Switch Mode

Chapter – 85.2

ရေခဲနဲ့ မီး အမွှာ ထိန်းချုပ်သူ

အပိုင်း ၈၅•၂

” ရေခဲနဲ့မီးရဲ့ အမွှာထိန်းချုပ်သူလှံပေါင်းတစ်ထောင်ထိုးချက် ”
°°°
” ၀မ်သုန့်မှာ ဘာပြဿနာဖြစ်လို့လဲ ”

ဆံပင်အနက်ရောင်နဲ့ လူကြီးက ချက်ချင်းဆိုသလို ထအော်ပါတော့တယ်။ သူ့ရဲ့မျက်၀န်းတွေထဲမှာ ရူးသွပ်တဲ့အလင်းတန်းတွေက ထွက်ပေါ်လို့လာခဲ့ပါပြီ။ ညဘက်လက်ကိုမြောက်လိုက်ချိန်မှာတော့ ရွှေရောင်အလင်းတန်းတွေက လက်ဖ၀ါးအပေါ်ကနေ အပြင်ကိုပြေးထွက်လို့သွားခဲ့ပါတော့တယ်။ အဲ့ဒီနောက် သူ့ရဲ့ခြေထောက်အောက်ဖက်မှာ အလင်းစက်ကွင်းကိုးခုတိတိက ထွက်ပေါ်လို့လာခဲ့ပါပြီ။

သူ့ရဲ့၀ိညာဥ်စက်ကွင်းအရောင်တွေကို တခြား၀ိညာဥ်ပညာရှင်တစ်ယောက်ယောက်သာ မြင်ခဲ့လို့ကတော့ သေချာပါက် သတိတောင်လစ်သွားနိုင်ပါတယ်။ သူ့ရဲ့၀ိညာဥ်စက်ကွင်းကိုးကွင်းစလုံးက မင်တွေလိုမဲမှောင်နေတဲ့ ၀ိညာဥ်စက်ကွင်းတွေကြီးပါပဲ။ ဒါ့အပြင် အဲ့ဒီအနက်ရောင်တွေအားလုံးကလဲ သာမန်နှစ်ပေါင်းတစ်သောင်း၀ိညာဥ်စက်ကွင်းတွေထက်ကို အများကြီးပိုပြီး ခိုင်မာအားကောင်းတဲ့ အငွေ့အသက်တွေ ထုတ်လွှတ်လို့နေခဲ့ပါတယ်။

ဆံပင်တိုတိုလူရဲ့ ခြောက်ခုမြောက်၀်ိညာဥ်စက်ကွင်းက တောက်ပလို့လာခဲ့ပါတယ်။ အဲ့ဒီနောက် အရှေ့မှာအဖြူရောင်အလင်းတွေရဲ့အတူ ရွှေရောင်လှိုင်းတွေကို ဆွဲလိုက်ပြီတဲ့နောက် ပုံရိပ်ယောင်တွေကို ဖြစ်ပေါ်လာစေခဲ့တယ်။

” ခဏလောက်နေဦး ”

ဆံပင်ရှည်ရှည်လူက လက်ကိုမြောက်ရင်း ဆံပင်တိုတိုလူကို ဆွဲလိုက်ပါတော့တယ်။

” အစ်ကိုကြီး ရှောင်သုန့်အန္တရာယ်များနေလောက်ပြီ ”

ဆံပင်တိုတိုလူက စိတ်မရှည်လက်မရှည်ပြောနေဆဲပါ။ တစ်ဖက်လူကတော့ ခေါင်းခါလိုက်ပါတယ်။

” သူဘာမှပြဿနာမရှိဘူး ငါ့ရဲ့အာရုံခံနိုင်စွမ်းက ဘယ်တော့မှမမှားဘူး..ငါတို့တွေ ရှောင်သုန့်ရဲ့ ဒီလိုအင်အားကြီးထွားလာမှုကို အမြဲတမ်းအလွန်အကျွံ၀င်ရောက်စွက်ဖက်နေလို့မဖြစ်ဘူးမဟုတ်ဘူး ”

တစ်ဖက်လူကတော့ မကျေနပ်သေးတဲ့ပုံပါပဲ။ သူ့က သူ့ရဲ့သားပေါက်ကိုကာကွယ်နေတဲ့ ကျားမကြီးတစ်ကောင်လိုမျိုး ပြုမူနေခဲ့ပါတယ်။

” မဖြစ်ဘူး ကျွန်တော်တို့တွေ ဒီလိုသတိလက်လွှတ်နေလို့ မဖြစ်ဘူ..အမျက်ဒေါသကျောင်းတော်ကိုသွားပြီသူ့နောက်ကို လိုက်ကြမယ်လေ ဒါဆိုရင် ပြဿနာတွေအများကြီးလဲ ဖြေရှင်းပြီသားဖြစ်သွားမှာပါ အကယ်၍ တစ်ခုခုသာတကယ်ဖြစ်လာခဲ့မယ်ဆိုရင် နောက်ဆက်တွဲရလာမဲ့ဆိုးကျိုးတွေကို ကျွန်တော်သည်းခံနိုင်မှာမဟုတ်ဘူး ”

ဆံပင်ရှည်ရှည်လူက ခေါင်းခါလိုက်ပါတယ်။

” မင်းကတော့လေ မင်းသူ့အကြောင်းပိုပြီးဂရုစိုက်လေလေ ပြဿနာပိုတက်လေပဲဖြစ်မှာ ဒီလိုလုပ်ကြရအောင် အရိပ်ထဲကနေကာကွယ်ဖို့ လူတချို့ကိုစေလွှတ်လိုက်မယ်..ဒုတိယညီလေး မင်းရဲ့ဒိီလိုမျိုး စိတ်မရှည်တတ်တဲ့ပုံစံက ဘယ်တော့များမှပြောင်းလဲမှာလဲ ”

” ဘာပြောင်းလဲစရာရှိလို့လဲ ဟိုအစစကထဲက အရင်အတိုင်းပဲလေ နောက်ထပ်စကားမပြောတော့ဘူး..အကယ်၍ ငါတို့မှာသာ အစွမ်းအစမရှိဘူးဆိုရင် အမှားအယွင်းဖြစ်သွားလိမ့်မယ်..ပြန်ပြီသောက်ကြရအောင် ”

သူပြောပြီတဲ့နောက် ကြီးမားတဲ့၀ိုင်အရက်ခွက်ကြီးကိုမော့ရင်း တစ်ကျိုက်ထဲနဲ့သောက်ချလိုက်ပါတော့တယ်။

တစ်ဖက်လူကတော့ ခေါင်းခါရင်းနဲ့သာ သူ့ညီကိုကြည့်နေခဲ့တယ်။

” မင်းကတော့လေ ”

၀ိုင်အရက်ကိုသောက်ပြီတဲ့နောက်မှာတော့ ဆံပင်တိုတိုလူရဲ့ မျက်နှာအမူအရာက စိုးရိမ်နေတဲ့ပုံစံကို ပြောင်းလဲသွားပါတော့တယ်။

” အစ်ကိုကြီးသူတကယ်အဆင်ပြေရဲ့လား ”

တစ်ဖက်လူကတော့ ၀ိုင်အရက်ခွက်ကို ဘေးကစားပွဲပေါ်ပြန်ချလိုက်ပြီတဲ့နောက် သူ့ခန္ဓာကိုယ်တစ်ကိုယ်လုံးကနေ တစ်ကျွတ်ကျွန်မြည်သံတွေ ထွက်ပေါ်လာပါတော့တယ်။

” မင်းတွေးနေတာကိုငါသိတယ်..ဒီလိုလုပ်ကြရအောင် အကယ်၍ မင်းသာငါ့ကိုအနိုင်ယူနိုင်ပြီဆိုရင် မင်းဘယ်သွားသွားဘာလုပ်လုပ် ငါဂရုမစိုက်တော့ဘူး..ဒါဆိုရင်ကောဘယ်လိုလဲ ”

” ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ အစ်ကိုကြီးက ကျွန်တော်ကိုကန်ကြောက်ပြီရိုက်ပုတ်နိုင်မှာပဲလေ လုံး၀အရူးမလုပ်ခံနိုင်ဘူး ”

တစ်ဖက်လူက မကျေမနပ်နဲ့ပြောလိုက်ပါတယ်။

” လာစမ်းပါ တစ်ခေါက်လောက်လက်ရည်စမ်းကြရအောင် ”

ဆံပင်ရှည်ရှည်လူက ပြောလာခဲ့ပါတယ်။

” အစ်ကိုကြီး အစ်ကိုကြီးတကယ်တော့ အမျိုးသမီးတစ်ယောက်ကို သွားရှာသင့်တယ်..အပြင်လောကမှာတကယ်ကောင်းတဲ့အမျိုးသမီးတွေ အများမှအများကြီးပဲ အမြဲတမ်းကျွန်တော်ကိုကြီးပြဿနာလာရှာနေလို့ဘယ်ဖြစ်မလဲ ”

°°°

ကြယ်တာရာလော့မြို့တော် အမျက်ဒေါသကျောင်းတော်ရဲ့လူတွေအားလုံးက စုစည်းနေခဲ့ကြပါပြီ။ ဒီနေ့ကတော့ ဒုတိယနေ့ပွဲစဥ်စတင်တဲ့နေ့ပါပဲ။ ထိုက်ယွဲ့ဟန် မာရှာင်ထောင့်နဲ့ လင်းလော့ချန်တို့က ဒဏ်ရာတွေအတော်အသင့်ကောင်းမွန်နေခဲ့ပါပြီ။ အနည်းဆုံးလင်းလော့ချန်တစ်ယောက်ကတော့ ဒဏ်ရာတွေကောင်းမွန်ဖို့ရက်အနည်းငယ်သာလိုတော့တာပါ။ အမျက်ဒေါသကျောင်းတော်ရဲ့ တခြားသူတွေအားလုံးကတော့ ၀ိညာဥ်လက်နက်တွေအပြည့်အ၀တပ်ဆင်လို့ထားခဲ့ပါပြီ။ ၀မ်ယန်ကတော့ ကြယ်တာရာလော့ရင်ပြင်ကျယ်ဆီကိုသာ တန်းတန်းမတ်မတ်သွားလိုက်ပါတယ်။

သူ့ကျောင်းတော်က လူတွေကိုသင့်တော်တဲ့၀ိညာဥ်လက်နက်တွေပေးပြီသားဖြစ်ပါတယ်။ ၀ိညာဥ်၀ါးမြိုတဲ့ ဓားကတော့ ချွင်းချက်တစ်ခုပါပဲ။ အဲ့ဒီနောက် ဟို့ယွိဟောင်ကို အဆင့်လေးနို့ပုလင်းလက်နက်ဆီ အားအင်ဖြည့်တင်းပေးဖို့အတွက် သူကိုယ်တိုင်ကူညီပေးခဲ့ပါတယ်။

ဒီနေ့သူတို့ရဲ့ ပြိုင်ဘက်တွေကို ဆုံးဖြတ်ပြီသားဖြစ်ပေမဲ့ ပြိုင်ပွဲရဲ့ပုံစံကိုတော့ မဲခွဲပြီဆုံးဖြတ်ရဦးမှာပါ။

တစ်ယောက်တစ်ယောက်ချင်းတိုက်ပွဲမဖြစ်ပါစေနဲ့လို့ ၀မ်ယန်က ဆုတောင်းနေခဲ့မိပါတယ်။ ဒါက အမျက်ဒေါသကျောင်းတော်အတွက် အားသာချက်အနည်းဆုံးတိုက်ပွဲအမျိုးအစားပဲ သူတို့ရဲ့ပြိုင်ဘက်တွေက ၀ိညာဥ်ဘုရင်တွေဖြစ်နေမလို့ပါ။ တစ်ယောက်တစ်ယောက်ချင်းတိုက်ပွဲမှာ ၀ိညာဥ်ဘုရင်တွေက အဖွဲ့တစ်ခုလုံးကို ထိန်းချုပ်နိုင်ပါတယ်။ ဒါကြောင့် အနိုင်ရနိုင်တဲ့ အခွင့်အရေးကလဲအများကြီးကျဆင်းလို့သွားလိမ့်မယ်။ ကြယ်တာရာလော့ရင်ပြင်ကျယ်ကတော့ အမြဲတမ်းလိုလိုတက်ကြွလှုပ်ရှားနေဆဲပါပဲ။ အထူးသဖြင့်အမျက်ဒေါသကျောင်းတော်ရဲ့လူတွေအပြင်ကိုထွက်ပေါ်လာချိန်မှာတော့ ချက်ချင်းဆိုသလို သူတို့ရဲ့အော်ဟစ်ချီးမွမ်းသံတွေက ထွက်ပေါ်လို့လာခဲ့ပါပြီ။

အမျက်ဒေါသကျောင်းတော်ရဲ့ အစောပိုင်းတိုက်ပွဲနှစ်ခုက ကြည့်ရှု့တဲ့သူတွေရဲ့စိတ်ထဲမှာ ထင်ထင်ရှားရှားကျန်ရစ်နေဆဲပါ။ သူတို့ကို ဒီကျောင်းတော်ကနောက်တစ်ကြိမ်ဘယ်လိုများအံ့အားသင့်အောင်လုပ်နိုင်ဦးမှာလဲ။ အားလုံးလဲ ဒီမေးခွန်းရဲ့အဖြေကိုသိချင်နေကြပါတယ်။

၀မ်ယန်ကတော့ ပြိုင်ဘက်တွေအကြောင်းကို မနက်စာစားတဲ့အချိန်ကထဲကစတင်ပြီ မိတ်ဆက်ပေးထားခဲ့ပါတယ်။ အရင်ပြိုင်ဘက်တွေနဲ့မတူညီပဲ ဒီနေ့မှာတော့ ၀ိညာဥ်ကျောင်းတော်တစ်ခုကို ရင်ဆိုင်ရမှာပါ။ စိတ်၀ိညာဥ်တစ်ထောင်ကျောင်းတော်က သုန့်လင်းနိုင်ငံတော်ရဲ့ အခြေစိုက်ကျောင်းတော်တစ်ခုဖြစ်ပြီ အရမ်းကိုကျော်ကြားတဲ့ကျောင်းတော်တစ်ခုပါပဲ။ သုန့်လင်းနိုင်ငံတော်ထဲမှာ ထိပ်တန်းကျောင်းတော်ထဲက သုံးခုဖြစ်တဲ့အပြင်များပြားတဲ့ ပါရမီရှင်တွေကိုလဲ မွေးထုတ်ပေးထားနိုင်တဲ့ကျောင်းတော်ပါ။

ဟို့ယွိဟောင်ကတော့ အနားယူတဲ့နယ်မြေထဲကို ပုံမှန်မျက်နှာသေနဲ့သာ ၀င်ရောက်လာခဲ့ပါတယ်။ အပေါင်းအဖော်တွေခြံရံထားတဲ့သူက အမြဲတမ်းပညာရှင်တစ်ယောက်လိုမျိုးပုံစံကို ဖမ်းထားခဲ့တယ်။ မနေ့ကပြင်းပြင်းထန်ထန် လေ့ကျင့်ထားခဲ့တာကြောင့် စိတ်၀ိညာဥ်စွမ်းအားတွေက အပြည့်အ၀ကောင်းမွန်လာခဲ့ပါပြီ။ ဒါ့အပြင် လက်ရှိအချိန်မှာ သူ့ရဲ့စွမ်းအားတွေအားလုံးက ဟောင်သုန့်စွမ်းအားကြောင့် အမြင့်ဆုံးအခြေအနေကို ရောက်နေခဲ့ပါတယ်။

သူတို့တွေနှစ်ပွဲတိတိကို တောင့်ခံနိုင်ခဲ့ပြီးပါပြီ။ လင်းလော့ချန်ကလဲ မကြာခင်သူတို့ဆီကို ပြန်လည်ရောက်ရှိလာတော့မှာပါ။ ဒါကြောင့် ၀ိညာဥ်ဘုရင်တစ်ယောက်နဲ့ ရင်ဆိုင်ရမဲ့ပွဲတွေမှာတောင် နောက်ပိုင်းပွဲစဥ်တွေက သူတို့အတွက် သက်သောက်သက်သာရှိလာပါလိမ့်မယ်။ နောက်ဆုံးတော့လဲ ၀ိညာဥ်ဘုရင်တစ်ယောက်က ကျောင်းတော်တွေရဲ့ပြိုင်ဘက်တွေထဲမှာ ထိပ်ဆုံးရောက်နေတဲ့သူတွေကြီးပါပဲ။

အထူးအခွင့်ရေးရကျောင်းတော်တစ်ခုအနေနဲ့ အမြဲတမ်းရပ်တည်နေခဲ့တာကတော့ အမျက်ဒေါသကျောင်းတော်ပါ။ ဒီနေ့ပထမပြိုင်ပွဲကို ယှဥ်ပြိုင်နေရတာဖြစ်ပေမဲ့ သူတို့ကို အမျက်ဒေါသကျောင်းတော်ကိုယ်တိုင်းကရွေးချယ်ထားခဲ့တာပါပဲ။

မနက်ရှစ်နာရီမှာတော့ ပြိုင်ပွဲစတင်ဖို့အချိန်ရောက်ပါတော့မယ်။ ကြယ်တာရာလော့နိုင်ငံတော်ရဲ့ဧကရာဇ်ကတော့ မြို့နံရံပေါ်မှာထိုင်နေရင်း ပွဲကိုကြည့်ဖို့အတွက် စိတ်ကူးလို့ထားခဲ့တယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ လုပ်ဆောင်ချက်တွေကို သူစိတ်အ၀င်စားဆုံးဖြစ်နေတယ်ဆိုတာကတော့ သံသယ၀င်နိုင်ဖွယ်ရာမရှိပါဘူး။

ဒိုင်လူကြီးက စင်ပေါ်ကိုလျှောက်လာရင်းစင်အလယ်တည့်တည့်မှာ ရပ်နေကာအသံလွှင့်၀ိညာဥ်လက်နက်ကို အသုံးပြုရင်စတင်ကြော်ငြာပါတော့တယ်။

” နှစ်ဖက်စလုံးစောင့်ဆိုင်းနယ်မြေကို ၀င်ရောက်ကြပါ အဖွဲ့ခေါင်းဆောင်တွေမဲခွဲဖို့အတွက် အပေါ်ကိုတက်လာခဲ့ပါ ”

အမျက်ဒေါသကျောင်းတော်ရဲ့လူတွေကတော့ သူတို့ရဲ့ပုံမှန်အစိမ်းရောင်၀တ်ရုံတွေနဲ့အတူ စောင့်ဆိုင်းရေးနယ်မြေထဲကို ၀င်လာခဲ့ပါပြီ။ ၀မ်ယန်က ပေ့ပေ့ကိုခေါင်းညိတ်ပြလိုက်ပါတယ်။

တစ်ဖက်မှာရှိနေခဲ့တဲ့သူကတော့ အသက်နှစ်ဆယ်အရွယ်အမျိုးသားတစ်ယောက်ပါပဲ။ ဒီလူရဲ့ခန္ဓာကိုယ်ကအတော်လေးကို ပိန်ပါးပြီတည်ကြည်တဲ့မျက်နှာအသွင်အပြင်ကို ပိုင်ဆိုင်ထားပါတယ်။ ပေ့ပေ့ကို မျက်နှာချင်ဆိုင်ချိန်မှာတောင် သူက လုံး၀ကိုအမူအရာတစ်ချက်မပျက်ခဲ့ပါဘူး။

နေရာမှာရှိနေတဲ့လူတွေအားလုံးကလဲ မဲခွဲမှုရဲ့ရလဒ်ကိုစိတ်၀င်စားနေခဲ့ကြတယ်။ အမျက်ဒေါသကျောင်းတော်ပါ၀င်တဲ့ပြိုင်ပွဲလိုလိုက သေချာပေါက် အရမ်းကိုစိတ်လှုပ်ရှားစရာကောင်းတဲ့သူတွေကြီးပါပဲ။ ဘယ်လိုပုံစံမျိုးနဲ့တိုက်ခိုက်ရပါစေ ကိစ္စမရှိပါဘူး။ အခုအချိန်မှာ နည်းနည်းကြာလေကြည့်ရဖို့သာလူတိုင်းက မျှော်လင့်နေခဲ့ကြပါတယ်။ ဒါမှသာ ပိုပြီးစိတ်၀င်စားစရာကောင်းတဲ့တိုက်ပွဲကိုကြည့်နိုင်မှာပါ။

၀မ်ယန်ရဲ့ ဆုတောင်းကအလုပ်ဖြစ်ခဲ့ပါတယ်။ မဲခွဲဆုံးဖြတ်မှုရဲ့ ရလဒ်ကတော့ အလိုချင်ဆုံးရလဒ်ဖြစ်လာခဲ့တယ်။

” အမျက်ဒေါသကျောင်းတော်နဲ့ စိတ်၀ိညာဥ်တစ်ထောင်ကျောင်းတော်အဖွဲ့ တိုက်ခိုက်မှု ”

ဒိုင်က မဲခွဲဆုံးဖြတ်မှုရလဒ်ကို မိတ်ဆက်လိုက်ပါပြီ။

အဖွဲ့လိုက်တိုက်ခိုက်မှုတွေက တိုက်ခိုက်မှုပုံစံအားလုံးတွေထဲမှာ ပြင်းထန်ဆုံးနဲ့နားလည်ဖို့အခက်ဆုံးပုံစံတစ်ခုပါပဲ။ နှစ်ဖက်စလုံးရဲ့ ခေါင်းဆောင်တွေအတွက်တောင် ဒါကလုံး၀ချွင်းချက်မရှိပဲဖြစ်နေခဲ့တယ်။

” နှစ်ဖက်အဖွဲ့နယ်မြေထဲမှာ နေရာယူကြပါ ”

ဒိုင်လူကြီးရဲ့အသံက ထွက်ပေါ်လာခဲ့ပါတယ်။ ဟယ့်ချိုက်ထို့ ရှုစန်းရှီ ကျန်းနန်နန် ဟို့ယွိဟောင် ရှောင်းရှောင်း ၀မ်သုန့်တို့အားလုံးက တစ်ယောက်ပြီတစ်ယောက် စင်ပေါ်ကိုတက်သွားကြပါတော့တယ်။ ၀မ်ယန်က အဖွဲ့လိုက်ပြိုင်ပွဲအတွက် မနက်ကထဲကကြိုတင်ပြင်ဆင်ပြီသားပါ။ ဗျူဟာကိုလဲချပေးပြီးပါပြီ အမျက်ဒေါသကျောင်းတော်အနေနဲ့ လုပ်စရာကတော့အားလုံးကို အကောင်းအထည်ဖော်ဖို့ပါပဲ။

နှစ်ဖက်စလုံးက မျက်နှာချင်ဆိုင်ဖြစ်နေခဲ့ကြပါတယ်။ ပေ့ပေ့နဲ့ ရှုစန်းရှီက အရှေ့ဆုံးမှာရပ်နေခဲ့ပြီ ကျန်းနန်နန်နဲ့ ဟယ့်ချိုက်ထို့ကသူတို့ရဲ့ အနောက်ဖက်မှာရှိနေခဲ့တယ်။ အဲ့ဒီနောက် ၀မ်သုန့် ရှောင်းရှောင်းနဲ့ ဟို့ယွိဟောင်တို့သုံးယောက်က ရှိနေခဲ့တာပါ။ ဟို့ယွိဟောင်က သူ့ရဲ့ဗိုက်အရှေ့မှာလက်တွေကိုထားထားရင်း မျက်လုံးတွေကိုပိတ်ထားခဲ့ပါတယ်။ အခုအချိန်မှာ သူအနားယူနေသလိုပါပဲ။ တစ်ဖက်ကျောင်းတော်ရဲ့ကျောင်းသားတွေအားလုံးကတော့ သူ့ကိုစိုက်ကြည့်နေခဲ့ပါတယ်။

ပထမဆုံးထုတ်ပယ်တဲ့ပြိုင်ပွဲထဲက ဟို့ယွိဟောင်ထုတ်ဖော်ပြသတဲ့စွမ်းအားကြောင့် ကျောင်းတော်တွေအားလုံးက သူ့ကိုအာရုံစိုက်နေခဲ့တာပါ။ သူ့မှာတကယ်နှစ်ပေါင်းတစ်သိန်း၀ိညာဥ်စက်ကွင်းခြောက်ကွင်းရှိမရှိ ဘယ်သူကမှအတည်မပြုနိုင်ပေမဲ့ အားလုံးကမျှော်လင့်ထားခဲ့ကြပါတယ်။

နောက်ဆုံးတော့လဲ သူနဲ့၀မ်သုန့်တို့ဖန်တီးလိုက်တဲ့ပေါင်းစည်းစွမ်းရည်က အားလုံးရဲ့နှလုံးသားထဲကို အများကြီးနေရာယူသွားနိုင်ခဲ့တာပါ။ သူတို့တွေက တစ်ချက်ထဲနဲ့ အောင်ပွဲဆင်နိုင်ခဲ့ပါတယ်။ ဟို့ယွိဟောင်က အပြင်ပန်းကနေကြည့်ရင်းသိပ်ပြီအသက်ကြီးသေးတဲ့ပုံမပေါ်ပါဘူး။ အသက်ဆယ့်လေးနှစ်ဆယ့်ငါးနှစ်အရွယ်ရှိနိုင်တာအများဆုံးပါပဲ။ ဒါပေမယ့် တခြားကျောင်းသားတွေကတော့ သူ့ကို၀ိညာဥ်ဘုရင် သို့မဟုတ်၀ိညာဥ်ဧကရာဇ်အဆင့်ပညာရှင်အဖြစ်သတ်မှတ်ထားကြပါတယ်။

တစ်ဖက်ကျောင်းတော်ရဲ့ခေါင်းဆောင်ကလဲ ဟို့ယွိဟောင်ကိုအာရုံစိုက်ထားခဲ့ပါတယ်။ သူ့ရဲ့မျက်လုံးထဲမှာရှိနေတာက အကြောက်တရားမဟုတ်ပဲ ပြင်းပြတဲ့တိုက်ခိုက်လိုစိတ်ပါ။ အမျက်ဒေါသကျောင်းတော်ရဲ့ဗျူဟာက ပထမဆုံးအဖွဲ့တိုက်ခိုက်တဲ့ပုံစံနဲ့ ယှဥ်လိုက်မယ်ဆိုရင် အတော်လေးကို သာမန်ဖြစ်လွန်နေခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ဘက်တွေအနေနဲ့ကတော့ မမျှော်လင့်ထားခဲ့တဲ့ ပုံစံပါပဲ။

တစ်ဖက်ကျောင်းတော်ရဲ့ခေါင်းဆောင်က သူ့အဖွဲ့ရဲ့အရှေ့ဆုံးမှာ ရပ်မနေခဲ့ပါဘူး။ အဲ့ဒီအစား သူ့ရှေ့မှာလူလေးယောက်ရှိနေခဲ့ပါတယ်။ ဒီဗျူဟာက လူလေးယောက်အရှေ့မှာရပ်နေခဲ့တဲ့ ဒိုင်းကာလိုပုံစံပါ။ ဒီလူလေးယောက်စလုံးကလဲ အရပ်ရှည်ပြီကြံ့ခိုင်သန်မာတဲ့အမျိုးသားကျောင်းသားတွေကြီးပါပဲ။ သူတို့တွေရပ်နေတဲ့ပုံစံကလဲ နံရံကြီးတစ်ခုဖြစ်နေခဲ့ပါတယ်။

သူတို့ရဲ့ခေါင်းဆောင်ကတော့ အနောက်မှာရပ်နေခဲ့ပြီ သူ့ရဲ့အနောက်ဖက်မှာတော့ အမျိုးသမီးငယ်နှစ်ယောက်ရှိနေခဲ့ပါတယ်။ ဒီမိန်းကလေးနှစ်ယောက်ထဲမှာ တစ်ယောက်ကဆံပင်အနီရောင်ကိုပိုင်ဆိုင်လို့ထားခဲ့ပြီ နောက်တစ်ယောက်က ဆံပင်အပြာရောင်ကို ပိုင်ဆိုင်လို့ထားတာကြောင့် အတော်လေးမျက်လုံးထဲမှာ ထင်ထင်ရှားရှား ရှိနေခဲ့တယ်။ သူတို့ခုနှစ်ယောက်စလုံးက အသက်နှစ်ဆယ်၀န်းကျင်အရွယ်တွေပါ။ ဒါ့အပြင် ဖန်တီးထားတဲ့ပုံစံကလဲ သိပ်ပြီမရိုးရှင်းပါဘူး။

ဟို့ယွိဟောင်ကတော့ ၀မ်ယန်ရဲ့ညွှန်ကြားချက်တွေကို ပြန်ပြီတွေးတောနေခဲ့ပါတယ်။ ကျောင်းတော်တိုင်းက အဓိကအင်အားရှိသလို အကူအဖွဲ့တွေလဲရှိပါတယ်။ ၀မ်ယန်အနေနဲ့လဲ တစ်ဖက်ကျောင်းတော်ရဲ့ လူခုနှစ်ယောက်အစွမ်းအစကို သေသေချာချာတွက်ချက်ပြီးပါပြီ။ ဒီနေ့မှာထွက်လာခဲ့တဲ့ လူခုနှစ်ယောက်ပုံစံက ၀မ်ယန်ခန့်မှန်းထားတဲ့အတိုင်း တစ်ထပ်ထဲပါပဲ။

၀မ်ယန်က ပြိုင်ဘက်တွေရဲ့ အခြေအနေကို လေ့လာဆန်းစစ်တဲ့အချိန်မှာ အရမ်းကိုတိကျပါတယ်။ တစ်ယောက်ချင်းဆီတိုင်းရဲ့အားသာချက်တွေကိုပါသူက ပြောပြခဲ့တယ်။ တစ်ဖက်ကျောင်းတော်ရဲ့လက်ရှိဗျူဟာက စာကြောင်းတစ်ကြောင်းထဲနဲ့ ဖော်ပြလို့ရပါတယ်။ လက်နက်တိုက်ကို ဒိုင်းလေးခုနဲ့ကာကွယ်ထားပြီ ရေခဲနဲ့မီးအမွှာထိန်းချုပ်သူက လှံပေါင်းတစ်ထောင်ထိုးချက်နဲ့တိုက်ခိုက်လိမ့်မယ်။

အရှေ့ဆုံးမှာရှိနေခဲ့တဲ့ ကျောင်းသားလေးယောက်က ယန်မင်း စုန့်ဟူ ပိုင်ချန်း ယဲ့မောင်တို့ပါ။ ၀မ်ယန်ရဲ့ တွက်ချက်မှုအရဆိုရင် အဲ့ဒီလေးယောက်က တစ်နေရာထဲကလာတဲ့သူတွေဖြစ်ပါလိမ့်မယ်။ နောက်တစ်နည်းအရပြောရမယ်ဆိုရင် မျိုးနွယ်စုတစ်ခုထဲကလာတဲ့သူတွေပါပဲ။ ဒါကြောင့်သာ တူညီတဲ့သိုင်းပညာ၀ိညာဥ်ဖြစ်တဲ့ ခုခံရေးအမျိုးအစားစိတ်၀ိညာဥ်ကြံ့ဒိုင်းကာကိုပိုင်ဆိုင်လို့ထားပါတယ်။ အလယ်အလတ်တန်စားခုခံရေးသိုင်းပညာ၀ိညာဥ်ပါပဲ။ တခြားတစ်ဖက်မှာကတော့ တည်ကြည်တင်းမာတဲ့မျက်နှာထားနဲ့ အဖွဲ့ခေါင်းဆောင်ရဲ့နာမည်က ရှန်ချဲ့လို့ခေါ်ပါတယ်။ သူက အဖွဲ့ တစ်ခုလုံးရဲ့အဖွဲ့ဗဟိုချက်ဖြစ်သလို အဓိကတိုက်ခိုက်သူပါပဲ။ သူ့ရဲ့လှံပေါင်းတစ်ထောင်ထိုးချက်က အဝေးတိုက်ခိုက်မှုရော အနီးတိုက်ခိုက်မှုတွေရောအတွက်ပါ အဆင်ပြေသင့်တော်နေခဲ့တယ်။

အပိုင်း ၈၅•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset