အပိုင်း ၈၄•၂
” ရွှေလိုအသက် ”
°°°
” ယွိဟောင် ဒီဓားက ရွှေလိုအသက်ကနေလုပ်ထားပေမဲ့ မရိုးရှင်းဘူး..မင်းဒါကိုရပြီဆိုရင် ငါမင်းရဲ့ပြဿနာကို ကြည့်ရှင်းပေးမယ်..အနာဂတ်မှာမင်းကြုံလာရတဲ့ ပြဿနာတွေကို ဒီဓားသာရှိလို့ကတော့ သေချာပေါက် အလွယ်လေးဖြေရှင်းနိုင်မှာပဲ ငါ့အနေနဲ့ နတ်ဉာဏ်အပိုင်းအစသာရှိနေပေမဲ့ နောက်ထပ်ပျောက်ကွယ်မှာကိုလဲ သိပ်ပြီစိုးရိမ်နေဖို့မလိုတော့ဘူး “:
အကြီးအကဲက ဒီစကားတွေကိုပြောပြီချိန်မှာပဲ ပြန်တိတ်ဆိတ်သွားပါတော့တယ်။ ဒါပေမယ့် ဟို့ယွိဟောင်က သူပြောလိုက်တဲ့စကားကို ကြားလိုက်ရပြီတဲ့နောက် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ ရေခဲဧကရီတို့က သူ့ရဲ့ထူးဆန်းတဲ့ စွမ်းအားတွေအောက်မှာ ထပ်ပြီအော်ဟစ်ကြပါတော့တယ်။
အမျက်ဒေါသကျောင်းတော်အနေနဲ့ ဒီညလေလံပွဲကနေ အများကြီး၀ယ်ယူခဲ့ပါတယ်။ များပြားတဲ့ပိုက်ဆံတွေလဲ ကုန်ကျခဲ့ပါပြီ။ ၀မ်ယန်အနေနဲ့ သူစုဆောင်းထားတဲ့ပစ္စည်းတွေအားလုံးနဲ့ ငွေပေးချေဖို့ကိစ္စတွေကို ရှင်းလင်းဖို့ကျန်ရှိနေခဲ့ပြီ တခြားသူတွေအားလုံးကို ပြန်အိပ်နားဖို့အတွက် ခွင့်ပြုလိုက်ပါတယ်။ ဟို့ယွိဟောင်၀ယ်ခဲ့တဲ့ဓားကိုတော့ ၀မ်ယန်က ဟို့ယွိဟောင်ဆီကနေပြန်ပြီယူထားခဲ့တယ်။
ကြယ်အလင်းလေလံအိမ်ထဲမှာ ၀မ်ယန်အနေနဲ့ ဒီ၀ယ်ယူမှုကြောင့်အဖြူရောင်မျက်နှာဖုံးကနေ ခရမ်းရောင်မျက်နှာဖုံးအထိကို အဆင့်တက်သွားခဲ့ပါပြီ။ သူ့အနေနဲ့ အဆင့်အတန်းမြင့်တဲ့ လေလံပွဲတွေမှာ ပါ၀င်ခွင့်ရတော့မှာပါ။ ဒါပေမယ့် အနက်ရောင်အဆင့်အထက် လူတွေမှသာ ထိပ်တန်းလေလံပွဲတွေကိုပါ၀င်ခွင့်ရှိပါတယ်။
ဒီနေ့၀ယ်ယူလာခဲ့တဲ့ဓားက ဟို့ယွိဟောင်ရဲ့စိတ်ထဲမှာ အရမ်းကိုလေးလေးနက်နက်ကျန်ရှိနေခဲ့ပါပြီ။ အထူးသဖြင့်အကြီးအကဲရဲ့စကားတွေကိုကြားပြီတဲ့နောက် သူအတော်လေးသဘောကျသွားခဲ့ပါတယ်။ စိတ်၀ိညာဥ်ပညာရှင်တစ်ယောက်ဖြစ်တဲ့သူက အာရုံခံနိုင်စွမ်းမှာအရမ်းကိုစူးရှထက်မြက်ပြီတိကျပါတယ်။ စိတ်၀ိညာဥ်စွမ်းအားက အကြီးအကဲနဲ့အဝေးကြီးအဝေးကြီးလိုနေသေးပေမဲ့ အကောင်းအဆိုးကိုခွဲခြားတဲ့နေရာမှာတော့ သန်မာတဲ့စွမ်းရည်ရှိနေဆဲပါပဲ။ အကြီးအကဲရဲ့အာရုံကနေ ကောင်းမွန်တဲ့စိတ်ကိုခံစားနိုင်သလို ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ ရေခဲဧကရီတို့ကလဲ သူ့ကိုချွင်းချန်ထားတဲ့ကိစ္စတွေရှိနေမှန်းသူသိနေခဲ့ပါတယ်။ ဒါပေမယ့် ဒီချွင်းချန်မှုတွေက ဟို့ယွိဟောင်ရဲ့တိုးတက်လာမှုနဲ့အတူ ဖြည်းဖြည်းချင်းလျော့ပါးသွားမှာပါ။ သူတို့အနေနဲ့လဲ နောက်ဆုတ်ဖို့လမ်းမရှိတော့ပါဘူး။
ဟို့ယွိဟောင်လဲ တည်ခိုဆောင်ကိုပြန်လာပြီတဲ့နောက် သူ့အခန်းထဲကိုတည့်တည့်မသွားတော့ပဲ ၀မ်သုန့်ရဲ့အခန်းဆီကိုသာ သွားပြီးတံခါးခေါက်လိုက်ပါတော့တယ်။
” ဘယ်သူလဲ ”
၀မ်သုန့်က ပြန်ပြီအော်ပါတယ်။
” ငါပါ ငါပြန်လာတာ ”
ကြောင်အနေတဲ့၀မ်သုန့်က တံခါးအနောက်မှာရှိပါတော့တယ်။ ဟို့ယွိဟောင်ကလဲ ၀မ်သုန့်အခန်းထဲကို စွတ်ခနဲ၀င်လာခဲ့ပါပြီ။
” ၀မ်သုန့် ဘာဖြစ်လို့လဲ ”
၀မ်သုန့်ကတော့ ခေါင်းခါရင်းမျက်မှောင်ကြုတ်နေခဲ့ပါတယ်။
” မင်းယုံမှာမဟုတ်ဘူး ဘာတွေဖြစ်နေလဲဆိုတာ ငါကိုယ်တိုင်တောင် မသိပဲဖြစ်နေတယ်..၀ိညာဥ်လက်နက်အကြောင်းပြောနေတာတွေကို ငါကြားတဲ့အချိန်မှာ ငါနှလုံးသားထဲကနေ ထူးဆန်းတဲ့ခံစားချက်ကြီးတစ်ခုဖြစ်လာတယ်..နောက်ထပ်အသိစိတ်တစ်ခုက ၀ိညာဥ်လက်နက်တွေကို အသုံးပြုဖို့ငြင်းပယ်နေသလိုပဲ ဒီခံစားချက်က ထူးဆန်းတယ်..သက်သောက်သက်သာမရှိတာမျိုးမဟုတ်ပြန်ဘူး..ငါအနေနဲ့ အဲ့ဒါကိုတွန်းလှန်းနိုင်တဲ့ပုံစံမရှိတာကြောင့် ပြန်လာခဲ့ရတာပဲ တကယ်တော့ ဆရာ၀မ်ပြောနေတာကို ငါနားလည်တယ်..သူပြောနေတာမှန်တယ်ဆိုတာ ငါယုံကြည်တယ်..ဒါပေမယ့် ကြည့်ရတာ ငါအနေနဲ့ဒါတွေကိုသုံးလို့မရတဲ့ပုံစံပဲ ”
ဟို့ယွိဟောင်လဲ မျက်လုံးပြူးသွားခဲ့ပါတယ်။
” ဒီလိုကြီးဖြစ်နေတာ မင်းရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာပြဿနာရှိနေတာလား ”
သူ့ရဲ့ကိုယ်ပိုင်အခြေအနေနဲ့ ယှဥ်ပြီတွေးလိုက်ချိန်မှာပဲ အဖြေရသွားပါတော့တယ်။ ၀မ်သုန့်အနေနဲ့ သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာ တခြား၀ိညာဥ်တွေတည်ရှိတာများလား ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ပြောပုံအရ သူ့မှာ၀ိညာဥ်သုံးခုရှိမှန်းသူသိထားခဲ့ပါတယ်။ သူ့နဲ့အတူတူပါပဲ သူ့ရဲ့သိုင်းပညာ၀ိညာဥ်က အခြေကျသွားခဲ့ပါပြီ။ စိတ်၀ိညာဥ်မျက်လုံးက အဓိကဖြစ်ပြီဒုတိယကတော့ ရေခဲကျောက်စိမ်းဧကရီပါပဲ တတိယကတော့ အကြီးအကဲရဲ့ ၀ိညာဥ်ဖြစ်ပုံရပါတယ်။ ဒါ့အပြင် မကြာခင်အချိန်အတွင်းမှာပဲ ၀ိညာဥ်စက်ကွင်းတွေကိုလိုက်ဖက်အောင်ထည့်သွင်းနိုင်လို့ကတော့ သူလဲ နိုးထလာမဲ့ပုံစံရှိပါတယ်။ ဒါ့အပြင် ကပ်ဆိုးတွေရဲ့အကြီးအကဲလျှပ်စီးဧကရာဇ်က တခြားသူတွေထက်ကိုအများကြီးပိုပြီးသန့်စင်တဲ့နှလုံးသားပိုင်ဆိုင်ထားသလို မိစ္ဆာ၀ိညာဥ်ပညာရှင်တွေရဲ့စွမ်းအားအပြည့်အ၀ကိုရယူထားဖို့ပါပဲ။ ဒါပေမယ့် ၀မ်သုန့်ကရော ဘယ်လိုလဲ သူ့မှာရှိနေတဲ့သိုင်းပညာ၀ိညာဥ်သုံးခုက ဘာတွေလဲ။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အကဲဖြတ်မှုက မမှန်ကန်ဘူးလို့ ဟို့ယွိဟောင်မယုံနိုင်ပါဘူး။
” ၀မ်သုန့် မင်းငါ့ကိုယုံလား ”
ဟို့ယွိဟောင်အလေးအနက်မေးလာရင်း ၀မ်သုန့်ရဲ့ပုခုံးပေါ်မှာလက်တင်လိုက်ပါတယ်။ ၀မ်သုန့်လဲ မျက်လုံးပြူးသွားခဲ့ပြီတဲ့နောက် သူခေါင်းညိတ်လိုက်မိတယ်။
” ဒါပေါ့ ငါမင်းကိုဘာလို့မယုံရမှာလဲ ”
ဟို့ယွိဟောင်က ခပ်တိုးတိုးပြောလာခဲ့ပါတယ်။
” ငါကစိတ်၀ိညာဥ်အမျိုးအစားပညာရှင်ဆိုတာ မင်းသိမှာပါ သာမန်လူတွေရဲ့ငါတို့အနေနဲ့ကွာခြားချက်က ၀ိညာဥ်စွမ်းအားကိုထိန်းချုပ်နိုင်စွမ်းပဲ သာမန်လူတွေမှာရှိတာထက် များပြားတဲ့စိတ်၀ိညာဥ်စွမ်းအားတွေကို ငါပိုင်ဆိုင်ထားတယ်..ဒါ့အပြင် ငါ့ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေကို ၀ိညာဥ်ပင်လယ်လို့ခေါ်တဲ့နယ်မြေမှာသိမ်းဆည်းထားတယ်..မင်းငါ့ကိုပြောခဲ့တဲ့ကိစ္စနဲ့ တူညီတဲ့ကိစ္စတစ်ခုကို ငါခံစားမိတယ်..ဒါကြောင့် မင်းရဲ့စိတ်၀ိညာဥ်ပင်လယ်ကို ငါတခဏတာစစ်ဆေးချင်တယ်..အဆင်ပြေရဲ့လား မင်းငါ့ကိုအပြည့်အ၀ယုံကြည်နေသရွေ့ပြဿနာမရှိနိုင်ပါဘူး…အနည်းဆုံးတော့ ဘာတွေဖြစ်နေလဲဆိုတာ သိရမှာပါ ”
၀မ်သုန့်က ဟို့ယွိဟောင်ရဲ့ မျက်လုံးထဲကိုနက်နက်ရှိုင်းရှိုင်းစိုက်ကြည့်ရင်း ပြောနေခဲ့ပါတယ်။
” ငါမင်းကိုယုံတယ်..ဒါပေမယ့် အကယ်၍ တကယ်ပြဿနာရှိနေမယ်ဆိုရင် ဘာတွေဖြစ်မလဲ ”
” သေချာပေါက် ဖြေရှင်းရမှာပေါ့ ”
ဟို့ယွိဟောင်က ချက်ချင်းပြောလိုက်ပါတယ်။ တခြားနယ်မြေတွေမှာ ယုံကြည်ချက်မရှိပေမဲ့ ၀ိညာဥ်စွမ်းအားနဲ့ပတ်သက်ရင်တော့ သူ့အရည်အချင်းကို သူယုံကြည်ချက်ရှိပါတယ်။ နောက်ဆုံးတော့လဲ သူ့မှာကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အထောက်အပံ့ကြီးရှိနေခဲ့တယ်။ သေးငယ်တဲ့ပြဿနာဖြစ်လာနိုင်ပေမဲ့ ဒီလိုနှစ်ပေါင်းသန်းနဲ့ချီအောင်စုဆောင်းထားလို့ရတဲ့ စိတ်၀ိညာဥ်စွမ်းအားထိန်းချုပ်နိုင်စွမ်းက ဟာသမဟုတ်ပါဘူး။ ဒါ့အပြင် ရေခဲဧကရီလဲ ရှိနေပါသေးတယ်။
ဟို့ယွိဟောင်ရဲ့ယုံကြည်ချက်ကို မြင်ချိန်မှာ ၀မ်သုန့်က ခေါင်းညိတ်လိုက်ပါတယ်။
” ကောင်းပြီ ငါဘာလုပ်ပေးရမှာလဲ ”
” မင်းမလုပ်နဲ့ ငြိမ်ငြိမ်နေလိုက် ဘယ်လိုပဲဖြစ်ပါစေ ဘာတွေခံစားရပါစေ မကြောက်နဲ့အကောင်းဆုံးစိတ်ကိုငြိမ်အောင်ထား ငါဂရုတစိုက်နဲ့မင်းရဲ့၀ိညာဥ်ပင်လယ်ထဲကို စိတ်၀ိညာဥ်စွမ်းအားနဲ့ စတင်ပြီထိုးဖောက်ကြည့်မယ် ”
” ကောင်းပါပြီ ”
၀မ်သုန့်က ခေါင်းညိတ်လိုက်တယ်။
” ငါတို့စကြတော့မလား ”
ဟို့ယွိဟောင်က ပြန်ခေါင်းညိတ်ပါတယ်။
” အခုကနေစပြီ ကိုယ့်ကိုကိုယ်ပြင်ဆင်ထားတော့ ”
၀မ်သုန့်လဲ စိတ်ကိုလျှော့ချထားရင်း မျက်လုံးကိုပိတ်လိုက်ပါတယ်။ သူ့နဲ့ ဟို့ယွိဟောင်တို့က သိုင်းပညာ၀ိညာဥ်တွေကိုပါ ပေါင်းစည်းချိန်ကထဲကစလို့နီးစပ်သွားခဲ့တာပါ။ ရလဒ်အနေနဲ့ မယိုင်လဲတဲ့ယုံကြည်ချက်ကို ထားနိုင်ပါပြီ။ ဟို့ယွိဟောင်လဲ အသက်ပြင်းပြင်းရှုသွင်းရင်းသူ့ကိုယ်သူစိတ်ငြိမ်နိုင်သလောက်ငြိမ်အောင် ထိန်းလိုက်ပါတယ်။ ဒီတစ်ကြိမ်မှာပဲ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ ရေခဲဧကရီတို့က နိုးထနေခဲ့ကြတယ်။ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်စွမ်းအားထိန်းချုပ်မှုကို သူ့ရဲ့တောင်းဆိုချက်ကြောင့် ဆက်တိုက်စောင့်ကြည့်နေခဲ့တာပါ။ ပြဿနာတွေဖြစ်လာခဲ့မယ်ဆိုရင် သေချာပေါက် လှုပ်ရှားကြမှာပါပဲ။
ဟို့ယွိဟောင်က ၀မ်သုန့်ရဲ့ပုခုံးပေါ်ထင်ထားတဲ့လက်တွေကို ၀မ်သုန့်ရဲ့ခေါင်းအနောက်ဖက်ကို ရွေ့လိုက်ပါတော့တယ်။ အဲ့ဒီနောက်နဖူးချင်ကပ်လိုက်ပြီ အသက်ရှုသံတွေကိုကြားနိုင်လောက်တဲ့အထိ နီးကပ်လို့သွားပါတော့တယ်။ ၀မ်သုန့်က တစ်ချက်တုန်ရီလို့သွားခဲ့ပြီ သူ့ရဲ့မျက်တောင်ရှည်ရှည်တွေက ဟို့ယွိဟောင်ရဲ့မျက်လုံးတွေကိုလာတိုက်ပါတယ်။
” မလှုပ်ရှားနဲ့ စိတ်ကိုအေးအေးထား ငါအခုပဲစတော့မယ် ”
ဟို့ယွိဟောင်က တိုးတိုးလေးဆက်ပြီပြောလာပါတယ်။ ၀မ်သုန့်က ဒီအတိုင်းဆက်ထိန်းထားခဲ့ပြီမျက်နှာကတော့ နီရဲလို့နေခဲ့ပါပြီ။ နူးညံ့ညင်းသာတဲ့စိတ်၀ိညာဥ်စွမ်းအားက ဟို့ယွိဟောင်ရဲ့မျက်လုံးထဲကနေဖောက်ထွက်လာရင်း ၀မ်သုန့်ရဲ့နဖူးဆီကို ဖြည်းဖြည်းချင်းရောက်ရှိလို့လာပါတော့တယ်။ ၀ိညာဥ်ပညာရှင်တွေရဲ့အဓိကနယ်မြေအချက်အချာထဲမှာ မျက်ခုံးနှစ်ခုကြားမျက်လုံးနဲ့ တတိယမျက်လုံးတွေအပြင် နှာခေါင်းတွေပါ စိတ်၀ိညာဥ်အရင်းအမြစ်တွေပါပဲ။ ဒီနေရာမှာစိတ်၀ိညာဥ်တွေကအဓိကနေရာကနေရှိပါတယ်။ ဘိုးဘေးတွေရဲ့ ချီစွမ်းအင်တွေက အဲ့ဒီနေရာမှာတည်ရှိနေခဲ့တယ်။ စိတ်၀ိညာဥ်ပင်လယ်ကတော့ သူတို့ဦးနှောက်ရဲ့အနောက်ဖက်မှာတည်ရှိတာပါ။ ဒီလိုစိတ်၀ိညာဥ်ပင်လယ်အချင်းချင်း နီးကပ်စေပြီတဲ့နောက် ၀မ်သုန့်ရဲ့ခန္ဓာကိုယ်ထဲကို စိတ်၀ိညာဥ်စွမ်းအားနဲ့ လေ့လာကူပြောင်းဖို့အတွက် ပိုပြီးလွယ်ကူလာပါတော့မယ်။
သူတို့ရဲ့ စိတ်၀ိညာဥ်စွမ်းအားတွေက အစောပိုင်းကထဲကနေ လိုက်လျောညီထွေးဖြစ်ပြီသားဖြစ်တာကြောင့် သိပ်ပြီးရုန်းကန်မှုမရှိခဲ့ပါဘူး။ ၀မ်သုန့်က သူ့ကိုအပြည့်အ၀ယုံကြည်ပါတယ်။ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေက ၀မ်သုန့်ရဲ့စိတ်၀ိညာဥ်စွမ်းအားပင်လယ်ထဲကို ပြဿနာမရှိပဲ အေးအေးဆေးဆေး၀င်သွားခဲ့ပါပြီ။
အပိုင်း ၈၄•၂ ပြီး၏။