Switch Mode

Chapter – 85.3

ရေခဲနဲ့ မီး အမွှာ ထိန်းချုပ်သူ

အပိုင်း ၈၅•၃

” ရေခဲနဲ့မီးအမွှာထိန်းချုပ်သူနှစ်ယောက် လှံပေါင်းတစ်ထောင်ထိုးချက် ”
°°°
အနောက်ဖက်မှာရပ်နေခဲ့တဲ့ ဆံပင်အပြာနဲ့ မိန်းကလေးက အာလန်ယဲ့လို့ခေါ်ပါတယ်။ ဒါ့အပြင် သူပိုင်ဆိုင်ထားတဲ့သိုင်းပညာ၀ိညာဥ်ကတော့ နှင်း၀က်၀ံပါ။ အနီရောင်ဆံပင်နဲ့မိန်းကလေးကတော့ ဖေ့ယိယန်လို့ခေါ်ပြီ မီးလျှံကျားအမျိုးအစားသိုင်းပညာ၀ိညာဥ်က်ိုပိုင်ဆိုင်ထားပါတယ်။ သူတို့တွေကို မီးလျှံနဲ့ရေခဲအမွှာထိန်းချုပ်သူလို့ခေါ်ကြတဲ့အကြောင်းအရင်းကတော့ နှစ်ယောက်စလုံးက ထိန်းချုပ်ရေးအမျိုးအစားသိုင်းပညာ၀ိညာဥ်ပညာရှင်တွေ ဖြစ်နေခဲ့လို့ပါပဲ။

အစောပိုင်းပွဲစဥ်တွေမှာ သူတို့က ဘယ်၀ိညာဥ်လက်နက်ကိုမှအသုံးမပြုခဲ့ကြပါဘူး။ ဒါကြောင့် ဒီပြိုင်ပွဲမှာရော ဘယ်လိုလုပ်မလဲဆိုတာ ဘယ်သူမှမသိနိုင်ပဲရှိနေခဲ့ပါတယ်။ ဒါပေမယ့် တစ်ဖက်ကျောင်းတော်ကို နားလည်ထားသလောက်အရဆိုရင် သူတို့ရဲ့အင်အားက အရင်ကြုံတွေ့ခဲ့ရတဲ့ တိမ်တိုက်ကျောင်းတော်ထက်အများကြီးသာလွန်တာအမှန်ပါ။

ရှန်ချဲ့က ၀ိညာဥ်ဘုရင်အဆင့်အင်အားကို ပိုင်ဆိုင်ထားပါတယ်။ ၀ိညာဥ်စက်ကွင်းလဲ ငါးကွင်းရှိသူဖြစ်ပြီ ၀မ်ယန်ရဲ့ခန့်မှန်းမှုအရ အဆင့်ငါးဆယ်သုံးနဲ့ အဆင့်ငါးဆယ်၀န်းကျင်မှာရှိနေခဲ့မှာပါ။ တခြားအဖွဲ့သားတွေကတော့ ၀ိညာဥ်ဘိုးဘေးတွေဖြစ်ပြီ အဆင့်လေးဆယ်ငါးအထက်ကိုရှိသူက နှစ်ယောက်ပါပါလိမ့်မယ်။ ဒီပြိုင်ပွဲက ဟို့ယွိဟောင်ရဲ့တခြားသူတွေကို အပြည့်အ၀တော့ လွှင့်ထုတ်နိုင်မှာမဟုတ်သေးပါဘူး။

” ပြိုင်ပွဲစတင်မယ် ”

နှစ်ဖက်စလုံးက သိုင်းပညာ၀ိညာဥ်တွေကိုဆက်တိုက်ထုတ်လွှတ်လိုက်ပါပြီ။ အားလုံးထဲမှာချွင်းချက်ကတော့ ဟို့ယွိဟောင်တစ်ယောက်သာရှိနေခဲ့ပါတယ်။ အမှန်တကယ်မှာတော့ သူလဲသိုင်းပညာ၀ိညာဥ်ကို ထုတ်လွှတ်ပြီးသားပါ။ သူ့ရဲ့ပုံစံတူတုပမှုကြောင့်သာ ဘယ်သူကမှသူ့ရဲ့၀ိညာဥ်စက်ကွင်းတွေကို မမြင်ရပါဘူး။ ဟို့ယွိဟောင်က လက်နှစ်ဖက်ကိုဗိုက်နားမှာကပ်ထားရင်းနဲ့ မလှုပ်ရှားပဲရှိနေခဲ့ပါတယ်။ ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ကတော့ အခုအချိန်အထိ လှုပ်ရှားဖို့စိတ်ကူးရှိပုံမပေါ်သေးပါဘူး။ သူတို့နှစ်ယောက်ကလဲ ၀ိညာဥ်စက်ကွင်းခြောက်ကွင်းတွေကိုထုတ်လွှတ်လို့ထားကြပါတယ်။ ဒါ့အပြင် သင့်တော်မှန်ကန်တဲ့၀ိညာဥ်စက်ကွင်းပေါင်းစည်းမှုတွေရှိနေခဲ့တယ်။ အ၀ါရောင်နှစ်ကွင်း ခရမ်းရောင်နှစ်ကွင်းနဲ့ အနက်ရောင်နှစ်ကွင်းပါ။ ဒီလိုပေါင်းစည်းမှုက ၀ိညာဥ်ဧကရာဇ်အဆင့်တွေကြီးပါပဲ။ ဒါ့အပြင် သူ၀ိညာဥ်စက်ကွင်းကို တစ်ချက်ကြည့်လိုက်ရုံနဲ့ ပြိုင်ဘက်ရဲ့အင်အားကို ထင်ထင်ရှားရှားသိနိုင်ဖို့လွယ်ကူနေခဲ့တယ်။ တစ်ဖက်ကျောင်းတော်ရဲ့ပြိုင်ဘက်တွေကတော့ ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့က ၀ိညာဥ်စက်ကွင်းခြောက်ကွင်းထုတ်လွှတ်လိုက်တာကိုမြင်ချိန်မှာ မျက်လုံးပြူးသွားကြပါတယ်။ သဏ္ဍာန်မဲ့တဲ့ဖိအားတစ်ခုက သူတို့ရင်ဘတ်ကို လာဖိနှိမ့်ရင်းအသက်ရှုလို့မရနိုင်တော့တဲ့အထိ တွန်းအားပေးနေခဲ့တယ်။

သူတို့ထဲမှာ သုံးယောက်က မလှုပ်ရှားပဲရှိနေခဲ့တာပါ။ ပေ့ပေ့ ရှုစန်းရှီ ကျန်းနန်နန်နဲ့ ဟယ့်ချိုက်ထို့တို့က လှုပ်ရှားလိုက်ပါပြီ။ ပေ့ပေ့နဲ့ ရှုစန်းရှီနှစ်ယောက်စလုံးက ဆက်တိုက်ပါးစပ်ထဲမှာဆေးပြင်းလိပ်တွေကို ကိုက်ထားခဲ့ပါတယ်။ ပေ့ပေ့ကတော့ အင်အားကိုမြင့်တင်ပေးတဲ့ဆေးပြင်းလိပ်ကြီးကို ကိုက်ထားခဲ့ပြီ ရှုစန်းရှီကတော့ ခုခံရေးကို အားဖြည့်ပေးတဲ့ဆေးပြင်းလိပ်အရှည်ကို ကိုက်ထားခဲ့ပါတယ်။ သူတို့လေးယောက်က ၀ိညာဥ်စက်ကွင်းတွေကိုထုတ်လွှတ်လိုက်ပါပြီ။ ပေ့ပေ့ကတော့ အရှေ့မှာဦးဆောင်ရင်ပြေးထွက်လို့သွားပါတယ်။ ရှုစန်းရှီက သူ့ဘေးနားမှာလိုက်လာခဲ့တယ်။ ကျန်းနန်နန်ကတော့ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ဒါကသူတို့ပြိုင်ဘက်တွေရဲ့မြင်ကွင်းတွေကနေ ဖြစ်နေခဲ့တာပါ။ တကယ်တော့ သူမက ပေ့ပေ့ရဲ့နောက်မှာကပ်ပြီပုန်းနေရုံပါပဲ။ ဟယ့်ချိုက်ထို့ကလဲ အတူတူပဲအရှေ့ကိုတက်သွားခဲ့ပါတယ်။ ဟို့ယွိဟောင်တို့သုံးယောက်ကတော့ နောက်ကနေဖြည်းဖြည်းချင်း လိုက်လာခဲ့တယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ စီစဥ်ထားမှုကဗျူဟာမရှိသလိုပါပဲ။ သူတို့ကပြန့်ကျဲနေခဲ့ပြီ ကိုယ်ပိုင်တိုက်ပွဲကိုတိုက်ခိုက်နေသလိုပုံစံပါပဲ။ ၀မ်သုန့်ကတော့ သူတို့ထက်စာရင်းအများကြီးပိုပြီး သပ်သပ်ရပ်ရပ်ရှိနေခဲ့တယ်။ ယန်မင်း စုတ်ဟူနဲ့ ပိုင်ချန်းနဲ့ ယဲ့မောင်တို့ရဲ့ ခန္ဓာကိုယ်တွေပေါ်မှာအ၀ါရောင်အလင်းတန်းတွေက တောက်ပလို့လာခဲ့ပါပြီ။ သူတို့လဲ သိုင်းပညာ၀ိညာဥ်ကို ထုတ်လွှတ်လိုက်ပါတော့တယ်။ အဲ့ဒီနောက် ပုံစံပြောင်းလဲမှုက စတင်ဖြစ်ပေါ်လာခဲ့ပါပြီ။ သူတို့ရဲ့မူလပိန်ပါးသေးသွယ်တဲ့ခန္ဓာကိုယ်က ပိုမိုကြံ့ခိုင်လာခဲ့ပြီ အ၀ါရောင်အသားအရေးကလဲ အရင်ကထက်ပိုပြီးမှောင်မိုက်လို့သွားပါတော့တယ်။ အသိသာဆုံးပြောင်းလဲမှုကတော့ သူတို့ရဲ့ညာဘက်လက်မောင်းတွေပါပဲ။ ညာဘက်လက်မောင်းရဲ့ကြွက်သားတွေက ပြင်းပြင်းထန်ထန်တွန့်လိမ့်လို့သွားခဲ့ပြီတဲ့နောက် ဒိုင်းကာတွေကထွက်ပေါ်လာခဲ့ပါပြီ။

ဒီိဒိုင်းကာတွေက အတော်ကိုထူးထပ်တဲ့အရာတွေနဲ့ ပြုလုပ်ထားတာပါပဲ။ စိတ်၀ိညာဥ်ဒိုင်းကာတွေက ကြံ့တွေရဲ့ပုံစံပြောင်းလဲမှုတစ်ခုပါ။ သူတို့လေးယောက်စလုံးဒါကိုပိုင်ဆိုင်ထားခဲ့ပါတယ်။ ဒါ့အပြင် လေးမီတာရှည်လျားတဲ့ဒိုင်းကာကြီးတွေက အရှေ့မှာရှိတဲ့လူသုံးယောက်ကို နံရံတစ်ခုလိုမျိုး ကာကွယ်ထားခဲ့ပါပြီ။ အရှေ့ဆုံးမှာရှိနေခဲ့တဲ့ ၀ိညာဥ်ပညာရှင်လေးယောက်က ၀ိညာဥ်စက်ကွင်းလေးကွင်းရှိပြီ အ၀ါရောင်နှစ်ကွင်းနဲ့ ခရမ်းရောင်နှစ်ကွင်းကို ပိုင်ဆိုင်လို့ထားခဲ့ပါတယ်။ အဲ့ဒီနေရာမှာ သူတို့ရပ်နေရုံနဲ့တင် ခိုင်မာပြီထိုးဖောက်လို့မရတဲ့ခံစားချက်ကို ပေးစွမ်းလို့နေခဲ့တယ်။ ၀မ်သုန့် ရှောင်းရှောင်းနဲ့ ဟို့ယွိဟောင်တို့ဆီက ထွက်ပေါ်နေခဲ့တဲ့ လန့်စရာဖိအားတွေကြောင့်သာ မဟုတ်ရင် သူတို့ဖန်တီးထားတဲ့ ခုခံမှုကအများကြီးပိုပြီးပြည့်စုံနေခဲ့မှာပါ။

သူတို့ရဲ့ ခေါင်းဆောင်ရှန်ချဲ့ကတော့ အနောက်တည့်တည့်မှာရပ်နေခဲ့တယ်။ ရှန်ချဲ့ရဲ့ သိုင်းပညာ၀ိညာဥ်ကလဲ ထုတ်လွှတ်ချိန်မှာထူးဆန်းလို့နေခဲ့တယ်။ သူညာဘက်လက်ကို မြောက်လိုက်ချိန်မှာတော့ ခန္ဓာကိုယ်တစ်ခုလုံးငွေရောင်အလင်းတန်းတွေက ဖုံးလွှမ်းလို့သွားခဲ့ပါပြီ။ ကောင်းကင်ကိုကြည့်နေရင်း ကောင်းကင်ပေါ်က တစ်စုံတစ်ရာကိုပွေ့ဖက်တဲ့အတိုင်း သူလှုပ်ရှားလိုက်ပါတယ်။ အဲ့ဒီနောက် ငွေရောင်အလင်းတန်းတွေက သူ့ရဲ့နောက်ကျောဖက်ကနေ အပေါ်ကိုပျံတက်လို့သွားခဲ့ပြီ နယ်မြေကြီးရဲ့ခုခံကာကွယ်ရေးဒိုင်းကာနဲ့ ၀င်တိုက်ပါတော့တယ်။ အဲ့ဒီနောက် ငွေရောင်အလင်းတန်းအရှေ့မှာ သူစတင်ပြီလွှင့်မျောနေခဲ့ပါပြီ။ အဲ့ဒီငွေရောင်အလင်းတန်းက တကယ်တော့အတော်ကြီးကို ထက်မြက်စူးရှပြီ အားကောင်းလွန်တဲ့လှံရှည်တစ်လက်ပါပဲ။ တစ်ပေကျော်ရှည်လျားတဲ့ခန္ဓာကိုယ်က ငွေရောင်တောက်ပနေခဲ့ပြီ မျက်နှာပြင်တစ်ခုလုံးမှာလဲ ထွင်းထုဓားတဲ့ပုံရိပ်လွှာတွေရှိပါတယ်။ ပြင်းထန်လွန်လှတဲ့ ရှန်ချဲ့ရဲ့လက်ထဲကို ပေါ်ပေါက်လာချိန်မှာတော့ အရှေ့မှာရှိနေခဲ့တဲ့ ဒိုင်းကာတွေရဲ့ အားကောင်းမှုကိုတောင် လွှမ်းခြုံလို့သွားခဲ့တယ်။

ဒါကတော့ ရှန်ချဲ့ရဲ့ သိုင်းပညာ၀ိညာဥ်ဖြစ်နေတဲ့ လှံပေါင်းတစ်ထောင်ဇာထည်ကပဲ။ ဒါ့အပြင် အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းတော်သားခုနှစ်ယောက်ဆီကို ၀ိညာဥ်လက်နက်အသုံးပြုတဲ့ ၀ိညာဥ်ပညာရှင်တစ်ယောက်ထုတ်လွှတ်အရှိန်အ၀ါတိုင်း သူထုတ်လွှတ်ပြီဖိအားပေးနေခဲ့တယ်။ အစောပိုင်းတုန်းက ဒီလိုခံစားချက်မျိုးကို အဓိကအဖွဲ့ရဲ့ တိုက်ခိုက်ရေးပညာရှင်ဖြစ်သူ ချန်ကျစ်ဖုန်းဆီကနေ သူတို့ရဘူးပါတယ်။

ချန်ကျစ်ဖုန်းရဲ့၀ိညာဥ်ဖြိုခွင်ဓားကလဲ ဒီလိုအရှိန်အ၀ါမျိုးကိုပိုင်ဆိုင်ထားတာပဲမဟုတ်လား။ ချန်ကျစ်ဖုန်းရဲ့အရှိန်အ၀ါက မာရှောင်ထောင့်ကြောင့် ဖိနှိမ့်ခံလိုက်ရပါတယ်။ ဒါကြောင့် သူအစွမ်းအစတွေက အများကြီးမထွက်ပေါ်လာခဲ့ပါဘူး။ ဒါပေမယ့် ဟို့ယွိဟောင်နဲ့ တခြားသူတွေလဲ ဒီအရာရဲ့အစွမ်းအစကို ကောင်းကောင်းသိကြပါတယ်။

လက်မောင်းတစ်ထောင်ထိုးချက်ဇာထည်က အ၀ါရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်း ခရမ်းရောင်၀ိညာဥ်စက်ကွင်းသုံးကွင်းနဲ့အတူ တောက်ပလို့နေခဲ့ပါတယ်။ ရှန်ချဲ့က ချန်ကျစ်ဖုန်းနဲ့မယှဥ်သာနိုင်ဘူးဆိုတာကတော့ အံ့ဩစရာမရှိတဲ့အချက်ပါပဲ သူတို့ရဲ့စွမ်းရည်တွေက အတော်ကိုတူညီလို့နေခဲ့ပါပြီ။ တိုက်ခိုက်ရေးစွမ်းအားကလဲ သေချာပေါက် ထူးခြားနေမှာအမှန်ပါ။ ပဥ္စမမြောက်၀ိညာဥ်စက်ကွင်းကလဲ အတော်ကိုခိုင်မာတဲ့အစွမ်းအစတွေကို ထုတ်ဖော်လို့နေခဲ့ပါတယ်။ ဒါက နှစ်တစ်သောင်းရောက်လုနီးပါးဖြစ်တဲ့ နှစ်ပေါင်းရှစ်ထောင်၀ိညာဥ်စက်ကွင်းဖြစ်နေတာကြောင့်ပါ။

ရှန်ချဲ့ရဲ့သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကို ထုတ်လွှတ်ပြီချိန်မှာပဲ သူနောက်ဖက်ကနေ နောက်ထပ်အလင်းတန်းနှစ်ခုက ထွက်ပေါ်လာပါတော့တယ်။ အပြာရောင်ရေခဲနဲ့ အနီရောင်မီးလျှံနှစ်ခုက သူ့ကိုတွန်းအားပေးလိုက်တာပါ။ ဒါကအာလန်ယဲ့နဲ့ ဖေ့ယိယန်တို့ပိုင်ဆိုင်ထားတဲ့ သိုင်းပညာ၀ိညာဥ်တွေပါပဲ။ သူတို့နှစ်ယောက်ပိုင်ဆိုင်ထားတဲ့ သိုင်းပညာ၀ိညာဥ်တွေက အတော်ကိုထင်ရှားလို့နေခဲ့တယ်။ သားရဲကောင် သိုင်းပညာ၀ိညာဥ်တွေဖြစ်ပေမဲ့ သူတို့ရဲ့ခန္ဓာကိုယ်မှာတော့ အပြောင်းအလဲမရှိပါဘူး။ အဲ့ဒီအစား အလင်းတန်းပုံစံတွေနဲ့သာ သူတို့ရှေ့မှာပေါ်ထွက်လာခဲ့တာပါ။ ကြီးမားတဲ့သုံးမီတာကျော်၀က်၀ံကြီးက အာလန်ယဲ့ရဲ့အရှေ့မှာရှိနေခဲ့ပါတယ်။ တစ်ဖက်မှာကတော့ နှစ်မီတာခွဲကျော်မြင့်မားတဲ့ ကျားကြီးက ဖေ့ယိယွမ်ရဲ့အရှေ့မှာရှိနေခဲ့တာပါ။

ဟို့ယွိဟောင်က ဒီအရာတွေအားလုံးကို အမျက်ဒေါသကျောင်းတော်ထဲမှာ သင်ခဲ့ပြီးပါပြီ။ တစ်ဖက်လူတွေပိုင်ဆိုင်ထားတာကသိုင်းပညာ၀ိညာဥ်တွေပုံစံတူမှုပါ။ ပထမ ၀ိညာဥ်စက်ကွင်းက သူတို့ရဲ့သိုင်းပညာ၀ိညာဥ်တွေနဲ့ တစ်ပုံစံထဲတူညီတာပါပဲ။ ဒါကြောင့်သာ ဒီလိုပုံစံမျိုးထုတ်လွှတ်တာဖြစ်ပါတယ်။ သိုင်းပညာ၀ိညာဥ်ထုတ်လွှတ်မှုက ၀ိညာဥ်ပညာရှင်တွေကိုအင်အားအများကြီးတော့ မပေးနိုင်ပါဘူး။ တိုက်ခိုက်တဲ့ပုံစံကိုသာ အပြောင်းအလဲဖြစ်သွားစေနိုင်တာဖြစ်ပါတယ်။ သာမန်ဖြစ်နေတဲ့ သိုင်းပညာ၀ိညာဥ်ပညာရှင်တွေအနေနဲ့ သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကို အသုံးပြုရင်း ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ကို အားကောင်းအောင်ပြုလုပ်တတ်ကြပြီ တိုက်ခိုက်ကြပါတယ်။ ဒါပေမယ့် ဒီလိုမျိုးပုံရိပ်ယောင်ကို အသုံးပြုတဲ့သူတွေကတော့ ဒီပုံရိပ်ယောင်တွေကို အမိန့်ပေးပြီတိုက်ခိုက်စေတာပါ။ ခန္ဓာကိုယ်ကတော့ အတော်လေးပေါ့ပါးပြီ အပေါင်းအဖော်တွေကို ကာကွယ်စေဖို့လွယ်ကူစေပါတယ်။ ဒါပေမယ့် သူတို့ရဲ့တိုက်ခိုက်တဲ့ပုံစံက ခန္ဓာကိုယ်တိုက်ခိုက်ရေးသမားတွေထက် အတော်ကိုအားနည်းတာကြောင့် သူတို့ကိုယ်သူတို့ ကာကွယ်ဖို့သာအဓိကသုံးနိုင်ကြတယ်။

ရေခဲ၀က်၀ံကိုပိုင်ဆိုင်ထားတဲ့ အာလန်ယဲ့နဲ့ မီးလျှံကျားကိုပိုင်ဆိုင်ထားတဲ့ ဖေ့ယိယွမ်နှစ်ယောက်စလုံးက တကယ်တမ်းမှာတိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်တွေဖြစ်သင့်တာပါ။ ဒါပေမယ့် သူတို့တွေက အမျိုးသမီးဖြစ်ပြီ မျိုးနွယ်စုတွေကလဲ အတော်ကိုအင်အားကြီးကြတာကြောင့် ကျင့်ကြံဖို့အတွက်အလွယ်လေးဖြစ်အောင် ဒီလိုထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်အဖြစ် နေထိုင်ခွင့်ပြုလိုက်ပါတယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ တိုက်ခိုက်မှုနဲ့မတူညီပဲ တစ်ဖက်ကျောင်းတော်ရဲ့ခုနှစ်ယောက်ကတော့ သိုင်းပညာ၀ိညာဥ်တွေကို ထုတ်လွှတ်ပြီချိန်မှာ မလှုပ်ရှားပဲရှိနေခဲ့တယ်။ အရှေ့ဆုံးမှာရှိနေခဲ့တဲ့ ဒိုင်းကာလူလေးယောက်ကတော့ အနောက်မှာရှိသူတွေကို ကာကွယ်လို့ထားပြီ သူတို့ရဲ့ပထမ၀ိညာဥ်စွမ်းရည်တွေကိုထုတ်လွှတ်ပါပြီ။

မရေမတွက်နိုင်တဲ့ အ၀ါရင့်ရောင်အရိပ်တွေက ဒိုင်းကာတွေထဲကနေ ထွက်ပေါ်လို့လာခဲ့ပြီ မြင်ကွင်းတွေအားလုံးကို ဖုံးလွှမ်းလိုက်ပါတော့တယ်။ ကံမကောင်းစွာနဲ့ပဲ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုက ပြိုင်ပွဲအစကထဲကနေ သက်၀င်နေတာကို သူတို့မသိခဲ့ကြပါဘူး။ အမျက်ဒေါသကျောင်းတော်ရဲ့အဖွဲ့အနေနဲ့ မျက်လုံးကိုမသုံးပဲနဲ့တောင် ဒိုင်းကာရဲ့အနောက်မှာဘာရှိမလဲ ကောင်းကောင်းသိနေခဲ့တယ်။ ချောမောလှပတဲ့ အာလန်ယဲ့နဲ့ ဖေ့ယိယွမ်တို့နှစ်ယောက်စလုံးကတော့ အတော်လေးကို ဂရုတစိုက်တဲ့၀ိညာဥ်စွမ်းရည်တွေကို ထုတ်သုံးနေခဲ့ပါပြီ။ အာလန်ယဲ့က အရင်ဆုံးသူ့ရဲ့ရေခဲ၀က်၀ံကို စတင်အသုံးပြုလိုက်ပါတယ်။ ဒိုင်းကာနားရောက်ချိန်မှာတော့ ရေခဲ၀က်၀ံကြီးကသူ့ရင်ဘတ်သူထုရိုက်ရင်း အာလန်ယဲ့ရဲ့ပထမ၀ိညာဥ်စက်ကွင်းကလဲ တောက်ပလို့လာခဲ့ပါပြီ။ အပြာရောင်အလင်းတန်းတွေက ချက်ချင်းဆိုသလိုအပြင်ကိုပြန့်ထွက်လို့လာခဲ့ပြီ မူလအ၀ါရောင်ဒိုင်းကာကလဲ အပြာရောင်အလင်းတန်းတွေရဲ့လွှမ်းမိုးမှုကို ခံလိုက်ရပါတော့တယ်။ ဒါက အာလန်ယဲ့ရဲ့ ပထမ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ရေခဲဒိုင်းကာပါ။ သူမရဲ့ရေခဲဒိုင်းကာက ကြံ့တွေရဲ့ဒိုင်းကာတွေနဲ့ပေါင်းစည်းလိုက်ချိန်မှာတော့ သူတို့ရဲ့ ခုခံမှုစွမ်းရည်က သုံးဆအားပိုတက်သွားပါတော့တယ်။ ရှန်ချဲ့ပြီရင်း အဖွဲ့ထဲမှာကျင့်ကြံဆင့်အမြင့်ဆုံးကတော့ အာလန်ယဲ့ပါပဲ။ သူက အဆင့်လေးငါး၀ိညာဥ်ပညာရှင်ဖြစ်နေခဲ့ပါတယ်။ သူမရဲ့စွမ်းရည်တွေက လက်ရှိအချိန်မှာ အကန့်အသတ်မရှိသေးပါဘူး။ ရင်ဘတ်ကိုထုရိုက်ပြီတဲ့နောက် ရုတ်တရက်ဆိုသလို ကြီးမားတဲ့လက်သည်းကြီးကို မြောက်လိုက်ရင်း မြေပြင်ကိုရိုက်ချပြစ်လိုက်ပါတော့တယ်။ ရေခဲပြာရောင်လှိုင်းတွေက ဒိုင်းကာရဲ့အပြင်ဘက်ကိုပြန့်ထွက်လို့သွားခဲ့ပါပြီ။ ချက်ချင်းဆိုသလို စင်တစ်ခုလုံးရဲ့အပူရှိန်ကလဲ လျော့ကျသွားပါတော့တယ်။ သူမရဲ့ဒုတိယစွမ်းရည်ဖြစ်တဲ့ ရေခဲချိတ်ပိတ်စည်းပါပဲ။ ရေခဲဆန်ဆန်လေထုရဲ့ တိုက်ခိုက်မှုကိုခံလိုက်ရတဲ့အတွက်ကြောင့် ပြေး၀င်နေခဲ့တဲ့ ရှုစန်းရှီ ကျန်းနန်နန်နဲ့ ဟယ့်ချိုက်ထို့က အရှိန်နှုန်းကအတော်ကိုလျော့ကျသွားခဲ့တယ်။ ဒါ့အပြင် ရေခဲတွေက စင်ပေါ်ကိုအများကြီးဖုံးလွှမ်းသွားတာကြောင့် ချောမွေ့နေတဲ့မျက်နှာပြင်ကမတည်မငြိမ်ဖြစ်သွားစေပါတယ်။

အာလန်ယဲ့ရဲ့ရေခဲကိုထိန်းချုပ်နိုင်စွမ်းက အတော်ကိုသန်မာလွန်နေခဲ့ပြီ ဒိုင်းအကာကိုလဲ အကူအညီပေးထားခဲ့တယ်။ ဒါပေမယ့် သူတို့တွေက တိုက်ခိုက်တာမဟုတ်ပဲ ခုခံနေခဲ့ကြတာပါ။ ဒါဆိုရင်သူတို့အဖွဲ့က ဘယ်လိုများနိုင်မှာလဲ။ မကြာခင်မှာပဲ မီးလျှံတွေက ထွက်ပေါ်လို့လာခဲ့ပါပြီ။ သူမရဲ့ပထမ ဒုတိယနဲ့ တတိယ၀ိညာဥ်စက်ကွင်းတွေက ချက်ချင်းဆိုသလို တောက်ပလို့လာပါတော့တယ်။ မီးလျှံကျားကြီးက ပါးစပ်ကိုဖွင့်ရင်းနဲ့ ရှန်ချဲ့ရဲ့ခြေထောက်အောက်ဖက်ဆီကို မီးဘောလုံးကြီးတစ်လုံးကို ချက်ချင်းမှုတ်ထုတ်လိုက်ပါတယ်။ အနီရောင်အလင်းတန်းက ရှန်ချဲ့တစ်ကိုယ်လုံးကို ကြက်သွေးရောင်တောက်ပသွားစေခဲ့တယ်။ ဖန်းယွီရဲ့ပထမ၀ိညာဥ်စွမ်းရည်ကတော့ ဒေါသမီးလျှံပါပဲ။ မီးအစွမ်းကိုပိုင်ဆိုင်လို့ထားခဲ့ပြီ အထောက်အကူပြုနိုင်တဲ့အပြင်ပစ်မှတ်ကိုတိုက်ခိုက်ခုခံနိုင်ဖို့လုပ်နိုင်တာပါ။ ဒါ့အပြင် အားကောင်းတဲ့တိုက်ခိုက်ရေးမီးစွမ်းအားတစ်ခုပါပဲ။ ကံမကောင်းစွာနဲ့ပဲ ပစ်မှတ်တစ်ခုထဲကိုသာ အသုံးပြုဖို့အတွက် သင့်တော်ပါတယ်။

အပိုင်း ၈၅ •၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset