိကအာရုံစိုက်ထားခဲ့ပါတယ်။ ဒါပေမယ့် ဟယ့်ချိုက်ထို့ကတော့ ဖန်းယွီရဲ့လက်အောက်မှာသင်ကြားနေခဲ့တာ ငါးနှစ်ကျော်နေခဲ့ပါပြီ။ သူကအပေါ်ယံမှာမြင်နေရသလိုထုံထုံထိုင်ထိုင်သူတစ်ယောက်မဟုတ်ခဲ့ပါဘူး။ သူ့ရဲ့ငါးနှစ်တာကြိုးစားမှုက ရှုစန်းရှိီအစောပိုင်းတုန်းက တိုက်ခိုက်ခဲ့တဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်ထက် ဘယ်လိုလုပ်အားနည်းနိုင်မှာလဲ သူ့ရဲ့အမြောက်တွေကိုစပြီအသုံးပြုတဲ့အချိန်မှာ မခက်မခဲပဲခန္ဓာကိုယ်က ပြောင်းလဲလို့သွားပါတော့တယ်။ ဒီလိုအရည်အသွေးက စစ်ထူးယွီထက်ကို အများကြီးပိုပြီးမြင့်မားလို့နေခဲ့တယ်။ စစ်ထူးယွီက ခြေထောက်တစ်ခုထဲကို အားပြုတဲ့သူဖြစ်မယ်ဆိုရင် ဟယ့်ချိုက်ထို့ကတော့ တစ်ကိုယ်လုံးကိုကြောက်စရာကောင်းလောက်အောင် ခံတပ်အဖြစ်ပြောင်းလဲနိုင်သူပါပဲ။ သတ္ထုရဲ့ပြောင်းလဲတဲ့အသံတွေအောက်မှာ ဟယ့်ချိုက်ထို့ရဲ့ခြေထောက်အောက် စက်၀ိုင်းပုံသဏ္ဍာန်ပုံစံကပေါ်လာရင်း တစ်ကိုယ်လုံးကို ဖုံးလွှမ်းလို့သွားပါတော့တယ်။
အပိုင်း ၈၆•၁ ပြီး၏။