အပိုင်း ၈၅•၁
” ရေခဲနဲ့မီးအမွှာထိန်းချုပ်သူ လှံပေါင်းတစ်ထောင်ထိုးချက် ”
°°°
ဟို့ယွိဟောင်ကတော့ သွေးတွေချွေးတွေမျက်ရည်တွေဆက်တိုက်ပေးဆပ်ရင်း လေ့ကျင့်လာခဲ့တာတစ်နှစ်ကျော်ကြာခဲ့ပါပြီ။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့လမ်းညွှန်မှုပါထည့်သွင်းလိုက်မယ်ဆိုရင် စိတ်၀ိညာဥ်စွမ်းအားကိုထိန်းချုပ်နိုင်စွမ်းကအများကြီးပိုပြီးကျွမ်းကျင်လို့လာခဲ့ပါတယ်။ ဒါပေမယ့် သူအနေနဲ့ ကြီးမားတဲ့စိတ်၀ိညာဥ်ပင်လယ်တော့မရှိသေးပါဘူး။ သူရဲ့စိတ်၀ိညာဥ်စွမ်းအားတွေကို ထိန်းချုပ်နိုင်မှုကလဲ အချိန်နဲ့အမျှပြောင်းလဲနိုင်ပါတယ်။
ရလဒ်အနေနဲ့ ၀မ်သုန့်ရဲ့ခန္ဓာကိုယ်ထဲကို စိတ်၀ိညာဥ်စွမ်းအားနဲ့ ထိုးဖောက်၀င်ရောက်ချိန်မှာကတော့ ကိုယ်ပိုင်စွမ်းအားတွေကို အသုံးချချိန်ထက် အများကြီးပိုပြီးငြင်းသာနေခဲ့ပါတယ်။ ၀မ်သုန့်အနေနဲ့ နဖူးအလယ်တည့်တည့်မှာ နွေးထွေးမှုကိုခံစားလိုက်ရပါပြီ။ အဲ့ဒီနောက် ခဏတာတွေဝေမှိန်မောသွားခဲ့ပြီ ထင်ထားသလောက်လဲဘာမှအများကြီးမဖြစ်ခဲ့ပါဘူး။ မကြာခင်အချိန်အတွင်းမှာပဲ တစ်စုံတစ်ယောက်က သူ့ကိုထောက်လှမ်းနေတယ်လို့ ခံစားလိုက်ရပါတော့တယ်။
ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်စွမ်းအားက ၀မ်သုန့်ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲကို ဆက်တိုက်၀င်ရောက်သွားခဲ့ပါပြီ။ ပထမဆုံးသူမြင်လိုက်ရတာကတော့ ရွှေရောင်နယ်မြေကြီးတစ်ခုပါပဲ။ သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်နဲ့နှိုင်းယှဥ်လောက်စရာ ဘာမှမရှိခဲ့ပါဘူး။ ၀မ်သုန့်ရဲ့စိတ်၀ိညာဥ်ပင်လယ်က သူ့ထက်အများကြီးပိုအားနည်းနေတာတစ်ခုပဲ ရှိပါတယ်။
ငါအောင်မြင်သွားပြီ ဟို့ယွိဟောင်ပျော်သွားပါတော့တယ်။ စိတ်၀ိညာဥ်ပင်လယ်တွေရဲ့ ချိတ်ဆက်မှုက နှစ်ဖက်စလုံးရဲ့လိုက်လျောညီထွေးရဲ့ဖြစ်မှုကို သက်သေပြတာပါပဲ။ အကယ်၍ တစ်စုံတစ်ယောက်သာ တခြားသူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲကို ထိုးဖောက်၀င်ရောက်လာခဲ့မယ်ဆိုရင် နှစ်ဖက်စလုံးရဲ့စိတ်၀ိညာဥ်ပင်လယ်တွေပျက်စီးသွားနိုင်ချေကများပါတယ်။ အနည်းဆုံးတော့ ၀မ်သုန့်ရဲ့သူအပေါ်ထားတဲ့တစ်ရာရာခိုင်နှုန်းအကြွင်းမဲ့ယုံကြည်မှုကလဲ သူက လက်ရှိအချိန်မှာသက်သေပြခဲ့ပြီသားဖြစ်သွားခဲ့ပါပြီ။
စိတ်၀ိညာဥ်ပင်လယ်ဆိုတာက တစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲကို အထူးဆန်းဆုံးနေရာတစ်ခုပါပဲ။ ဒါပေမယ့် အခုအချိန်ထိတောင် ဘယ်သူကမှထူးဆန်းတဲ့စိတ်၀ိညာဥ်ပင်လယ်တွေအကြောင်းကို စေ့စေ့ငှငှမသိသေးပါဘူး။ ရလဒ်အနေနဲ့ ဟို့ယွိဟောင်က အရမ်းကိုသတိကြီးကြီးထားရင်းနဲ့ ၀မ်သုန့်ရဲ့စိတ်၀ိညာဥ်ပင်လယ်အနက်ထဲကို ဒိုင်းပင်းထိုးချရင်း လေ့လာပါတော့တယ်။ ဒီတစ်ကြိမ်မှာပဲ ကြောက်စရာကောင်းလွန်လှတဲ့အရှိန်အ၀ါတချို့က ၀မ်သုန့်ရဲ့ စိတ်၀ိညာဥ်ပင်လယ်ထဲမှာ ထွက်ပေါ်လာခဲ့ပါပြီ။ ဒီခြိမ်းခြောက်တဲ့အငွေ့အသက်က တောင်တန်းကြီးတစ်ခုလိုပါပဲ။ ကြောက်စရာအစွမ်းအစနဲ့ ရင်ဆိုင်ရချိန်မှာဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေက ပင်လယ်သမုဒ္ဒရာကြီးထဲက ရေစက်လေးတစ်စက်လေးတောင်ပြောပလို့မရနိုင်လောက်တဲ့အထိ သေးငယ်လို့သွားပါတော့တယ်။
” ပြေးတော့ ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အထိတ်တလန့်အသံက ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်လောကမှာထွက်ပေါ်လာပါတော့တယ်။ အနောက်ဖက်ကနေ ကြောက်စရာစုပ်ယူအားက ထွက်ပေါ်လို့လာခဲ့ပါပြီ။ အဲ့ဒီစွမ်းအားက သူနဲ့ထိတွေ့ပြီချိန်မှာပဲ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်အင်အားတွေလဲ သူ့မူလခန္ဓာကိုယ်ထဲကိုပြန်ရောက်သွားပါတော့တယ်။
ဒီလိုဖြစ်ပေမဲ့ ဟို့ယွိဟောင်အနေနဲ့ သူ့မျက်လုံးထဲမှာ ရွှေရောင်လောကကြီးတစ်ခုလုံးကို မြင်တွေ့လိုက်ရပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးက အနောက်ကိုလွှင့်ထွက်လို့သွားခဲ့ပြီ နံရံနဲ့ပြင်းပြင်းထန်ထန် ရိုက်မိလိုက်ပါပြီ။ အချိန်တခဏတာအထိ အဲ့ဒီနေရာမှာရှိနေခဲ့ပြီတဲ့နောက်မှသာ သူ့ရဲ့တုန်ခါနေတဲ့စိတ်၀ိညာဥ်ပင်လယ်ကလဲ ဖြည်းဖြည်းချင်းရပ်တန့်လို့သွားပါတော့တယ်။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ပင်လယ်မပေါက်ကွဲသွားအောင် အစွမ်းကုန်သုံးပြီချိတ်ပိတ်ပေးထားပြီးသားပါ။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ ကျိန်စာကြောင့်သတိလစ်နေဆဲပါပဲ။ ဒီအတိုင်းသာ ခြေပြစ်လက်ပြစ်နဲ့သတိလစ်မေ့မြောကာနေရင်း မြေပြင်ပေါ်မှာထိုင်နေပါတော့တယ်။
စိတ်တစ်ခုလုံးက လုံး၀ကို ဗလာကျင်းနေခဲ့ပြီ ဆယ်စက္ကန့်ကျော်ကြာတဲ့အထိ ဒီအတိုင်းသာရှိနေခဲ့ပါတယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ရဲ့စိတ်ထဲကို သူမြင်ခဲ့တဲ့မြင်ကွင်းက ပြန်လည်၀င်ရောက်လာခဲ့ပါပြီ။ ၀မ်သုန့် အဲ့ဒီနေရာမှာရပ်ရင်းရွှေရောင်အလင်းတန်းတွေကို ဖြည်းဖြည်းချင်းစုပ်ယူပြီ ရှိနေခဲ့တာ သူမြင်ရပါတယ်။ နတ်ဘုရားတစ်ပါးလိုပါပဲ တကယ်ဘာတွေဖြစ်နေတာပါလိမ့်။
ဟို့ယွိဟောင်အနေနဲ့ အရမ်းကိုလန့်လွန်လို့ ချွေးတွေတစ်ကိုယ်လုံးရေစီးကျသလိုထွက်လာပြီ ကျောတစ်ခုလုံးတောင်စိုရွှဲသွားခဲ့ပါပြီ။ သူကြောက်နေတာအံ့ဩစရာမရှိပါဘူး။ အစောပိုင်းအချိန်ကထဲကတင် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်သာဆွဲမခေါ်လို့ကတော့ သေတော့မလိုအခြေအနေကိုကြုံတွေ့ခဲ့ရတာပါ။
ဒီစွမ်းအားကကြောက်စရာကောင်းလွန်လှပါတယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ ရေခဲဧကရီတို့တောင် လန့်နေခဲ့ကြတယ်။ သူတို့အနေနဲ့ ဟို့ယွိဟောင်ရဲ့မေးခွန်းကိုမဖြေနိုင်ကြသေးပါဘူး။ ၀မ်သုန့်ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာရှိနေတဲ့ ဘယ်လိုအရာကများ သူ့စိတ်ထဲမှာရှိနေတဲ့ စွမ်းအားရှင်တွေကိုကြောက်လန့်စေတာလဲ။
” အကြီးအကဲ အဲ့ဒါကဘာစွမ်းအားကြီးလဲ ဘာကြောင့်အဲ့ဒီလောက်တောင်အားကောင်းနေရတာလဲ ”
ဟို့ယွိဟောင်က အထိတ်တလန့်နဲ့မေးလိုက်ပါတယ်။
” ကိစ္စတွေက အရမ်းမြန်လွန်တော့ ငါလဲသေချာမပြောနိုင်သေးဘူး…ဒါပေမယ့် သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ တစ်စုံတစ်ရာကိုချိတ်ပိတ်ထားတယ်..ဒီချိတ်ပိတ်စည်းကအရမ်းကို အင်အားကြီးတဲ့မခန့်မှန်းနိုင်လောက်အောင် အင်အားကြီးမားလွန်တယ်..ငါရဲ့အရင်ဘ၀ကအသန်မာဆုံးအခြေအနေမှာရှိနေမယ်ဆိုရင်တောင် ဒီချိတ်ပိတ်စည်းကို ဖန်တီးပြုလုပ်နိုင်သူနဲ့ယှဥ်နိုင်မှာမဟုတ်ဘူး ချိတ်ပိတ်စည်းက ၀မ်သုန့်ခန္ဓာကိုယ်ထဲက တစ်စုံတစ်ရာကို ချိတ်ပိတ်ထားတာပဲဖြစ်ရမယ်..နောက်တစ်နည်းအရပြောရမယ်ဆိုရင် သူ့ရဲ့အသိစိတ်ထဲမှာတော့ တစ်ခုခုရှိနေတယ်..တစ်ချိန်ထဲမှာပဲ အဲ့ဒီအရာက စိတ်၀ိညာဥ်ပင်လယ်ထဲကို မတိုက်စားသွားအောင်ကာကွယ်ပေးထားတယ်..နောက်ထပ်ထပ်ပြီးမကြိုးစားကြည့်သင့်ဘူး…တစ်လှမ်းသာနောက်ကျသွားပြီဆိုရင် မင်းရဲ့ခန္ဓာကိုယ်နဲ့ ၀ိညာဥ်အားလုံးကို ဖယ်ရှားရှင်းလင်းခံလိုက်ရမယ်..ကံကောင်းစွာနဲ့ပဲ ဒိီပိုးကောင်၀၀ကြီးက စိတ်၀ိညာဥ်စွမ်းအားတွေအားလုံးကို အာရုံခံနိုင်စွမ်းမြင့်မားလွန်တာကြောင့် မင်းကိုအချိန်မီကယ်တင်နိုင်လိုက်တာပဲ ”
လျှပ်စီးဧကရာဇ်က လေးလံတဲ့လေသံနဲ့ ပြောလာခဲ့ပါတယ်။ သေချာပေါက် ဟို့ယွိဟောင်က နောက်တစ်ခေါက်သွားပြီ မစမ်းသပ်၀ံ့ပါဘူး။ လက်ရှိအချိန်မှာ သူစမ်းသပ်ချက်က ဒီလိုရလဒ်မျိုးထွက်လာမယ်လို့ မတွေးထားခဲ့မိတာအမှန်ပါ။ အကြီးအကဲပြောသလိုပဲ သူတကယ်ကို ခွေးဖြစ်တော့မလိုသိီးသီးလေးကပ်လွှတ်လာခဲ့တာပါ။
” အကြီးအကဲ ဒီအခြေအနေက ၀မ်သုန့်ကို ထိခိုက်စေနိုင်လား ”
” သေချာပေါက်မထိခိုက်စေနိုင်ဘူး သူကရှားပါးပေမဲ့ လူသားတွေထဲမှာ မတွေ့ဖူးတာမဟုတ်ပါဘူး…လူသားလောကမှာဒီလိုမျိုးလူသားကို နတ်ဘုရားတစ်ပါးဖြစ်စေနိုင်တဲ့ အချက်တွေရှိနေတယ်..ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင် မင်းသူငယ်ချင်းရဲ့ခန္ဓာကိုယ်ထဲမှာ နတ်ဘုရားတစ်ပါးတည်ရှိတယ် ”
” နတ်ဘုရားတွေဆိုတာက ငါလာခဲ့တဲ့လောကမှာဆိုရင်တော့ ပုံရိပ်ယောင်ပဲလေ ငါအဲ့ဒီနယ်ပယ်ထဲကို ထိုးဖောက်၀င်ရောက်ပြီတဲ့နောက် သူတို့က သူတို့ရဲ့ ခန္ဓာကိုယ်ထဲရှိသမျှအရာအားလုံးကို စွန့်ပယ်ပြစ်လိုက်တယ်ဆိုတာကို ငါတွေ့ရှိခဲ့လိုက်ရတယ်..နတ်ဘုရားတစ်ပါးကလောကအနံ့ကို ခြေဆန့်နိုင်ပြီအားလုံးကိုထိန်းချုပ်နိုင်တယ်..ဒါပေမယ့် ဘယ်အရာကိုမှလဲ မထိန်းချုပ်ထားဘူး..ဒါကြောင့်သာ ငါတို့ရဲ့ လောကမှဘယ်သူကမှ နတ်ဘုရားမဖြစ်ချင်ကြတာပဲ နတ်ဘုရားတစ်ပါးပေါ်လာတဲ့အချိန်မှာသူတို့ရဲ့ ၀ိညာဥ်တွေက လောကတစ်ခွင်လုံးကို ဖြန့်ကျက်တယ်..လောကကြီးထဲမှာ အသက်စွမ်းအင်တစ်ခုပေါ်ပေါက်လာခဲ့ပြီဆိုရင် အသစ်ဖြစ်ပေါ်လာခဲ့တဲ့ မွေးဖွားမှုရဲ့ အသက်စွမ်းအားက နတ်ဘုရားတစ်ပါးရဲ့၀ိညာဥ်ကို သူ့ခန္ဓာကိုယ်ထဲ၀င်ရောက်စေဖို့ ကူညီပေးနိုင်တယ်..ဒီလိုနည်းနဲ့လူသားတွေကတော့ အများကြီးအကျိုးအမြတ်ရှိနိုင်တာပေါ့ အဲ့ဒီကလေးရဲ့ပါရမီကလဲ အများကြီးတိုးမြင့်သွားလိမ့်မယ်..ဒါ့အပြင် နတ်ဘုရားက မွေးကင်စကလေးကိုလဲ မထိခိုက်စေနိုင်ဘူး..လူသားတွေအသက်ကြီးပြင်းလာတာနဲ့အမျှ သူ့ရဲ့ပုံစံက ဖြည်းဖြည်းချင်းပြန်ပျောက်ကွယ်ရတယ်..နောက်တစ်နည်းအရပြောရမယ်ဆိုရင် ဒါကကံတရားပဲ ”
” နတ်ဘုရားတွေကိုပိုင်ဆိုင်တဲ့သူတွေက တကယ်ကို ကံကောင်းတဲ့သူလို့ပြောပါတယ်..ဘ၀မှာအပူအပြင်မရှိပဲ ကံကောင်းနေတဲ့သူတွေကို မင်းတို့အားကျကြတယ်မဟုတ်လား ”
အကြီးအကဲရဲ့ ဖြေရှင်းစကားကိုကြားပြီချိန်မှာ ဟို့ယွိဟောင်လဲ သက်ပြင်းချလိုက်မိပါတော့တယ်။ ၀မ်သုန့် အဆင်ပြေမယ်ဆိုရင် ကိစ္စမရှိပါဘူး။ သူ့အနေနဲ့ နောက်တစ်ကြိမ်ထပ်ပြီ စိတ်၀ိညာဥ်ပင်လယ်ချင်းဆက်သွယ်မှုမလုပ်၀ံ့တာအမှန်ပါ။ အစောပိုင်းတုန်းက ကြုံတွေ့ခဲ့ရတဲ့ကိစ္စက ကြောက်စရာကောင်းလွန်လှပါတယ်။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ ရေခဲဧကရီတို့ကလဲ သူ့ကိုမရှင်းပြကြတော့ပါဘူး။ ပြောပြီတဲ့ကိစ္စက ပြီးသွားပါပြီ။ သူတို့အားလုံးက ၀ိညာဥ်သားရဲကောင်တွေပါပဲ။ လူသားလောကကိုနားလည်မှုက အကြီးအကဲလောက်မနက်ရှိုင်းပဲ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် နတ်ဘုရားတစ်ပါးက ၀မ်သုန့်ခန္ဓာကိုယ်ထဲမှာ ချိတ်ပိတ်ခံထားရတယ်ဆိုတာက ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ၀မ်သုန့်ရဲ့ ခန္ဓာကိုယ်ကို အစောကြီးကထဲက ကာကွယ်ထားနေတဲ့တစ်စုံတစ်ရာပါ။ ဒါကြောင့် အကြီးအကဲနဲ့တူညီတဲ့ဖြစ်တည်မှုလို့ပြောလို့ရနိုင်ပါတယ်။ ဟို့ယွိဟောင်အနေနဲ့ အဲ့ဒီအရာကိုတမင်တကာ ပြဿနာသွားမရှာရင်းအကောင်းဆုံးပါပဲ။
၀မ်သုန့်ကတော့ ဒီတစ်ကြိမ်မှာနိုးထလာခဲ့ပြီတဲ့ပုံ ပေါ်ပါတယ်။ သူမျက်လုံးတွေကို ဖြည်းဖြည်းချင်းဖွင့်လိုက်ရင်း ငေးနေတဲ့ဟို့ယွိဟောင်ကို မြင်ချိန်မှာ မေးတော့တယ်။
” ယွိဟောင်ဘာဖြစ်လို့လဲ ”
ချက်ချင်းဆိုသလို ဟို့ယွိဟောင်ကိုသူတွဲထူးပါတော့တယ်။
” ဘာမှမဟုတ်ပါဘူး မင်းရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲကို မ၀င်တာအချိန်ကြာသွားလို့စိတ်၀ိညာဥ်စွမ်းအားအများကြီးကို ကုန်သွားရုံပါပဲ မင်းအခြေအနေကအတော်ကို ပုံမှန်ပါပဲ ဒါ့အပြင် ဘာမှမှားနေတာလဲမရှိဘူး..မင်းရဲ့သိုင်းပညာ၀ိညာဥ်က ကလေးဘ၀မှာ စိတ်ပိုင်ဆိုင်ရာ၀န်ထုတ်၀န်ပိုးတစ်ခုကို ကြုံတွေ့ခဲ့ရတယ်လို့ ငါအာမခံနိုင်တယ်..စိတ်ထဲသိပ်မထားနဲ့ မင်း၀ိညာဥ်လက်နက်တွေကို မသုံးချင်ရင်းမသုံးပဲထား မင်းမှာငါရှိနေတာပဲလေ လာလေ့ကျင့်ကြစို့ အခုစိတ်၀ိညာဥ်စွမ်းအားတွေအများကြီးကုန်ဆုံးသွားပြီ ငါကိုကူညီရမယ်..ငါတို့ဒီနေရာမှာပဲဆက်နေမလား ဒါမှမဟုတ်လို့ရှိရင် မင်းအိပ်ရာဘေးကိုသွားကြမလား ”
” ဘာဖြစ်လို့ မင်းကိုယ်မင်းနှိပ့်စက်နေမှာလဲ ဒီမှာနေမယ်”
၀မ်သုန့်က ဖြူဖျော့နေတဲ့ဟို့ယွိဟောင်ရဲ့ မျက်နှာကိုမြင်ချိန်မှာ ပြောလာလိုက်ပါတော့တယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ကို သူ့အိပ်ရာပေါ်တွဲထူးရင်းတင်ပေးလိုက်ပါပြီ။ သူတို့နှစ်ယောက်က လက်ဖ၀ါးချင်းထိတွေ့လိုက်ချိန်မှာတော့ ဟောင်သုန့်စွမ်းအားလဲ စတင်လှည့်ပတ်ပါတော့တယ်။ ဒီအချိန်မှသာ ဟို့ယွိဟောင်အနေနဲ့ အရင်ကထက်ပိုပြီးသန်မာလာတာကို ခံစားလိုက်ရပါတော့တယ်။
°°°
မိုင်ပေါင်းတစ်ထောင်အကွာနေရာတစ်ခု
တောင်ထိပ်ပေါ်မှာ ကြီးမားတဲ့ ရဲတိုက်လိုအဆောက်အအုံတစ်ခုရှိနေခဲ့ပါတယ်။ မီးခိုရောင်ရဲတိုက်နံရံတွေက ဗိသုကာလက်ရာဆန်းဆန်းရှေးအငွေ့အသက်တွေနဲ့ ပြည့်နှက်လို့နေခဲ့ပြီ လောကထိပ်ဆုံးရောက်နေခဲ့တဲ့ အနုပညာလက်ရာတစ်ခုလိုပါပဲ။ ဒီရဲတိုက်ကြီးထဲမှာတော့ သက်လတ်ပိုင်းအရွယ်လူနှစ်ယောက်က ၀ိုင်အရက်တွေကိုသောက်နေခဲ့ကြပါတယ်။ သူတို့ထိုင်နေခဲ့တဲ့ ခန်းမကြီးကတော့ အလွန်တစ်ရာမှကို ကျယ်ပြောလွန်လှပါတယ်။ အတော်ကြီးကို မြင့်မားတဲ့ အရက်တွေကိုပိုင်ဆိုင်ထားတဲ့ သူတို့နှစ်ယောက်က အေးအေးဆေးဆေးလေးထိုင်နေတာတောင် ခမ်းနားတဲ့အငွေ့အသက်အပြည့်ကို ထုတ်လွှတ်လို့နေခဲ့တာပါ။ စားပွဲရဲ့ထိပ်ဆုံးမှာထိုင်နေသူ အမျိုးသားကတော့ ရှည်လျားတဲ့အစိမ်းရောင်ဆံပင်ရှည်တွေပိုင်ဆိုင်လို့ထားခဲ့ပြီ ဒီဆံပင်ရှည်တွေက သူ့ရဲ့ပုခုံးပေါ်မှာ ရေတံခွန်လိုကျနေခဲ့ပါတယ်။ သူ့ရဲ့မျက်လုံးတွေကလဲ အစိမ်းရောင်ပါပဲ။ မျက်လုံးတွေကို ဖွင့်လိုက်ပိတ်လိုက်လုပ်နေတဲ့အချိန်မှာတော့ သန်မာမဟုတ်လောက်အောင် ရိုးရှင်းပြီအေးဆေးတည်ငြိမ်တဲ့ လက်တွေကျကျအငွေ့အသက်တွေကို ခံစားနိုင်အောင်ထုတ်လွှတ်လို့နေခဲ့တယ်။ သူ့ခန္ဓာကိုယ်ထဲက မင်းဧကရာဇ်တစ်ပါးလိုမျိုးအငွေ့အသက်ကိုတော့ ဘယ်သူမှမဖုံးကွယ်ထားနိုင်ပုံပါပဲ။
သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာကတော့ အဖြူရောင်ကိုယ်ကြပ်၀တ်ရုံရှိနေခဲ့ပါတယ်။ လက်ထဲမှာကြီးမားတဲ့ ၀ိုင်အရက်ကြီးကိုကိုင်ထားရင်း ပရင်းရွှေရောင်၀ိုင်အရက်တွေကို ဆက်တိုက်သောက်သုံးလို့နေခဲ့တော့တယ်။
သူ့ခန္ဓာကိုယ်နဲ့သိပ်ပြီ မတိမ်မယိမ်းရှိတဲ့ နောက်ထပ်လူကြီးတစ်ယောက်ကလဲ စားပွဲရဲ့ဘေးမှာထိုင်နေခဲ့ပါတယ်။ ဒီလူကတော့ အပ်တွေလိုချွန်ထက်နေတဲ့ ဆံပင်တိုတိုတွေကို ပိုင်ဆိုင်လို့ထားခဲ့တယ်။ သူ့ရဲ့တော်၀င်ဆန်တဲ့မျက်နှာထားတင်းမာတဲ့ရုပ်သွင်က ရွှေရောင်တောက်ပတဲ့အငွေ့အသက်တွေနဲ့အတူတူ လင်းလက်လို့နေခဲ့ပါတယ်။ မျက်လုံးတွေကတော့ အညိုဖျော့ရောင်ပါ။ လူနှစ်ယောက်က အေးအေးဆေးဆေးလေးထိုင်နေခဲ့ပေမဲ့ သူတို့ရဲ့တော်၀င်ဆန်တဲ့ အငွေ့အသက်တွေကတော့ ဆက်တိုက်ဆိုသလို အပြင်ကိုပြန့်ထွက်လို့နေခဲ့ပါတယ်။ သူတို့တွေဖုံးကွယ်ပြီဖိနှိမ့်ထားမယ်ဆိုရင်တောင် ကြောက်စရာကောင်းလောက်အောင်သန်မာတဲ့ အရှိန်အ၀ါတွေကို ဖုံးကွယ်ထားနိုင်မှာမဟုတ်ပါဘူး။
ရုတ်တရက်ဆိုသလို အေးအေးဆေးဆေး၀ိုင်အရက်သောက်နေတဲ့နှစ်ယောက်စလုံးရဲ့ခန္ဓာကိုယ်တွေက တုန်ခါလို့သွားပါတော့တယ်။ အထိတ်တလန့်အကြည့်ကလဲ သူတို့မျက်နှာမှာပေါ်လာခဲ့ပါပြီ။ သူတို့တွေချက်ချင်းထရပ်လိုက်ပါတော့တယ်။ ဒီတစ်ကြိမ်မှာပဲ လျှပ်စီးတန်းလေးခုက ခန်းမကြီးထဲကိုရုတ်တရက်ရောက်ရှိလို့လာပါတယ်။ အဲ့ဒီထဲမှာနှစ်ခုကတော့ အစိမ်းရောင်ရှိနေခဲ့ပြီ နောက်နှစ်ခုကတော့ အညိုဖျော့ရောင်ပါ။ နန်းတော်လိုနယ်မြေကြီးရဲ့နံရံတွေက အက်ကွဲကုန်ပြီ ကြောက်စရာဖိအားကို မခံစားနိုင်တော့အတိုင်း ရုတ်တရက်ပေါက်ကွဲထွက်ပါတော့တယ်။
အပိုင်း ၈၅•၁ ပြီး၏။