အပိုင်း ၈၃•၃
” လက်ရာမြောက်ထွင်းထုရေးဓား ”
°°°
” ထွင်းထုရေးဓားတွေက ၀ိညာဥ်လက်နက်အတတ်ပညာရှင်အတွက် မရှိမဖြစ်လိုအပ်တဲ့အရာတွေပါပဲ ဒါ့အပြင် ကောင်းမွန်တဲ့ထွင်းထုရေးဓားက အဆင့်မြင့်၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရှိနိုင်တဲ့အထဲမှာ တန်ဖိုးအကြီးဆုံးအရာတစ်ခုလို့ သတ်မှတ်လို့ရနိုင်ပါတယ်..ဂုဏ်ကျက်သရေရှိဧည့်သည်တော်တို့ အားလုံးအရှေ့မှာရှိနေတဲ့ ဒီဓားက ရိုးရှင်းတယ်ဆိုတဲ့စကားနဲ့ဖော်ပြလို့မရနိိုင်ဘူး..ဒီဓားကိုချွင်းချက်တစ်ခုအဖြစ် သတ်မှတ်ရတယ်ဆိုရင်တောင် သေချာပေါက် ချဲ့ကားပြောဆိုမှုလုံး၀မရှိတာအမှန်ပါ ပထမဆုံးအနေနဲ့ အကျဥ်းချုပ်ကလေးရှင်းပြပါရစေ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရဲ့လောကမှာ ထွင်းထုရေးဓားတွေအပေါ် အဆင့်သတ်မှတ်ချက်ရှိပါတယ်..ထိပ်တန်းအဆင့်တွေကတော့ လောကအတော်ဆုံး၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရဲ့လက်ထဲကို ရောက်သွားခဲ့ပါပြီ လက်ရာမြောက်ထွင်းထုရေးဓားအဆင့်အကြောင်းကို ကြားဖူးနား၀ရှိကြလိမ့်မယ်ဆိုတာ သေချာပါတယ်..ဒီစကားက ထွင်းထုရေးဓားတွေရဲ့ ထိပ်တန်းသတ်မှတ်ချက်အဆင့်ကို မူတည်ပြီဖော်ပြတာပါ “‘
” ကျွန်မတို့သော့်လော့တိုက်ရဲ့ ထွင်းထုရေးဓားမှတ်တမ်းထဲမှာ ထိပ်ဆုံးကဓားတစ်ရာကို မှတ်တမ်းတင်ထားပါတယ်..နှမြောစရာကောင်းရလောက်အောင်ပဲ အဲ့ဒီဓားတွေထဲမှာ နှစ်ပုံသုံးပုံတော့ နေလနိုင်ငံတော်က ပိုင်ဆိုင်ထားတာပါ ဒါကြောင့်သာ နေလနိုင်ငံတော်ထဲမှာ များပြားပြီ အားကောင်းတဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရှိနေရတာပါပဲ ဒါ့အပြင် လူကြီးမင်းတို့အရှေ့မှာရှိနေတဲ့ အရာကတော့ အဲ့ဒီထိပ်တန်းထွင်းထုရေးဓားတစ်ရာထဲမှာ ပါ၀င်နေတဲ့ဓားတစ်လက်ပါ နောက်တစ်နည်းအရပြောရမယ်ဆိုရင် အဆင့်မီလက်ရာမြောက်ထွင်းထုရေးဓားတစ်ခုပါပဲ ”
ချင်းယာရဲ့ ဆက်တိုက်ရှင်းပြချက်တွေကြောင့် လူတွေလဲ ခပ်မြန်မြန်ပဲသွေးပူလာခဲ့ပါပြီ။ အစောပိုင်းတုန်းက မကျေမနပ်ဖြစ်နေခဲ့တဲ့ပုံစံတွေကလဲ ပျောက်ကွယ်လို့သွားခဲ့ပါတယ်။ ဟယ့်ချိုက်ထို့တောင်မှ မျက်လုံးကိုပိတ်ထားခဲ့ပါပြီ။
အကယ်၍ ချင်းယာသာဒါတွေကိုမရှင်းပြဘူးဆိုရင်တောင်မှ ဒါတွေအားလုံးကို ရှင်းပြဖို့အစီအစဥ်ထားထားခဲ့တာပါ။ ဖန်းယွီရဲ့တပည့်သားဖြစ်တဲ့သူက ဒီဓားရဲ့ပုံမှန်မဟုတ်တဲ့အခြေအနေကို ချက်ချင်းသတိပြုမိပါတယ်။ ဒါ့အပြင် သူကိုယ်တိုင်းက၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်နေခဲ့တာကြောင့် ဒီလိုမျိုးအဆင့်မီထွင်းထုရေးဓားတစ်ခုကို လိုလားတဲ့စိတ်ဆန္ဒကလဲအမြဲတမ်းရှိနေခဲ့ပါတယ်။ ကျောင်းတော်ထဲမှာတောင် ဒီလိုမျိုးအဆင့်မီတဲ့ ဓားကနှစ်လက်သာရှိနေခဲ့တယ်။ ဒါတွေကို ကျောင်းအုပ်ရှန်လင်းအယ်နဲ့ ဖန်းယွီသာပိုင်ဆိုင်ထားတာပါ။
အခုအချိန်မှာ သူတို့အရှေ့ကိုအဆင့်မီလက်ရာမြောက်ထွင်းထုရေးလက်နက်က ပေါ်လာခဲ့ပါပြီ။ ဒါကအားလုံးအတွက် အရေးကြီးဆုံးကိစ္စတစ်ခုပါပဲ။ အမျက်ဒေါသကျောင်းတော်ကြီးတစ်ခုအတွက်တော့ အရေးကြီးတဲ့အရာတစ်ခုဖြစ်နေခဲ့ပါတယ်။
၀မ်ယန်က ဒီအကြောင်းကိုသိပ်ပြီမသိပေမဲ့ အဆင့်မီလက်ရာမြောက်ထွင်းထုရေးဓားဆိုတဲ့စကားကို ကြားပြီချိန်မှာတော့ သူလဲအတော်ကိုစိတ်လှုပ်ရှားပါတော့တယ်။ ကျောင်းတော်ထဲမှာရှိနေတဲ့အခြေအနေအရဒါကိုသေချာပေါက် ကျောင်းတော်ဆီ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ပြန်ယူသွားမှာပါ။ ကြီးမားတဲ့တန်ဖိုးကိုပေးရမယ်ဆိုရင်တောင် ကျောင်းတော်က သေချာပေါက် ဆုချီးမြင့်ပါလိမ့်မယ်။ ကျောင်းတော်အနေနဲ့ ရှာဖွေနေတဲ့တန်ဖိုးကြီးပစ္စည်းတွေထဲမှာ အဆင့်မီလက်ရာမြောက်ထွင်းထုရေးဓားတစ်ခုက အမြဲတမ်းပါ၀င်လို့နေခဲ့ပါတယ်။ ဒါ့အပြင် ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအပြည့်ရှိတဲ့ ကျောင်းတော်အတွက်ပါပဲ။ လက်ထောက်ကျောင်းအုပ် ချင်းသောသောတောင်မှ ဒီလိုမျိုးဓားတစ်လက်တောင်မရှိပဲဖြစ်နေခဲ့ပါတယ်။
ချက်ချင်းဆိုသလို ပူနွေးလာနေခဲ့တဲ့ ပတ်၀န်းကျင်အခြေအနေကြောင့် ချင်းယာရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုကပေါ်လာခဲ့ပါပြီ။ သူလဲ ငါးမိီနစ်တောင်မစောင့်နိုင်ပဲဖြစ်နေခဲ့ပါတော့တယ်။
” လေလံပြစ်သူချင်းယာ မင်းဘာတွေစောင့်နေတာလဲ မြန်မြန်စတင်လိုက်တော့ ”
လူတချို့ကစပြီပြောပါတော့တယ်။
ချင်းယာကတော့ ပြုံးနေဆဲပါပဲ။
” ဂုဏ်ကျက်သရေရှိဧည့်သည်တော်ကြီးတို့ ကျေးဇူးပြုပြီး စိတ်မရှည်မဖြစ်ကြပါနဲ့ အားလုံးလဲ ကျွန်မတို့ကြယ်အလင်းလေလံအိမ်အနေနဲ့ ၀ယ်ယူသူတွေအားလုံးအပေါ်မှာ စစ်မှန်တဲ့စိတ်ရင်းနဲ့ လေးစားမှုရှိထားတယ်ဆိုတာကို သိကြမှာပါ ဒါ့အပြင် ကုန်ပစ္စည်းတွေအားလုံးရဲ့ အရည်အသွေးကိုလဲ သေချာပေါက် အာမခံပြီမှသာ ရောင်းချပါတယ်..လုံး၀ကိုအမှားအယွင်းနဲ့ မကောင်းတဲ့ပစ္စည်းတွေပါခွင့်မပြုပါဘူးဒါကြောင့်သာ ကျေးဇူးပြုပြီး စကားပြီအောင်ပြောပါရစေလား ”
အဲ့ဒီနောက် ချင်းယာအနေနဲ့လဲ သူမအရှေ့မှာရှိနေတဲ့ ဓားကိုကြည့်ရင်းသက်ပြင်းချလိုက်ပါတယ်။
” အကယ်၍ ဒါသာသာမန်အဆင့်မီထွင်းထုရေးဓားဖြစ်မယ်ဆိုရင် ဒီနေရာကိုရောက်ရှိလာမှာမဟုတ်ပါဘူး..ဧည့်သည်တော်ကြီးတို့ ဒါကိုကောင်းကောင်းသိမယ်လို့ထင်ကြပါတယ်..အဆင့်မီလက်ရာမြောက်ထွင်းထုရေးဓားဆိုတာက ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရဲ့လောကထဲမှာတန်ဖိုးအကြီးဆုံးအရာတစ်ခုပါပဲ တချို့တန်ဖိုးကြီးပစ္စည်းတွေထက်တောင် ပိုပြီးတော့ထိပ်တန်းမှာရပ်တည်နေပါသေးတယ်..ဒီနေရာမှာဒီပစ္စည်းပေါ်လာရတာကတော့ ထူးခြားတဲ့ပြဿနာတစ်ခုကြောင့်ပါပဲ ”
” ထွင်းထုရေးဓားမှတ်တမ်းထဲမှာ အဆင့်ကိုးဆယ်ကိုးကိုနေရာကိုရောက်နေပါတယ်…သေချာပေါက် သူ့ရဲ့အင်အားကနည်းပါးနေလို့မဟုတ်ပါဘူး..သူ့ရဲ့အခြေအနေကိုတွက်ကြည့်မယ်ဆိုရင် ထိပ်တန်းသုံးဆယ်ထဲကို ၀င်ရောက်မှာပါ ဒါပေမယ့် အဆင့်ကိုးဆယ်ကိုးအထိ နှိမ့်ကျနေရတဲ့အကြောင်းအရင်းကတော့ ကျိန်စာသင့်နေရတဲ့ဓားတစ်လက်ဖြစ်နေခဲ့တာကြောင့်ပါပဲ ”
ဟယ့်ချိုက်ထို့က ရုတ်တရက်ထအော်လိုက်ပါတော့တယ်။
” ဒါကအသုံးပြုတဲ့သူတွေကို တန်ပြန်တိုက်ခိုက်ပြီ၀ါးမြိုတဲ့မကောင်းဆိုးရွား၀ိညာဥ်၀ါမြိုရေးဓားလား ”
အမျက်ဒေါသကျောင်းတော်က လေလံပွဲရဲ့ပထမဆုံး၀ိညာဥ်မှာထိုင်နေခဲ့တာကြောင့် သူ့ရဲ့အသံကလုံး၀ကို မတိုးခဲ့ပါဘူး။ ချင်းယာအနေနဲ့လဲ သူ့စကားကိုရှင်းရှင်းလင်းလင်းကြားတာကြောင့် သူမရဲ့မျက်၀န်းထဲမှာ ထိတ်လန့်တဲ့အရိပ်အယောင်တွေက ဖြတ်ပြေးပါတော့တယ်။ ဒါကြောင့် သူပြန်ဖြေလိုက်တယ်။
” တကယ်ကိုအသိပညာကြွယ်၀တဲ့ဧည့်သည်တော်တစ်ယောက်ရှိနေတာပဲလား အမှန်ပါပဲ ဒီအဆင့်ကိုးဆယ်ကိုးမှာရှိနေခဲ့တဲ့ဓားကတော့ ၀ိညာဥ်၀ါးမြိုရေးအဆင့်မီဓားပါပဲ သူ့ကိုကြမ်းတမ်းရက်စက်တဲ့ဓားလို့လဲလူသိများကြတယ် ”
” ဒီဓားကဖြစ်ပေါ်လာခဲ့တာ နှစ်ပေါင်းသုံးထောင်ကျော်ကြာမြင့်ပါပြီ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးထောင်တုန်းက နေလနိုင်ငံတော်မှာ ထွက်ပေါ်လာခဲ့ပါတယ်..သူ့ရဲ့ဖန်တီးရှင်ကတော့ အဆင့်ကိုး၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်လာဖို့က အလားအလာရှိနေတဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်ပါပဲ ဒါ့အပြင် သူက၀ိညာဥ်လက်နက်အတတ်ပညာရှင်အထိ သက်သက်မဟုတ်ပဲ ၀ိညာဥ်ပညာရှင်လဲ ဖြစ်နေခဲ့ပါတယ်..ကြောက်စရာကောင်းလွန်လှတဲ့မိစ္ဆာ၀ိညာဥ်ပညာရှင်ပါ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးထောင်မှာ သူက မွှေနှောက်ရင်းတိုက်ကြီးတစ်ခုလုံးကိုအကြောက်တရားအပြည့်နဲ့ ဖျက်ဆီးမှုတွေကို ဆောင်ယူလာခဲ့ပါတယ် ”
ဒီတစ်ကြိမ်မှာတော့ စောင့်ကြည့်နေသူတွေအားလုံးတိတ်ဆိတ်လို့သွားခဲ့ပါပြီ။ လူအများကြီးရဲ့မျက်နှာကလဲ မဲမှောင်လို့သွားပါတော့တယ်။
” သူ့ရဲ့သက်တမ်းနောက်ပိုင်းနှစ်မှာ ဖန်တီးထားခဲ့တဲ့ ဒီဓားကပုံပြင်တွေအရဆိုရင် အခုလိုမျိုးရှိနေပါတယ်..ဒီဓားကိုဖန်တီးပြီတဲ့နောက် သိိပ်မကြာခင်အချိန်အတွင်းမှာပဲ ရန်သူတော်တစ်ယောက်နဲ့ဆုံတွေ့ခဲ့ရတယ်..သူက သူ့မျိုးဆက်မှာ ပါရမီရှင်တစ်ယောက်လိုမိစ္ဆာတစ်ကောင်ပါပဲ တခါတရံမှာ ကျရှုံးမှုတွေရှိပေမဲ့ နောက်ဆုံးမှာတော့ သူသေဆုံးတဲ့အချိန်အထိ ဒီဓားကိုသူနဲ့ထက်ကြပ်မကွာသယ်ဆောင်လို့သွားခဲ့တယ်..အချိန်တွေရဲ့ကုန်ဆုံးမှုကြောင့် အဲ့ဒီဓားကသာမန်လူတွေရဲ့လက်ထဲမှာ အဆုံးသတ်လို့သွားခဲ့ပါတယ် ”
” ကျွန်မတို့လေလံအိမ်အနေနဲ့ အတိတ်အချိန်ကိုဆန်းစစ်မှုလုပ်တဲ့အချိန်မှာဒီဓားအနေနဲ့ စုစုပေါင်းပိုင်ရှင်သုံးဆယ်ခုနှစ်ယောက်တိတိရှိခဲ့တာကို ရှာဖွေတွေ့ရှိခဲ့ရပါတယ်..ဒါပေမယ့် အဲ့ဒီလူသုံးဆယ်ခုနှစ်ယောက်လုံးမှာ တစ်ယောက်မကျန်အသေဆိုးနဲ့သေခဲ့ရတယ်..ပိုင်ရှင်သုံးဆယ်ခုနှစ်ယောက်ထဲမှာ ကိုးယောက်ကတော့ မိစ္ဆာ၀ိညာဥ်ပညာရှင်တွေဖြစ်လာခဲ့ပါတယ်..ဒဏ္ဍာရီတွေအရတော့ ဒီ၀ိညာဥ်၀ါးမြိုဓားက အဲ့ဒီပါရမီရှင်မိစ္ဆာ၀ိညာဥ်တွေရဲ့ ၀ိညာဥ်ပါ၀င်နေခဲ့ပါတယ်..ဒါကြောင့်သာ အသုံးပြုတဲ့ပိုင်ရှင်ကိုမိစ္ဆာလမ်းစဥ်လျှောက်လမ်းနေတာပါပဲ ခိုင်မာတဲ့စိတ်ဆုံးဖြတ်ချက်သာ မရှိလို့ကတော့သေချာပေါက် အသုံးပြုနိုင်မှာမဟုတ်ပါဘူး…ဒါ့အပြင် အကြိမ်ကြိမ်အသုံးပြုမရလို့တာအမှန်ပါဒီဓားကအဲ့ဒီလိုနဲ့ တစ်ဆင့်ပြီတစ်ဆင့်အဆင့်ကျလာရင်းနောက်ဆုံးမှာတော့ အဆင့်ကိုးဆယ်ကိုးအထိကို ရောက်ရှိလို့လာပါတော့တယ်..အစောပိုင်းတုန်းကရှိခဲ့တဲ့ အောင်မြင်မှုတွေကြောင့် အဆင့်သတ်မှတ်ချက်တွေကနေ ဘယ်တော့မှပြုတ်ကျလို့မသွားခဲ့ပါဘူး လူတွေအနေနဲ့လဲ သူ့အနေနဲ့စစ်မှန်တဲ့ပညာရှင်တစ်ယောက်ကို ရှာတွေ့နိုင်ပြီအလင်းတန်းစွမ်းရည်နဲ့သူရဲ့ဆိုးယုတ်မှုကို အနိုင်ရမယ်လို့မျှော်လင့်နေကြပါတယ်..အဲ့ဒီလိုနည်းနဲ့ဖြစ်လာမယ်လို့ မျှော်လင့်ပေမဲ့ သူ့ကိုတိုက်စားဖို့ကတော့ အတော်ကိုခက်ခဲမှာပါ ပုံမှန်အနေအထားမှာဒီဓားနဲ့ပတ်သက်ပြီ သေချာပေါက် ပြီးပြည့်စုံတဲ့နားလည်မှုမျိုးမရနိုင်ပါဘူး..သေချာပေါက် ဧည့်သည်တော်ကြီးတို့အနေနဲ့ ဒီပစ္စည်းကို၀ယ်ယူတဲ့အချိန်မှာသတိကြီးကြီးထားဖို့ ပြောချင်ပါတယ်..၀ိညာဥ်စွမ်းအားကိုထည့်သွင်းပြီ အသုံးမချသရွေ့တန်ပြန်၀ါးမြိုမှုကိုခံရမှာမဟုတ်ပါဘူး..ဒါ့အပြင် သူ့ရဲ့အဆင့်အတန်းကြောင့် အလှပြထားမယ်ဆိုရင်တောင် သေချာပေါက် ၀ယ်ယူဖို့သင့်တော်တဲ့အရာပါပဲ ”
ချင်းယာရဲ့ရှည်လျားတဲ့ရှင်းပြချက်ကိုနားထောင်ပြီတဲ့နောက် ရှိရှိသမျှလူတွေအားလုံးက ဒီအရာကိုဘာကြောင့်မှနောက်ဆုံးမှာပြသရလဲဆိုတာနဲ့ အဆင့်လေး၀ိညာဥ်လေလံပွဲမှာ ရောက်ရှိလာတဲ့အကြောင်းအရင်းတွေအားလုံးကို နားလည်လို့သွားပါတော့တယ်။ အခုအချိန်မှာ စိတ်အားထက်သန်နေခဲ့ကြတဲ့လူတွေအများကြီးက တိတ်ဆိတ်လို့သွားခဲ့ပါပြီ။
ဒီဓားကသေချာပေါက် တန်ကြေးတော့မနည်းလောက်ပါဘူး။ ဒါပေမယ့် သူဘယ်လောက်ပဲကောင်းပါစေ ကိုယ့်အသက်နဲ့တော့ကိုယ်လဲလို့မဖြစ်ဘူးမဟုတ်လား ဒီလိုတန်ဖိုးကြီးတဲ့ပစ္စည်းကို၀ယ်ယူပြီ အသုံးမပြုနိုင်ဘူးဆိုရင် အလာဟာသဖြစ်သွားမှာပဲမဟုတ်လား အဆုံးသတ်မှာလဲ ဒါကအဆင့်လေးလေလံပွဲတစ်ခုဖြစ်နေခဲ့ပါတယ်။ လေလံပြစ်သူတော်တော်များများက သိပ်ပြီမချမ်းသာကြပါဘူး။ ဒါကြောင့်သာ တွေဝေမှုက သူတို့နှလုံးသားထဲမှာ ထွက်ပေါ်လာပါတော့တယ်။ ဟယ့်ချိုက်ထို့လဲ သက်ပြင်းချရင်းခေါင်းခါလိုက်ပါတယ်။
” ဒီဓားကိုမ၀ယ်ယူနိုင်ဘူး ဆရာပြောတာကြားဖူးတယ်..ဒီဓားက လေလံပြစ်တဲ့သူပြောနေသလောက် ရိုးရှင်းတဲ့တန်ပြန်၀ါးမြိုမှုမျိုး ဖြစ်လာတာမဟုတ်ဘူး..မသေခဲ့တဲ့ပိုင်ရှင်တွေဖြစ်သွားခဲ့တဲ့ကိစ္စကို ပြန်တွေးကြည့်သင့်တယ်..နောက်ဆုံးတော့လဲ ဒါကအဆင့်မီထွင်းထုရေးဓားတစ်ခုပဲလေ ငါတို့၀ယ်ယူပြီပြန်ယူသွားမယ်ဆိုရင်တောင် သူ့ကိုမသုံးဖို့ကိုယ့်ကိုကိုယ်တားဆီးနိုင်မှာလားငါထင်သာမမှားဘူးဆိုရင် ဆရာပြောခဲ့တာရှိတယ်..ဒီဓားနဲ့ထွင်းထုပြီပြုလုပ်ထားတဲ့ ၀ိညာဥ်လက်နက်တွေက ပုံမှန်၀ိညာဥ်ပစ္စည်းတွေထက် ပိုပြီးထူးခြားတဲ့အစွမ်းသတ္တိနှစ်မျိုးကို ရနိုင်တယ်..ဒါကြောင့် ဖြစ်ပေါ်လာတဲ့ပစ္စည်းတွေအားလုံးက အရမ်းကြောက်စရာကောင်းလိမ့်မယ်..တကယ်နှမြောစရာကောင်းလိုက်တာ ”
ဘယ်သူကမှ ကိုယ့်အသက်ကိုဟာသမလုပ်၀ံ့ပါဘူး။ ဟယ့်ချ်ိုက်ထို့ပြောပြီချိန်မှာပဲ ၀မ်ယန်က စိတ်ပျက်လက်ပျက်ဖြစ်သွားပါတော့တယ်။ သူက ဒါကိုလက်လျှော့လိုက်ဖို့စိတ်ဆုံးဖြတ်ပြီးပြီ။
” ဒီဓားရဲ့လေလံကြမ်းခင်းစျေးကတော့ ၀ိညာဥ်ရွှေပြားတစ်သိန်းပါ ၀ိညာဥ်ရွှေပြားငါးထောင်ထက်မနည်းစျေးတင်ရပါ့မယ် အခုစလို့ရပါပြီ ”
ချင်းယာကပြုံးပြရင်း ပြောလိုက်ပါတယ်။ တကယ်တော့ သူလဲစိတ်မလှုပ်ရှားနေခဲ့ပါဘူး။ လေလံပြစ်သူတစ်ယောက်အနေနဲ့ ဆယ်နှစ်ကြာအောင်အလုပ်လုပ်လာပြီတဲ့နောက် ဒီဓားကအခုအချိန်အထိ ရောင်းမထွက်သေးမှန်း သူရှင်းရှင်းလင်းလင်းသိနေခဲ့ကြပါတယ်။ထိပ်တန်းလေလံပွဲတွေမှာ အမြဲတမ်းပါ၀င်နေခဲ့ပေမဲ့ သူ့ရဲ့လေလံကြမ်းခင်းစျေးက အမြဲတမ်း၀ိညာဥ်ရွှေပြားသုံးသိန်းရှိနေခဲ့တာပါ။ ဒါပေမယ့် ဘယ်လိုပဲပြောပါစေ သူကသေချာပေါက် အဆင့်မီထွင်းထုရေးဓားတစ်လက်တော့ဖြစ်နေပါသေးတယ်။
ဒါပေမယ့် ဘယ်သူကများ သူ့ရဲ့ကိစ္စကိုမတွေးတောပဲနေနိုင်မှာလဲ။ အဆင့်မီထွင်းထုရေးဓားဖြစ်နေခဲ့တာတောင် နောက်ဆုံးမှာက လေလံအိမ်ရဲ့ ဖန်လုံးအိမ်ထဲမှာသာ အဆုံးသတ်သွားရပါတော့တယ်။ ဘယ်သူကများမိစ္ဆာ၀ိညာဥ်ကပ်နေတဲ့ဓားကိုသိမ်းထားချင်မှာလဲ။
ဒီဓားရဲ့သမိုင်းကြောင်းက ရူးသွပ်နေတယ်လို့သာပြောလို့ရမှာပါ။ အရင်ဘယ်ပိုင်ရှင်ကမှ သူ့ကိုကိုင်ဆောင်ပြီဆယ်နှစ်ထက်ပိုလို့အသက်ရှင်နိုင်တယ်ဆိုတာ မရှိဘူးပါဘူးဖန်တီးခဲ့တဲ့ဓားပိုင်ရှင်တောင်အတူတူပါပဲ။ ဒါကြောင့်သာ နှစ်ပေါင်းသုံးထောင်လုံးလုံးဒီအတိုင်းရှိနေခဲ့တာပါ။
နောက်ဆုံးမှာတော့ စိတ်ညစ်လာတဲ့ ကြယ်အလင်းလေလံအိမ်ရဲ့ပိုင်ရှင်လဲ သူ့ကိုလေလံပွဲတွေအားလုံးထဲမှာ ထည့်ရောင်းပါတော့တယ်။ ဒါ့အပြင် ရောင်းနိုင်တဲ့လေလံပြစ်သူဘယ်သူမဆို တစ်ရာခိုင်နှုန်းအထိ ပေးမယ်လို့ကမ်းလှမ်းထားခဲ့တယ်။ ဒါပေမယ့် သူမျှော်လင့်ထားသလိုမမျိုးရောင်းမထွက်ခဲ့ပါဘူး။ ဘယ်သူကမှသူ့ကိုမလိုချင်တာရှိနေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ စျေးလျော့ရင်းလျော့ရင်းနဲ့ ဒီအခုအခြေအနေအထိကို ရောက်လာခဲ့ပါပြီ။ အကယ်၍ ရောင်းမထွက်သေးဘူးဆိုရင်ထားလိုက်ပါတော့ ချင်းယာလဲမျှော်လင့်ချက်မရှိတော့ပါဘူး။
ဒီတစ်ကြိမ်မှာပဲ ငယ်ရွယ်တဲ့အသံတစ်သံက ထွက်ပေါ်လို့လာပါတော့တယ်။
” ၀ိညာဥ်ရွှေပြားတစ်သိန်း ”
နံပါတ်ပြားသုံးသုံးကို ကိုင်ဆောင်ထားတဲ့သူက ရုတ်တရက်ပြောလာခဲ့ပါတယ်။
ချင်းယာလဲအံ့ဩလို့သွားခဲ့ရပါပြီ။ ပထမဆုံးအနေနဲ့ ဒီဓားကိုလေလံခေါ်သူပေါ်လာခဲ့တာပါ။ ဒါ့အပြင် ၀ိညာဥ်ရွှေပြားတစ်သိန်းကနေရရှိမဲ့တစ်ရာခိုင်နှုန်းက ၀ိညာဥ်ရွှေပြားတစ်ထောင်ပါပဲ။ အကယ်၍ သူ့ရဲ့ပိုက်ဆံတွေအားလုံးကို လူတစ်ယောက်က စိတ်ရှိတိုင်းသုံးနေမယ်ဆိုရင်တောင် နှစ်တော်တော်ကြာတဲ့အထိ သုံးမကုန်အောင်ရှိနေခဲ့မှာပါ။ ချင်းယာလိုလူမျိုးအတွက်ကတော့ သူကျင်းပတဲ့လေလံပွဲတွေတိုင်းမှာ ၀ိညာဥ်ရွှေပြားဆယ်ပြားကနေ အပြားတစ်ရာလောက်အထိ ရရှိတယ်ဆိုရင်တောင် အတော်ကောင်းမွန်တဲ့ကိစ္စပါပဲ။ အခုအချိန်အထိ သူမက ခရမ်းရောင်အဆင့်လေလံပြစ်သူအဖြစ်ရှိနေခဲ့သေးတာပါ။ အကယ်၍ သူသာဒါကိုရောင်းချနိုင်ခဲ့မယ်ဆိုရင် သေချာပေါက်၀င်ငွေခိုင်ပါပြီ။ ချင်းယာအနေနဲ့လဲ ဘာမှဆက်မပြောနိုင်တော့တဲ့အထိ ရပ်တန့်နေပါတော့တယ်။
” ၀ိညာဥ်ရွှေပြားတစ်သိန်းကိုစျေးခေါ်နေတယ် ”
လူငယ်လေးရဲ့အသံက ထွက်ပေါ်လို့လာပြန်ပါတယ်။
” ဧည့်သည်တော်နံပါတ်သုံးသုံးက ၀ိညာဥ်ရွှေပြားတစ်သိန်းကို စျေးခေါ်ပါတယ်..နောက်ထပ်စျေးမြင့်ပေးချင်တဲ့သူများရှိပါသေးလား ”
ချင်းယာက ချက်ချင်းသတိပြန်၀င်လာရင်း ပြောပါတော့တယ်။ သူမရဲ့မျှော်လင့်ချက်တွေက အရမ်းကိုတောက်ပလို့နေခဲ့ပါပြီ။ အကယ်၍ ဒီလူသားပေါ်လာခဲ့ပြီဆိုမှတော့ နောက်ထပ်တစ်ယောက်ကိုမရှိနိုင်ဘူးလား။ စျေးကငါးထောင်တက်လာခဲ့မယ်ဆိုရင် သူ့အနေနဲ့ ၀ိညာဥ်ရွှေပြားငါးဆယ်အထိ ထပ်ရမှာပါ။
အပိုင်း ၈၃•၃ ပြီး၏။