အပိုင်း ၈၄•၁
” ရွှေလိုအသက် ”
°°°
” ဟို့ယွိဟောင်က ပထမဆုံးလေလံကြမ်းခင်းစျေးခေါ်တဲ့သူပါ အမျက်ဒေါသကျောင်းတော်မှာရှိရှိသမျှလူတွေအားလုံးက ဟို့ယွိဟောင်ကိုတအံ့တဩကြည့်နေခဲ့ပါတယ်။ ပေ့ပေ့နဲ့ ရှုစန်းရှိီလိုမျိုး ၀ိညာဥ်လက်နက်တွေကိုမသိတဲ့လူတွေတောင်မှ လေလံပြစ်သူချင်းယာရဲ့ပြောပြချက်ကြောင့် အခြေအနေတွေကိုသိနေခဲ့ပါတယ်။ ဒါ့အပြင် လူတိုင်းကလဲ တိတ်ဆိတ်နေခဲ့ကြတာပါ။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ တကယ်ကြီးကို တစ်ချက်လေးတောင်မဆွေးနွေးပဲ သွားပြီလေလံခေါ်နေခဲ့ပါတယ်။
” ညီငယ်လေး မင်း ”
ပေ့ပေ့မျက်မှောင်ကြုတ်သွားခဲ့ပါတယ်။ သူညီငယ်က ဘယ်တုန်းကမှစိတ်အလောကြီးတတ်တဲ့သူတစ်ယောက်မဟုတ်ပါဘူး။ ဟို့ယွိဟောင်က တစ်ဖက်မှာရှိနေခဲ့တဲ့ သူ့အစ်ကိုကြီးကို တောင်းပန်နေတဲ့အကြည့်နဲ့ ကြည့်နေခဲ့ပါတယ်။ အဲ့ဒီနောက် ၀မ်ယန်ဘက်ကိုတိုးရင်းပြောလိုက်ပါတယ်။
” ဆရာ၀မ် ကျွန်တော်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုက အစောပိုင်းတုန်းက အသုံးပြုလိုက်ပါပြီ ဒါ့အပြင် ဒီပစ္စည်းရဲ့ပြဿနာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်..ကျွန်တော်အနေနဲ့ သူ့ကိုအသုံးပြုရင်ဖြစ်လာမဲ့တန်ပြန်ရိုက်ခတ်မှုကိုလဲ ထိန်းချုပ်ဖို့နည်းလမ်းရှိနေခဲ့တယ်..ဒါကိုအရင်ဆုံးလေလံရအောင်ခေါ်ပြီ၀ယ်ပေးပါ ဒါကိုကျွန်တော်သာမမှားဘူးဆိုရင် ဒီပစ္စည်းအနေနဲ့ အရမ်းကိုတန်ဖိုးကြီးပြီ အားကောင်းလှတဲ့ သတ္ထုတစ်မျိုးဖြစ်တဲ့ရွှေလိုအသက်နဲ့ဖန်တီးထားတယ်ဆိုတာက မမှားပါဘူး..ဒါ့အပြင် သေချာပေါက် သူ့အပေါ်မှာကျန်ရှိနေတဲ့ ကျိန်စာဆိုးကိုကျွန်တော်ရဲ့စိတ်၀ိညာဥ်စွမ်းအားနဲ့ အဆုံးစွန်းရေခဲအသုံးပြုပြီးဖယ်ရှားပြစ်လို့ရပါတယ်..သေချာပေါက် ပြဿနာမရှိနိုင်ပါဘူး ”
၀မ်ယန်က မျက်မှောင်ကြုတ်ရင်းပြောလိုက်ပါတယ်။
” ယွိဟောင် အလောမကြီးလေနဲ့ မင်းရဲ့အသက်နဲ့အနာဂတ်က အရမ်းကိုတန်ကြေးကြီးတယ်..မင်းကိုဘာမှဖြစ်ခွင့်မပြုနိုင်ဘူး ”
ဟို့ယွိဟောင်ကတော့ ဆက်တိုက်ဆက်ပြီပြောပါတယ်။
” ဆရာ၀မ် ဒီလိုကြည့်ရင်းရော ဘယ်လိုလဲ ပထမဆုံးဒီပစ္စည်းကိုလေလံခေါ်လိုက်တာပေါ့ ကျွန်တော်ဒါကိုမသုံးနိုင်ဘူးဆိုရင် ကျောင်းအုပ်နဲ့ဆရာကိုပြပြီး ဒီကျိန်စာကိုဖယ်ရှားဖို့အတွက် ကြီးကြပ်ခိုင်းမယ်လေ ကျောင်းတော်ပြန်ရောက်တဲ့အချိန် အဲ့ဒီလိုလုပ်ကြရအောင်လား အခုကျိန်စာကို ဖယ်ရှားပြစ်ဖို့အတွက် ကျွန်တော်မှာနည်းလမ်းရှိနေပါတယ်..ကျွန်တော်အနေနဲ့ ပြောလို့ရတယ်..ဒီကျိန်စာကသေချာပေါက် ဖယ်ရှားလို့ရတယ်..အကယ်၍ ဖယ်လို့မရဘူးဆိုရင် လုံး၀အသုံးမပြုပဲကျောင်းတော်ထဲမှာ ထားထားမှာပါ ဒါ့အပြင် ကုန်ကျစရိတ်ကိုလဲ ကျောင်းတော်ကိုပြန်ဆပ်ပါ့မယ်..ဒါဆိုရင် ရပြီလား “‘
၀မ်ယန်အနေနဲ့ ဟို့ယွိဟောင်ပြောတာကိုကြားပြီချိန်မှာတော့ နည်းနည်းလေးစိတ်ချသွားပါတော့တယ်။ ဒီပစ္စည်းက ၀ိညာဥ်ရွှေပြားတစ်သိန်းသာသွားမှာပါ။ အကယ်၍ ဟို့ယွိဟောင်သာ ဒါကိုအသုံးပြုပြီး သူ့ရဲ့ပြဿနာကို ဖယ်ရှားနိုင်မယ်ဆိုရင် တကယ်ကိုကြီးမားတဲ့ တန်ကြေးကြီးဖြစ်လာမှာပါပဲ။
ပထမတန်စားလေလံပွဲတွေမှာ ပေါ်ထွက်လာခဲ့တဲ့ အဲ့ဒီလိုဓားမျိုးက သေချာပေါက်ရတနာအဖြစ်နဲ့ သတ်မှတ်ရမှာပါ။ ဒီလိုအဆင့်မီတဲ့ ဓားတွေက မျိုးဆက်တစ်ဆက်ကနေတစ်ဆက်လက်ဆင့်ကမ်းလာတာဖြစ်ပြီ လေလံပွဲတွေကို ရောက်ရှိတာကတော့ မျိုးဆက်ပြတ်သွားတဲ့သူတွေမှသာ ရောက်ရှိတာဖြစ်ပါတယ်။ ဒါ့အပြင် အမြင့်ဆုံးလေလံစျေးကတော့ စုစုပေါင်း၀ိညာဥ်ရွှေပြားဆယ်သန်းအထိကိုရောက်ရှိခဲ့ဖူးတယ်။ ဒါ့အပြင် အဲ့ဒီဓားကလဲ ထိပ်တန်းနှစ်ဆယ်ထဲမှာ ရှိနေခဲ့လို့ပါ။
အဆင့်မီထွင်းထုရေးဓားကို ကျောင်းတော်ဆီ၀ိညာဥ်ရွှေပြားတစ်သိန်းနဲ့ ယူဆောင်သွားမယ်ဆိုရင် ဆိုးလွန်တဲ့ကိစ္စလဲမဟုတ်ပါဘူး။ ဒါကိုတွေးပြီချိန်မှာပဲ ၀မ်ယန်က ခေါင်းညိတ်ပြလိုက်ပါတော့တယ်။ ဒါ့အပြင် လေလံစျေးကိုသဘောတူတာက နောက်ထပ်အကြောင်းအရင်းလဲတစ်ခုရှိနေပါသေးတယ်။ အမျက်ဒေါသကျောင်းတော်အနေနဲ့ ဂုဏ်သတင်းကျော်ကြားတဲ့လူတွေကို ယှဥ်ပြိုင်တဲ့အချိန်မှာ ဘယ်လိုအခြေအနေရှိနေမလဲ ၀ိညာဥ်ပညာရှင်တွေထဲမှာ အလင်းစွမ်းအင် အင်အားကောင်းတဲ့လူတွေက အတော်ကိုနည်းပါးပါတယ်။ အကယ်၍ အမျက်ဒေါသကျောင်းတော်က ဒီလိုလူသတ်လိုစိတ်အပြည့်နဲ့ အင်အားကိုမထိန်းကွတ်နိုင်ဘူးဆိုရင် လက်ရှိလောကမှာဘယ်လိုများထိန်းချုပ်နိုင်မှာလဲ။
ဓားကိုဖန်တီးခဲ့တဲ့သူက မိစ္ဆာ၀ိညာဥ်ပညာရှင်တစ်ယောက်ဖြစ်နေခဲ့ပေမဲ့ သူကလဲ အဆင့်ကိုး၀ိညာဥ်လက်နက်အတတ်ပညာရှင်ပါပဲ။ ဒါပေမယ့် အမျက်ဒေါသကျောင်းတော်ရဲ့မျက်စိရှေ့မှောက်မှာကတော့ မယှဥ်ပြိုင်နိုင်တဲ့သူဆိုတာမရှိခဲ့ပါဘူး။ ဒါ့အပြင် ၀မ်ယန်အနေနဲ့လဲ အမျက်ဒေါသရဲ့ အစောင့်အရှောက်တွေအနေနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးထောင်တုန်းက အရမ်းအရေးကြီးတဲ့ ကိစ္စကြီးတစ်ခုကို လုပ်ဆောင်ခဲ့ရမှန်းသူရှင်းရှင်းလင်းလင်းမှတ်မိနေပါသေးတယ်။ တန်ဖိုးကြီးကြီးမားမားပေးဆပ်ပြီမှသာ အင်အားကြီးတဲ့ ၀ိညာဥ်ပညာရှင်ကို သတ်လိုက်န်ိုင်တာပါ။ ဒီလိုဖြစ်မှတော့ ဟို့ယွိဟောင်ရွေးချယ်တဲ့ကိစ္စကိုသူ့လဲ ခွင့်ပြုပေးရပါတော့မယ်။
ချင်းယာကဆက်တိုက်မေးနေခဲ့ပေမဲ့ ဘယ်သူမှပြန်မဖြေခဲ့ပါဘူး။ ဘယ်သူမှလဲ ဒီကျိန်စာသင့်နေတဲ့ပစ္စည်းကိုမလိုချင်ပဲရှိနေခဲ့တယ်။
” ၀ိညာဥ်ရွှေပြားတစ်သိန်းတစ်ကြိမ် ၀ိညာဥ်ရွှေပြားတစ်သိန်းနှစ်ကြိမ် ၀ိညာဥ်ရွှေပြားတစ်သိန်းသုံးကြိမ် ရောင်းချပြီးပါပြီ ”
တူရဲ့ခေါက်လိုက်သံနဲ့အတူ လေလံပွဲကြီးရဲ့တိတ်ဆိတ်မှုက မကြာခင်မှာ ကြိုးပြတ်သွားပါတော့တယ်။ ဒီပစ္စည်းကအခုအချိန် အမျက်ဒေါသကျောင်းတော်က ပိုင်ဆိုင်ပြီးပါပြီ။ အနည်းဆုံးတော့ ဟို့ယွိဟောင် မပိုင်ဆိုင်သေးပါဘူး။
သူကလေလံပွဲကို အောင်မြင်ရုံပဲရှိတာပါ။ ဟို့ယွိဟောင်ကတော့ အတော်လေးကို ပျော်ရွှင်နေခဲ့ပါတယ်။
” ယွိဟောင် ရွှေလိုအသက်ဆိုတာက ဘာကြီးလဲ ”
ဟယ့်ချ်ိုက်ထို့ကမေးလိုက်တယ်။
ဟို့ယွိဟောင်ပြန်ဖြေလာခဲ့ပါတယ်။
” ကျွန်တော်စာကြည့်တိုက်ထဲမှာရှိတဲ့ ရှေးဟောင်းစာလွှာထဲက ဖတ်လာခဲ့တာ ရွှေလိုအသက်ဆိုတဲ့ သတ္ထုကအရမ်းကိုရှားပါးလွန်တယ်..အဲ့ဒီပစ္စည်းက အသက်ရှိသလိုပုံစံပေါ်ပေမဲ့ အသိဉာဏ်ကိုမပိုင်ဆိုင်ဘူး..ဒါ့အပြင် သတ္ထုတွေအားလုံးကိုဖျက်ဆီးနိုင်ပြီ လူတွေကိုရန်သူလိုသဘောထားတယ်..အတော်ကိုရှားပါးလွန်တာကြောင့် တွေ့ရဖို့ဆိုတာ မျက်စိနဲ့မြင်ရဖို့မလွယ်ကူဘူး..ရှေးစာလွှာတွေထဲမှာ မှတ်တမ်းတင်ထားတာကတော့ သူကကြောက်စရာကောင်းလွန်တဲ့စွမ်းအားကို ပိုင်ဆိုင်တယ်..ဘယ်သူကမှ သူ့ကိုထိန်းချုပ်ဖို့နဲ့ အပြည့်အ၀အသက်သွင်းနိုင်ဖို့အစွမ်းအစမရှိသေးဘူးတဲ့ ”
” ကြည့်ရတာ ငါတော့စာအုပ်များများဖတ်ဖို့လိုပြီနဲ့တူတယ်..ဒီလိုရတနာမျိုးရှိနေတာကို သိတောင်မသိဘူးတဲ့ ”
ဟယ့်ချိုက်ထို့က ခေါင်းကိုညိတ်ရင်းပြောလိုက်ပါတယ်။ ဟို့ယွိဟောင် သူ့ဘာသာသူသာ သက်ပြင်းချနေမိတယ်။ သူလဲဒါကိုဘယ်နေရာကမှဖတ်ခဲ့ဖူးတာမဟုတ်ပါဘူး။ ဒါ့အပြင် ရွှေလိုအသက်ကလဲ လောကကြီးမှာရှိမနေတာအသေအချာပါ။ ဒီပစ္စည်းကိုပြောပြထားတဲ့သူကတော့ သူ့ရဲ့ခန္ဓာက်ိုယ်အိပ်စက်နေခဲ့တဲ့ လျှပ်စီးမိုးကြိုးအရှင်သခင်အကြီးအကဲပါပဲ။ သူကတခြားလောကနေလာတာကြောင့် ဒီပစ္စည်းတွေအားလုံးကိုသိနေခဲ့တယ်။
ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားက ဒီဓားနဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့အချိန်မှာ သူစိတ်ထဲမှာအမြဲတမ်းအိပ်စက်နေခဲ့တဲ့ အဲ့ဒီအရှင်သခင်က နိုးထလို့လာခဲ့ပြီ အန္တရာယ်အငွေ့အသက်ကိုတန်ပြန်ရင်ဆိုင်ပါတော့တယ်။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က စိတ်၀ိညာဥ်စွမ်းအားတွေရဲ့အပြောင်းအလဲနဲ့ ပတ်သက်လာရင်း အာရုံခံနိုင်မှုအမြင့်မားဆုံးဆိုရင် သူကပထမဆုံးနိုးလာခဲ့ပါတယ်။ ဟို့ယွိဟောင်အနေနဲ့ ဒီအရာကို အရုပ်လိုသွားပြီမကစားသင့်မှန်းသေချာရှင်းရှင်းလင်းလင်းသတိပေးခဲ့တယ်။ ရေခဲဧကရီကတော့ တခြားကိစ္စကို တွေးနေခဲ့တာပါ။ သူကတော့ ဒီပစ္စည်းကျိန်စာတိုက်ထားခံရတာကိုသိပေမဲ့ ဟို့ယွိဟောင်မှာ သူရဲ့သံချပ်ကာရှိနေတာကြောင့် ဘာမှသိပ်မဖြစ်နိုင်ဘူးလို့ပြောနေခဲ့တယ်။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့များပြားတဲ့စိတ်၀ိညာဥ်စွမ်းအားနဲ့သာ ပေါင်းစည်းလိုက်မယ်ဆိုရင် ဒီကျိန်စာက သူ့ကိုသက်ရောက်မှုသိပ်မရှိနိုင်ပါဘူး။ အကယ်၍ သူသာဒါကိုမသုံးနိုင်ဘူးဆိုရင်တော့ ဖြစ်နိုင်ပါသေးတယ်။
သူတို့နှစ်ယောက်ငြင်းခုန်နေကြတဲ့အချိန်မှာပဲ အကြီးအကဲဆီကနေ အသံထွက်လာခဲ့ပါတယ်။ နိုးနေတာဘယ်လောက်တောင်ကြာနေပြီမှန်းမသိတဲ့ အဲ့ဒီအကြီးအကဲက ဓားကိုမြင်ချိန်မှာ အထိတ်တလန့်နဲ့ ပြောလာခဲ့တယ်။ ဒါကတော့ ရွှေလိုအသက်ဆိုတဲ့စကားပါပဲ။
ဟို့ယွိဟောင်အနေနဲ့လဲ အကြီးအကဲပြောခဲ့သမျှအရာတွေအားလုံး ဟယ့်ချိုက်ထို့ဆီကို ရှင်းပြလိုက်ပါတယ်။ ဟို့ယွိဟောင်အနေနဲ့ တစ်ချက်လေးတောင်မတွေးဝေပဲ အဲ့ဒီလိုသွားပြီလေလံတင်လိုက်ရတာကတော့ အကြီးအကဲက ဘယ်လိုပဲဖြစ်ပါစေ ဒီဓားကိုရယူဖို့အစွမ်းကုန်ကြိုးစားရမယ်လို့ပြောလိုက်လို့ပါပဲ။
အကြီးအကဲက ဓားကိုလေလံခေါ်ပြီတာနဲ့ ချက်ချင်းပြန်ပျောက်ကွယ်သွားပါတော့တယ်။ ဟို့ယွိဟောင်အနေနဲ့လဲ ဒီထူးဆန်းတဲ့အဘိုးကြီးစိတ်ထဲမှာကျေနပ်သွားတာကို ထူးထူးဆန်းဆန်းကြီးရှာဖွေတွေ့ရှိလိုက်ပါတယ်။ အဲ့ဒီအရှင်သခင်ကြီးမှာ ခံစားချက်ဖြစ်ပေါ်လာတယ်ဆိုတာ ရှားပါးလွန်တဲ့အရာပါပဲ။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ ရေခဲဧကရီနှစ်ယောက်စလုံးကတော့ အကြီးအကဲကြီးကို ကြောက်နေဆဲပါပဲ။ ဒါကြောင့် အတိုက်အခံမလုပ်၀ံ့ကြပါဘူး။ နောက်ဆုံးတော့လဲ တစ်ဖက်လူက သူ့ရဲ့ကောင်းမွန်တဲ့အတွေးအခေါ်နဲ့ စိတ်အကြံအစည်ကို သက်သေပြခဲ့ပြီးသားပါ။ သူ့ကြောင့်သာမဟုတ်ရင် ဟို့ယွိဟောင်အနေနဲ့လဲ အစောကြီးကထဲက သေနေလောက်ပါပြီ။ ဒါ့အပြင် ၀ိညာဥ်သားရဲကောင်တွေအနေနဲ့ လောကမှာအသန်မာဆုံးသူကသာ ဘုရင်ဖြစ်သင့်တယ်ဆိုတဲ့အတွေးအခေါ်ကို အမြဲတမ်းလက်ကိုင်ထားခဲ့တာပါ။ အကြီးအကဲက သူ့ရဲ့အင်အားကိုအသုံးပြုရင် သူဘယ်လောက်အထိသန်မာကြောင်းသက်သေပြခဲ့ပြီးပါပြီ။ ဒါကြောင့် တည်ရှိမှုကိုလက်ခံဖို့သာနှစ်ယောက်စလုံးရွေးချယ်လိုက်ပါတော့တယ်။
အပိုင်း ၈၄•၁ ပြီး၏။